ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
တောင်ဖက်ရွာမှာဝင်ရောက်ခိုးးယူနေတဲ့ စစ်ကြောင်း နောက်ကြောင်းပြန်လှည့်လာနေ

ရောက်ရှိလစာများ အဝေမတည့်ဖြစ်နေ

23.7.2025 ၊ထီးလင်း

ယနေ့ဇူလိုင်လ ၂၃ ရက်နေ့မနက်အစော ၄ နာရီကနေထွက်လာခဲ့ပြီး တောင်ဖက် (အောင်မြင်) ရွာက ပြည်သူ့နေအိမ်များမှာ ဝင်ရောက်ခိုးးယူနေကြတဲ့ အင်အား ၈၀ ခနွပါထီးလင်းစစ်ကြောင်းဟာ ယခုအခါ လာရာလမ်းအတိုင်းနောက်ကြောင်းပြန်လှည့်လာနေတယ်လို့သိရပါတယ်။

နောက်ကြောင်းပြန်လှည့်လာနေတဲ့စစ်ကြောင်းဟာ ယခုအခါ သရခါရွာကိုရောက်ရှိနေပြီး မကြာမီ ထီးလင်းမြို့ကိုပြန်လည်ဝင်ရောက်လာနိုင်တယ်လို့သိရပါတယ်။

ယခုဇူလိုင်လ ၁၅ဘရက်နေ့က ပခုက္ကူတပ်မ ၁၀၁ ကနေပျံတက်လာခဲ့တဲ့ စစ်ထောက်ပို့ Mi 17 ရဟတ်ယာဥ်တစီး၊ထီးလင်းမြို့မှာဆင်းသက်ခဲ့ကာ တပ်မှူးအပြောင်းအလဲနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ပင်စင်စားများအတွက်ပါ လစာ ငွေများကိုပါ ချထားပေးခဲ့တယ်လို့သိရပါတယ်။

ထီးလင်းမြို့နယ်က ပင့စင်စားများနဲ့မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာ လစာမရရှိနေတာ ၇ လခန့်ရှိနေပြီဖြစ်တာကြောင့် ရောက်ရှိလစာငွေများကို ဝေခြမ်းရာတွင် အဆင်မပြေမှုများဖြစ်ပေါ်နေကြတယ်လို့ သတင်းရင်းမြစ်က ယောအလင်းတန်းကိုပြောပါတယ်။

စစ်ကောင်စီတပ်သား (စစ်သား)၊ ရဲတပ်ဖွဲ့ဝင်များ၊ပြည်သူ့စစ်ခေါ် ပျူစောထီးများနဲ့ မြို့နယ်တွင်းက ပင်စင်စားများ စသည်တို့ကို အချိုးကျဝေခွဲရရှိရေးအတွက် အစည်းဝေးပြုလုပ်နေဆဲ ဖြစ်တဲ့အတွက် ယခုထိ လစာငွေများကို ထုတ်ပေးခြင်းမရှိသေးဘူးလို့ သတင်းရင်းမြစ်ကပြောပါတယ်။

@မင်းဒဿ
ယောအလင်းတန်း
#MRSN
Jul -23 , 9:06 AM

https://t.me/https3starmyaing

#3SM
📬 သတင်းပေးပို့ရန် @myaing3starbot
23.07.2025
09:30 am
ကျောက်ထုသတင်း

မနေ့ညက ဂုံရပ်ကွက်ဘက်စစ်ကြောင်းထွက်လာတဲ့ ကျောက်ထုတပ်ထဲမှ စုပေါင်း၊စပ်ပေါင်း စခအင်အား (၈၀)ခန့်ဟာ မနေ့ည (၁၀)နာရီခန့်မှာ တပ် ထဲပြန်၀င်သွားပီလို့သိရပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

----------------- Aung Gyi ------------------

ယောအလင်းတန်း
#MRSN
Jul -23 , 10:26 AM

https://t.me/https3starmyaing

#3SM
📬 သတင်းပေးပို့ရန် @myaing3starbot
ငှက်တွေတင် မကဘူး
ငါးတွေပါ ကင်နေပြီ။

ငါးကင်တူးတူးလေး နှစ်ကင်။
နံနံပင်လေး ငါးချောင်းနဲ့။
😌
နွားထိုးကြီး - မန္တလေးတိုင်း

11:36am(23Jul)

တံတားဦးလေတပ်တက် Jet Fighter(1) စီးနွားထိုးကြီးနယ်ပေါ်ပျံဝဲနေ။

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
မိဘပြည်သူများ အားလုံး အား အသိပေး ခြင်း 3 Star A-1 ကျွန်နော် သည် အခတ်အခဲ့ တစ်ခုကြောင့်သတင်း မတင်နိုင်ခြင်း အား နားလယ်ပေးပါရန် အသိပေးအပ်ပါသည်။

🙏🙏🙏
23.07.2025
12:25 pm
ကျောက်ထုသတင်း

ကျောက်ထု အမတ ၃၆၈ တပ်ထဲမှ စုပေါင်းစပ်ပေါင်း စခအင်အား (၈၅)ကောင်ခန့်ဟာ သန်းဦးတမံဘက်သို့ စစ်ကြောင်းထွက်လာတယ်လို့ သိရပါတယ်ခင်ဗျာ။စခတွေဟာ ကျောပိုးအိတ်ကိုယ်စီပါ၀င်လာတာမို့ ကျေးရွာတွေဘက်လဲရောက်ရှိလာနိုင်ပါတယ်။ တေး၊စံ၊ပန်းဆန် နှင့် ရင့်ရဲ၊ကံကြီး ကျေးရွာဘက်မိဘပြည်သူများအနေဖြင့် စခသတင်းများနားစွင့်ကာ မိမိတို့လုံခြုံရေး၊ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို အထူးဂရုစိုက်ပေးကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

------------------ Aung Gyi -------------------

ယောအလင်းတန်း

#MRSN
Jul -23 , 1:00PM

https://t.me/https3starmyaing

#3SM
📬 သတင်းပေးပို့ရန် @myaing3starbot
🔴 ပေါက်-မကွေးတိုင်း

3:42pm(23Jul)

စစ်ထောက်ပို့တိုက်ခိုက် Y-12 (1)စီး ပေါက်နယ်ပေါ်ပျံဝဲနေ။(6 ကြိမ်မြောက်)

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
🔴 ပေါက်-မကွေးတိုင်း

4:21pm(23Jul)

စစ်ထောက်ပို့တိုက်ခိုက် Y-12 (1)စီး ပေါက်နယ်ပေါ်ပျံဝဲနေ။(13 ကြိမ်မြောက်)

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
🛑ပေါက်🛑

ပခုက္ကူခရိုင် ပေါက်မြို့နယ် အရှေ့ခြမ်းတနေရာတွင် တံတားဦးလေတပ်မှတက်လာသော Y 12 ဗုံးကျဲလေယာဥ်တစီးဖြင့်

3:15  2လုံး
3:20  3လုံး
3:26  2လုံး
3:31  2လုံး
3:36  2 လုံး
3:42  3လုံး
3:46  2လုံး
3;53   3လုံး
3:58  1လုံး
4:07  2လုံး
4:11   2လုံး
4:21  2လုံး
4:26  3လုံး
4:30  2 လုံး
4:46   3လုံး

စုပေါင်းအကြိမ်ရေ  ၁၅ကြိမ် ဗုံးသီးးအလုံးရေ ၃၀ကျော် ကျဲချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်

#MRSN
Jul-23,5:08 PM
📬သတင်းပေးပို့ရန်@MagwayScoutBot
ပေါက်မြို့နယ် ⚠️

ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ပေါက်မြို့ နယ် သို့ ရိက္ခာ ပို့ထွက်လာသော စစ်ခွေး ရှေ့ပြေးများ မှာ ပေါက်မြို့နယ် ပျင်းချောင်းရွာ ဝန်းကျင်နှင့် (ဒေသအခေါ်) ရိုဇရပ် နှင့် ဖူးဝေဆီဆိုင်နားတွင်တည်ရှိနေကြောင်းသိရပြီး ၎င်းစစ်ခွေး စစ်ကြောင်း အား မနေ့က မနက်ပိုင်းက စစ်ခွေး အင်အားများတိုးချဲ့ထားကြောင်း သိရပါသည်။

#3SM
Jul -25 , 7:23AM
📬 သတင်းပေးပို့ရန် @myaing3starbot
ပေါက်မြို့နယ် ⚠️

ပေါက်မြို့မှ ခွေးအင်အားပါ ခွေးကား၂စီး အရှေ့အရပ်သို့ ဦးတည်မောင်းနှင်သွားကြောင်းသိရ

#3SM
Jul -25 , 10:03 AM
📬 သတင်းပေးပို့ရန် @myaing3starbot
မိတ္ထီလာ⚠️

မိတ္ထီလာ လေတပ်မှ ဂျက်ဖိုက်တာ ၁ စီး အနောက်မြောက် အရပ် သို့ ပျံတက်။

#WaiHin
Jul 25,10:37 AM
📫သတင်းပို့ရန် @WaiHinScout_Bot
ရေစကြိုမြို့နယ် 🔴

ရေစကြိုမြို့နယ် ကျောက်လှေခါး ရွာစစ်ခွေး ဂိတ်မှ လက်နက်ကြီးများ မှ လက်နက်ကြီး ၂ လုံးဖြင့် မြောက်အရပ် သို့ရမ်းသန်း ပစ်ခတ်ထားကြောင်း သိရပါသည်။

#3SM
Jul -25 , 2:36PM
📬 သတင်းပေးပို့ရန် @myaing3starbot
မကွေးတိုင်းရှိ မိဘပြည်သူများ နှင့်တော်လှန်အင်အား စုများ မင်္ဂလာပါဗျ 🙏🙏🙏

မကွေးတိုင်းအတွင်းရှိ မြိုင် ပေါက် ရေစကြို ပခုက္ကူ မကွေး ထီးလင်း ဂန့်ဂေါ ဆော ဆိပ်ဖြူ ငဖဲ့ စေတုတ္တရာ စလင်း ဆင်ဖြူကျွန် ရေနံချောင်း ချောက် သရက် တောင်တွင်းကြီး မင်းလှ မြို့သစ် မင်းတုန်း နတ်မောက် ကမ မင်းဘူး အောင်လံ ပွင့်ဖြူ ဆင်ပေါင်ဝဲ  စသည့်မြို့များ နှင့်မြို့နယ်အတွင်း မှ စစ်ခွေး လှုပ်ရှားမှု့သတင်းများ အား ယုံကြည်စိတ်ချစွာ ဖြင့် ပေးပို့ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

📬 သတင်းပေးပို့ရန် @MagwayScoutBot
မြိုင်မြို့နယ်

ညောင်ပင်ရွာ မှ အဖအမည် ဦးနိုင်ဦး အမိအမည် ဒေါ်မိပိုက် တို့၏သမီး မလဲ့လဲ့ဝင်း (အသားဖြူဖြူ အရက်မနိတ်မမြင့်) သည် မိသားစုဖြင့် စိတ်ဆိုး ခြင့်ကြောင့် အိမ်မှ ထွက်ခွာသွားပါသဖြင့် တောင်လှန်အင်အားစုများနှင့်မိဘပြည်သူများ အနေဖြင့်တွေ့ရှိပါက အောက်ပါဖုန်းနံပတ်အား ဆပ်သွယ်ပေးပါရန် မေတ္တာ ရပ်ခံအပ်ပါသည်။

09 979 687379

မှတ်ချက် ။ ။ သက်ဆိုင်သူများမှ ချန်နယ် အားအကူညီတောင်းခံခြင်း အရတင်ထားခြင်းသာ ဖြစ် သည်။
ပခုက္ကူမြို့ ⚠️

ပခုက္ကူမြို့ တပ်မ ၁၀၁ မှ စစ်ခွေး ကင်းပတ်ကား ၂ စီး အနောက်အရပ်သို့ထွက်ခွာသွားကြောင်း သိရပါသည်။

#3SM
Jul -25 , 4:40PM
📬 သတင်းပေးပို့ရန် @myaing3starbot
မဂ်လာနံနက်ခင်းလေးပါ ဓမ္မဘက်တော်သားများ ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာကြပါစေ ဘေးအန္တရာယ် ဟူသမျှ မြူတမှုန်မှ မကျရောက်ပါစေနှင့် 🙏🙏🙏🙏🙏
July 26

အကြမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တိုင်းပြည်အား မတရား အာဏာသိမ်းမှုပြုလုပ်ကာ လူထုအားလုံးကို စစ်ကျွန်ဇာတ်သွင်းခြင်း၊ သတ်ဖြတ်ခြင်း၊ နှိပ်စက်ခြင်း၊ အိုးအိမ်ဖျက်ဆီးခြင်း စသော အကြမ်းဖက်လုပ်ရက်များအား သေချာစနစ်တကျကျူးလွန်ပြီးနောက်ပိုင်း ၎င်း၏ ထွက်ပေါက်အဖြစ် ဟန်ပြရွေးကောက်ပွဲကျင်းပရေးကို ဦးတည်လာခဲ့သည်။

ထိုကဲ့သို့ ပြည်သူလူထုအပေါ် မတရားနှိပ်စက်အနိုင်ကျင့်ခဲ့သော အကြမ်းဖက်စစ်ခေါင်းဆောင်၏နိုင်ငံရေးထွက်ပေါက်အား လိုက်ပါကြံစည် လုပ်ကိုင်ဆောင်ရွက်သူများသည်လည်း ၎င်းနှင့်အတူ ပြည်သူလူထုအပေါ် ပြစ်မှုကျူးလွန်သူများဖြစ်ကြောင်း သတ်မှတ်ရမည် ဖြစ်သည်။

ယခုအခါ စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းများရှိ Non-CDM ဝန်ထမ်းများအား တစ်ကျောင်းလျင် ဆရာ/မ ၂ယောက်နှုန်း ရွေးကောက်ပွဲ မဲရုံသင်တန်းသွားရောက်ရမည်ဟု သိရှိရသည်။ Non-CDM ဆရာ/မ များအနေဖြင့် စစ်အာဏာရှင်တော်လှန်ရေး (တနည်းအားဖြင့်) လူထုတော်လှန်းရေးအကြောင်း အခြေအနေနှင့် အချိန်အခါကို သုံးသပ်ကြစေလိုသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် သစ္စာတော်ခံပြုလုပ်လိုပါက ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ပြဿနာများအား မိမိတို့ဘာသာ ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်သည်ဟု အသိပေးလိုပါသည်။

တရားမဝင်အာဏာသိမ်း စစ်ခေါင်းဆောင်ကျင်းပမည်ဖြစ်သော တရားမဝင်ရွေးကောက်ပွဲသည် ပြည်သူလူထု၏  ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး လုံးဝပျောက်ဆုံးရေးသို့ ဆက်လက်ဦးတည်နေသောကြောင့်  ပြည်သူလူထုအနေဖြင့် ပြတ်ပြတ်သားသားဆန့်ကျင်ရမည်ဖြစ်သည်။

စစ်ကျွန်သက်ဆိုးရှည်စေရေးကို ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေသည့် စစ်ခေါင်းဆောင်၏ နိုင်ငံရေးထွက်ဖြစ်သော ဟန်ပြရွေးကောက်ပွဲ(သို့)တရားမဝင်ရွေးကောက်ပွဲနှင့်ပါတ်သက်၍ ပါဝင်ဆောင်ရွက်သူဟု သတင်းထင်ရှား(သို့)သက်သေထင်ရှား တွေ့ရှိပါက နွေဦးတော်လှန်ရေးမှ ပေးသော ပြည်သူ့၏ ဒဏ်ခတ်အပြစ်ပေးခြင်းကို ရရှိမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

တောင်သာ..🦅

https://t.me/MandalayScoutNetwork
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ  ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

     ဒေါ်အောင်ဆန်းစုကြည် 
မြိုင်မြို့နယ် ⚠️

မြိုင်မြို့နယ် ကန်နီပျူရွာမှ ဟစ်ခွေး ပျူခွေးများ မှ ကန်နီရွာအတွင်းရှိ ပြည်သူပိုင် ရေခဲသစ်တာ များနှင့် အခြားပစ္စည်းများအား ခိုးယူထားပြီး ကန်နီ ရွာ စာသင်ကျောင်းအတွင်းသို့ သယ်ဆောင်ထားကြောင်း သိရပါသည်။

#3SM
Jul -26 , 8:38AM
📬 သတင်းပေးပို့ရန် @myaing3starbot