ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
"လူထု လက်ခံလာမှုကို မင်းအောင်လှိုင် တောင့်တနေဆဲ"

မြန်မာနှစ်သစ်ကူး အတာသဘင်ပွဲသည် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီမှ ပြဋ္ဌာန်းလိုက်သော စစ်မှုထမ်း ဥပဒေ၏ အရိပ်မည်းကြီး အောက်တွင် တိုးတိုးတိတ်တိတ်နှင့် ပြီးဆုံးသွားခဲ့ရပြီဟု အစချီကာ နီကီအေးရှား ရီဗြူး၏ အကြီးတန်း ဆောင်းပါးရှင် တိုရူ တာကာဟာရှီမှ အစချီကာ ရေးသားလာခဲ့သည်။

အဆိုပါ ဥပဒေအား ဖေဖေါ်ဝါရီ ၁၀ ရက်နေ့တွင် စတင် ပြဋ္ဌာန်းလာခဲ့ပြီး တလလျှင် လူငါးထောင်နှုန်းဖြင့် တနှစ်အတွက် လူခြောက်သောင်းအထိ စစ်ထဲဆွဲသွင်းရန် ကြံစည်လာခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့ အုပ်ချုပ်ရေးအား ၂၀၂၁ ဖေဖေါ်ဝါရီမှစ၍ အောင့်အည်း သည်းခံနေကြရသော တတိုင်းပြည်လုံး၏ စိတ်နှလုံးကို ပို၍ ညိုးနွမ်းအောင် လုပ်သလို ဖြစ်သွားခဲ့ရသည်။ အနာဂတ် ပျောက်နေသော လူငယ် အများအပြားသည် တိုင်းပြည်မှ ထွက်ပြေးကုန်ကြသည်။ (ယင်းအား ထပ်မံ ဟန့်တားရန် မေလ ၁ ရက်နေ့မှစ၍ နိုင်ငံသားများ ပြည်ပသို့ အလုပ် ထွက်လုပ်ခွင့်အား ရပ်ဆိုင်းလိုက်ပြန်သည်။)

ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ စစ်မြေပြင်တွင် အရှုံးကြီး ရှုံးလာခဲ့ပြီး နေပြည်တော်နှင့် ပြင်ဦးလွင်တွင် အဆင့်မြင့် အရာရှိကြီးများပင် ဒရုန်းနှင့် တိုက်ခိုက်မှု ခံလာခဲ့ရသည်။ စစ်တပ်အတွင်း စိတ်ဓါတ်များ ကျဆင်းလာပြီး ဘက်ပြောင်းသူများ၊ လက်နက်ချသူများ အမြောက်အမြား ရှိလာပြီဆိုသည့် သတင်းများ ထွက်ပေါ်လာခဲ့သည်။

ထိုသို့ စစ်မှုထမ်း ဥပဒေ ထုတ်ပြန်လာခြင်း သည်ကပင် တဖြေးဖြေးနှင့် အင်အားချိနဲ့လာသော စစ်တပ်အတွက် ကြံရာမရဖြစ်ကာ ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု၏ ခန့်မှန်းချက်အရ ယခုအခါ အင်အား ၁၃၀,၀၀၀ ခန့်သာ ကျန်တော့သည်ဟု သိရသည်။

မင်းအောင်လှိုင် မတ်လ ၂၇ ရက်နေ့ စစ်အခမ်းအနားတွင် “တိုင်းပြည် ငြိမ်းချမ်း တည်ငြိမ်လာရေး အတွက် စစ်မှုထမ်း ဆင့်ခေါ်ဖို့ မဖြစ်မနေ လိုအပ်သည်” ဟု ပြောခဲ့သော်လည်း ထိုသို့ ဖြစ်လာခဲ့ရခြင်း၏ အဓိက တရားခံသည် ၎င်းကိုယ်တိုင် ဖြစ်နေသည်။ ဘယ်အရာများက ထိုသို့ ဆိုးဆိုးဝါးဝါး ကိုယ့်ကိုယ်ကိုယ် လိမ်လည်လှည့်ဖျား နေရသည်အထိ ဖြစ်လာခဲ့ရသနည်း။

မင်းအောင်လှိုင်သည် နိုင်ငံတောင်ပိုင်း မြို့တမြို့ရှိ အစိုးရဝန်ထမ်း မိဘမှ မွေးဖွားလာခဲ့သူ ဖြစ်သည်။ ၁၉၇၀ ကျော် နှစ်များအတွင်း ရန်ကုန် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်တွင် ပညာဆည်းပူးခဲ့သည်။ ထိုအချိန်က ကျောင်းသားများ၏ ဒီမိုကရေစီ ရရှိရေး လှုပ်ရှားမှုများ အားကောင်းနေချိန် ဖြစ်သော်လည်း ၎င်းကိုယ်တိုင် ပါဝင်ခဲ့ခြင်း မရှိပေ။ စစ်တက္ကသိုလ်သို့ ဝင်ရောက်ရန် သုံးကြိမ်မြောက် ကြိုးပမ်းခဲ့ပြီးနောက် ၁၉၇၄ တွင် အောင်မြင်သွားခဲ့သည်။

ဗိုလ်လောင်း ဘဝတွင် ထူးထူးခြားခြား အရည်အချင်း မပြနိုင်ခဲ့သော်လည်း တဖြေးဖြေးနှင့် ရာထူးအဆင့်ဆင့် တက်လာခဲ့သည်။ သို့သော် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအား နှိမ်နှင်းရာတွင် ထူးထူးခြားခြား အစွမ်းပြနိုင်ခဲ့၍ အထက်မှ မျက်စိကျလာခဲ့သည်။ ၂၀၁၁ နိုင်ငံအား အရပ်ဖက် အုပ်ချုပ်ရေးသို့ စတင် အသွင်ကူးပြောင်းလာစဉ်တွင် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်သည် ပြည်ပသို့ ခရီးများထွက်ခြင်း၊ ဆိုရှယ်မီဒီယာကို သုံး၍ သတင်းများ ထုတ်ပြန်ခြင်း အစရှိသည်တို့ လုပ်လာခဲ့မှုနှင့်အတူ “အသိအမြင်ကြွယ်ဝ” သည့် ဗိုလ်ချုပ်ကြီးဟု ၎င်းတို့အကြား ဂုဏ်သတင်း မွှေးပျံ့လာခဲ့သည်။ သို့သော်လည်း ၎င်း၏ တဖက်က ရန်လိုသည့်စိတ်သည် ၂၀၁၇ တွင် ထွက်ပေါ်လာခဲ့သည်။ ၎င်း၏ လက်အောက်ရှိ တပ်များသည် လူနည်းစု ရိုဟင်ဂျာများကို နှိပ်ကွပ်လာခဲ့မှုနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးသည်လည်း အေးတိအေးစက် ဖြစ်လာခဲ့သည်။ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အပြတ်အသတ် အနိုင်ရရှိသွားသည့် အခါတွင်တော့ မဲသမာမှုများ ရှိသည်ဟု အကြောင်းပြကာ အာဏာသိမ်းယူလိုက်သည်။

မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် အဖြစ် စစ်တပ်ကို ၁၄ နှစ်ကြာ ဦးဆောင်လာခဲ့ပြီး ခေတ်သစ်သမိုင်းတွင် ၎င်းကဲ့သို့ အကြွင်းမဲ့အာဏာ စွဲကိုင်နိုင်ခဲ့သူ ဗိုလ်နေဝင်းနှင့် ဗိုလ်သန်းရွှေတို့ နှစ်ဦးသာ ရှိခဲ့သေးသည်။

ကျေးလက် မြို့တမြို့၏ စာတိုက်စာရေးလေး ဘဝမှ တက်လှမ်းလာခဲ့သော သန်းရွှေသည် ဗိုလ်နေဝင်းကဲ့သို့ တသွေးတသံ တမိန့်ဖြင့် အုပ်ချုပ်သူ မဟုတ်ပဲ ၎င်းလုပ်ချင်သည်များကို အားလုံး၏ သဘောတူညီချက်ရအောင် တည်ဆောက်ပြီး စစ်တပ်၏ အုပ်စုခေါင်းဆောင် အဖြစ် ခံယူခဲ့ခြင်းကြောင့် မင်းအောင်လှိုင် အတွက် ၎င်းနှင့် နီးစပ်အောင် ဖန်တီးလာနိုင်ခဲ့သည်။
သန်းရွှေသည် ၎င်းလက်အောက်ရှိ စစ်မှုထမ်းများ အကျိုးအမြတ်များ ခံစားနိုင်စေရန် ဦးပိုင် ကုမ္ပဏီများကို မဖြစ်ဖြစ်အောင် တွန်းအားပေး တည်ဆောက်ပေးခဲ့သည်။ ထိုအကျိုးအမြတ်များ စတင် ယစ်မူးလာချိန်တွင် တိုင်းပြည်အား အရပ်ဖက် အုပ်ချုပ်‌ရေးသို့ အသွင်ပြောင်းနိုင်ရန် လှုပ်ရှားလာခဲ့သည်။ လူ့အသက်ပေါင်း ၁၄၀,၀၀၀ ခန့် ဆုံးရှုံးခဲ့သည့် နာဂစ်မုန်တိုင်း ကြားမှပင် လွှတ်တော်နေရာ လေးပုံတပုံကို စစ်တပ်အား လွှဲပေးရမည့် ၂၀၀၈ ဖွဲ့စည်းပုံအတွက် လူထုဆန္ဒခံယူပွဲကို အတင်းအကျပ် ပြုလုပ်လာခဲ့ပြီး ၂၀၁၀ တွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖယ်ထုတ်ကာ ရွေးကောက်ပွဲ ကျင်းပခဲ့၍ စစ်တပ်နှင့် ဆက်နွယ်နေသော ပါတီသည်သာ မဲအပြတ်အသတ်ဖြင့် အနိုင်ရသွားခဲ့သည်။

၎င်းကိုယ်တိုင် သမ္မတ လုပ်မည်ဟု ခန့်မှန်းခဲ့ကြသော်လည်း စစ်ခေါင်းဆောင်ပိုင်းတွင် စတုတ္ထနေရာတွင် ရှိသည့် ဝန်ကြီးချုပ် သိန်းစိန်ကို အာဏာလွှဲပေးခဲ့သည်။ မင်းအောင်လှိုင်အား ကာကွယ်ရေးဦးစီးချုပ် ရာထူးပေးကာ သန်းရွှေသည် လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်တွင် သန်းရွှေသည် အသက် ၇၇ နှစ်သာ ရှိသေးသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံသည် သူနှင့် သူ့မိသားစု လုံခြုံစိတ်ချစွာ နေ၍ရမည့်အပြင် စီးပွားရေး တိုးတက်လာမှု၏ အသီးအပွင့်များ ခံစားသွားနိုင်မည်ဟု တွက်ဆခဲ့၍လည်း ဖြစ်သည်။

သူ၏ ခန့်မှန်းချက်သည် မှားယွင်းခဲ့ခြင်း မရှိပေ။ သိန်းစိန်၏ အရပ်သား အုပ်ချုပ်ရေးဖြင့် ဒီမိုကရေစီနှင့် စီးပွားရေး အသွင်ကူးပြောင်းမှု စတင်လာခဲ့ပြီး အာရှ၏ နောက်ဆုံးလက်ကျန် စီးပွားရေး ရင်းနှီးမြုပ်နှံရာအရပ် ဖြစ်လာခဲ့သည်။

ထိုသို့သော အနေအထားများကို မင်းအောင်လှိုင်သည် အဘယ်ကြောင့် ဖျက်ဆီးပစ်ခဲ့ရပေသနည်း။

ထိုအမေးကို NLD ပါတီဝင်လည်း ဖြစ်ပြီး ဂီဖူး အမျိုးသမီး တက္ကသိုလ် တောင်အာရှရေးရာ ဌာနတွင် ဧည့်သုတေသီ အဖြစ် လုပ်ကိုင်နေသူ ဦးတင်ဝင်းက “၎င်း သမ္မတ ဖြစ်ချင်နေ၍” ဟု ဖြေခဲ့သည်။

အာဏာ မသိမ်းမီကလေးတွင်ပင် မင်းအောင်လှိုင် ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်နှင့် နှစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၎င်းအား သမ္မတ အဖြစ် တင်မြှောက်ရန် တောင်းဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှ ဒုသမ္မတ ရာထူးသာ ပေးနိုင်မည် ဆိုကာ ငြင်းပယ်ခဲ့သဖြင့် လွှတ်တော် အစည်းအဝေး စတင်ရန်ရှိသည့် နေ့မှာပင် အာဏာသိမ်းယူလိုက်တော့သည်။

မင်းအောင်လှိုင်သည် အရပ်သား သမ္မတ အဖြစ် နေဝင်းနှင့် သန်းရွှေလို မဟုတ်ပဲ သိန်းစိန်ကဲ့သို့ အများ၏ ချစ်ခင်လေးစားမှုကို ရရှိလိမ့်မည်ဟု မျှော်လင့် တောင့်တနေသူလည်း ဖြစ်သည်။ သူ၏ စိတ်ကူးနှင့် လက်တွေ့ ကွာဟနေမှုကို လက်မခံနိုင်သူလည်း ဖြစ်သည်ဟု ဦးတင်ဝင်းက ဆိုသည်။

၂၀၂၁ အာဏာသိမ်းအပြီး ပထမဆုံး ရုပ်မြင်သံကြား မိန့်ခွန်းတွင် “၎င်း၏ စစ်ကောင်စီသည် အရင့်အရင် အုပ်ချုပ်ခဲ့သူများနှင့် ကွာခြားလိမ့်မည်” ဟု ထည့်သွင်း ပြောဆိုသွားခဲ့သည်။ ဤသည်က ၎င်းသည် နေဝင်း၊ သန်းရွှေတို့ကဲ့သို့ အာဏာရှင်များနှင့် တူမည်မဟုတ်ဟု ဆိုလိုခြင်းလော၊ မည်သို့ပင် ဖြစ်စေ အဆုံးတွင် ၎င်းအား ဆန့်ကျင်သူများကို ရက်စက်စွာ နှိမ်နှင်းခဲ့မှုတွင် ထိုပုဂ္ဂိုလ် နှစ်ဦးနှင့် ကွာခြားခြင်း မရှိသည့်အဖြစ် ရောက်သွားခဲ့ရသည်။ ကွာခြားသွားသည်က ၎င်းလက်အောက်ရှိ စစ်တပ်သည် တော်လှန်ရေး အင်အားစုများ၏ ခုခံတွန်းလှန်မှုကြောင့် တွန်းထိုး ဖယ်ရှားခံနေရသည့် အဖြစ်ကြောင့် အန္တရာယ်နှင့် ရင်ဆိုင်လာနေရခြင်းပင် ဖြစ်သည်။

တိုင်းပြည် အခြေအနေ ဆိုးဝါးသည်ထက် ဆိုးဝါးလာနေချိန်တွင် မင်းအောင်လှိုင်သည် “လွတ်လပ်ပြီး တရားမျှတသည့်” ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု တတွတ်တွတ် ပြောနေဆဲပင် ဖြစ်သည်။ ဤသည်က သမ္မတ ဖြစ်ရေး ၎င်း၏ ရည်မှန်းချက်ကို စွန့်လွှတ်ခြင်း မရှိသေး၍လော၊ သို့မဟုတ် အနားယူပြီးနောက် ၎င်း၏ လုံခြုံမှု အတွက် အာမခံချက် တရပ်အဖြစ် ဖန်တီးချင်၍လော။

မင်းအောင်လှိုင်သည် ၎င်း တောင့်တခဲ့သလို လူထု၏ ချစ်ခင် လေးစားခံရမည့်လူ ဖြစ်မလာနိုင်သော်လည်း  အာဏာရှင်ဟောင်းများကဲ့သို့ စိတ်ထင်ရာ လုပ်ခွင့်ရနေသည့် အကြွင်းမဲ့ အာဏာကို စွဲကိုင်ထားသူ ဖြစ်လာခဲ့ချေပြီ။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

Hla Soewai

#4C_TruthNews
Forwarded from Magway Regional Scout Network (YU ATARASHI)
ဆိပ်ဖြူ

မနက်၉း၀၀နာရီဝန်းကျင်တွင် ဆိပ်ဖြူမြို့နယ် ငါးချဥ်ချောင်းရွာ သို့ လစခ၉ -လကတ၃၀၃၆- ကပစ၂၁ ထုတ်နုတ်အင်အား ၇၀ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သတင်းရရှိပါသည်။ ပြည်သူ ၄ဦးကို လူသားဒိုင်းပြုလုပ်ထားဟုသိရှိရပါသည်။

#နွေဦးတော်လှန်ရေး-မြိုင်မြို့
MRSN
May 7 ,  2:00PM
📬သတင်းပို့ရန် @MagwayScoutNetworkBot
Forwarded from Magway Regional Scout Network (YU ATARASHI)
ဆီမီးခုံ

နံနက် ၇ နာရီ ခန့်က ဆီမီးခုံရေနက်ဆိပ်ကမ်း မှ
စခ များ အင်အား ၁၀ဝ ခန့် မြို့ထဲသို့ ရောက်ရှိလာ ရဲစခန်းထဲ ဝင်ရောက်သွားဟုသိရ။

ဆီမီးခုံသတင်း
MRSN
May 7 ,  1:58PM
📬သတင်းပို့ရန် @MagwayScoutNetworkBot
တံတားဦး

တံတားဦးလေတပ်သို့ သပိတ်ကျင်းမြို့နယ်တွင် (1:52PM) ခန့်က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့သော A-5 Bomber Jet (1)စီး မြောက်အရပ်မှ ဆင်းသက်။

#NAS
May 7, 2:10PM
📡သတင်းပို့ရန် @infonas
တံတားဦး

တံတားဦးလေတပ်သို့ ကန့်ဘလူမြို့နယ်တွင် (10:07AM & 11:25AM) ခန့်ကစ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့သော BEECH 1900D MILITARY TRANSPORT AIRCRAFT (1)စီး မြောက်အရပ်မှ ဆင်းသက်။

#NAS
May 7, 1:25PM
📡သတင်းပို့ရန် @infonas
မ​ကွေး

မ​ကွေးလေတပ် ကလခသို့ ​ပေါက်မြို့နယ်တွင် (12:11PM) ခန့်ကစ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့သော MiG-29 Fighter Jet (1)စီး ​​​​မြောက်အရပ်မှ ဆင်းသက်။

#NAS
May 7, 12:26PM
📡သတင်းပို့ရန် @infonas
တံတားဦး

တံတားဦးလေတပ်သို့ သပိတ်ကျင်းမြို့နယ်တွင် (2:04PM) ခန့်က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့သော နောက်ထပ် Fighter Jet (1)စီး မြောက်အရပ်မှ ဆင်းသက်။

#NAS
May 7, 2:13PM
📡သတင်းပို့ရန် @infonas
မကွေး⚠️

မကွေးလေတပ်မှ ဂျက်ဖိုက်တာ တစ်စီး မြောက်ဘက်သို့ ပျံတက်။

#WaiHin
May 8, 10:19 AM
📫သတင်းပို့ရန် @WaiHinScoutBot
မင်းဘူး⚠️

မကွေးလေတပ် ကလခတက် MiG-29 Fighter Jet (1)စီး မင်းဘူးဖြတ်၍ အနောက်အရပ်သို့ ပျံသန်း။

#NAS
May 8, 10:22AM
📡သတင်းပို့ရန် @infonas
Forwarded from U U Aung Pwel ️
စစ်ပွဲကို ရေရှည် ဆင်နွှဲသွားဖို့ က ၎င်းတို့ အတွက် ခက်ခဲ လာနေပြီ ဖြစ်သည်။ အနည်းငယ်မျှသာ ရှိသော ရဟတ်ယာဉ်များ ထဲမှ အတော်များများ ဆုံးရှုံးသွားခဲ့သည်။ ယခု အပတ် အတွင်းမှာပင် ကရင်နီ တော်လှန်ရေး တပ်ဖွဲ့များက စစ်ရဟတ်ယာဉ်တစင်းကို ပစ်ချနိုင်ခဲ့သည်။

လမ်း တံတား များအားလည်း မိုင်း များ ထောင်ထား၍ စစ်ယာဉ်တန်းများသည် တဖြေးဖြေး နှင့် အကာအကွယ် မဲ့လာပြီး ထိခိုက်ပျက်စီးမှုများ နှင့် ရင်ဆိုင်လာရသည်။ တော်လှန်ရေး တပ်ဖွဲ့များက ၎င်းတို့ ထံမှ လက်နက်များ သိမ်းယူနိုင်ခဲ့မှုကလည်း စစ်ယာဉ်တန်းများကို ပို၍ ထိရောက်စွာ ချေမှုန်းလာနိုင်ခဲ့သည်။

စစ်ကောင်စီ အနေဖြင့် လာမည့် ၆ ပတ်အတွင်း ခြေမြန်တပ်များ အား ပံ့ပိုး မပေးနိုင်ဟု ဆိုက တိုင်းရင်းသား တပ်များ နှင့် ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့များသည် မိုးရာသီ အတွင်း ၎င်းတို့အား တဖွဲ့ပြီး တဖွဲ့ အမှည့်ခြွေ ခြွေပစ်နိုင်တော့မည် ဖြစ်မည်။

ပဉ္စမ ဦးစားပေးကား စစ်ကိုင်း နှင့် မကွေး ဒေသများတွင် ဆက်လက် ထိုးစစ်ဆင်သွားနိုင်ရေးပင် ဖြစ်သည်။ ဗမာ အများစု နေထိုင်ရာ နိုင်ငံ အလယ်ပိုင်း သည် ၎င်းတို့ အဖို့ စစ်ရေး ထက် စိတ်ဓါတ်ရေးရာ အရ ပို၍ အရေးပါနေသည်။ ထိုဒေသများကို အပြည့်အဝ မထိန်းချုပ်နိုင်က ထောက်ပို့ လမ်းကြောင်းများ အတွက် စိုးရိမ်စရာ ဖြစ်လာပြီး ၎င်းတို့ တခါက အပြည့်အဝ ချုပ်ကိုင်ထားနိုင်သော နယ်မြေ များ လက်လွှတ်ရမည့် အရေး ကို စစ်ဗိုလ်ချုပ် များ မခံစားနိုင် ဖြစ်လာပေတော့မည်။

၎င်းတို့ အဖို့က နယ်မြေ များ မထိန်းချုပ် နိုင်ပါကလည်း ထိုဒေသများရှိ အရပ်သားများအား တော်လှန်ရေး တပ်ဖွဲ့များအား ထောက်ခံရမည်လား ဆိုကာ လေကြောင်း မှ၎င်း၊ လက်နက်ကြီးများ ဖြင့် ၎င်း ပစ်ခတ် ဒဏ်ခတ်ကြဦးမည်သာ ဖြစ်သည်။

ဆဌမ ဦးစားပေးသည် လက်နက် ခဲယမ်းများ တိုး၍ ထုတ်လုပ်သွားရန် ဖြစ်သည်။ စစ်ကောင်စီသည် ဘဏ္ဍာရေး အရ ချွတ်ခြုံ ကျနေပြီး ပြည်ပ မှ လိုသလောက် ဝယ်ယူ တင်သွင်း နိုင်ခြင်း မရှိ တော့၍ လက်ရှိ ပြည်တွင်း ကာကွယ်ရေး ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများကိုသာ အတင်းအကျပ် ထုတ်လုပ် ခိုင်းတော့မည် ဖြစ်သည်။ စစ်လေယာဉ်များလည်း အလွန်အကျွံ အသုံးပြုထား၍ ပြင်ဆင် မွမ်းမံမှု များ ပြုလုပ်ရတော့မည် ဖြစ်ပြီး အပို ပစ္စည်းများလည်း အလုံအလောက် မရှိ‌တော့၍ ဒရုန်းများ တိုး၍ ထုတ်လုပ် နိုင်ရန် ဦးလှည့်လာနေသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ တပ်များ နှင့် တိုင်းရင်းသား လက်နက်ကိုင်များသည် ဒရုန်းများကို မယုံကြည်နိုင်လောက်အောင် အစွမ်းပြ သုံးလာနိုင်ခဲ့သည်။ ၎င်းတို့ လို ဈေးပေါပေါ နှင့် ရ‌သော ဒရုန်းများ အတုခိုး အသုံးပြုလာမည့် အရေးကို NUG သည် စိုးရိမ်မကင်း ဖြစ်လာနေသည်။ ယခုအခါ စစ်တပ်သည် မော်တာ အမြှောက်ဆံများထက် ဒရုန်း နှင့် ပစ်ခတ်၍ ရမည့် ဗုံးသီးများ စတင် ထုတ်လုပ် အသုံးပြုလာနေပြီ ဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးသည် စစ်တပ် အတွက် တပမ်းသာ သော ပွင့်လင်း ရာသီ တွင် စတင်ခဲ့သော်လည်း နယ်မြေ အမြောက်အမြား လက်လွှတ်ပေးခဲ့ရသည် အဖြစ်က ထူးခြားလှပေသည်။

စစ်တပ်သည် မိုးရာသီ မဝင်မီ ဆုံးရှုံးသွားသော နယ်မြေများ နှင့် ထောက်ပို့ လမ်းကြောင်း များ ပြန်လည် ထိန်းချုပ် နိုင်ဖို့ ဂမူးရှုးထိုး နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်လာကြတော့မည်သာ ဖြစ်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

(ပုံတွင် နယူးယောက် တိုင်းမ် သတင်းစာ တွင် ဖေါ်ပြထားသော မြန်မာ ပြည်တွင်းစစ် ၏ အနေအထား ပြ မြေပုံ ကို တွေ့နိုင်ပေသည်။)

Hla Soewai
#HlaingInfo
Forwarded from U U Aung Pwel ️
ယင်းသို့ ဖြုတ်ချပေးပါက Khit Thit Media နှင့် တော်လှန်ရေး အင်အားစုများထံသို့ အလှူငွေ အနည်းဆုံး သိန်း ၅၀ မှ စတင်၍ ပေးအပ်မည်ဟု ကမ်းလှမ်းလာခြင်းဖြစ်သည်။

ငွေကြေးပေးရန် ကမ်းလှမ်းလာသူများက ၎င်းတို့ကို ဒုတပ်မမှူး၏ သားတပည့်များဟုသာ မှတ်ထားပေးရန်နှင့် သတင်းဖြုတ်ချလိုက်သည်နှင့် K-Pay ၊ Wave  (သို့မဟုတ်) တရုတ်ဘဏ်အကောင့်ရှိလျှင် တရုတ်ဘဏ်အကောင့်၊ ထိုင်းဘဏ်အကောင့်ရှိလျှင် ထိုင်းဘဏ်အကောင့်မှ တဆင့် အလှူငွေပေးအပ်မည်ဟု ကမ်းလှမ်းလာခြင်းဖြစ်သည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် အဆိုပါ သတင်းမှာ ခိုင်မာသော သတင်းဖြစ်၍ ဖြုတ်ချပေးရန် မရှိဘဲ အလှူငွေကိုလည်း လက်ခံမည်မဟုတ်ကြောင်း အကြောင်းပြန်ကြားခဲ့သည်။

စစ်တက္ကသိုလ် အပတ်စဉ် ၄၂ ကျောင်းဆင်းဖြစ်သော ဗိုလ်မှူးကြီးညီညီမောင်သည် ၂၀၂၁ ခုနှစ် တပ်မ ၇၇ ဗျူဟာမှူး ဖြစ်ခဲ့စဉ်က မြောက်ဥက္ကလာပတွင် ဆန္ဒပြပြည်သူများကို ကိုယ်တိုင် စက်သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သူလည်းဖြစ်ကြောင်း သိရှိရသည်။

ဗိုလ်မှူးကြီးညီညီမောင်သည် ရုရှားပြန်စစ်ဗိုလ်တစ်ဦးဖြစ်ပြီး ၎င်းသည် စစ်တပ်ထဲတွင် တာဝန်ထမ်းဆောင်သမျှ ကာလပတ်လုံး မိန်းမရှုပ်သူအဖြစ် နာမည်ကြီးသူလည်းဖြစ်သည်။

စစ်တက္ကသိုလ်ကျောင်းဆင်းပြီးချိန်တွင် KTV မှ အမျိုးသမီးနှင့် ပထမ အိမ် ထောင်ကျပြီး သမီးတစ်ဦး မွေးဖွားခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ရုရှားသို့ ပညာ တော်သင်သွားရပြီး မြန်မာပြည်ပြန်ရောက်ချိန် ပထမအိမ်ထောင်နှင့်ကွဲကာ စစ်တက္ကသိုလ်တွင် ဗိုလ်ကြီးရာထူးဖြင့် နည်းပြတာဝန်ထမ်းဆောင်သည်။

ထိုအချိန် စစ်တက္ကသိုလ် (ချယ်ရီရိပ်) လက်ဖက်ရည်ဆိုင်ပိုင်ရှင် သမီးအကြီးမနှင့်ငြိစွန်းခဲ့ပြီး ကိုယ်ဝန်ဖျက်ချခဲ့ရကာ မိန်းမကိစ္စအတွက် တိုင်ကြားခံခဲ့ရသည်။ အဆိုပါ အမျိုးသမီးမှာ နောင်တွင် စစ်တက္ကသိုလ် အပတ်စဉ် ၄၄ ကျောင်းဆင်း ဗိုလ်မှူးဇော်ပိုင်၏ ဇနီးဖြစ်လာသည်။

ယင်းနောက် ဒုတိယအိမ်ထောင်အဖြစ် မီမီစံနှင့် အိမ်ထောင်ကျပြီး စစ်တက္က သိုလ် စာပေ ၂ တွင် ဘောလုံးဒိုင်ကိုင်ခြင်း အပါဝင် လောင်းကစား အလုပ်များကို လုပ်ကိုင်ခဲ့သည်။

၂၀၁၀ ခုနှစ်တွင် ဗိုလ်မှူးရာထူး တိုးပြီး ၂၀၁၃ ခုနှစ်တွင် ဖာပွန် ခလရ ၁၉ သို့ ဒုတိယတပ်ရင်းမှူးအဖြစ် ပြောင်းရွှေ့ရသည်။ ထိုစဉ် ဒေသမှ အမျိုးသမီး ၁ဦးနှင့် ငြိစွန်းသဖြင့် တိုင်ကြားခံရကာ ငွေကြေးပေးလျှော်ခဲ့ရသည်။ ၂၀၁၅ ခုနှစ်တွင် တောင်ငူ ခလရ ၂၆ သို့ တပ်ရင်းမှူးအဖြစ် ပြောင်းရွှေ့ခဲ့ရသည်။ တပ်ရင်းမှူးဘ၀တွင်လည်း ဒေသမှ အမျိုးသမီး တစ်ဦးနှင့် ထပ်မံ ငြိစွန်းခဲ့သဖြင့် ယင်းကိစ္စကို ဖြေရှင်းခဲ့ရသည်။

တပ်ရင်းမှူးဘ၀ မြ၀တီ- တောင်ငူ လိုင်စင်မဲ့ကားများ သယ်ယူခြင်း၊ ဆက်ကြေးကောက်ခြင်းများ လုပ်ဆောင်ခဲ့ပြီး တောင်ငူတွင် KTV မှ အမျိုးသမီးတစ်ဦးဖြင့် ငြိစွန်းသဖြင့် လျှော်ကြေးပေး ဖြေရှင်းခဲ့ရပြန်သည်။

၂၀၁၇ ခုနှစ်တွင် ဗထူးကျောင်းသို့ နည်းပြဖြင့် ပြောင်းရွှေ့ပြီး တပ် ရင်းမှူး သင် တန်းသားများထံမှ ငွေကြေး ကောက်ခံသဖြင့် ကျောင်းအုပ်ကြီး၏ သတိပေးမှု ခံခဲ့ရသည်။

၂၀၂၁ ခုနှစ်တွင် တပ်မ ၇၇ ၏ဗျူဟာမှူးဖြစ်ခဲ့ပြီး ရန်ကုန်ရှိ စစ်အာဏာရှင်ကို ဆန္ဒပြသည့် အရေးအခင်းတွင် ပြည်သူများကို စက်သေနတ်ဖြင့် ကိုယ်တိုင် ပစ်ခတ်သတ်ဖြတ်ခဲ့သူလည်းဖြစ်သည်။

၂၀၂၃ ခုနှစ်တွင် တပ်မ ၉၉ ၏ ဒုတိယတပ်မမှူးဖြစ်လာပြီးနောက် လောက်ကိုင်တွင် ခေတ္တသွားရောက် တာဝန်ယူခဲ့ကြောင်း၊ ထိုသို့ တာဝန်ယူစဉ် လောင်းကစားနှင့် ကျားဖြန့်များထံမှ ငွေကြေး မြောက်များစွာ လက်ခံခဲ့ကြောင်း၊  ထို့ကြောင့် ယခုမေလတွင် လောင်းကစားမှု၊ ကျားဖြန့်ကိစ္စများတွင်ပါဝင်ပတ်သက်မှုဖြင့် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

လက်ရှိတွင် ဗိုလ်မှူးကြီး ညီညီမောင်၏ မိန်းမဖြစ်သူ မီမီစံက လင်ဖြစ်သူ ပြန်လည် လွတ်မြောက်ရေးအတွက် နာမည်ကြီး ဗေဒင်ဆရာများ၊ ဘုန်းကြီးများနှင့် တွက်ချက်၍ ယတြာချေမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

#KTM
#HlaingInfo
Forwarded from The Net
စစ်တပ်ရဲ့ နောက်ဆုံးအနေအထား သိရသလောက် ပြောပြပေးမယ်။

နွေဦးရဲ့ထိုးစစ်ကြောင့် နဂိုကမှ နဲ့တဲ့တဲ့ စကစရဲ့ခြေ လျင်ခြေမြန် တိုက်ခိုက်ရေးအင်အား ပြုတ်ပြုတ် ပြုန်းတယ်ဆိုတာ ဘယ်သူမှ ငြင်းမရတော့ဘူး။ခြေ လျင်ခြေမြန်ကို သွားချင်သူတွေ နည်းလာတော့ အရင်က ဗိုလ်ကြီးကနေ ဗိုလ်မှူးပေးဖို့ အရမ်းရှားတဲ့ ဗိုလ်သင်တန်းကျောင်း OTS က အဖွဲ့တွေကို ဗိုလ်မှူးရာထူးတိုးပေးပြီး ခြင်းကျားဇာတ်ပြန်သွင်းနေရပြန်ရော။ဇာတ်သွင်းတော့လည်း အဖမ်းခံလိုက်ကြတာများပါတယ်။

အရန်စစ်မှုထမ်း ဥပဒေ စတင်အသက်၀င်နေပြီဖြစ်လို့ အကုန် ရှောင်နေကြပြီ ဖြစ်ကြောင်းပါ။သိရသလောက်ဆိုရင် တစ်ချို့ ရှေ့တန်းစစ်မြေပြင်ကိုတောင် ပို့နေကြပြီ။အဲဒါသက်ပြည့် ပင်စင်ယူပြီး သမားတွေ နော်။အခု အရာရှိတွေကို ပြန်ခေါ်နေပြီ။ကြိုတင်သ တင်းရခဲ့သလို ပင်စင်လစာထုတ်တဲ့ ဘဏ်ခွဲကတဆင့် နေရပ်လိပ်စာအတိုင်း ဆင့်ခေါ်စာ ထုတ်ပေးလိုက်တာပါ။ပထမဆုံး သင်တန်းကျောင်းတွေကနေ ခေါ်‌ပါတယ်။နည်းပြအဖြစ်ပဲ ဆက်ပြီး တာ၀န်ထမ်းဆောင်ရမယ်လို့ ဆိုပေမယ့် ကြည့်ရသေးတာပေါ့ဗျာ။"ထွက်ပြီးသား စစ်သားပြန်၀င်ချင်တယ်ဆိုတာ"မရှိသ လောက် ရှားပါတယ်။

ပြောရမယ်ဆိုရင် စကစဟာ လူဟောင်းတွေ ပြန်ခေါ်တယ်။လူသစ်တွေ အတင်းအဓမ္မခေါ်ပြီး လေ့ကျင့်တယ်။အဟောင်း နဲ့ အသစ်ကို Mix လုပ်မယ်လို့ ကျွန်တော်ထင်တယ်။အရင်လက်ကျန် စကစ တပ် ရင်းတွေက သပ်သပ်။အခု အဟောင်းအသစ် Mix တပ်ဖွဲ့ က သပ်သပ်ထားဖို့များတယ်။အဲလိုဖြစ်ပြီဆိုရင် စကစ ရဲ့ အနာဂတ်စီမံချက်ဟာ ဘယ်လောက်ထိဖြစ်မလဲ မှန်းကြည့်ရင် ရှမ်းမြောက် ၊ရခိုင်ကို မရမချင်း တိုက်နေတော့မယ့် သဘောလို့ ပြောရမယ် ဆိုတော့ကာ စကစဟာ ရုပ်၀တ္ထုအင်အား ပြန်တက်လာတော့မယ်။

တော်လှန်ရေးတပ်ဖွဲ့ များဟာ ၂၀၂၄ ရဲ့ကျန်တဲ့ အ ချိန်ပိုင်းမှာ စကစကို ပိုပြီး ဖိအားပေးထားနိုင်ဖို့ အ ရေးကြီးလာတဲ့ အနေအထားကို ရောက်သွားပြီဖြစ်တယ်။ကြီးထွားလာမယ့် စစ်အင်အားကို စပြီးဟန့် တားဖို့ ပြင်ဆင်မှရတော့မယ်။တစ်ချို့ပြောကြပါတယ်။"ဘာတွေကြောက်နေတာလဲ.. ခွေးတွေလာစမ်းပါစေ တက်လာပစ်ချမယ်" ဆိုတာမျိုးပေါ့။အဲ့လောက်လွယ်ရင် စစ်တပ် ပျက်တာကြာနေပြီပေါ့။

ကျွန်တော်တို့ အလုပ်ကတော့ စကစကို အတွင်းကြေ ကြေအောင် နည်းမျိုးစုံနဲ့ ကြိုးစားရမှာဘဲ။ကျွန်တော့် မှာက အောင်မြင်နေတဲ့ ဖရဲခင်းကြီး ရှိသလေဗျာ။ပုပ်တဲ့ ပိုးထိုးတဲ့ အလုံးတွေဆိုရင် ဘာလုပ်ရတယ်မှတ်လဲ။နွားစာပေါ့ဗျာ .. နွားစာပေါ့။ကျွန်တော်နေရာသစ်ကို ထပ်ခရီးဆက်ဖို့ စီစဉ်နေပါတယ်။ကြားထဲမှာ သုံး သပ်ချက်ရေးတာ ကျဲပါမယ်။သတင်းကောင်းနဲ့ တည့်တည့်တိုးရင်တော့ ထုံးစံအတိုင်း ထအော်ပေးပါ့မယ်ခင်ဗျာ။

အော် ... ဒါနဲ့ ကျွန်တော်နေတဲ့အရပ်မှာတော့ စောင်ခြုံအိပ်နေရတာ ကြာပြီနော့ ... မိတ်ဆွေတို့ရော။

၂၀၂၄ မေ ၀၉

#ZinYawCaptain
Forwarded from Htain Lin Nay (ထိန်လင်း နေ)
မနေ့က Video Clip တစ်ခု ကြည့်လိုက်ရတယ်။

စစ်ခွေးတပ်ကကောင်တွေ ဥပဒေမရှိ၊ အညှာအတာမရှိ၊ လူစိတ်မရှိ လုပ်နေတဲ့လုပ်ရပ်တွေ ရပ်တန့်ဖို့က တော်လှန်ရေးပဲ ရှိတယ်ဆိုတာ ထင်ရှားလာပါတယ်။

Video Vlip အစမှာကတည်းက လူငယ် သုံးလေးယောက်ကို ကြိုးတုပ်ပြီး စစ်မေးနေတာ လွတ်လမ်းမမြင်ဘူးလို့ သိလိုက်ပါတယ်။ သူတို့မေးနေတာ သာမာန်ခိုးမှုလောက်ကို ဓားပြပြီး မေးနေတာတောင် အဖြစ်မှန်ကို အသိခဲ့ရပါဘူး။ သာမန်အားဖြင့် သူခိုးက ခိုးတယ်လို့ ဝန်မခံတာ ထုံးစံပါ။ ထုံးစံဆိုပေမယ့် သူ့အမှုမှာ သူ့ဥပဒေနဲ့သူ ရှိပြီးသားပါ။ ဝန်မခံသည့်တိုင်အောင် လက်ပူးလက်ကျပ်မိရင် အပြစ်အတိုင်း ထောင်ချနိုင်ပါတယ်။

မြင်လိုက်ရတာက စစ်နေတဲ့ စစ်ခွေးက အမှုစစ်တဲ့ပညာ တတ်ဖို့မပြောနဲ့ စာတောင်တတ်မယ့်ကောင် မဟုတ်ပါဘူး။ မေးနေပုံက သူလိုချင်တဲ့အဖြေကို မပြော ပြောလာအောင်ဘဲ ကြိုးစားမေးနေတာမျိုးပါ။ ဒါကို ကြောက်ပြီး ဖြေလာအောင် ဓားရှည်တစ်ချောင်းကိုလည်း လက်ကကိုင်ပြီး ခုတ်မယ် လည်ပင်လှီးမယ်တကဲကဲ လုပ်နေပါသေးတယ်။ ဖြေတဲ့သူက မဟုတ်ပါဘူး။ မခိုးပါဘူး လေသံအေးအေးနဲ့​​ ပြော​နေပေမယ့် စစ်​နေတဲ့ စစ်ခွေးက လှည့်မမေးတတ်တော့ ခိုးလားပြောနော်ဆိုတဲ့ စကားကလွဲပြီး ဘာမှလည်းထပ်မမေး​တော့ပါဘူး။ စစ်ခွေးတို့ ထုံးစံအတိုင်း အရက်မူးရင်မူး မမူးရင် ဆေးကြောင်နေတာမျိုး ဖြစ်နေတဲ့အနေအထားပါ။

အနားရှိတဲ့ခွေးတွေကလည်း လည်ပင်းလှီးဖို့ ဓားတပြင်ပြင်နဲ့ပါ။ တရားနည်းလမ်းကျကျ လုပ်မယ့်ကောင် တစ်ကောင်မှမပါပါဘူး။ ဘယ်လောက် စည်းမဲ့ကမ်းမဲ့ဖြစ်ပြီး ပျက်စီးနေတဲ့ စစ်ခွေးတပ် ဖြစ်နေပြီလဲဆိုတာ ကြည့်ရုံနဲ့ သိသာနေပါပြီ။

ဒီလိုမေးရင်း မဖြေရင် နားရွက်ဖြတ်မှာနော်ဆိုပြီး နားရွက်တစ်ဖက်လှီးလိုက်တာ မြေပေါ်ကို ပြတ်ကျသွားပါတော့တယ်။ နားရွက်ကို လက်ကမကိုင်ဘဲ ဒီတိုင်းလှီးလိုက်တာကြောင့် ဓားကလည်း အတော်ထက်တဲ့ သဘောပါ။ ပြီးတော့ နောက်တစ်ဖက် ထပ်လှီး ပါတယ်။ ပထမတစ်ဖက်အတိုင်းပဲ ပြတ်ကျသွားပြီး သွေးတွေစီးကျကုန်ပါတယ်။

ဆိုလိုတာက ဖြစ်နေတဲ့ အမှုထက် အပြစ်ပေးတာက အဆမတန် ပိုပြီး ကြီးလေးနေပါတယ်။ ဒီအချိန် အမှုမှန်ပေါ်ပေါက်ရင်တောင် နားရွက်နှစ်ဖက်က ဆုံးပါပြီ။ ဆေးရုံဆေးခန်းနဲ့ ဝေးနေတာကြောင့် နားရွက်​​ပြတ်ကို ပြန်ဆက်ဖို့ လုံးဝမဖြစ်နိုင်တော့ပါဘူး။

ဒီလိုအသိဥာဏ်မဲ့ ရက်စက်ယုတ်မာမှုတွေ ပြည့်နေတဲ့ စစ်ခွေးတပ်ဆီက တို့ပြည်သူတွေဟာ ဘာမှမျှော်လင့်စရာ မရှိတော့ပါဘူး။

ကျွန်တော်လည်း မခံစားနိုင်တာနဲ့ ဆက်မကြည့်လိုက်တော့ပါဘူး။ Video Clip အဆုံးမှာ သတ်လိုက်ဖို့ပဲ များပါတယ်။ ဝန်မခံရင်လည်း ဝန်မခံရကောင်းလားဆိုပြီး ဒေါသတကြီး သတ်ပါလိမ့်မယ်။ နာကျင်တာမခံနိုင်လို့ ဝန်ခံ ပြန်ရင်လည်း အပြစ်ရှိတယ်ဆိုပြီး အမှုနဲ့ မတန်မရာမပြစ်ပေးတဲ့အနေနဲ့ သတ်ပါလိမ့်အုံးမယ်။ စစ်ဘီလူးတွေ၊ စစ်မိစ္ဆာတွေကြား ရောက်သွားတဲ့သူတွေကတော့ လွတ်လမ်းမမြင်ပါဘူး။ ဒါကြောင့် စစ်ကြောင်းထိုးထိုး ရွာဝင်စီးစီး ခွေးတွေနဲ့ ဝေးရာသာ နေကြပါလို့ သတိပေးချင်ပါတယ်။ ဖြစ်နိုင်ရင် ဒီကောင်တွေမမြင်ရတဲ့ နေရာကသာ သွားလာကြပါ။

သူခိုးအားပေး ပြောနေတာမဟုတ်ပါဘူး။ သူခိုးလည်း သူခိုးအလျောက် ထိုက်တန်တဲ့အပြစ် ခံရမှာပါ။ သူခိုးမှာ နောင်တရခွင့်ရှိပါတယ်။ အမှားပြင်ချင်ရင် ပြင်နိုင်တဲ့ အချိန်ရှိပါတယ်။ လူတစ်ယောင် နောင်တရပြီး လူကောင်းတစ်ယောက် ဖြစ်ခွင့်ရှိပါတယ်။ ဒါဟာ လူတစ်ယောက်ရသင့်တဲ့ အခွင့်အရေးပါ။ အများကလည်း လူကောင်းတစ်ယောက် ဖြစ်လာမယ်ဆို ပေးရမယ့် အခွင့်အရေးပါ။ ဒီကောင်ကတော့ တစ်သက်လုံး ကောင်းလာမှာမဟုတ်ဘူးလို့ ဆုံးဖြတ်ခွင့်မရှိပါဘူး။

ဒါကိုအတင်အကျပ် လူအသက်တွေကို ကိစ္စတုံးပြစ်တာကတော့ လူမဆန်တာထက်တောင် ကျော်နေပါသေးတယ်။

အပေါ်မှာပြောခဲ့သလိုပဲ ဒီလို စစ်ခွေးတွေလက်အောက်က လွတ်ဖို့က စစ်ခွေးအမြစ်ပြတ်ဖို့ တစ်နည်းပဲ ရှိပါတော့တယ်။

စစ်ခွေးဘဝကို လိုလိုချင်ချင် ခံယူနေတဲ့ စစ်ခွေးတွေရှိနေသေးတာ သိစေချင်ပါတယ်။

ဒါကြောင့် လူတိုင်းကိုယ်စီ ဘာလုပ်သင့်လဲ....

တော်လှန်ရေးကို အဆုံးထိသွားပြီး အောင်မြင်ဖို့ လိုနေပါပြီ။

အဆုံးထိမရောက်မချင်း ခံရမယ့်ပြည်သူတွေ အများကြီး ရှိနေသေးတာ မြင်ယောင်ကြည့်ပါ။

တော်လှန်ရေးကို ဆက်တွန်းကြစို့....

#htainlinnay
#ထိန်လင်းနေ

https://t.me/+M0K87XBRbcs3NzFl
Forwarded from Htain Lin Nay (ထိန်လင်း နေ)
နောက်ဆုံးတော့ ခေါင်းဖြတ် သတ်လိုက်ကြတယ်။

ပြည်သူတွေကြောက်အောင် သက်သက်ရိုက်ပြခြင်းသာ ဖြစ်ပါတယ်။

အမှန်ကတော့ ကြောက်စရာပါ။

ဒါပေမယ့် ရွံသွားပါတယ်။ မုန်းသွားပါတယ်။ ဒီကောင်တွေကို ပြန်သတ်ချင်သွားပါတယ်။
၃) အထူးသဖြင့် လက်နက်ကိုင်တော်လှန်ရေးရဲ့ အခရာဖြစ်တဲ့ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်ဟာ အရက်သမားဖြစ်ပြီး မဲဆောက်မှာ အရက်ထွက်ဝယ်ရင်း မဲဆောက်ရဲက ဖမ်းလို့ ကျွမ်းဝင်တဲ့သူတွေ ကယ်ထုတ်ခဲ့ရတယ်..။

စသဖြင့် ပေါ့..။

ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အဲ့ဒီအခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကို တခုတ်တရလုပ်ဖြေရှင်းခဲ့ခြင်း မရှိလေတော့ အမှားကြာ အမှန်ဖြစ်၊ ဟုတ်သယောင်ယောင် ကြားလူတွေကတောင် ထင်လာကြပါတယ်..။

ဒီကြားထဲ ဝန်ကြီးဌာနပေ့ချ်မှာ အက်ဒမင်ကိုင်တဲ့သူက ရီဂျင်စီ အရက်ပုလင်းပုံ ထတင်မိတော့ မီးလောင်ရာလေပင့် ဦးရည်မွန်ခမျာ့ လေးသင်္ချေနဲ့ ကမ္ဘာတသိန်း အရက်သမားပါရမီဖြည့်ဆည်းခဲ့ကြီးသူအလား အပြောအဆို ခံရပါတော့တယ်..။

တကယ်က.. ၁၀၂၇ အောင်ပွဲတွေ အလီလီရချိန် မဟာမိတ်များ တည့်ခင်းဧည့်ခံတဲ့ ရီဂျင်စီကို NUG ကာကွယ်ရေးဝန်ကြီးဌာနကိုယ်စားပြု အက်ဒမင်ပေ့ချ်ကိုင်ထားတဲ့ ဘဲ တက်ရောက်ရင်း မှားယွင်းတင်မိခဲ့တာပါ..။

မပြေးသော်လည်း ကန်ရာရှိ.. ဆိုသလို.. မဖြစ်သင့်တဲ့၊ မမှားသင့်တဲ့အမှားကို ကျူးလွန်ခဲ့တာကတော့ ထမင်းရေပူလျှာလွှဲ လုပ်လို့ မရဘူးပေါ့လေ..။

သို့သော် ဘယ်သူမှားမှား.. အဦးအစီးခေါင်းဆောင်ကပဲ တာဝန်ခံရမှာ ထုံးစံမဟုတ်လား..။

အထူးသဖြင့် အခုလို အကဲဆတ်လှတဲ့ လူထုတော်လှန်ရေးမှာ နည်းနည်းလေး မှားတာကိုက အတိုင်းအဆမဲ့ သက်ရောက်သွားတတ်တာ သဘာဝပဲလေ..။

ဦးရည်မွန်နဲ့ ကျနော်နဲ့က တော်လှန်ရေးကာလမှ သိကျွမ်းရင်းနှီးကြသူတွေ မဟုတ်ပါဘူး..။

၂၀၁၅~၂၀၂၀ လွှတ်တော်ထဲမှာကတည်းက ညီရင်းအကိုတမျှ ချစ်ခင်ရင်းနှီးကြသူတွေပါ..။

မအလ အာဏာငမ်းဖမ်းတဲ့ ၂၀၂၁၊ ဖေဖော်ဝါရီနောက်ပိုင်းမှာလည်း တောတွင်းတနေရာမှာ တော်လှန်ရေးတာဝန်ကို အတူတကွ နှစ်ချီ ထမ်းရွက်ခဲ့ကြသူတွေမို့.. အများလွယ်လွယ်နဲ့တံဆိပ်ကပ်သလို "အရက်သမားကြီး" မဟုတ်ကြောင်းတော့ အသေအချာ သိပါတယ်..။

အရက်သောက်သူတွေထဲမှာ.. မသောက်ရမနေနိုင်တဲ့သူမျိုး မဟုတ်သလို၊ သောက်ရင်လည်း အင်မတန် စည်းနဲ့ကမ်းနဲ့သောက်တတ်သူသာဖြစ်ပါတယ်..။

ရုပ်ပျက်ဆင်းပျက် မူးရူးအသိလက်လွတ်သောက်တတ်သူမဟုတ်သလို တခါတရံသောက်ရင်လည်း သူ့လစ်မစ်နဲ့သူ စည်းရှိရှိသောက်သူသာဖြစ်ပါတယ်..။

သူနဲ့ဆုံတိုင်း ကျနော် နောက်ပြောပြောတဲ့ စကားတခွန်းရှိပါတယ်..။

"ကာကွယ်ရေးဝန်ကြီး-အရက်သမားကြီး" လို့ စွတ်စွဲကြတာလည်း အပြစ်တော့ မပြောပါနဲ့လား အကိုကြီး..။

အကိုကြီးရုပ်ကလည်း ဘဝအဆက်ဆက်ဖြည့်ဆည်းလာခဲ့တဲ့ ပါရမီ
ကြောင့်ဖြစ်မယ်..။ အရက်ကို စွဲစွဲမြဲမြဲ မသောက်သည့်တိုင် ရုပ်ကိုက အရက်သမားရုပ်ပေါက်နေတာကိုး..။ လို့..။

ကျနော်အဲ့သလို စနောက်တိုင်း.. ပြုံးဖြီးဖြီးနဲ့ ခံနေတတ်ပါတယ်..။

မဲဆောက်မှာ ဦးရည်မွန် အရက်ထွက်ဝယ်လို့ အဖမ်းခံရတယ်ဆိုတဲ့ ဇာတ်လမ်းကလဲ ဟောဒီဘဒ္ဒကမ္ဘာမှာ ဘယ်တုံးကမှ မဖြစ်ပျက်ခဲ့ဖူးတဲ့၊ မရှိခဲ့ဖူးတဲ့ လံကြုတ်ဇာတ်လမ်းတခုမျှပါ..။

ပြောရရင် ဦးရည်မွန်ဟာ မြန်မာ့မြေ မြန်မာရေကနေ ဒီတော်လှန်ရေးကာလတလျှောက် မခွဲခွါခဲ့သလောက် ရှိနေခဲ့သူပါ..။ များသောအားဖြင့် ပြည်တွင်းမှာပဲ ရှိနေခဲ့သူပါ..။

၂၀၂၁ ခုနှစ် နှစ်လည်ပိုင်းမှာ NUG ဖွဲ့စည်းပြီး ကာကွယ်ရေးဝန်ကြီး တာဝန်ယူပြီးတာနဲ့ ချက်ခြင်းဆိုသလို သူရယ်၊ သူ့ဒုဝန်ကြီးရယ်၊ သူ့အတွင်းဝန်တို့ ၃ ဦး "မြောက်ပိုင်းသို့ချီတက်မယ်" ဆိုပြီး ကျနော်တိို့ကို နှုတ်ဆက်ခွဲခွါသွားကြပါတယ်..။

အဲဒီအချိန် အဲ့ဒီကာလရဲ့ လမ်းခရီး အခြေအနေအရ.. ရည်ရွယ်ရာ ခရီးပန်းတိုင် အဆုံးအထိ မရောက်သာပဲ မြောက်ပိုင်းလမ်းခုလတ် တနေရာမှာ နှစ်ချီပြီး ပိတ်မိနေရင်း တော်လှန်ရေးဝာာဝန်တွေကို ထမ်းပိုးသယ်ရွက်နေခဲ့ပါတယ်..။

အဲဒီအချိန် ဦးရည်မွန် မဲဆောက်မှာ အရက်ထွက်ဝယ်ရင်း အဖမ်းခံရပါတယ်ဆိုတဲ့ အမည်မဖော်လိုသူလှထုံ ဆိုသူတွေရဲ့ ပုံဖျက်မှုကို လှိမ့်ပိမ့် ခံရပါတော့တယ်..။

၂၀၂၁ ခုနှစ်၊ နှစ်လည် NUG ဖွဲ့စည်းပြီးနောက်.. ဦးရည်မွန် မြောက်ပိုင်းသို့ ခရီးသွားခြင်း ကစလို့ ကျနော်နဲ့ အဆက်သွယ်ပြတ်သွားတာ.. နွေမိုးဆောင်းကာလစက်ဝန်းတခုလောက်ကြာပါတယ်..။

ဦးရည်မွန်ကို "အကိုကြီးရဲ့ မြောက်ပိုင်းသို့ ချီတက်ခြင်းခရီးစဉ်ကလည်း ပါကျဲ့တို့ ဝူခုံးတို့ ထန်စန်းကိုယ်တော်နဲ့ ကျမ်းစာသွားပင့်တာတောင် အဲ့လောက်မကြာဘူးလို့ " ကျနော် အွန်လိုင်းအစည်းအဝေးတွေမှာ မကြာခဏ စနောက်ဖြစ်ပါတယ်..။

အွန်လိုင်းမှာတော့ မကြာခဏ ဆုံတွေဖြစ်ကြပေမယ့် လူချင်းတွေ့ဖို့ အကြောင်းဖန်လာတာက.. မဟာမိတ်နယ်မြေတခုမှာ မဟာမိတ်ခေါင်းဆောင်များနဲ့ လူချင်းတွေ့ဆုံတဲ့ အစည်းအဝေး ကျင်းပဖို့ ဖြစ်လာတာပါပဲ..။

အွန်လိုင်းက တွေ့ဆုံရတာ လုံခြုံရေးအရ စိတ်မချရဘူး..။
လူချင်းတွေ့ပြီး စီးစီးပိုင်ပိုင် ပြောကြဆိုကြဆွေးနွေးကြမှ တော်လှန်ရေးအတွက် ထိရောက်အကျိုးရှိမယ်ဆိုပြီး စီစဉ်ကြရာကနေ ဦးရည်မွန်နဲ့ ကျနော် ပြန်ဆုံဖို့ ဖြစ်လာပါတယ်..။

ဘယ်နယ်မြေမှာ ဘယ်မဟာမိတ်ခေါင်းဆောင်တွေနဲ့ တွေ့ကြသလဲဆိုတာ လုံးကောက် ဒီနေရာမှာ ကျနော်ဖော်ပြမစွမ်းသာပေမယ့် တချို့တွေကတော့ မှန်းဆသိနေပြီးသားဖြစ်မယ်ထင်ပါတယ်..။

အဲ့သလိုနဲ့ ကျနော်တို့ မဟာမိတ်နယ်မြေတောတွင်း တနေရာမှာ ပြန်ဆုံခွင့် ရခဲ့ကြပါတယ်..။
အွန်လိုင်းက တွေ့ဆုံကြတာ လုံခြုံရေးစည်းကျိုးပေါက်လို့ မြေပြင်မှာ လူချင်းတွေ့တဲ့ပွဲက လုံခြုံသလားဆိုတော့.. အကုန်လုံးကို စမုံတုံးအောင် မလအက ပေါင်း ၅၀၀ ဗုံး၊ ၄ လုံးကြဲချခဲ့ပါတယ်..။

မှတ်မှတ်ရရ.. အစည်းအဝေးကို ၃ ရက်လုပ်မယ်လို့ အားလုံး အစီအစဉ်ဆွဲထားကြပါတယ်..။

အစည်းအဝေး ပထမရက်မှာ.. မဟာမိတ်ခေါင်းဆောင်များနဲ့ အပြန်အလှန်  နွေးထွေးပွင့်လင်းစွာ ဆွေးနွေးကြ၊ အမြင်ဖလှယ်ကြနဲ့ အတော်အဆင်ပြေပါတယ်..။

ဒုတိယရက်မှာ အရေးကြီးတဲ့ အနာဂတ် ဖက်ဒရယ် မျှော်ရည်ချက်တွေ၊ ဘုံသဘောထားတွေ၊ တော်လှန်ရေးရှေ့အလားအလာတွေ အကြိတ်အနယ် ဆွေးနွေးကြရင်း ထမင်းစားချိန်ရောက်လို့ ခဏနားကြပါတယ်..။

NUG ဖက်က  ကျနော်ရယ်၊ ဦးရည်မွန်ရယ်၊ ဦးလွင်ကိုလတ်ရယ် ဝန်ကြီး ၃ ဦး တက်ရောက်ကြပြီး.. ဝန်ကြီးဌာနအသီးသီးက တာဝန်ရှိသူတွေ စုစုပေါင်း ၁၅ ဦးလောက် တက်ရောက်ကြပါတယ်..။

အစည်းအဝေးနားချိန်မှာ ဦးရည်မွန်၊ ဦးလွင်ကိုလတ်တို့ရယ်.. ရဲဘော်ရဲဘက်တွေနဲ့ မကြာလှသေးတဲ့ ရှေးဟောင်းနောင်းဖြစ်တွေကို ပြန်ပြောင်းအောက်မေ့ပြီး ထမင်းမေ့ဟင်းမေ့ ပြောဖြစ်ကြပါတယ်..။

ကျနော်ကတော့ ပွဲထိန်းသူပေါ့..။ အစည်းအဝေးကျင်းပတဲ့ တောတွင်းစခန်းထဲက ဦးရည်မွန်အတွက် ပြင်ဆင်ပေးထားတဲ့ တဲမှာ ကျနော်တို့ရဲ့ စကားဝိုင်းက အတော့်ကို မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ..။

တော်လှန်ရေးအစ တနှစ်လောက် တောတွင်းတနေရာမှာ အတူနေခဲ့ကြပြီး တော်လှန်ရေးတာဝန်အသီးသီးနဲ့ မြန်မာပြည်အနှံ့ ကွဲကွာသွားကြပြီး ပြန်တွေ့ကြတဲ့ပွဲ ဆိုတော့လည်း ပြောစရာ၊ဆိုစရာ၊ မောစရာ၊ရယ်စရာတွေက မနည်းမနောပဲကိုး..။

ထုံးစံအတိုင်း ကျနော်ကတော့ အကုန်ပတ်ပြီး နောက်လိုက် ပြောင်လိုက် ဟာသလုပ်လိုက်ပေါ့..။

ကျနော့် အပြောင်အနောက်တွေကို အားလုံးက ပွဲကျ၊ ရယ်မောနေချိန်မှာပဲ
" ဝေါကနဲ " " အုံးကနဲ " ဗုံးတွေ တလုံးပြီးတလုံး စက္ကန့်လောက်ခြားပြီး ကျနော်တို့ရှိနေတဲ့ တဲနားပတ်ဝန်းကျင် ကမ္ဘာပျက်သွားပါတော့တယ်..။

အနီးဆုံးကျတဲ့ ဗုံးက ကျနော်တို့ရှိနေတဲ့ တဲနဲ့ ပေ-၃၀ လောက်ပဲ ဝေးပါတယ်..။ တဲခေါင်မိုးတွေ ထရံတွေ အကုန်စုတ်ပြတ်သွားပါတော့တယ်..။

အကုန်လုံးက ကျနော့်စကားကို အာရုံစိုက်နေချိန်မှာ ဗုံးက ကျနော့်ကျော
ဘက်ကို ကျတာပါ..။ ပတ်ဝန်းကျင်တခုလုံး ဗြောင်းဆန်ကုန်တဲ့အချိန် ဘယ်သူတွေ ဘယ်ရောက်လို့ ဘယ်သူတွေ ထိခိုက်ကုန်သလဲဆိုတာ ဘယ်သူမှ ချက်ခြင်း မသိနိုင်ပါဘူး..။

ကျနော့်အနေနဲ့ အာပေါင်အာရင်းသန်သန် ပွားနေချိန် နောက်ကျောမှာ ဗုံးကျပြီးဆိုတာ သိတာနဲ့ ပြေးဖို့ထက်... ကြံမိကြံရာ ဦးရည်မွန်တဲကြမ်းခင်းကို ဝမ်လျားးထိုးမှောက်နေမိပါတယ်..။

တွတ်ပီရဲ့ မရှောင်ရင်လွတ်တယ် ဆိုတဲ့ စကားလိုပေါ့..။ တဲကြမ်းခင်းကို ဝမ်းလျားထိုးမှောက်နေတဲ့ ကျနော့်ကျောပေါ်ကို မြေကြီးတွေ၊ ဝါးရွက်တွေ၊ အမှိုက်တွေ တဖျောဖျောနဲ့ လာဖုံးနေတာကို မှောက်နေရင်းတန်းလန်း သိတော့နေပါတယ်..။

နောက်မှ သိရတာက.. ဗုံးကျပြီးနောက် တဲထဲမှာ ကျန်ခဲ့တာ ကျနော် တဦးထဲ..။ ကျန်တဲ့သူတွေက အကွဲကွဲအပြားပြား တဲနောက်ဖက်၊ လျှိုထဲ ချောက်ထဲ ရောက်ကုန်ကြပါတယ်..။

ဗုံးသံငြိမ်၊ လေယာဉ်သံငြိမ်သွားတဲ့အထိ တဲကြမ်းခင်းဝမ်းလျားထိုးထားတဲ့ ကျနော် မထနိုင်သေးပါဘူး..။ တကုန်လုံး မြေကြီးတွေ၊ အမှိုက်သရိုက်တွေ ပိနေတာမို့ပါ..။

အဲဒီအချိန် တဲနောက်ဖက် လျှိုထဲကနေ "ဆြာတင် ဘယ်မှာလဲ ဘယ်မှာလဲ" ဆိုတဲ့ အသံ အော်ဟစ်နေတာ ကြားလိုက်ရပါတယ်..။

ကျနော့်ရဲ့ တော်လှန်ရေးညီငယ် (အခုထိ အကုန်ပုံအောပြီး တော်လှန်နေတဲ့ တယောက်) က... တဲနောက်လျှိုထဲကနေ ကျနော့်နာမည်ကို တကြော်ကြော် အော်ခေါ်နေပါတယ်..။

အကို... အကို.....အကိုးးးးးးးး  ဆိုပြီးတော့ပေါ့..။ ကျနော့်မှာ ခေါ်သံကြားပေမယ့် မဖြေနိုင်ပါဘူး..။ မျက်စိနားခေါင်းပါးစပ် အကုန်လုံး ဗုံးဒဏ်နဲ့လွှင့်စင်လာတဲ့ ရွှံ့တွေ၊ သဲတွေ၊ ခဲတွေအောက် ပြားပြားမှောက်နေတာကိုး..။

ပိုပြီး ဇာတ်နာတာက.. ကျနော်ဝမ်းလျားထိုးမှောက်ထားတဲ့ ဦးရည်မွန်တဲက ခါးပြတ်တဲ..။ ကျနော့်ခါးအောက်ပိုင်းကို နောက်ဖေးလျှိုထဲက လူတွေက မြင်နေရတယ်..။ ခေါင်းပဲ မမြင်ရတာ..။

ခေါ်သံ ပြန်မထူးဘဲ.. ခါးအောက်ပိုင်းပဲ မြင်နေရတော့ သူတို့စိတ်ထဲ ကျနော် ခေါင်းပြတ်ပြီး မှောက်သွား ဂန့်သွားပြီပေါ့လေ..။

ဟာ................... အကို....... သေပြီ..။ ဒုက္ခပါပဲ ဘာညာ အသံတွေ စုံလို့ပါပဲ..။ အကုန်ကျနော်ကြားနေရပါတယ်..။

ကျနော့်မှာတော့ အသံထွက်နိုင်ဖို့အရေး.. နှာခေါင်း၊ပါးစပ် စတဲ့ ဒွါရကိုးပေါက်ထဲက ရွှံ့တွေ၊သဲတွေ ကော်ထုတ်ရင်း အလုပ်ရှုပ်နေရပါတယ်..။

နောက်မှ... " ငါ ဒီမှာဟေ့ " လို့ အော်လိုက်ပါတော့တယ်..။

အဲ့တော့မှ.. အကို.. အဲ့မှာ နေလို့ မရဘူးလေ.. လာ... ဆိုပြီး ၃/၄ ယောက် အတင်းဝိုင်းဆွဲပြီး သူတို့ရှိတဲ့ လျှိုထဲ မောင်းသွင်းကြပါတယ်..။

လေယာဉ်သံတွေက ပျောက်မသွားသေးဘဲ ကြားနေရဆဲ ပါပဲ..။ လျှိိုထဲမှာ မိနစ်အနည်းငယ်လောက် ငြိမ်နေပြီးနောက်... ဒီနေရာမှာ ဆက်နေလို့ မလုံခြုံဘူး နေရာရွှေ့ကြဆိုတဲ့ အသံ၊ ဘယ်သူပြောမှန်းမသိဘဲ ကြားလိုက်ပြိး ကျနော်တို့ အုပ်စုလိုက် နောက်တနေရာ ရွှေ့ကြပါတယ်..။

အဲဒီအချိန် ဘယ်သူတွေ ဘယ်လိုထိခိုက်သလဲ ဘယ်လိုမှ မသိနိုင် မစိစစ်နိုင်ကြသေးပါဘူး..။ ထူပူနေကြတော့ လျှိုထဲ ချောင်းထဲ တောင်စောင်းထဲ သင့်သလို ရှောင်တိမ်းနေကြရပါတယ်..။
နာရီဝက်၊ တနာရီလောက် ကြာတော့မှ ကြားနေတဲ့ လေယာဉ်သံ ငြိမ်သွားပါတယ်..။ အဲဒီ နာရီဝက်၊ တနာရီမှာ ကိုယ့်ရဲဘော်ရဲဘက်တွေရဲ့ ရဲဘော်ရဲဘက်စိတ်နဲ့ သံယောဇဉ်ကိုလည်း မြင်တွေ့ခွင့်ရခဲ့ပါတယ်..။

ဟာ.. ဝန်ကြီး.. ဝန်ကြီးက အရေးကြီးတယ်။ ဒီနေရာမှာ ဝပ်နေ ဆိုရင်လည်း ကိုယ့်မှာ ဝပ်နေရပါတယ်..။

အကဲအပိုဆုံးက.. အခုတောင်ပိုင်းတိုင်းရဲ့ ဒုစစ်ဒေသမှူးလုပ်နေတဲ့ သူ့ကိုယ်သူ ဒုရဲဘော်လို့ ကင်မွန်းတပ်ထားတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စောရှားဖောင်ဝါပါပဲ..။

ကျနော့်မှာ သူ့အမိန့်ကို တသွေမတိမ်းလိုက်နာဖို့ကလွဲ တခြားရွေးစရာမရှိခဲ့ပါဘူး...။

အဲ့သလို မိုးထဲရေထဲ ဂျက်စီဂျိမ်း လုပ်နေရချိန် မဟာမိတ်ဗိုလ်ချုပ်ကြီးတယောက် ကျနော့်နားရောက်လာပြီး မယုံကြည်နိုင်ဖြစ်နေတဲ့ မျက်လုံးနဲ့ အရင် ကြည့်ပါတယ်..။ နောက်တော့ ပြုံးပြီး ပုခုံးဖက်ပါတယ်..။

သူတို့စိတ်ထဲတွေးထားတာက.. အနီးဆုံးကျတဲ့ဗုံးတွေက သူတို့နဲ့လည်း မဝေးပေမယ့် ကျနော်တို့နဲ့ ပေ ၅၀ ပတ်ချာလည်ပဲ ရှိတာမို့ ကျနော်တို့တော့ ဘယ်လိုမှ မလွှတ်နိုင်ဘူးလို့ပါပဲ..။

ဘာသာတရားကို သိပ်ကိုင်းရှိုင်းတဲ့ ဗိုလ်ချုပ်ကြီးက နောက်နေ့ကျ ပြောပါတယ်..။ ဘုရားသခင်က ကျနော်တို့ဖက်မှာ ရှိနေတယ်..။ NUG ဝန်ကြီးများ အပါအဝင် တယောက်မှ အဖိတ်အစင်မရှိတာ.. phemomenon ဆိုပြီးတော့ပေါ့..။

မဟာမိတ်ဖက်က ဗိုလ်မှူးချုပ်တယောက်တော့ ခြေထောက် အတော်အ
သင့်ပြင်းထန်တဲ့ဒဏ်ရာ ရပါတယ်..။

မူလက ရည်ရွယ်ထားတာ အစည်းအဝေးက ၃ ရက်..။ ဒုတိယမြောက် ရက်မှာ ဗုံးကြဲခံရတော့ အစည်းအဝေးဆက်လုပ်/မလုပ် ကျနော်တို့ တိုင်ပင်ကြပါတယ်..။

အားလုံးက.. ဒီကောင်တွေ (မအလတွေ) ဗုံးကြဲလို့ ငါတို့ အစည်းအဝေး ရပ်လိုက်ရတယ်ဆိုတာမျိုး မဖြစ်မခံနိုင်ဘူး..။ ဆက်လုပ်ကြမယ်ဆိုပြီး.. မူလ အစီအစဉ်အတိုင်း ကျနော်တို့ ဆက်လုပ်ခဲ့ကြပါတယ်..။

ဒီတော်လှန်ရေးမှာ.. ဒီလောက်နဲ့ ကျနော်တို့ကို မရပ်တန့်နိုင်ခဲ့ဘူးဆိုတာ.. သမိုင်းမှာ ကျန်ရစ်ခဲ့စေတဲ့ အဖြစ်အပျက်လို့ ကျနော်အမြဲ မှတ်မှတ်ထင်ထင်ဖြစ်နေမှာပါ..။

အစည်းအဝေးပြီးတော့ ခင်ဗျားတို့ တံဆိပ်ကပ်ပုံဖျက်ခံရတဲ့ အရက်သမားကြီး ဦးရည်မွန်က .. "ဆရာတင်နဲ့ မတွေ့တာလည်း အတော်ကြာပြီ.. ခင်ဗျားနေတဲ့နေရာ ကျနော်ခဏလိုက်ခဲ့မယ်" ဆိုပြီး လိုက်လာပါတယ်..။

အဲဒီနေ့က အိမ်ရောက်တော့ မဒမ်က " အကိုကြီး " ဆိုပြီး သူ့ကို ဖက်ငိုပါတယ်..။

တောတွင်းကနေ ခွဲခွါသွားတာ.. နှစ်ချိီနေပြီကိုး..။ ပြီးတော့ မသေကောင်း မပျောက်ကောင်း ပြန်တွေ့ရတာလေ..။

(စာကြွင်း။  ။ ဦးရည်မွန် ပြည်တွင်းမှာ ကျနော် ဒီစာရေးနေတဲ့အချိန်အထိ သူ့တာဝန်ကို သူ့စွမ်းသမျှ ပုံအော ထမ်းပိုးသယ်ရွက်လျက်ရှိပါကြောင်း)

ဆက်ရန်---------
Credit - ဆရာဦးတင်ထွန်းနိုင်
တချို့မှတ်တမ်းပုံများ ဖြင့် ပြန်လည်ဖော်ပြပါသည် ။
WML
credit to Wai Mar Lwin

#HlaingInfo
MBT တပ်ဖွဲ့မှာ မီးလောင်ဗုံးကို အောင်မြင်စွာထုတ်လုပ် (ရုပ်/သံ)

ရေစကြို၊ မေ ၁၂၊၂၀၂၄။

မကွေးတိုင်း၊ ပခုက္ကူခရိုင် ရေစကြိုမြို့နယ် အခြေစိုက် Myingyan Black Tiger - MBT တပ်ဖွဲ့က မီးလောင်ဗုံးအမျိုးအစားတခုကို စမ်းသပ်ထုတ်လုပ်ခဲ့ရာ အောင်မြင်ခဲ့တယ်လို့ MBT တပ်ဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီမီးလောင်ဗုံးကို မေလအစောပိုင်းမှာ စမ်းသပ်ထုတ်လုပ်ရာ ၂ လကျော်အချိန်ကြာမြင့်ခဲ့ပြီး စစ်တပ်စခန်းတွေကို အဓိကထား တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

"**စခန်းတွေနဲ့ **ပျူရွာတွေကို တိုက်ခိုက်ဖို့ ထုတ်တာပါ။ တဖြည်းဖြည်းချင်း မီးစွဲလောင်တဲ့ ဗုံးမျိုးပေါ့။ မီးငြှိမ်းသတ်လေ လောင်အား ပိုကောင်းလေပဲ" လို့ MBT တပ်ဖွဲ့ဖောက်ခွဲရေးတာဝန်ခံ ရဲဘော်ချစ်ဦး ကပြောပါတယ်။

မီးလောင်ဗုံးထုတ်လုပ်ရာမှာလည်း ရဲဘော်ချစ်ဦး အနေနဲ့ သင်ဆရာ၊ မြင်ဆရာတွေရဲ့ လမ်းညွှန်ကူညီမှုနဲ့အတူ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သတင်း - စောကျော်ငြိမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ
#မြင်းခြံ #မီးလောင်ဗုံး #ထုတ်လုပ်အောင်မြင် #MyingyanBlackTigerMBT

https://youtu.be/ygIPDYap71c
Forwarded from စစ်သတင်း
ယနေ့ ရှမ်း/မြောက်ကို ကျနော်ကွင်းဆင်းခဲ့ပါတယ်
မန္တလေး အုန်းချောကနေစပြီး ရဲ ၁၀၀၀Ks စစ်သား ၁၀၀၀Ks မော်တော်ပီကယ်1-2000Ks ပေးရင်း တစ်ဂိတ်ပြီးတစ်ဂိတ် ၆ထပ်ကွေ့မှ ပြင်ဦးလွင်ထိတက်လာရင်း
နောင်ချိုစဝင်ပြီဆိုကထဲက
TNLA 500Ks.-1000Ks နဲ့ပေးလာရာ
TNLA တစ်ဂိတ်
SSPP/SSA တစ်ဂိတ်နဲ့
TNLAက ဆပ်ကြေးမဆောင်ရသေးသောကားများကို
၅ သောင်းမှ ၁ သိန်းထိပေးရပြီး ကျသင့်တဲ့ အခွန်ကြေးငွေပေးလိုက်ရင်Okပါပြီ စကားတွေထွေထွေထူးထူးမပြောရပါဘူး။

SSPP/SSA ယနေ့ ကားများကိုဘီးလိမ့်ခွန်ဆိုပြီး တစ်သိန်းမှ တစ်သိန်းခွဲစီကောက်ခံပါတယ်။
တစ်နှစ်စာပေါ့

ဒီလိုနဲ့ လာလိုက်တဲ့တစ်လမ်းလုံး အရစ်ဆုံးက ကိုရွှေဗမာဂိတ်များဖြစ်တဲ့ တပ်မတော်ဂိတ်က တစ်ချို့သဘောကောင်းပြီးတစ်ချို့တွေ ပေးတာနဲရင်မကိုက်ဘူးဆိုတာပြောသေးတယ်။
ကျ​နော်မေးခွန်းထုတ်ချင်တယ်ခင်ဗျားတို့ကို😁😁
ခင်ဗျားတို့ဂိတ်မှာ စစ်ဆေးဖို့လုံခြုံရေးအရချပေးထားတာ လာသမျှကားတစ်နေ့ကိုအစင်းရေ ထောင်ချီတယ် တစ်စင်းကို 1000 အနဲဆုံးတွက် လိုက်ရင် ဆယ်သိန်း သိန်းအသာလေးကျန်ပြီနော် ဒါတစ်ဂိတ်တစ်ဂိတ် တစ်ရက် ဝင်ငွေကိုပြောနေတာ
မော်တော်ပီကယ်ကတစ်မျိုး
ရဲကတစ်မျိုး
စစ်သားကတစ်မျိုးတွေ မြင်တွေ့ရတာစိတ်ထဲတစ်မျိုးကြီးဖြစ်မိတယ် လဖ္ဘက်ရည်ဖိုးပေးပါအုံးလို့ပြောရင်တော်သေးတယ် စေတနာကြေးလေးပေးခဲ့လို့ရတယ်။
မကိုက်ဘူးဆိုတာကို မေခွန်းပြန်ထုတ်ရရင် ဘာတွေများအရင်းနှီးလုပ်ရလို့လဲဗျာ့လို့ပြန်မေးချင်ပါတယ်။

ဒီအကောက်တော်ကြေးတွေကအပေါ်မရောက်ဘူး
အောက်မှာဘဲဝေစားမျှစားလိုက်ကြတာမဟုတ်ဘူးလား????

ကျန်သေးတယ် ၅/နဲ့-၈/ ပြီးတော့် 11/ တရားဝင်စာထုတ်ပြန်လိုက်ပါ ဒီလိုခရီးသွားတွေထောက်ခံစာနဲ့တကွသွားရန်ဆိုပြီး။
လမ်းရောက်လို့စစ်လိုက်တော့် ထောက်ခံစာမပါလို့ ဘာလ်ု့ညာလို့ဆိုပြီး ရစ်ကြေးက ၂၀၀၀ မှ ၅၀၀၀ ပေါက်သေးတယ်။

တံတားဖြတ်ခတွေကျန့သေးတယ် ၂သောင်း၃သောင်းတွေ

ဒီပုံစံအတိုင်း သွားလျှင်ရေရှည်မှာ ခရီးသွားတွေတကယ်မွဲကိန်းဆိုက်မှာ။

ပလောင်ကတစ်မျိုး
တပ်ကတစ်မျိုး
ရှမ်းကတစ်မျိုး
ဒါတောင် ကချင်ရှိတဲ့ဒေသတွေကျန်သေးတယ်။

ခင်ဗျားတို့ လက်နက်ကိုင်တွေရှော့ရှော့ပေါ့ပေါ့လုပ်ပေးကြပါ။
ပြည်သူတွေအရမ်းခက်ခဲနေပါတယ်
လိုင်းဆွဲတဲ့ကားဆရာတွေပို၍ သနားဖို့ကောင်းပါတယ်
ကိုယ်ချင်းလဲစာမိတယ် ကုန်ကားဆရာတွေ အမျိုးမျိုးသောခရီးသွားတွေပေါ့ဗျာ။

တစ်တိုင်းပြည်လုံးက လက်နက်ကိုင်တွေကိုတောင်းဆိုချင်တာ ပြည်သူလူထုအရမ်းခက်ခဲနေပါတယ်ဗျာ မလုပ်ကြပါနဲ့ အခွန်ကြေးဆိုပြီး တစ်နှစ်စာ၅သောင်းလောက်ဆိုလက်ခံနိုင်တယ်။
ပြီးတော့်တစ်ဖွဲ့ထဲလဲမဟုတ်ဘူး အဖွဲ့ပေါင်းများစွာကိုပေးနေရတာ
တရားဝင်ကိုဆပ်ကြေးတွေပေးနေရတာ