ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku pinned «မြိုင်မြို့ပေါ် မြိုင်မြို့ ပြည်သူဆေးရုံကြီး အနီးနား ဝန်းကျင်ရှိ မြို့ပေါ်နေပြည်သူနေအိမ်များမှ ပြည်သူပိုင် ပစ္စည်းများအား အကြမ်းဖတ် စစ်ခွေးများမှ ခိုးယူနေကြကြောင်းသိရပါသည်။ မြိုင်မြို့ပေါ် တွင် ယနေ့မနက် 6:25AM က ကားစက်နိုး လှုပ်ရှားခဲ့သော စစ်ခွေးကား များနှင့်…»
Forwarded from Wai Hin (ဝေဟင်) (︎︎)
ငါန်းဇွန်⚠️

ငါန်းဇွန် ဖြတ်၍ Y-12 စစ်ထောက်ပို့ဗုံးကြဲ လေယာဉ် ၁စီး အနောက်မြောက်အရပ်သို့ ပျံသန်း။

#WaiHin
Jan 12,2:37 PM  
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
ကလေး

ကလေးမြို့တနေရာတွင် Mi 17 သယ်ပို့ရဟက်ယာဥ် ၁စီး ပျံဝဲနေ။

#WaiHin
Jan 12, 2:40 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (︎︎)
ငါန်းဇွန်⚠️

ငါန်းဇွန် အနောက်ခြမ်းတနေရာ ဂျက်ဖိုက်တာ ၁စီး ပျံဝဲနေ။

#WaiHin
Jan 12,2:53 PM  
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (EDN 🍁)
တန့်ဆည်⚠️

တန့်ဆည်နယ်ဖြတ်၍ Y-8 စစ်ထောက်ပို့ယာဉ်တစီး မြောက်သို့ပျံသန်း။

#WaiHin
Jan 12 , 2:54 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (EDN 🍁)
ကျွန်းလှ⚠️

ကျွန်းလှနယ် အနောက်ခြမ်းဖြတ်၍ Y-8 စစ်ထောက်ပို့ယာဉ်တစီး မြောက်သို့ပျံသန်း။

#WaiHin
Jan 12 , 2:58 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (🦚 နှင်းသခင် ❄️)
ငါန်းဇွန်⚠️

ငါန်းဇွန် ဖြတ်၍ ဂျက်ဖိုက်တာ ၁စီး အရှေ့ဘက် သို့ ပျံသန်း။

#WaiHin
Jan 12,2:58PM  
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
မတ္တရာ

မတ္တရာနယ်ဖြတ်၍ Y-12 စစ်ထောက်ပို့ ဗုံးကြဲ လေယာဉ်   ၁ စီး အနောက်တောင်အရပ်သို့ ပျံသန်း။

#WaiHin
Jan 12, 3:04 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (𝙿𝚘𝚕𝚎𝚜𝚝𝚊𝚛)
ကောလင်း⚠️

ကောလင်းနယ် ဖြတ်၍ Y-8 စစ်ထောက်ပို့ယာဉ်တစီး မြောက်သို့ပျံသန်း။

#WaiHin
Jan 12 ,  3:06PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
အင်းတော်

အင်းတော်နယ် ဖြတ်၍ Y-8 စစ်ထောက်ပို့ လေယာဉ် ၁စီး တောင်သို့ပျံသန်း။

#WaiHin
Jan 12 ,  3:10PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (︎︎)
ပုသိမ်ကြီး

ပုသိမ်ကြီးနယ်ဖြတ်၍ Y-12 စစ်ထောက်ပို့ ဗုံးကြဲ လေယာဉ်  ၁ စီး တောင်အရပ်သို့ ပျံသန်း။

#WaiHin
Jan 12, 3:11 PM
📫သတင်းပို့ရန် @WaiHinScout_Bot
ခု-ခံ-စ-စ်အတွက်ပြင်ဆင်နေတဲ့ဂန့်ဂေါမြို့ ခလရ ၅၀ တပ် ဘိလပ်မြေများအရေးတကြီးလိုအပ်နေ

12.1.2025
ဂန့်ဂေါ

ချင်းပြည်နယ်တွေမှာ တမြို့ပြီးတမြို့ ပြည်သူ့တော်-လှ-န်-ရေးအင်အားစုများကသိမ်းပိုက်ရယူနိုင်ထားပြီး စစ်ကောင်စီကင်းစင်နယ်မြေများ ၈၅ % အထိ ကျယ်ပြန့်လာတာကြောင့် နယ်ခြင်းထိစပ်နေတဲ့ ယောနယ်က စစ်ကောင်စီအဖွဲ့ဝင်များဟာ တနေ့တခြား ကြော-က်အားပိုလာကာ ခု-ခံ-စ-စ်များကို အစောတလျင်ပြင်ဆင်နေကြရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ကပြောပါတယ်။

ခု-ခံ-စ-စ်အဖြစ် စစ်ကောင်စီတပ်စွဲထားရာနေရာများမှာ ကတုတ်ကျင်းများ၊ဘန်ကာများ၊ပုန်းခိုကျင်းများ စသည်တို့ကို ထပ်မံမွမ်းမံ တိုးချဲ့တည်ဆောက်နေကြကြောင်းနဲ့ အဆိုပါ ဘန်ကာများ၊ပုန်းခိုကျင်းများမွမ်းမံတည်ဆောက်ရာမှာအသုံးပြုရန် ဘိလပ်မြေအိတ်များ များစွာလိုအပ်နေတယ်လို့လည်းသိရပါတယ်။

ယခုလတ်တလောအခြေအနေများမှာ ခလရ ၅၀ တပ်က ဂန့်ဂေါမြို့ပေါ်က တဟုံတရာအရေးအခင်း၊ ဒ-ဏ်ကြေးဆောင်စရာကိစ္စရပ်များရှိလာရင် ဒ-ဏ်ကြေးအဖြစ် ဘိလပ်မြေအိတ်များကိုသာ ပေးဆောင်စေတယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။

#နွေဦးရောင်နီ
ယောအလင်းတန်း
Jan 12 , 3:15 PM
📬သတင်းပို့ရန်
@MagwayScoutBot
Forwarded from Wai Hin (ဝေဟင်) (︎︎)
ပင်လည်ဘူး⚠️

ပင်လည်ဘူးနယ် ဖြတ်၍ Y-8 စစ်ထောက်ပို့ယာဉ်တစီး အနောက် မြောက်သို့ပျံသန်း။

#WaiHin
Jan 12 ,  3:13PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (︎︎)
စစ်ကိုင်း

စစ်ကိုင်း ဖြတ်၍ Y-12 စစ်ထောက်ပို့ ဗုံးကြဲ လေယာဉ်  ၁ စီး တောင်အရပ်သို့ ပျံသန်း။

#WaiHin
Jan 12, 3:18 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) ( )
ဖောင်းပြင်⚠️

​​ဖောင်းပြင် နယ် ဖြတ်၍ Y-8
စစ်ထောက်ပို့ လေယာဥ် ၁စီးအနောက်မြောက်အရပ်သို့ပျံသန်း။

#WaiHin
Jan 12 ,  3:18 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (︎︎)
ဟုမ္မလင်း

ဟုမ္မလင်းလေဆိပ်သို့ Y-8 စစ်ထောက်ပို့ယာဉ်တစီး အရှေ့တောင်အရပ်မှဆင်းသက်။

#WaiHin
Jan 12 , 3:25PM
📫သတင်းပို့ရန် @WaiHinScout_Bot
စစ်ကောင်စီက လေတပ်ကုန်ကျစရိတ် လျှော့ချနိုင်ရန် အင်ဂျင်တပ်လေထီးဖြင့် စမ်းသပ်ဗုံးကြဲလာ

နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၂ ရက်

စစ်ပွဲများတွင်ရှုံးနိမ့်လာသည့် အာဏာသိမ်းစစ်ကောင်စီသည် လက်ရှိတွင် ဝေဟင်(လေကြောင်း) အဓိကထား အားပြုတိုက်ခိုက်နေရပြီး ယခုအခါတွင် ၎င်းတို့၏လေတပ် ကုန်ကျစရိတ် လျှော့ချနိုင်ရန် အတွက် အင်ဂျင်တပ်လေထီး (Paramotor/Paraglider) များကို အသုံးပြု၍ ကျေးရွာများကို စမ်းသပ်ဗုံးကြဲလာကြောင်း သိရသည်။

စစ်ကောင်စီသည် လက်ရှိတွင် အင်ဂျင်တပ်လေထီးများအသုံးပြု၍ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများကို ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ ထိခိုက်သေဆုံးမှုများ ရှိနေပြီး ထိုသို့လုပ်ဆောင်ရန်အတွက် ပြီးခဲ့သည့် ၂၀၂၄ ၊ ဧပြီ(သင်္ကြန်အပြီး)မှ စတင်ကာ ပြင်ဦးလွင် တပ်နယ်အတွင်း လေ့ကျင်ခဲ့ကြောင်း တပ်မတော်သား CDM အရာရှိများထံက သိရသည်။

“အဲအချိန်ကာလက ပြင်ဦးလွင်ဘက်ခြမ်းမှာ ကျွန်တော်ရှိနေတယ်၊ အဲဒီမှာ ကျွန်တော်ကိုယ်တိုင် ပြင်ဦးလွင်တပ်နယ် တစ်နေရာကနေ မြင်ခဲ့တာပါ။ အဲဒီကနေ စလာတာ" ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းနောက် မိတ္ထီလာရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် (ရှမ်းတဲ)နှင့် တံတားဦး လေတပ်စခန်းအပါအဝင် စသည်တို့ကို ရောက်ရှိကာ ကျေးရွာများကို စမ်းသပ်၍ ဗုံးကြဲလာခြင်းဖြစ်ပြီး စစ်တပ်သမိုင်းတစ် လျှောက်၌ ယခုပထမဆုံး အသုံးပြုခြင်းလည်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်၊ ညပိုင်းကလည်း တံတားဦးလေတပ်စခန်းမှ အင်ဂျင်တပ်လေထီးများ အနောက်တောင်အရပ်သို့ ပျံတက်သွားသဖြင့် ငါန်းဇွန်၊ မြို့သာ၊ နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာ နယ်များမှ ပြည်သူများအနေဖြင့် ဂရုပြုသတိထားသင့်ကြောင်း ဝေဟင်စောင့်ကြည့်သူများက အသိပေးထားသည်။

“လေတပ်ရဲ့ ကုန်ချစရိတ်က များတဲ့အတွက် လျှော့ချနိုင်အောင် အခုလိုလုပ်နေတာလို့ ထင်တာပဲ။ အဲဒါတွေက နေရာတိုင်းမှာ သုံးလို့မရဘူး။ အခုသုံးနေတယ်ဆိုတာ မြန်မာနိုင်ငံ အလယ်ပိုင်းက ဘာမှ ပြန်မပစ်နိုင်တဲ့ ရွာတွေကို လိုက်ကြဲတဲ့ ပုံစံမျိုးလောက်ပဲ တွေ့ရတယ်" ဟု လေတပ် CDM တပ်ကြပ်ကြီးဇေယျက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် အင်ဂျင်တပ်လေထီးဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်မှ ယခုနှစ်၊ ဇန်နဝါရီ ၅ ရက်အထိ မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း ဇရပ်ကြီးနှင့် ရွှေစည်ကြီး ကျေးရွာအပါအဝင် စုစု ပေါင်းသုံးကြိမ် တိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိကြောင်း သိရသည်။

"လေကြောင်းတိုက်ခိုက်ဖို့ တင်ပြမယ်ဆိုရင်လည်း ဆင့်ကဲဆင့်ကဲ သွားရပြီး အချိန်နောက်ကျတယ်။ ဒါကို လေတပ်အနေအထားနဲ့ မဟုတ်ဘဲနဲ့ ခြေလျင်တပ်ကနေ လေကြောင်းတိုက်ခိုက်မှုမျိုးကို သူတို့အနေ အထားနဲ့ သူတို့လုပ်လို့ရအောင် သုံးလာတာလို့ မြင်ပါတယ်" ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။

ယင်းအပြင် ငါန်းဇွန်မြို့နယ်၊ သားကျင်ရွာကိုလည်း ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်က လေကြောင်းအပြင် အင်ဂျင်တပ်လေထီးနှင့်ပါ ဗုံးကြဲတိုက်ခိုက်သဖြင့် ငါးဦး သေဆုံးခဲ့သလို စစ်ကိုင်းမြို့နယ်၊ မြင်းဆည် ကျေးရွာတွင်လည်း ဇန်နဝါရီ ၃ ရက်က ထိုကဲ့သို့ တိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး ခုနှစ်ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

အဆိုပါထိခိုက် သေဆုံးသူများသည် အပြစ်မဲ့ အရပ်သားများဖြစ်ကြပြီး ကလေးငယ်များလည်း ပါဝင်နေကာ စစ်ကောင်စီသည် မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခြင်းမရှိဘဲ လာရောက်ဗုံးကြဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေး အင်အားစုများ၏ ထုတ်ပြန်ပြောဆိုချက်နှင့် သတင်းများ အရ သိရသည်။

ထိုအင်ဂျင်တပ်လေထီးကို လေယာဉ်ဆီ မဟုတ်သော အခြားစက်သုံးဆီများဖြင့် လေငြိမ်သောအချိန် ဆောင်းတွင်းနှင့် နွေရာသီတွင် အသုံးပြု၍ လူတစ်ဦးမှ အများဆုံး လူနှစ်ဦးထိ လိုက်ပါနိုင်သော်လည်း တစ်နာရီလျှင် ၄၀ မှ ၆၀ ကီလိုမီတာခန့်သာ မောင်းနှင်နိုင်သောကြောင့် အရှိန်နှေးကြောင်း သိရသည်။

ယင်းအပြင် ပျံသန်းမှု နိမ့်သောကြောင့် မြင်သာလွယ်ခြင်း၊ မောင်းသူ၏ ကိုယ်အ‌လေးချိန်အပါအဝင် ဝိတ်ပမာဏများစွာ မတင်ဆောင်နိုင်ခြင်း၊ ဗုံးသီးကို တိတိကျကျ ကြဲချရန်ခက်ခြင်း၊ မောင်းသူအတွက် အန္တရာယ်ကြီးခြင်း၊ အသံကျယ်ခြင်း စသည့်အားနည်းချက်များ ရှိနေကြောင်း သိရသည်။

အဆိုပါ အင်ဂျင်တပ်လေထီး (Paramotor/Paraglider) များကို ငါးကြင်းမြီး၊ ပွိုင့်ဖိုက်ကဲ့သို့ စက်လက် ဖြင့် တုံ့ပြန်နိုင်ပြီး နှစ်စီးသုံးစီးခန့်ကို ပစ်ချလိုက်ပါက နောင်များတွင် စစ်ကောင်စီအနေဖြင့် သုံးလာ တော့မည် မဟုတ်သလို မောင်းနှင်ပျံသန်းမည့် လက်အောက်ခံ တပ်ဖွဲ့ဝင်များလည်း ရှိတော့မည်မဟုတ်တော့ ကြောင်း စစ်ရေးကျွမ်းကျင်သူများက သုံးသပ်ပြောကြားသည်။

ဓာတ်ပုံ- အင်တာနက်

#စစ်ကောင်စီ #လေတပ်ကုန်ချစရိတ် #လျှော့ချ #အင်ဂျင်တပ်လေထီး #စမ်းသပ်ဗုံးကြဲ #Ayeyarwaddy_Times
Forwarded from Wai Hin (ဝေဟင်) (YU ATARASHI)
ဝမ်းတွင်း - မန္တလေးတိုင်း

မိတ္ထီလာ လေတပ်တက် Jet Fighter (1)စီး ဝမ်းတွင်း ဖြတ် အ​ရှေ့မြောက်ဘက်သို့ပျံသန်း။

#WES
#WaiHin
Jan 12 , 4:03 PM
📫သတင်းပို့ရန် @WaiHinScout_Bot