ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ပေါက်မြို့နယ် 🔴

သြဂုတ်လ ၅

မကွေးတိုင်း ၊ပခုက္ကူခရိုင် ၊ပေါက်မြို့နယ် ကျောက်မဆင်ကျေးရွာနှင့် ကျောက်တွင်းကျေးရွာတို့ကို တံတားဦး လေတပ်မှ တပ်လာသော ဂျတ်ဖိုက်တာတစ်စီးဖြင့် ပေါက်မြို့နယ် ကျောက်မဆင်ကျေးရွာ တွင်(၁)ကြိမ် ကျောက်တွင်းကျေးရွာတွင် ( ၂)ကြိမ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူပိုင် (၆ဘီးကား) တစ်စီးပါထိခိုက်ပျက်စီးခဲ့ရကြောင်း သိရပါသည်။

#3SM
#ရောင်နီဌာနေ
Aug-6 , 2:37PM
📬 သတင်းပေးပို့ရန်
@myaing3starbot
# စစ်ကြောင်းသတင်း

6.8.2025
3:00PM
ယနေ့မနက်အစောပိုင်း၃နာရီအချိန်က ကျော ကပစ(၂၃)မှ အင်အား(၅၀)ပါသော စစ်ကော်မရှင်တပ်စစ်ကြောင်းတစ်ခု ထီးလင်းမြို့နယ်၊ရေမျက်နီစခန်းကို ရိက္ခာပို့ထွက်လာခဲ့ကြောင်းစုံစမ်းသိရှိရ။လက်ရှိအချိန်မှာ ထိုစစ်ကြောင်းဟာ ပုံတောင်အနီးရှိ ရေပုတ်ကျေးရွာနားက ကိုင်းတွင်း(ဒေသအခေါ်)အနီးကိုရောက်ရှိနေကြောင်းသိရှိရပါတယ်။

ရေမျက်နီစခန်းဘက်ကနေလည်း ဒီနေ့မနက်ပိုင်းကနေ စစ်ကြောင်းတစ်ခုထွက်ရှိထားသည်ဟုစုံစမ်းသိရှိထားပြီး ထိုစစ်ကြောင်းရောက်ရှိနေရာကိုဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
ထို့ကြောင့် ရေမျက်နီကျေးရွာနဲ့ကပစ(၂၃)ကြားရှိကျေးရွာနေပြည်သူများအနေနဲ့စစ်ကြောင်းအန္တရာယ်ကိုအထူးသတိရှိကြဖို့ သတိပေးအပ်ပါသည်။စစ်ကြောင်းသတင်းများကို နားစွင့်ပြီးအချင်းချင်းမျှဝေသတိပေးကြဖို့လည်း မေတ္တာရပ်ခံအပ်ပါသည်။

#နွေဦးရောင်နီ

ယောအလင်းတန်း

#3SM
Aug-6,3:11PM
📬 သတင်းပေးပို့ရန် @myaing3starbot
ရိက္ခာလာပို့တဲ့ ကျော ကပစ စစ်ကြောင်း ရေမျက်နီရွာကို မကြာမီဝင်ရောက်နိုင်

6.8.2025 ၊ထီးလင်း

ဂန့်ဂေါမြို့နယ်အရှေ့ပိုင်း ကျောမြို့ကပစ ၂၃ ကနေ မနက်အစော ၃ နာရီခန့်ကနေထွက်လာခဲ့ကြတဲ့ အင်အား ၅၀ ကျော်ပါ စစ်ကော်မရှင်စစ်ကြောင်းဟာ မကြာမီ ရေမျက်နီကျေးရွာကိုဝင်ရောက်တော့မှာဖြစ်တယ်လို့သိရပါတယ်။

ကျော ကပစ ၂၃ ကနေ ယနေ့မနက် ၃ နာရီခန့်က စစ်ကားကြီး ၂ စီးနဲ့ ပုံညာနတ်ထိပ်အရောက်ပို့ဆောင်ပေးခဲ့တာဖြစ်ပြီး ရိက္ခာနဲ့ လ-က်-န-က်-ခဲ-ယ-မ်း အချို့လည်းပါဝင်တယ်လို့သိရပါတယ်။ပုံညာနတ်ထိပ်ကနေ  ၇ နာရီ ၃၀ မိနစ်ခန့်ခြေလျင်စထွက်လာခဲ့ကြပြီးရိက္ခာနဲ့ ခဲယမ်းးများကို နယ်ခြင်းထိစပ် ထီးလင်းမြို့နယ်ရေမျက်နီကျေးရွာရှိ ကာကင်းစခန်းကိုပို့ဆောင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။

ကျော ကပစ စစ်ကြောင်းဟာ ၎င်းတို့လာရာလမ်း ထီးလင်းမြို့နယ် မျက်မြောင်ကျေးရွာနားအရောက် ဒေသအခေါ် ခွေးချိုတောက လယ်ယာလုပ်ကိုင်နေတဲ့ပြည်သူတစ်ဦးကို ဓားးစာခံလမ်းးပြအဖြစ်အဖမ်းးဆီးးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။

ထွက်ကြိုနေတဲ့ ရေမျက်နီကာကင်းစခန်ူက စစ်ကြောင်းနဲ့ချိတ်ဆက်ကာ မကြာမီရေမျက်နီ ကာကင်းစခန်းကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်။

@မင်းဒဿ
ယောအလင်းတန်း
#3SM
#ရောင်နီဌာနေ
Aug-6, 6:46 PM

📬 သတင်းပေးပို့ရန် @myaing3starbot
ဆိပ်ဖြူမြို့နယ်  ⚠️

သြဂုတ်လ ၆

ကပစ ( 21 )ခွေးခြံမှ ခွေးကား ( 4 ) စီး လက်နက်ခဲရမ်းကား ( 2 ) စီးပေါင်း ( 6 ) စီး ကပစ ( 22 )ခွေးခြံထဲသို့ရောက်ရောက်ရှိနေကြောင်းသိရပါတယ် ။ မိဘပြည်သူများ အနေဖြင့် စစ်ရေးအသိ စစ်ရေးသတိရှိကြပ့ရန် အသိပေးနှိုးဆော်အပ်ပါသည်။

မှတ်ချက် အင်တာနက်အခြေနေရနောက်ကြခြင်းဖြစ်သည်။

#3SM
#ရောင်နီဌာနေ
Aug-7, 6:16AM
📬 သတင်းပေးပို့ရန် @myaing3starbot
#စစ်ကြောင်းသတင်း
ဩဂုတ်လ ၆ရက်နေ့ မနက်ပိုင်းက ကျော ကပစမှထွက်လာတဲ့ အင်အား ၅၀ ခန့်ပါ စခစစ်ကြောင်းသည် ညပိုင်းတွင် ထီးလင်းမြို့နယ် မျက်မြှောင်ကျေးရွာအနီး ဒေသအခေါ် ဂွေးချိုတောအနီးတဝိုက်ဝင် ညအိပ်စခန်းချပြီးနောက် ဩဂုတ်လ ၇ရက် မနက် ၇ နာရီအချိန်ခန့်တွင် မျက်မြှောက်ကျေးရွာဖက်သို့ လက်နက်ကြီး ၂ချက်ထုကာ လက်နက်ငယ်များပစ်ဖောက်လျှက် မျက်မြှောင်ကျေးရွာအရှေ့ဖက်မှစတင်ဝင်ရောက်လာခဲ့ပြီး ယခုအခါ မျက်မြှောင်ကျေးရွာအတွင်းရောက်ရှိနေကြောင်းသိရပါတယ်။

ကျောမှထွက်လာသောစစ်ကြောင်းသည် ပြည်သူ ၅ဦးအား ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်လာကြောင်းသိရပြီး ဘယ်ရွာကပြည်သူဆိုတာကိုတော့ ယောအလင်းတန်းအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ယခုအခါ ရေမျက်နီစစ်ကြောင်းနဲ့ ကျောစစ်ကြောင်းပေါင်းမိခြင်းရှိမရှိကို ယောအလင်းတန်းအနေဖြင့် အတည်ပြုနိုင်ရင် ကြိုးစားလျှက်ရှိပါတယ်။

ကို ဘကောင်း
#MRSN
Aug- 7, 8:41 AM

📬 သတင်းပေးပို့ရန် @myaing3starbot
​ပခုက္ကူ⚠️

​ပခုက္ကူ မြို့ပေါ်တွင် အကြမ်းဖက်စခများ ခြေရှုတ်နေကြောင်းသိရပြီး ပခုက္ကူ ကျွဲတဲကျေးရွာတွင်လည်း အကြမ်းဖက် စခအင်အားပါ ကား ၂စီးရောက်ရှိနေကြောင်းသိရ။

#3SM
Aug 7, 11:14AM
📫သတင်းပို့ရန် @myaing3starbot
ရေစကြိုမြို့နယ် ⚠️

ရေစကြိုမြို့နယ် ဂွေးချိုပျုရွာမှ စစ်ခွေးပါကား တစ်စီး မှာ ယနေ့မနက် ၉နာရီ ၄၀ မီနစ်အချိန်က ရေစကြိုမြို့နယ် ဆင်ချောင်းပျုရွာ အတွင်း သို့ရောက်ရှိနေကြောင်း သိရပါသည်။

#3SM
Aug - 7, 11:28AM
📬 သတင်းပေးပို့ရန် @myaing3starbot
ရေစကြိုမြို့နယ် ⚠️

ရေစကြိုမြို့နယ် ဆင်ချောင်းပျူရွာ မှ စစ်ခွေး ပျူးခွေး ၁၅ ကောင်ခန့်မှာ ရေစကြိုမြို့နယ် ဆာတောင်ရွာနှင့် ရွာသစ်ရွာကြားရှိ (ဒေသအခေါ်) ဆည်ဘောင်နား တွင်ကင်းပုန်းများ ဝတ်နေကြောင်း သိရပါသည်။

#3SM
Aug -7 , 11:59AM
📬 သတင်းပေးပို့ရန် @myaing3starbot
#စစ်ကြောင်းသတင်း
ဩဂုတ်လ ၇ ရက် မနက် ၇နာရီခန့်က သေနတ်များပစ်ဖောက်ကာ ထီးလင်းမြို့နယ် မျက်မြှောင်ကျေးရွာသို့ ဝင်ရောက်ခဲ့သော ကျောကပစမှထွက်လာသော စခစစ်ကြောင်းသည် မနက် ၁၀ နာရီခန့်အချိန်တွင် မျက်မြှောင်ကျေးရွာအနောက်ဖက် ဘုရားအနီးမှ ရေမျက်နီဖက်သို့ စတင်ထွက်ခွာနေပြီဖြစ်ကြောင်းသိရပါတယ်။

ယင်းစစ်ကြောင်းသည် မျက်မြှောင်ကျေးရွာတွင်ရှိနေစဉ်အတွင်း ဝက်တစ်‌ကောင်အား သတ်ဖြတ်ကာ ယူဆောင်သွားကြောင်းလဲသိရပါတယ်။

အနီးနားကျေးရွာများရှိပြည်သူများအနေဖြင့် စစ်ကြောင်းနဲ့ ဝေးရာမှာနေပေးကြပါရန် အသိပေးအပ်ပါတယ်။

ကို ဘကောင်း
#MRSN
Aug -7 , 12:14PM
📬 သတင်းပေးပို့ရန် @myaing3starbot
07.08.2025
11:55 am
ကျောက်ထုသတင်း

ကျောက်ထု အမတ ၃၆၈ အမြောက်တပ်မှ ကျောက်ထုတိုက်နယ်၊
ဟံသာ၀တီ အုပ်စု၊ ကံကြီးကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ယနေ့ (၁၀:၄၅)နာရီခန့်မှာပြင်းအားမြင့် ဒရုန်းဗုံးတစ်လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ ဒရုန်းဗုံးသီးချတိုက်ခဲ့မှုကြောင့် ပြည်သူ့အိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲခဲ့ကာ နေအိမ်တစ်လုံးပျက်စီးခဲ့ပီး ပေါင်းရှင်းနေတဲ့ ပြည်သူတစ်ဦး လည်ပင်းရှပ်ထိ(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။စခတွေဟာ တိုက်ပွဲဖြစ်ပွဲခြင်းမရှိပဲ အကြောင်းမဲ့ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကျောက်ထုတပ်နှင့်အနီးအနားကျေးရွာ မိဘပြည်သူများအနေဖြင့် အရင်ကထက် အစစအရာ ရာအထူးပိုမိုဂရုစိုက်ကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

---------------------------- Aung Gyi -----------------------------

ယောအလင်းတန်း

#MRSN
Aug -7 , 12:14PM
📬 သတင်းပေးပို့ရန် @myaing3starbot
ပေါက်⚠️

ပေါက်နယ် အရှေ့ခြမ်းတစ်နေရာတွင် Y-12 စစ်ထောက်ပို့ ဗုံးကြဲလေယာဉ် ၁စီးပျံဝဲနေ။

#WaiHin
Aug 7,  3:05PM
📫သတင်းပို့ရန် @WaiHinScout_Bot
ပခုက္ကူ ⚠️

ပခုက္ကူ တပ်မ၁၀၁မှ စက်တပ်လေထီး (Paramotor) ၁စီး ပျံတက်။

#WaiHin
Aug 7, 3:14 PM
📫သတင်းပို့ရန် @WaiHinScout_Bot
ကမ္မ⚠️

ကမ္မနယ် တစ်နေရာတွင်တပ်မ၁၀၁တက်  စက်တပ်လေထီး (Paramotor) ၂စီး ပျံဝဲနေ။

#WaiHin
Aug 7, 3:48PM
📫သတင်းပို့ရန် @WaiHinScout_Bot