ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ဒီတော်လှန်ရေးကနေ အနာဂတ်နိုင်ငံတော်အတွက် ဘာတွေလိုချင်သလဲဆိုရင်-

- AA ရဲ့ ရခိုင်တွေကို တခိုင်တည်းဖြစ်အောင် စုစည်းသလို ညီညွတ်ချင်တယ်။

- KIA ရဲ့ တော်လှန်ရေးအဖွဲ့တွေအပေါ် ထားရှိတဲ့ မေတ္တာတရားတွေ ပြန့်လွင့်စေချင်တယ်။

- KNDF ရဲ့ လူမျိုး၊ဘာသာ မရွေးပူးပေါင်းဆောင်ရွက်တဲ့စနစ်တွေကို ပြန့်နှံ့စေချင်တယ်။

- PDF အဖွဲ့တွေရဲ့ စိတ်ဓါတ် ဇွဲ သတ္တိ ခွန်အားတွေကို အနာဂတ်တိုင်းပြည်အတွက် အသုံးချချင်တယ်။

မလိုချင်တာတွေကတော့

- အချင်းချင်းတွေကြား သွေကွဲ ရန်လိုမှုတွေ မရှိချင်တော့ဘူး။

- ကိုယ်ကျိုးစီးပွားအတွက် တစ်ဘို့တည်းကြည့်တတ်တဲ့ ခေါင်းဆောင်တွေ မလိုချင်ဘူး။

- ပြည်သူကို ပြည်သူလို့ မမြင်တဲ့ မည်သည့် လက်နက်ကိုင်အဖွဲ့ကို မဆို မလိုချင်တော့ဘူး။

- ဖက်ဒရယ်ဒီမိုကရေစီကို မယုံကြည်တဲ့ Warlord လုပ်ချင်တဲ့ အဖွဲ့အစည်းတွေ မရှိစေချင်တော့ဘူး။

- ဘာသာရေး၊ လူမျိုးရေးတွေနဲ့ အသုံးချခံတွေ မဖြစ်စေချင်တော့ဘူး။
Forwarded from The Net
ကြည့်မြင်တိုင်မှာ UG ၁၄ ယောက်ပစ်သတ်ခံလိုက်ရတယ်ဆိုတဲ့ လွန်ခဲ့တဲ့ ၂ နှစ်က ဖြစ်စဥ်

"အသံကြားမှာစိုးလို့ မရုန်းထပဲ နေရင်းကနေ ရင်ဘတ်ကနေ လည်ပင်းထိနစ်မြုပ်လာခဲ့တယ် ကြောက်ကြောက်နဲ့ အသံကြားမှာစိုးလို့ ခြေကုပ်လက်ကုပ်ရင်းကနေ အိမ်သာဂွေအဆင့်ဆင့်ထပ်ထားတဲ့ အပေါ်ဆုံးက ရွံ့နဲ့မိလ္လာဖုံးနေတဲ့ အစပ်ကိုကိုင်မိပြီး ပြန်ရုန်းထရင်းကနေ ခေါင်းလေးဖော် အသံနားစွင့်ရင်း မကြာခင်မှာ ပြန်ပြီးထလာမိတယ်"
********

Dark Shadow UG အဖွဲ့က ရဲဘော်အရိပ် (ပန်ဒါလေး) ရေးသားသည်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာ UG ၁၄ ယောက်ပစ်ခတ်ဖမ်းဆီးခံလိုက်ရတယ်ဆိုပြီး မီဒီယာမှာ ရေးသားဖော်ပြခံခဲ့ရပြီးပြည်သူလူထုရော စိတ်မကောင်းဖြစ် ဘေးကင်းဖို့ ဆုတောင်းစာတွေနဲ့အတူ Dark Shadow UG အဖွဲ့က ရဲဘော်တစ်ချို့ဖမ်းဆီးခံရပြီး ကျန်ရဲဘော်တွေ အိမ်တွင်း ဝင်ရောက်ဖမ်းဆီး ပစ်ခတ်မှု အသက်ဘေးကနေ လွတ်မြောက်ခဲ့တဲ့အမှတ်တရနေ့လေး ဖြစ်ခဲ့ရတယ်။

၂၇.၄.၂၀၂၂ အဲ့နေ့က Mission တစ်ခုကဖို့ စီစဥ်ထားရာကနေ အဖွဲ့ကညီကိုတစ်ယောက်ရဲ့အသိ နေခန့်နိုင် (ခေါ်) မာဖလာ မျက်မှန်ဝတ် ငရုတ်သီးထောင်းနေတဲ့ကောင်လေး သတင်းပေးမှုကြောင့် အတွင်းစည်းပေါက်ပြီး ကြိုစောင့်ဖမ်းခံခဲ့ရတယ်ပေါ့ဗျာ။ အဲ့ကနေ Under Control ဖြစ်ပြီး ဆက်စပ်ရာကနေ ကြည့်မြင်တိုင်တစ်ဖက်ကမ်း အလတ်ချောင်းကိုဝင်စီးခံရဖို့ ဖြစ်လာခဲ့တယ်။ အဲ့နေ့က အဖွဲ့ကညီကိုတစ်ချို့အဆက်သွယ်မရလို့ စိတ်ပူ အိမ်မှာစောင့်နေရင်း တစ်ချို့သတင်းတွေကြောင့် လူစုခွဲရင်း ပစ္စည်းခွေးစာ အထုပ်ကြီးမရွေ့နေရင်း ကိုက် ၅၀ အကွာကနေ အမေနဲ့ကိုင်ဆဲခံရတဲ့ အသံတွေနဲ့ အတူတူ အင်အားအလုံးအရင်း ပစ်ခတ်ဖမ်းဆီးရာကနေ အထုတ်တွေချ ဖိနပ်ပါချွတ်ပြီးငယ်သံပါအောင် ကိုနိုင်ရယ်နဲ့ကျနော် ကြည့်မြင်တိုင်တစ်ဖက်ကမ်းအလတ်ချောင်းကျေးရွာထဲမှာ လိုက်လံဖမ်းဆီးခြင်း ခံခဲ့ရတယ်။

တစ်ကယ့်ကို ကိုက်၅၀ အကွာကနေ လိုက်ပစ်ခတ်ဖမ်းရင်း ကျနော်ရယ် ကိုနိုင်ရယ် လယ်ကွင်းလမ်းကြိုလမ်းကြားထဲ လူစုကွဲသွားခဲ့ရတယ်။ ကိုနိုင်ကတော့ လမ်းတစ်ဖက်တစ်ချက် လယ်ကွင်းတွေဆီပြေးရင်းလွှားရင်း အခက်ခဲပေါင်းစုံနဲ့ နောက်ဆုံး ရန်ကုန်တစ်ဖက်ကမ်းကို အရင်ရောက်ခဲ့ရတယ်။ ကျနော်ကတော့ S I G သေနတ်အတိုတစ်လက်နဲ့အတူတူ အိမ်ကြားတွေ လမ်းကြားတွေကို ပြေးနေမိတယ်။

ကြည့်မြင်တိုင်တစ်ဖက်ကမ်းရွာလေးတွေမှာက လယ်ကွက်တွေများတယ်။ ရွာဆိုတော့ လယ်ကွက်ရွံ့တွေလည်းရှိတယ် ကျနော့်ဆီမှာ အတိုပါတယ်ဆိုတော့ ရပ်ကွက်ကိုထုတ်ပေးဖို့ပြောပြီး နောက်ကနေ အင်အားအလုံးရင်း ပစ်ခတ်ဖမ်းရင်း ကျနော်လည်း ကြောက်ကြောက်နဲ့ လမ်းကြားတစ်ခုက အိမ်အောက်ကိုဝင်ပြေးရင်း ရွံ့တွေလူးနေခဲ့ရတယ်။ ဒါပေမယ့် ကြောက်ကြောက်နဲ့အိမ်နောက်ဘေးတွေကို ပေတူးနွံလူးနေတဲ့ကြားကနေ ထွက်ပြေးရင်း အိမ်တစ်အိမ်ကို အကူညီတောင်းခဲ့တယ် ဒါပေမယ့် သူတို့ကလည်း ကြောက်အားလန့်အားနဲ့ သူခိုးသူခိုးဆိုလို့ ထပ်ပြေးလိုက်ရသေးတယ်။

ထွက်ပြေးရင်း အသံတွေနားထောင်ရင်း အဖွဲ့ထဲက ညီကိုတွေက ကျနော်တို့ဖမ်းခံလိုက်ရပြီ သေပြီသတင်းကြားနေရတဲ့အချိန် ကျနော်အဖမ်းမခံရသေးဘူး။ ဝင်စီးခံနေရပြီဆိုတာကို အကိုအမတွေကို ရအောင်ဖုန်းဆက်စာပို့ပြောခဲ့သေးတယ်။ ခဏအကြာမှာ စစ်ကောင်စီအင်အားအလုံးရင်းနဲ့ ကျနော်တို့ပြေးရာကို လိုက်လာရင်း စစ်ဖိနပ်သံတွေကို ကြောက်စိတ်နဲ့ နားစွင့်ခဲ့ရတယ်။ အဲ့တာနဲ့ပဲထပ်ပြီး တရွတ်တိုက်ပုန်းရင်း ထပ်ပြေးရာကနေ အိမ်တစ်အိမ်ရဲ့ အိမ်သာတွင်းထဲကို တစ်အိအိနဲ့ နစ်သွားခဲ့ရတယ်။

အသံကြားမှာစိုးလို့ မရုန်းထပဲ နေရင်းကနေ ရင်ဘတ်ကနေ လည်ပင်းထိနစ်မြုပ်လာခဲ့တယ် ကြောက်ကြောက်နဲ့ အသံကြားမှာစိုးလို့ ခြေကုပ်လက်ကုပ်ရင်းကနေ အိမ်သာဂွေအဆင့်ဆင့်ထပ်ထားတဲ့ အပေါ်ဆုံးက ရွံ့နဲ့မိလ္လာဖုံးနေတဲ့ အစပ်ကိုကိုင်မိပြီး ပြန်ရုန်းထရင်းကနေ ခေါင်းလေးဖော် အသံနားစွင့်ရင်း မကြာခင်မှာ ပြန်ပြီးထလာမိတယ်။ အဆူးပင်ခြံခြားထဲ ပုန်းနေရင်း ဖုန်းကနေ မိသားစုရယ် ညီကိုမောင်နှမတွေကို ဆက်သွယ်ခဲ့တယ်။ သူတို့ကတော့ဖမ်းခံရပြီ ထင်နေချိန် မယုံမှာစိုးလို့ ဓာတ်ပုံရအောင်ရိုက်ပို့ရင်း ဒီတစ်ခါ ငါဖမ်းခံရရင် သေမှာ အရင်ကလွတ်ငြိမ်းနဲ့လို လွတ်လာမှာမဟုတ်ဘူး။

ငါအဖမ်းခံရရင် ကျန်သူဆက်တော်လှန်လို့ရမှာဆိုတဲ့စိတ်နဲ့ အချိတ်ဆက်တွေ ကို အကုန်ဖျက်ချထားလိုက်တယ်။ မကြာခင်မှာပဲ အိမ်တစ်အိမ်ကို ကျနော်ကပြည်သူ့ကာကွယ်ရေးတပ်ကပါ မြို့ပြပျောက်ကြားတပ်ဖွဲ့ကပါဆိုပြီး အကြိမ်ကြိမ် လက်အုပ်ချီပြီး ကန်တော့ပြောနေမိတယ်။ တစ်ကယ်က ကျနော်ပြောနေတဲ့ကလေးက အသက်အရွယ်တော်တော်လေးကိုငယ်တယ်။ လက်အုပ်ချီကန်တော့နေမိတာ အဲ့ကနေကလေးက သူ့မိသားစုကိုပြောပြရင်း ခေါ်လာတဲ့အချိန်သေချာရှင်းပြတဲ့အခါ အိမ်နောက်ဘေး ထမိန်အောက်တန်း ထမိန်ကြားထဲမှာ ပုန်းနေခဲ့ရပြန်တယ်။

အဲ့အချိန်မှာဘေးအိမ်တွေက ဇော်မင်းထွန်းရဲ့ MRTV မိန့်ခွန်းကိုဖွင့်ထားနေချိန် ကျနော့်မှာ မျက်နှာသေးသေးလေးနဲ့ ကြောက်စိတ်ဝင်ရင်း ခြေတုန်လက်တုန်ဖြစ်နေခဲ့ရတယ်။ အဲ့ကနေ ကျနော်ချစ်ရတဲ့ အကို၊ ညီကိုတွေသူငယ်ချင်းတွေက ဖုန်းဆက်ရအောင် ထုတ်ဖို့ကူညီရင်းကနေ အစောက မိလ္လာတွင်းထဲက ပေကြံနေတဲ့ ကျနော်ကို ရေပေးချိုးခဲ့တယ်။ ဟာသပြောရအုံးမယ် မျက်နှာဇီးအရွက်လောက်နဲ့ အဲ့အချိန်ကြောက်လွန်နေတာဖြစ်မယ်
Forwarded from The Net
နံတာလည်းမသိဘူး ငရုတ်သီးဖတ်တွေ ကပ်နေတာလည်းမသိဘူး အခါခါသပ်ချရေလောင်းချနေခဲ့တာ။
ရေချိုးရင်းကနေ အဲ့က ကျေးဇူးရှင်မိသားစုအကူညီကြောင့် ရေချိုးအဝတ်စားလဲ ဦးထုပ်ဆောင်းပြီး ကျေးဇူးရှင်ဆိုင်ကယ်နဲ့ လာကယ်တဲ့အချိန် တတ်ခွပြီး ကြည့်မြင်တိုင်တစ်ဖက်ကမ်း ဆိပ်ကမ်းကိုရောက်ရှိခဲ့တယ်။ အဲ့အချိန်က လူပေါင်းစုံရွာထဲမှာမထွက်ပဲ ကြောက်နေချိန် ကိုယ်ပဲထွက်လာတော့ ဝိုင်းကြည့်ခံခဲ့ရတယ်။ ကြည့်မြင်တိုင် အလတ်ကျေးရွာ ဒီဖက်ဆိပ်ကမ်းကနေ ကူးမယ်ဆိုပြီး စက်လှေပေါ်အတတ် တစ်ကိုယ်လုံးက ညှီဆို့ဆို့နဲ့ ချွဲကျိအရည်တွေကြောင့်ရယ် ကြောက်စိတ်ရယ်ကြောင့် ဆိပ်ကမ်းရဲ့ စက်လှေပေါ်ကနေ ကျခဲ့ရတယ်။ ပြန်ရုန်းထပြီး စက်လှေပေါ်ပါလာတဲ့အကိုက ငါ့ညီ မကြောက်နဲ့ပုံပျက်နေပြီးဆိုပြီး ဆွဲခေါ်ပေးခဲ့ရာကနေ ရန်ကုန်တစ်ဖက်ကမ်းကိုလွတ်မြောက်ခဲ့ရင်း ဘေးကင်းရာကိုရောက်ရှိခဲ့ရတယ်။

သေဘေးကလွတ်ခဲ့ရတော့ အရမ်းပျော်ခဲ့တယ် ကျန်အခက်အခဲကတော့ကြော်နိုင်မယ်တွေးရာကနေလွတ်မြောက်ထိရောက်ခဲ့တယ်။ အဲ့အချိန်ကတော့ကြောက်စရာပေါ့ ခုတော့ ဟာသတွေကိုဖြစ်လို့ ညဘက်အိပ်တိုင်း ဒီဖြစ်စဥ်ကြီးကိုစိတ်ထဲစွဲနေမိတယ်။ မျက်လုံးမှိတ်အိပ်တာနဲ့ အိမ်မက်က အပြင်မှာလိုပဲ နေ့တိုင်းနီးပါး ပစ်ခတ်ဖမ်းဆီးပြေးလွှားနေရတုန်းပဲဗျာ။ အဲ့အချိန်တုန်းက ကူညီခဲ့တဲ့ အိမ်ရှင်မိသားစုရယ် ထွက်လို့ရအောင်ချိတ်ဆက်ပေးတဲ့ ကျနော်အကိုရယ် သူငယ်ချင်းခိုင်မင်းရယ် အမည်မဖော်လိုတဲ့အရဲစွန့်လိုက်ပို့ပေးတဲ့ အကိုတို့ကို တကယ်ကျေးဇူးတင်ပါတယ်။
တော်လှန်ရေးကြီးပြီးလို့ မသေသေးရင် ကူညီခဲ့သူတွေ အသက်ရှင်အောင် ရုန်းကန်ခွင့်ပေးသူတွေကို လာကန်တော့ပြီး ကျေးဇူးပြန်ဆပ်ခွင့်ရချင်ပါသေးတယ်။ ခုချိန်ကတော့ ကူညီပေးခဲ့တဲ့ဒီကလေး ဒီလူငယ် ခုလိုရှင်သန်နေတာကိုမြင်ရရင် ကူညီခဲ့ရကျိုးနပ်ပြီး ဂုဏ်ယူနေမယ်မျှော်လင့်ပါတယ်။

မှတ်ချက် - ရဲဘော်အရိပ် (ပန်ဒါလေး)၏ ခွင့်ပြုချက်ဖြင့် UG ရဲဘော်တယောက်၏ အတွေ့အကြုံကို အများပြည်သူ သိရှိစေရန် ပြန်လည်မျှဝေခြင်းဖြစ်သည်။ ဓာတ်ပုံ - ရဲဘော်အရိပ် ပြေးလွှားနေစဉ် အသက်ရှင်နေသေးကြောင်း သက်သေပြ ဓာတ်ပုံ (၂) ပုံနှင့် ယခုလွတ်မြောက်နယ်မြေရောက် ဓာတ်ပုံ (၁) ပုံတို့ကို ဖော်ပြပေးလိုက်ပါသည်။

#RedNewsAgency
Forwarded from Magway Regional Scout Network (YU ATARASHI)
ပေါက်🔴

8:00am
မကွေးတိုင်း၊ပေါက်မြို့နယ်၊ခင်တန်းရှည်ကျေးရွာ‌တောတဲများရှိရာသို့ စကစဘက်မှ Droneဖြင့် ဗုံးသီးတစ်လုံးချရာ ပြည်သူများနေထိုင်ရာ လူနေ တောတဲတစ်လုံး‌အမိုးပျက်စီး
ပြည်သူ များအထိအခိုက်မရှိဟု သိရ

Pauk Newsletter page

ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့
သတင်းပြန်ကြားရေး တာဝန်ခံ
ကိုစစ်
MRSN
Apl 28 ,  1:09PM
📬သတင်းပို့ရန် @MagwayScoutNetworkBot
Forwarded from The Net
"ကျွန်တော်တို့လုပ်တာ ကျွန်တော်တို့သိတယ် အဓိက ခွေးများများသေရင်ပြီးရော" ဆိုတဲ့အဖွဲ့တွေ အများကြီးပါ ခင်ဗျာ။အဲဒီ ပုဂ္ဂိုလ်တွေကတော့ တက်တူးလည်းဗလာ၊ ပြောက်ကျားဝတ်စုံလည်းမ၀တ် ၊ဗလလည်းမတောင့် လူစွမ်းကောင်းလည်း မဟုတ်တဲ့ သာမန်လူတွေပဲ ဖြစ်ကြပါတယ် ခင်ဗျာ။

၂၀၂၄ အေ ၂၈

#ZinYawCaptain
Forwarded from Nway Oo Channel
ဒေသန္တရအမိန့်ထုတ်ပြန်ခြင်း

                    ရက်စွဲ၊၂၀၂၄ခုနှစ်၊ဧပြီလ(၂၇)ရက်၊

၁။ မကွေးတိုင်း၊ ဂန်ဂေါခရိုင်၊ဆောမြို့နယ်၊အမှတ်(၃)ပြည်သူကာကွယ်ရေးတပ်ရင်းနှင့်အမှတ်(၅)ပြည်သူကာကွယ်ရေးတပ်ရင်းတို့၏  ထိန်းချုပ်နယ်မြေအတွင်း နယ်‌မြေမတည်ငြိမ်မှုများ ဖြစ်ပေါ်လျှက်ရှိပါသည်။ ထိုအခြေ‌‌အနေများကို တည်ငြိမ်မှုရှိစေရေးအတွက် သက်ဆိုင်ရာကွပ်ကဲ ရေး အုပ်ချုပ်ရေးအဖွဲ့တို့နှင့် ညှိနှိုင်းဆွေးနွေးကာ ဆောမြို့ပေါ်ဧရိယာအတွင်း အောက်ပါ ဒေသန္တာရအမိန့်များ ထုတ်ပြန်ကြေညာအပ်ပါသည်။
(က) မြို့တွင်း ဝင်ထွက်သွားလာမည့် မည်သူမဆိုတပ်ရင်းစစ်ဆေးရေးဂိတ်များမှ လိုအပ်သာစစ်ဆေးမှုများပြုလုပ်သည်ကို ကောင်းမွန်စွာ ခံယူကြပါရန်။
(ခ) ည (၈:၀၀)နာရီမှ နံနက် (၄:၀၀)နာရီအတွင်း မြို့တွင်းတွင် မည်သည့်အဖွဲ့ မည်သည့်ပုဂ္ဂိုလ်မှ သွားလာခြင်းမပြုလုပ်ရပါ။
(ဂ) ည ကန့်သတ်ကာလအတွင်း အရေးပေါ်အခြေ‌နေများ ကျန်းမာရေးကိစ္စများအတွက် မဖြစ်မနေသွားလာလှုပ်ရှားရန်ရှိပါက မည်သည့်အဖွဲ့၊ မည်သည့်ပုဂ္ဂိုလ်မဆို နယ်မြေခံတပ်ရင်းထံ ကြိုတင်အသိပေး အကြောင်းကြားပီးမှသာ လှုပ်ရှားဆောင်ရွက်ကြပါရန်။
(ဃ) မြို့တွင်းသို့ လက်နက်နှင့်ဖြတ်သန်းသွားလာခြင်းများအား မြို့ဝင်စစ်ဆေးရေးဂိတ်တွင် သတင်းပို့ပီးမှသာ ဖြတ်သန်းသွားလာခြင်း ပြုကြပါရန်။
၂။  သို့ဖြစ်ပါ၍ အထက်ပါ ဒေသန္တာရတည်မြဲအမိန့်များအား လိုက်နာဆောင်ရွက်ပေးကြပါရန်နှင့် လိုက်နာပူးပေါင်းဆောင်ရွက်ခြင်းမရှိ၍ ထိခိုက်နစ်နာမှု တစ်စုံတစ်ရာရှိလာပါက သက်ဆိုင်ရာကာယကံရှင်၏ တာဝန်သာဖြစ်ပြီး နယ်မြေခံတပ်ရင်းများမှ တာဝန်ယူနိုင်မည် မဟုတ်ပါကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်။

MRSN
Apl 28 ,  5:45PM
📬သတင်းပို့ရန် @MagwayScoutNetworkBot
“ကျနော်တို့တင်ထားတဲ့ ဓာတ်ပုံထဲက မိန်းကလေးနဲ့ အဆက်သွယ်ရတယ်လို့တော့ ပြောတယ်။ ဘယ် မှာနေလည်း၊ ဘယ်သူလည်းတော့ တိတိကျကျ အတည် ပြုလို့မရသေးဘူး၊ ပုံထဲက ကောင်မလေးက နားကြပ်ပါတာရယ်။ ပြီးတော့ သေဆုံးသူမှာပါတဲ့ အိတ်ထဲကလည်း ဆေးမှတ်တမ်းတွေလည်း တွေ့ တာဆိုတော့ ပုံထဲကကောင်မလေးပဲ၊ သူနာပြုလိုင်းထဲကပဲလို့ လော လောဆယ် အတည်ပြုထား တယ်။ဒါပေမယ့် ကျနော်တို့ တင်လိုက်တဲ့ ပုံထဲက ကောင် မလေးနဲ့ အဆက်အသွယ်ရထားတယ်လို့ ကြားနေတာလည်း ရှိတယ်၊” Ghost of Enemies – GOE Revolution Force မှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပေါက်မြို့နယ်၊ ဖလံကိုင်းနယ်မြေရဲစခန်းမှ ဆုတ်ခွာလာသော အကြမ်းဖက်စစ်သား၊ ရဲများသည် ဝက်ပုတ်ပျူစောထီးကျေးနှင့် စက်မှု ၂ ဘက်တို့တွင် ရောက်ရှိနေပြီး အလောင်းစွန့်ပစ်ခံရသည့် နေရာမှာလည်း အကြမ်းဖက်စစ်သားများတပ်စွဲထားရာ နေရာနှင့်နီးကပ်သဖြင့် အလျှင်အမြန် မီးရှို့ သင်္ဂြိုလ်ပေးကာ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

#KTM
#HlaingInfo
"NUG ထိန်းချုပ်ထားသော မြို့နယ် ၄၂ ခုမှ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၉၈ သန်း အခွန်အခ ကောက်ခံရရှိ"

■ ငွေတိုက်စာချုပ်၊ ထီ၊ ဘဏ်ရှယ်ယာနှင့် မြေ ကွက်များ ရောင်းချမှုမှလည်း ဒေါ်လာ ၂၆၄ သန်းကျော်ရရှိ


အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်ထားတဲ့ မြို့နယ် ၄၂ မြို့နယ်မှ ၂၀၂၃ ခုနှစ်အတွင်း အမေရိကန် ဒေါ်လာ ၂၂ ဒသမ ၉၈ သန်း အခွန်အခ ကောက်ခံရှိထားကြောင်း ဒီကနေ့ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရ ၃ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စု ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုပါတယ်။

အခွန်ဘဏ္ဍာ စဉ်ဆက်မပြတ် ထည့်ဝင်ပံ့ပိုးနေကြတဲ့ ပြည်သူလူထုထံ ဝန်မပိစေတဲ့ ဘဏ္ဍာငွေ ရရှိရေး လမ်းကြောင်းတွေကို ရှာဖွေ ဖော်ထုတ်လျက်ရှိပြီး စိုးမိုးထိန်းချုပ် နယ်မြေတွေမှ ရရှိတဲ့ အခွန် ဘဏ္ဍာငွေတွေကိုလည်း တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် စီမံခန့်ခွဲ သုံးစွဲနေကြောင်း ဦးနေဘုန်းလတ်က ဆိုပါတယ်။

အခွန်ကောက်ခံရာမှာလည်း ပြည်သူလူထုကို တိုက်ရိုက်ဝန်ပိစေမယ့် အခွန်တွေ မကောက်ခံပဲ လောင်စာဆီနဲ့ ကျောက်မီးသွေး သယ်ဆောင်တဲ့ ကိစ္စတွေမှာ ကောက်ခံခြင်းဖြစ်ကာ အဓိကအားဖြင့် အခွန်ဆိုတာထက် ယခု ကောက်ခံရရှိတဲ့ ငွေကြေးတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ဒဏ်ကြေးတွေမှ ရရှိတဲ့ ငွေဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောဆိုပါတယ်။

ယင်းသို့ ကောက်ခံရရှိတဲ့ အခွန်ငွေတွေထဲမှ မြို့နယ်တွေကို ၈၀ ရာခိုင်နှုန်း ပြန်လည်သုံးစွဲခွင့် ပေးထားကာ ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကို ဗဟိုမှ စီမံခန့်ခွဲကြောင်း၊ ယင်း ၂၀ ရာခိုင်နှုန်းသည်ပင် မြို့နယ်တွေမှ အရေးပေါ် စီမံခန့်ခွဲမှု ပေါ်ပေါက်လာလျှင် သုံးစွဲခွင့်ပေးထားကြောင်း ဦးလွင်ကိုလတ်က ဆက်လက် ပြောဆိုပါတယ်။

ဒါ့အပြင် အောင်လံလွှင့်ချီ နွေဦးထီ ရောင်းချမှု အနေနဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ အမေရိကန်ဒေါ်လာ ၁၁၁ ဒသမ ၇ သန်း ရရှိခဲ့ပြီး CDM ဝန်ထမ်းတွေကို ထောက်ပံ့ပေးခဲ့ကြောင်း၊ အထူးငွေတိုက်စာချုပ်များ ရောင်းချမှုမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ အမေရိကန်ဒေါ်လာ ၄၄ သန်းကျော်၊ End of Dictatorship (Early Partnership Scheme) မှ ဒီဇင် ဘာလ ၂၀၂၃ အထိ အမေရိကန်ဒေါ်လာ ၉၇ သန်းကျော်၊ Spring Development Bank ငွေစုဘဏ် ရောင်းချရငွေမှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၈ သန်း ရရှိခဲ့ကြောင်း၊

စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၆၄ ဒသမ ၅ သန်း ရရှိခဲ့ကြောင်း၊ NUG Pay စနစ်ဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်နှင့် ညီမျှသော ငွေ​ကြေးစီးဆင်းမှုကို တော်လှန်ရေးအတွက် ထောက်ကူ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။

#4C_TruthNews
Forwarded from Htain Lin Nay (ထိန်လင်း နေ)
ခမရ ၄၃၄က အလံဖြူထောင်ပြီး ထောင်​ချောက်ဆင်ကာ ပစ်ခတ်တာကြောင့် တော်လှန်ရေးရဲဘော် ၄ ဦး ကျဆုံးခဲ့ပါတယ်။ အလဟသ အသက်ပေးလိုက်ရတာပါ။ သို့ပေမယ့် နောက်လာမယ့် တိုက်ပွဲတွေမှာ အယုံမလွယ်ဖို့ တပ်ဖွဲ့အားလုံးကို သတိပေးလိုက်တဲ့ အခြေအနေပါ။ အခုတော့ ခမရ ၄၃၄ ကို အမှုန့်ချေပြီးခဲ့ပါပြီ။

​နောက်တိုက်ပွဲ​တွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ခွေးတွေကို အသေဗျင်းတဲ့အခါ ထမင်းဖိုး သက်သာသွားတာပေါ့။

နောက်ဆိုရင် အမှန်တကယ် အလံဖြူပြလက်နတ်ချလည်း မယုံကြည်အောင် စစ်ခွေးတွေက ရန်တိုက်လိုက်တဲ့ သဘောပါ။

လွယ်လွယ်ကူကူ မယုံကြည်တော့ မလိုအပ်ဘဲ အချိန်ကြန့်ကြာအောင်၊ စစ်စရိတ်ကုန်အောင် လုပ်တာလည်း တကြောင်းပါ။

ကိုယ့်အဖွဲ့တွေက ရန်သူကို လက်ခံတော့မယ်ဆို စနစ်တကျ နည်းလမ်းမှန်မှန် လက်ခံဖို့လိုပါတယ်။ လုပ်ကိုင်ရမယ့် နည်းလမ်းအဆင့်ဆင့်ကို တရားဝင်ပြဌာန်းထားသင့်ပါတယ်။ ဒါမှ အလွဲအမှား နည်းပါလိမ့်မယ်။

အလံ​ဖြူတွေ့တာနဲ့ အလောတကြီး ဝမ်းပန်းတသာ အနားကပ်သွားတာမျိုး၊ ရှေ့တက်လူလုံးပြတာမျိုး မလုပ်ဖို့ သင်ခန်းစာပေးတဲ့သဘောပါ။ တော်လှန်ရေးတပ်ဖွဲ့တွေ အချင်းချင်း သတင်းဝေမျှပြီး စစ်ခွေးထောင်ချောက်ထဲ မဝင်မိဖို့ လုပ်ဆောင်သင့်ပါတယ်။ ဖြစ်နိုင်ရင် NUG က တရားဝင် သတိပေးစာ ထုတ်နိုင်ရင် ပိုကောင်းပါတယ်။

အရှုံးကြီး ရှုံးနေတဲ့ စစ်ခွေးတပ်မှာ ကျင့်ဝတ်သိက္ခာဆိုတာ လုံးဝ လုံးဝ ​မျှော်လင့်လို့မရပါဘူး။

တော်လှန်ရေး တပ်ဖွဲ့တွေ မှားနေတာက ခွေးစိတ်ပေါက်နေတဲ့ ကောင်တွေကို ခွေးမှန်းသိလို့ စစ်ခွေးလို့လည်းခေါ်သေးတယ် လူလို့လည်းထင်နေသေးတယ်။ အဲ့တာမှားတာပဲ။ စစ်ခွေးကို စစ်ခွေးလို့ပဲ သတ်မှတ်ထားဖို့ လိုပါတယ်။

နောက်တခါမမှားရအောင် စစ်ခွေးမြင်တိုင်း ခွေး...ခွေး...လို့ရွတ်ပြီး ကိုယ့်ကိုယ်ကို သတိပေးပြီး ဒီကောင်တွေကို ခွေးလိုပဲ ဆက်ဆံကြပါ။

လုံးဝလက်နတ်ချပြီး ကိုယ့်ဘက်ရောက်လို့ စိတ်ချရတဲ့အခြေအနေရောက်မှ လူအဖြစ်မြင်ပေးကြပါ။

ဒီတိုင်းဆို စစ်ခွေးတပ်တော့ သူလုပ်ရပ်နဲ့သူ အမြစ်ပြတ်တော့မယ်.....။

#htainlinnay
#ထိန်လင်းနေ

https://t.me/+M0K87XBRbcs3NzFl
ခုရက်ပိုင်း ပ သုံးလုံး ပြသနာတွေ
ရှေ့တန်းရောက်လာတယ်
ပ သုံးလုံးဆိုတာကတော့ အမျိုးသားညီညွတ်ရေး
အစိုးရကဖွဲ့စည်းထားတဲ့ ပြည်သူ့အုပ်ချုပ်ရေး၊
ပြည်သူ့ကာကွယ်ရေး၊ပြည်သူလုံခြုံရေး ဆိုတဲ့
ယန္တယားတွေကို ပြောချင်တာပါ
တလောက NUCC က ဦးစီးကျင်းပတဲ့
(ဆိုးကော) လူထုညီလာခံမှာ ပ သုံးလုံး
ဖျက်သိမ်းဖို့ထိတောင် ဆွေးနွေးကြတယ်လို့ ကြားရတယ်

အကြမ်းဖက်စစ်အာဏာရူးတွေကို ရရာလက်နက်
စွဲကိုင်ပီး သူတလူ ငါတစ်ဖွဲ့တော်လှန်ခဲ့ကြရာကနေ
ယခုအခါ လိုအပ်ချက်အရ ပြည်သူ့အစိုးရဲ့ ယန္တယား တွေ ဖြစ်တဲ့ ပအဖ ၊ ပကဖ ၊ ပလဖ ၊ ခရိုင်တပ်ရင်း တွေဖြစ်လာကြတာပါ လိုကယ်အဖြစ်
ဆက်ရှိနေသူတွေလည်း ရှိနေသေးတယ်
ပြောချင်တာက စည်းစနစ်ကျဖို့ တည်ဆောက်နေဆဲကာလမှာ အလွဲအမှားတွေ အချင်းချင်းကြားက ပွတ်တိုက်မှု့တွေက မလွဲမသွေ ကြုံကြရမှာပဲ
ကာလ တစ်ခုအချိန်ယူ စနစ်တကျတည်ဆောက်ထားတဲ့ EROs တွေမှာတောင် လက်နက်ကိုင်လမ်းစဥ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေ ဆိုးရွားတာတွေ ရှိနေသေးတာပဲ (ဘယ် ဆရာကြီးတွေ ဂုရုကြီးတွေ မှတော့ မဝေဖန်ကြဘူးပေါ့)
အဓိက ကတော့
တော်လှန်ရေးနဲ့ သွေဖယ်ပီး
ပြည်သူလူထုအပေါ် အနိုင်ကျင့်ဗိုလ်ကျတာတွေကို
တော့ ပြတ်သွားစွာ ကိုင်တွယ်အရေးယူဖို့လိုပါတယ်

ပြည်သူလူထုကို ဦးထိပ်ပန်ဖို့
အခြေခံဖို့ အဓိကပါပဲ

ပြည်သူလူထုကို ဦးထိပ်ပန်ဖို့အတွက်ဆိုရာမှာ
ဝေဖန်ဆန်းစစ်တဲ့အခါ တော်လှန်ရေးကြားကာလမှာ

-ပ သုံးလုံးယန္တယားဟာ ရှိဖို့မလိုအပ်ဘူး
-ပ သုံးလုံးယန္တယားဟာ ရှိဖို့လိုတယ် ဒီထပ်ပိုကောင်းဖို့ စနစ်ကျဖို့ လိုအပ်တယ်

အပေါ်က နှစ်ချက် ကို ကွဲပြားစွာ
နားလည်ဖို့ ရိုးသားစွာ ဝေဖန်ဖို့ အရေးကြီးပါတယ်
ပ သုံးလုံးယန္တယားဟာ ဒီထက်ကောင်းဖို့ လိုနေတာ
ဆိုရင်တော့ သိမ်ကြုံးပြောတာမျိုး ယေဘုယျ ခေါင်းစဥ်တပ်တာမျိုးကို ရှောင်ရှားသင့်ပီး
ဘယ်အဖွဲ့ ဘယ်ပုဂ္ဂိုလ်ကတော့
တော်လှန်ရေးနဲ့ သွေဖယ်နေပီ
ဘယ်လို အမှု့တွေ ကျူးလွန်နေပီဆိုတာမျိုး
သတ္တိရှိရှိ ဝေဖန် ထိမ်းကြောင်းတာမျိုးလုပ်တာပို ထိရောက်အကျိုးရှိနိုင်သလို
တော်လှန်ရေးကို ပိုအကျိုးရှိနိုင်ပါတယ်

အစိုးရအနေနဲ့ကလည်း တော်လှန်ရေးနဲ့သွေဖယ်ပီး
ပြည်သူလူထုကို အနိုင်ကျင့်ဗိုလ်ကျနေတဲ့ ပ သုံးလုံးနေနေ ခရိုင်ရင်းဖြစ်ဖြစ် လိုကယ်ဖြစ်ပါစေ ပြတ်သားစွာ ဦးစားပေး ကိုင်တွယ်သင့်ပါတယ်

ဥပမာပေးရရင်
၁-ပခုက္ကူဘက်က လိုကယ်အဖွဲ့တစ်ခုက
တော်လှန်ရေးဘက်တော်သား အဒေါ်အရွယ်
တစ်ယောက်ကို ဖမ်းဆီးတယ် ပါလာတဲ့ ကားတွေ ဖုန်းတွေ ရွှေတွေသိမ်းဆည်းတဲ့အပြင် အိမ်မှာ ကျန်ခဲ့တဲ့ အမျိုးသားဆီကို ငွေသား သိန်းတစ်ထောင်နဲ့ လာရွေးခိုင်းတယ်
အဲမှာ ကျွန်တော်ဆီ ဆက်သွယ်လာတယ်
ချက်ချင်းပဲ အဲအဖွဲ့ကို ဖုန်းဆက်ပီး
ချက်ချင်းလွတ်ပေးဖို့ ပြောတယ်
လက်မခံဘူး လူတချို့ကို ညတွင်းချင်း
အဲအဖွဲ့ရှိတဲ့စခန်းကို လွတ်ပီး ဆက်မလုပ်ဖို့
လွတ်ပေးဖို့ ပြောတယ် မရပြန်ဘူး
နောက်ဆုံး ကိုယ်တိုင်ဦးဆောင်ပီး
ရဲဘော်အင်အားသုံးပီး ဝိုင်းရတဲ့အထိ
ရောက်သွားတယ် ကံကောင်းတယ်လို့ဆိုရမယ်
အပြန်အလှန်ပစ်ခတ်မှု့မဖြစ်စေဘဲ
အင်အား ( ၉) ယောက်ရှိတဲ့ တဖွဲ့လုံးထိမ်းသိမ်းနိုင်ခဲ့တယ် အားလုံးကလည်း ဖမ်းဆီးထားတဲ့ အမျိုးသမီးနဲ့ ပစ္စည်းတွေ ပြန်ထုတ်ပေးသလို
အမျိုးသမီးကို လည်းဝန်ချတောင်းပန်စေခဲ့တယ်နောက်နောင် ခုလိုလုပ်ရပ်မျိုး မလုပ်တော့ပါလို့ခံဝန်လက်မှတ်ထိုးစေပီး တော်လှန်ရေး ရှေးရှု့ကျေအေးစေခဲ့တယ်
ဒါဟာ ကျွန်တော် လက်လှမ်းမှီတာပဲ ရှိသေးတာပါလက်လှမ်းမမှီတာတွေလည်း အများကြီးရှိပါသေးတယ်

၂ -နောက်တစ်ခု ပြောရရင်
မိုဒီက တာဝန်ရှိသူတစ်ယောက်နယ်က
အဖွဲ့တစ်ခုက ကျွန်တော်တို့ မြို့နယ်မှာ
လာရောက်ခိုလှုံတယ် လှုပ်ရှားတယ်
အစကတော့ လိုကယ်ပါပဲ
ပြန်ပေးဆွဲမှု့တွေ ၊ ဓားပြမှု့တွေ ကျူးလွန်တယ် ဆေးမှု့တွေ ရောပေါ့ ဒေသခံ အဖွဲ့တွေအပေါ်အနိုင်ကျင့်ဗိုလ်ကျတယ်
ကျွန်တော်အပါအဝင် လွတ်တော်ကိုယ်စားလှယ်တွေ ဒေသခံ အဖွဲ့တွေက အစိုးရကိုရော မိုဒီကိုရော ထိမ်းကြောင်းပေးဖို့ တိုင်တယ် စာပို့တယ်အရေးမယူတဲ့အပြင် ခရိုင်ရင်ပါ ချပေးလိုက်တယ်လက်နက် ငါးလက်နဲ့ အတူပေါ့အဲမှာ တာဝန်ရှိသူကိုမေးတဲ့အခါဘောင်အပြင်မှာ ထိမ်းချုပ်ရတာမလွယ်လို့ထိမ်းချုပ်ဖို့ ဘောင်ထဲထည့်လိုက်တာပါလို့အကြောင်းပြန်လာတယ်

ခရိုင်းရင်း ဖြစ်တော့ ပြစ်မှု့တွေ မလုပ်တော့ဘူးလား
ထိမ်းကြောင်း နိုင်သွားလားဆိုတော့ ပိုဆိုးလာတယ် ဒေသခံတွေရော တိုင်တယ် မိုဒီအနေနဲ့ တာဝန်ယူမှု့ ထိမ်းကြောင်းမှု့မရှိဘဲတစ်နှစ်ခွဲလောက်ကြာလာတယ်တရက်မှာ ကင်းချိတ်ပီး သွားလာဖို့ ရပ်ကျေး ပအဖ က ပြောတာ မကျေနပ်လို့ရွာထဲမှာ သေနပ်တွေဖောက်ပီး ဒေသခံရဲဘော်တွေ ဖမ်းတယ်သေနတ်နဲ့ နထင်တေ့တယ်
ရွာခေါင်းဆောင်တစ်ယောက်ကို ဝင်ဖမ်းတယ်
ရွာခေါင်ဆောင်က ထွက်ပြေးလွတ်မြောက်သွားခဲ့တယ် အိမ်မှာရှိတဲ့ မိန်းမနဲ့ ကလေးငယ် နှစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်အဲကိစ္စနဲ့ ပက်သက်ပီး မခံမရပ်နိုင်တဲ့အဆုံးဒေသခံ တွေစုပီး ဖမ်းဆီးခံ အမျိုးသမီးနဲ့ ကလေးငယ်တွေ လွတ်ပေးဖို့ လိုက်တောင်းကြတယ်
အဆင်မပြေတဲ့နောက်ပိုင်း
ပစ်ခတ်မှု့ ဖြစ်ပီး ပြန်ပေးဆွဲအဖွဲ့ရဲ့ ခေါင်းဆောင်ဆိုသူ သေဆုံးသွားခဲ့တယ်
ဒါတွေဟာ ထိမ်းကြောင်းမှု့ တာဝန်ခံမှု့မရှိလို့
ဖြစ်သွားခဲ့ရတာ လူတိုင်းသိတယ်
သို့ပေမဲ့ ကျွန်တော်တို့ မြို့နယ်က တော်လှန်ရေးမှန်မှန်ကန်ကန် လုပ်ဆောင်နေသူကို မိုဒီက အရေးယူခဲ့တယ် ပြောစကားတောင်မရှိလောက်အောင်ပါပဲ

ခုနောက်ပိုင်းမှာတော့
ပြန်ပေးဆွဲမှု့တွေ ပြည်သူက လာတိုင်တယ်
ရှင်းမပေးရဲတော့ဘူး လက်တွန့်နေမိတယ်မတော်တဆ ပစ်ခတ်ရတဲ့အခြေအနေ ထိရောက်ခဲ့ရင် ပြည်သူဘက်က ရပ်ခဲ့တဲ့ သူ့ကိုပဲ မိုဒီကအရေးယူမှာပါလားတွေးနေမိတယ်

တော်လှန်ရေးက ရှုပ်ထွေးတယ်
ကျွန်တော်တို့အားလုံး လူထုအတွက်စဥ်းစားလုပ်ကိုင်ကြရအောင်ဗျာ

#ရဲဘော်ဝေကြီး(ရေစကြို)
Forwarded from Nway Oo Channel
မကွေးတိုင်း ၊ တောင်အိုတာတိုင်ကျေးရွာကနေ ထွက်လာတဲ့ စစ်ခွေးစစ်ကြောင်း ရေစကြို ပ.က.ဖ နှင့် ပခုက္ကူခရိုင် အမှတ်(၉) တပ်ရင်းတို့ ပူးပေါင်း၍ သမ။ စစ်ခွေး‌ (၂) ကောင်သေ ပြီး (၃) ကောင် မရှုနိုင်မကယ်နိုင်ဖြစ်သွား 🤣


#MagwayInfo
Forwarded from U U Aung Pwel ️
မျက်မြင်တွေ့ခဲ့ရတဲ့မြင်ကွင်းမှာတော့ ယုန်လေးရဲ့တပည့်လူမိုက်တွေဟာ ရန်ကုန်မြို့က ကလပ်တစ်ခုမှာ လူငယ်တွေက ပိုက်ဆံကျဲရာမှာ ၄င်းတို့ဝိုင်းပေါ်ကို ပိုက်ဆံများကျလာတယ်လို့ဆိုကာ ပါရိုက်ခြင်း၊ကန်ကြောက်ခြင်းများကိုပြုလုပ်ခဲ့သလို ကလပ်အပြင်မှာလည်း ဝိုင်းထိုးနှက်ကန်ကျောက်တာတွေကို လုပ်ဆောင်တာကိုမြင်တွေ့ခဲ့ရသူတွေထံက သိရပါတယ်။

ရန်ကုန်မြို့ရဲ့ နာမည်ကျော်လူမိုက်တွေဖြစ်တဲ့ ကျော်ဝင်းစိန် အသတ်ခံရပြီး ရန်မျိုးသိမ်း (ခ) ငမျိူး ဖမ်းဆီးခံရပြီးနောက် ယုန်လေးဟာ အဆိုပါလူမိုက်တွေရဲ့ကျန်ရှိတဲ့တပည့်တွေကို စည်းရုံးထားကြောင်း လူမိုက်လောကနဲ့ဆက်စပ်သူတစ်ဦးက AAMIJကို သတင်းပေးပို့လာပါတယ်။

တာမွေမြို့နယ်က လူမိုက်တွေအများစုဟာလည်း ယုန်လေးရဲ့လူမိုက်ဂိုဏ်းအဖွဲ့ဝင်တွေဖြစ်သလို မင်္ဂလာတောင်ညွန့်နဲ့ တာမွေမြို့နယ်တွေရဲ့ စစ်ကောင်စီလက်ပါးစေ ရဲသတင်းပေးတွေဟာလည်းယုန်လေးရဲ့ အဖွဲ့ဝင်တွေဖြစ်ကြောင်း ၄င်းတို့လူမိုက်အသိုင်းဝိုင်းကနေ သိရပါတယ်။

အတည်မပြုနိုင်တဲ့သတင်းတွေအရ ယုန်လေးနဲ့အဖွဲ့ဟာ ရန်ကုန်UGရဲ့နေရပ်လိပ်စာတွေကိုလိုက်လံစုံစမ်းနေတယ်လို့ သိရပါတယ်။

#aamij
#HlaingInfo
Forwarded from Ko War
Breaking Newsဖားဆောင်းတိုက်ပွဲလာသည့် အကြမ်းဖက်စစ်တပ်၏ ရဟတ်ယာဉ်ကိုပစ်ချနိုင်ခဲ့ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်ပြော

မေလ 0️⃣6️⃣ရက်

ကရင်နီပြည်နယ် ဖားဆောင်းမြိုနယ်တိုက်ပွဲတွင် စစ်ကောင်စီ ၏ ရဟတ်ယာဉ်တစ်စီးကို ကရင်နီပူးပေါင်းတပ်ဖွဲက ယနေ့(မေလ ၆ရက်) နံနက်တွင် ပစ်ချနိုင်ခဲ့ကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

"စက်နဲ့ ပေါက်လာတယ်တဲ့။ သေချာပြီတဲ့။ အဲဒီမှာ ဖုန်းလိုင်းမရဘူး။ စက်ကြီးနဲ့ ဆက်သွယ်တာ သေချာတယ်တဲ့။ နေရာက ဖားဆောင်းမြိုနယ်ထဲမှာပဲ။ ဘီလူးချောင်းက ဘောလခဲကနေ ဆင်းလာပြီးမှ ဖားဆောင်းမဝင်ခင်မှာ ထူးချောင်းနဲ့ သွားဆုံတယ်။ ထူးချောင်းနဲ့ ပွန်ချောင်းနဲ့ ပေါင်းပြီး သံလွင်ထဲ ဝင်တာ အဲဒီထဲမှာ"
ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ပွန်ချောင်းအတိုင်း ဖားဆောင်းမြိုသိုလာသည့် ရဟတ်ယာဥ်တစ်စီးကို ရင်နီပြည်လူမျိုး‌ပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ – KNPLF)ဗျူဟာ(၁)မှ နံနက် ၁၁နာရီခွဲတွင် ပစ်ချခဲ့ခြင်းဟု People’s Spring၏ သတင်းရင်းမြစ်တစ်ဦးကလည်း ပြောသည်။

ရဟတ်ယာဉ်ပျက်ကျအောင် ပစ်ချနိုင်မှု အခြေအနေကို ညနေပိုင်းတွင် အချက်အလက်များ ပိုမိုရရှိနိုင်သည်ဟုလည်း ပြောပြသည်။

"သူတို(စစ်ကောင်စီ ရဟတ်ယာဉ်)က အောက်ဖက်သွားတာက အခုက ဖာဆောင်းမြိုသိမ်းနေတာ။ အဲဒီဘက်ကို သွားတာဆိုတော့ သွားပစ်တာဖြစ်မယ်။ သူတို ရိက္ခာတွေ လက်နက်ခဲယမ်းတွေ ချပေးတာဖြစ်မှာပေါ့။ ကျနော်တို သိရတာက တိုက်ခိုက်ရေးလာတယ်။ သူတို ရိက္ခာတွေက စုထားတာကြာပြီ"
ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

၂၀၂၃ ဇွန် ၃၀ရက်ကလည်း စစ်ကောင်စီ၏ တိုက်လေယာဥ်တစ်စီးကို ပစ်ချခဲ့ပြီး ကရင်နီပြည်နယ် ဘောလခဲမြိုနယ် ရွာသစ်မြိုနယ်ခွဲနှင့် တစ်မိုင်ခွဲခန့်အကွာ သံလွင်မြစ်ကမ်းဘေးတွင် ပျက်ကျခဲ့ကြောင်း ကလလတအဖွဲက ပြောထားသည်။

#PeopleSpring
#KyimyindaingNetworks
Forwarded from Htain Lin Nay (ထိန်လင်း နေ)
ရှမ်းတွေဟာ ဗလောင်းဗလဲ ပြောတတ်တယ်လို့ မှတ်ချက်ချရင် မကောင်းရှိတော့မယ်။

ရွက်စစ်ကလည်း လူငယ်တွေလက်နတ်ကိုင်ရင် ဓားပြဖြစ်မယ် ပြောလို့ပြော....။ ပြီးတော့ သူကိုယ်တိုင်က ဘိန်းဓားပြ....

ကိုးကန့်ကလည်း တော်လှန်ရေး လုပ်မှာပါဆိုပြီး တရုတ်ကျွန်ခံ....။

အခုလည်း SSPP ဒုဥက္ကဌက တော်လှန်ရေးထဲ ပါမယ်ဆိုပြီး ပြောရေးဆိုခွင့်ရှိသူကို မေးမြန်းကြတော့ စစ်အုပ်စုကို တိုက်ဖို့ မဆုံးဖြတ်ရသေးဘူးတဲ့....။

သူတို့ပြောတာတွေနားထောင်ပြီး တော်လှန်ရေး ဘာဖြစ်လာမယ်။ ညာဖြစ်လာမယ် ဝေဖန်တဲ့သူတွေ အားလုံး ပါးစပ်အဟောင်းသား ဖြစ်ရတယ်။

တကယ်တော့ ဒီကောင်တွေ လက်နတ်ကိုင်ပြီး ကိုယ်ကျိုးရှာနေကြတာ။ ဘာခံယူချက်မှ မရှိဘူး။ ခံယူချက်ဆိုတာ နိုင်ငံအတွက်ခံယူချက်ကို ပြောတာပါ။

အတွေးမှာကိုက နိုင်ငံတော်အဆင့်မတွေးတော့ဘဲ တစ်ကိုယ်စာ ရပ်တည်ဖို့ လက်နတ်ကို အသုံးချနေကြတာ။

တနေ့နေ့တော့ သမိုင်းကို ရှင်းကြရမှာပဲ။

မတရားတဲ့ လိမ်ညာနေတဲ့ အကျင့်ဆိုးနေတဲ့ အချိန်အခါကို စွန့်ကိုစွန့်စေရမှာပါ။

#htainlinnay
#ထိန်လင်းနေ

https://t.me/+M0K87XBRbcs3NzFl
"လူထု လက်ခံလာမှုကို မင်းအောင်လှိုင် တောင့်တနေဆဲ"

မြန်မာနှစ်သစ်ကူး အတာသဘင်ပွဲသည် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီမှ ပြဋ္ဌာန်းလိုက်သော စစ်မှုထမ်း ဥပဒေ၏ အရိပ်မည်းကြီး အောက်တွင် တိုးတိုးတိတ်တိတ်နှင့် ပြီးဆုံးသွားခဲ့ရပြီဟု အစချီကာ နီကီအေးရှား ရီဗြူး၏ အကြီးတန်း ဆောင်းပါးရှင် တိုရူ တာကာဟာရှီမှ အစချီကာ ရေးသားလာခဲ့သည်။

အဆိုပါ ဥပဒေအား ဖေဖေါ်ဝါရီ ၁၀ ရက်နေ့တွင် စတင် ပြဋ္ဌာန်းလာခဲ့ပြီး တလလျှင် လူငါးထောင်နှုန်းဖြင့် တနှစ်အတွက် လူခြောက်သောင်းအထိ စစ်ထဲဆွဲသွင်းရန် ကြံစည်လာခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့ အုပ်ချုပ်ရေးအား ၂၀၂၁ ဖေဖေါ်ဝါရီမှစ၍ အောင့်အည်း သည်းခံနေကြရသော တတိုင်းပြည်လုံး၏ စိတ်နှလုံးကို ပို၍ ညိုးနွမ်းအောင် လုပ်သလို ဖြစ်သွားခဲ့ရသည်။ အနာဂတ် ပျောက်နေသော လူငယ် အများအပြားသည် တိုင်းပြည်မှ ထွက်ပြေးကုန်ကြသည်။ (ယင်းအား ထပ်မံ ဟန့်တားရန် မေလ ၁ ရက်နေ့မှစ၍ နိုင်ငံသားများ ပြည်ပသို့ အလုပ် ထွက်လုပ်ခွင့်အား ရပ်ဆိုင်းလိုက်ပြန်သည်။)

ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ စစ်မြေပြင်တွင် အရှုံးကြီး ရှုံးလာခဲ့ပြီး နေပြည်တော်နှင့် ပြင်ဦးလွင်တွင် အဆင့်မြင့် အရာရှိကြီးများပင် ဒရုန်းနှင့် တိုက်ခိုက်မှု ခံလာခဲ့ရသည်။ စစ်တပ်အတွင်း စိတ်ဓါတ်များ ကျဆင်းလာပြီး ဘက်ပြောင်းသူများ၊ လက်နက်ချသူများ အမြောက်အမြား ရှိလာပြီဆိုသည့် သတင်းများ ထွက်ပေါ်လာခဲ့သည်။

ထိုသို့ စစ်မှုထမ်း ဥပဒေ ထုတ်ပြန်လာခြင်း သည်ကပင် တဖြေးဖြေးနှင့် အင်အားချိနဲ့လာသော စစ်တပ်အတွက် ကြံရာမရဖြစ်ကာ ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု၏ ခန့်မှန်းချက်အရ ယခုအခါ အင်အား ၁၃၀,၀၀၀ ခန့်သာ ကျန်တော့သည်ဟု သိရသည်။

မင်းအောင်လှိုင် မတ်လ ၂၇ ရက်နေ့ စစ်အခမ်းအနားတွင် “တိုင်းပြည် ငြိမ်းချမ်း တည်ငြိမ်လာရေး အတွက် စစ်မှုထမ်း ဆင့်ခေါ်ဖို့ မဖြစ်မနေ လိုအပ်သည်” ဟု ပြောခဲ့သော်လည်း ထိုသို့ ဖြစ်လာခဲ့ရခြင်း၏ အဓိက တရားခံသည် ၎င်းကိုယ်တိုင် ဖြစ်နေသည်။ ဘယ်အရာများက ထိုသို့ ဆိုးဆိုးဝါးဝါး ကိုယ့်ကိုယ်ကိုယ် လိမ်လည်လှည့်ဖျား နေရသည်အထိ ဖြစ်လာခဲ့ရသနည်း။

မင်းအောင်လှိုင်သည် နိုင်ငံတောင်ပိုင်း မြို့တမြို့ရှိ အစိုးရဝန်ထမ်း မိဘမှ မွေးဖွားလာခဲ့သူ ဖြစ်သည်။ ၁၉၇၀ ကျော် နှစ်များအတွင်း ရန်ကုန် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်တွင် ပညာဆည်းပူးခဲ့သည်။ ထိုအချိန်က ကျောင်းသားများ၏ ဒီမိုကရေစီ ရရှိရေး လှုပ်ရှားမှုများ အားကောင်းနေချိန် ဖြစ်သော်လည်း ၎င်းကိုယ်တိုင် ပါဝင်ခဲ့ခြင်း မရှိပေ။ စစ်တက္ကသိုလ်သို့ ဝင်ရောက်ရန် သုံးကြိမ်မြောက် ကြိုးပမ်းခဲ့ပြီးနောက် ၁၉၇၄ တွင် အောင်မြင်သွားခဲ့သည်။

ဗိုလ်လောင်း ဘဝတွင် ထူးထူးခြားခြား အရည်အချင်း မပြနိုင်ခဲ့သော်လည်း တဖြေးဖြေးနှင့် ရာထူးအဆင့်ဆင့် တက်လာခဲ့သည်။ သို့သော် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးအား နှိမ်နှင်းရာတွင် ထူးထူးခြားခြား အစွမ်းပြနိုင်ခဲ့၍ အထက်မှ မျက်စိကျလာခဲ့သည်။ ၂၀၁၁ နိုင်ငံအား အရပ်ဖက် အုပ်ချုပ်ရေးသို့ စတင် အသွင်ကူးပြောင်းလာစဉ်တွင် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်သည် ပြည်ပသို့ ခရီးများထွက်ခြင်း၊ ဆိုရှယ်မီဒီယာကို သုံး၍ သတင်းများ ထုတ်ပြန်ခြင်း အစရှိသည်တို့ လုပ်လာခဲ့မှုနှင့်အတူ “အသိအမြင်ကြွယ်ဝ” သည့် ဗိုလ်ချုပ်ကြီးဟု ၎င်းတို့အကြား ဂုဏ်သတင်း မွှေးပျံ့လာခဲ့သည်။ သို့သော်လည်း ၎င်း၏ တဖက်က ရန်လိုသည့်စိတ်သည် ၂၀၁၇ တွင် ထွက်ပေါ်လာခဲ့သည်။ ၎င်း၏ လက်အောက်ရှိ တပ်များသည် လူနည်းစု ရိုဟင်ဂျာများကို နှိပ်ကွပ်လာခဲ့မှုနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးသည်လည်း အေးတိအေးစက် ဖြစ်လာခဲ့သည်။ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အပြတ်အသတ် အနိုင်ရရှိသွားသည့် အခါတွင်တော့ မဲသမာမှုများ ရှိသည်ဟု အကြောင်းပြကာ အာဏာသိမ်းယူလိုက်သည်။

မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် အဖြစ် စစ်တပ်ကို ၁၄ နှစ်ကြာ ဦးဆောင်လာခဲ့ပြီး ခေတ်သစ်သမိုင်းတွင် ၎င်းကဲ့သို့ အကြွင်းမဲ့အာဏာ စွဲကိုင်နိုင်ခဲ့သူ ဗိုလ်နေဝင်းနှင့် ဗိုလ်သန်းရွှေတို့ နှစ်ဦးသာ ရှိခဲ့သေးသည်။

ကျေးလက် မြို့တမြို့၏ စာတိုက်စာရေးလေး ဘဝမှ တက်လှမ်းလာခဲ့သော သန်းရွှေသည် ဗိုလ်နေဝင်းကဲ့သို့ တသွေးတသံ တမိန့်ဖြင့် အုပ်ချုပ်သူ မဟုတ်ပဲ ၎င်းလုပ်ချင်သည်များကို အားလုံး၏ သဘောတူညီချက်ရအောင် တည်ဆောက်ပြီး စစ်တပ်၏ အုပ်စုခေါင်းဆောင် အဖြစ် ခံယူခဲ့ခြင်းကြောင့် မင်းအောင်လှိုင် အတွက် ၎င်းနှင့် နီးစပ်အောင် ဖန်တီးလာနိုင်ခဲ့သည်။
သန်းရွှေသည် ၎င်းလက်အောက်ရှိ စစ်မှုထမ်းများ အကျိုးအမြတ်များ ခံစားနိုင်စေရန် ဦးပိုင် ကုမ္ပဏီများကို မဖြစ်ဖြစ်အောင် တွန်းအားပေး တည်ဆောက်ပေးခဲ့သည်။ ထိုအကျိုးအမြတ်များ စတင် ယစ်မူးလာချိန်တွင် တိုင်းပြည်အား အရပ်ဖက် အုပ်ချုပ်‌ရေးသို့ အသွင်ပြောင်းနိုင်ရန် လှုပ်ရှားလာခဲ့သည်။ လူ့အသက်ပေါင်း ၁၄၀,၀၀၀ ခန့် ဆုံးရှုံးခဲ့သည့် နာဂစ်မုန်တိုင်း ကြားမှပင် လွှတ်တော်နေရာ လေးပုံတပုံကို စစ်တပ်အား လွှဲပေးရမည့် ၂၀၀၈ ဖွဲ့စည်းပုံအတွက် လူထုဆန္ဒခံယူပွဲကို အတင်းအကျပ် ပြုလုပ်လာခဲ့ပြီး ၂၀၁၀ တွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖယ်ထုတ်ကာ ရွေးကောက်ပွဲ ကျင်းပခဲ့၍ စစ်တပ်နှင့် ဆက်နွယ်နေသော ပါတီသည်သာ မဲအပြတ်အသတ်ဖြင့် အနိုင်ရသွားခဲ့သည်။

၎င်းကိုယ်တိုင် သမ္မတ လုပ်မည်ဟု ခန့်မှန်းခဲ့ကြသော်လည်း စစ်ခေါင်းဆောင်ပိုင်းတွင် စတုတ္ထနေရာတွင် ရှိသည့် ဝန်ကြီးချုပ် သိန်းစိန်ကို အာဏာလွှဲပေးခဲ့သည်။ မင်းအောင်လှိုင်အား ကာကွယ်ရေးဦးစီးချုပ် ရာထူးပေးကာ သန်းရွှေသည် လူမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်တွင် သန်းရွှေသည် အသက် ၇၇ နှစ်သာ ရှိသေးသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံသည် သူနှင့် သူ့မိသားစု လုံခြုံစိတ်ချစွာ နေ၍ရမည့်အပြင် စီးပွားရေး တိုးတက်လာမှု၏ အသီးအပွင့်များ ခံစားသွားနိုင်မည်ဟု တွက်ဆခဲ့၍လည်း ဖြစ်သည်။

သူ၏ ခန့်မှန်းချက်သည် မှားယွင်းခဲ့ခြင်း မရှိပေ။ သိန်းစိန်၏ အရပ်သား အုပ်ချုပ်ရေးဖြင့် ဒီမိုကရေစီနှင့် စီးပွားရေး အသွင်ကူးပြောင်းမှု စတင်လာခဲ့ပြီး အာရှ၏ နောက်ဆုံးလက်ကျန် စီးပွားရေး ရင်းနှီးမြုပ်နှံရာအရပ် ဖြစ်လာခဲ့သည်။

ထိုသို့သော အနေအထားများကို မင်းအောင်လှိုင်သည် အဘယ်ကြောင့် ဖျက်ဆီးပစ်ခဲ့ရပေသနည်း။

ထိုအမေးကို NLD ပါတီဝင်လည်း ဖြစ်ပြီး ဂီဖူး အမျိုးသမီး တက္ကသိုလ် တောင်အာရှရေးရာ ဌာနတွင် ဧည့်သုတေသီ အဖြစ် လုပ်ကိုင်နေသူ ဦးတင်ဝင်းက “၎င်း သမ္မတ ဖြစ်ချင်နေ၍” ဟု ဖြေခဲ့သည်။

အာဏာ မသိမ်းမီကလေးတွင်ပင် မင်းအောင်လှိုင် ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်နှင့် နှစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ၎င်းအား သမ္မတ အဖြစ် တင်မြှောက်ရန် တောင်းဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှ ဒုသမ္မတ ရာထူးသာ ပေးနိုင်မည် ဆိုကာ ငြင်းပယ်ခဲ့သဖြင့် လွှတ်တော် အစည်းအဝေး စတင်ရန်ရှိသည့် နေ့မှာပင် အာဏာသိမ်းယူလိုက်တော့သည်။

မင်းအောင်လှိုင်သည် အရပ်သား သမ္မတ အဖြစ် နေဝင်းနှင့် သန်းရွှေလို မဟုတ်ပဲ သိန်းစိန်ကဲ့သို့ အများ၏ ချစ်ခင်လေးစားမှုကို ရရှိလိမ့်မည်ဟု မျှော်လင့် တောင့်တနေသူလည်း ဖြစ်သည်။ သူ၏ စိတ်ကူးနှင့် လက်တွေ့ ကွာဟနေမှုကို လက်မခံနိုင်သူလည်း ဖြစ်သည်ဟု ဦးတင်ဝင်းက ဆိုသည်။

၂၀၂၁ အာဏာသိမ်းအပြီး ပထမဆုံး ရုပ်မြင်သံကြား မိန့်ခွန်းတွင် “၎င်း၏ စစ်ကောင်စီသည် အရင့်အရင် အုပ်ချုပ်ခဲ့သူများနှင့် ကွာခြားလိမ့်မည်” ဟု ထည့်သွင်း ပြောဆိုသွားခဲ့သည်။ ဤသည်က ၎င်းသည် နေဝင်း၊ သန်းရွှေတို့ကဲ့သို့ အာဏာရှင်များနှင့် တူမည်မဟုတ်ဟု ဆိုလိုခြင်းလော၊ မည်သို့ပင် ဖြစ်စေ အဆုံးတွင် ၎င်းအား ဆန့်ကျင်သူများကို ရက်စက်စွာ နှိမ်နှင်းခဲ့မှုတွင် ထိုပုဂ္ဂိုလ် နှစ်ဦးနှင့် ကွာခြားခြင်း မရှိသည့်အဖြစ် ရောက်သွားခဲ့ရသည်။ ကွာခြားသွားသည်က ၎င်းလက်အောက်ရှိ စစ်တပ်သည် တော်လှန်ရေး အင်အားစုများ၏ ခုခံတွန်းလှန်မှုကြောင့် တွန်းထိုး ဖယ်ရှားခံနေရသည့် အဖြစ်ကြောင့် အန္တရာယ်နှင့် ရင်ဆိုင်လာနေရခြင်းပင် ဖြစ်သည်။

တိုင်းပြည် အခြေအနေ ဆိုးဝါးသည်ထက် ဆိုးဝါးလာနေချိန်တွင် မင်းအောင်လှိုင်သည် “လွတ်လပ်ပြီး တရားမျှတသည့်” ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု တတွတ်တွတ် ပြောနေဆဲပင် ဖြစ်သည်။ ဤသည်က သမ္မတ ဖြစ်ရေး ၎င်း၏ ရည်မှန်းချက်ကို စွန့်လွှတ်ခြင်း မရှိသေး၍လော၊ သို့မဟုတ် အနားယူပြီးနောက် ၎င်း၏ လုံခြုံမှု အတွက် အာမခံချက် တရပ်အဖြစ် ဖန်တီးချင်၍လော။

မင်းအောင်လှိုင်သည် ၎င်း တောင့်တခဲ့သလို လူထု၏ ချစ်ခင် လေးစားခံရမည့်လူ ဖြစ်မလာနိုင်သော်လည်း  အာဏာရှင်ဟောင်းများကဲ့သို့ စိတ်ထင်ရာ လုပ်ခွင့်ရနေသည့် အကြွင်းမဲ့ အာဏာကို စွဲကိုင်ထားသူ ဖြစ်လာခဲ့ချေပြီ။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

Hla Soewai

#4C_TruthNews
Forwarded from Magway Regional Scout Network (YU ATARASHI)
ဆိပ်ဖြူ

မနက်၉း၀၀နာရီဝန်းကျင်တွင် ဆိပ်ဖြူမြို့နယ် ငါးချဥ်ချောင်းရွာ သို့ လစခ၉ -လကတ၃၀၃၆- ကပစ၂၁ ထုတ်နုတ်အင်အား ၇၀ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သတင်းရရှိပါသည်။ ပြည်သူ ၄ဦးကို လူသားဒိုင်းပြုလုပ်ထားဟုသိရှိရပါသည်။

#နွေဦးတော်လှန်ရေး-မြိုင်မြို့
MRSN
May 7 ,  2:00PM
📬သတင်းပို့ရန် @MagwayScoutNetworkBot
Forwarded from Magway Regional Scout Network (YU ATARASHI)
ဆီမီးခုံ

နံနက် ၇ နာရီ ခန့်က ဆီမီးခုံရေနက်ဆိပ်ကမ်း မှ
စခ များ အင်အား ၁၀ဝ ခန့် မြို့ထဲသို့ ရောက်ရှိလာ ရဲစခန်းထဲ ဝင်ရောက်သွားဟုသိရ။

ဆီမီးခုံသတင်း
MRSN
May 7 ,  1:58PM
📬သတင်းပို့ရန် @MagwayScoutNetworkBot
တံတားဦး

တံတားဦးလေတပ်သို့ သပိတ်ကျင်းမြို့နယ်တွင် (1:52PM) ခန့်က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့သော A-5 Bomber Jet (1)စီး မြောက်အရပ်မှ ဆင်းသက်။

#NAS
May 7, 2:10PM
📡သတင်းပို့ရန် @infonas
တံတားဦး

တံတားဦးလေတပ်သို့ ကန့်ဘလူမြို့နယ်တွင် (10:07AM & 11:25AM) ခန့်ကစ လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့သော BEECH 1900D MILITARY TRANSPORT AIRCRAFT (1)စီး မြောက်အရပ်မှ ဆင်းသက်။

#NAS
May 7, 1:25PM
📡သတင်းပို့ရန် @infonas