ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ပခုက္ကူ မကွေးတိုင်း⚠️

ပခုက္ကူတပ်မ၁၀၁မှ Paramotor စက်တပ်လေထီး ၂စီး ပျံတက်​။

#threestarmyaing
Sep18,4:44PM
📬သတင်းပေးပို့ရန်
@myaing3starbot
Forwarded from Hlaing Info
မြိုင်မြို့နယ် ကျောက်ခွက်မှော်နှင့် ဝဲတူးမှော် အနီးသို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ် လေထီးဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရ

စက်တင်ဘာလ ၁၈ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ် အနောက်ခြမ်း ကျောက်ခွက်မှော် နှင့် ဝဲတူးမှော်အနီးကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးဖြင့် လေကြောင်းတိုက်ခိုက်သဖြင့် အမျိုးသမီး ၁ ဦးသေဆုံးကာ၊ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယမန်နေ့ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁နာရီ ၂၃မိနစ်အချိန်နှင့် နံနက်  ၁၁နာရီ ၃၁မိနစ်အချိန်တို့တွင် ပခုက္ကူ တပ်မ ၁၀၁ မှ (Paramotor) ၂စီးဖြင့် မြိုင်မြို့နယ် အနောက်ခြမ်း ကျောက်ခွက်မှော် နှင့် ဝဲတူးမှော်အနီးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တပ်လေထီးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း မှော်အတွင်း အလုပ်လုပ်ကိုင်နေသည့် ထနောင်းကုန်းရွာတွင် နေထိုင်သော အမျိုးသမီး ၁ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသော ပြည်သူ ၃ ဦး၏ ကျေးရွာများကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

"သေဆုံးသွားတဲ့ အမျိုးသမီးကတော့ အသက်အရွယ်ကတော့ မသိရဘူး။ ထနောင်းကုန်းဇာတိလို့ ပြောပါတယ်။ ရေနံခက်တဲ့  မိန်းကလေးပါ။ထိခိုက်ဒဏ်ရာရတဲ့သူကတော့ ပြည်သူ၃ ဦးကတော့ ဘယ်ကျေး ရွာကလဲဆိုတော့ မမေးလိုက်ဘူး။ စစ်ခွေးတွေက အကြောင်းမဲ့ သက်သက် လာကျဲနေတာ ဒီနေ့နဲ့ဆိုရင် ၂ရက်ဆက်တိုက်ရှိပြီ။ ကျောက်ခွက်မှော် နှင့် ဝဲတူးမှော်နဲ့ မနေ့ကဆိုရင် ဆူးဝင်းရယ် အရှေ့ မြောက်ဘက် အကြောင်းမဲ့ သက်သက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတာပါ"ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

လတ်တလော စစ်တပ်က မြိုင်မြို့နယ်အတွင်းသို့ မကြာခဏဆိုသလို ကင်းထောက် လေယာဉ်များ ပျံဝဲခြင်း၊ဒရုန်းများဖြင့် ကင်းထောက်ခြင်းများ ဆက်တိုက် လုပ်ဆောင်နေသည့်အပြင် လေကြောင်းတိုက် ခိုက်မှုများလည်း မကြာခဏဆိုသလိုလုပ်ဆောင်နေကြောင်း၊ မြေပြင်တွင်လည်း စစ်ကြောင်း ထိုးမှုများ စစ်တပ်က လုပ်ဆောင်လာကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

"စစ်ဘေးရှောင်တာကတော့ လေယာဉ်တွေ ကင်းထောက်ရင် အကုန်တောထဲ ခဏရှောင်ရတာပဲ။ အဓိက လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်နေရတာပါ။ လေကြောင်းတိုက်ခိုက်မှုကလည်း ရွာတွေနဲ့ လူအုံတဲ့နေရာတွေကို ကျဲချတာဆိုတော့ ပြည်သူတွေက လေယာဉ်ကင်းထောက်တာနဲ့ ရှောင်ကြတယ်" ဟု မြိုင်မြို့နယ်မှစစ်ဘေးရှောင်ကူညီရေး တက်ကြွလှုပ်ရှားသူ လူငယ်ခေါင်းဆောင်တစ်ဦးက ရှင်းလင်း ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က လာမည့် ဒီဇင်ဘာလ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် မြိုင်မြို့နယ်ကို ရွေးကောက်ပွဲ မကျင်းပနိုင်သော မြို့နယ်တစ်ခုအဖြစ် ကြေညာထားသည်။

#KTM
#HlaingInfo
ပခုက္ကူမြို့ မကွေးတိုင်း⚠️

ပခုက္ကူမြို့ ရွှေချောင်း အဝိုင်းကွေ့(ရေစကြို ပခုက္ကူ ကျွဲတဲရွာ လမ်းစုံ)အနီးမှာ အကြမ်းဖက် စစ်ကောင်စီ စစ်သားများမှ လမ်းသွား လမ်းလာ ပြည်သူများအား တားဆီးစစ်ဆေးမှုပြုလုပ်နေပါသည်။

#threestarmyaing
Sep18, 5:00PM
📫သတင်းပေးပို့ရန်
@myaing3starbot
ပခုက္ကူ- မကွေးတိုင်း

5:07pm(18 Sep)

ပခုက္ကူတပ်မ ၁၀၁ တက် Paramotor (2) စီး ပခုက္ကူဖြတ် အနောက်မြောက်သို့ ဆက်လက်ပျံသန်း။

⚠️ပေါက် ကမ္မ မြစ်ခြေ ရေစကြို  မြိုင် သတိပြု

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
ကမ္မ⚠️

ကမ္မနယ် အနောက်ခြမ်းဖြတ်၍ တပ်မ ၁၀၁ မှစက်တပ်လေထီး Paramotor  ၂ စီး အနောက်အရပ်သို့ ပျံသန်း။

#WaiHin
Sep 18, 5:15 PM
📫သတင်းပို့ရန် @WaiHinScout_Bot
ပေါက်⚠️

ပေါက်နယ် အရှေ့ခြမ်းတစ်နေရာတွင် တပ်မ ၁၀၁ တက် စက်တပ်လေထီး Paramotor  ၂စီး  ပျံသန်းဝဲနေ။

#WaiHin
Sep 18, 5:27 PM
📫သတင်းပို့ရန် @WaiHinScout_Bot
🔴 ပေါက် 🔴

​ပေါက်နယ် တနေရာသို့ ပခုက္ကူ တပ်မ ၁၀၁မှတက်သော စက်တပ်လေထီး (Paramotor) ၂စီး ဖြင့် (5:28)PM ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားကြောင်း သိရပါသည်။

#WaiHin #AS
Sep 18, 5:56PM
📫သတင်းပို့ရန်
@WaiHinScout_Bot
ရေစကြို မကွေးတိုင်း⚠️

ရေစကြိုနယ် တောင်ခြမ်းတစ်နေရာတွင် စကစ Drone1စီး ပျံသန်းဝဲ။

#threestarmyaing
Sep18,6:00PM
📬သတင်းပေးပို့ရန်
@myaing3starbot
🔴 ပေါက် 🔴

​ပေါက်နယ် တနေရာသို့ ပခုက္ကူ တပ်မ ၁၀၁မှတက်သော စက်တပ်လေထီး (Paramotor) ၂စီး ဖြင့် (5:28)PM ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားကြောင်း သိရပါသည်။

#WaiHin #AS
Sep 18, 5:56PM
📫သတင်းပို့ရန်
@WaiHinScout_Bot
မြိုင်မြို့နယ် 🔴

မြိုင်မြို့နယ် ကန်နီပျူရွာ မှ စစ်ခွေးများမှ လက်နက်ကြီး ဖြင့်ပစ်ခတ်ထားကြောင်း သိရပါသည်။

#threestarmyaing
Sep-18 , 6:49PM
📬 သတင်းပေးပို့ရန် @myaing3starbot
🔴မိဘပြည်သူများ သတိပေးခြင်း 🔴

Sep-18 နေ့မှ စ၍

လတ်တလောအခြေနေအရ ကြည့်ကန်လမ်းဆုံမှ ထွန်းမြရတနာ လမ်းပိုင်း အထိ စစ်ရေးအခြေနေအရ ယာယီပိတ်ပင်ထားကြောင်း အသိပေးအပ်ပါသည်။

မြိုင်မြောက်ပိုင်းဇုန် (မြိုင် ပ.က.ဖ)
မြိုင်မြို့ ⚠️

မြိုင်မြို့ပေါ် မှ စစ်ခွေး များမှ လက်နက်ကြီးဖြင့်ပစ်ခတ်ထားကြောင်း သိရပါသည်။

#threestarmyaing
Sep-19 , 9:00AM
📬 သတင်းပေးပို့ရန် @myaing3starbot
ယင်းမာပင်- စစ်ကိုင်းတိုင်း

9:37am(19 Sep)

ပုလဲနယ် အင်မထီးတက် MI-17 စစ်ထောက်ပို့ရဟတ်ယာဥ် (1)စီး ယင်းမာပင်နယ်ဖြတ် အရှေ့မြောက် ဘက်သို့ ပျံသန်း။

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
ပေါက်မြို့နယ် ⚠️

ပေါက် ကပစ ၂၄ မှ ထွက်လာသော စစ်ခွေးကား ၂ စီးနှင့် အိမ်စီးကား ၁ စီး မှာ ပေါက်မြို့နယ် ပျမ ပျူရွာသို​ရောက်ရှိနေကြောင်း သိရပါသည်။

#threestarmyaing
Sep-19 , 9:50AM
📬 သတင်းပေးပို့ရန် @myaing3starbot
မြိုင်မြို့နယ် ⚠️

မြိုင်မြို့နယ် လင်းကတောရွာနယ်မြေရဲစခန်းမှ စစ်ခွေး များမှာ လက်နက်ငယ်များ ပစ်ဖောက်နေကြောင်း သိရပါသည်။

#threestarmyaing
Sep-19 , 12:48PM
📬 သတင်းပေးပို့ရန် @myaing3starbot
တောင်တရုတ်ပင်လယ်မှာဖြစ်နေတဲ့/ဖြစ်လာမဲ့ မုန်တိုင်း ၂ လုံးမှာ -

ရှေ့က မုန်တိုင်း MITAG(99W)က စိုးရိမ်စရာမရှိပါ။ မုန်တိုင်းအကြွင်းအကျန်တွေလဲ များများလာနိုင်မှာမဟုတ်ပါ။

နောက် ၁ လုံး(တောင်တရုတ်ပင်လယ်ထဲမရောက်သေးပါ) နာမည်က ဖိလစ်ပိုင်နိုင်ငံက ပေးထားတဲ့ WMO အလှည့်ကျအမည် ..  RAGASA("အလွန်လျှင်မြန်သောလှုပ်ရှားမှု" လို့ အဓိပ္ပါယ်ရပါတယ်) -
ဒီ ၁ လုံးကတော့ စက်တင်ဘာ၂၂ ရက်နေ့မှာ အဆင့်-၄ တိုင်ဖွန်းမုန်တိုင်း(CATEGORY-4 TYPHOON) သို့မဟုတ် "VIOLENT TYPHOON" အဆင့်ကိုရောက်လာပြီး မုန်တိုင်းအကြွင်းအကျန်တွေကလဲ ပိုများပါမယ်။

ကျနော်တို့ သတိထားပြီးစောင့်ကြည့်ရမှာက ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်တဲ့အခါ လတ္တီတွဒ် ၂၀ ဒီဂရီရဲ့ အပေါ်က ဝင်မလား၊ ၂၀ ဒီဂရီအောက်က ဝင်မလားဆိုတာပါဘဲ။

လမ်းကြောင်းအပေါ်ဘက်(မြောက်ဘက်)ရောက်ရင် အထက်ပိုင်းဒေသတွေနဲ့ ရှမ်းပြည်နယ်မှာ မိုးများပါမယ်၊ ရေကြီးတာ၊ တောင်ပြိုမြေပြိုတာတွေဖြစ်နိုင်ပါမယ်။

လမ်းကြောင်းက တောင်ဘက်ကို ကျလာရင် - ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း တွေမှာ မိုးများနိုင်၊ ရုတ်တရက်ရေကြီးခြင်း(Flash Flood)ဖြစ်နိုင်ပါတယ်။ မြစ်ရေတွေရေခံမများတာကြောင့် မြစ်ရေကြီးတာ(River flood)တော့ မဖြစ်နိုင်ပါ၊ ဖြစ်နိုင်ချေနည်းပါမယ်။

Reference Images from : https://www.tropicalstormrisk.com/

(စက်တင်ဘာ ၁၉ ရက် - ညနေ ၅ နာရီ ၃၀ မိနစ်)
မြိုင်မြို့နယ် ⚠️

မြိုင်မြို့နယ် ကန်နီပျူရွာမှစစ်ခွေး ပျူခွေးများမှ လက်နက်ကြီးဖြင့်ပစ်ခတ်နေကြောင်း သိရပါသည်။

#threestarmyaing
Sep-19 , 6:35PM
📬 သတင်းပေးပို့ရန် @myaing3starbot
Forwarded from သပြေညိုဌာနေ (ဆက်သွယ်ရေး နှင့် သတင်းပြန်ကြားရေးဌာန)
ပခုက္ကူမြို့နယ်

ပခုက္ကူ လေယျာဥ်ကွင်းမှ ခွေးဒုံးတစ်စီးအရှေ့မြောက် ကို လွတ်တင်ထားကြောင်း သိရပါသည်။

သပြေညို​ဌာနေ ရေစကြို
Sep-19.6:50PM
📬သတင်းပေးပို့ရန် @yesagyobot
ပခုက္ကူမြို့ ⚠️

ပခုက္ကူမြို့ပေါ်မှ စစ်ခွေးများမှာစစ်ခွေးကား ၁ စီးဖြင့် ကင်းပတ်နေကြောင်း သိရပါသည်။

#threestarmyaing
Sep-19 , 7:10PM
📬 သတင်းပေးပို့ရန် @myaing3starbot
မြိုင်မြို့နယ် ⚠️

မြိုင်မြို့ နယ် ကန်နီပျူ ရွာမှ စစ်ခွေးပျူခွေးများမှ လက်နက်ငယ်များ ပစ်ဖောက်နေကြောင်း သိရပါသည်။

#threestarmyaing
Sep-19 , 7:31PM
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူမြို့ ⚠️

ပခုက္ကူမြို့ တပ်မ ၁၀၁ မှ UAV Drone တစ်စီး ပျံတပ်ထားကြောင်း သတင်းရရှိထားပါသည်။

#threestarmyaing
Sep -19 , 8:45PM
📬 သတင်းပေးပို့ရန် @myaing3starbot