ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
(စက်သုံးဆီမျှောစနစ်ရဲ့ အခက်အခဲများ)

Importer တွေ တရားဝင်တင်သွင်းတဲ့ စက်သုံးဆီကို  ပြည်သူတွေသုံးစွဲဖို တစ်ခြားမြိုတွေဆီ သယ်ယူ ပိုဆောင်တာကို မလိုလားအပ်တဲ့ မျှောစနစ်လုပ်လိုက်တော့ ဂိတ်ကြေးတွေ ဈေးတက်၊ မျှောမပါရင် ရဲဖမ်း ငွေတောင်း၊ တရားဝင်စက်သုံးဆီကို တရားမဝင်သယ်ဆောင်သူအဖြစ် တရားခံအလိုလိုဖြစ်ပြီး စက်သုံးဆီ လုပ်ငန်းရှင်တွေ ဒုက္ခရောက်နေကြပါတယ်။

ပြည်သူတွေ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ် အလူးအလဲ ခံစားနေရတာ၊ ကုန်ပစ္စည်းတွေ သယ်ယူပိုဆောင်ရေး မချောမွေ့မှုနဲ့ စက်သုံးဆီဈေးနှုန်း မတန်တဆမြင့်တက်နေရခြင်းဟာ အဓိကအချက်ဆိုတာ တာဝန်ရှိသူတွေ သိသင့်ပါတယ်။

စက်သုံးဆီ မူဝါဒအလွဲအမှားကြောင့် စက်သုံးဆီတစ်လီတာ ဈေးနှုန်းဟာ ပင်လယ်ဝရောက်ချိန်မှာ  နိုင်ငံတကာ ပေါက်ဈေးအတိုင်းဖြစ်ပေမယ့် သုံးစွဲသူပြည်သူတွေလက်ထဲရောက်ရှိချိန်မှာ စက်သုံးဆီ တစ်လီတာဈေးနှုန်းဟာ နိုင်ငံတကာပေါက်ဈေးထက် ၇ ဆ မှ ၁၀ ဆအထိ မြင့်တက်နေရခြင်းဟာ မျှောကုန်ကျစရိတ်၊ လမ်းခရီးဂိတ်ကြေးနဲ့ မြိုရွာအသီးသီးက နယ်ထိန်းရဲတွေကို ဆတ်ကြေးပေးရခြင်း ကြောင့် ဖြစ်ပါတယ်။

ဌာနဆိုင်ရာ အောက်ခြေအဆင့်ဆင့်ရဲ့ ပြည်သူတွေအပေါ် ဝန်ဆောင်မှုညံ့ဖျင်းပြီး ကောင်းရောင်း ကောင်းဝယ် လုပ်စားသူတွေဆီက ငွေကြေးမတန်တဆတောင်းခံနေခြင်းတွေကြောင့် ပြည်သူများက အစိုးရအပေါ် နာကြည်းမုန်းတီးနေကြပါတယ်……
#ခငညိုချော
Forwarded from Magway Regional Scout Network (YU ATARASHI)
တောင်သာ

လယ်ကွက်ကြီးလမ်းဆုံ ပေါက်ကွဲမှုဖြစ်ပွားပြီး စခ၊ရခ ဆိုင်ကယ် ၇စီး၊ ကား ၄စီးဖြင့် အင်အားအများအပြားရောက်ရှိကာ လမ်းသွားလာများအားစစ်ဆေးနေ..

တောင်နီတာတောင်ပေါ်၊ နဘဲကန် ဆည်လမ်းခွဲ၊ ကျောက်ချောဇရပ် တို့တွင် စခ ကင်းပုန်းများရှိနေ

ပြည်သူများသတိထားသွားလာကြပါ

လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာ
MRSN
Jan 22 ,  11:40AM
📬သတင်းပို့ရန် @MagwayScoutNetworkBot
ယင်းမာပင်မြို့နယ်၊ လက်တောင်းငယ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၁၇ ဦး ထက်မနည်းသေဆုံးကာ သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လက်တောင်းငယ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၇ ဦးသေဆုံးကာ သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်ထောင် စုလွတ်မြောက်ရေးတပ်ဦး (ULF)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၂၁ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၃၀ ခန့်က အင်အား ၈၀ ခန့်ဖြင့် ပုလဲမြို့ဘက်သို့ တက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ယင်းမာပင် - ပုလဲ- ဆားလင်းကြီး ၃ မြို့ နယ်အစပ် လက်တောင်းငယ်ကျေးရွာအနီးအရောက် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၄ နာရီခန့်ကြမြင့်ခဲ့ပြီးစစ်ကောင်စီတပ်သား ၁၇ ဦး မျက်မြင်သေဆုံးခဲ့ပြီး အများအပြား ဒဏ် ရာ ရရှိခဲ့ကြောင်း သိရသည်။

“ထွက်လာတုန်းက အင်အား ၈၀ ကျော်နဲ့ထွက်လာတာ၊ သေတာက မျက်မြင်သေတာ ၁၇ ဦးရှိတယ်၊ ဒဏ်ရာရတယ်တဲ့သူတွေလည်းရှိတယ်၊ အခုကတော့ အဲဒီစစ်ကြောင်းက ပုလဲမြို့ထဲဝင်သွားပြီ၊ ကျနော်တို့ဘက်က ထိခိုက်ဒဏ်ရာရရှိတဲ့ ရဲဘော်တွေ မစိုးရိမ်ရပါဘူး” ဟု ပြည်ထောင် စုလွတ် မြောက်ရေးတပ်ဦး (ULF)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြား သည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ အသုံးပြုသော MA (3) သေနတ် တစ် လက်၊ RPG အဖူး ၄ ဖူး၊ 60 အဖူး ၄ ဖူး၊ 40 မမ ဗုံး သီး ၁၅ လုံး၊ 5.56 ကျည် အတောင့် ၂၀၀၀ ကျော် နှင့် ခဲယမ်း ပစ္စည်းအစုံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ခရိုင်ကွပ်ကဲရေး၏လမ်းညွှန်မှုဖြင့် ပြည်ထောင်စုလွတ်မြောက်ရေး တပ်ဦး -ULF (ခရိုင် ပကခ တိုက်ခိုက်ရေးစစ်ကြောင်း) ၊ ဒေသခံ LPDFများ နှင့် တပ်ရင်းတပ်ဖွဲ့များပူးပေါင်း ကာ တိက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ULF (ခရိုင် ပကခ တိုက်ခိုက်ရေးစစ်ကြောင်း) မှ ရဲဘော် ၅ ဦး အသက် အန္တရာယ် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် မုံရွာမြို့မှ ညောင်ပင်ကြီးဘက်သို့ ကူးတို့ဖြင့်ကူးကာ ဆားလင်းကြီးမြို့နယ်အတွင်း ၃ ရက်ကြာ လှည့်လည်အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ခဲ့ပြီး ပုလဲ မြို့ဘက်သို့ ဆက်လက်ထွက်ခွာလာခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်းသေဆုံးခြင်းမရှိသည့် စစ် ကောင်စီ တပ်သားများမှာ ပုလဲမြို့ပေါ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
🔴 လှိုင်သာယာ 🔴

အနောက်ပိုင်း ပေါက်ကွဲမှု ထပ်မံဖြစ်ပေါ်။
22.1.24
8:53PM
copy 3 star
အမှတ် (၁၄) စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊ အမှတ် (၁၆) စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သော်ဇင်ဦး တို့ကို လားရှိုးမှ နေပြည်တော်သို့ ခေါ်ယူပြီး စစ်ခုံရုံးဖွဲ့ စစ်ဆေးကာ ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

"ခုရက်ပိုင်း အမိန့်ချတာပါ၊ ၃ ဦးက သေဒဏ်၊ ၃ ဦးက တစ်သက်တကျွန်း၊ နာမည် အတိအကျရရင် ထပ်ပြောပါ့မယ်" ဟု သတင်းရင်းမြစ်က ရှင်းပြသည်။

အမှတ် (၁၂) စစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း (သေဆုံးဟု MNDAA က ကြေညာခံရသူ) လည်း စစ်ခုံရုံးတင် စစ်ဆေးခံနေရပြီး ၎င်း၏ ကံကြမ္မာကိုမူ မသိရှိရသေးကြောင်း ဆိုသည်။

နေပြည်တော် စစ်ရုံး၏ သဘောတူညီမှုဖြင့် လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ် ၆ ဦးကို ယခုကဲ့သို့ ပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်ခဲ့မှုကြောင့် တပ်တွင်း ဝေဖန်မှုများစွာ ပေါ်ပေါက်နေသည်ဟု သတင်းရင်းမြစ်က ဆက်ပြောသည်။

ယင်းသမိုင်းဝင် လူ ၄၀၀၀ ကျော် လက်လက်ချမှုကြောင့်စစ်တပ်၏ လက်နက်ခဲယမ်း ယာဉ်ယန္တရား အများအပြား ဆုံးရှုံးခဲ့ရပြီး ကိုးကန့် ခေါင်းဆောင်များနှင့် လက်နက်ချ ဗိုလ်မှူးချုပ် ၆ ဦး ထမင်းလက်ဆုံစားခဲ့သဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကြီးအကျယ် ဒေါသပေါက်ကွဲခဲ့သည်ဟု သိရသည်။

#Shannews
#HlaingInfo
🔴 လှိုင်သာယာ 🔴

အနောက်ပိုင်း ပေါက်ကွဲမှု ထပ်မံဖြစ်ပေါ်။
22.1.24
9:02PM
3 star
Forwarded from လူထုခေတ်
မုံရွာမြို့နယ်၊ အမှတ် ၂ ရဲစခန်းမှ ဒုရဲအုပ် လဘ္ဘရည်ဆိုင်ထိုင်နေစဥ် ပစ်ခတ်ခံရလို့ပွဲချင်းပြီးသေဆုံး

ဇန်နဝါရီ ၊ ၂၃ ၊ ၂၀၂၄။
လူထုခေတ်

စစ်ကိုင်းတိုင်း၊မုံရွာမြို့၊စက်မှု-၁၊အေးရိပ်သားလမ်းဘေး လဘ္ဘရည်ဆိုင်တွင် ဒုရဲအုပ် ၁ ဦးကို ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း မုံရွာခရိုင် အမှတ်-၂၂ နတ်ဆိုးတပ်ရင်းမှ ထုတ်ပြန်သည်။

ဇန်နဝါရီ ၂၁ ရက်နေ့ နံနက် ၈ နာရီ ၄၁ မိနစ်တွင် စက်မှု-၁၊အေးရိပ်သာလမ်းဘေး လဘ္ဘရည်ဆိုင်တွင် အမှတ် -၂ ရဲစခန်းမှ ဒုရဲအုပ် ကျော်ဇင်ဦးသည် ကိုယ်ဝန်သည်အမျိုးသမီး ၁ ဦးနှင့်အတူ လဘ္ဘရည်ဆိုင်ထိုင်နေစဥ်တွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး နေရာတွင်ပင် သေဆုံးသွားကြောင်းသိရသည်။

“ဒီကောင့်ကို ပစ်ဖို့ ၂ ရက် ၃ ရက်လောက်အချိန်ယူပြီးမှ ပစ်ရတာ။လဘ္ဘရည်ဆိုင်မှာ သူ့ဇနီးလို့ ယူဆရတဲ့ အမျိုးသမီးကိုယ်ဝန်သည် တစ်ယောက်နဲ့အတူထိုင်နေတာ။ကိုယ်ဝန်သည်ကိုတော့ မပစ်ခဲ့ပါဘူး။ဒီရဲခွေးကိုပဲ ပစ်ခဲ့တာပါ။ဆိုင်ထဲမှာ လူတွေများနေတော့ သူ့မှာပါတဲ့ ပစ္စည်းကို သေချာ မစစ်ဆေးလိုက်ရဘူး”ဟု မုံရွာခရိုင် အမှတ်-၂၂ နတ်ဆိုးတပ်ရင်း မှ တပ်ရင်းမှူး နတ်ဆိုး ကပြောသည်။

အဆိုပါပစ်ခတ်မှုကို မုံရွာခရိုင် အမှတ် ၂၂ နတ်ဆိုးတပ်ရင်း၊မုံရွာခရိုင် အမှတ် ၂၃ တပ်ရင်းနှင့်မုံရွာခရိုင် မှတ် ၁ တပ်ရင်းတို့မှ ပူးပေါင်းကာရှင်းလင်းခဲ့ခြင်းဖြစ်သည်။



လူထုခေတ် Facebook Page ကို Like ပေးခြင်း၊You Tube Channel ကို Subscribed လုပ်ပေးခြင်းဖြင့် ရေရှည်ရပ်တည်နိုင်အောင် ဝိုင်းဝန်းကူပေးပါကြရန် မေတ္တာရပ်ခံအပ်ပါသည်။

အောက်ပါလင်ခ့်တွေမှာလည်း လူထုခေတ် သတင်းများကို ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Telegram Link -
https://t.me/luhtukhitnews

YouTube Link –
https://www.youtube.com/@luhtukhit4114
Forwarded from Magway Regional Scout Network (YU ATARASHI)
ဂန့်ဂေါတွင် စကစစစ်ကြောင်းတိုက်ခိုက်ခံရမှုမှ သေဆုံးသူများထပ်တိုးလာနေကြောင်းသိရ

Gangaw/Jan 23

ဂန့်ဂေါမြို့နယ်တွင် ဇန်န၀ါရီလ၂၀ရက်နေ့က မြစ်သာတမံကနေဂန့်ဂေါမြို့ဘက်ကိုတပ်ပြန်ဆုတ်လာသည့်စကစစစ်ကြောင်းဟာ ဂန့်ဂေါနဲ့မင်းရွာကြားတွင် ကာကွယ်ရေးတပ်ဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စကစဘက်က၅ဦးသေဆုံးခဲ့သည်ဟု သိရှိခဲ့ရပါတယ်။ ထိုဖြစ်စဥ်နဲ့ပတ်သက်၍ ဂန့်ဂေါမြို့၊ခလရ ၅၀တပ်နဲ့နီးစပ်သူတစ်ဦးက

ထိုတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ကာကွယ်ရေးအဖွဲ့တွေဆီကတရား၀င်သတင်းထုတ်ပြန်ချက်မရှိပေမဲ့ တိုက်ခိုက်မှုမှာပါ၀င်တဲ့ရဲဘော်တဦးပြောပြတာက

မိုင်းကွင်းထဲကိုတည့်တည့်တိုး၀င်လာတာဒါနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တာ နေရာတင်လဲကျသွားတာတွေလဲရှိတယ်၊နောက်ပြီးဒဏ်ရာရသူတွေကိုထမ်းသွားတာတွေလဲများကြောင်း၊အတော်လေကိုထိခိုက်သွားမဲ့အခြေအနေရှိတယ်လို့´´´ယောအလင်းတန်းကိုပြောပါတယ်။စစ်ကြောင်းတွင် စကစ၊ရဲ၊ပျုစောထီးများပါ၀င်ပြီး မြို့ပေါ်က ပျုစောထီးအချို့လဲ သေဆုံးခဲ့ကြောင့်လဲသတင်းများထွက်ပေါ်နေ၍ ဆက်လက်အတည်ပြုနေဆဲဖြစ်ပါသည်။

#နွေဦးအလင်းရောင်
ယောအလင်းတန်း
MRSN
Jan 23 , 8:15AM
📬သတင်းပို့ရန် @MagwayScoutNetworkBot
Forwarded from Magway Regional Scout Network (YU ATARASHI)
ဂန့်ဂေါမြို့နယ်တွင် ၃လကျော်ကြာ ပြတ်တောက်နေသော ATOM(Telenor)ဖုန်းလိုင်းပြန်ဖွင့်

Gangaw/Jan 23

ဂန့်ဂေါမြို့နယ်တွင် ၂၀၂၃၊နို၀င်ဘာလကစ၍ ATOMဖုန်းလိုင်းဟာ ယနေ့ညနေ၄နာရီကျော်ကစ၍ ပြန်လည်ဆက်သွယ်လို့ရှိခဲ့ပြီးဟုဒေသခံတွေဆီကသိရှိရပါသည်။ATOMဖုန်းလိုင်းဟာ ၃လကျော်ကြာပြတ်တောက်နေခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

ယနေ့တွင် စကစမှလည်းမြို့ထဲတွင်အင်အားပြသည့်အနေနဲ့အင်အားများစွာနဲ့ခြေလျင်လှည့်ကင်းပတ်နေကြကြောင်းသိရှိရပါသည်။မိဘပြည်သူများအားလုံးဘေးကင်းလုံခြုံကြပါစေ။

#နွေဦးအလင်းရောင်
ယောအလင်းတန်း
MRSN
Jan 23 , 4:40PM
📬သတင်းပို့ရန် @MagwayScoutNetworkBot
◼️အိန္ဒိယကို ထွက်ပြေးခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို လာခေါ်ဆောင်တဲ့ စစ်ကောင်စီရဲ့ လေယာဉ် ပြေးလမ်းချော်မှုဖြစ်ပွား
၂၃ ဇန်နဝါရီ ||| နွေဦးအသံ |||
အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခိုလှုံလာကြတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လာရောက်သယ်ဆောင်တဲ့ လေယာဉ်က ကွင်းသို့အဆင်းမှာ အရှိန်မထိန်းနိုင်ဘဲ ပြေးလမ်းချော်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့အနီး Lengpui လေဆိပ်သို့အဆင်း ဇန်နဝါရီ ၂၂ ရက်၊ မနက် ၁၀ နာရီခွဲမှာ ပြေးလမ်းချော်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ အတိအကျ မသိရသေးပါဘူး။
ပလက်ဝတိုက်ပွဲအတွင်း စစ်ရှုံးသဖြင့် ထွက်ပြေးခဲ့ကြတဲ့ စကစ တပ်ဖွဲ့ဝင် ၂၇၆ ဦးအနက် ၁၈၄ ဦးကို ဇန်နဝါရီ ၂၂ ရက်မှာ ပထမအသုတ်အဖြစ် လာရောက်ခေါ်ဆောင်ခဲ့ပြီးနောက် ဒုတိယအကြိမ်လာရောက်သယ်ဆောင်ရာမှာ လေယာဉ်က ပြေးလမ်းချော်ခဲ့တာဖြစ်တယ်လို့ ဒေသအခြေစိုက်မီဒီယာတွေက ရေးသားထားတာ တွေ့ရပါတယ်။
ဓါတ်ပုံ | CJ
‼️Breaking News - တံတားဦး လေတပ် တိုက်ခိုက်ခံရ‼️

ဇန်နဝါရီလ ၂၃ ရက် ဒီကနေ့ ညနေ ၅ နာရီဝန်းကျင် အချိန်ခန့်က မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီရဲ့ တံတားဦး လေတပ် စခန်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ကနဦး သတင်းရရှိပါတယ်။

လတ်တလော ရရှိထားတဲ့ သတင်းအရ ထိခိုက်ပျက်စီးမှု များပြားနိုင်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်တွေဟာ တံတားဦး လေတပ် အနီးရှိ ကျေးရွာများသို့ အင်အားအလုံးအရင်းဖြင့် မွှေနှောက်နေကြောင်းလည်း သိရှိရပါတယ်။

#4C_TruthNews
Forwarded from Magway Regional Scout Network (YU ATARASHI)
ဂန့်ဂေါမြို့နယ်အတွင်းက ကျေးရွာများတွင် လစဥ်ခွဲတမ်းကြေးများကောက်ခံခြင်းအပေါ် ဂန့်ဂေါမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ညွှန်ကြားထားခြင်းမရှိကြောင်းထုတ်ပြန်လာ

Gangaw/Jan 18

ဂန့်ဂေါမြို့နယ်တွင် ယခုလဆန်းပိုင်းကစ၍ ကျေးရွာအချို့တွင်အိမ်ထောင်စုတစ်စုလျှင် ငွေ ၁ထောင်ကျပ်၊ဆန်တပြည့်နဲ့အချို့ကျေးရွာများတွင် အိမ်ထောင်စုတစ်စုလျှင် ကျပ်၅၀၀၀၀ စီကောက်ယူမှုတွေလုပ်နေကြကြောင်းသိရပါသည်။ထိုသို့လုပ်ဆောင်နေမှုများအပေါ် ၎င်းတို့အနေနဲ့ထိုသို့ကောက်ခံရန်ညွှန်ကြားထားခြင်းမရှိဘူးလို့ ဂန့်ဂေါမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာချက်အမှတ်2/2024အဖြစ် ယခုလ၁၆ရက်နေ့ကထုတ်ပြန်ထားပါသည်။

ထိုသို့ငွေကြေး၊ဆန်များကောက်ယူနေသည့်အပေါ် NUGရဲ့မူ၀ါဒတွင် ခွဲတမ်းချခြင်းများမပြုလုပ်ရမူ၀ါဒကိုကျော်လွန်လုပ်ဆောင်နေကြခြင်းဖြစ်တယ်လို့ကြေညာချက်တွင်ပါ၀င်ပါသည်။ခွဲတမ်းချကောက်ခံမှုတွေလဲလုပ်ဆောင်မှာမဟုတ်ကြောင်းကိုလဲထပ်မံပြောဆိုထားပါသည်။

ငွေကြေးများကောက်ခံနေသည့်ရွာအချို့ကို စုံစမ်းကြည့်ရာ*ကျနော်တို့ကတော့ရပ်ကျေးပအဖနဲ့ပကဖတို့ပေါင်းပီးကောက်တယ်၊အတင်းအကျပ်ကြီးထည့်ခိုင်းတာတော့မဟုတ်ပါဘူး၊ကောက်တာက အိမ်ထောင်တစ်စုကို ငွေ၃သောင်းထည့်ခိုင်းပြီး မထည့်နိုင်လျှင်ဆန်တစ်ခွဲထည့်လို့ရကြောင်းပြောဆိုပါတယ်။ရှေ့ဆက်ဖြစ်ဖြစ်လာမည့် တိုက်ပွဲတွေအတွက် ကြိုတင်ပြင်ဆင်သည့်သဘောနဲ့လုပ်ဆောင်နေတာဖြစ်ပြီး ပြည်သူတွေအတွက်ဟု ကျေးရွာကတာ၀န်ရှိသူတစ်ဦးက*ယောအလင်းတန်းကိုပြောဆိုပါသည်။ငွေကြေးကောက်ခံနေမှုများကို အချို့သောကျေးရွာတွေက လက်မခံဟု ပြောဆိုနေကြပါသည်။

ပြည်သူများအနေနဲ့ထိုသို့ကောက်ခံနေမှုများဟာ မဖြစ်သင့်ကြောင်းပြေလည်သည့်မိသားစုတွေအတွက်အရေးမကြီးဘူး၊တချို့တွေဆို စား၀တ်နေရေးအဆင်ပြေဖို့အနိုင်နိုင်ဖြစ်နေကြတော့ အဆင်မပြေကြဘူးပေါ့၊ထည့်နိုင်တဲ့သူတွေကထည့်ပေးနိုင်ရင်တော့ ဒီတော်လှန်ရေးခရီးပိုပြီးရှေ့ရောက်နိုင်ကြောင်းပြောဆိုနေကြပါသည်။ထိုသို့ငွေကြေးများခွဲတမ်းချကောက်ခံနေမှုများကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှဘယ်လိုတွေဆက်လက်ဆောင်ရွက်သွားမည်ဆိုတာ ပြောကြားထားခြင်းမရှိပါ။

သတင်းများကိုဆက်လက်စုံစမ်းတင်ဆက်ပေးသွားပါမည်။

ပုံ-ဂန့်ဂေါမြို့နယ်ပအဖမှထုတ်ပြန်ချက်

#နွေဦးအလင်းရောင်
ယောအလင်းတန်း
MRSN
Jan 18  ,  12:10PM
📬သတင်းပို့ရန် @MagwayScoutNetworkBot
Forwarded from Magway Regional Scout Network (YU ATARASHI)
ဂန့်ဂေါမြို့နယ်အတွင်းက ကျေးရွာများတွင် လစဥ်ခွဲတမ်းကြေးများကောက်ခံခြင်းအပေါ် ဂန့်ဂေါမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ညွှန်ကြားထားခြင်းမရှိကြောင်းထုတ်ပြန်လာ

Gangaw/Jan 18

ဂန့်ဂေါမြို့နယ်တွင် ယခုလဆန်းပိုင်းကစ၍ ကျေးရွာအချို့တွင်အိမ်ထောင်စုတစ်စုလျှင် ငွေ ၁ထောင်ကျပ်၊ဆန်တပြည့်နဲ့အချို့ကျေးရွာများတွင် အိမ်ထောင်စုတစ်စုလျှင် ကျပ်၅၀၀၀၀ စီကောက်ယူမှုတွေလုပ်နေကြကြောင်းသိရပါသည်။ထိုသို့လုပ်ဆောင်နေမှုများအပေါ် ၎င်းတို့အနေနဲ့ထိုသို့ကောက်ခံရန်ညွှန်ကြားထားခြင်းမရှိဘူးလို့ ဂန့်ဂေါမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြေညာချက်အမှတ်2/2024အဖြစ် ယခုလ၁၆ရက်နေ့ကထုတ်ပြန်ထားပါသည်။

ထိုသို့ငွေကြေး၊ဆန်များကောက်ယူနေသည့်အပေါ် NUGရဲ့မူ၀ါဒတွင် ခွဲတမ်းချခြင်းများမပြုလုပ်ရမူ၀ါဒကိုကျော်လွန်လုပ်ဆောင်နေကြခြင်းဖြစ်တယ်လို့ကြေညာချက်တွင်ပါ၀င်ပါသည်။ခွဲတမ်းချကောက်ခံမှုတွေလဲလုပ်ဆောင်မှာမဟုတ်ကြောင်းကိုလဲထပ်မံပြောဆိုထားပါသည်။

ငွေကြေးများကောက်ခံနေသည့်ရွာအချို့ကို စုံစမ်းကြည့်ရာ*ကျနော်တို့ကတော့ရပ်ကျေးပအဖနဲ့ပကဖတို့ပေါင်းပီးကောက်တယ်၊အတင်းအကျပ်ကြီးထည့်ခိုင်းတာတော့မဟုတ်ပါဘူး၊ကောက်တာက အိမ်ထောင်တစ်စုကို ငွေ၃သောင်းထည့်ခိုင်းပြီး မထည့်နိုင်လျှင်ဆန်တစ်ခွဲထည့်လို့ရကြောင်းပြောဆိုပါတယ်။ရှေ့ဆက်ဖြစ်ဖြစ်လာမည့် တိုက်ပွဲတွေအတွက် ကြိုတင်ပြင်ဆင်သည့်သဘောနဲ့လုပ်ဆောင်နေတာဖြစ်ပြီး ပြည်သူတွေအတွက်ဟု ကျေးရွာကတာ၀န်ရှိသူတစ်ဦးက*ယောအလင်းတန်းကိုပြောဆိုပါသည်။ငွေကြေးကောက်ခံနေမှုများကို အချို့သောကျေးရွာတွေက လက်မခံဟု ပြောဆိုနေကြပါသည်။

ပြည်သူများအနေနဲ့ထိုသို့ကောက်ခံနေမှုများဟာ မဖြစ်သင့်ကြောင်းပြေလည်သည့်မိသားစုတွေအတွက်အရေးမကြီးဘူး၊တချို့တွေဆို စား၀တ်နေရေးအဆင်ပြေဖို့အနိုင်နိုင်ဖြစ်နေကြတော့ အဆင်မပြေကြဘူးပေါ့၊ထည့်နိုင်တဲ့သူတွေကထည့်ပေးနိုင်ရင်တော့ ဒီတော်လှန်ရေးခရီးပိုပြီးရှေ့ရောက်နိုင်ကြောင်းပြောဆိုနေကြပါသည်။ထိုသို့ငွေကြေးများခွဲတမ်းချကောက်ခံနေမှုများကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှဘယ်လိုတွေဆက်လက်ဆောင်ရွက်သွားမည်ဆိုတာ ပြောကြားထားခြင်းမရှိပါ။

သတင်းများကိုဆက်လက်စုံစမ်းတင်ဆက်ပေးသွားပါမည်။

ပုံ-ဂန့်ဂေါမြို့နယ်ပအဖမှထုတ်ပြန်ချက်

#နွေဦးအလင်းရောင်
ယောအလင်းတန်း
MRSN
Jan 18  ,  12:10PM
📬သတင်းပို့ရန် @MagwayScoutNetworkBot
ကျွန်တော်ပြောခဲ့ဖူးတယ်။

အမာရှောင်ပြီး ကျော်လာရင် ကောင်းမယ်လို့ ရေးခဲ့တယ်။

အခုတော့ ပြင်ဦးလွင်နဲ့ မန္တလေးကို ထားခဲ့ပြီး တံတားဦးကို ဝင်ကြိတ်တာ အဖြစ်သင့်ဆုံး နည်းဗျူဟာပါပဲ။

နောက်ဆို လေယာဥ်ကွင်းတွေ လေတပ်တွေ ခေါင်းပြားအောင်အိပ်လို့ မရတော့ဘူး။

တကယ်က တံတားဦးဟာ မြေပြန့်မှာ ရှိနေတာပါ။ စစ်ခွေးတွေ ပြည်သူဆီက သတင်းပျောက်ဆုံးနေတော့ လေတပ်နားထိကပ်လာပြီး အဆော်ခံတာပါ။ စစ်ခွေးတွေမသိတာက တစ်ပြီးနှစ်လာမယ်ထင်ပြီး ပြင်ဦးလွင်ကို စွတ်ကာနေတာ အမာဖြစ်သွားတော့ ရှောင်တာပေါ့။

တံတားဦး လေတပ်ဟာ နေပြည်တော်ပြီးရင် တစ်နိုင်ငံလုံးကို ပါတ်အမွှေနိုင်ဆုံး လေတပ်ပါ။ အချက်အချာအရ မြစ်ကြီးနားကနေ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးအထိ ဒုက္ခအပေးနိုင်ဆုံးပါ။ ပေးလည်းပေးခဲ့ပါတယ်။

သိပ်မကြာခင်က စစ်တွေ လေဆိပ်ကိုလည်း AA ပစ်ခတ်ထားနိုင်တော့ အခုတစ်လောအတွင်း ဒုတိယ အပစ်ခံရတာက တံတားဦး ဖြစ်လာပါတယ်။

ငါးပွက်ရာငါးစာချတ်တဲ့ စစ်တပ်တော့ တတိယ လေယာဥ်ကွင်း ဘယ်ကွင်းဖြစ်လာမလဲလို့ စဥ်းစားနေလောက်ပြီ။

လေယာဥ်ကွင်းတွေ လေတပ်တွေ ထိခိုက်လာရင် မင်းအောင်လှိုင် ပြေးတော့မှာပေါ့။ သိပ်မကျန်တော့ဘူး....။

ပြည်သူနဲ့ဆန့်ကျင်ဘက်မှာ နေရဲတဲ့သူတွေ နေကြပေါ့....
#3Star Myaing
#htainlinnay
#ထိန်လင်းနေ

https://t.me/+_ddlLy1mgTQzZmU1
လက်နတ်ချတဲ့ ဗိုလ်မှူးချုပ်တွေကို သေဒဏ်ပေးတာ ဘာဖြစ်လာမလဲတဲ့...။

ဗိုလ်မှူးချုပ် level ဆိုတာ စစ်ခွေးတပ်မှာ တော်တော်ကပ်ဖားယပ်ဖား တတ်မှ ဖြစ်လာတာပါ။ DSA တစ်ပါတ်စဥ်ကနေ နှစ်ယောက်လောက် ဖြစ်လာဖို့တောင်မလွယ်ပါဘူး။ တချို့အပါတ်စဥ်တွေ ဗိုလ်မှူးကြီး ဂိတ်ဆုံးပါ။

ဒီလိုအတွန်းအတိုက်တွေနဲ့ တက်လာခဲ့တဲ့သူတွေဟာ အပေါ်ကြိုက်ရင် အထက်အဆင့်တွေက ခဏနဲ့ ရကြပါတယ်။ ရာထူးတိုးဖို့ သင်တန်းမရှိတော့တာကြောင့် အထက်က အရာရှိကြီးတွေနဲ့ မင်းအောင်လှိုင် အကြိုက်လိုက်ပြီး သူတို့ရဲ့ ရာထူးက တက်ကြမှာပါ။

အထက်ကိုမျှော်တက်ကြမှာကြောင့် မင်းအောင်လှိုင် လက်ချက်နဲ့ ဘယ်ကောင်မှ မသေချင်တာ အမှန်ပါ။

လောက်ကိုင်ဖြစ်စဥ် အပြီးမှာ ဇော်မဲလုံးကလည်း တပ်မိသားစုဝင်တွေကို ငဲ့ညှာလို့ လက်နတ်ချရတာလို့ ပြောထားတော့ ဗိုလ်မှူးချုပ် ၆ ယောက်ဟာ စိတ်သက်သာရာရတာနဲ့ လားရှိုးကို အေးဆေးပြန်သွားကြတာပါ။

ဟိုရောက်မှ ဖမ်းဆီးခံရတော့မှ ဇော်မဲလုံးလှည့်စားတာ ခံရပြီလို့ သိကြချိန်မှာ လွန်နေပါပြီ။ ဒီသတင်းကို ကြားတဲ့ G1 လို ဒုတိယဗိုလ်မှူးကြီး တစ်ယောက် တောခိုတယ်ဆိုတော့ သူတို့အချင်းချင်း ဘယ်လောက်ပေါက်ကွဲနေလဲ ဆိုတာ ပေါ်လွင်ပါတယ်။ မဖြစ်သင့်ဘူးလေ။

ဒါဆိုရင် နောက်ထပ် ဗိုလ်မှူးချုပ် level တွေရဲ့ အခြေအနေက ဘယ်လိုရှိလာနိုင်မလဲ။

စိတ်ဝင်စားဖို့ ကောင်းပါတယ်။

စစ်ဆိုတာ အနိုင်အရှုံး ရှိတာပဲလေ။ မင်းအောင်လှိုင် ပြောချင်တာက နိုင်အောင်တိုက်။ ပေးထားတဲ့ ပစ္စတိုက ရှုံးရင် ပြန်မလာဖို့။

ဒါကတော့ရှင်းပါတယ်။ ပြည်ပကျူးကျော်စစ်မှာ ဒီလိုအမိန့်ပေးရင် မှန်ပါတယ်။

အခုအခြေအနေက ပြည်သူနဲ့ ဖြစ်နေရတဲ့ စစ်။ ရှေ့က တိုက်နေရတဲ့သူကို နောက်ကပံ့ပိုးမှု ထိရောက်အောင်မပေးနိုင်ဘဲ နိုင်အောင်တိုက်ဖို့ ဖိအားပေးတာ မှားပါတယ်။ ဗိုလ်မှူးချုပ် level မပြောနဲ့ အောက်ခြေ စစ်သည်တွေတောင် သူတို့ကို အချိန်မီ စစ်ကူ ရိက္ခာ ခဲယမ်း လိုအပ်ချက် မပေးနိုင်ရင် စခန်းကုန်းကနေ လစ်ရမှာ အလိုလိုသိနေတာဆိုတော့ မင်းအောင်လှိုင် ပေးတဲ့ဖိအားဟာ အဓိပ္ပာယ် မရှိတာ အသိသာကြီးပါ။

မနိုင်မှန်းသိလျက်နဲ့ ငုတ်တုတ် အသေခံရမှာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ခြေထောက်ပါတာ ပြေးဖို့ ရှောင်ဖို့လေ။

ဒီတော့ စစ်ရေး အခြေအနေ မဟန်ရင် လက်နတ်ချမယ်။ ထောက်ပို့ မဟန်တာကို ကြိုခန့်မှန်းနိုင်ရင် အလင်းဝင်ပါလိမ့်မယ်။

ဒီအခြေအနေရောက်ခဲ့ရင် လက်ခံရတဲ့ တော်လှန်ရေး အဖွဲ့တွေက သင်သွားလိုရာ သွားနိုင်ပါတယ်လို့ ပြောပြီး ကုတ်နဲ့ကော်ထုတ်ရင်တောင် မပြန်ကြတော့ပါဘူး။ လွတ်မြောက်နယ်မြေမှာပဲ နေကြပါလိမ့်မယ်။

တော်လှန်ရေး အဖွဲ့ဘက်မှာက အသက်အာမခံချက် ရှိတယ်လေ။

ခွေးတပ်ပြန်ရင် လည်ပင်းယားမှာဆိုတော့ ပြန်ဖို့စဥ်းစားမှာ မဟုတ်တော့ပါဘူး။

နောက်ပိုင်း အောက်ခြေက စစ်သည်တွေကလည်း စစ်မတိုက်ချင်ကြတော့ ဗိုလ်မှူးချုပ်တွေ ဦးစီးပြီး လက်နတ်အပ်နှံမှုတွေ များလာစရာရှိပါတယ်။

NUG, MODက သူတို့ရာထူးကို အာမခံချက်ပေးရင် နောင် ဖက်ဒရယ် စစ်တပ်မှာ တာဝန်ပြန်ထမ်းဖို့ ဆန္ဒရှိတဲ့သူတွေက အမြန်ပူးပေါင်းလာပါလိမ့်မယ်။

စစ်ခွေးတပ်ကို ပြန်တိုက်တာ မတိုက်တာ အသာထား.... လက်နတ်အပ်ရင်ကို မင်းအောင်လှိုင် တပ်ကတော့ ဂိတ်ဆုံးဖို့ နီးသွားပါပြီ။

မြောက်မြီးနဲ့ မြောက်ပြန်ချည်ခံရမယ့် စစ်ခွေးတပ်....

မင်းအောင်လှိုက်ဟာ စီမံမှုအလွဲတွေနဲ့ တပ်ကိုပြန်ဖြိုနေတဲ့ လုပ်ရပ်တွေပါ။

မကြာခင် မြင်တွေ့ရပါလိမ့်မယ်။
#3Star Myaing
#htainlinnay
#ထိန်လင်းနေ

https://t.me/+_ddlLy1mgTQzZmU1
Forwarded from Magway Regional Scout Network (YU ATARASHI)
ပေါက်

ပေါက်မြို့နယ် ကပစ ၂၄ အနီး တနေရာမှ ၁၂၀ ဟောင်ဝစ်ဇာ အရှေ့အရပ်သို့ ပစ်နေပါတယ်
၅ လုံး ရှိနေပါပြီ

ပေါက် ပခုက္ကူ ပုသိမ်မုံရွာ လမ်းဆုံ
ဘေးဘက် ဘယ်ညာပစ်မည်ဟု သတင်းရရှိ

အသေးစိတ် အချက်အလက်စီစစ်ဆောင်ရွက်ဆဲပါ

မိဘပြည်သူ ညီကိုများ ဗုံးခိုကျင်း သို့မဟုတ် အကာကွယ်ကောင်းသော နေရာတွင် နေထိုင်ကြပါရန်
(9:28PM

ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့
သတင်းပြန်ကြားရေး တာဝန်ခံ
ကိုစစ်
MRSN
Jan 23 ,  9:55PM
📬သတင်းပို့ရန် @MagwayScoutNetworkBot
ပေါက်မြို့နယ်ကပစ ၂၄ မှ လက်နက်ကြီး ထောက် ရာတွင် ပေါက်မြို့နယ် ဘိုးဖြူလုံးကန် ရွာ အရှေ့ဘက် ၊ တောင်ဘက် ဝဲရာတွင် ကျရောက်ကြောင်းသိရ
23.1.24/8:55pm
မိုက်ခဲ copy. 3 star
ပေါက်မြို့နယ်ဇီးဖြူကုန်းပျူရွာမှစစ်ကောင်စီခန့် စခ ပခ များမှလက်နတ်ကြီးဖြင့် ဇီးဖြူကုန်းပျူရွာရှေ့ဘက်သို့ရမ်းသန်းဖြစ်ခတ်နေကြောင်းသိ့ရ
23.1.24 / 8:55PM
​မြောင်⚠️

တံတားဦးလေတပ်တက် Fighter Jet (1)စီး ​မြောင်​တောင်ခြမ်းဖြတ်၍ အ​နောက်အရပ်သို့ ပျံသန်း။

#NAS
Jan 22, 10:16PM
📡သတင်းပို့ရန် @infonas
​ရေစကြို⚠️

တံတားဦးလေတပ်တက် Fighter Jet (1)စီး ​​ရေစကြိုဖြတ်၍ အ​နောက်အရပ်သို့ ပျံသန်း။

#NAS
Jan 22, 10:22PM
📡သတင်းပို့ရန် @infonas
Forwarded from Magway Regional Scout Network (YU ATARASHI)
ခိုးကြောင် ခိုးဝှက်နဲ့ မြို့တွင်းက စခ၊ရခ၊ပခ များထံ ရိက္ခာပို့ဆောင်ရောင်းဝယ်နေသူများ ရပ်တန်းကရပ်ကြပါ

24.1.2024 ၊ထီးလင်း

စခ၊ရခ၊ပခ၊Non Cdm များနဲ့အိုးအိမ်စည်းစိမ်ကိုဖက်တွယ်နေတဲ့ပြည်သူအချို့သာကျန်ရှိနေတော့တဲ့ ထီးလင်းမြို့တွင်းသို့ အနီးနားကျေးရွာတွေက မ-သ-မာ-လောဘနဲ့မောဟပွားကာ ဘောမပြီး ဆန်၊ဆီ၊ဆား၊ဆေးလိပ်၊ကွမ်းယာပစ္စည်းစသဖြင့်ရိက္ခာများကို ပို့ဆောင်ရောင်းဝယ်ဖောက်ကားနေကြတဲ့ လူအချို့ရှိနေကြောင်းဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များထံကသိရပါတယ်။စခ၊ရခ၊ပခ များကို ဒေသခံကာကွယ်ရေးအဖွဲ့များက ရိက္ခာလမ်းကြောင်းကိုဖြတ်တောက်ထားခဲ့သည်မှာ အချိန်ကာလကြာမြင့်လာတာနဲ့အမျှ မြို့တွင်းမှာ ရိက္ခာလိုအပ်ချက်ကြီးကြီးမားမားဖြစ်ပေါ်နေသည်ကိုအခွင့်ကောင်းယူကာ ​မြို့နီးနားကျေးရွာများက လူတချို့ဟာ အမြတ်ကြေးငွေများရယူလျက် ပို့ဆောင်ရောင်းဝယ်နေသည်ကိုတွေ့ရှိနေရကြောင်းနဲ့ လက်ပူးလက်ကြပ်ဖမ်းမိပါက ထိရောက်စွာအရေးယူမည့်အကြောင်းကိုလည်း ယခင်ကတည်းကသတိပေးတားမြစ်ထားကြောင်း ထပ်မံသတိပေးပြောကြားလာပါတယ်။

ယနေ့ ထီးလင်းမြို့ပေါ်မှာ အခြေခံ စားသုံးကုန်အချို့ရဲ့ကုန်စျေးနှုန်းများ

#စပါး တစ်တင်း ကျပ် ၅၀၀၀၀
#စားဆီ ဆယ်ပိဿာ တစ်ပုံး ကျပ် ဆယ်သိန်းခန့်
(၁၀၀၀၀၀၀)
#ဆားတစ်ပိဿာ ကျပ် ခြောက်ထောင်
#Gas မီးခြစ်တစ်လုံး ကျပ် ငါးထောင်
#ကွမ်းသီးတစ်ပိဿာ ကျပ် တစ်သိန်းငါးသောင်း
#ကွမ်းရွက်တစ်ဆယ်သား ကျပ်ငါးထောင်
#ဆေးလိပ်(ဖက်ကြမ်း) တစ်စည်း ကျပ် နှစ်သောင်းငါးထောင် စသဖြင့် အသီးသီးစျေးပေါက်နေကြောင်းသိရပါတယ်။

ရွှေထီးခန်းမက စခ၊ပခ တွေဟာ အခုလတ်တလောအခြေအနေမှာညဖက် လ-က်-န-က်-ကြီးများရမ်းသမ်းထုနေတာကလွဲရင် စစ်ကြောင်းမထွက်ငြိမ်နေလျက်ရှိကာ မြို့စွန်တွေကို ကင်းပုန်းများအထူးကြပ်မတ်ချထားလျက်ရှိကြောင်းလည်းသိရပါတယ်။

#ထီးလင်းမြို့တွင်းက Non Cdm များ၊စခ၊ရခ၊ပခ များအမြန်အလင်းဝင်ကြပါ

#မြို့တွင်းကိုရိက္ခာပို့ဆောင်ရောင်းဝယ်နေသူများရပ်တန်းကရပ်ကြပါ

#မိဘပြည်သူများနဲ့မြို့နားနီးကျေးရွာများက ပြည်သူများစစ်ရေးသတိအမြဲရှိနေပေးကြပါ။

@မင်းဒဿ
ယောအလင်းတန်း
MRSN
Jan 24 ,  1:10PM
📬သတင်းပို့ရန် @MagwayScoutNetworkBot