ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
Forwarded from Hlaing Info
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအတွက် အဓိက တာဝန်ပေးခံရသူ ဒုဗိုလ်မှူးကြီးညီဇော်ထက်၊ ဒုဗိုလ်မှူးကြီးထွန်းလွင်ဦးနှင့် ဒုဗိုလ်မှူးကြီးအောင်ဌေးတို့ တရားမဝင်ငွေများဖြင့် ချမ်းသာကြွယ်၀လာနေ

အောက်တိုဘာလ ၆ ရက်

မြန်မာနိုင်ငံတစ်ဝန်းမှ ပြည်သူများအပေါ် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများတွင် အဓိက တာဝန်ပေးခံရသူ လေတပ်အရာရှိကြီးတချို့ မှာ တရားမဝင် ငွေရလမ်းကြောင်းဖြင့် ချမ်းသာကြွယ်၀လာနေကြောင်း လေတပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
တပ်မတော်နည်းပညာတက္ကသိုလ်DSTA အပတ်စဉ် ၂ မှ ဒုဗိုလ်မှူးကြီး ညီဇော်ထက်သည် နေပြည်တော်ရှိ လေတပ်စစ်ရုံးတွင် လေယာဉ်ပြုပြင်ထိန်းသိမ်းရေးနှင့် ဝယ်ယူရေးအတွက် အဓိက ဦးဆောင်လုပ်ဆောင်နေရပြီး လေယာဉ်ပြုပြင်ထိန်းသိမ်းရေးနှင့် ဝယ်ယူရေးများမှ အလွန်ကြွယ်၀ချမ်းသာလာကြောင်း၊ နေ့စဉ် အရက်ကောင်းများ သောက်၍ ဇိမ်ခံနေပြီး ချမ်းသာကြွယ်၀လာနေကြောင်း သိရှိသည်။
"ဒုဗိုလ်မှူးကြီး ညီဇော်ထက်က DSTA အပတ်စဉ် ၂ က။ လက်ရှိနေပြည်တော် ကက(လေ) စစ်ရုံးက။ အရင် စက်မှုလက်မှုက G1 အခုတော့ ဗိုလ်မှူးကြီး ဖြစ်သွားပြီ။ ကက(လေ)မှာပဲ လေယာဉ်တွေ ပြုပြင်ထိန်းသိမ်းရေး ဝယ်ယူရေး တွေက အဓိက လုပ်ပေးနေတာ သူပဲ။ စစ်ရုံးပေါ်မှာနေနေတာကြာပြီ။ ၂၀၂၄ ခုနှစ်မှာ စစ်မှုထမ်းကောင်းတံဆိပ်ရထားတယ်။ ပြည်သူတွေ ဗုံးကျဲဖို့ အဓိက လုပ်ဆောင်ပေးနေသူပါ" ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
ပြည်သူများကို ဗုံးကျဲသတ်ဖြတ်နေသာ Y 12 လေယာဉ်အုပ်မှူးမှာ ဒုတိယဗိုလ်မှူးကြီး ထွန်းလွင်ဦးဖြစ်ပြီး မိတ္ထီလာမြို့နယ်၊ ရှမ်းတဲလေတပ်စခန်းတွင် တာဝန်ကျနေကြောင်း၊ ဒုတိယဗိုလ်မှူးကြီး ထွန်းလွင်ဦးသည် စစ်တက္ကသိုလ် အပတ်စဉ် ၄၄ ကျောင်းဆင်းဖြစ်ကြောင်း သိရှိရသည်။
"၂၀၂၃ ခုနှစ်မှာ ဗိုလ်မှူး ထွန်းလွင်ဦးက တပ်ချုပ်က ချီးမြှင့်တဲ့ တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်နဲ့ သူရဲ ကောင်း မှတ်တမ်းဝင်တံဆိပ်ရရှိထားတယ်" ဟု တပ်သတင်းရင်းမြစ်ကဆိုသည်။
စစ်ကေင်စီ၏ လေတပ်ကွပ်ကဲမှုများကို နမ့်စန်လေတပ်စခန်းမှနေ၍ အဓိက ကွပ်ကဲ ဆောင်ရွက်ပေးနေသူ လေကြောင်းအင်ဂျင်နီယာ ဒုတိယဗိုလ်မှူးကြီး အောင်ဌေးဖြစ်ပြီး စက်မှုတက္ကသိုလ်ကျောင်းဆင်းတစ်ဦးလည်းဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် မင်းအောင်လှိုင်က ချီးမြှင့်သည့် စစ်မှုထမ်းကောင်းတံဆိပ် ရရှိထားသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

#KTM
#HlaingInfo
Forwarded from Magway Regional Scout Network (YU ATARASHI)
☂️သတင်း

၂၀၂၄ အောက်တိုဘာလ ၁၃ရက်နေ့မှ ၁၉ရက်နေ့အတွင်း
ဘင်္ဂလားပင်လယ်အော် တွင်
ဆိုင်ကလုံးမုန်တိုင်းတစ်လုံးဖြစ်ပေါ်လာနိုင်ပါတယ်
ISSUED TIME
05/10/2024 7:12pm(MMT)


၂၄နာရီအတွင်း
ချင်းပြည်နယ် စစ်ကိုင်းတိုင်းမြောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေမှာ မိုးရွာနိုင်ပါတယ် 🚶‍♀️🚶‍♂️🌂👜🏡
ISSUED TIME
06/10/2024 3:38am(MMT)


Welcome Wind Chill
၂၀၂၄ နိုဝင်ဘာလမှာ North east Monsoon ဆောင်းလေညှင်းလေး စတင်ရောက်ရှိလာနိုင်ပြီး ဖေဖော်ဝါရီလအထိ မိုးလေကင်စင် အေးမြသာယာတဲ့ရာသီဥတုကိုရရှိစေပါလိမ့်မယ် ၂၀၂၅ မတ်လအထိပါ မိုးလေကင်းစင်သွားမှာဖြစ်ပြီး နွေရာသီဧပြီလမှာ တနင်္သာရီတိုင်း ကပ္ပလီပင်လယ်ပြင်မှာ Summer Strom နွေမုန်တိုင်း ဖြစ်နိုင်ပြီး
(စိုးရိမ်စရာမရှိပါ) အောက်မြန်မာနိုင်ငံတွေမှာ ဧပြီမိုးရွာနိုင်ပါတယ်
ဆောင်းသီးနှံဖြစ်ထွန်းအောင်မြင်ကြပြီး နွေစပါးစိုက်မည့်သူတွေလည်း အဆင်ပြေကြပါလိမ့်မယ်
မြန်မာနွေရာသီသည်လည်း ဆိုးရွာတဲ့အပူချိန်မျိုးမဖြစ်နိုင်ပါဘူး
အားလုံးရွှင်လန့်းချမ်းမြေ့ကြပါစေ 🌨️🌨️🌨️
ISSUED TIME
06/10/2024 4:35am(MMT)


၂၀၂၄ အောက်တိုဘာလ ၁၀ရက်နေ့မှ ၂၀ရက်နေ့အတွင်း အာရေဗျပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းနှစ်ခုအပြိုင်ဖြစ်နိုင်သော်လည်း မြန်မာနိုင်ငံဖက်သို့မရောက်ရှိနိုင်ပါဘူး
ISSUED TIME
06/10/2024 4:46am(MMT)

ဂရုစိုက်ကြပါ
🙏🕊️🌄

မင်း ဂွတ် သီး Su Su San
MRSN
Oct 6 ,  9:29AM
📬သတင်းပို့ရန်
@WaiHinDomino
@WaiHin8
🤝သတင်းပေးဆင့်ခေါ်စာ🤝ကျွန်တော်များ 3Starအဖွဲ့အားမိ့မိ့နယ်မြေမှ စခပခစစ်ကြောင်းသတင်းများအားယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။
3 Star
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
🌹T.N.T.P🌹
Forwarded from MPANews
Fact Check

လားရှိုးမြို့ကို စစ်ကောင်စီပြန်သိမ်းရန် PDF များ ထောက်ခံဟု စစ်တပ်ဝါဒဖြန့်သူများ သတင်းအမှားဖြန့်

7 Oct 2024 By Wadi / MPA

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လားရှိုးမြို့ကို စစ်ကောင်စီက ပြန်လည်သိမ်းယူမည့်ကိစ္စအပေါ် PDF များက ထောက်ခံနေဟုဆိုသည့် သတင်းအမှား အောက်တိုဘာ ၅ ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန် နယ်များ၌ ပျံ့နှံ့ခဲ့သည်။

“သတင်းတမန်” တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၅ ရက် နံနက် ၇ နာရီ ၂၀ မိနစ်တွင် လားရှိုးမြို့ကို စစ် ကောင်စီပြန်လည်သိမ်းယူမည့်အပေါ် PDF များက ထောက်ခံနေကြောင်း၊ PDF များအနေဖြင့် တိုင်းရင်း သားအဖွဲ့များ နောက်လိုက်သာ ဖြစ်နေရပြီး လက်ရှိသိမ်းပိုက်ထားသည့်မြို့များကို ကိုယ်တိုင်မအုပ်ချုပ်ရ သဖြင့် မကျေနပ်မှုများ ဖြစ်နေကြောင်း၊ လားရှိုးဖြစ်စဉ်သည် PDF များကို အမြင်မှန်ရစေခဲ့ကြောင်း စသည့် ဝါဒဖြန့်ဝေထားသော အကြောင်းအရာများ ရေးသားဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://tinyurl.com/5erm8ezw
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en
⚠️မြောက်ဦး

မြောက်ဦးဖြတ်၍ Jet Fighter 2 စင်း အနောက်မြောက်သို့ ပျံသန်း။

#EAR
#WaiHin
Oct 7 , 4:15 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from EAR, Org.
⚠️ တံတားဦး

တံတားဦးလေတပ်မှ Jet Fighter 1 စင်း အနောက်တောင်သို့ ပျံတက်။

17:04, Oct 7
#EAR
ရေစကြို⚠️

တံတားဦးလေတပ်တက် Fighter Jet (1)စီး ​ရေစကြိုအရှေ့တောင်ခြမ်းဖြတ်၍ အနောက်​အရပ်သို့ ပျံသန်း။

#NAS
Oct 7, 5:09PM
📡သတင်းပို့ရန် @infonas
ကမ္မ⚠️

တံတားဦးလေတပ်တက် ဒုတိယ Fighter Jet (1)စီး ကမ္မဖြတ်၍ အနောက်အရပ်သို့ ပျံသန်း။

#NAS
Oct 7, 5:20PM
📡သတင်းပို့ရန် @infonas
ကမ္မ⚠️

ကမ္မဖြတ်၍ ၂စီးမြောက် ဂျက်ဖိုက်တာ ၁စီး အနောက်ဘက်သို့ ပျံသန်း။

#WaiHin
Oct 7 , 5:21 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Sagaing Scout Network (🐈‍⬛ 🐈🌱SEED)
မြင်းခြံ

အောက်တိုဘာ၇ရက်,နံနက်၇နာရီမိနစ်(၃၀)ခန့်က Mi35ပေါ်မှ ပစ်လို့ သစ်ရုံရွာမှ လယ်ထွန်နေသူတစ်ဦး ေ- သ ။

နေ့လည်ပိုင်း ကျောက်ကန်ကပျူနဲ့စခများ သစ်ရုံရွာဝင်ပစ်တာ ဘုန်းကြီးဦးပန္တိရဲ့မယ်တော် ေ- သ ။

မီးသတ်ကားရှေ့က မောင်းခိုင်းပြီး စခ ၇၀ခန့် လယ်သစ်ရွာထဲရောက် အိမ်ပြင်ထွက်သူများကို ကန်ကျောက်ရိုက်နှက်နေ။

#SSN
Oct 7,5:00PM
📬သတင်းပေးပို့ရန်
@SagaingSNetworkbot
Forwarded from Sagaing Scout Network (လားကူ ✞)
⚠️မုံရွာ

ကမ်းနားလမ်း ဆုတောင်းပြည်ဘုရားကြီး အနောက်မုဒ်တွင် ပါဂျဲရိုးကားတစ်စီး ၊ ဖိုးဝှီးကားတစ်စီးခွေး ၈ ကောင်ပါ ရပ်ထားပြီး ရိုးပေါ်သို့ ၃ ကောင်တက်သွား၊ ကားခေါင်းမှာမြောက် သို့ လှည့်ထားကြောင်းသိရ။

#SSN
Oct 7 ,

📫သတင်းပို့ရန် @SagaingSNetworkbot
Forwarded from Magway Regional Scout Network (YU ATARASHI)
☂️သတင်း

၂၄နာရီအတွင်း
လွိုင်လင်ခရိုင် လောက်ကိုင်ခရိုင် မူဆယ်ခရိုင် လားရှိုးခရိုင် ကျောက်မဲခရိုင် ပြင်ဦးလွင်ခရိုင် နှင့် မိုးကုတ် ဒေသတွေမှာ နေရာကွက်ကျားမိုးအနည်းငယ်ရွာသွန်းနိုင်ပြီး နေအပူချိန်များလျှော့ကျလာကာ အအေးအနည်းငယ်ပိုလာနိုင်ပါတယ် 🚶‍♀️🚶‍♂️👒
#ဆောင်းလေညှင်းလေး
ISSUED TIME
09/10/2024 7:50am(MMT)

ဂရုစိုက်ကြပါ
🙏🕊️🌄

မင်း ဂွတ် သီး Su Su San
MRSN
Oct 9 ,  10:25AM
📬သတင်းပို့ရန်
@WaiHinDomino
@WaiHin8
Forwarded from Magway Regional Scout Network (YU ATARASHI)
ရေစကြို

ရေစကြိုနယ် ပခန်ကြီးမြို့‌ဟောင်းတိုင်း တောင်ဘက်သို့ အင်အား16 ယောကခ ဝန်းကျင်ခန့်  ထွက်ခွာသွား။
လက်နက်ကြီး ၂နက်ပါရှိ။
4:40pm

MRSN
Oct 9 ,  5:18PM
📬သတင်းပို့ရန်
@WaiHinDomino
@WaiHin8
Forwarded from Magway Regional Scout Network (YU ATARASHI)
⚠️ပခုက္ကူ

ပခုက္ကူနယ်စိုတွင်းတွင် စခကား၂စီး အင်အားအပြည့်ဖြင့် ရောက်နေ ၊ ပခုက္ကူစက်မှုဇုန်တွင်လည်း စခများရောက်နေကြောင်းသိရ။
Oct 10 , 9:41AM

MRSN
Oct 10 ,  9:54AM
📬သတင်းပို့ရန်
@WaiHinDomino
@WaiHin8
Forwarded from Hlaing Info
Update - မှော်ဘီလေတပ်သို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှု အရာရှိ ၂ ဦး အပါအဝင် စစ်သား ၄ ဦး သေဆုံးပြီး K8W အမောင်းသင်လေ ယာဉ် ဂိုဒေါင် ထိခိုက်ပျက်စီး

အောက်တိုဘာလ ၁၀ ရက်

ရန်ကုန်မြို့၊ မှော်ဘီမြို့ရှိ မှော်ဘီလေတပ်အတွင်းသို့ ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ ဦးအပါအဝင် စစ်သား ၆ ဦးသေဆုံးခဲ့ပြီး K8W အမောင်းသင်လေယာဉ် ဂိုဒေါင် ထိခိုက် ပျက်စီးခဲ့ကြောင်း Civilian Military – SRDF အထူး စစ်ဆင်ရေးစစ်ကြောင်းမှ တာဝန်ရှိ သူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့‌ အောက်တိုဘာလ ၉ ရက် ည ၇ နာရီ အချိန်တွင် ရန်ကုန်မြို့၊ မှော်ဘီမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ မှော်ဘီလေတပ်အတွင်းသို့ Type 63 အမျိုးအစား ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ အရာရှိ ၂ ဦး ၊ အခြားအဆင့်စစ်သား ၄ ဦး သေဆုံးခဲ့ပြီး K8W အမောင်းသင်လေယာဉ်ဂိုဒေါင်နှင့် ခြံစည်းရိုးကို ထိမှန်ပေါက်ကွဲခဲ့ကြောင်း သိရ သည်။

အဆက် - ⤵️⤵️
Forwarded from People's Spring
ဒုတိယဗိုလ်မှူးကြီးသက်ပိုင်ထွန်း အသက်ရှိစဥ်ကနှင့် ၎င်း၏ရုပ်အ​လောင်း၊ ၎င်းထံမှ သိမ်းရသောခဲယမ်းများနှင့်စစ်သုံးပစ္စည်းအချိုအားတွေ့ရစဉ်။ ဓာတ်ပုံ - CJ
Forwarded from ဆရာစံ
ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်သား နှစ်ကြိမ်မြောက်ထွက်ပြေးလာပြီး PDFထံ အလင်းဝင်

အောက်တိုဘာ ၁၀

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး နှစ်ကြိမ်မြောက်ထွက်ပြေးပြီးနောက် အလင်းဝင်လာကြောင်း Earthquake Peoples Defence Force အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ပခုက္ကူမြို့မရဲစခန်းမှ (၃၁)နှစ်အရွယ် ရဲတပ်သား အောင်ဗိုလ်မင်းသည် ယမန်နေ့ (အောက်တိုဘာ၉ရက်) နံနက် ၁၁နာရီက ကျည်များယူဆောင်ပြီး အလင်းဝင်ရောက်လာကြောင်း Earthquake People
s Defence Force အဖွဲ့မှ ရဲဘော်အရှည်ကြီးက ပြောသည်။

"သူက အရင်တခေါက်က သေနတ်နဲ့ပြေးတာ အဖမ်းခံထားရတာ။ အခုပြန်လွတ်ပြီး ချိတ်ပြီး ဝင်လာတာပါ။ မိသားစုအဆင်မပြေမှုတွေနဲ့ ဖိနိပ်မှုတွေ အများကြီး အလုပ်ခံခဲ့ရတာလို့ ပြောပါတယ်။ နောက်ပြီး အဲ့ပတ်ဝန်းကျင်မှာ မနေချင်တော့လို့အချိန်တိုင်း ကြိုးစားနေတယ်လို့လဲပြောပါတယ်။"ဟု ရဲဘော်အရှည်ကြီးက ရှင်းပြသည်။

အဆိုပါရဲတပ်သားသည် ရဲဝန်ထမ်းလုပ်သက် (၇)နှစ်ရှိပြီး မုံရွာမြို့၌ တာဝန်ကျခဲ့ကာ ပခုက္ကူမြို့ရောက်သည်မှာ ၆ လခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

သတင်း/People's spring
#SayarSan(ဆရာစံ)

Channel ကို join ရန်⬇️
https://t.me/Ap2732001
Forwarded from GenZ Phoe Maung
ဟိုဘက်ရပ်ကွက်က မည်းလုံးတူ ဗိုလ်မှူးကြီးဆိုပြီး ဂုဏ်ယူပါတယ်၊လေးစားပါတယ်ဆိုပြီး လုပ်နေတာ မအေပေးက ကျောက်စိမ်းလက်ကောက်တွေခိုးထားတဲ့ သူခိုးဖြစ်နေတယ်။

စစ်သားနဲ့ ကျောက်စိမ်းလက်ကောက်က ဘာဆိုင်လို့လဲ ၊ ငါ-ိုးမသားတွေ မျိုးရိုးကိုမကောင်းတာ ... သေတာတောင် ခိုးထုပ်၊ခိုးထည်နဲ့ မိတဲ့ သူခိုးဖြစ်နေတယ် ...

မည်းလုံးတူ ခွေးသူခိုးလေး ... 🤣

#GenZPhoeMaung