ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ဂန့်ဂေါမြို့ ခလရ ၅၀ မှစခစစ်ကြောင်းသည် လယ်မရွာသို့ညအချိန်မတော်ဝင်ရောက်ပြီး ကလေးငယ် ၄ ဦး၊Volunteer ဆရာတစ်ဦး အပါအဝင် ပြည်သူ ၁၁ ဦးကိုသတ်ဖြတ်ကာ ပြည်သူ ၂၃ ဦးအားဖမ်းဆီးသွား

ဂန့်ဂေါ၊ မေလ ၁၂

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်း ၅မိုင်ခန့်အကွာ လယ်မကျေးရွာသို့ ဂန့်ဂေါမြို့ ခလရ ၅၀ နှင့် အမြှောက်တပ်မှ စခများပူးပေါင်းအင်အား ၁၀၀ ခန့်သည် မေလ ၁၂ ရက်နေ့ မနက်အစောပိုင်း တစ်နာရီခန့် အချိန်တွင် လယ်မကျေးရွာ မြောက်ပိုင်းသို့ ဝင်ရောက်လာပြီးနောက်
ည ၂နာရီ ၂မိနစ်ခန့်မှ စတင်ကာ ကျေးရွာအတွင်း သေနတ်သံများကြားခဲ့ရကြောင်းသိရပါတယ်။

ယင်းစခစစ်ကြောင်း၏ ဖမ်းဆီး သတ်ဖြတ်မှုများကြောင့် ကလေးသူငယ်အပါအဝင် ပြည်သူ ၁၁ ဦး အသတ်ဖြတ်ခံခဲ့ရပြီး ပြည်သူ၂၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်းသိရပါတယ်။

အသတ်ဖြတ်ခံရသူများကတော့ မှိုင်းဝေ ၁၃ နှစ်၊ သျှန်ထွန်း ၁၂ နှစ် ၇တန်း၊ သီဟလင်း ၁၅နှစ် ၉တန်း၊ မျိုးသီဟ ၁၅နှစ် ၉တန်း၊ ကျော်စန်းခိုင် ၂၄နှစ် ၊ သက်ပိုင်ဦး ၂၃နှစ် ၊အောင်ကြည်မင်း ၃၉နှစ်၊ နေလင်းဦး ၂၅နှစ်၊ ညီလေး ၂၇နှစ်၊ ဂျွန်ဂိုဝင်း ၁၉နှစ်၊ ကျော်မြတ်သူ ၁၉ နှစ်တို့ဖြစ်ကြောင်းသိရပါတယ်။

သေဆုံးသူများအား စခများဖက်မှ မသတ်ဖြတ်ခင် အပြင်းအထန် ညှင်းပန်းနှိပ်စက်ပြီးမှ သေနတ်ဖြင့် ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

ယင်းစစ်ကြောင်းသည် ပြည်သူ ၁၁ ဦးအားသတ်ဖြတ်ပြီးနောက် ပြည်သူ ၂၃ ဦးအား ဖမ်း‌ဆီးခေါ်ဆောင်ကာ ပြည့်ဝရွာ အမြှောက်တပ်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်းသိရပါတယ်။ ဖမ်းဆီးခံရသူများအား စခများမှ အပြင်းအထန်နှိပ်စက်မှုများ ရှိခဲ့ကြောင်းသိရပြီး ဖမ်းဆီးခံ ၂၃ ဦးအနက်မှ ၁၃ ဦးအား မေလ ၁၂ ရက်နေ့ မနက်ပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်းသိရပါတယ်။
ဆက်လက်ဖမ်းဆီးခံရသူ ၁၀ ဦးတွင် အမျိုးသား ၇ ဦး အမျိုးသမီး ၃ဦးပါဝင်ပြီး ယခုအခါ ဂန့်ဂေါမြို့ ခလရ ၅၀ တပ်အတွင်းသို့ ခေါ်ဆောင်သွားပြီဖြစ်ကြောင်းသိရပါတယ်။

ဒေသခံပြည်သူတစ်ဦးကတော့ ""လယ်မရွာမှ အရင်က စခစစ်ကြောင်းက‌နေစိတ်ကျန်းမာရေးမကောင်းသူတစ်ယောက်ဘဲ အသတ်ခံရဖူးတာ။ ခုလိုကြီး အများကြီး အသတ်ခံလိုက်ရတာရော အဖမ်းခံရတာတွေရောကြောင့် တစ်ရွာလုံးက ထိတ်လန့်သွားကြပြီး ရွာထဲမှာမနေရဲလောက်အောင်ကိုဖြစ်သွားကြပြီ။ ဒီလိုအဖြစ်အပျက်မျိုးကို နောက်နောင် မြင်လဲ မမြင်ချင်၊ ကြားလဲ မကြားချင်တော့ဘူး။ တော်လှန်ရေးလဲ အမြန်ဆုံး ပြီးစေချင်ပြီဖြစ်ကြောင်း""ယောအလင်းတန်းသို့ပြောကြားခဲ့တာဖြစ်ပါတယ်။

နောက်ထပ်ဒေသခံပြည်သူတစ်ဦးကတော့"" ပြည်သူတွေကိုသတ်သွားတာကတော့ တနေရာထဲမှာသတ်သွားတာလို့ပြောလို့ရတယ်။ ၃ယောက်ကတနေရာ ကျန်တဲ့အလောင်းတွေက တလောင်းနဲ့တလောင်း ဘယ်လောက်မှမကွာဘဲသတ်သွားဝာာ။ ကလေးတွေကိုတော့ သေနတ်နဲ့ပစ်သတ်သွားတာ။ လူကြီးတချို့ကတော့ အနားမှာကြိုးတွေလဲတွေ့ရတယ်ဆိုတော့ ကြိုးတုတ်နှိပ်စက်ပြီးမှ သတ်သွားတာလို့ယူဆရတယ်။ ပြည်သူတစ်ယောက်ကတော့ ဓားနဲ့ထိုးသတ်သွားတာကိုတွေ့ရတယ်။ ညကရွာထဲဝင်လာတော့ စခစစ်ကြောင်းနဲ့အတူ ဂန့်ဂေါမြို့နယ် ပြည့်ဝ(ပြစ်မ)ရွာမှ ပျူစောထီးများဖြစ်ကြတဲ့ စိန်ဘိုတင့်နဲ့ ဖိုးတောပါဝင်ပြီး လယ်မရွာမှ ဂန့်ဂေါမြို့တွင်ရောက်ရှိနေ‌သူ ပျူစောထီး ထွန်းထွန်းအောင်တို့လဲပါတယ်လို့ """ယောအလင်းတန်းကို ပြောကြားခဲ့တာဖြစ်ပါတယ်။

ကို ဘကောင်း
12-5-2025

#MRSN
May 12 , 1:00 PM
@myaing3starbot


ချန်နယ် လေးကို Join ပေးကြပါအုံးဗျ https://t.me/https3starmyaing
ခေါင်းပေါ်က​ သေမင်း
........

   ဆေးရုံထဲမှာ
   လူနာတွေနဲ့အပြည့်..

   စာသင်ကျောင်းမှာ
  ကျောင်းသားကျောင်းသူတွေရှိ..

   စစ်မြေပြင်မဟုတ်ဘူး
   ရန်သူတွေရဲ့စခန်းမဟုတ်ဘူး....

   ဆေးရုံပေါ်တည့်တည့်ချ
   စာသင်ကျောင်းပေါ်တည့်တည့်ကျ
   ဘယ်သူတွေဘဝပြောင်းသွားရ
   ပါသလဲ....

   မြန်မာပြည်သူခတ်များများ
   အနုပညာရှင်အတတ်ပညာရှင်များ
   စားဝင်အိပ်ပျော်
   နှုတ်ဆိပ်တော်မူ..
   သူတို့အိမ်ပေါ်တည့်တည့်
   မကျမချင်း.....

   မောင်စိန်ဝင်း (ပုတီးကုန်း)
    12/5/25
https://t.me/https3starmyaing
12.05.2025
06:40 pm
ဆောမြို့နယ်နှင့်ကျောက်ထုတိုက်နယ်ဖုန်းလိုင်းရရှိ

ဆောမြို့နယ်နှင့်ကျောက်ထုတိုက်နယ်တွေမှာ ဖုန်းလိုင်းများပြန်လည်ရရှိလာပြီလို့သိရပါတယ်ခင်ဗျာ။ကျောက်ထုတိုက်နယ်တွင်း MPT ဖုန်းလိုင်းများ ပြန်လည်ရရှိတာ (၂)ရင်လောက်ရှိပြီဖြစ်ပီးတော့ ဆောမြို့နယ်အတွင်း Atom(တယ်လီနော)ဖုန်းလိုင်းများ ယနေ့ညနေမှစတင်ကာရရှိနေပြီဖြစ်ပါတယ်။ မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်း၍ အစစအရာရာ
အဆင်ပြေနိုင်ကြပါစေ။

-------------------------- Aung Gyi ---------------------------

ယောအလင်းတန်း

@myaing3starbot


ချန်နယ် လေးကို Join ပေးကြပါအုံးဗျ https://t.me/https3starmyaing
ရေစကြိုမြို့နယ် ⚠️

ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ ငတရော်ရွာနှင့် မင်းပျူ ရွာ ကြား သို့ မိထ္ထီလာ ရှမ်း တဲ့လေတပ်မှ တပ်လာသော ဂျတ်ဖိုက်တာတစ်စီး ဖြင့် ယမန်နေ့ည (9:02PM အချိန်က လေကြောင်း တိုက်ခိုက်သွားကြောင်း သိရပါသည်။

May-12/6:40PM

#3SM

3 Star ⭐️⭐️⭐️ Myaing


ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။

သတင်းပေးပို့ရန် @myaing3starbot


ချန်နယ် လေးကို Join ပေးကြပါအုံးဗျ https://t.me/https3starmyaing
ပိုင်ရှင်မဲ့သွားတဲ့ လွယ်အိတ်လေးတွေ
အမိုးပွင့်သွားတဲ့ စာသင်ခန်းလေးတွေ
ဘယ်လောက်တောင်ရှိနေပြီလဲ

အမေသေချာလျှော်ဖွပ်ပေးလိုက်တဲ့
အဖြူအစိမ်းလေး သွေးစွန်းခဲ့ရလို့
မေမေ မဆူဘူးမလားဟင်

အရိပ်ခိုခဲ့ဖူးတဲ့သစ်ပင်ကြီးလဲ
အခုတော့အရိုးပြိုင်းပြိုင်းဖြစ်ပြီး
ဗုံးဒဏ်ကိုတော့မခိုပေးနိုင်ခဲ့ရှာပါဘူး

သားတို့သမီးတို့ရေ
ဖြစ်မှဖြစ်ရလေကွယ်
တို့ကိုင်ထားတဲ့မြေဖြူနဲ့ဘောပင်လေးတွေဟာ
စစ်အာဏာရှင်အတွက်
ချေမှုန်းချင်စရာ ပစ်မှတ်ဖြစ်ခဲ့ရှာပေါ့လို့
ဆရာမလေးရဲ့ဝိညာဥ်က ရင်ကွဲနာကျရင်းအော်ငိုနေရှာတယ် ... 🥀💔
https://t.me/https3starmyaing
ပခုက္ကူမြို့နယ်  မြစ်‌ခြေမြို့ အရှေ့ဘက်  ရှင်မကန်ရွာ ရောက်နေတဲ့ စစ်ရှုံးကောင်စီ အကြမ်းဖက်များမှ လနကြီးရမ်းသမ်းပစ်၍  နံဂါတ်ရွာအနီး ကျရောက်ပေါက်ကွဲတယ်သိရပြီး အထိအခိုက်ကိုတော့မသိရသေးပေ။
⚠️⚠️
ပြည်သူများ သတိထားကြပါရန်။
12.5.2025 21:15

#Pakokku  #MyitChay  #Kamma

#MRSN
May 12 , 9:40 PM
@myaing3starbot


ချန်နယ် လေးကို Join ပေးကြပါအုံးဗျ https://t.me/https3starmyaing
ဂန့်ဂေါမြို့အခြေစိုက် ခလရ(၅၀)တပ်မှ ယနေ့ညတွင် စစ်ကြောင်းတစ်ခု မြို့တောင်ပိုင်းဘက်ရောက်ရှိနေ။

ဂန့်ဂေါ၊မေ ၁၂

ဂန့်ဂေါမြို့အခြေစိုက် ခလရ(၅၀)တပ်မှ စစ်ကား၃စီးဟာ ယနေ့ည၈နာရီခွဲအချိန်က မြို့ထဲဖက်ကိုမောင်းသွားသည်ဟုသိရပါတယ်။ယခုအခါ အဆိုပါစစ်ကြောင်းဟာ ဒေသအခေါ် ပျားနတ်တောင်အနီးဝန်းကျင်ကိုရောက်ရှိနေကြောင်းစုံစမ်းသိရှိရပါသည်။

အဆိုပါစစ်ကြောင်းတွင် ခန့်မှန်းအင်အား၅၀ကနေ၁၀၀ ဝန်းကျင်ထိပါနိုင်​ကြောင်းသိရပြီး အနက်ရောက်ဝတ်စုံများဝတ်ဆင်ထားကြောင်းသိရပါတယ်။အဆိုပါစစ်ကြောင်းဟာ ယမန်နေ့ညက လယ်မရွာကို၀င်ရောက်ပြီး ပြည်သူတွေကိုဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း ထပ်မံသ်ိရှိရပါသည်။စစ်ကြောင်းဟာ ခြေလျင်တောနင်းနေသည့်ပုံစံဖြစ်ပြီး ပျားနတ်တောင်နဲ့အနီးကျေးရွာနေပြည်သူများ လုံခြုံရေးအထူးဂရုစိုက်ကြရန်လိုအပ်ကြောင်း ကာကွယ်ရေးရဲဘော်၁ဦးက ပြောဆိုထားပါသည်။

စစ်ကောင်စီစစ်ကြောင်းဟာ မတရားဖမ်းဆီးသတ်ဖြတ်ခြင်းများကိုရက်စက်ယုတ်မာစွာလုပ်ဆောင်နေတာဖြစ်သည့်အတွက် ပြည်သူများအနေနဲ့ဖမ်းဆီးခံရခြင်းများ မရှိကြရန်အထူးဂရုစိုက်သင့်ကြောင်း သတိပေးအပ်ပါသည်။

ပေးပို့~Yaung Ni၊စာတည်း~နွေဦးအလင်းရောင်

#ဂန့်ဂေါ
#စစ်ကောင်စီ
#စစ်ကြောင်းထွက်

ယောအလင်းတန်း

#MRSN
May 12 , 10:05PM
@myaing3starbot


ချန်နယ် လေးကို Join ပေးကြပါအုံးဗျ https://t.me/https3starmyaing
နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုများ စစ်ကောင်စီက တိုးမြှင့်လာရန်ရှိနေ ၊

▪️ဒီပဲယင်းမြို့နယ်ကို ယမန်နေ့ညသန်းခေါင်ယံအချိန် စစ်တပ်က လေယာဉ်ဖြင့် ထပ်မံဗုံးကျဲခဲ့ပြန်

မေလ ၁၃ ရက်

မြန်မာနိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုများကိုစစ်ကောင်စီက တိုးမြှင့်လာရန်ရှိနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမတိုင်မီ ရွေးကောက်ပွဲကျင်းပရန်အတွက် ရနိုင်သမျှ မြို့ နယ်များအား လုံးကို နယ်မြေစိုးမိုးမှု​ ပြန်လည်ရရှိပြီး ရွေးကောက်ပွဲကျင်းပနိုင်ရန်၊ ဆုံးရှုံးထားသော နယ်မြေများကို   စစ်တပ်က စိုးမိုးမှု ပြန် လည်ရရှိရေး၊ မိုးတွင်းကာလမတိုင်မီ နယ်မြေစိုးမိုးမှုအတွက် စစ်ကြောင်းထိုးမှုများ တိုးမြှင့်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လာမည်ဖြစ်ကြောင်း၊ အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီ၏ "ရန်နိုင်မင်း" စစ်ဆင်ရေးမှာလည်း  ဆက်လက် အကောင် အထည်ဖော်နေဆဲဖြစ်ကြောင်း သိရှိရသည်။

"လေကြောင်းစစ်ဆင်ရေးတွေက ဒီမေလထဲမှာ ပိုပြီး တိုးလာဖို့ရှိပါတယ်။ မိုးဦးမတိုင်ခင် မြေပြင် ထိုးစစ်နဲ့ စိုးမိုးရေးအတွက် လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီးများလာဖို့ပဲရှိပါတယ်။ "ရန်နိုင်မင်း" စစ်ဆင်ရေးကလည်း ဆက်ပြီး အသက်ဝင်နေပါတယ်။ နယ်မြေစိုးမိုးရေးအတွက် မြေပြင် ထိုးစစ်တွေလည်း ပိုများလာဖို့ရှိပါတယ်" ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ "ရန်နိုင်မင်း" စစ်ဆင်ရေး ကို အကောင်အထည်ဖော်ခဲ့ပြီး ယင်းစစ်ဆင်ရေးမှာ ဆုံးရှုံး နယ်မြေများကို အဓိက ပြန်လည် တိုက် ခိုက်သိမ်းပိုက်ရေးနှင့် အကြမ်းဖက် အဖွဲ့ဟု စစ်ကောင်စီက ကြေညာထားသော လက်နက်ကိုင်အဖွဲ့များကို မြေပြင်ပေါ်မှ ပျောက်ကွယ်သွားသည်အထိ ချေမှုန်း နှိမ်နင်းရေး ဖြစ်သည်။

ယမန်နေ့  နံနက်  ၉ နာရီ ၅၅ မိနစ်ဝန်းကျင်အချိန် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ နယ်၊ အိုးထိမ်းကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ဆရာ၊ ဆရာမ ၂ ဦး အပါအဝင် ကျောင်းသားကျောင်းသူ  ၂၀ ဦး စုစု ပေါင်း ၂၂ ဦး သေဆုံးခဲ့ပြီး ၆၀ ဝန်းကျင် ဒဏ်ရာရရှိခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသူများမှာ
၁-  မသက်ထားဝေ  G11
၂- မောင်စိုးမိုးသွန်း  G3
၃- မောင်ချမ်းမြေ့အောင်  G4
၄- မရွှန်းလဲ့ဝေ  G2
၅- မဖြိုးဝေဖြိုး  G3
၆- မသွန်းစက်ဖြူ  G2
၇-  မထက်ရတီထွန်း  G4
၈-  မောင်မြတ်နိုးမောင်မောင်  G9
၉- မမွန်မီမီအောင်   G4
၁၀- မမိုးဟေကျော်  G4
၁၁- မမို့မို့ဝင်း  G10
၁၂- မလှအုံးမယ်  G7
၁၃- မမိုးမြင့်ဟန်  G7
၁၄-  မအေးငြိမ်းစံ  G3
၁၅- မောင်ဇေယျာဖြိုး  G5
၁၆-  မချယ်လီမိုး  G2
၁၇-  မောင်လွှမ်းပိုင်ထက် G2
၁၈- မမြတ်နိုးဦး  G7
၁၉- မငြိမ်းရွှေရတီမိုး  G2
၂၀- မစုလတ်နိုင်  G2
၂၁- ဒေါ်ပန်းမို့မို့ဝေ ဆရာမ
၂၂- ဒေါ်ဇင်မာသူ  ဆရာမ တို့ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ယမန်နေ့ည သန်းခေါင်ယံအချိန် ည ၁၁ နာရီ ၅၀ မိနစ်တွင်လည်းကောင်း စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဒီပဲယင်းမြို့နယ်ကို ထပ်မံ ဗုံးကျဲခဲ့ကြောင်း၊ နေရာနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု အခြေအနေကို မသိရှိရသေးဟု ဒေသပြည်သူများက ဆိုကြသည်။

အကြမ်းဖက်စစ်ကောင်စီက မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း နိုင်ငံတစ်ဝန်းတွင် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ထိုးစစ်ဆင်ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

KTM

https://t.me/https3starmyaing
ယောနယ်ကပြည်သူများ၊ လေကြောင်းရ-န်အပါ မြေပြင်စ-စ်ကြောင်းရ-န်ကိုပါ ပိုမိုသတိထားကြရန်လိုအပ်

13.5.2025 ၊ယောအလင်းတန်း

စ-စ်ရှုံးးကောင်စီဟာ ၂၀၂၅ ခုနှစ် ယခုနှစ်ဆန်းပိုင်းကစလို့ယနေ့အချိနိထိ ၎င်းတို့ရဲ့ ဆုံးးရှုံးးနယ်မြေတွေကို ပြန်လည်ရရှိရေးအတွက် လေကြောင်းတို-က်-ခို-က်မှုတွေကို ပိုမိုခပ်စိပ်စိပ် ပြုလုပ်လာသလို လေကြောင်းတို-က်-ခို-က်မှုနဲ့အတူ မြေပြင်စ-စ်ကြောင်းကိုပါ အချိန်ကိုက်လှုပ်ရှားနေတာတွေကိုပါတွေ့နေရပါတယ်။

လေ့လာမိသလောက်ပြောရရင် လေကြောင်းပ-စ်-ကူနဲ့အတူ မြေပြင်ကစ-စ်ကြောင်းကိုပါ ရွေ့လျားစေပါတယ်။အချို့နေရာတွေမှာဆိုရင် အထိုင်တပ်ကနေလ-က်-န-က်ကြီး-ပ-စ်-ကူကိုပါပြုလုပ်ပေးစေပါတယ်။

နောက်ပြီး မြေပြင်ရွေ့လျားစ-စ်ကြောင်းကို ညအချိန်မတော်တွေမှာ ရွေ့လျားလှုပ်ရှားစေပါတယ်။

လေကြောင်းတို-က်-ခို-က်မှုအနေနဲ့ကတော့ အချိန်နေရာမရွေးဖြစ်ပေါ်လာနိုင်ပြီး နာမည်ထွက်နေတဲ့နေရာတွေကတော့ ပိုသတိထားကြဖို့လိုအပ်ပါတယ်။

အထူးသဖြင့် အထိုင်ချ-စ-စ်စ-ခန်းအနီးအနားက ကျေးရွာများကပြည်သူများ ကြိုတင်သတိအမြဲရှိနေကြဖို့ လိုအပ်ပါတယ်။ လိုအပ်ပါက ဘေးကင်းလုံခြုံတဲ့နေရာတွေကိုကြိုတင်ရှောင်ရှားကြပါ။

လေကြောင်းရ-န်အတွက်ကတော့ ခိုင်မာစိတ်ချရတဲ့ ပုန်းခိုကျင်းများကို ကြိုတင်ပြင်ဆင်ထားပေးကြပါ။မကြာမီ မိုးရာသီရောက်တော့မှာဖြစ်တဲ့အတွက် မိုးလုံပြီး ရေမဝင်နိုင်အောင်ပြင်ဆင်ထားကြဖို့လည်းလိုအပ်ပါတယ်။

#ပြည်သူများအချင်းချင်းရိုင်းပင်းကူညီကြပါ

#ရန်သူ့သတင်းကိုအချိန်နဲ့အမျှနားစွင့်နေပါ

#လေယာဥ်သံကြားရလျှင်ကြားချင်းပုန်းခိုကျင်းထဲပြေးဝင်ပါ(အနီးနားကလုံခြံစိတ်ချရလောက်တဲ့နေရာကိုအမြန်ဝင်ပုန်းနေပါ)

@မင်းဒဿ
ယောအလင်းတန်း

#MRSN
May 13 , 10:05AM
@myaing3starbot


ချန်နယ် လေးကို Join ပေးကြပါအုံးဗျ https://t.me/https3starmyaing
13.05.2025
11:05 am
ကျောက်ထုသတင်း

ပခုက္ကူတပ်မ ၁၀၁ မှတက်လာတဲ့ Mi-17 Helicopter တစ်စီးဟာပေါက်နယ်ဖြတ်၍ အနောက်ဘက်သို့ဦးတည်လာနေတယ်လို့သိရပါတယ်ခင်ဗျာ။၎င်းလေယာဉ်ဟာကျောက်ထု အမတ ၃၆၈ တပ်ထဲသို့ဆင်းမယ်လို့ယူဆရပါတယ်။ကျောက်ထုတပ်ထဲမှစခတွေဟာ ကျောက်ထုမြို့ထဲလမ်းဆုံ၊လေယညဉ်ကွင်းဟောင်းတွေမှာရောက်ရှိနေကြတယ် လို့သိရပါတယ်။ကင်းပုန်းချနေရာယူထားကြတာဖြစ်နိုင်သလို၊စစ်ကြောင်းလဲထွင်နိုင်ပါတယ်ခင်ဗျာ။ကျောက်ထုမြို့အနီးအနားကျေးရွာတွေ အထူးသတိထားကြပါ။လေကြောင်းအန္တရာယ်လဲဂရုစိုက်ကြပါခင်ဗျာ။မကွေးကလခ ငနေ Jet Fighter တွေတက်ထားတာလဲရှိတာမလို့ အစစအရာရာအထူးဂရုစိုက်ကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။


13.05.2025
11:30 am
ကျောက်ထုသတင်း

ပခုက္ကူတပ်မ ၁၀၁ မှ တက်လာတဲ့ Mi-17 Helicopter တစ်စီးဟာ ကျောက်ထု အမတ ၃၆၈ တပ်ထဲသို့ နံနက် 11:15 နာရီခဲ့မှာဆင်းသက်ခဲ့ပြီး (၂)မိနစ်အကြာမှာ အရှေ့ဘက်သို့ဦးတည်ပြန်တက်သွားတယ်လို့သိရပါတယ်။လေယာဉ်ဆင်းသက်စဉ် မကွေးကလခတက် Jet Fighter တစ်စီးက ကျောက်ထုတပ်ပတ်ပတ်လည်ပျံဝဲပြီး ကင်းယူပေးခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ ကျောက်ထုတပ်ထဲမှစခတွေဟာလဲ မြို့ပေါက်ကျေးရွာ၊ကျောက်ထုမြို့ထဲလမ်းဆုံ၊လေယာဉ်ကွင်းဟောင်းတွေမှာ ကင်းပုန်း၀ပ်နေရာယူထားကြတယ်လို့သိရပါတယ်ခင်ဗျ။ကျောက်ထုတပ်ထဲဆင်းသက်ခဲ့တဲ့ Mi -17 Helicopter တစ်စီးဟာ လက်နက်ခဲယမ်းချလား၊စခအင်အားလာချလားဆိုတာကတော့ စုံစမ်းအတည်ပြုဆဲဖြစ်ပါတယ်။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

ယောအလင်းတန်း

#MRSN
May 13 , 11:46AM
@myaing3starbot


ချန်နယ် လေးကို Join ပေးကြပါအုံးဗျ https://t.me/https3starmyaing
Forwarded from Khit Thit Media
ဂန့်ဂေါတွင် ခလရ ၅၀ တပ်ရင်းက လယ်မရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး လူ ၁၁ ဦးကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ပြန်၊ ပြည်သူ ၂၀ ကျော်ကိုလည်း ဖမ်းဆီးသွား

ရန်ကုန်၊ မေ ၁၃

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ခလရ ၅၀ တပ်ရင်းမှ အကြမ်းဖက် စစ်သားများက လယ်မရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး လူ ၁၁ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မေလ ၁၂ ရက်နေ့ နံနက် ၂ နာရီ ခန့်တွင် ဂန့်ဂေါမြို့နယ်၊ ခလရ ၅၀ တပ်ရင်းမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လယ်မရွာကို ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက် စီးနင်းပြီးနောက် ကျေးရွာနေ ကလေးငယ်များအပါအဝင် လူငယ် ၁၁ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပစ်သတ်ကာ ပြည်သူများကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ သတ်ဖြတ်သွားသော ပြည်သူ ၁၁ ဦးမှာ အသက် ၂၄ နှစ်အရွယ် ကျော်စန်းခိုင် ၊ အသက် ၂၃ နှစ်အရွယ် သက်ပိုင်ဦး ၊ အသက် ၃၉ နှစ်အရွယ် အောင်ကြည်မင်း ၊ အသက် ၂၅ နှစ်အရွယ် နေလင်းဦး ၊ အသက် ၂၇ နှစ်အရွယ် ညီလေး ၊ အသက် ၁၉ နှစ်အရွယ် ဂျွန်ကိုဝင်း ၊ အသက် ၁၅ နှစ်အရွယ် သီဟလင်း ၊ အသက် ၁၅ နှစ်အရွယ် မျိုးသီဟ ၊ အသက် ၁၂ နှစ်အရွယ် လျှံထွန်း ၊ အသက် ၁၉ နှစ်အရွယ် ကျော်မြတ်သူ နှင့် အသက် ၁၃ နှစ်အရွယ် မှိုင်းဝေ တို့ကို ပစ်သတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

"မနေ့ နံနက် အစော ၂ နာရီ ဝန်းကျင်လောက်က ခလရ ၅၀ တပ်ရင်းကလာတဲ့ စစ်ခွေး စစ်ကြောင်းက လယ်မရွာကို ရောက်ရှိလာပြီးတော့ ပြည်သူ ၁၁ ဦးကို ပစ်သတ်ထားတယ်။ ပြည်သူ ၂၀ ခန့်ကိုလည်း ဖမ်းဆီးသွားတယ်။ အဲစစ်ခွေး စစ်ကြောင်းက ရွာထဲမှာ သတ်ဖြတ်ဖမ်းဆီးပြီး ချက်ချင်း ပြန်ဆုတ်သွားတယ်လို့သိရပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။