ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ထီးလင်း⚠️

1:21pm ( 20 Nov)

မုံရွာ နမခတက် MI-35 တိုက်ခိုက်​ရေး ရဟတ်ယာဥ် (1)စီး ​​​​​​​​​ထီးလင်း နယ်ဖြတ် အ​နောက်​​တောင်ဘက်သို့ ပျံသန်း။

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_InfoBot
လေးစားရသော တော်လှန်ရဲဘော် များနှင့် တော်လှန်ပြည်သူများရှင့်


မိမိတို့ ဝေဟင် လေကြောင်း ကင်းထောက် အဖွဲ့ အနေဖြင့် မြေပြင် ပြည်သူများနှင့် ရဲဘော်များ ဘေးကင်း စေရန် ရည်ရွယ်ချက်ဖြင့် လေကြောင်း သတင်းများကို အချိန်နှင့် တပြေးညီ ဖြန့်ဖြူးပေးလျက် ရှိပါသည်။

မိမိတို့ အနေဖြင့် သတင်း စီးဆင်းမှု့ အားကောင်းစေရေး ကို ဦးစားပေး ဆောင်ရွက် လျက်ရှိပြီး ထိုသို့ သတင်းစီးဆင်းမှု့မြန်မှသာ ပြည်သူများ နှင့် ရဲဘော်များ ဘေးကင်းကြမည်ဟု လုံးဝ (လုံးဝ) ထင်မြင်မိပါသည်။

သို့အတွက် ကြောင့် မိမိတို့ ဝေဟင် အဖွဲ့ အနေဖြင့် သတင်းဖြန့် ဖြူးရာတွင် ငွေကြေး အဖိုးအခ တစုံတရာ ကောက်ခံခြင်း မရှိထားပါကြောင်းနှင့် ထိုသို့ ကောက်ခံသည်ဟု ကြားသိရပါက @WaiHinScout_Bot သို့ ဆက်သွယ် အသိပေး တိုင်းကြား နိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

တော်လှန်ရေး ကာလအတွင်း သတင်း အမှောင်ချခြင်း၊ သတင်းထိန်ချန်ခြင်း၊ သတင်း ရပိုင်ခွင့်ကို တားဆီးပိတ်ပင်ခြင်းသည် မိမိ တို့ ပြည်သူ နှင့် ရဲဘော် များ၏ အသက်နှင့် စည်းစိမ်း များအပေါ် တန်ဖိုးမထား၊ အကျည်းတန်သော ဆောင်ရွက် ချက် တခုသာ ဖြစ်ပါပေမည်။


သတင်းစီးဆင်းမှု့ အဟန့်အတားများကို အတူတူ ကျော်ဖြတ်ရင်း ပြည်သူနှင့် ရဲဘော်များ အသက် အိုးအိမ် များကို အတတ်နိုင်ဆုံး ကာကွယ်စောင့်လျောက် ကြပါစို့ဟု

ဆန္ဒပြုလျက်

#WaiHin
ဝေဟင်

Nov 20,
📫သတင်းပို့ရန် @WaiHinScout_Bot
⚠️ပခုက္ကူ

ပခုက္ကူနယ်တွင် ၁၈ နှစ်မှ ၃၅ အတွင်း မကွေးတိုင်းအတွင်းစစ်သားသစ် ၅၀၀ လိုအပ်ချက်အရ ပေါတာဆွဲနေကြောင်းသိရ။
https://t.me/m2nQSzdXozljZmM1

#MRSN
Nov 20 ,  4:34PM
မြိုင်ပေါက်

မြိုင်နယ်ပေါက်နယ် အစပ် မှ Y-8တစ်စီးဖြင့် ကင်းထှောက်နေပါတယ် မိဘပြည်သူတော်လှန်အင်အားစုများ အထူးသတိပြုကြပါရန်အသိ့ပေးအပ်ပါသည်။
20.11.2024
https://t.me/m2nQSzdXozljZmM1
မြိင်.3 Star
Forwarded from Wai Hin (ဝေဟင်) (『 ||| 』)
မိတ္တီလာ

မိတ္ထီလာ လေတပ်သို့ ပခုက္ကူနယ် အရှေ့မြောက်ခြမ်းနှင့် ရေစကြိုအစပ်တွင် (၅:၂၀)၊  (၅:၂၃ ) အချိန် နှစ်ကြိမ် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့သော ဂျက်ဖိုက်တာ တစီး အနောက်မြောက်ရပ်မှ ဆင်းသက်။

#WaiHin
Nov 21 ,  5:54AM
📫သတင်းပို့ရန် @WaiHinScout_Bot
ရေစကြိုမြို့နယ်

မိထ္ထိလာရှမ်းတဲလေတပ်မှ ဂျတ်ဖိုက်တာတစ်စီးဖြင့် ရေစကြိုနယ် မြိုင်နယ် ပခုက္ကူနယ် အစပ်ရှိ ရေစကြိုမြို့နယ် သဲတောရွာအား 5:20AM 5:23 AM အချိန် က ပေါင် 200 (2)ဖြင့်လေကြောင်းတိုက်ခိုက်ခဲ့ပြီး ပြေပြင် စစ်ကြောင်း ပါရောင်ရှိ့နေကြောင်းသိရပါသည်

21.11.2024/ 6:30AM

မြိုင် -3 Star

https://t.me/m2nQSzdXozljZmM1
21.11.2024

ယနေ့မနက် 5:24 ဝန်းကျင်ခန့်က
ရေစကြိုမြို့နယ်တောင်ပိုင်ကို
အကြမ်းဖက်စစ်ကောင်စီမှ
လေကြောင်း-တ်ို-က်-ခို-က်-မှု ပြုလုပ်ခဲ့ရာ
သဲတောရွာမြောက်ဘက်ကိုတစ်လုံး
ကျောက်လှေခါးရွာမြောက်ဘက်ကိုတစ်လုံး
ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကိုတော့
မသိရသေးပါ။
6:00 ကျော်လောက်မှာ သဲတောရွာကို
အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်း
ဝင်ရောက်နေတယ်လို့ သိရပါတယ်။

နောက်ဆက်တွဲသတင်းများသိရပါက
ထပ်မံဖော်ပြပေးပါမည်။
https://t.me/m2nQSzdXozljZmM1
🦅WM🦅

မြိုင်.3Star
Forwarded from Magway Regional Scout Network (YU ATARASHI)
☂️သတင်း

၂၄နာရီအတွင်း
ချင်းပြည်နယ် စစ်ကိုင်းတိုင်း နှင့် ရှမ်းပြည်နယ် ဒေသတွေမှာ မိုးရွာနိုင်ပါတယ် 🌧️🌧️🌧️🐌🌱
ISSUED TIME
21/11/2024 7:15am(MMT)

ဂရုစိုက်ကြပါ
🙏🕊️🌄

မင်း ဂွတ် သီး Su Su San
MRSN
Nov 21 ,  9:10 AM
📬သတင်းပို့ရန်
@MagwayScoutBot
ပြည်သူ့ကျိန်စာ
---------------------

ဒီတော်လှန်ရေး
မအောင်သေးသရွေ့
အိုးမဲ့အိမ်မဲ့
ဖြစ်နေကျဆဲ

သန္ဓေယုတ်တဲ့
ဒီငရှုပ်ကြောင့်
မိသားစုတွေ
ဝေးကွာနေဆဲ

ဆိုးရွားလွန်းတဲ့ဒီသမိုင်း
ငါ့တို့ခေတ္တ်မှာ
အဆုံးသတ်စေသား

ပြည်သူ့ရဲဘော်
အင်အားတောင့်ဖို့
မရှိလဲလှုရှိလဲလှုမယ်

စစ်ခွေးနဲ့ပြူ
မိစ္စာလိုလူမှို့
မြန်မြန်သေဖို့
ကျိန်စာတိုက်မည်
တို့ပြည်သူတို့

သွားရင်းလဲသေ
မိုင်းမှန်သေလို့
ကျည်ထိရင်းသေ
မြွေကိုက်သေစေ

ပြည်သူ့ကျိန်စာ
ခွေးမသာများအား
တိုက်ရိုတ်ထိရောက်
ပါစေသား


ဇင်ယော်*ခ*ဥ*


ဆောင်းပါရှင် ဇင်ယော် ၏ ကဗျာ ဆောင်းပါးအား SSN Times မှ ဂုဏ်ယူစွာ တင်ဆက်ပေးလိုက်ပါသည်။
ရေစကြိုနယ်

၂၁/၁၁/၂၀၂၄ ရက် ၂၁၀၅၂၀ အချိန်ခန့် ရေစကြိုမြို့နယ် သဲတောရွာ မပည(46Q GJ 19906 73551) ဘုန်းကြီးကျောင်း ကို ဂျက်ဖိုက်တာဖြင့် ပေါင်ဗုံး (၄)လုံး တိုက်ခိုက်သွားကြောင်းသိရပြီး ပြည်သူကလေးငယ်တစ်ဦးထိခိုက်၊ ၂၁၀၆၃၀ အချိန်ခန့်တွင် သဲတောရွာသို့စကစ စစ်ကြောင်း ခမအအ(၁၅၀)ခန့် ရောက်ရှိနေကြောင်းသိရ။

N.G Y-17

မြိုင် 3 Star

https://t.me/m2nQSzdXozljZmM1
⚠️ကလေး

ကလေးမြို့အမြှောက်တပ်မှ မြေပြင်မှ မြေပြင်ပစ်ဒုံးကျည်ဖြင့် အနောက်‌ တောင်အရပ်သို့ ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရ။

#SSN
Nov 21 , 10:23 AM
https://t.me/m2nQSzdXozljZmM1
"ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နိုင်မည့်လေဖိအားနည်းရပ်ဝန်း(DEPRESSION)နှင့် မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်ချေများ ကြိုတင်ခန့်မှန်းခြင်း" ၂
နိုဝင်ဘာ ၂၁ ရက် နံနက် ၉ နာရီ
===

သင်္ချာပုံစံပြု မိုးလေဝသကြိုတင်ခန့်မှန်းရေး Multi models တွေမှာ တွေ့ရတဲ့ အချက်အလက်တွေအရ -

🔸 ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း လတ္တီတွဒ် ၅ ဒီဂရီရဲ့ အောက်ဘက်၊ ကော့သောင်းမြို့ အနောက်တောင်ဘက် မိုင် ၅၄၀ ခန့်၊ ထိုင်းနိုင်ငံဖူးခက်မြို့ အနောက်တောင်ဘက် မိုင် ၄၂၀ ခန့်မှာ လေပွေလှိုင်းတခု အစပျိုးနေပြီး တဖြည်းဖြည်း အားကောင်းလာနိုင်ပါမယ်။

🔸 မြောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားရင်း အားပိုကောင်းလာပြီး နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းမှာ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်း(Deep Depression)ဖြစ်လာနိုင်ပါမယ်။

🔸 နိုဝင်ဘာ ၂၈ ရက် ည ပိုင်း၊ ၂၉ ရက် မနက်အစောပိုင်းမှာ အိန္ဒိယနိုင်ငံအရှေ့တောင်ပိုင်း တမီလ်နာဒူးပြည်နယ် ချင်နိုင်းမြို့အနီးမှ ကုန်းတွင်းကိုဝင်ရောက်သွားနိုင်မှာဖြစ်ကြောင်း မော်ဒယ်များမှ တပြေးညီကြိုတင်ခန့်မှန်းချက်တွေ တွေ့ရပါတယ်။

🔸 မြန်မာနိုင်ငံဘက်ကိုဦးတည်ရွေ့လျားလာမှာမဟုတ်သော်လည်း နိုဝင်ဘာ ၂၈-၂၉-၃၀ ရက်များမှ ဒီဇင်ဘာလဆန်း ၁ ရက် ၂ ရက် နေ့များအထိ မြန်မာနိုင်ငံရဲ့ ပြည်နယ်တိုင်းဒေသအချို့မှာ မိုးအနည်းငယ်၊ မိုးအသင့်အတင့်နဲ့ နေရာကွက်ပြီး မိုးများနိုင်မဲ့အခြေအနေတွေဖြစ်ပေါ်နိုင်ပါတယ်။

အသေးစိတ်ကြိုတင်ခန့်မှန်းချက်တွေအရဆိုရင်တော့ -
🔸 ဧရာဝတီတိုင်းမြောက်ပိုင်းနဲ့ ဧရာဝတီတိုင်းအနောက်ဘက်ခြမ်းက ကမ်းရိုးတန်းဒေသများ၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ နေပြည်တော်အပါအဝင် ပြည်နယ်တိုင်းဒေသအချို့မှာ မိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာနိုင်ပြီး -
🔸 ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်ဒေသအချို့မှာ နေရာကွက်၍ မိုးများနိုင်တာကို ကြိုတင်ခန့်မှန်းချက်များမှာ တွေ့နေရပါတယ်။https://t.me/m2nQSzdXozljZmM1
ဧရာဝတီ ရေပြင်

အောက်ဘက်မှ ဆန်တက်လာသော သဲအိတ်အပြည့်ကာထားသော စခပါသံခွန် ၁စီးသည် ပခုက္ကူနယ် ကွန်းရွာ ရွှေတန့်တစ်ရေလယ်ခုံတွင်  ရပ်နေကြောင်းသိရ။


#Yaypyin
Nov  21, 11:23AM

https://t.me/m2nQSzdXozljZmM1
မုံရွာမြို့နယ်

အကြမ်းဖက် စခ စစ်ကြောင်း
ကြီးအုပ်ရွာမီးရှို့နေဟုသိရပါသည်။

3 Star မြိုင်

21.11.2024/ 11:15am
https://t.me/m2nQSzdXozljZmM1
Forwarded from YayPyin (ရေပြင်) (Henry)
ဧရာဝတီ ရေပြင်/ချင်းတွင်း ရေပြင်

ပခုက္ကူနယ် ကွန်းရွာ ရွှေတန့်တစ်ရေလယ်ခုံတွင်  ရပ်နားခဲ့သော စခရိက္ခါတင်ဖလပ်သဘော် (၁)စီးသည် ချင်းတွင်း မြစ်ကြောင်း အတိုင်းအထက်ဘက်သို့ဆန်တက်နေကြောင်းသိရ။

#Yaypyin
Nov  21, 1:15PM

📫သတင်းပို့ရန် @Yaypyin0bot
Forwarded from Maun Media
မြင်းခြံမှာ မြေပြင်ဝေဟင် စစ်ကောင်စီက အင်အားသုံး စစ်ကြောင်းထိုးနေ၊ ၇ရက်တာ ခုခံခဲ့တဲ့ တိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က အရာရှိအပါ ၃၆ ယောက်သေဆုံးခဲ့
နိုဝင်ဘာ ၂၁၊ ၂၀၂၄
မန္တလေးတိုင်း ၊ မြင်းခြံမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ခုခံတိုက်ခိုက်ခဲ့တဲ့ ၇ရက်တာတိုက်ပွဲတွေထဲ စစ်ကောင်စီဘက်ကအရာရှိ၁ယောက်အပါအဝင် ၃၆ယောက်သေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲရက်တွေထဲ စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေနဲ့ အင်အားအလုံးအရင်း ဝင်ရောက်စစ်ကြောင်းထိုးမှုကြောင့် ကွမ်းစိုက်နဲ့ ​ခြေဆေးကျေးရွာ ၂ရွာကို ဆုတ်ပေးထားရတယ်လို့လည်း Myingyan Black Tiger ( MBT) ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ရက်နေ့ကစလို့ မြင်းခြံမြို့တောင်ဘက် ၅မိုင်အကွာမှာရှိတဲ့ Myingyan Black Tiger ( MBT) ရဲ့စစ်ကြောင်း (၃) စစ်ရေးလှုပ်ရှားနယ်မြေကို စစ်တပ်နဲ့ ပျူစောထီးအင်အားတွေက ဝင်ရောက်စစ်ကြောင်းထိုးခဲ့ရာ MBT အဖွဲ့တွေက ၃ရက်ကြာ ခုခံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီထိတွေ့မှုတွေထဲ စစ်ကောင်စီဘက်က မိတ္ထီလာဘက်ကခြေလျင်တပ်ကူတွေအပြင် လေကြောင်းကနေ ​ခြေဆေး၊ ကွမ်းစိုက်၊ ကူရွာတို့ကို ဗုံးတွေကြဲချတိုက်ခိုက်ရင်း ရွာတွေကိုပါ မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
အဲဲ့ဒီခုခံစစ်ထဲ MBT တပ်ဖွဲ့ဝင်တွေရဲ့ ခဲယမ်းလိုအပ်ချက်ကြောင့် ကွမ်းစိုက်ကျေးရွာကနေ ဆုတ်ခွာပေးခဲ့ရပြီး နိုဝင်ဘာ ၁၅ ရက်နေ့မှာ တစ်ဖန်ထိတွေ့မှုတွေ ထပ်ဖြစ်ခဲ့တယ်လို့ ဗိုလ်မိုက်ခဲကပြောပါတယ်။
နိုဝင်ဘာ ၁၅ရက်နေ့ကနေ ၁၈ရက်နေ့အထိ ၄ရက်ကြာမြင့်ခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာလည်း စစ်ကောင်စီဘက်က လေကြောင်းကနေ ဂျက်ဖိုက်တာ၊ Y12 ၊ Mi35 စတဲ့လေယာဥ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့သလို ဒရုန်းတွေ၊ မြင်းခြံခမရ ၁၅ကနေလည်း ဟောင်ဝစ်ဇာတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း MBT တပ်ဖွဲ့ဝင်တွေက ဒုတိယခံစစ်စည်းဖြစ်တဲ့ ခြေဆေးရွာကပါ ထပ်မံဆုတ်ပေးထားရသလို လက်ရှိအခြေအနေအထိ စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့လည်း ဗိုလ်မိုက်ခဲက ပြောပါတယ်။
"စကစဘက်က ကြည်းကြောင်းအပြင် ဝေဟင်ကနေ လေယာဥ်အစုံသုံးတယ်။ ဒရုန်းသုံးတယ်။ သင်္ဘောတောင်​ မြေမှာမောင်းမရလို့ မသုံးတာပါ။" လို့ ဗိုလ်မိုက်ခဲက မောင်းကိုပြောပါတယ်။
နိုဝင်ဘာ ၁၁ရက်နေ့ကစခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေထဲ စစ်ကောင်စီဘက်က နှစ်ပွင့်ဗိုလ်အပါအဝင် (၃၆)ယောက်သေဆုံးကာ (၄၃) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ MBT တပ်ဖွဲ့ဝင် (၁)ယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်းရဲ့ (၇) ရက်တာ ခုခံစစ် တိုက်ပွဲတွေထဲ Popa Guerilla Force (PGF)၊ မြင်းခြံခရိုင် တပ်ရင်း (၁ ၊၂ ၊ ၃ ၊၄၊ ၇ ၊၈) မြင်းခြံခရိုင် ပကဖ၊ နွားထိုးကြီးမြို့နယ် ပကဖ၊ အမှတ် (၈၁၅) ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့ (စွန်ရဲပြောက်ကျားတပ်)၊ SPY ပြောက်ကျားတပ်နဲ့ နှလုံးလှ လူမိုက်တပ်ဖွဲ့တွေလည်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်တွေရဲ့စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ကွမ်းစိုက်၊ ခြေဆေး၊ ကူရွာက အရပ်သားတချို့ ထိခိုက်သေဆုံးတာတွေလည်း ရှိပြီး ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်နေရပါတယ်။
လက်ရှိ စစ်မျက်နှာစုံမှာ အရှုံးတွေနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက မန္တလေးတိုင်းထဲ နယ်မြေစိုးမိုးမှုတွေ ပြန်လည်ရယူနိုင်ဖို့ မြင်းခြံမြို့နည်းတူ မတ္တရာမြို့ကိုလည်း အလုံးအရင်းနဲ့ တကျော့ပြန် စစ်ကြောင်းထိုးဝင်ရောက်နေတာ ဖြစ်ပါတယ်။
ပုံစာ - Myingyan Black Tiger ( MBT) က ထုတ်ပြန်တဲ့ တိုက်ပွဲဝင်ပုံရိပ်များ
ဧရာဝတီ ရေပြင်/ချင်းတွင်း ရေပြင်

ပခုက္ကူနယ် ကွန်းရွာ ရွှေတန့်တစ်ရေလယ်ခုံတွင်  ရပ်နားခဲ့သော စခရိက္ခါတင်ဖလပ်သဘော် (၁)စီးသည် ချင်းတွင်း မြစ်ကြောင်း အတိုင်းအထက်ဘက်သို့ဆန်တက်နေကြောင်းသိရ။
Nov  21, 1:15pmhttps://t.me/m2nQSzdXozljZmM1
လမ်းဟောင်း

တောင်ငူ (12:20pm,Nov21)

​​​တောင်ငူမြို့အ​ရှေ့ဘက်ဝင်​ပေါက် စစ်​တောင်းတံတား​အလယ်​ခေါင်တည့်တည့်တွင်..ရဲ​ခွေး (၂) ​ကောင် ..အဝင်မြို့ထဲဘက်ခြမ်းတွင် Toyota Hilux အပြာ​ပေါ် ရဲ​ခွေး (၈) ​ကောင်..တံတားတဖက်တချက်တွင် (၂( ​ကောင် စုစု​ပေါင်း ရဲ​ခွေးအင်အား (၁၄)ကောင် ခန့် အပြင် ခါတိုင်း စစ်​ခွေး ဟိုဘက်ထိပ် ဒီဘက်ထိပ် (၇) ​ကောင်ခန့်ရှိပါသည် ရဲ​ခွေးများ ဝတ်စုံပြည့်ဖြင့်လုံခြုံရေးယူနေ။ရဲအချို့ အထူးဝတ်စုံဖြင့်မျက်နှာဖုံးစွပ်ထားကြ​ကြောင်း သတင်းရရှိ။https://t.me/m2nQSzdXozljZmM1
Forwarded from Z Fighter News [︎]
မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး ၃ ဦး အရှင်မိ

🔴 Z Fighter Nov 21 🔴

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး ၃ ဦး အရှင်ဖမ်းဆီး ရမိခဲ့ကြောင်း ဗစ်တာပြောက်ကျားတပ်ဖွဲ့မှ ကိုဗစ်တာက ရန်ကုန်ခေတ်သစ် သတင်းဌာနထံ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၁၁ စီးဖြင့် ဗုံးကျဲပြီး မြေပြင်မှ အနီးကပ် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။[Khit Thit Media][Z-F]

https://telegra.ph/Z-Fighter-11-21-61

#Adm_2
#KhitThitMedia
#z_fighter