ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ပခုက္ကူ

ပခုက္ကူနယ်တောင်ခြမ်းဖြတ်၍  Y-8 စစ်ထောက်ပို့‌လေယာဉ် ၁စီး  အနောက်မြောက် အရပ်သို့ပျံသန်း။

#3SM
Jul 30, 3:28 PM
📫သတင်းပို့ရန် @myaing3starbot
မြိုင်

မြိုင်နယ်တစ်နေရာတွင်  Y-8 စစ်ထောက်ပို့‌လေယာဉ် ၁စီး ပျံဝဲနေ။

#WaiHin
Jul 30, 3:38 PM
📫သတင်းပို့ရန် @WaiHinScout_Bot
ရေစကြိုမြို့ နယ်

ရေစကြိုမြို့နယ် မြိုင်မြို့နယ် အစပ်ရှိ ရှင်မတောင်ပေါ် သို့ ပခုက္ကူမြို့ တပ်မ ၁၀၁ မှ တပ်လာသော (ပထမ စက်တပ်လေထီး (paramotor) ) ၂ စီးဖြင့် 12:35 PM အချိန် နှင့် ဒုတိယအကြိမ် စက်တပ်လေထီး (paramotor) ၂ စီး ဖြင့် (2:30)PM အချိန်တို့ ရိက္ခာ ခဲရမ်းထုပ်များ ချပေးသွားကြောင်း သိရပါသည်။

#3SM
Jul -30 , 3:19PM
📬 သတင်းပေးပို့ရန် @myaing3starbot
မြိုင်မြို့နယ်

မြိုင်မြို့နယ် တောင်ပိုင်း သရက်ကန် ပျူရွာ ပေါ် သို့ Y-8 စစ်ထောက်ပို့ယာဥ်တစ်စီးဖြင့် ရိက္ခာ ချပေးနေကြောင်း သိရပါသည်။

#3SM
Jul -30 , 4:27PM
📬 သတင်းပေးပို့ရန် @myaing3starbot
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku pinned «မြိုင်မြို့နယ် မြိုင်မြို့နယ် တောင်ပိုင်း သရက်ကန် ပျူရွာ ပေါ် သို့ Y-8 စစ်ထောက်ပို့ယာဥ်တစ်စီးဖြင့် ရိက္ခာ ချပေးနေကြောင်း သိရပါသည်။ #3SM Jul -30 , 4:27PM 📬 သတင်းပေးပို့ရန် @myaing3starbot»
နေပြည်တော်⚠️

နေပြည်တော်လေတပ်မှ ဂျက်ဖိုက်တာ ၁စီး အနောက်တောင်  အရပ်သို့ ပျံတက်။

#WaiHin
Jul 30, 5:30 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Channel name was changed to «3 Star️️️ Myaing(ပခုက္ကူ ခရိုင်အတွင်း ရှိ ​မြေပြင်သတင်းများ)»
ဂန့်ဂေါမြို့နယ်တွင် ရပ်ကျေးပအဖတာဝန်ခံတစ်ဦး တော်လှန်ရေးရန်ပုံငွေများအလွဲသုံးစားလုပ်ပြီး စစ်ကောင်စီထံကို တော်လှန်ရေးနဲ့ပတ်သက်သောသတင်းများပေးကာ  စစ်ကောင်စီနဲ့ပူးပေါင်းသွား၊အပြစ်မဲ့ပြည်သူ၅ဦးနဲ့တော်လှန်ရေးရဲဘော်အချို့ ဖမ်းဆီးခံနေရဆဲဖြစ်။

ဂန့်ဂေါ/ဇူလိုင် ၃၀

မကွေးတိုင်း၊ဂန့်ဂေါခရိုင်၊ဂန့်ဂေါမြို့နယ်အတွင်း ရွာစည်ကျေးရွာမှ ရပ်ကျေးပအဖတာဝန်ခံ ဦးအောင်မျိုးဝင်း(ခ)ကိုမျိုးသည် ဇွန်လ ၁၂ရက်နေ့ကစလို့ စစ်ကောင်စီထံကို ပူးပေါင်းအလင်းဝင်သွားသည်ဟုသိရှိရပါသည်။ရွာစည်ကျေးရွာကို ဇွန်လ ၁၂ရက်နေ့ညပိုင်းအချိန်က ဂန့်ဂေါမြို့အခြေစိုက် ခလရ(၅၀)တပ်မှ ရုတ်တရက်စီးနင်းဝင်ရောက်မှုဖြစ်စဥ်တွင် ရွာစည်ကျေးရွာမှ ဦးအောင်မျိုးဝင်း(ခ)ကိုမျိုးနဲ့မိသားစုတွေဟာ စစ်ကောင်စီရဲ့စစ်ကြောင်းနဲ့အတူ မြို့ပေါ်ကိုပြောင်းရွှေ့လိုက်ပါသွားကြကြောင်း စုံစမ်းသိရပါတယ်။

ထိုနေ့ ဇွန်လ ၁၂ရက်နေ့ညတွင် ရွာစည်ကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်နိုင်ဖို့ကို ရပ်ကျေးပအဖတာဝန်ခံဦးအောင်မျိုးဝင်းမှစစ်ကောင်စီထံကို သတင်းများပေးပို့ခဲ့ပြီး ရွာမှစစ်ကြောင်းပြန်ဆုတ်သွားချိန်တွင် ရွာမှပြည်သူအချို့အပါအဝင် တော်လှန်ရေးရဲဘော်အချို့လည်း ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရပါတယ်။စစ်ကောင်စီထံ ပူးပေါင်းသွားသည့်အပေါ် *ရွာကနေ စစ်တပ်ဆီကို သတင်းတွေပို့နေတယ်ဆိုပြီး သတင်းတွေကထွက်နေတာ၊အတွင်းလူကသေချာသတင်းပ်ို့နေတယ်ဆိုပြီး စစ်ကောင်စီနဲ့နီးစပ်သူတွေထံကကြားရတော့ တော်လှန်ရေးရဲဘော်တွေနဲ့ပြည်သူတွေကို သတိထားပြီးနေကြဖို့ ပြောနေသေးတာ။သူက ဒီလိုလုပ်လိုက်မယ်လို့လည်း မထင်ဘူးကြလေ။ခုဖြစ်သွားတာက ရွာမှာလှုပ်ရှားဆောင်ရွက်နေတာတွေအကုန်ကို တိတိကျကျသတင်းပေးနေတော့ စစ်ကြာင်းဝင်လာတဲ့အချိန်မှာ သတင်းရထားတဲ့အိမ်တွေကို တန်းဝင်ပြီးအကုန်ဆွဲခေါ်သွားတာပါ၊ဇွန် ၁၂ရက်နေ့ညက ပြည်သူနဲ့တော်လှန်ရေးရဲဘော်အချို့အပါအဝင်စုစုပေါင်း(၁၁)ယောက်ဖမ်းခံလိုက်ရတာပါ။ထိုဖမ်းဆီးခံရတာတွေထဲကနေ (၇)ယောက်ကို ဇွန်လကုန်ပါနီးကပြန်လွှတ်ပေးလိုက်ပြီး ကျန်(၄)ယောက်ကို ယနေ့ထိတိုင်ဖမ်းဆီးထားဆဲဖြစ်တယ်ဗျ။နောက်ပြီး ဇူလှိုင် ၂၀ရက်နေ့ညကလည်း ရွာစည်ကို စစ်ကြောင်းဒုတိယအကြိမ်ပြန်ဝင်သည့်အချိန်ကလည်း အမျိုးသား၁ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့ထိပြန်လည်လွှတ်မြောက်လာသေးခြင်းမရှိကြောင်း *ရွာစည်ကျေးရွာပကဖမှ တော်လှန်ရေးရဲဘော်တစ်ဦးက ယောအလင်းတန်းကိုပြောဆိုထားပါသည်။

`စစ်ကောင်စီနဲ့ပူးပေါင်းသွားသည့် ဦးအောင်မျိုးဝင်းဟာ ရွာစည်ကျေးရွာဇာတိမဟုတ်ဘူး၊ဇာတိကအခြားနယ်ဖက်ကပါ။သူက အာဏာမသိမ်းခင်ကစ ရွာစည်သူနဲ့အိမ်ထောင်ကျရာကနေ ရွာမှာပဲနေဖြစ်တာပါ။သူတို့ကမိသားစု၃ယောက်ပဲရှိပါတယ်။ဒီနောက် အာဏာသိမ်းမှုဖြစ်ပြီးနောက် ရွာကတော်လှန်ရေးလုပ်ဆောင်နေတဲ့သူတွေနဲ့လုပ်ကိုင်ဖြစ်ကြတယ်။နောက်ပြီး ဘယ်လိုတပ်နဲ့ချိတ်ဆက်သွားတယ်မသိဘူး သတင်းတွေပေးပြီး ရွာမှာမနေရဲတော့လို့ စစ်ကြောင်းနဲ့လိုက်သွားတယ်လို့မြင်ကြောင်း´ ရွာစည်ကျေးရွာမှ ဒေသခံတစ်ဦးက ယောအလင်းတန်းကိုပြောဆိုပါတယ်။တပ်နဲ့မပူးပေါင်းခင်က တော်လှန်ရေးငွေတွေအများကြီးလိမ်လည်သွားတယ်၊နောက်ပြီး လက်နက်တချို့လည်း ရောင်းစားသွားပြီး ကိုယ်ကျိုးအတွက်သုံးသွားတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။ယခုအခါ ကိုအောင်မျိုးဝင်းဟာ ရွာစည်ကျေးရွာနဲ့တခြားကျေးရွာကတော်လှန်ရေးလုပ်ဆောင်နေသူများကို သတင်းထောက်လှမ်းစုံစမ်းနေလျက်ရှိပြီး သူကတော့ ဂန့်ဂေါမြို့ပေါ်ရှိ ခလရ(၅၀)တပ်အနီးတွင် နေထိုင်နေကြောင်းယောအလင်းတန်းမှစုံစမ်းသိရှိရပါသည်။

ထိုသို့ ရပ်ကျေးပအဖတာဝန်ခံတစ်ဦး စစ်ကောင်စီနဲ့ပူးပေါင်းသွားသည့်အပေါ် ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံကို မေးမြန်းထားသော်လည်း ယခုသတင်းရေးသားချိန်ထိ တစ်စုံတစ်ရာဖြေဆိုထားခြင်းမရှိသေးပါ။ဂန့်ဂေါမြို့နယ်အတွင်းမှာလည်း ရပ်ကျေး ပကဖ၊ပအဖတွေထဲကနေ စစ်ကောင်စီနဲ့ပတ်သက်မှုတွေရှိနေပြီး တော်လှန်ရေးအဖွဲ့များရဲ့လှုပ်ရှားဆောင်ရွက်မှုတွေကို သတင်းပေးနေတာတွေလည်းရှိနေကြောင်း သတင်းများလည်းထွက်လာပေါ်နေပြီး ဒေသတွင်းပြည်သူများအနေနဲ့ မြို့နယ်ပအဖ၊ပကဖအဖွဲ့အစည်းများရဲ့လုပ်ဆောင်ပုံတွေကို အတော်စိတ်ပျက်နေမိကြောင်း ဂန့်ဂေါမြို့နယ်ဒေသခံတစ်ဦးက ပြောဆိုပါတယ်။

ပုံ~စစ်ကောင်စီထံပူးပေါင်းသွားသော ကိုအောင်မျိုး၀င်း(ခ)ကိုမျိုး၏ပုံ

သတင်း~ကိုယောငယ်/စာတည်း~နွေဦးအလင်းရောင်

#ဂန့်ဂေါမြို့နယ်
#ပအဖတာဝန်ခံတစ်ဦး
#စစ်ကောင်စီ
#အလင်း၀င်ရောက်သွား
#တော်လှန်ရေး
#ဒေသခံများ

ယောအလင်းတန်း
#MRSN
Jul -30 , 8:46PM

#3SM
https://t.me/https3starmyaing
🔴ပေါက်မြို့နယ်🔴

ပေါက်နယ်တစ်နေရာသို့ တံတားဦးတက်Y12 တစ်စီးဖြင့် 6:53AMအချိန်မှစ၍8:05AMအချိန်ထိပျံဝဲပြီး
လေကြောင်းတိုက်ခိုက်မှု (၁၃)ကြိမ် ဗုံးသီးအလုံးရေ(32)လုံးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားပါသည်


#MRSN
Jul-31 , 8:15 AM
📬 သတင်းပေးပို့ရန် @MagwayScoutBot
ပခုက္ကူမြို့ ⚠️

ပခုက္ကူမြို့ တပ်မ ၁၀၁ မှ စစ်ခွေးကား ၂ စီး အနောက်သို့ထွက်ခွာသွားကြောင်း သိရပါသည်။

#3SM
Jul -31, 10:30AM
📬 သတင်းပေးပို့ရန် @myaing3starbot
ပျားရွာ နဲ့ ရှောက်ပင်ရွာကို စစ်ကောက်စီတပ်သားများ ပြန်လည်ရောက်ရှိနေ

31.7.2026 ၊ ဂန့်ဂေါ

ဂန့်ဂေါမြို့ ခလရ ၅၀ နပ်ကနေ စစ်ကောင်စီတပ်သား ၆၀ ခန့်ကိုတင်ဆောင်လာတဲ့ စစ်ကားကြီး ၂ စီးဟာ ယနေ့မနက် ၆ နာရီခန့်ကနေထွက်လာခဲ့ကြပြီး ပျားရွာနဲ့ ရှောင်ပင် (အောင်မြင်)ရွာတွေမှာ တပ်သားများကိုချထားခဲ့ကြောင်းသိရပါတယ်။

စစ်ကောင်စီ တပ်သား အင်အား ၆၀ ခန့်ကို အင်အား တချို့ချထားခဲ့ပြီး ကျန်တဲ့အင်အားကို ရှောက်ပင် (အောင်မြင်)ရွာမှာ ချထားကြောင်းသတင်းရင်းမြစ်ကပြောပါတယ်။

အခုလို အင်အားထပ်မံချလာတာကြောင့် စစ်ကြောင်းထွက်လာနိုင်သလို အနီးနားကျေးရွာများရှိပြည်သူများအနေဖြင့်လည်း သတိထားနေထိုင်ပေးရန် လိုအပ်တယ်လို့လည်းသတင်းရင်းမြစ်ကပြောပါတယ်။

ဓာတ်ပုံ- စစ်ကောင်စီတပ်သားများ (ပုံဟောင်း)

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Jul -31, 11:15AM

#MRSN
Jul -31 , 11:16AM

#3SM
https://t.me/https3starmyaing
@myaing3starbot
ပခုက္ကူမြို့⚠️

ပခုက္ကူမြို့ တပ်မ ၁၀၁ မှ စက်တပ်လေးထီး (paramotor) ၂ စီးပျံတပ်ထားပြီး ပခုက္ကူ တပ်မ ၁၀၁ ပေါ်တွင်ပျံဝဲးနေကြောင်း သိရပါသည်။

မိဘပြည်သူများ သတိပြုရန်

#3SM
Jul -31, 11:48AM
📬 သတင်းပေးပို့ရန် @myaing3starbot
🔴 ပေါက်🔴

ပေါက်နယ် တစ်နေရာသို့ တံတားဦးလေတပ်မှတက်သော Y12 စစ်ထောက်ပို့ဗုံးကြဲလေယာဉ် ၁စီး ဖြင့် (6:54) (6:59)(7:11)(7:21)(7:27)(7:31)(7:34)(7:41)(7:42)(7:47)(7:50)(7:57) (8:04)AM ခန့်အချိန်ထိ ကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားခဲ့ကြောင်းသိရပါသည်။

#WaiHin #AS
Jul 31, 11:33AM
📫သတင်းပို့ရန်
@WaiHinScout_Bot
မိတ္ထီလာ ⚠️

မိတ္ထီလာလေတပ်မှ ဂျက်ဖိုက်တာ ၁ စီး  အနောက်အရပ်သို့ ပျံတက်။

#WaiHin
Jul 31,  12:05PM
📫သတင်းပို့ရန် @WaiHinScout_Bot
မြိုင်⚠️

မြိုင်နယ်ဖြတ် ပခုက္ကူ ၁၀၁တက် စက်တပ်လေထီး (Paramotor ) ၁ စီး အနောက်မြောက် သို့ ပျံသန်း။

#WaiHin
Jul 31, 12:14 PM
📫သတင်းပို့ရန် @WaiHinScout_Bot
မြိုင်⚠️

မြိုင်နယ်ဖြတ် ပခုက္ကူ ၁၀၁တက် စက်တပ်လေထီး (Paramotor ) ၂ စီး အနောက်တောင် သို့ ပျံသန်း။

#3SM
Jul 31, 12:14 PM
📫သတင်းပို့ရန် @myaing3starbot
မြိုင်⚠️

မြိုင်နယ် တစ်နေရာတွင် ပခုက္ကူ ၁၀၁တက်  စက်တပ်လေထီး (Paramotor ) ၁ စီး ပျံဝဲနေ။

#WaiHin
Jul 31, 12:38 PM
📫သတင်းပို့ရန် @WaiHinScout_Bot
မြိုင်မြို့နယ်

မြိုင်မြို့နယ် တောင်ခြမ်းဖြတ်၍ ပခုက္ကူတပ်မ ၁၀၁ တပ်စက်တပ်လေထီး (paramotor) ၁ စီး အရှေ့တောင်အရပ်သို့ပျံသန်းနေကြောင်း သိရပါသည်။

#3SM
Jul -31, 12:50PM
📬 သတင်းပေးပို့ရန် @myaing3starbot