ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
မြိုင်မြို့နယ် ⚠️

မြိုင်မြို့နယ် နှောပင်ရွာသို့ရောက်ရှိနေသော စစ်ခွေး စစ်ကြောင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရပါသည်။

မိဘပြည်သူများ ဘေးကင်းကြပါစေ

#threestarmyaing
Sep-24 , 7:27PM
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူမြို့ ⚠️

ပခုက္ကူမြို့ စက်မှု့ဇုန် သို့ ပခုက္ကူ တပ်မ ၁၀၁ မှ ထွက်လာသော စစ်ခွေးကား၆စီး ရောက်ရှိနေကြောင်း သိရပါသည်။

⚠️ရေစကြို ပခုက္ကူ ⚠️

#threestarmyaing
Sep-24 , 7:15PM
📬 သတင်းပေးပို့ရန် @myaing3starbot
ရေစကြိုမြို့နယ် ⚠️

ရေစကြိုမြို့နယ် ကျောက်လှေခါးရွာသို့ ပခုက္ကူမြို့ ၁၀၁ မှထွက်လာသော စစ်ခွေးကား ၆စီးအနက် စစ်ခွေးကား ၁ စီးရောက်ရှိနေကြောင်း သိရပါသည်။

#threestarmyaing
Sep-24 , 8:15PM
📬 သတင်းပေးပို့ရန် @myaing3starbot
ပေါက်မြို့နယ် ⚠️

ပေါက်မြို့နယ် ကပစ ၂၄ မှ စစ်ခွေးများမှ လက်နက်ကြီးများ ဖြင့် (8:03PM) အချိန်က အနောက်အရပ်နှင့် အနောက်မြောက်အရပ်သို့ပစ်ခတ်ခဲ့ကြောင်း သိရပါသည်။

မိဘပြည်သူများ ကင်းကြပါစေ

#ရောင်နီဌာနေ
#threestarmyaing
Sep-24 , 8:21PM

📬 သတင်းပေးပို့ရန် @myaing3starbot
ပေါက်မြို့နယ်⚠️

၂၄.၉.၂၀၂၅ရက်၂၄၀၈၁၆အချိန်တွင် ပေါက်မြို့နယ် ဘုရားတောင်ကုန်းရှိ ခွေးများမှ လက်နက်ငယ်များ၊လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသိရပါသည်။

#ရောင်နီဌာနေ
#threestarmyaing
Sep/24/8:17PM
📬သတင်းပေးပို့ရန် @myaing3starbot
ပေါက်မြို့နယ် ⚠️

ပေါက်မြို့နယ် ဘုရားတောင်ကုန်းရှိ စစ်ခွေးများမှ Drone. တစ်စီးလွှင့်တင်ထားကြောင်း သိရပါသည်။

#threestarmyaing
#ရောင်နီဌာနေ
Sep-24 ,8:22PM
📬 သတင်းပေးပို့ရန် @myaing3starbot
ပေါက်မြို့နယ်⚠️

၂၄.၀၉.၂၀၂၄ရက်၂၄၀၇၃၅ ချိန် ပခုဣူခရိုင် ပေါက်မြို့နယ် အုန်းတောတံတားကိုဖြတ်၍ ပေါက်မြို့နယ် ယာကြီးပြင် ပျူရွာသို့ ကားတစ်စီးဝင်ရောက်သွားကြောင်းသိရပါသည်။

#ရောင်နီဌာနေ
#threestarmyaing
Sep/24/7:57PM
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူမြို့နယ် ⚠️

ပခုက္ကူမြို့ပေါ်မှ ထွက်လာသော စစ်ခွေးစစ်ကြောင်းမှာ ပခုက္ကူမြို့နယ် မြောက်လူးကံရွာ သို့ရောက်ရှိနေကြောင်း သိရပါသည်။

မိဘပြည်သူများ သတိပြုရှောင်ရှားစေရန်အသိပေးအပ်ပါသည်။

#threestarmyaing
Sep-24 , 8:56PM
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူမြို့ ⚠️

ပခုက္ကူမြို့ စက်မှုဇုန် ၆ လမ်းသို့ရောက်ရှိထားသော စစ်ခွေးကား ၆ စီးအနက် ပခုက္ကူလေယာဥ်ကွင်းနားသို့ စစ်ခွေးကား၂စီးရောက်ရှိနေကြောင်း သိရပါသည်။

#threestarmyaing
Sep-24, 9:00PM
📬 သတင်းပေးပို့ရန် @myaing3starbot
မြိုင်မြို့နယ် ⚠️

မြိုင်မြို့နယ် နှောပင်ရွာ သို့ညအိပ်တပ်စွဲစခန်းချခဲ့သောစစ်ခွေးများမှာ နှောပင်ရွာ ရွာပေါ်နှင့်ရွာ၏တောင်ဘက်တို့တွင် Drone ဝဲကြည့်နေပါသဖြင့် အားလုံးဂရုစိုက်နေထိုင်ကြပါရန်အသိပေးအပ်ပါသည်။

#PM
#threestarmyaing
sep -25 , 7:15AM
📬 သတင်းပေးပို့ရန် @myaing3starbot
ဆိပ်ဖြူမြို့နယ် ⚠️

ဆိပ်ဖြူမြို့နယ် ကပစ ၂၁ မှ စစ်ခွေးကား ၁၀ စီးပြင်ဆင်ထားကြောင်း သိရပါသည်။

ဆိပ်ဖြူမြို့ဘက်သို့ ဦးတည်နိုင်ခြေရှိ

#threestarmyaing
Sep-25 , 9:46AM
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူမြို့ ⚠️

ပခုက္ကူမြို့ ရွှေချောင်းအဝိုင်းဖြတ်၍ ဒါဘယ်ကပ်အဖြူရောင် ၁ စီး အိမ်စီးကားအဖြူရောင် ၅ စီး ခွေးအပြည့်ဖြင့်မြောက်အရပ်သို့မောင်းသွားကြောင်း သိရပါသည်။

#threestarmyaing
Sep-25 , 10:00AM
📬 သတင်းပေးပို့ရန် @myaing3starbot
မြိုင် မကွေးတိုင်း⚠️
မြိုင်နယ် နှောပင်ရွာမှ တစ်ဆင့် အကြမ်းဖက် စကစ စစ်သားများသည် အ​ရှေ့တောင်အရပ်သို့ဦးတည်ထွက်ခွာနေကြောင်း သတင်းရရှိပါသည်။

#threestarmyaing
Sep25,11:40AM
📫 သတင်းပေးပို့ရန်
@myaing3starbot
ပခုက္ကူ မကွေးတိုင်း⚠️

မြိုင်မြို့နယ် နှောပင်ရွာမှတဆင့် ပခုက္ကူမြို့နယ် အင်ပင်ရွာသို့ အကြမ်းဖက် စကစ စစ်သားများ ဝင်ရောက်သွားကြောင်းသတင်းရရှိပါသည်။

#threestarmyaing
Sep25,12:36PM
📫 သတင်းပေးပို့ရန်
@myaing3starbot
ကြံသာရွာကို စ-စ်အုပ်စုက ပြန်လည်ထိန်းးချု-ပ်ပြီး လူ၊ရိက္ခာနဲ့ လ-က်-န-က်-ခဲ-ယမ်းးများဖြည့်တင်းနေ

#edit- ကလေး-ဟားခါး
မုံရွာ စတဲ့နယ်မြေတွေကို မုံရွာ နမခ တိုင်းမှူးက တိုက်ရိုက်ကွပ်ကဲတာဖြသ်ပြီး အလှည့်ကျလာရောက်နေထိုင်ကြောင်းသိရပါတယ်။

25.9.2025 ၊ကြံသာ

မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအစပ် ကလေးမြို့နယ်တောင်ပိုင်း ကြံသာရွာကို စ-စ်အုပ်စုက ယခုစက်တင်ဘာလ ၂၀ ရက်နေ့က ပြန်လည်တို-က် ခို-က် ထိန်းးချု-ပ်နိုင်ခဲ့ပါတယ်။

ယခုလိုပြန်လည် ထိန်းးချု-ပ် နိုင်ခဲ့ပြီးနောက် စက်တင်ဘာလ ၂၃ ရက်နေ့နဲ့ ယမန်နေ့ ၂၄ ရက်တွေမှာ ၂ ရက်ဆက်၊ ကြံသာရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊စားနပ်ရိက္ခာနဲ့ လ-က်-န-က်-ခဲ-ယမ်းးများကို ကလေးမြို့ကနေ ၄ ကြိမ်ပို့ဆောင်ထားပြီးဖြစ်တယ်လို့သိရပါတယ်။ ကလေးမြို့ ဒကစကနေ MI 17 စစ်ထောက်ပို့ရဟတ်ယာဥ်နဲ့ ဂန့်ဂေါမြို့နယ် ဟံသာဝတီရွာမှာဆင်းသက်ခဲ့တာဖြစ်ပြီး ထိုမှတဆင့် ကြံသာရွာကိုတဖန်ပို့ဆောင်တာဖြစ်တယ်လို့သတင်းရင်းမြစ်ကယောအလင်းတန်းကိုပြောပါတယ်။

ကြံသာရွာဟာ စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ဖက်အစွန်ဆုံး နဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ် ပျူစောထီးရွာကြီးဖြစ်တဲ့ ဟံသာဝတီရွာရဲ့မြောက်ဖက် အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ကလေး-ဂန့်ဂေါ ကားလမ်းမကြီးပေါ်က ကျေးရွာတစ်ရွာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ကြံသာရွာကို စ-စ်အုပ်စုက စစ်ကောင်စီတပ်သား၊ ပျူစောထီး အင်အား ၁၀၀ ကျော်နဲ့ ရိက္ခာ၊လ-က်-န-က်-ခဲ-ယမ်းး များပိကိုပို့ဆောင်ထားပြီးဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ကပြောပါတယ်။

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Sep-25 , 12:58PM
#threestarmyaing
📫 သတင်းပေးပို့ရန်
@myaing3starbot
#ဂန့်ဂေါသတင်း

25.9.2025

ယခုရက်ပိုင်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြစ်သာမြစ်ကမ်းဘေးရှိ ကျေးရွာအချို့ကဒေသခံများဟာ ရေကြောင်းအသုံးပြုပြီး မြောက်ခင်ရန်းရွာ အစရှိတဲ ပျူစောထီးရွာများကို စားနပ်ရိက္ခာထုပ်များ ပို့ဆောင် ရောင်းဝယ်နေကြတယ်လို့သိရပါတယ်။

မြစ်သာမြစ်ရဲ့ အထက်ပိုင်းနေရာကနေ မြစ်ရေစီးအတိုင်း ဆီ၊ဆန်၊ဆား၊ဟင်းချိုမှုန့်၊ငါးပိ၊ငါးခြောက်၊ဆေးပေါ့လိပ်၊စက်သုံးဆီ စတဲ့ စားနပ်ရိက္ခာနဲ့အခြားအသုံးဆောင်ပစ္စည်းများကို ရေအလွယ်တကူမဝင်နိုင်စေရန် ရေစိုခံ အိတ်များ၊ ၅ ဂါလံဆံ အဝါရောင်ပုံးတွေဖြင့် သေချာထုပ်ပိုးကာ မြောက်ခင်ရန်းရွာတွေဖက်ကို မျှောပါပို့ဆောင်နေကြတာဖြစ်တယ်လို့သတင်းရင်းမြစ်ကပြောပါတယ်။

" တချို့အထုပ်တွေက မြောက်ခင်ရန်းရွာနားက မြစ်သာမြစ် ရေဆိပ်အထိရောက်တာတွေရှိတယ်၊ တချို့ကျတော့ မြစ်သာမြစ်ထဲမှာ ငါးဖမ်းနေတဲ့ တံငါ တွေနဲ့တွေ့ပြီး လမ်းခုလပ်ကနေဆယ်ယူရရှိတာတွေလဲရှိပါတယ် " လို့ သတင်းရင်းမြစ်ကပြောပါတယ်။

အခုလို မြစ်ကြောင်းအတိုင်းရေစီးနဲ့မျှောပြီး လက်ခံရရှိတဲ့ ပစ္စည်းအထုပ်များပေါ်မူတည်လို့ အရေအတွက်၊ တန်ဖိုး ကြေးငွေကို ဖုန်းဖြင့်ဆက်သွယ်ပြောဆိုကာ Kpay၊ Wpay တွေကနေ ပိုက်ဆံရှင်းတာ၊ ပစ္စည်းဝယ်တာတွေကိုပြုလုပ်နေကြတာဖြစ်တယ်လို့လည်းသိရပါတယ်။

ဘယ်ရွာက ၊ ဘယ်သူတွေ အခုလို လုပ်ဆောင်နေကြတယ်ဆိုတာကိုတော့ လတ်တလော ခြွင်းချက်ထားခြင်းဖြစ်ပါတယ်။

#နွေဦးရောင်နီ

ယောအလင်းတန်း
#MRSN
Sep-25 , 3:19PM
#threestarmyaing
📫 သတင်းပေးပို့ရန်
@myaing3starbot
,25.09.2025
05:10 pm
ကားလမ်းမြေပြိုကြမှုအသိပေးခြင်း

ယနေ့ညနေ (၀၃:၀၀)နာရီခန့်အချိန် မိုးသည်းထန်စွာရွားသန်းခဲ့မှု‌ေကြာင့် ဆော - ကျောက်ထု ကတ္တရာကားလမ်း ဒေသအခေါ် သံဘောင်တံတားနှင့် လယ်ကြီးအိုင်ကျေးရွာကြား တစ်နေရာမှာ ကတ္တရာကားလမ်းမြေပြိုကျမှုဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။ မြေပြိုကျမှုကြောင့် ကတ္တရာကားလမ်းဟာ ပိန်းချောင်းဘက်သို့ပြိုဆင်းသွားခဲ့သလို သစ်ပင်တွေလည်း လဲကြကာပိတ်ဆို့နေတယ်လို့သိရပါတယ်။ မြေပြိုကျမှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိခဲ့ပေမယ့် လတ်တစ်လောမှာတော့ ကား၊ဆိုင်ကယ်များဖြတ်သန်းသွားလာလိုမရနိုင်သေးကြောင်း ဒေသခံပြည်သူတစ်ဦးရဲ့ပြောပြချက်အရသိရှိရပါတယ်ခင်ဗျာ။ ဒါကြောင့် မိဘပြည်သူများအနေဖြင့် ဆော - ကျောက်ထုကားလမ်းပိုင်းဟာ မြေပြိုကျမှုဖြစ်စဉ်ကြောင့် ဖြတ်သန်းသွားလာ၍မရနိုင်သေးပါကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ။

------------------------------ Aung Gyi -------------------------------

ယောအလင်းတန်း
#MRSN
Sep-25 , 8:30 PM
#threestarmyaing
📫 သတင်းပေးပို့ရန်
@myaing3starbot
မြစ်သာ မြစ်ရေပြန်လည်မြင့်တက်နေလို့ ဆည်အောက်ဖက်နေပြည်သူများကြိုတင်သတိထားရန်လိုအပ်

26.9.2025 ၊မြစ်သာ

ဖိလစ်ဖိုင်နိုင်ငံပင်လယ်ပြင်မှာအခြေပြု ရွေ့လျားတိုက်ခတ်နေတဲ့ Super Typhoon RASAGA စူပါတိုင်ဖုန်းမုန်တိုင်းအရှိန်ကြောင့် ယောနယ်အပါ မြန်မာနိုင်ငံနေရာအနှံ့အပြားမှာ မိုးသည်းထန်စွာရွာသွန်းလျက်ရှိနေပါတယ်။

အခုလို မိုးသည်းထန်စွာရွာသွန်းနေမှုကြောင့် ယောနယ်အတွင်းရှိ နေရာအချို့မှာ ရေကြီးရေလျှံဖြစ်ခြင်း၊မြေပြိုကျခြင်း၊သစ်ပင်ကြီးများလဲခြင်းနဲ့ လမ်းတံတားများ ပြိုကျပျက်စီးခြင်းများဖြစ်ပေါ်နေပါတယ်။

ဂန့်ဂေါမြို့နယ်တောင်ပိုင်းမှာရှိတဲ့ မြစ်သာ မြစ်သာဆည်ရေလှောင်တာမံ ဟာလည်း စိုးရိမ်ရေအမှတ်ကို ကျော်လွန်ခြင်းမရှိသေးသော်လည်း ရေပိုလွှဲကနေ ရေများဖောက်ချနေရတယ်လို့သိရပါတယ်။ရေပိုလွှဲကဖောက်ချရေနဲ့ အခြားချောင်းလက်တက်တွေကစီးဝင်လာတဲ့ရေတွေကြောင့် မြစ်သာဆည်အောက်ဖက်က မြစ်သာ မြစ်ရေဟာ အခုအခါမှာ ကမ်းပြည့်လုံးပြည့်ကာလျှံတက်နေကြောင်းသိရပါတယ်။

ရေလျှံတက်လာတာကြောင့် မြစ်ကမ်းဘေးရှိ တောင်သူများရဲ့ ယာခင်း၊လယ်ကွက်များ ရေနစ်မြှပ်မှုတွေရှိနေတယ်လို့သိရပါတယ်။

မုန်တိုင်းအရှိန်ကြောင့် မိုးဟာ ဆက်လက်ရွာသွန်းနိုင်သေးပြီး မြစ်ကမ်းဘေး၊ချောင်းကမ်းဘေးရှိ ကျေးရွာနေပြည်သူများအနေဖြင့် ရေအန္တရာယ်ကို ကြိုတင်သတိပြုနေထိုင်ပေးကြပါရန် အသိပေးလိုက်ရပါတယ်။

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Sep-26 , 12:54PM
#threestarmyaing
📫 သတင်းပေးပို့ရန်
@myaing3starbot
ပခုက္ကူ မကွေးတိုင်း⚠️
ပခုက္ကူမြို့ စက်မှုဇုံတွင် အကြမ်းဖက် စကစ စစ်တပ်မှ စစ်သားများပိတ်ဆို့ စစ်ဆေးမှု​များပြုလုပ်နေကြောင်းသတင်း ရရှိပါသည်။

မိဘပြည်သူ တလရ ညီအကို မောင်နှမများ ဂရုစိုက်သွားလာကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

#threestarmyaing
Sep26,1:40PM
📫 သတင်းပေးပို့ရန်
@myaing3starbot
26.09.2025
06:30 pm
လမ်းမြေပြိုနေမှုအား ပြုပြင်ဆောင်ရွင်‌နေမှု အခြေအနေတင်ပြခြင်း

မနေ့ညနေက မိုးသည်းထည်စွာရွာသွန်းခဲ့မှုကြောင့် ရေတိုက်စားမြေပြိုမှုဖြစ်ခဲ့တဲ့ ဆော - ကျောက်ထုလမ်းပိုင်းအား အများပြည်သူများမှ ဝိုင်း၀န်းပြုပြင်ခြင်းလုပ်ငန်းများလုပ်ဆောင်နေကြရာ ယနေ့ညနေပိုင်းအချိန်‌တွင် ကားငယ်များ အချိန်အကန့်အသတ်ဖြင့် ဖြတ်သန်းသွားလာလို့ရရှိနေပြီလို့သိရပါတယ်ခင်ဗျာ။ လက်ရှိအနေအထားအရ မြေပြိုခြင်းတွေ ထပ်မံဖြစ်ပေါ်နိုင်တာမို့ လမ်းပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း အချိန်အကန့်အသတ်ဖြင့်သာ ဆိုင်ကယ်များ၊ကားလေးများကိုဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်းကို မိဘပြည်သူများထံ အသိပေးအပ်ပါတယ်ခင်ဗျာ။

မှတ်ချက် - လက်ရှိအနေအထားအရ ကားကြီးများ ဖြတ်သန်းသွားလာခြင်းကို ခွင့်မပြုသေးပါကြောင်း အသိပေးအပ်ပါတယ်။

------------------------------- Aung Gyi -----------------------------

ယောအလင်းတန်း
#MRSN
Sep-26 , 8:35PM
#threestarmyaing
📫 သတင်းပေးပို့ရန်
@myaing3starbot
ရေစကြိုမြို့ပေါ်တွင် မအလ စခ၊ ပခများက လ္ဘက်ရည်ဆိုင်ထိုင်နေသော လူငယ်နှစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွား

ရေစကြို၊ စက်တင်ဘာ ၂၆

စက်တင်ဘာ ၂၅ ရက်နေ့နံနက် 10:00 am ဝန်းကျင်အချိန် ရေစကြိုမြို့အမှတ် ၅၊ ရွာဘိုးရပ် ဦးကြီး လ္ဘက်ရည်ဆိုင်ကို မအလ စခ ပခများဝင်ရောက်လာပြီး လ္ဘက်ဆိုင်ထိုင်နေသော ကိုမြတ်နိုးထွန်းနှင့် ကိုဝေမိုးထွန်း တို့ လူငယ်နှစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။
ရေစကြိုမြို့(နယ်မပါ)တာဝန်ကျ မအလ ကျွန်ရူး ပြည့်ဖြိုးအောင်ဆိုသည့် မြို့ခံများခေါ်ဝေါ်သည့် ကြောင်ချီးဆိုသော စစ်ခွေးသူတောင်းစားသည် အပြစ်မဲ့ပြည်သူများကို ဒုက္ခအမျိုးမျိုးပေးနေပြီး လမ်းဘေးတွင်ဈေးရောင်းနေကြရသော လက်လုပ်လက်စားဈေးသည်များပါမကျန် ခြိမ်း‌ခြောက်ငေါက်ငန်း ပြဿနာရှာ ဒုက္ခပေးနေကြောင်း၊ ပြောင်းရွေ့ရတော့မည့်ဟု သတင်းများထွက်နေပြီး အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးငွေညှစ်ကာ သိန်းရာချီတောင်းယူနေကြောင်း၊ သေခါနီး ရိက္ခာရှာ ဆိုသလို အမျိုးမျိုး ဒုက္ခပေးနေကြောင်း ရေစကြိုမြို့သည်လည်း ၎င်းလူယုတ်မာကြောင့် အရောင်းအဝယ်များ ပါးကာ ခြောက်ကပ်နေကြောင်း၊ မြို့ခံများအနေဖြင့် သေချင်းဆိုးဖြင့် မြန်မြန်အဝီစိရောက်မည့် တိရိစ္ဆာန်တကောင်ဟု ပြောဆိုနေကြကြောင်း သိရှိရပါသည်။
(ပြည်သူများ ဘေးရန် ခွေးရန် အမြန်ကင်းဝေးကြပါစေ)
#threestarmyaing
Crd
#InfoCommitteeYesagyo
📬 သတင်းပေးပို့ရန်
@myaing4starbot