ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
Forwarded from U U Aung Pwel ️
“အမြင့်ဆုံးကတော့ အခုကျွန်တော်နဲ့ချိတ်ဆက်ပြီး အပြင်ထွက်လာတာကတော့ ဒုဗိုလ်မှူးကြီးအဆင့်က အနိမ့်ဆုံးပါပဲ။ ဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူးချုပ်အဆင့်ကတော့ စကားပြောတာပဲရှိသေးတယ်။ သူတို့ကိုတော့ ဆွဲထုတ်ဖို့ အဆင်မပြေသေးဘူး။ ဒါပေမယ့် သူတို့နဲ့ ကျွန်တော် ဆက်တိုက်ညှိနှိုင်းထားတာတွေရှိနေပြီ”လို့ သူက ဆိုပါ တယ်။

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဟာ ကရင်နီပြည်နယ်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ စစ်ကောင်စီတပ်သားတွေ ဘက်ပြောင်းရေးအစီအမံ စီမံကြီးကြပ်ရေးကော်မတီမှာ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေတာပါ။

စစ်ကောင်စီတပ်ရဲ့ တပ်တွင်းဖိနှိပ်ခံရမှုတွေနဲ့ အကျပ်အတည်းတွေကြောင့် လာမယ့်ကာလတွေမှာလည်း ဘက်ပြောင်းသူတွေ ပိုမိုများပြားနိုင်တယ်လို့ လေ့လာသူတွေနဲ့ CDM အသိုင်းအဝိုင်းက သုံး သပ်ပါတယ်။

NUG လက်အောက်ခံ CDM ကူညီရေးအဖွဲ့တစ်ခုဖြစ်တဲ့ မေမေ့ရင်ခွင်အဖွဲ့တာဝန်ရှိသူတစ်ဦးက တော့ စစ်သားတွေကို ခရီးမထွက်နိုင်အောင် ပိုမိုတင်းကျပ်ထားသလို တချို့တပ်တွေမှာ ဖုန်းသုံးတာကိုပါ ကန့်သတ်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဓိကကတော့ စစ်ရေးဖိအားပေါ့နော်၊ စစ်ရေးဖိအားများလာတွေရှိတယ်။ မင်းအောင်လှိုင်ကလည်း သူ့ရဲ့ ရပ်တည်ရေးအတွက် အောက်ခြေကိုမကြည့်ဘဲ အတင်းထိုးကျွေးနေတဲ့ ကိစ္စမျိုးတွေရှိတယ်။ နောက်တခုက လေကြောင်းပစ်ကူတောင်းတယ်။ တောင်းတဲ့အခါမျိုးမှာ ပေးတာတွေပေါ့ဗျာ။ တခါတလေကျရင်လည်း လေကြောင်းပစ်ကူက ကိုယ့်လူတွေအပေါ်ကို ကြဲချတဲ့အခြေအနေတွေနဲ့ သူတို့ရင်ဆိုင်နေရတယ်”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ရှေ့တန်းတပ်စခန်းတွေမှာလည်း တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းရန်ကြောက်နေရတဲ့အ တွက် ဂျန်မာတွေတပ်ထားတာကြောင့် ဆက်သွယ်ရေးလိုင်းအခက်အခဲတွေဖြစ်နေပြီး သတင်းအ ချက်အလက်အမှန်သိရဖို့ CDM ဝင်ဖို့ ဆက်သွယ်ရာမှာ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ရဲ့ထောက်တိုင် ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်တွေဟာ CDM လုပ်ခွင့်ရဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ဆက်သွယ်လာကြသလို ပြီးခဲ့တဲ့ ရက်အပတ်ကလည်း ဗိုလ်မှူးတစ်ဦးဟာ မေမေ့ရင်ခွင်အဖွဲ့နဲ့ချိတ်ဆက်ပြီး လွတ်မြောက်နယ်မြေကို အောင်မြင်စွာဘက်ပြောင်းလာနိုင်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးအစိုးရနဲ့ အဖွဲ့အစည်းတော်တော်များများဟာ စစ်ကောင်စီတပ်က အရာရှိတွေအပါ အဝင် တပ်သားတွေ ဘက်ပြောင်းနိုင်ရေး ကူညီပေးနေကြသလို ထိုင်းနိုင်ငံဘက်ခြမ်းမှာလည်း အ ရေးပေါ်နေထိုင်ဖို့ နေစရာတွေစီစဉ်ပေးကာ လစဉ်ထောက်ပံ့ငွေကို မိသားစုဝင်တွေကိုပါ ပေးအပ်နေတာဖြစ်ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နိုင်ငံဝန်ထမ်းတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေကို ဘက်ပြောင်းလာအောင် အသည်းအသန်စည်းရုံးခြိမ်းခြောက်တာတွေ တွေ့နေရတယ်လို့ စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်မီဒီယာတွေကတဆင့် တုံ့ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်သားနဲ့ရဲ စုစုပေါင်း ၂၀၀၀၀ နီးပါးအထိ အ လင်းဝင်လာတာရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဓာတ်ပုံ-MOI
#TLT
#HlaingInfo
Forwarded from Magway Regional Scout Network (YU ATARASHI)
ရေစကြို🔴

ရေစကြိုမြို့နယ်၊ ကြူရွာကို မအလ စခ၊ ပခများ 28.1.24 ရက်နေ့ မီးရှို့ဖျက်ဆီးမှု -
အိမ်ခြေ ၁၁၀ လုံး၊ ဆိုင်ကယ် ၂၀ စီး၊ ရေစက် ၁၅ လုံး မီးလောင်ပျက်စီး၊ နွား ၁၀ ကောင်၊ လူသေ ၁ ဦး မီးလောင်သေဆုံး။

ဇယမရွာကို 30.1.24 ရက်နေ့ မအလ စခ၊ ပခများ မီးရှို့ဖျက်ဆီးမှု နေအိမ် ၅ လုံး၊ ဆိုင်ကယ် ၅ စီး မီလောင်ပျက်စီး။

#InfoCommitteeYesagyo
MRSN
Feb 3  ,  8:12PM
📬သတင်းပို့ရန် @MagwayScoutNetworkBot
ကန့်ဘလူ

ကန့်ဘလူ ၆၀၀၆ မှ Mi-17 စစ်ထောက်ပို့ ရဟတ်ယာဉ် 1စီး ​အနောက် တောင် သို့ ပျံတက် ။

#WaiHin
Feb 5,  12:47 PM
📫သတင်းပို့ရန် @WaiHinBot
Forwarded from Htain Lin Nay (ထိန်လင်း နေ)
တရုတ်က ကျားဖြန့်သမားတွေကို ဖမ်းဝရမ်းသာ ထုတ်တာ တကယ်အပြစ်ရှိ မရှိက မြန်မာနိုင်ငံက သူတွေဟာ သေသေချာချာ သိကြတာမဟုတ်ဘူး။

တရုတ်ရောက်ပြီး သိပ်မကြာခင် အပြစ်ဒဏ်တွေထွက်လာတော့ တရုတ်ရဲ့ တရားရေးကလည်း မှန် မမှန် မသိနိုင်​​ပြန်ဘူး။

တရုတ်တရားစီရင်ရေးကလည်း မအလ လိုပဲ ထင်ရာလုပ်ကြတာပဲလေ။

တရုတ်ရင်ပြင်မှာ ဆန္ဒပြတဲ့ ကျောင်းသားတွေကို တင့်ကားနဲ့ တက်ကြိတ်တော့ ဘယ်အရာရှိ အရေးယူခံရတယ် ကြားဖူးလို့လဲ။

တရုတ်ရဲ့ ဥပဒေက တရုတ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ဆန္ဒပဲဖြစ်ပါလိမ့်မယ်။ လိုရင်လိုသလို မလိုရင် မလိုသလို အမြဲပြောင်းလဲ နေတာပဲလေ။

တော်လှန်ရေးနဲ့ ပါတ်သက်ပြီး တရုတ်ရဲ့ သဘောထားကို မနှစ်မြို့ပါဘူး။ အခုဆို တော်လှန်ရေးက တကွဲတပြဲနဲ့ အားရစရာ သိပ်မရှိသလိုပဲ။

၁၀၂၇ အစပိုင်းက မျှော်လင့်ချက် နီးလာသလိုလိုနဲ့ အခုကျ မျှော်လင့်ချက်တွေ ပျောက်သွားပြန်ပြီ။

ရခိုင်တိုက်တာ ရခိုင်အတွက်ပဲလေ။ သူက သူ့သြဇာ ပြန်ထူထောင်ဖို့ ကြိုးပမ်းနေတာ သိသာပါတယ်။ နိုင်ငံတကာနဲ့ အစေးမကပ်မယ့် ရိုဝင်ဂျာအရေးကို လက်မခံဘူး။ ဒီလိုလက်မခံလို့ နောင်မှာ ရိုဟင်ဂျာ ပြဿနာက ပြန်လာနိုင်ပါသေးတယ်။

စစ်ကိုင်းနဲ့ တချို့နယ်တွေမှာ တော်လှန်ရေးအဖွဲ့တွေက သူတလူငါတမင်းနဲ့ ပေါင်းစည်းဖို့ ဝန်လေးနေကြတယ်။ တိုက်ကြပြီဆို ဟိုနည်းနည်းဒီနည်းနည်းနဲ့ ပစ်ပြေး အဆင့်က မတက်နိုင်သေးဘူး။

လူအင်အား ၁၀၀ လောက်ကို လူအင်အား ၃၀၀ မျိုး ၅၀၀ မျိုးနဲ့မှ ချေမှုန်းနိုင်မှာ သိပေမယ့် လူအယောက် ၁၀၀၀ လောက်က အဖွဲ့ ၂၀ ကွဲပြီး လူ ၁၀၀ ကို မဖြတ်နိုင်ဘူး ဖြစ်နေတာ သတိထားကြပါအုံး။

တော်လှန်ရေးကတခြား ဗိုလ်လုပ်ချင်တာ တခြားမို့ ကတောင်းကျိက်တလွဲ ဖင်တလွဲနဲ့ ကြည့်မကောင်းဘူး ဖြစ်နေတယ်။

ဗိုလ်တီကောင်နဲ့ ပြဿနာဖြစ်တဲ့ ကန့်ဘလူကို စစ်ခွေး ၂၀၀ လောက် ဝင်လာတယ်။ ဘာသံမှ မကြားတော့ဘူး။ ပုလဲမှာ ဗိုလ်တီကောင် ရှိတာ သိလျက်နဲ့ ဘာကြောင့် ပုလဲကို စစ်ခွေးတွေ ခြေဦးမလှည့်တာလဲ။

တော်လှန်ရေး အကြောင်းပြ စစ်ခွေးတပ်နဲ့ ပင်းစားနေတဲ့ တော်လှန်ရေး တပ်ဖွဲ့အတုတွေကလည်း ရှုပ်ထွေး​စေတဲ့ အဖြစ်ပါ။

လူအင်အားများပြီး မြို့ကြီးတွေနား မကပ်နိုင်တာ ပြည်သူနာမှာထက် တော်လှန်ရေး အဖွဲ့တွေ မစုစည်းနိုင်တာက အဓိကဖြစ်နေပါတယ်။ ပြည်သူက စည်းစိမ်ကုန်ပါစေ လုပ်ကြပါဆိုလည်း တပ်ပေါင်းစု မလုပ်နိုင်တော့ လက်တွန့်နေကြတယ်။ မြို့နားမလာကြဘူး။ တကယ်ရောက်နေတဲ့ UG တွေကို လေးစားရပါတယ်။

AA တို့ MMDAA တို့ စခန်းရတယ်။ တပ်တွေရတယ်။ မြို့တွေရတယ်ဆိုတာ COC တစ်ခုတည်းကြောင့်လေ...။ ​ဗမာနယ်မှာက COC တစ်ထောင်လောက် ကွဲနေမှတော့ ဘာလုပ်လို့ရမှာလဲ။

​ပြည်သူက Click ဆို ကလစ်တာမှ ၂၄ နာရီ။ ကူဆိုလို့ ကူတာလဲ အမြဲပဲ။ ဒါပေမယ့် အုပ်စုတွေကွဲနေတော့ ဘာမှအင်အား ဖြစ်မလာဘူး။

အဖွဲ့တွေပေါင်းဖို့ ပြည်သူရဲ့ ဖိအား တကယ်လိုနေပြီ။ အီးရောအီးရောနဲ့ ၂၀၂၄ တစ်လကုန်သွားပြန်ပြီ။

မရပ်တည်နိုင်တဲ့အဖွဲ့တွေ ရပ်တည်နိုင်တဲ့အဖွဲ့နဲ့ပေါင်း.... မပေါင်းချင်ရင် လက်နတ်တွေ တကယ် လုပ်နေတဲ့ သူတွေဆီ ပေးလိုက်ကြတော့။

တခုခု အခြေအနေပြောင်းအောင် လုပ်ကြတော့။

သတင်းတွေကြည့်လိုက်ရင် အဖွဲ့တွေပွစိတက်နေတာ....

ပြည်သူက ပေါင်းစည်းဖို့ လိုတယ်ဆိုရင် (တကယ်လိုလာရင်) တောင်းဆိုရမယ်။ အဖွဲ့တွေပေါင်းဖို့ မတောင်းဆိုတာ အနိုင်မလိုချင်သေးလို့ပဲပေါ့။ အနိုင်လိုချင်ရင် အနိုင်ရမယ့်နည်းကို သုံးရမှာပေါ့။

အခု မြောက်ပိုင်း ၃ ဖွဲ့ ရပ်သွားပြီ။ နောက် KIA, AA, PNLO,  ရပ်သွားရင် တနိုင်ငံလုံး ရပ်သွားတော့မှာလား။

အဓိက မြေပြန့်ကအဖွဲ့တွေ မစုစည်းနိုင်သေးတာကို မြင်အောင် ထောက်ပြလိုက်ပါတယ်။ ငွေကုန်လူပန်း မဖြစ်​စေချင်ပါဘူး။

#htainlinnay
#ထိန်လင်းနေ

https://t.me/+_ddlLy1mgTQzZmU1
Forwarded from Magway Regional Scout Network (YU ATARASHI)
မြိုင်

မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ
5.2.2024

ရေစကြိုမြို့နယ်နှင့် မြိုင်မြို့နယ်အစပ်
ရေစကြိုမြို့နယ် ဘောင်ဘဲ့တန်းရွာကနေ
ယနေ့မနက်ပိုင်းက ထွက်ခွာလာတဲ့
အင်အားတစ်ရာခန့်ပါတဲ့ စစ်ကောင်စီတပ်တွေဟာ
ရေစကြိုမြို့နယ် ကန်ပေါက်ရွာအနီးကနေတစ်ဆင့်
နေ့လည် 1:50 ခန့်မှာ မြိုင်မြို့နယ်အရှေ့ပိုင်း
လက်ဆည်ကန်ရွာကို ဝင်ရောက်ခဲ့ပြီးနောက်
လက်ဆည်ကန်ရွာကနေ အဖွဲ့ခွဲထွက်လာကာ
4:30 ခန့်မှာ လက်ဆည်ကန်ရွာနဲ့ ထနောင်းခလှရွာအကြားရှိ ကာကွယ်ရေးစခန်းတစ်ခုအား
မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်ကောင်စီတပ်တွေဟာ ကာကွယ်ရေးစခန်းကို မီးရှို့ဖျက်ဆီးပြီးနောက် အနောက်ဘက်ကို
ဆက်လက်ထွက်လာကာ ညနေပိုင်းမှာ
နတ်စင်တောရိုးရွာအရှေ့ဘက် တောထဲကို
ရောက်ရှိနေပြီး လက်ဆည်ကန်ရွာထဲမှာလည်း
တစ်ဖွဲ့ရှိနေတယ်လို့သိရပါတယ်။

မနက်ဖြန်မှာ ဘယ်ကိုဆက်ပြီး စစ်ကြောင်းထိုးမလဲဆိုတာ ခန့်မှန်းရခက်တာကြောင့်
မြိုင်မြို့နယ်အရှေ့ပိုင်းမှ မိဘပြည်သူများ
သတိဝရိယနဲ့ နေထိုင်ကြဖို့ အသိပေးအပ်ပါတယ်။

We Love Myaing.
MRSN
Feb 5 ,  11:20PM
📬သတင်းပို့ရန် @MagwayScoutNetworkBot
ပုံညာနတ်နန်းတွင် ကပစ ၂၃ မှ အင်အားထပ်ဖြည့်

ကျောသတင်း ၊ ဖေဖော်ဝါရီ ၉ ရက်

   ယနေ့ မနက်ပိုင်းတွင် ကျောကပစ ( ၂၃ ) မှ စစ်ကောင်စီတပ်သားများသည် အရပ်သားကားများအား ရှေ့ပြေးခိုင်း၍ အင်အား ၄၀ ခန့်ဖြင့်
ပုံညာနတ်နန်းအား အင်အားဖြည့်တင်းလိုက်ကြောင်း ကျောဒေသခံများမှ ယောအလင်းတန်းသို့ သတင်းပေးပို့ထားသည်။

  "အင်အား ၄၀ လောက်ရှိမယ် ၊ လက်နက်ငယ်တွေ အဆက်မပြတ်ပစ်ပြီး တက်သွားတယ် ၊ လက်နက်ကြီး ၄ ချက်ခန့် ထုတယ် " ဟု ပြောဆိုသည်။

  မကြာသေးခင်အချိန်က CDF - HAKHA B2 C5 ( FRF - Gangaw ) မှ
ရဲဘော်များမှ ပုံညာနတ်နန်းအား လက်နက်ကြီး ၊လက်နက်ငယ်များဖြင့်
သွားရောက်ပစ်ခတ်သည့် ဖြစ်စဥ် ရှိခဲ့သည်။

မိဘပြည်သူများဘေးကင်းကြပါစေ။

နွေဦးမေတ္တာ
ယောအလင်းတန်း
MRSN
Feb 9 , 11:36AM
မကွေး ⚠️

မကွေးလေတပ် မှ နောက်ထပ် ဂျက်ဖိုက်တာ တစ်စီး အနောက်  သို့ ပျံတက် ။

#WaiHin
Feb 9,  12:44  PM
📫သတင်းပို့ရန် @WaiHinBot
​ရေစကြို⚠️

တံတားဦးလေတပ်တက် Fighter Jet (1)စီး ​ရေစကြိုဖြတ်၍ အ​​နောက်အရပ်သို့ ပျံသန်း။

#NAS
Mar 1, 10:45PM
📡သတင်းပို့ရန် @infonas
🔴 ရခိုင်/​မောင်းတော🔴

ရခိုင်/​မောင်းတောနယ်တစ်နေရာ၌ Y-12 စစ်ထောက်ပို့ /ဗုံးကျဲ လေယာဉ္ တစ်စီးMi-35 တိုက်ခိုက်ရေး ရဟက်ယာဉ္ တစ်စီး တို့ဖြင့်
4:00 PM အချိန်တွင် လေကြောင်းတိုက်ခိုက် မှု ပြုလုပ်ကြောင်း သိရပါသည်။

#WaiHin
Mar 1,9:06 PM
📫သတင်းပို့ရန်
@WaiHinBot
#BreakingNews
2.3.2024

မြိုင်မြို့နယ်တောင်ပိုင်း စက်မှု ၂ မှာ အထိုင်ချ
တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ
ယနေ့မနက် 10:00 ခန့်မှာ စက်မှု ၂ ထဲကနေထွက်ပြီး
ကုံးရွာအတွင်းသို့ ဝင်ရောက်ကာ
ကုံးရွာမှ ပြည်သူပိုင်ပစ္စည်းများ ရိက္ခာများကို
နွားလှည်းများဖြင့် တင်ကာ စက်မှုထဲကို
သယ်ယူနေတယ်လို့ သိရပါတယ်။

2 လပိုင်း 29 ရက်နေ့က မြိုင်မြို့နယ်အနောက်ပိုင်း
ဝဲတူးစခန်းကနေ ဆုပ်ခွာလာတဲ့ စစ်ကောင်စီတပ်တွေဟာ ယနေ့အထိ စက်မှု ၂ ထဲမှာ
ရှိနေပါသေးတယ်။
ဘယ်ကိုဆက်ပြီး သွားမလဲဆိုတာတော့
မသိရသေးပါဘူး။

We Love Myaing.
ပေါက်ခေါင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး၊

▪️မုံရွာမြို့နယ်၊ တောပုပျူစောထီးရွာမှ စစ်ကောင်စီ တပ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်


မတ်လ ၂ ရက်

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁ PPDF) တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် ပေါက်ခေါင်းမြို့နယ်၊ အောင်သပြေရွာတွင် အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ဝင်များမှ ဝင်ရောက်တပ်ဆွဲနေချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် အောင်သပြေရွာ အနောက်မြောက်ဘက်ကြောတန်း ဝါးရုံတောအတွင်း ဆုတ်ခွာ ထွက်ပြေးသွားပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေး တပ်ဖွဲ့များ ဆက်လက် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆက် - ⤵️⤵️
အောင်လံမှာ ဆိုင်ကယ်ရပ်မပေးလို့ဆိုကာ အမျိုးသားတဦးကို စစ်တပ်က ပစ်သတ်

အောင်လံ၊ မတ် ၂၊၂၀၂၄။

မကွေးတိုင်း၊ အောင်လံမြို့နယ်မှာ မတ် ၂ ရက် ဒီမနက် ၆ နာရီခွဲလောက်က ဆိုင်ကယ်ရပ်မပေးလို့ဆိုကာ အမျိုးသားတဦးကို စစ်ကောင်စီဂိတ်က သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အောင်လံမြို့နယ်၊ ရွှေ‌ပန်းတောရွာရဲ့အရှေ့ဘက် နထားလမ်းခွဲအနီးမှာ အင်းလယ်(ရွာမ)ရွာမှာနေတဲ့ အသက် ၄၅ နှစ်အရွယ် ကိုအောင်ဆန်းကို စစ်သားနဲ့ ရဲ ၆ ဦးလောက်ရှိတဲ့ စစ်ကောင်စီဂိတ်က သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

”သူ(ကိုအောင်ဆန်း)က ရွှေပန်းတောကနေ အင်းလယ်ကို ဆိုင်ကယ်နဲ့ ပြန်တာမှာ ဆိုင်ကယ်ရပ်မပေးလို့ ဆိုပြီး ပစ်သတ်တာ။ သေနတ်သံက ငါးချက်၊ ခြောက်ချက်လောက်ကြားရတာ။” လို့ ဒေသခံတဦးက ပြောပါတယ်
ထီးလင်းသတင်း

မတ်လ ၂ ရက် ၊၂၀၂၄ ခုနှစ်

5:30 PM

ကျောကပစ ( ၂၃ ) မှ ရေမျက်နီ သို့
ကားလမ်းမကြီးအတိုင်း စစ်ကားနှစ်စီးဖြင့် ရိက္ခာလာရောက်ပို့ဆောင်သော စစ်ကောင်စီစစ်ကြောင်းသည်
ရေမျက်နီရဲကင်းသို့ ရိက္ခာများလာရောက်ပို့ဆောင်ပြီး
ကျောဘက်သို့ ကားလမ်းမကြီးအတိုင်း ဆုတ်ခွာသွားပြီဖြစ်ကြောင်း ဒေသခံများ၏သတင်းပေးချက်အရသိရသည်။

ယင်းစစ်ကြောင်းအတွင်း ဓားစာခံအဖြစ်ဖမ်းဆီးခံရသော
ဓားစာခံများပြန်လည်လွတ်မြောက်လာပြီး ၊ စင်းဇယ်ကျေးရွာမှ အပစ်မဲ့ပြည်သူနှစ်ဦးအား ပစ်ခတ်ရာ တစ်ဦးသေဆုံးခဲ့သည်။

မိဘပြည်သူများအနေဖြင့် မိုင်းအန္တရာယ်ကင်းရှင်းစေရန်
ကာကွယ်ရေးတပ်များ၏ ခွင့်ပြုချက်ရမှသာလျှင် ကျေးရွာအတွင်းဝင်ရောက်နေထိုင်ကြပါရန် တိုက်တွန်းအပ်ပါသည်။

မိဘပြည်သူများ ဘေးကင်းကြပါစေ။
Mar 2 7:15PM
Forwarded from Magway Regional Scout Network (YU ATARASHI)
မြင်းခြံ

🔺ညနေပိုင်းက စွန်းလွန်းထဲ ဗုံးကွဲ၊မြို့အဝင် ကားတွေ အဝင်မခံဘဲ ပိတ်ထားတယ်လို့ သိရ။

#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
MRSN
Mar 2 , 7:07PM
📬သတင်းပို့ရန် @MagwayScoutNetworkBot
တံတားဦး

တံတားဦး လေတပ် သို့ ဖားကန့်နယ် တစ်နေရာ သို့ 7:23 pm အချိန်မှ စ၍ ဝဲပျံပြီး လေကြောင်း တိုက်ခိုက် မှု့ ၃ကြိမ် ပြု့ခဲ့သော ဂျက်ဖိုက်တာ တစ်စီး  ဆင်းသက် ။

#WaiHin
Mar 2,8;11 PM
📫သတင်းပို့ရန် @WaiHinBot
Forwarded from HTY Scout Channel
🛑လှိုင်သာယာ🛑

၁၅ ရပ်ကွက် Active bar အနီး စခ/ရခ အင်အားအများအပြားနှင့် သုံးဘီး ဆိုင်ကယ်တွေဖမ်းနေဆဲ
အစီးရေ အများအပြားဖမ်းဆီးထားပြီးဟုသိရ

8:16 PM
@HTYinfo12
🔴 ချင်းပြည်နယ် /ကန်ပက်လက်🔴

ချင်းပြည်နယ်/ကန်ပက်လက်နယ်တစ်နေရာ၌ ဂျက်ဖိုက်တာ ၈ စီးဖြင့် Mar 2 ရက်နေ့တွင်  လေကြောင်းတိုက်ခိုက် မှု ပြုလုပ်ကြောင်း သိရပါသည်။

#WaiHin
Mar 2,9:21 PM
📫သတင်းပို့ရန်
@WaiHinBot
🔴 စစ်ကိုင်းတိုင်း/ကနီ 🔴

စစ်ကိုင်းတိုင်း/ကနီနယ်တစ်နေရာ၌ ဂျက်ဖိုက်တာ တစ်စီး
Mi-35 တိုက်ခိုက်ရေး ရဟက်ယာဉ္ ၃ စီး တို့ဖြင့် Mar 2 ရက်နေ့တွင်  လေကြောင်းတိုက်ခိုက် မှု ပြုလုပ်ကြောင်း သိရပါသည်။

#WaiHin
Mar 2,9:27 PM
📫သတင်းပို့ရန် @WaiHinBot
🔴 ငအို🔴

ငအိုနယ်တစ်နေရာ၌ ဂျက်ဖိုက်တာ ၂စီးဖြင့် Mar 2 ရက်နေ့တွင်  လေကြောင်းတိုက်ခိုက် မှု ပြုလုပ်ကြောင်း သိရပါသည်။

#WaiHin
Mar 2,9:30 PM
📫သတင်းပို့ရန်
@WaiHinBot
မကွေး

မကွေးလေတပ် ကလခသို့ မင်းပြားမြို့နယ်တွင် (10:22pm)ခန့်က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့သော ​MiG-29 Fighter Jet (1)စီး ​​အ​နောက်​​အရပ်မှ ဆင်းသက်။

#NAS
Mar 2, 10:46PM
📡သတင်းပို့ရန် @infonas