ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
‼️Breaking News - ဆီဆိုင်မြို့ ရဲစခန်းကို PNLA သိမ်းပိုက်‼️

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ ရဲစခန်းကို ဇန်နဝါရီလ ၂၄ ရက် ဒီကနေ့ ညပိုင်းတွင် PNLA တပ်တွေက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။

ဒီကနေ့ ညနေပိုင်းက ဆီဆိုင်တောင်ပိုင်း ပုံလောင်းဒေသကို အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းမှ လာရောက်ဗုံးကြဲပြီးနောက် ဆီဆိုင်မြို့အတွင်း တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကာ ည (၇) နာရီ ဝန်းကျင်တွင် ရဲစခန်း အသိမ်းခံရခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောဆိုပါတယ်။

#4C_TruthNews
Forwarded from Hlaing Info
တိုင်းပြည်ကိုလည်းချစ်ပါ၊ မိသားစုကိုလည်းမြတ်နိုးပါ.
+++++++++++++++++++++++++++++

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့
အာဏာစသိမ်းလိုက်တော့. တပ်ထဲမှာ အများစုကပျော်ကြတယ်။

ငါတို့ဘဘကြီး လုပ်နိုင်တယ်၊
ငါတို့ဘဘကြီးသာ သမ္မတဖြစ်ရင် ငါတို့စစ်သားတွေဘဝ လူမွေးလူတောင်ပြောင်မယ်၊
စစ်သားဆိုတာနဲ့ ပြည်သူတွေကြား ခေါင်းမော့ရင်ကော့နိုင်တော့မယ်၊
စီးပွားရေးတွေ တဟုန်ထိုး တိုးတက်လာမယ်၊
ဘာသာတရားလည်း ပိုထွန်းကားလာတော့မယ် ဘာညာပေါ့လေ။

ပညာနည်းနည်းတတ်ပြီး တွေးခေါ်တတ်တဲ့ အရာရှိတွေ၊ စစ်သည်တွေကတော့ အနာဂတ်အရေးတွေးပြီး ရင်လေးနေခဲ့ကြတယ်။

ဒီမိုး ဒီလေ ဒီလူတွေနဲ့တော့ အရာအားလုံး ပျက်စီးတော့မယ် ဆိုတာ ခံစားမိနေခဲ့ကြပြီးသား။

ကျွန်တော်တို့တပ်ကထွက်စဉ်တုန်း ဘယ်ကုမ္ပဏီ ဘယ်လုပ်ငန်းလုပ်လုပ် တပ်ထွက်အဖြစ် လေးလေးစားစား ဆက်ဆံခံရတယ်၊ နေရာလည်းရခဲ့ကြတယ်။

လူတွေရဲ့ချစ်ခင်ယုံကြည်မှုကိုလည်း ခံခဲ့ကြရတယ်။

အခုဆိုရင်..
စစ်တပ်ဆိုတဲ့အသံကြားတာနဲ့တင် လူတွေက ရွံရှာစက်ဆုပ် မုန်းတီးတဲ့ မျက်လုံးတွေနဲ့ ကြည့်ကြတော့တာပဲ။ ဘယ်နေရာသွားသွား ပုန်းလျှိုးကွယ်လျှိုးနဲ့ ကိုယ့်ဘဝအမှန်ကိုတောင် ချပြဖို့မဝံ့ရဲတော့တဲ့ ဘဝတွေနဲ့။

တနေ့က တပ်ထွက်အသိတယောက် ပစ်သတ်ခံရတော့ လူတွေအားလုံးက ပျော်နေကြတယ်။

ပျော်မှာပေါ့လေ မအလနောက်လိုက်ဆိုတာနဲ့တင် တံတွေးခွက်မှာ ပက်လက်မျောပြီးသား မဟုတ်လား။

ဒါဟာ ပြည်သူတွေကြားထဲက ကျွန်တော်တို့ဘဝတွေရဲ့ တကယ့်အဖြစ်မှန်..။

တပ်ထဲမှာတုန်းက ကျက်လိုက်ရတဲ့ ကျင့်ဝတ်ခြောက်ဆယ်ဆိုတာ စာအုပ်ထဲက ဒဏ္ဍာရီများလားပဲ။

တနေ့ ခရီးသွားတော့ လမ်းမှာကားပေါ် လာတက်စစ်တဲ့ စစ်သားတွေဆိုတာ ဂျပန်ခေတ်က ဖက်ဆစ်အဘတွေများလား အောက်မေ့ရတယ်။ မနေနိုင်လို့ ဝင်ပြောတော့ သားအရွယ်ရှိတဲ့ စစ်သားက ခင်ဗျားက ဘာကောင်လဲ သေချင်လို့လား ဆိုပဲ။

ဘာတွေဖြစ်ကုန်တာလဲ မင်းအောင်လှိုင်..။

တလောတုန်းက မိတ်ဆွေတယောက် တိုးတိုးတိတ်တိတ်လာပြောတယ် ကျွန်တော့်သားမက် ရှေ့တန်းထွက်နေတာ နှစ်နှစ်ကျော်ပြီ၊ ဘာသတင်းမှမရလို့ သမီးက တငိုငိုတရီရီနဲ့ ဖြစ်နေလို့၊ အဆက်အသွယ်ရှိရင် စုံစမ်းပေးပါဦး၊ တပ်ကထွက်လို့ရအောင်ရော လုပ်ပေးလို့ရမလား၊ လိုက်ရမယ်ဆိုလည်း ဘယ်လောက်ကုန်ကုန်   ခြံရောင်းပြီးပေးပါ့မယ် တဲ့။

ဪ..ဟိုတချိန် သူ့သမီးမင်္ဂလာဆောင်တုန်း

ငါ့သားမက်က စစ်တပ်အရာရှိ ဗိုလ်ကြီးလေကွာဆိုပြီး အရပ်တကာ ပတ်ကြွားနေတဲ့ မျက်နှာနဲ့တခြားစီ။ မြေးလေးချီရင်း မျက်ရည်လေးစမ်းစမ်းနဲ့မို့ သံဝေဂရမိပါရဲ့။

ဘာတွေဖြစ်ကုန်ပြီလဲ မင်းအောင်လှိုင်.။

ဒေါ်လာဈေး ရွှေဈေးက သုံးဆ၊ စက်သုံးဆီနဲ့တကွ စားသောက်ကုန်တွေက လေးငါးခြောက်ဆတက်။

စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဝင်ငွတွေေက အဝီစိထိုးကျ။
သူခိုး၊ ဓားပြ၊ မုဒိန်း၊ လူသတ်ကောင်တွေက လမ်းတွေပေါ်မှာ ပေါ်ပေါ်ထင်ထင် လုယက်လူသတ်ပါမစ်ရ။

ဘာတွေဖြစ်ကုန်ကြတာလဲ မင်းအောင်လှိုင်။

သာသနာဘက်လှည့်ကြည့်တော့လည်း.

သေနတ်ကိုင်တဲ့ ဘုန်းကြီးတွေ၊ လူထုအပေါ် အကြမ်းဖက်ရေးတရားဟောနေတဲ့ အရေခြုံ သင်္ကန်းဝတ်တွေ၊ သမိုင်းထဲကဘုရင်တွေပါဆွဲထည့်ပြီး မအပ်မရာမြှောက်ထိုးကော်ပင့်ရင်း

ဟင်းပွဲသုံးရာ၊ ဒေါ်လာအလန်းဇယားတွေနဲ့ သာသနာကို ခုတ်ထစ်ရောင်းစားနေတဲ့ စမိုင်းလင်းကိုယ်တော်တွေက (တိုင်းပြည်ဘုန်းဘုန်းလဲပြိုကျနေချိန်မှာ) တပြုံးပြုံးနဲ့ အောင်ပွဲခံနေကြ။

ဘာတွေဖြစ်ကုန်ကြတာလဲ မင်းအောင်လှိုင်။

တလောတုန်းကလည်း မိသားစုချင်း ရင်းနှီးတဲ့ တပည့်အရာရှိတယောက်ရဲ့ ဇနီးနဲ့ အမှတ်မထင်ဆုံမိတော့ အကဲစမ်းရင်း မေးလိုက်မိတယ်.
ဟိုကောင် CDM လုပ်လာတာလားပေါ့.

ရင်းနှီးတဲ့သူတွေချင်း အခုမှတွေ့ရတော့ ချုံးပွဲချငိုပါလေရော။
CDM လုပ်ဖို့ ကြိုးစားနေတုန်းမှာပဲ ယောက်ျားက တိုက်ပွဲကျသွားကြောင်း.

သေတာကိုတောင် တပ်က အသိမပေးကြောင်း.

PDF တွေဖုန်းဆက်မှ သိပြီး နာရေးကိုလည်း တလကျော်ကြာမှ အများနဲ့ပေါင်းလုပ်ရကြောင်း အလောင်းလည်းပြန်မမြင်ရကြောင်း.
ဇာတိရပ်ရွာပြန်တော့လည်း ဘယ်သူ့ကိုမှ အသိမခံရဲခဲ့ကြောင်း.

သိတဲ့သူတွေကလည်း မိမိကိုသာမက မိမိသားလေးကိုပင် ကလေးချင်း ရွံရှာသလို ဝိုင်းကြဉ်ကြတာ ခံခဲ့ရကြောင်း..

ဇာတိမြို့ဘက် တိုက်ပွဲဖြစ်တော့ ဒီဘက်ကိုစစ်ရှောင်တွေနဲ့အတူ ပြေးလာရကြောင်း.

ဒီဘက်ရောက်တော့လည်း ကလေးကို အဖေအကြောင်း မပြောမိအောင် သင်ပေးထားပြီး ဇာတ်မြှုပ်နေရကြောင်း. အခုအလုပ်လိုက်ရှာနေရကြောင်း.  

စသည်ဖြင့်ဇာတ်ပေါင်းတော့ စိတ်ထဲမကောင်းတာနဲ့ တတ်နိုင်သလောက်အကူအညီပေး၊ အားမငယ်ဖို့ ဖြေသိမ့်ပေးရုံကလွဲပြီး ဘာမှမတတ်နိုင်။
ဘာတွေဖြစ်ကုန်ကြတာလဲ မင်းအောင်လှိုင်။


တကယ်တော့.
၂၀၂၁ ကတည်းကတည်း ပြည်သူတွေဟာ သူတို့ဆန္ဒကိုလေးစားဖို့၊ ပြည်သူ့ဘက်ကနေရပ်တည်ဖို့ (သွေးမြေခချိန်မှာတောင်) တပ်မတော်သားတွေကို တောင်းပန်ရင်း တောင်းဆိုခဲ့ကြတာပါ။

မအလနဲ့လက်တစ်ဆုပ်စာ အာဏာရူးတွေက သဘောထားသေးသိမ်ယုတ်မာသလောက် ပြည်သူတွေက စစ်သားတွေအပေါ် သဘောထားကြီးစွာ လက်ကမ်းကြိုဆိုခဲ့ကြဖူးပါတယ်။

ပြည်သူဘက် အချိန်မရွေးဝင်လာနိုင်အောင် တံခါးတွေလည်း ဖွင့်ထားခဲ့ကြဖူးတယ်။

စစ်မြေပြင်မှာတောင် စစ်သုံ့ပန်းတွေကို လူ့ဂုဏ်သိက္ခာနဲ့အညီ အသက်ရှင်သန်ဖို့ အခွင့်အရေးတွေ ပေးခဲ့ကြဖူးတယ်။

အခုချိန်ထိလည်းတံခါးတွေ ဖွင့်ထားဆဲ၊ ဖွင့်ထားမြဲ။
တံတားဦး

တံတားဦးလေတပ်မှ Fighter Jet (1)စီး အနောက်မြောက်အရပ်သို့ ပျံတက်။

#NAS
Jan 25, 2:03AM
📡သတင်းပို့ရန် @infonas
🟥 မရမ်းကုန်း
*
လှိုင်သာယာမှ သမိုင်းလမ်းဆုံသို့လာတဲ့ဘက်အခြမ်း သမိုင်းခုံးကျော်တံတားမှာ ယာဉ်အစစ်အဆေးရှိ
*
9:44 PM
📬 @Inform_RSN
⚠️မိတ္ထီလာ

ရှမ်းတဲလေတပ်မှ K8W Jet Fighter 1 စင်း တောင်သို့ ပျံသန်း။

#EAR #WaiHin
Jan 25, 7:39 AM
📫သတင်းပို့ရန် @WaiHinBot
တံတားဦး ⚠️

တံတားဦးလေတပ် မှ နောက်ထပ် ဂျက်ဖိုက်တာ တစ်စီး အနောက်  သို့ ပျံတက် ။

#WaiHin
Jan 25, 6:40 PM
📫သတင်းပို့ရန် @WaiHinBot
မိတ္ထီလာ

မိတ္ထီလာမြို့နယ်ဖြတ်၍ Y-12 Military Transport Aircraft 1 စီး အ‌နောက်မြောက်သို့ ပျံသန်း။

#EAR
#WaiHin
Jan 25, 8:25PM
📫 သတင်းပို့ရန်@WaiHinBot
🌻မင်္ဂလာနံနက်ခင်းလေးပါ🌻

ဓမ္မဘက်တော်သား

တစ်ယောက်စီတိုင်းအပေါ်

ကောင်းခြင်းအဖြာဖြာကျရောက်ပါစ
ေ။

📪သတင်းပို့ရန်@YayPyinBot
ရေစကြို

ရုံးပေါင်းစုံအတွင်းမှ မအလ စခများ ယနေ့ ညပိုင်း ၇ နာရီ ဝန်းကျင်အချိန် လက်နက်ကြီးများဖြင့် မနားတမ်းယမ်းကား ပစ်ခတ်နေ။
Jan 26
မြိုင်မြို့ပေါ် မန်းလေးဂိတ်တွင်စခများ မှ သေနတ် (2)ချပ်ဖောက်ဟုသိ့ရ
26.1.24/8:07pm
ရခိုင်/ ရမ်းဗြဲ⚠️


မကွေး လေတပ်တက် ဂျက်ဖိုက်တာ တစ်စီး ရမ်းဗြဲနယ် တစ်နေရာ သို့ 8:25 PM အချိန်ထဲက 8:39 PMချိန်ထိ ဝဲပျံပြီး အရှေ့ဘက် အမ်းဘက်သို့ ဦးတည် ပျံသန်းသွား ။

#WaiHin
Jan 26, 8:39 PM
📫သတင်းပို့ရန် @WaiHinBot
မြိုင်မြို့ပေါ်မှစခများမှ လက်နတ်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်းသိ့ရ 26.1.24/9:20Pm
T.W copy. 3 star
ဝက်လက်⚠️

တံတားဦးလေတပ် မှ  ဂျက်ဖိုက်တာ တစ်စီး ဝက်မြို့နယ် အရှေ့ခြမ်းပေါ် ဖြတ်၍ မြောက် သို့ ပျံသန်း။

#WaiHin
Jan 27, 12:07PM
📫သတင်းပို့ရန် @WaiHinBot
Forwarded from လူထုခေတ်
မြေပုံမြို့နယ်၊ယောချောင်းဗျူဟာကုန်းနှင့်စခန်းကုန်းများကို ရက္ခိုင့်တပ်တော်-AA ကတိုက်ခိုက်သိမ်းပိုက်၊စစ်ကောင်စီတပ်သာများ စခန်းစွန့်ကာဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ခဲယမ်းမီးရှို့ထွက်ပြေး

ဇန်နဝါရီ ၊ ၂၇ ၊ ၂၀၂၄
လူထုခေတ်

ရက္ခိုင်ပြည်နယ်၊မြေပုံမြို့နယ်တွင် စစ်ကောင်စီ၏ ယောချောင်းဗျူဟာကုန်းနှင့် စခန်းကုန်း များကို ရက္ခိုင့်တပ်တော်-AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သားများက ၁၂၂ ဟောင်ဝစ်ဇာ အမြောက်နှင့် လက်နက်ခဲယမ်းများကို မီးရှို့ပြီး စခန်းစွန့် ထွက်ပြေးသွား ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က တရားဝင် သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက မြေပုံမြို့နယ်ရှိ စစ်တပ်၏ ယောချောင်း ဗျူဟာကုန်းတစ်ခုကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း၊ စစ်တပ်က “ယောချောင်းဗျူဟာကုန်း” နှင့် ၎င်းအနီးအနားရှိစခန်းကုန်းများမှ ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက်များအပါအဝင် လက်နက်ခဲယမ်းများကိုပါ မီးရှို့ ဖျက်ဆီး ခဲ့ပြီး စခန်းကိုစွန့်ကာ စစ်သင်္ဘော ၂ စီးဖြင့် ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“တော်လှန်ရေးအဖွဲ့တွေအားဖြင့် စစ်ရေးအရ အားသာမှုအများကြီးရှိတယ်။ကျနော်တို့အဖွဲ့တွေကိုတောင်မှ စကစ ကနေ CDM လုပ်ဖို့ဆက်သွယ်လာတာမျိုးတွေရှိတယ်။ကျနော်တို့ဘက်မှာလည်း အခက်ခဲတွေက အင်တာနက်မရတာ လိုင်းအဖြတ်ခံထားရတာတွေရှိတယ်။ပြောရရင်တော့ ရက္ခိုင်မှာ တော်တော်များများ သူတို့(စကစ)အဝိုင်းခံထားရပြီ လက်နက်ချမှပဲ ရမယ်။ကျနော်တို့အနေနဲ့က ကျန်ရှိနေတဲ့ စစ်သားတွေကို ပြည်သူ့ရင်ခွင်ကို ခိုလှုံစေချင်တယ်။သူတို့လုပ်နေတဲ့အလုပ်က တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်နေတာလား။ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေတာလားဆိုတာသိသင့်ပြီထင်ပါတယ်။စစ်ကောင်စီ လက်တဆုပ်စာခေါင်းဆောင်ပိုင်းရဲ့ အကျိုးစီးပွားကို ကာကွယ်နေမယ်ဆိုရင်တော့ သူတို့လုပ်တဲ့လုပ်ရပ်ကလွဲနေပြီဆိုတာကို အချိန်ကာလအားဖြင့်သိမြင်နိုင်မှာပဲဖြစ်တယ်လို့ မြင်ပါတယ်”ဟု PIA/PIO(ပြည်သူ့လွတ်လပ်ရေးတပ်တော်/ပြည်သူ့လွတ်လပ်ရေးအဖွဲ့)မှ ဗဟိုကော်မတီဝင် ရဲဘော်မိုးနေလ က သုံးသပ်ပြောဆိုထားသည်။

ထိုသို့ စခန်းစွန့်ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော်- AA က လိုက်လံချေမှုန်း တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ပေါ်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်အချို့ ထိခိုက်၊ သေဆုံးမှုများရှိခဲ့ကြောင်း သိရှိရသည်။

#တိုက်ပွဲ #ရက္ခိုင့်တပ်တော် #AA #arakanarmy #ရခိုင် #စကစ #စစ်ကောင်စီ #လူထုခေတ်


အောက်ပါလင့်ခ်တွင် ရုပ်/သံ ဝင်ရောက်ကြည့်ရှူနိုင်ပါသည်။

https://fb.watch/pQfT0zBgTc/?mibextid=Nif5oz
ရေစကြို


ယမန်နေ့ 26.1.24 ရက်နေ့ည 7:00 pm မအလ စခများ ရုံးပေါင်းစုံအတွင်းမှ ရမ်းကားပစ်ခတ်သော လက်နက်ကြီးကြောင့် ညောင်ဇောက်ရွာအနီးက တဲတစ်လုံးအနီး ကျရောက်ပေါက်ကွဲပြီး မိသားစုဝင် (၃) ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရပါသည်။

#InfoCommitteeYesagyo
MRSN
Jan 27 ,  12:25PM
📬သတင်းပို့ရန် @MagwayScoutNetworkBot
တံတားဦး

တံတားဦးလေတပ်မှ Fighter Jet (1)စီး အနောက်မြောက်အရပ်သို့ ပျံတက်။

#NAS
Jan 27, 5:07PM
📡သတင်းပို့ရန် @infonas
Forwarded from HTY Scout Channel
လှိုင်သာယာ🛑

86ဂိတ်ဟောင်းကနေ အုန်းတောဘက် ဆရာစံလမ်းမပေါ်က စစ်ကား တစ်စီး ဖြတ်သွား။
သုံးဘီး 10စီးခန့် ဖမ်းဆီးသွားသည်ဟုသိရသဖြင့် သတိထားသွားလာကြပါ ။

05:10 PM
@HTYinfo12
မုံရွာမြို့နယ်ရှိ ညောင်ဖြူပင် ရဲစခန်း၊ တောပု ပျူစောထီးရွာနှင့် ရွှေဘိုမြို့နယ်ရှိ ညောင်ကိုင်းပျူစောထီးရွာတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းနှင့် တောပုပျူစောထီးကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းခရိုင် အမှတ် ၄ တပ် ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဇန်နဝါရီလ ၂၄ ရက် နံနက် ၅ နာရီခန့်မှ စတင်ပြီး နံနက် ၉ နာရီ မိနစ် ၃၀ ခန့်အထိ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်း၌ အထိုင်ချတပ်စွဲထားသော စစ်သား၊ ရဲများကို “Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wing Drone များဖြင့် AIR BOMB ၇ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတိအကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“တိုက်ခိုက်ခဲ့တဲ့ ၂ နေရာလုံးက ပြန်ပစ်တာတော့ရှိပါတယ်၊ ကျနော်တို့ရဲဘော်တွေအားလုံး ဘေးကင်း ပါတယ်” ဟု စစ်ကိုင်းခရိုင် အမှတ် ၄ တပ် ရင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

အလားတူ ဇန်နဝါရီလ ၂၄ ရက် ညနေ ၃ နာရီခန့်မှ ၅ နာရီ မိနစ် ၃၀ အချိန်အထိ မုံရွာမြို့နယ်၊ တော ပု ပျူစောထီးကျေးရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို “Shar Htoo WAW” နည်းပညာ တိုက်ခိုက်ရေး Fixed Wings Droneများဖြင့် AIR BOMB ၈ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား၊ ပျူစောထီး ၄ ဦး အပြင်းထန် ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF/MSDF နှင့်အတူ ညီနောင် မဟာ မိတ်များ ဖြစ်ကြသော မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း- မြေလတ် PDF၊ မြင်းခြံခရိုင် အမှတ် ၈ တပ် ရင်း - NRDF၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း-တပ်ခွဲ ၂ ၊ မုံရွာခရိုင်အမှတ် ၇ တပ်ရင်း ၊ Special Guerilla Force Monywa ၊ မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်း နှင့် CHAUK PDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူရွာရှိ စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Buffalo Solider Freedon Force (Drone) တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်က ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူရွာရှိ ဘုရားဝန်းအတွင်း တပ်စွဲကာ အထိုင်ချထားသော စစ်ကောင်စီဘန်ကာကို ပန်ကာ ၄ လက် ဒရုန်းဖြင့် ၆၀ မမ ဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ဘန်ကာအတွင်းရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိ ခိုက်သေဆုံးမှုရှိနေသော်လည်းအတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Buffalo Solider Freedon Force (Drone) တပ်ဖွဲ့၊ အရာတော် Rocket (LPDF) ပြောက်ကျာတပ်ဖွဲ့နှင့် Magic Drogan ပြောက်ကျားတပ်ဖွဲ့ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။
Forwarded from Magway Regional Scout Network (YU ATARASHI)
မြင်းခြံ

🔺မနေ့ညက KTVမှ ပြန်လာသည့်လူငယ်၅ဦးကို ပျူများမှ ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခဲ့။

-၄ဦးမှာ တောင်သာမြို့နယ်မှ ဖြစ်ပြီး၊၁ဦးမှာ မြင်းခြံမြို့၊အမှတ်၂ရပ်ကွက်မှ ဖြစ်။

#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
MRSN
Jan 27 ,  6:30PM
📬သတင်းပို့ရန် @MagwayScoutNetworkBot
မြိုင်မြို့နယ် ကန်နီပျူရွာ အားယနေ့မနက် ပိုင်းကပြည်သူကာကွယ်ရေးအဖွဲ့များမှ လတ်နတ်ကြီး l Rocket
များဖြင့်တိုက်ခိုက်ခဲ့ရာ ကန်နီကျေးရွာပျူခေါင်းဆောင် ကျော်ဆန်းဝင်း ညီ ဖြစ်သူ ပျူ ရဲမြင့်ဇော် ၏ နွားတစ်ကောင် သေဟုသိ့ရ
27.1.24/ 3 star
တံတားဦး

တံတားဦးလေတပ်မှဂျတ်ဖိုတ်တာတစ်စီးဖြင့်ထီးချိုင့်မြို့နယ်တ​နေရာတွင် (5:45PM) ခန့်က လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ဟုသိ့ရ
Jan 27, 6:03PM