ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
မုံရွာမြို့နယ်ရှိ ညောင်ဖြူပင် ရဲစခန်း၊ တောပု ပျူစောထီးရွာနှင့် ရွှေဘိုမြို့နယ်ရှိ ညောင်ကိုင်းပျူစောထီးရွာတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းနှင့် တောပုပျူစောထီးကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းခရိုင် အမှတ် ၄ တပ် ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဇန်နဝါရီလ ၂၄ ရက် နံနက် ၅ နာရီခန့်မှ စတင်ပြီး နံနက် ၉ နာရီ မိနစ် ၃၀ ခန့်အထိ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်း၌ အထိုင်ချတပ်စွဲထားသော စစ်သား၊ ရဲများကို “Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wing Drone များဖြင့် AIR BOMB ၇ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“တိုက်ခိုက်ခဲ့တဲ့ ၂ နေရာလုံးက ပြန်ပစ်တာတော့ရှိပါတယ်၊ ကျနော်တို့ရဲဘော်တွေအားလုံး ဘေးကင်း ပါတယ်” ဟု စစ်ကိုင်းခရိုင် အမှတ် ၄ တပ် ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အလားတူ ဇန်နဝါရီလ ၂၄ ရက် ညနေ ၃ နာရီခန့်မှ ၅ နာရီ မိနစ် ၃၀ အချိန်အထိ မုံရွာမြို့နယ်၊ တော ပု ပျူစောထီးကျေးရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို “Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wings Droneများဖြင့် AIR BOMB ၈ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား၊ ပျူစောထီး ၄ ဦး အပြင်းထန် ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF/MSDF နှင့်အတူ ညီနောင် မဟာ မိတ်များ ဖြစ်ကြသော မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း- မြေလတ် PDF၊ မြင်းခြံခရိုင် အမှတ် ၈ တပ် ရင်း - NRDF၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း-တပ်ခွဲ ၂ ၊ မုံရွာခရိုင်အမှတ် ၇ တပ်ရင်း ၊ Special Guerilla Force Monywa ၊ မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်း နှင့် CHAUK PDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူရွာရှိ စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Buffalo Solider Freedon Force (Drone) တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်က ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူရွာရှိ ဘုရားဝန်းအတွင်း တပ်စွဲကာ အထိုင်ချထားသော စစ်ကောင်စီဘန်ကာကို ပန်ကာ ၄ လက် ဒရုန်းဖြင့် ၆၀ မမ ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ဘန်ကာအတွင်းရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိ ခိုက်သေဆုံးမှုရှိနေသော်လည်းအတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Buffalo Solider Freedon Force (Drone) တပ်ဖွဲ့၊ အရာတော် Rocket (LPDF) ပြောက်ကျာတပ်ဖွဲ့နှင့် Magic Drogan ပြောက်ကျားတပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။
Forwarded from Magway Regional Scout Network (YU ATARASHI)
မြင်းခြံ

🔺မနေ့ညက KTVမှ ပြန်လာသည့်လူငယ်၅ဦးကို ပျူများမှ ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခဲ့။

-၄ဦးမှာ တောင်သာမြို့နယ်မှ ဖြစ်ပြီး၊၁ဦးမှာ မြင်းခြံမြို့၊အမှတ်၂ရပ်ကွက်မှ ဖြစ်။

#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
MRSN
Jan 27 ,  6:30PM
📬သတင်းပို့ရန် @MagwayScoutNetworkBot
မြိုင်မြို့နယ် ကန်နီပျူရွာ အားယနေ့မနက် ပိုင်းကပြည်သူကာကွယ်ရေးအဖွဲ့များမှ လတ်နတ်ကြီး l Rocket
များဖြင့်တိုက်ခိုက်ခဲ့ရာ ကန်နီကျေးရွာပျူခေါင်းဆောင် ကျော်ဆန်းဝင်း ညီ ဖြစ်သူ ပျူ ရဲမြင့်ဇော် ၏ နွားတစ်ကောင် သေဟုသိ့ရ
27.1.24/ 3 star
တံတားဦး

တံတားဦးလေတပ်မှဂျတ်ဖိုတ်တာတစ်စီးဖြင့်ထီးချိုင့်မြို့နယ်တ​နေရာတွင် (5:45PM) ခန့်က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ဟုသိ့ရ
Jan 27, 6:03PM
မိတ္ထီလာ

ရှမ်းတဲလေတပ်မှ နောက်ထပ်Y-12 Military Transport Aircraft 1 စင်း တောင်ဘက်သို့ ပျံတက်။

#EAR#WaiHin
Jan 27, 7:26 PM
📫သတင်းပို့ရန် @WaiHinBot
◼️လက်နက်နဲ့ တကွ အလင်းဝင်ရောက်သူ ၅ ဦးနဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ကို ဂုဏ်ပြုငွေ ချီးမြှင့်

၂၇ ဇန်နဝါရီ | နွေဦးအသံ |

ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ လက်နက်နဲ့တကွအလင်းဝင်ရောက်လာသူတွေနဲ့ ဗျူဟာစုဖွဲ့မှုသင်တန်းမှာ ထူးချွှန်စွာ အောင်မြင်တဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ကို ဂုဏ်ပြုတဲ့အခမ်းအနားကို ဇန်နဝါရီ ၂၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လက်နက်နဲ့တကွ အလင်းဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရဲ တပ်ဖွဲ့ဝင် ၅ ဦးအနက် သေနတ် ၁ လက်ပါလာသူကို ဆုငွေကျပ် သိန်း ၅၀ ၊ သေနတ် ၂ လက် ပါလာသူ ၂ ဦးကို တဦးလျှင် ကျပ်သိန်း ၆၀ နဲ့ လက်နက်မဲ့ အလင်းဝင်လာသူ ၂ ဦးကို တဦး လျှင် ၅ သိန်းကျပ် ဂုဏ်ပြုဆုချီးမြှင့်ငွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဗျူဟာစုဖွဲ့မှု သင်တန်းမှာ ထူးချွန်စွာအောင်မြင်ခဲ့တဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ကိုလည်း ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ဂုဏ်ပြုငွေတွေကို ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ချီးမြှင့်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
ဂန့်ဂေါသတင်း

ဂန့်ဂေါမြို့၊မြို့မရပ်ကွက်ရှိ WE Loveစစ်ဆေးရေးဂိတ်မှ ယနေ့ည၇နာရီခွဲအချိန်ကစ၍ သေနတ်သံများဆူညံစွာကြားနေရကြောင်းဒေသခံများကပြောဆိုလာပါသည်။ယနေ့ည၇နာရီကျော်ကစ၍ သေနတ်တွေတအားပစ်နေတာ အသံကြားရတာက(စက်လတ်ပစ်နေတဲ့အသံ) သူတို့စခတွေပဲတစ်ဖက်သတ်ပစ်ခတ်နေတာဖြစ်ကြောင်း ဂန့်ဂေါမြို့နေပြည်သူတစ်ဦးဆီကသိရပါတယ်။
ယခုရေးသားနေချိန်ထိ သေနတ်သံများ၊လက်နက်ကြီး(120 mm)များကို စခများကရမ်းသမ်းပစ်ခတ်နေကြောင်းသိရပါတယ်။

မိဘပြည်သူများအားလုံးဘေးကင်းလုံခြုံကြပါစေ။

Jan 27 ,  7:55PM
တံတားဦး

တံတားဦးလေတပ်မှ Fighter Jet (1)စီး အနောက်မြောက်အရပ်သို့ ပျံတက်။

#NAS
Jan 27, 8:12PM
📡သတင်းပို့ရန် @infonas
ပေါက်⚠️

တံတားဦးလေတပ် တက် ဂျက်ဖိုက်တာ  တစ်စီး ပေါက်မြို့နယ် တောင်ပိုင်း ဖြတ်၍ အနောက်  သို့ပျံသန်း။

#WaiHin
Jan 27, 8:28 PM
📫သတင်းပို့ရန်@WaiHinBot
မုံရွာမြို့ပေါ်က ရွှေဆိုင် ဓားပြတိုက်ခံရ၊ ဆိုင်ရှင်ကို ရိုက်နှက်သွား၊

ဘုန်းစိုး/MFP ၊ ဇန်နဝါရီ - ၂၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ရတနာပုံရပ်ကွက် သာစည်လမ်းပေါ်က ရောင်း၀ယ်ရေးနဲ့ ရွှေသန့်စင် လုပ်ငန်းတစ်ခု ယမန်နေ့က ဓားမြတိုက်ခံရပြီး ရွှေထည်ပစ္စည်း (၂၀)ကျပ်သားကျော် ပါသွားတယ်လို့ သတင်းရရှိပါတယ်။

ဇန်နဝါရီလ(၂၄)ရက် ညနေပိုင်းက ဆိုင်ကယ် နှစ်စီးနဲ့လာတဲ့ လူငယ် သုံးယောက် ရွှေဆိုင်ထဲကို ၀င်ပြီး ပိုင်ရှင်ကို သေနတ်နဲ့ ရိုက်နှက်ကာ ရွှေထည်ပစ္စည်းတွေ လုယူ ဓားမြတိုက်သွားတာလို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

"ရွှေ(၂၀)ကျပ်သားလောက် ပါသွားတယ်။ ပိုင်ရှင်က သေနတ်နဲ့ ရိုက်ခံရလို့ ခေါင်းပြဲသွားတယ်။ ပိုင်ရှင်သားက ၀င်လုံးလို့ ထွက်ပြေးတာ။ ဖိနပ်တွေရော၊ ဆိုင်ကယ်တွေ ကျန်ခဲ့တယ်တဲ့"လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဓားမြတွေ ကျန်ခဲ့တဲ့ FZ ဆိုင်ကယ်နဲ့ ရုပ်ဆိုး ဆိုင်ကယ်ကို စစ်အုပ်စုက ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

အဲ့ဒီ ဓားပြမှု ကျူးလွန်သူတွေကိုတော့ စစ်အုပ်စုက ဖမ်းဆီးနိုင်တာ မရှိသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

မုံရွာမြို့ သာစည်လမ်းပေါ်မှာ စစ်အုပ်စုက ဂိတ်ဖွင့်ပြီး ကုန်စိမ်းစျေးသည်တွေပါ မကျန် ခရီးသွားပြည်သူကို ဖမ်းဆီးငွေညှစ် လက်နက်ပြ မိုက်ကြေးခွဲတာတွေ နေ့စဉ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းရိ အကျဉ်းထောင်တွေထဲက ခိုး၊ဆိုး၊ လု၊နှိုက်၊ လူသတ်၊ ဓားပြ၊ မုဒိန်း စတဲ့ ရာဇဝတ်မှုနဲ့ ဖမ်းဆီး ထောင်ချခံထားရတဲ့ သောင်းချီတဲ့ ရာဇဝတ်အကျဉ်းသားတွေကို စစ်အုပ်စုက ထောင်က လွှတ်ပေးပြီး တချို့ကို ပျူအဖွဲ့ ဖွဲ့စည်းပေးကာ သေနတ်ထုတ်ပေးထားတာ ဖြစ်ပါတယ်။

မုံရွာမြို့မှာ စစ်အာဏာသိမ်းပြီးနောက် ဓားပြမှု၊ လုယက်မှု၊ လူသတ်မှု စတဲ့ ရာဇဝတ်မှုတွေ မကြာခဏ ဖြစ်ပွားနေပြီး လစဉ် (၁၀)မှုထက်မနည်း ဖြစ်နေပေမယ့် စစ်အုပ်စုက ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူတာ မရှိသလောက် အားနည်းတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

မုံရွာမြို့အဝင်မှာ လမ်းသွားလမ်းလာတွေကို ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စု/Photo – CJ

#Mandalay_Free_Press_MFP
ပေါက်

ပေါက်မြို့နယ် လေသာတောင်မှ
ပေါက်မြို့နယ် အရှေ့ပိုင်း တနေရာသို့ 

120 - MM  ဟောင်ဝစ်ဇာ  ဖြင့်  ရမ်းသမ်းပစ်ခတ်နေတာ  ၄  ကြိမ် ထက်မနည်း ရှိနေပါပြီ ။

မိဘပြည်သူ များ အကာကွယ်ကောင်း သောနေရာတွင် နေထိုင်ကြပါရန်
8:15PM
Jan 27 ,  10:20PM
Forwarded from Magway Regional Scout Network (YU ATARASHI)
ဝမ်းတွင်း

(28/01/2024)(11:50AM)
ဝမ်းတွင်းမြောက်အထွက်
စခ ငါးကောင်ခန့် အစစ်အဆေးရှိ

#VOW
MRSN
Jan 28 ,  1:00PM
📬သတင်းပို့ရန် @MagwayScoutNetworkBot
မုံရွာမြို့နယ်၊ တောပုပျူစောထီးရွာ အဝင်လမ်းပိုင်းတွင် စစ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ညောင်ဖြူပင်ရွာကို မီးရှို့ဖျက်ဆီးနေ

ရန်ကုန်၊ ဇန်နဝါရီ ၂၈

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာအဝင်လမ်းပေါ်တွင် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က ညောင်ဖြူပင်ရွာကို မီးရှို့ဖျက်ဆီးနေကြောင်း Area 71 Peoples Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၂၈ ရက် နံနက် ၄ နာရီခွဲခန့်က မုံရွာမြို့၊ နမခတပ်အတွင်းမှ တောပုပျူစောထီး ကျေးရွာသို့ Jammer တပ်ဆင်ထားသော ကား ၂ စီး အပြည့်ဖြင့် စစ်အင်အားဖြည့်ရန် လာရောက် သည့် စစ်ကား ၂ စီးကို တောပုရွာအဝင်လမ်းပေါ်၌ ၃ လုံးတွဲမိုင်း ၂ နေရာ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ကားပေါ်က ပြေးဆင်းလာပြီး ရမ်းသမ်းပစ်ခတ်နေသဖြင့် အလျှင်အမြန် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“တောပုရွာဘက်အဝင်လမ်းပေါ့၊ မနက်အစောကြီး အင်အားဖြည့်နေတာ၊ မိုင်းဆွဲပြီးပြီးချင်း ခွေး တွေဘက်က ရမ်းသမ်းပြန်ပစ်နေလို့ ချက်ချင်းပြန်ဆုတ်လာခဲ့ရတာ၊ မိုင်းပွိုင့်စောင့် ရဲဘော်တွေ ဆိုတာ ပြောက်ကျားစနစ်ဆိုတော့ အင်အားမမျှတာလည်းပါတာပေါ့၊ အဲဒါကြောင့် ခွေးသေထိခိုက် စောင့်ကြည့်မနေနိုင်ခဲ့ဘူး” ဟု Area 71 Peoples Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Area 71 Peoples Defense Force မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သာားများက ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့သို့ မုံရွာမြို့နယ်၊ တောပုပျူရွာကို အင်အားဖြည့်တင်းပြီးနောက် စစ်ကြောင်း ၂ ခုခွဲထွက်ကာ ညောင်ဖြူ ပင် ရွာကို မီးရှို့နေကြောင်း၊ ထို့သို့ စစ်ကြောင်းထိုးကာ မီးရှို့နေမှုကြောင့် နဂါးတွင်း ကျေးရွာ၊ ဘုဘ ကျေး ရွာ၊ လယ်တော်ကျေးရွာ၊ ချမ်းသာကျွမ်းကျေးရွာ၊ ညောင်ဖြူပင်ကျေးရွာ တို့အပါအဝင် ကျွန်းကြီး ၆ ရွာ မှပြည်သူများမှာ နံနက် ၄ နာရီခန့်ကတည်းက စစ်ဘေးရှောင်နေ ကြရကြောင်း သိရသည်။

“အခု ညောင်ဖြူပင်ရွာကို မီးရှို့နေတယ်၊ စစ်ကြောင်းက ၂ ကြောင်းထွက်တာ၊ တောင်ဘက်ရော တစ် ကြောင်းထွက်သွားတယ်၊ ပရစ်ကုန်းရွာဘက်လောက်ကျမယ်၊ အဲဒီတစ်ကြောင်းကတော့ ဘာသံ မှ မကြားရသေးဘူး၊ ဖုန်းလိုင်းတွေလည်း ဖြတ်ထားတယ်၊ အနောက်ဘက်ဆင်းတဲ့အုပ်စုက ညောင်ဖြူ ပင် ရွာကို မီးဝင်ရှို့နေတာ၊ ပြည်သူတွေကတော့ မနက် ၄ နာရီလောက်ကတည်း ပြေးနေရတာ၊ ကျ နော်တို့ဘက်ကတော့ သိတဲ့အတိုင်းပဲ၊ စစ်ကြောင်းထိုးနိုင်ချေရှိရင် အကုန်ရှောင်ကြပဲ၊ မုံရွာတောင် နယ် အနောက်တကြော နဂါးတွင်း၊ ဘုဘ၊ လယ်တော်၊ ချမ်းသာကျွန်း၊ ညောင်ဖြူပင်၊ ကျွန်း ကြီး ၆ ရွာပေါ့၊ အခု မနက် စစ်ဘေးရှောင်နေကြရတာ” ဟု Area 71 Peoples Defense Force မှ တာဝန် ရှိသူတစ်ဦးက ပြောဆိုသည်။

Photo - စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေသော ကျေးရွာတစ်ရွာအား တွေ့ရစဥ် (ပုံအဟောင်းဖြစ်သည်)

KhitThitMedia
SSNTIMES
Forwarded from YayPyin (ရေပြင်) (YU ATARASHI)
ဧရာဝတီ ရေပြင်

ရေစကြို

နေ့ခင်းပိုင်း နွယ်နီရွာ ဘုန်းကြီးကျောင်းရောက်‌နေသော မအလ စခ၊ ပခများ ဆိပ်ခြံဘက်မှလာသော သင်္ဘောတစ်စီးပေါ်ရောက်ရှိသွားကာ ခြံယာရွာ အောက်ဘက်နားတွင် ရှိနေကြောင်း၊ မင်းရွာမှ စခ၊ ပခများ နေ့ခင်းပိုင်း ပေါက်တောရွာကို သွားရောက်ပြီး မင်းရွာအတွင်း ညနေပိုင်းက ပြန်ဝင်သွားကြောင်း သိရှိရပါသည်။
(7:00PM

#InfoCommitteeYesagyo
#YayPyin
Jan 29, 7:45PM

📪သတင်းပို့ရန်@YayPyinBot
စကစ လက်အောက်ခံ လျှပ်စစ်ဌာန မှ မုံရွာမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးသန့်ဇင်ဦး နှင့် အကြီးတန်း မီတာစာရေး များ/အပေါင်းအပါများရဲ့ လာဘ်စားမှူ့ နှင့် ပြည်သူအပေါ် ဂုတ်သွေးဆုတ်ယူနေမှု့

29/1/2024 , 8:00 PM

မုံရွာမြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ဦးသန့်ဇင်ဦး နှင့် အကြီးတန်း မီတာစာရေး များမှာ ယခုလို ခေတ်ပျက်ကာလ ကို အခွင့်ကောင်းယူပြီး  လာဘ်ပေးလာဘ်ယူမူ့ကို ပြည်သူအပေါ် ပေါ်ပေါ်ထင်ထင် ပြုလုပ်နေကြပါတယ်။

ယခင်က အိမ်သုံး မီတာ တစ်လုံးကို ၁ သိန်းကျော်သာ ကျသင့်ပေမယ့် ယခု အခါမှာတော့ အိမ်သုံး မီတာတစ်လုံးကို ၈ သိန်းနီးပါးကုန်ကျမှာဖြစ်ပါတယ်။၈ သိန်းနီးပါးကျတာဟာ စကစ က သတ်မှတ် ကောက်ခံ‌ စေတာလားဆိုတော့ မဟုတ်ပါဘူး ခင်ဗျာ‌ စကစ က သတ်မှတ်လိုက်တဲ့ ဈေးနှုန်းက အိမ်သုံးမီတာ(၁) လုံးကို ၂ သိန်းခွဲ ဈေးနဲ့ ယူနှစ်ဖိုး (၂) သိန်း စုစုပေါင်း (၄) သိန်းခွဲဆိုပြီး သတ်မှတ်ပေးထားတာဖြစ်ပါတယ်။

ပြည်သူတွေ အမှန်တကယ် ဆောင်ရမယ့် ငွေကြေးသည် ၄ သိန်းခွဲသာ ဖြစ်သည်။

ယခုကောက်ခံနေသော ၈ သိန်း နီးပါးသည် စစ်ကောက်စီကို သွန်းရငွေ ၄သိန်းခွဲဖြစ်ပြီး ကျန် (၄) သိန်းကိုတော့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ က (၂) သိန်း နဲ့ အကြီးတန်းစာရေးတွေက လက်မှတ်ထိုးပေးဖို့ ယူငွေ (၂) သိန်း ဖြစ်ပါတယ်။

အခုလို အကျင့်ပျက်ချစား လာဘ်ပေးလာဘ်ယူလုပ်နေယုံတင်မဟုတ်ပဲ လျှပ်စစ်သုံးစွဲတဲ့ ပြည်သူတွေအပေါ်မှာလည်း လျှပ်စစ်မီးကို အချိန် အကန့်အသတ်နဲ့ပေးဝေနေပါတယ်။
လျှပ်စစ်ပေးဖို့ အတွက် ဆွဲပေးထားတဲ့ အချိန်ဇယားတွေဟာ စက္ကူရွက်တစ်ရွက်ထက်ပိုမနေခဲ့ပါဘူး။
အချိန်ဇယားတွေ ဆွဲပေးထားတယ်  ဆိုပေမယ့်လည်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာက ခုမီးပိတ်လိုက်ဆိုရင် ခွဲရုံတွေမှာ တာဝန်ကျနေတဲ့ လျှပ်စစ်ဝန်ထမ်းတွေဟာ ပိတ်ပေးရပြီး  မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရဲ့ မတရားအမိန့် စကားကို တွန်းလှန်ရဲတဲ့  လျှပ်စစ် ဝန်ထမ်းတွေဟာလည်း CDM သူရဲကောင်းတွေ ဖြစ်နေကြတော့  မသူတော်အချင်းချင်း ပေါင်းဖက်ခါ ပြည်သူကို နှိပ်စက်ကြပါတော့တယ်။

မီးအချိန်မှန် မရရှိလို့ ပြည်သူတွေ နေ့စဉ် ခံစားနေရတဲ့ ဒုက္ခ ဟာ ပြည်သူတွေရဲ့ အနာဂတ်ကိုပါ ထိခိုက်စေပါတယ် ။ မီးလာချိန် ရေတင်ဖို့ အိမ်မှာ လူပို လိုလာတယ်။
မီးမွေးဖို့ ထင်းဖိုး မီးသွေးဖိုး ကုန်တယ် ထမင်းအိုး ပျက်လို့ ဆန်ဖိုး အလေအလွင့် ရှိတယ်။ တန်ဖိုးရှိလှတဲ့ အချိန်တွေ ပေးရတာက နှမျှောဖို့ ပိုကောင်းပါတယ်။

ခုလို ပြည်သူတွေအပေါ်မှာ လျှပ်စစ်မီးတွေ ခွဲတမ်းကျ မပေးပေမယ့်လည်း လျှပ်စစ်မီး (၂၄) နာရီပေးနေတဲ့နေရာတွေရှိပါတယ်။ တရုတ်ပိုင် စက်ရုံတွေ
အပြင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှ တည်းခိုခန်းတစ်ခုကို သိန်း (၃) ရာ ၊ အပြင်ဆေးရုံတစ်ခုကို သိန်း (၃) ရာဆိုပြီး တောင်းခံထားတဲ့ ဆေးရုံတွေ တည်းခိုခန်းတွေကိုတော့ ၂၄ နာရီ မီးပေးထားတာပဲဖြစ်ပါတယ်။

ပြည်သူဆိုတာ အမြဲ အဖိအနှိပ်ခံ ၊ ပြည်သူဆိုတာ အစိုးရတရပ် စစ်တပ်တခုရဲ့ အနိုင်ကျင့် နှိပ်စက်ရာ  ဖြစ်နေတဲ့ စနစ်ကို အသက်ပေးတွန်းလှန် တော်လှန်ကြဖို့ ခုအချိန်က အခွင့်ကောင်း အချိန်ကောင်း ဖြစ်ပါတယ် လို့ တိုက်တွန်းနိုးဆော်ရင်း .......


#MPDO
"ရက္ခိုင့်တပ်တော်က မင်းပြား ၃၇၉ တပ်ရင်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်၊ တပ်ရင်းမှူး သေဆုံးပြီး အကြမ်းဖက် စစ်သား ၅၃ ဦး အရှင်ဖမ်းဆီးရမိဟု သတင်းများထွက်ပေါ်"

ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ကျန်ရှိနေတဲ့ တပ်ရင်း (၂) ရင်းအနက် ခမရ (၃၇၉) တပ်ရင်းဌာနချုပ်ကို ရက္ခိုင့်တပ်တော် AA က ဝင်ရောက်စီးနင်း တိုက်ခိုက်စဉ် ခမရ (၃၇၉) တပ်ရင်းမှူး သေဆုံးပြီး ဒဏ်ရာရ အကြမ်းဖက် စစ်သား ၅၃ ဦးကို အရှင်ဖမ်းဆီးရမိကြောင်း ရက္ခိုင့်တပ်တော်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ခုအရ သိရှိရပါတယ်။

၎င်းတပ်ရင်းအတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေဟာ တောင်ကို ဂူဖောက်ပြီး အတွင်းမှ ခုခံတိုက်ခိုက်နေတာကြောင့် ရက္ခိုင့်တပ်တော်ရဲ့ အထူး ကွန်မန်ဒို တပ်ဖွဲ့ဝင်တွေက ဝင်ရောက် စီးနင်းကာ ကျားထိုး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

“အဲဒီတပ်ရင်းမှာ တောင်ကို ဖောက်ထားတဲ့ ဂူခေါင်း ၂ ခုရှိတယ်လို့ သိရပါတယ်။ တစ်ခုကို ကျားထိုးရာမှာ တပ်ရင်းမှူးနဲ့ စစ်သားတွေ အများအပြား သေတယ်။ အရှင် ၅၃ ယောက်ကို ဒဏ်ရာတွေနဲ့ ဖမ်းမိတယ်။ အဲဒီအထဲမှာ စစ်တွေဇာတိ အရာရှိတစ်ဦးလည်း ဖမ်းမိတယ်လို့ သိရပါတယ်” လို့ စစ်ရေး သတင်းရင်းမြစ်က ဆိုပါတယ်။

လက်ရှိတွင် တိုက်ပွဲအတွင် ဖမ်းဆီးရမိတဲ့ အကြမ်းဖက် စစ်သားတွေကို မျက်နှာဖုံးစွပ်ကာ အပြင်သို့ ခေါ်ထုတ်သွားပြီဖြစ်ကြောင်း၊

နောက်ထပ် ဂူတစ်ခု ကျန်ရှိနေသေးပြီး ၎င်းဂူအတွင်မှာလည်း စစ်ကောင်စီတပ်က အရာရှိကြီးများ ခိုအောင်းနေသည်ဟု သိရပြီး ၎င်းအရာရှိကြီးများအထဲတွင် မြန်မာစစ်ကောင်စီ ဒုဥက္ကဋ္ဌ စိုးဝင်းရဲ့ ယောက်ဖအရင်းဖြစ်သူ တစ်ဦးလည်း ပါဝင်နေသဖြင့် မင်းပြားတိုက်ပွဲတွင် ကြည်း၊ ရေ၊ လေဖြင့် အသည်းအသန် ခုခံကာကွယ် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရစ်မြစ်တစ်ခုက ပြောဆိုပါတယ်။

မင်းပြားတိုက်ပွဲနှင့် ပတ်သက်ပြီး ဒေသခံ လူမှုရေး တက်ကြွလှုပ်ရှားသူ တစ်ဦးကလည်း ၃၇၉ တပ်ရင်းမှူး သေဆုံးပြီး စစ်သား ၅၀ ကျော်ကို ဒဏ်ရာများဖြင့် ဖမ်းမိသည်ဟု သတင်းထွက်နေကြောင်း ပြောဆိုပါတယ်။

မင်းပြားမြို့ကို ဒီကနေ့ နေ့လယ် ၂ နာရီကျော်က လေယာဉ်ဖြင့် နှစ်ကြိမ် လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့ပြီး နောက်ဆုံး ရရှိတဲ့ သတင်းအရ ဒီကနေ့ ညနေ ၄ နာရီအချိန် ဝန်းကျင်ကလည်း အကြမ်းဖက် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှု ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

#4C_TruthNews
◼️ပြင်ဦးလွင်မှာ PDF အလံစိုက်ထူခံရသဖြင့် ထိတ်လန့်သွေးပျက်နေကြ

၂၉ ဇန်နဝါရီ | နွေဦးအသံ |

ပြင်ဦးလွင်မြို့ ကန်တော်ကြီးပတ်လမ်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ အလံတော်ကို စိုက်ထူသွားသဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပိုမိုထိတ်လန့်သွေးပျက်နေကြတယ်လို့ ဖရဲသီးရင်းမြစ်ဆီမှ သိရပါတယ်။

သင်တန်းသားတွေကို တိုက်ခိုက်ရေးဖွဲ့စည်းပုံထဲ ထည့်ပြီး စုပေါင်းစပ်ပေါင်းတပ်ဖွဲ့ဝင်တွေနဲ့ ခံစစ်ပြင်နေတာကြောင့် ပြင်ဦးလွင်မှ သင်တန်းကျောင်းတွေမှ ထွက်ပြေးနေကြတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ များပြားလျက်ရှိပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်တပ်သင်တန်းကျောင်းမြို့တော်တခုဖြစ်တဲ့ ပြင်ဦးလွင်မှာ ဇန်နဝါရီ ၂၇ ရက်၊ မနက် ၅ နာရီခွဲခန့်က PDF အလံတော်ကို လာရောက်စိုက်ထူသွားတာကြောင့် မြို့သိမ်းခံရတော့မယ့်အပေါ် စိုးရိမ်နေကြလျက်ရှိပါတယ်။

သတင်းတွေကို ပုံမှန်ဖတ်ရှုနိုင်ဖို့
Telegram : https://t.me/VOStelegram
YouTube : https://youtube.com/c/TheVoiceOfSpringTV
ကို Subscribe လုပ်ထားနိုင်ပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီ ပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း Special Air Raid Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ရာ ပျူစောထီး အမျိုးသမီး ၂ ဦး ပြင်းထန်းဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ကန်နီပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးသီး ကျဲချ တိုက်ခိုက်ခဲ့ပြီး ဘန်ကာ ပျက်စီးပြီး ပျူစောထီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Special Air Raid Force နှင့် လျှပ်စီးပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
#3Star
#KTM
#HlaingInfo
Forwarded from Htain Lin Nay (ထိန်လင်း နေ)
မိတ်ဆွေတစ်ယောက်က အခြေအနေလာမေးတယ်။ တော်လှန်ရေး နဲ့ ၂ လပိုင်း ၁ရက်နေ့ ဘယ်လိုလဲတဲ့လေ။

၂ လပိုင်း ၁ ရက်နေ့ အတွက်ကတော့ အပြင်မထွက် ကမ်းပိန်းလုပ်ဖို့ပဲ စဥ်စားထားပါလို့ပဲ ပြောပါရစေ။ အဲ့နေမှာ စစ်ခွေးတွေ သက်တမ်းတိုးတိုး အာဏာသိမ်းသိမ်း မင်းအောင်လှိုင်ကိုပဲ ဖြုတ်ချချ သူတို့တွေ ဘာလုပ်လုပ် တော်လှန်ရေးက ရပ်စရာ အကြောင်းမရှိပါဘူး။ မင်းအောင်လှိုင်ကို ပြည်သူ့လက်ထဲအပ်ပြီး ကျန်တဲ့ကောင်တွေ စစ်တန်းလျား ပြန်မယ်ဆိုရင်တောင် ဒီ အင်စတီကျူးရှင်းနဲ့ တစ်နေ့ ခေါင်းထောင်လာပြီး အာဏာသိမ်းနိုင်သေးလားဆိုတာ စဥ်းစားရမယ်။ ဖြစ်နိုင်ရင် အားလုံးထွက်ခွင့်ပေးပြီး PDF နဲ့ အစားထိုးပြီး တပ်အသစ်ပြန်လုပ်နိုင်မှ လက်ခံသင့်တယ်။ ပြည်သူ့ဘဏ္ဍာထဲက ခိုးထားတာတွေ ပြန်သိမ်းတာအဆုံး အကုန်အသစ်ပဲ ဖြစ်သင့်ပါတယ်။

တော်လှန်ရေး ဘက်ကတော့ အားတက်သရော ရှေ့တိုး ထိုးစစ်တွေ လုပ်နေလို့ ပြည်သူက ထောက်ပံ့မှုတွေ မရပ်တန့်ဖို့ပဲ လိုပါတယ်။

စစ်ဆင်ရေးကို ပြင်ဦးလွင်၊ မန္တလေးနဲ့ နေပြည်တော်ကို ကြေညာထားပေမယ့် ရန်ကုန် PDF ၅၁၀၁ တပ်ရင်းကို NUG က လက်နတ်တပ်ဆင်ပေးလိုက်တော့ ရန်ကုန်မှာလည်း စစ်ရှောင်ဖို့ ကြိုတင်ပြင်ဆင်ထားရင် ကောင်းမယ်လို့ ထင်ပါတယ်။ အဓိက တပ်နဲ့နီးတဲ့ ရပ်ရွာတွေပေါ့။

အခုက နယ်စပ်ဂိတ်တွေအပိတ်ခံရတော့ စစ်အုပ်စုက ဝင်ငွေမရသလောက် ဖြစ်နေပါတယ်။ ဒါကြောင့် ပင်လယ်ဆိပ်ကမ်းကို အသုံးပြုပြီး ဒေါ်လာဖန်တီးနေရတယ်။ ဆန်ဆိုရင် ​​ပြည်ပကိုပို့လိုက်တာ ပြည်တွင်းလိုအပ်ချက်တောင် မချန်တော့မယ့် အနေအထားကြောင့် ဆန်ဈေးက တက်သထက်တက်လာနေပါတယ်။ ​​ပြည်ပကို စွတ်ပို့နေတော့ ပြည်တွင်းမှာ ဆန်မလုံလောက်မှာ စိုးရိမ်မိပါတယ်။ ကုန်သည်တွေ အသိဆုံးပါ။

စစ်အုပ်စု ရပ်တည်ဖို့ အခွန်ငွေအရှာကြမ်းနေတာ ရန်ကုန်က အဓိကဆိုတော့ တော်လှန်ရေး တပ်ဖွဲ့တွေ ဘယ်လိုစဥ်းစားမလဲ မသိပါဘူး။ အခွန်ငွေတွေ၊ မီတာခတွေ၊ တံတားကြေး လမ်းကြေး မြို့ဝင်ကြေး လေလံတွေ၊ လိုင်စင်ကြေးတွေက AUTO Flow နဲ့ ရနေတာဆိုတော့ ပိတ်ဆို့ဖို့ ခက်ပါတယ်။ ကျွန်တော်တို့ ၂ နှစ်လောက် မပေးဘဲ တောင့်ခံခဲ့ပေမယ့် ရပ်တန့်မသွားပါဘူး။ ရသမျှ ဝင်ငွေတွေအားလုံး စစ်ပွဲမှာ သုံးခဲ့တာဆိုတော့ ဆန္ဒပြရုံလောက်နဲ့ ပိတ်ဆို့မရပါဘူး။ လက်နတ်နဲ့ သိမ်းပိုက်မှ ဖြစ်မယ့် အခြေအနေကို စစ်ရေးအရ သုံးသပ်လိမ့်မယ် ထင်ပါတယ်။

မင်းအောင်လှိုင် ရဲ့ အထက်ပိုင်း ဗိုလ်ချုပ်တွေကတော့ စစ်ကို တိုက်ချင်မှာပါ။ ရာထူးနဲ့ လုပ်ပိုင်ခွင့်က မက်လောက်စရာ ဖြစ်နေတာရယ်။ စစ်တပ်က တိုင်းပြည်မှာ အမြင့်ဆုံးချယ်လှယ်ခွင့် ရနေတာကြောင့် သာယာနေတာရယ်။ ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပြီဆို အောက်ဆင်းပြီး စစ်တိုက်စရာ မလိုတာရယ်၊ ကျည်လွတ်မြေမှာ အေးဆေးနေနိုင်တာရယ်ကြောင့် စစ်တိုက်ချင်စိတ် ရှိနေမှာပါ။

ဒါပေမယ့် ခုချိန်မှာ သူတို့မသိတာက စစ်တပ်ဖွဲ့စည်းပုံ...။

အရင်က စစ်ထွက်အင်အား လူ ၁၈၀ ရှိတဲ့ တပ်မှာ တပ်ရင်းမှူး တစ်ဦး...

အခုက ၈၀ ၉၀ နဲ့လည်း တပ်မှူးလုပ်နေကြတော့ အပွင့်တွေသာ တင်ထားတာ ပါဝါက မရှိဘူး။ တပ်ရင်းမှူးလိုပဲ စစ်ကြောင်းမှူးကလည်း မပြည့်ဝတဲ့ စစ်အင်အားနဲ့ စစ်ကြောင်းမှူး လုပ်လိုလုပ်နဲ့ ဖရိုဖရဲ စစ်တပ် ဖြစ်နေပါပြီ။ ဟိုတုန်းက စစ်အင်အား အခြေအနေအရ စစ်တပ်မှာ ဗိုလ်ချုပ်ကြီးသာ အကြီးဆုံး...။ စောမောင်လက်ထက်ရောက်မှ စစ်အင်အား တိုးလာလို့ ဆိုပြီး ဗိုလ်ချုပ်မှူးကြီး ရာထူးကို ယူကြတာ။ အခုလို ပြုတ်ပြုတ်ပြုန်းနေတဲ့ အနေအထားမှာ စစ်အုပ်စုက ရာထူးတွေ လျှော့ချသင့်တဲ့ သဘောပါ။ သူတို့ယူထားတဲ့ ရာထူးနဲ့ အောက်က စစ်သားအရေအတွက်ဟာ အချိုးမညီတော့ပါဘူး။ ဒါပေမယ့် စစ်တိုက်ချင်အောင် ရာထူးတွေ မတန်မရာတိုးပေးပြီး သေဖို့ ရှေ့တန်းလွှတ်နေတာ လက်တွေ့ပါ။

ဆိုလိုတာက ဗိုလ်ချုပ်တစ်ယောက်ဟာ အောက်ကစစ်သားရှိလို့ ဗိုလ်ချုပ်ဖြစ်နေတာပါ။ အောက်ခြေစစ်သားမရှိရင် ဗိုလ်ချုပ်ဆိုတာလည်း မရှိတော့ပါဘူး။ သာမန်လူတစ်ယောက် ဖြစ်သွားပါပြီ။ ဒါကြောင့် ဒေါက်တွေကို သုတ်သင်လိုက်ရင် အထက်က အလိုလိုပြိုပါတယ်။

အခုအခြေအနေမှာ စစ်ဗိုလ်ချုပ်တွေက စစ်တိုက်ချင်နေပြီး အောက်ခြေတပ်တွေက မတိုက်ချင်တော့တာက မြေပြင်မှာ ဖြစ်နေတဲ့ ပြဿနာပါ။ သို့သော် လစာ ရိက္ခာ နေစရာနဲ့ မိသားစုကို တန်ဆာခံလုပ်ထားတာက လုံးလုံး မပြိုသေးတာရဲ့ အဓိကအကြောင်းအရင်းပါ။ ထောက်ချောက်ထဲမှာ စစ်သားတွေကိုထည့်ထားပြီး စစ်တိုက်ခိုင်းနေသလိုပါ။

တော်လှန်ရေး အင်အားစုတွေ အားကောင်းလာပြီး အောက်ခြေစစ်သားတွေကို ထောင်ချောက်မဆင်နိုင်တဲ့ တနေ့ ဖြတ်ကနဲ အပုံလိုက် ပြိုကျမှာပဲ။

အိမ်အိုကြီးကို တို့ပြည်သူတွေ တွန်းဖြိုနေတာ နဲ့နဲ့ပြီး ယိမ်းနေပြီ။ လုံးလုံးပြိုကျဖို့ တစ်ယောက်တစ်လက် နိုင်ရာကနေ ဝိုင်းတွန်းကြပါအုံး။

တကယ်လဲပြိုတော့မှာပါ။

ရပ်ကြည့်မနေကြပါနဲ့လို့ပဲ တိုက်တွန်းပါရစေ။

#htainlinnay
#ထိန်လင်းနေ

https://t.me/+_ddlLy1mgTQzZmU1
မုံရွာမြို့နယ် ထန်းပင်လှကျေးရွာအား အကြမ်းဖက်စခများမှ လူမဆန်စွာ မီးရှို့ဖျက်ဆီး

30/1/2024 , 12:00 PM

မနက် (၄) နာရီခွဲ အချိန်ခန့်တွင် မုံရွာမြို့နယ် သာစည်ရွာဘုရားကြီးအတွင်း ယာယီအခြေပြုထားသော အင်အား (၄၀) ခန့်ပါ စစ်ကြောင်းမှာ ထန်းပင်လှကျေးရွာအား လက်နက်ကြီး/ငယ် များ ဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပါတယ်။
အဆိုပါ ပစ်ခတ်ဝင်ရောက်မှူ့ကြောင့် ကျေးရွာနေပြည်သူများ ဆောင်းဥတု မနက်ခင်းအစောပိုင်းမှာ အေးအေးချမ်းချမ်းနဲ့ အကြမ်းဖက်စခ တွေလက်ကလွတ်အောင်အသက်လုပြေးခဲ့ကြရပါတယ်။
မနက် (၆) နာရီ အချိန်မှာတော့ အဆိုပါ အကြမ်းဖက် စခ များမှ အပြစ်မဲ့ပြည်သူနေအိမ်များကို လူမဆန်စွာ စတင်မီးရှို့ဖျက်ဆီးခဲ့ကြပြီး မနက် ၈ နာရီ အချိန်ခန့်မှာတော့ သာစည်ရွာဘုရားကြီးအတွင်းပြန်လည်ဝင်ရောက်သွားခဲ့ပါတယ်။
အကြမ်းဖက်စခများ မီးရှို့ဖျက်ဆီးမှူ့ကြောင့် ထန်းပင်လှကျေးရွာမှ အပြစ်မဲ့ပြည်သူနေအိမ် (၂၅) လုံးခန့် ‌မီးလောင်ကျွမ်းပျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှတစ်ဆင့် သတင်းရရှိထားပါတယ်ခင်ဗျာ။

သာစည်ရွာဘုရားကြီးအတွင်း ရောက်ရှိနေသော ခန့်မှန်းအင်အား (၄၀) ခန့်ပါ စစ်ကြောင်းမှာ  (၂၂) ရက်နေ့က အရာတော်မြို့ထဲမှ ထွက်လာသော အကြမ်းဖက် စခ များ ဖြစ်ပြီး သာစည်ဘုရားကြီးကို (၂၉) ရက်နေ့က ရောက်ရှိလာကြောင်းဒေသခံများထံမှတစ်ဆင့် သတင်းရရှိထားပါတယ်။
ရေစကြို

မအလ စခ ၃/၄ ကောင်နှင့် ပျူခွေး ၂၅ ကောင်ခန့် ယနေ့ ညနေပိုင်း  ရေစကြိုမြို့၊ အမှတ် ၈၊ သုခဝတီရပ် ကပ်ကျော်ကျောင်းတိုက်အတွင်း ပြန်လည်တပ်စွဲပြီး မူးရူးသောက်စား ရမ်းကားကာ သေနတ်များ ပစ်ဖောက်နေကြကြောင်း သိရှိရပါသည်။30.1.24