ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
Photo
မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာတွင် ကင်းစောင့်နေသည့် ပျူစောထီးများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၁ ဦး သေဆုံး

ရန်ကုန်၊ ဇွန် ၁၆

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာတွင် ကင်းစောင့်နေသည့် ပျူစောထီးများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦး သေဆုံးခဲ့ကြောင်း ဗစ်တာပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁၀ ရက်နေ့တွင် ကန်နီပျူစောထီးရွာ၌ ကင်းစောင့်နေသော ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက စနိုက်ပါဖြင့် သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုအတွင်းပျူစောထီး ၁ ဦး ကျည်ထိမှန်ခဲ့ပြီး ထိုထိခိုက်ဒဏ်ရာကြောင့် ဇွန်လ ၁၃ ရက်နေ့တွင် သေဆုံးခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

"ကန်နီပျူစောထီးရွာကို ဇွန်လ ၇ ရက်နေ့က စတင်ပြီး ပြောက်ကျားစနစ်နဲ့ စောင့်ဆိုင်း တိုက်ခိုက်ခဲ့တာပါ။ အဲလို စောင့်ဆိုင်းနေတုန်း ၁၀ ရက်နေ့မှာ ပျူစောထီး ၁ ကောင်ကို စနိုက်ပါနဲ့ ပစ်ခတ် တိုက်ခိုက်နိုင်ခဲ့တယ်။ အပစ်ခံရတဲ့ ပျူစောထီးက ထိခိုက်ဒဏ်ရာတွေကြောင့် ၁၃ ရက်နေ့မှာ သေဆုံးသွားတယ်လို့ သိရတယ်" ဟု ဗစ်တာပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဗစ်တာပျောက်ကျားတပ်ဖွဲ့၊ ပခုက္ကူခရိုင်တပ်ရင်း(၂)တပ်ခွဲ(၂) ၊ မုံရွာခရိုင်တပ်ရင်း(၂၅)တပ်ခွဲ(၂)Sniperအဖွဲ့၊အညာမြေပျောက်ကျားတပ်ဖွဲ့မြို့နယ်ပကဖနှင့် လျှပ်စီး ပျောက်ကျားတပ်ဖွဲ့မြို့နယ်ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
🔴 မြိုင် 🔴 မြိုင်နယ် တနေရာသို့ မကွေးလေတပ်တက် ဂျက်ဖိုက်တာ ၁စီးဖြင့် (10:00)AM ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားခဲ့‌ကြောင်း သိရပါသည် ။ #WaiHin #AS Jun 16, 1:35PM 📫သတင်းပို့ရန် @WaiHinScout_Bot
ပခုက္ကူမြို့နယ် 🔴

ပခုက္ကူမြို့နယ် သစ်ပုလွေကုန်း ရွာဝန်းကျင်တွင် မကွေးလေတပ်မှတပ်လာသော ဂျတ်ဖိုက်တာတစ်စီး ဖြင့် ယနေ့မနက် (10:00AM) အချိန်က လေကြောင်းတိုက်ခိုက်သွားကြောင်း သိရပါသည်။

Jun-16 , 7:54PM

#3SM

3 Star Myaing

ပခုက္ကူခရိုင်အတွင်းရှိ မြိုင် ပေါက် ဆိပ်ဖြူ ရေစကြို ပခုက္ကူ တိုမှ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။

သတင်းပေးပို့ရန် @myaing3starbot


ချန်နယ် လေးကို Join ပေးကြပါအုံးဗျ https://t.me/https3starmyaing
ပခုက္ကူမြို့ ⚠️

ပခုက္ကူမြို့ စက်မှု့ (၂)  နှင့် စက်မှု့ဇုန် (၆) လမ်း အပါအဝင် ပခုက္ကူမြို့ပေါ်ရှိ ရက်ကွပ်အချို့ပါ ယမန်နေည က အကြမ်းဖတ် စစ်ခွေး များမှာ ပေါ်တာစွဲး ဖမ်းစီးခဲ့ကြောင်းသိရပါသည်။

Jun-16 , 8:26PM

#3SM

3 Star Myaing

ပခုက္ကူခရိုင်အတွင်းရှိ မြိုင် ပေါက် ဆိပ်ဖြူ ရေစကြို ပခုက္ကူ တိုမှ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။

သတင်းပေးပို့ရန် @myaing3starbot


ချန်နယ် လေးကို Join ပေးကြပါအုံးဗျ https://t.me/https3starmyaing