ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
အောက်တိုဘာလ (၉)ရက် ညနေ (၄)နာရီဝန်းကျင်တွင် မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ ဆည်တိုကျေးရွာနေ သန်းခေါင်စာရင်း ကောက်ရန် ပြင်ဆင်နေသည့် ဖက်ဆစ်ခွေးမိစ္ဆာထောက်တိုင် အုပ်ချုပ်ရေးမှူး တင်ဝင်းအား နေအိမ်တွင် ဝင်ရောက်ဖမ်းစီးကာ ကျည်မကုန်စေဘဲ ဓားဖြင့် အချက် ၂၀ လောက်နဲ့ ရှင်းလင်းလိုက်ကြောင်း သိရှိရသည်။

အုပ်ခွေးမီးဖုတ် ပုံမရရှိသေး။
ရန်ကုန်မြို့၊ မှော်ဘီမြို့ရှိ မှော်ဘီလေတပ်အတွင်းသို့ ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ ဦးအပါအဝင် စစ်သား ၆ ဦးသေဆုံးခဲ့ပြီး K8W အမောင်းသင်လေယာဉ် ဂိုဒေါင် ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့‌ အောက်တိုဘာလ ၉ ရက် ည ၇ နာရီ အချိန်တွင် ရန်ကုန်မြို့၊ မှော်ဘီမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ မှော်ဘီလေတပ်အတွင်းသို့ Type 63 အမျိုးအစား ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ အရာရှိ ၂ ဦး ၊ အခြားအဆင့်စစ်သား ၄ ဦး သေဆုံးခဲ့ပြီး K8W အမောင်းသင်လေယာဉ်ဂိုဒေါင်နှင့် ခြံစည်းရိုးကို ထိမှန်ပေါက်ကွဲခဲ့ကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း (ဗိုလ်ကောက်ရိုးအဖွဲ့) နှင့် Civilian Military – SRDF အထူးစစ်ဆင်ရေးစစ်ကြောင်းတို့က အထူးစစ်ဆင်ရေးဌာန (မြို့ပြပျောက်ကျားနှင့် မြို့ပြစစ် ဆင်ရေး) Special Operation Department (Urban Guerrilla & Urban Operation) ၏ ခွင့်ပြု ချက်ဖြင့် မစ်ရှင်ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
Forwarded from Zin Thaw Naing
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူး မြို့သိမ်း တိုက်ပွဲမှာ စစ်ရှုံးကောင်စီ တပ်စခန်းတွေက လက်နက် အလက်ပေါင်း ၄၀၀ကျော် သိမ်းဆည်းရရှိခဲ့ပြီး ဘိန်းဖြူထုပ် တွေလည်း တွေ့ရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။
ဇော်မဲလုံးတူဆိုတဲ့ ဟာက
ဇော်မဲလုံးကို လေထိုးထားသလိုပဲနော်။

အရက်တုတွေ တအားသောက်ပုံရတယ်။
😁
Forwarded from Sagaing Scout Network (လားကူ ✞)
⚠️စစ်ကိုင်း-မြင်းမူ

စစ်ကိုင်း မှ စခ သံပြာကာကား ၄ စီး အင်အားအပြည့်ဖြင့် မြင်းမူဘက်သို့ဦးတည်မောင်နှင်သွားကြောင်းသတင်းရ။

#SSN
Oct 10 , 12:40PM

📫သတင်းပို့ရန် @SagaingSNetworkbot
Forwarded from Hlaing Info
MNDAA သိမ်းပိုက်ထားသော သိန္နီမြို့နယ်ကို စစ်တပ်က လေယာဉ်ဖြင့်  ဗုံးကျဲမှု ပြည်သူ ၅ ဦးဒဏ်ရာရပြီး နေအိမ်၊ကားနှင့်အဆောက်အုံများ ပျက်စီး

အောက်တိုဘာလ ၁၀ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်ညီနောင်တပ်ဖွဲ့များနှင့် MNDAA သိမ်းပိုက်ထားသော သိန္နီမြို့နယ်ကို စစ်တပ်က လေယာဉ်ဖြင့်  ဗုံးကျဲချခဲ့ရာ ပြည်သူ ၅ ဦးဒဏ်ရာရရှိကြောင်း MNDAA က ပြောသည်။

ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၂ နာရီခွဲဝန်းကျင်အချိန် သိန္နီမြို့နယ် ပန်လော့ကျေးရွာအုပ်စု မန်ချက်ရွာ ရှိလူနေအိမ်များကို စစ်ကောင်စီက  လေယာဉ်ဖြင့်ဗုံးကျဲတိုက်ခိုက် ခဲ့ကြောင်း၊  လူသေဆုံးမှုမရှိသော်လည်း ဒဏ်ရာရပြည်သူ ၅ ဦးရှိကြောင်း၊  သိန္နီမြို့တွင်း အင်တာနက်လိုင်းများ ပြတ်တောက်နေပြီး ဖုန်းလိုင်းသာရရှိကြောင်း သိရှိရသည်။

ရှမ်းပြည်မြောက် ပိုင်း သီပေါ၊ ကျောက်မဲ၊ နောင် ချို၊ နမ့်ခမ်း၊ လားရှိးနှင့် မိုင်းရယ်မြို့တို့တွင်  ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်မှ အောက် တို ဘာလ ၆ ရက်အတွင်း စစ်ကောင်စီ ၏ လေ ကြောင်း တိုက်ခိုက်မှုနှင့် လက်နက် ကြီးပစ်ခတ် မှုများကြောင့်

အဆက် - ⤵️⤵️
Forwarded from Khit Thit Media
ရန်ကုန်မြို့တွင် စစ်တပ်က ဧည့်စာရင်း အကြောင်းပြ၍ ဝင်ရောက် စီးနင်းမှုကြောင့် လူထုသပိတ် လှုပ်ရှားများတွင် ဦးဆောင်ပါဝင်သူ ကိုပိုင်ဖြိုးမင်း ဖမ်းဆီးခံရ

ရန်ကုန်၊ အောက်တိုဘာ ၁၀

ရန်ကုန်မြို့တွင် အကြမ်းဖက် စစ်တပ်က ဧည့်စာရင်း အကြောင်းပြ၍ ဝင်ရောက် စီးနင်းမှုကြောင့် လူထုသပိတ် လှုပ်ရှားများတွင် ဦးဆောင်ပါဝင်သူ ကိုပိုင်ဖြိုးမင်း ဖမ်းဆီးခံရကြောင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်အင်အားစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ၏ ဧည့်စာရင်း အကြောင်းပြကာ ဝင်ရောက် ရှာဖွေ စစ်ဆေးမှုကြောင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (Anti-Junta Alliance Yangon – AJAY) ၏ ဦးဆောင်သူ တစ်ဦးဖြစ်သူ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ မတရား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်သွားကြောင်း သိရသည်။

ကိုပိုင်ဖြိုးမင်း (ခ) ဒီရေသည် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုများတွင် စဥ်ဆက်မပြတ် ဦးဆောင် ပါဝင်ခဲ့သူဖြစ်သောကြောင့် စစ်အာဏာရှင်လက်ပါးစေတို့မှ အသက်အန္တရာယ် ထိခိုက်စေသည်အထိ ညှင်းပန်း နှိပ်စက်မှုကို ခံရမည်ကို သပိတ်အင်အားစုများမှ အလွန်အမင်း စိုးရိမ်မိကြောင်း၊ အကြမ်းဖက် စစ်အာဏာရှင်နှင့် လက်ပါးစေများသည် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် လူတစ်ဦး၏ အသက်ကို အလွယ်တကူပင် သတ်ဖြတ်ပစ်ရန်နှင့် အသက်သေဆုံးနိုင်သည်အထိ အပြင်းအထန် ညှင်းပန်းနှိပ်စက်ရန် ဝန်လေးသူများမဟုတ်ကြောင်း သက်သေ သာဓက များစွာလည်းရှိခဲ့ပြီးဖြစ်ကြောင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်အင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

"မနေ့ညက ရန်ကုန်မှာ ဧည့်စာရင်း အကြောင်းပြ၍ ဝင်ရောက် စီးနင်းတာတွေရှိတယ်လို့ သိရတယ်။ ကိုပိုင်ဖြိုးမင်း ဖမ်းဆီးခံရတာတော့ အတည်ပြုပါတယ်။ သူက စစ်တပ်က သပိတ်ခေါင်းဆောင်တစ်ဦးအဖြစ် ပစ်မှတ်ထားရှာဖွေခံနေရသူလည်းဖြစ်ပါတယ်။ လောလောဆယ် ကိုပိုင်ဖြိုးမင်းကိုဖမ်းဆီးပြီးနောက်မှာ တောင်ဥက္ကလာက သူ့နေအိမ်ကိုလည်း ၀င်ရောက်စီးနင်းခံနေရပါတယ်" ဟု စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်အင်အားစုမှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောဆိုသည်။

လက်ရှိချိန်တွင် မတရားဖမ်းဆီးခံရသည့် ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ၊ ကိုဇော်လင်းထွဋ် (ခ) ဖိုးသား၊ ကိုအောင်မင်းခိုင် (ခ) မဲကြီးနှင့် မမြမဉ္ဇူ တို့အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသား ရဲဘော်များအတွက် နိုင်ငံတကာ အသိုက်အဝန်းအင်အားစုများနှင့် တော်လှန်ရေး အင်အားစုများ၊ သပိတ်အဖွဲ့များ အနေဖြင့်လည်း စစ်ကောင်စီမှ ရဲဘော်များကို လူမဆန်စွာ နှိပ်စက်ညှဥ်းပန်း၍ အသက်အန္တရာယ်ကို အလွယ်တကူ ရယူသွားနိုင်ခြင်းမရှိစေရန် အတွက် ဝိုင်းဝန်း ပူးပေါင်းဖိအားပေးကြရန်လည်း တောင်းဆိုကြောင်း၊ လွတ်လပ်ခြင်းနှင့် လူ့ဂုဏ်သိက္ခာအတွက် ပြောင်မြောက်ရဲဝံ့စွာ အံတုတိုက်ခိုက်ခဲ့သည် အရေးတော်ပုံတပ်သား ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ နှင့်အတူ ဖမ်းဆီးခံတော်လှန်ရေးရဲဘော်များအတွက် ထပ်လောင်းကြိုးပမ်းကာ လူထုသပိတ်အင်အားစုများ အနေဖြင့် စစ်အာဏာရှင် စနစ် အလုံးစုံပျက်သုဥ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရက်တစ် လူ့ဘောင်ဖော်ဆောင်ရေးတို့ အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု က အသိပေးထားသည်။
Forwarded from Khit Thit Media
မြိုင်ပကဖ၊ ပေါက်ပကဖ ၊ ကမ္မ တပ်ပေါင်းစုတို့ ပူးပါင်း၍ စုဖွဲလေးကျင့်မှုသင်တန်း အပတ်စဉ် ၃ မှ ရဲဘော်များကို လက်နက်တပ်ဆင်ပွဲ အခမ်းအနားပြုလုပ်

ရန်ကုန်၊အောက်တိုဘာ ၁၀

တောတွင်း တစ်နေရာတွင် မြိုင်ပကဖ၊ ပေါက်ပကဖ ၊ ကမ္မ တပ်ပေါင်းစုတို့ ပူးပါင်း၍ စုဖွဲ့လေးကျင့်မှုသင်တန်း အပတ်စဉ် ၃ ရဲဘော်များလက်နက်တပ်ဆင်ပွဲအခမ်းအနားကို အောက်တိုဘာလ ၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားကို ပေါက် ၊ မြိုင် ၊ ကမ္မတပ် ပေါင်းစု တာဝန်ရှိသူများ ၊ တပ်ရင်းတပ်ဖွဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံ အလေးပြုခြင်း ၊ ရဲဘော်များကို အားပေးစကားပြောခြင်း ၊ စစ်ဖက် အရပ်ဖက် တာဝန်ရှိသူ အသီးသီးက လက်နက်တပ်ဆင်ပေးခြင်းများ ပြုလုပ်၍ ပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။