ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
တံတားဦး ⚠️

တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ ၁စီး မြောက် အရပ်သို့ပျံတက်။

#WaiHin
Jan 13, 9:59 AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
ကလေး

ကလေးလေဆိပ်သို့ Y-8စစ်ထောက်ပို့ လေယာဉ်   ၁ စီး ဆင်းသက်။

#WaiHin
Jan 12, 10:00AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
စစ်ကိုင်း⚠️

စစ်ကိုင်းဖြတ်၍ တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ ၁ စီး အရှေ့မြောက် အရပ်သို့ပျံသန်း။

#WaiHin
Jan 13, 10:01AM
📫သတင်းပို့ရန် @WaiHinScout_Bot
"Happy Mother Day's

13.1.2025 မှာ ကျရောက်သော အမေများနေ့မှာ... မွေးမေမေနဲ့..အတူ.. ကမ္ဘာပေါ်ရှိ....အမေများအားလုံး....သက်ရှည်ကျန်းမာ...စိတ်ချမ်းသာစွာဖြင့်...နေထိုင်နိုင်ကြပါစေလို့...ကမ္ဘာပေါ်ရှိ...သားသမီးများ...ကိုယ်စား...ဆုတောင်းဂါဝရ...ပြုအပ်ပါတယ်..ရှင့်...🙏🙏🙏

#နှင်းသခင်
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
နွားထိုးကြီး

နွားထိုးကြီးနယ် အနောက်ခြမ်းဖြတ်၍ စစ်ထောက်ပို့ လေယာဉ်   ၁ စီး မြောက် အရပ်သို့ ပျံသန်း။

#WaiHin
Jan 13, 10:05 AM
📫သတင်းပို့ရန် @WaiHinScout_Bot
မြိုင်မြို့ပေါ်

ချောင်းဆုံဂိတ်သို့ စစ်ခွေး ၁၀၀ ခန့်ရောက်နေသိရ မြိုင် ဆေးရုံထဲးမှ စစ်ခွေးကား ၁၅စီး စစ်ခွေး ၇၅ ကောင်ခန့် မန္တလေး ဂိတ်ရောက်ရှိနေကြောင်းသိရပါသည်။


Jan 13/ 9:50AM

#3SM


3 Star Myaing

သတင်းပေးပိုရန်@myaing3starbot

https://t.me/m2nQSzdXozljZmM1
ဆီမီးခုံ

နံနက် ၈ နာရီ ၃၀ မိနစ် ခန့်ကဆီမီးခုံမြို့ အတွင်းမှ စခ၊ရခ များပါသော ကားတစ်စီး၊ဆိုင်ကယ်နှစ်စီး မြို့အရှေ့ဘက် ညောင်ပင်ဇရပ်အနီးသို့ရောက်ရှိလာပြီး လမ်းပေါ်တွင်စစ်ဆေးမှုများပြုလုပ်ကာ ၉ နာရီ ၄၅ မိနစ် ခန့်မှာ မြို့အတွင်းသို့ပြန်ဝင်သွားသည်ဟုသိရ။

ဆီမီးခုံသတင်း
MRSN
Jan 13 ,  10:10 AM


သတင်းပေးပိုရန်@myaing3starbot


https://t.me/m2nQSzdXozljZmM1
Forwarded from Wai Hin (ဝေဟင်) (🦚 နှင်းသခင် ❄️)
တောင်တွင်းကြီး

တောင်တွင်းကြီး ဖြတ်၍ စစ်ရဟတ်ယာဉ် ၁စီး အနောက်မြောက် အရပ်သို့ပျံသန်း။

#WaiHin
Jan 13, 10:17 AM  
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (🦚 နှင်းသခင် ❄️)
မြိုင် ⚠️

မြိုင်   နယ် ဖြတ်၍   Y-12 စစ်ထောက်ပို့ ဗုံးကြဲလေယာဉ် ၁စီး    အနောက်မြောက် အရပ်သို့ ပျံသန်း။

#WaiHin
Jan 13,10:21AM
📫သတင်းပို့ရန် @WaiHinScout_Bot
"သို့.....အမေ"

အမေ...
ကမ္ဘာပေါ်မှာ...သမီးဟာ...
ကံအကောင်းဆုံးလူသားလေးပါ
အမေ...စကားပြောတတ်စ အရွယ်ထဲက...အသက်၃၀ထိတိုင်အောင်...အမေလို့...ခေါ်ခွင့်ရနေတဲ့...ကျွန်မဟာ...ကံအကောင်းဆုံးလူသားပါ...အမေ...

အမေ...
အပြင်ကနေပြန်လာတဲ့အခါတိုင်းမှာ...
ခရီးက ပြန်လာတဲ့အခါတိုင်းမှာ...
ပထမဆုံးမေးမိတဲ့...စကားတခွန်း
"အမေ..ဘယ်သွားလဲ...အမေကယော..."လို့...မေးခဲ့ရပါတယ်

အမေ...အမေဟာလေ...
နောက်ကနေ...တတွတ်တွတ်ပြောနေပေမယ်...သမီးစိတ်ထဲတော့...ကျေနပ်နေရသူပါ...ဒီလို...နောက်ကနေတတွတ်တွတ်...ပြောနေတဲ့အမေ့ကိုဘယ်အချိန်ထိများ...သမီးတို့ကြားခွင့်ရှိနိုင်မလဲလို့...စဥ်းစားရင်း...မျက်ရည်ကျခဲ့ရတဲ့ရက်ပေါင်းမရေတွက်နိုင်ပါဘူး အမေ...

အမေ...ရင်ထဲက...အချစ်တွေ မထုတ်ပြခဲ့ပေမယ့်...အမေ့ကို အရမ်းချစ်ပါတယ်...အမေ...

အမေ...သမီးတို့မောင်နှမတွေ အားလုံးအတွက်...ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နဲ့ နေပေးပါ...အမေ....

#နှင်းသခင်

#SSN
Jan 13, 10:01 AM
📫သတင်းပို့ရန် @SagaingSNetworkbot
"သို့ အမေ"

ရက်တွေလစား လကိုနှစ်စားလို့ အမေလို့ခေါ်ပြီး ကပ်မချွဲရတာတောင် ကြာနေခဲ့ပြီနော်

အတန်တန်မှာရက်ကြားက အမေ့စကားကိုလွန်ဆန်ပြီး ပြေးထွက်လာတဲ့အမေ့သား အဆင်မှပြေပါ့မလားလို့ အတွေးတွေနဲ့ ဝဲနေမဲ့ အမေ့မျက်ရည်တွေလဲ သားမြင်နေမိပါတယ် အမေ

လွမ်းတာပေါ့အမေရယ် အမေ့အပြုံးနဲ့ နှိုင်းယှဥ်လိုက်ရင် ဝင်းပပ လမင်းကြီးတောင် မှေးမှိန်သွားစေတာ အဝေးရောက် သားလူမိုက်ကြီးက ခုမှပိုသိတယ် အမေရဲ့

အိမ်မှာဆို ဆန်တစေ့ရဲ့တန်ဖိုး မသိခဲ့တဲ့ဒီသား ဆန်တဗူးချက်ကို ဖက်ပေါ်ခင်း ဝိုင်းဖွဲ့ကာအတူစားရင်း ပျော်ချင်ယောင်ဆောင်နေကြတဲ့ ဘဝတူ သူငယ်ချင်းတွေတော့ သားဘေးမှာအများကြီးရှိနေပြီ အမေ

အရင်ချိန်တွေ လေလွင့်ပြီးလို့ ပြန်လာမဲ့သားကို မျှော်နေရတာထက် ယခုတော့ မတရားမှုကိုတော်လှန်ဖို့ သေနတ်ကိုင်ကာ အမေဂုဏ်ယူရတဲ့ ပြည်သူ့ရဲဘော် အမေ့ရဲ့ သားလူမိုက်ကြီး ပြန်လာမဲ့လမ်းကို မျှော်နေရတာဟာ ပိုပြီးပင်ပန်းနေစေမယ်ဆိုတာ သားသိပါတယ် အမေ

အမေ့ရဲ့ လောင်းရိပ်အောက်မှာ မဟုတ်တော့ ရှေ့နောက်တောင်မြောက်က တိုက်ခတ်တဲ့လေဒဏ်က အစ အမေ့သားလူဆိုးကြီး ကြံ့ကြံ့ခံ အံတုနေရတယ် အမေ

မေတ္တာဓာတ်ပျက်ပြယ်နေတဲ့ ယမ်းငွှေ့တွေကြား နေချင်လို့နေတာမှ မဟုတ်တာပဲအမေရယ်...
မတရားမှုတွေ အားကောင်းနေတဲ့ဒီနိုင်ငံမှာ အမေ့လို အမေများစွာအတွက် သားတို့လို ခပ်ဆိုးဆိုးသားမိုက်တွေ ရှိကိုရှိနေရမယ်ဆိုတဲ့ ခံယူချက်တွေနဲ့ အဆင်မပြေကြတာကို အဆင်ပြေပါတယ် လိမ်လည်ရင်း ဒီလမ်းကြီးပေါ် ဆက်လျှောက်နေရတာပါ အမေ

ဖုန်းထဲက ဟယ်လိုဆိုတဲ့ အမေ့သံလေးကြားတိုင်း အကြိမ်ကြိမ်ခါခါ လဲပြိုနေရသူမို့ အလံလွှင့်ပြီး ပြန်ခဲ့ရသည်ဖြစ်စေ အလံကိုခြုံပြီးပဲ ပြန်ခဲ့ရသည်ဖြစ်စေ ဟော့ဒီက အမေ့ရဲ့ သားလူမိုက်ကြီးကတော့လေ အမေ့ရဲ့ရင်ခွင်ထဲကို အမြန်ဆုံး ခိုဝင်အိပ်စက်ချင်မိတာတော့ အမှန်ပါပဲ အမေရယ်...။


အမေများနေ့ အထိမ်းအမှတ်အဖြစ် တော်လှန်ရေးရဲဘော်များစွာ၏ အမေများစွာအတွက် ရည်ရွယ်လျှက်

#@
#SSN
Jan 13, 10:08 AM
📫သတင်းပို့ရန် @SagaingSNetworkbot
🙏အမေများနေ့🙏

ဖြန်မှာ  လက်ဝါး
ပျားမှာ  လ်ဘို့
အမိမှာ   နို့
ကြက်မှာ   တောင်ပံ
ငါးရောင်  ပါးသည်
ဆိုသည့်အလား
မိခင်မေတ္တာ
လွန်ကြီးမားကို
မိခင်နို့တစ်စက်ဖိုးအနက်၏
တစ်စိတ်ဒေသ  ကျေပွန်ကလျှင် 
မတတ်သော်ငြား 
မမေ့နိုင်ဘူး
ဦးညွှတ်ဝန်တာ ကန်တော့ပါသည် 
အို
မွေးမိအရှင်
အနန္တ ဂိုဏ်းဝင်ကျေးဇူးရှင်   မိခင်  ကျေးဇူး  ဖော်ဆောင်ကြူးသည်
အမေများနေ့ 
တို့မမေ့
🙏🙏🙏

#KoKyawKyi
Jan 13, 10:08 AM


မိခင်များအတွက်ဆုတောင်းလွှာများကို @SagaingSNetworkbot သို့ ပေးပို့နိုင်ပါပြီရှင်
"အမေ"

ကျွန်တော် အမေ့ကို မတွေ့ခဲ့ရတာ ဖေဖော်ဝါရီ ၁၆ ဆို ၂၄ နှစ်‌ပြည်ရောပေါ့။
တလောကလုံးက အမေလို့ခေါ်ခွင့်ရနေချိန် ကျွန်တော့မှာ နှုတ်ဆိတ်လို့ တိတ်တိတ်လေး နေခဲ့ရတာပေါ့။

ကဗျာတွေဖွဲ့လို့ အမေ့ကိုလွမ်းပြကြချိန်မှာ ကျွန်တော့်မှာ တယောက်တည်း ယောင်လည်လည်နဲ့။
သူတို့ပြောတဲ့ အမေ့အိမ်ဆိုတာ ဘယ်လိုမျိုးလဲ ကျွန်တော့်မှာ မေးခွန်းတွေကလွဲလို့ နွေးထွေးမှုဆိုတာဘာလိုမျိုးလဲ မသိခဲ့ရပါဘူး။

အဝေးကိုငေးကြည့်တိုင်း အနက်ရောင်ကောင်ကင်တွေပဲ မြင်နေရချိန်အလင်းရောင်ဆိုတာ အမေများလားလို့ ကျွန်တော်တွေးကြည့်ခဲ့ဖူးတယ်။

လမသာတဲ့ လမိုက်ညတွေပါပဲ ဝမ်းနည်းစရာကြုံလာလို့ ဖွင့်ပြောဖို့ရာ မရှိတဲ့အခါ သိမ်ငယ်မိတာတော့ အကြိမ်ကြိမ်ပါပဲ။
အမေပေးတဲ့အသက်နဲ့ ရှေ့ဆက်ရင်းမတရားမှုတွေနဲ့ ကြုံရတဲ့အခါ သားက တရားတဲ့ဘက်က ရပ်တည်နေတယ်ဆိုတာ အမေသိရင် သိပ်ဂုဏ်ယူမှာပဲလို့ တခါတခါသားတွေးမိတယ်။

ဘဝမှာတ‌ခါလောက်တော့ အမေ့ကိုတွေ့ခွင့်ရချင်မိတယ်အမေ။
ကျွန်တော်မွေးကတည်းက ခေါ်ခွင့်မရှိခဲ့တဲ့နာမ်စားတခုကို တခါခေါ်ခွင့်ရဖို့အကြိမ်ကြိမ်တောင်းတနေပေမဲ့ ဘယ်တော့မှပြည့်နိုင်မယ်မထင်ပါဘူး။

နေ့တွေဟာကုန်ဆုံးရင်း ရွက်သစ်တွေသာဝေသွားခဲ့ပေမဲ့ အမေကတော့ ဘယ်တော့မှ ဒီအုပ်ဂူလေးထဲက မထလာတော့ဘူးနော်။
တနေ့နေ့တော့ အနေ့ဘေးနားမှာ သားအမြဲရှိနေနိုင်မယ်လို့ ကတိပေးပါတယ် အခုတော့စောင့်နေနှင့်ပါဦးအမေ ။


︎︎ #ကောလင်းသား
#SSN
Jan 13, 10:20 AM

မိခင်များအတွက်ဆုတောင်းလွှာများကို  @SagaingSNetworkbot သို့ ပေးပို့နိုင်ပါပြီရှင်
မြိုင်မြို့ပေါ်


မြိုင်မြို့ပေါ်ရောက် စစ်ခွေး
ဒိုဇာကား.ဂျန်မာကား အပါအဝင် စစ်ခွေး ရိက္ခာ ကား ၁၈ စီး မြိုင်မြောက်ဘက်ဂိတ် သို့ဆင်းသွားသိရ

13-1-2025

#3SM

3 Star Myaing


သတင်းပေးပိုရန်@myaing3starbot


https://t.me/m2nQSzdXozljZmM1
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
တံတားဦး ⚠️

တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ ၁စီး မြောက် အရပ်သို့ပျံတက်။

#WaiHin
Jan 13, 10:24AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
ငါန်းဇွန်⚠️

ငါန်းဇွန်နယ် အနောက်ခြမ်းတနေရာတွင် ဂျက်ဖိုက်တာ ၁ စီး ပျံဝဲနေ။

#WaiHin
Jan 13, 10:29 AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
နေပြည်တော် ⚠️

နေပြည်တော်လေတပ်မှ ဂျက်ဖိုက်တာ ၁စီး တောင်အရပ်သို့ ပျံတက်။

#WaiHin
Jan 13, 10:31AM 
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
မုံရွာ

မုံရွာ နမခ မှ Mi-17 သယ်ပို့ရဟတ်ယာဉ် ၁စီး အရှေ့မြောက်အရပ်သို့ပျံတက်။

#WaiHin
Jan 13,  10:32 AM  
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
ဘုတလင်

ဘုတလင်ဖြတ်၍ နမခ တက် Mi-17 သယ်ပို့ရဟတ်ယာဉ် ၁စီး အရှေ့မြောက်အရပ်သို့ပျံသန်း။

#WaiHin
Jan 13,  10:38 AM  
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
ဘုတလင်

ဘုတလင်ဖြတ်၍ နမခ တက် Mi-17 သယ်ပို့ရဟတ်ယာဉ် ၁စီး အရှေ့မြောက်အရပ်သို့ပျံသန်း။

Edit - As 365 အထူးသယ်ပို့ယာဉ်ဖြစ်ကြောင်း သိရ။


#WaiHin
Jan 13,  10:38 AM  
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (🦚 နှင်းသခင် ❄️)
တံတားဦး⚠️

တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ ၁စီးအရှေ့မြောက် အရပ်သို့ ပျံတက်။

#WaiHin
Jan  13,10:42AM
📫သတင်းပို့ရန် @WaiHinScout_Bot