ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
"နွေဦးပျားလေးများသို့"

တော်လှန်ရေးမှာ
CDM ဆိုတာ..
စွန့်လွှတ်တဲ့ နှလုံးသားတွေနဲ့
မဆုတ်မနစ် တိုက်ပွဲဝင်နေတာ..

တော်လှန်ရေးမှာ
PDF ဆိုတာ..
ရဲရင့်ပြီး ပေးဆပ်တဲ့ နှလုံးသားတွေနဲ့
ပြောင်မြောက်စွာ တိုက်ပွဲဝင်နေတာ..

တော်လှန်ရေးမှာ
PRF ဆိုတာ..
ဖြည့်ဆည်းပေးတတ်တဲ့ နှလုံးသားတွေနဲ့
ကျားကန်ပေးရင်း တိုက်ပွဲဝင်နေတာ..

တကယ်တော့
နွေဦးပျားတွေ ဆိုတာကလဲ
စွန့်လွှတ်ပြီး ရဲရင့်စွာ ပေးဆပ်နေတဲ့ နှလုံးသားတွေအတွက်
တော်လှန်ရေးမှာ အရေးပါ အရာရောက်တဲ့
ထောက်ပို့ တပ်သားတွေပါပဲ..။

https://t.me/m2nQSzdXozljZmM1

🦅 4 C 🦅

မြိုင်.3Star
ဘုရားရှင်  ခေတ်မှာ
  ရဟန္တာဖြစ်ရင်    ဖြစ်မယ်
အမှောင်ခေတ်မှာတော့  
  ဒေဝဒတ်ရဲ့ဆရာ    မာရ်နတ်ကိုလဲ    အသေသတ်တယ်

ဒီမိုကရေစီခေတ်မှာ
   အိမ်မက်တွေဖော်ဆောင်ဖို့အတွက် 
လူပီသတဲ့အဖွဲ့အစည်းနဲ့
  မှန်ကန်တဲ့စနစ်တွေကို     မသိချင်ယောင်ဆောင်ရင်ဆောင်မယ်

အာဏာရှင်ခေတ်မှာတော့
   အာဏာရူး နဲ့   လူမပီသတဲ့လူ့အဖွဲ့အစည်းကို    အမြစ်ပါလှန်မယ်

https://t.me/m2nQSzdXozljZmM1

မြိုင်.3Star

(တာရာမင်းဝေ   ဗားရှင်း)
လမ်းဟောင်း

မိတ္ထီလာ(12:29pm,Nov17)

မိတ္ထီလာ - ကျောက်ပန်းတောင်း လမ်းမကြီးအတိုင်း  စခအင်အား (၃၀ ) ကျောိခန့် ကားအကြီးအပြည့် အနောက်ဘက်ကို မောင်းသွား ကြောင်းသတင်းရရှိ။

#လခရ
သတင်းပို့ရန်
@WES_SCOUT
@Mgtxu2780
@Koye2780
​မြောင် -စစ်ကိုင်းတိုင်း⚠️

2:00pm ( 17 Nov)

မုံရွာ နမခတက် MI-35 တိုက်ခိုက်​ရေးရဟတ်ယာဥ် (1)စီး ​​​​​​​​​​​​မြောင်နယ် ဖြတ် ​အ​ရှေ့တောင်ဘက်သို့ ပျံသန်း။

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_InfoBot
Forwarded from People's Spring
"ဒီမြို့သိမ်းတိုက်ပွဲအတွက် ကျနော်တို့ စနစ်တကျ ပြင်ဆင်လာတယ်။ အထိအခိုက်အကျအဆုံး အနည်းဆုံးနဲ့ အောင်မြင်မှုတွေအများကြီးရဖို့ အချိန်ကာလတွေအများကြီးရင်းပြီးမှ မြေပြင်ကရဲဘော်တွေက ဒီတိုက်ပွဲကို ဖြစ်ဖို့ ကြိုးစားကြတယ်။ ဆိုတော့ တိုက်ပွဲတစ်ပွဲဆိုတာက အသက်ကို အသက်နဲ့ထပ်ပြီး လောင်းရတဲ့ တိုက်ပွဲတွေဆိုတော့ တိုက်ပွဲအရဆိုရင်တော့ထိခိုက်မှုတွေ ဆုံးရှုံးနစ်နာမှုတွေရှိတယ်။ ပြည်သူလူထု အနေနဲ့ ကျနော်တို့ အပေါ်မှာ နဂိုရ်ကထက် ကျနော်တို့ ချင်းပြည်သူလူထုရော အခြားပြည်သူလူထုရော အားလုံးက တော်လှန်ရေးသမားအားလုံးအပေါ်မှာ ပိုပြီး ယုံကြည်မှုတွေပေးရမယ် ပိုပြီး နွေးထွေးမှုတွေပေးရမယ် ပိုပြီးမှ ကျနော်တို့အပေါ်မှာ အားကိုးမှုတွေရှိမှ ကျနော်တို့က ပိုပြီးမှ အလုပ်လုပ်ရတာ အားဖြစ်စေတယ်ပေါ့နော်။မကြာခင်မှာ ကျနော်တို့ ရည်မှန်းချက်နဲ့ အိပ်မက်ကနီးလာပြီဖြစ်တော့ ပြည်သူလူထုက အဓိက ဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ ပိုပြီးမှ ဝိုင်းရံပေးကြဖို့ ကူညီပေးကြဖို့ မေတ္တာပို့ပေးကြဖို့ ဆုတောင်းပေးကြဖို့ အဲဒါ ပြောလိုပါတယ်"

︎CDF-မင်းတပ်ပြောရေးဆိုခွင့်ရှိသူဆလိုင်းဟာ
အွမ်

https://www.ludunwayoo.com/interviews-mm/2024/11/13/104144/
Forwarded from Wai Hin (ဝေဟင်) (𝚁𝚎𝚒𝚊)
ရေစကြို⚠️

ရေစကြိုနယ်ဖြတ်၍ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁စီး အရှေ့တောင်ဘက်သို့ ပျံသန်း။

#WaiHin
Nov 17, 2:08 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (𝚁𝚎𝚒𝚊)
မြင်းခြံ⚠️

မြင်းခြံ အရှေ့ခြမ်းဖြတ်၍ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁စီး တောင်ဘက်သို့ ပျံသန်း။

#WaiHin
Nov 17, 2:14 PM
📫သတင်းပို့ရန် @WaiHinScout_Bot
မြင်းခြံ-မန္တ​လေးတိုင်း⚠️

2:16pm ( 17 Nov)

မုံရွာ နမခတက် MI-35 တိုက်ခိုက်​ရေးရဟတ်ယာဥ် (1)စီး ​​​​​​​​​​​​​မြင်းခြံ နယ်​ပေါ် ပျံဝဲ​နေ။

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_InfoBot
Forwarded from Hlaing Info
ပုလဲမြို့သိမ်းတိုက်ပွဲတွင်  စစ်သုံ့ပန်း ၂၅ ဦး ဖမ်းဆီးရရှိပြီး လက်နက်အများအပြား သိမ်းဆည်းရရှိကာ မြို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း လေကြောင်း စစ်ကူများကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရ

▪️BNRA ရဲဘော် ၉ ဦး ကျဆုံးခဲ့ရပြီး ချင်းညီနောင်နှင့်အညာညီနောင်တပ်များ ပါဝင်တိုက်ခိုက်ခဲ့


နိုဝင်ဘာလ ၁၇ ရက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ စစ်သုံ့ပန်း ၂၅ ဦး ဖမ်းဆီးရရှိပြီး လက်နက်အများအပြား သိမ်းဆည်းရရှိကာ ပုလဲမြို့ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီ၏ စစ်ကူများကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာလ ၁၁ ရက် နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့်မှစ၍ ပုလဲမြို့သိမ်းစစ်ဆင်ရေးကို စတင်ခဲ့ကြောင်း၊ စစ်ဆင်ရေးစတင်ပြီး ၄၈ နာရီ ခန့်အကြာတွင် ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီနောက်ဆုံးခံတပ်ဖြစ်သော မြို့နယ်ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ပုလဲမြို့အား သိမ်းပိုက်နိုင်ခဲ့ကြောင်း၊

အဆက် - ⤵️⤵️
Forwarded from Magway Regional Scout Network (YU ATARASHI)
☂️သတင်း

Northeast monsoon system
၂၀၂၄ နိုဝင်ဘာလ ၂၁ရက်နေ့မှ ၂၅ရက်နေ့အတွင်း
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ Depression မor deep depression မုန်တိုင်းငယ်အဆင့်တစ်ခုဖြစ်ပေါ်နိုင်ပါတယ်
ISSUED TIME
16/11/2024 7:05pm(MMT)


၂၄နာရီအတွင်း
ထားဝယ် မောင်းမကန် ကလိန်အောင် ကန်ပေါက် ရေဖြူ ရေး သောင်ပြင် လမိုင်း ကြိုက်ပိ သံဖြူဇရပ် ဒေသတွေမှာ မိုးရွာနိုင်ပါတယ်
ISSUED TIME
17/11/2024 6:03am(MMT)


📢📢
၂၀၂၄ နိုဝင်ဘာလ ၂၀ရက်နေ့မှ ၂၃ရက်နေ့အထိ
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးရွာနိုင်ပြီး လားရှိုးခရိုင် လောက်ကိုင်ခရိုင် မူဆယ်ခရိုင်မိုးကြီးနိုင်ပါတယ် 🌧️🌧️🌧️🚲️⚠️
ဘေးအန္တရာယ်ကင်းကြပါစေ
ISSUED TIME
17/11/2024 6:15am(MMT)


Thanlyin(Yangon)
သန်လျင် ရန်ကုန် ၂၄နာရီအတွင်း မိုးရွာနိုင်ပါတယ်
ISSUED TIME
17/11/2024 6:38am(MMT)


ရှမ်းပြည်နယ်တောင်ပိုင်း
၂၀၂၄ နိုဝင်ဘာလ ၁၉ရက်နေ့နှင့်၂၀ရက်နေ့တွေမှာ မိုးအနည်းငယ်မှအသင့်အတင့်ရွာနိုင်ပါတယ် 🌧️🌧️🌧️🐌🌱
ISSUED TIME
17/11/2024 7:54am(MMT)

ဂရုစိုက်ကြပါ
🙏🕊️🍁

မင်း ဂွတ် သီး Su Su San
MRSN
Nov 17 ,  4:16 PM
📬သတင်းပို့ရန်
@MagwayScoutBot
ပုလဲမြို့တွင် မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေး၌ မြင့်မြတ်စွာ ကျဆုံးခဲ့သည့် BNRA တပ်ဖွဲ့မှ ရဲဘော်ဇိုးလေး ကျဆုံးခြင်း အလေးပြုအခမ်းအနားပြုလုပ်

ရန်ကုန်၊နိုဝင်ဘာ ၁၇

စစ်ကိုင်းတိုင်း ပုလဲမြို့တွင် မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေး၌ မြင့်မြတ်စွာ ကျဆုံးခဲ့သည့် BNRAတပ်ဖွဲ့မှ ရဲဘော် ရဲဘော်ဇိုးလေး ကျဆုံးခြင်း အလေးပြုအခမ်းအနားကို ယင်းမာပင်ဆားလင်းကြီး ရွာပေါင်းစုံသပိတ် အဖွဲ့ဝင်များနှင့် မိသားစုဝင်များ ချီတက်အလေးပြုအခမ်းအနားကို နိုဝင်ဘာလ ၁၇ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

KhitThitMedia
SSNTIMES
မြိုင် 3 Star
မုံရွာမြို့‌ပေါ်ရှိ နဝရတ်ရွှေဆိုင်ကို ဓားပြတိုက်မှုတွင် ပါဝင်သည့် အမျိုးသမီး ၁ ဦး ပလဖ အဖွဲ့ထံ ဆက်သွယ်၍ လာရောက် အဖမ်းခံခဲ့ပြီး ဥပဒေအရ ဆက်လက် အရေးယူမည်

ရန်ကုန်၊ နိုဝင်ဘာ ၁၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့‌ပေါ်ရှိ နဝရတ်ရွှေဆိုင်ကို ဓားပြတိုက်မှုတွင် ပါဝင်သည့် အမျိုးသမီး ၁ ဦး ပလဖ အဖွဲ့ထံ ဆက်သွယ်၍ လာရောက် အဖမ်းခံခဲ့ပြီး ဥပဒေအရ ဆက်လက် အရေးယူမည်ဖြစ်ကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့တွင် မုံရွာမြို့ပေါ်ရှိ နဝရတ် ရွှေဆိုင် ဓါးပြတိုက်မှုတွင် ပါဝင်ခဲ့သော မေလရောင် (ခေါ်) အမွှေစိန်သည် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မုံရွာမြို့နယ်-ပလဖ) ထံ ဆက်သွယ်၍ လာရောက် အဖမ်းခံခဲ့ကြောင်း သိရသည်။

ထိုသို့ လာရောက် ဖမ်းဆီးခံခဲ့သော မေလရောင် (ခေါ်) အမွှေစိန်ကို ဥပဒေအရ ဆက်လက် အရေးယူသွားမည်ဖြစ်ပြီး အရေးယူမှု ဆိုင်ရာကိစ္စများကို ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

"သူ့ကိုတော့ တရားရေးက ဆက်လက် အရေးယူပါလိမ့်မယ်။ အရေးယူမှု ဆိုင်ရာ ကိစ္စတွေကိုတော့ ကျွန်တော်တို့ ဆက်လက်တင်ပြပေးပါမယ်" ဟု မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဓားပြမှုတွင် ဖမ်းဆီးရန် ကျန်ရှိနေသော တရားခံများသည်လည်း မိမိတို့ အမှားကို ကိုယ်တိုင်သိမြင်ကာ အချိန်မလွန်ခင် မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မုံရွာမြို့နယ်- ပလဖ)ထံသို့ ဆက်သွယ်၍ လာရောက်ဖမ်းဆီးခံကြပါရန် အသိပေးလိုကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

KhitThitMedia
SSNTIMES