ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
​မ​ကွေး⚠️

1:24pm ( 4 Oct)

​မ​ကွေး လေတပ်မှ Jet Fighter ​(1)စီး အ​နောက်​​ဘက်သို့ ပျံတက်။

⚠️ရခိုင်/ ချင်း / မ​ကွေး သတိပြု

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_InfoBot
မိတ္ထီလာ ⚠️

ရှမ်းတဲလေတပ်မှ ဂျက်ဖိုက်တာ ၁စီး အနောက်သို့ ပျံတက်။

#WaiHin
Oct 4 , 1:30 PM
📫သတင်းပို့ရန် @WaiHinScout_Bot
ပခုက္ကူ

MiG-29 Fighter Jet (1)စီး ပခုက္ကူနယ်​​အ​နောက်ခြမ်းဖြတ်၍ အ​ရှေ့​တောင်အရပ်သို့ ပျံသန်း။

#NAS
Oct 4, 1:31PM
📡သတင်းပို့ရန် @infonas
​မိထ္ထီလာ⚠️

1:27pm ( 4 Oct)

​မိထ္ထီလာ လေတပ်မှ Jet Fighter ​နောက်(1)စီး​ အ​​​​​နောက်​​​​​မြောက်ဘက်သို့ ပျံတက်။

⚠️ရခိုင် ချင်း မ​ကွေး သတိပြု

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_InfoBot
Y-12(စစ်​ထောက်ပို့)

ယခင်က​လေတပ်များတွင် အ​မောင်းသင်ရုံ၊ ​လေထီးခုန်​လေ့ကျင်ရန်သာ အသုံးပြုခဲ့သည်။

စကစလက်ထက်တွင် သယ်ယူပို့​​ဆောင်​ရေး၊ ​လေတပ်​လေဆိပ်များသို့ လူအင်အားပစ္စည်းများသယ်ယူ ပို့​ဆောင်ခြင်းလုပ်​ပေးခဲ့သည်။ ​နောက်ပိုင်း စစ်ဆင်​ရေး​နေရာများသို့​လေထီးဖြင်းရိက္ခါပို့ခြင်း၊ လက်နက်ခဲယမ်းများ လိုက်လံချထား​​ပေးခြင်းများပြုလုပ်ခဲ့သည်။

1027 Operation မှစ၍ ရှမ်းပြည်​မြောက်ပိုင်းစစ်ဆင်​ရေးများတွင်၊ ဗုံးသီးများကျဲချခြင်းကို ပြုလုပ်လာသည်။

မှတ်ချက်-​​​လေ​ကြောင်းရန်အတွက် သာမန်ပြည်သူများရုတ်တရက်ခွဲခြားသိရှိနိုင်​စေရုံသာတင်ပြခြင်းဖြစ် သည်။ (လေ​ကြောင်းကျွမ်းကျင်ပညာရှင်များအတွက်မဟုတ်ပါ။)

#WES
https://t.me/witnessenemyairscout
Y-8 (စစ်ထောက်ပို့)

ယခင်က​လေတပ်တွင် သယ်ယူပို့​ဆောင်​ရေး၊ ​တပ်တွင်းမိသားစုများ ​​ပြောင်း​ရွေ့ခြင်း၊ ခရီးသွားခြင်း၊ လေထီးခုန်ခြင်း၊ စကစပိုင်း​လော့များအ​မောင်းသင် Hours ယူခြင်းများအတွက်အသုံးပြုခဲ့သည်။

စကစ လက်ထက်တွင် ​လေထီးခုန်ခြင်း အ​မောင်းသင်ခြင်းများ​လျောပြီး၊ သယ်ယူပို့​​ဆောင်​ရေးကိုအဓီကထားလုပ်ခဲ့သည်။စစ်ဆင်​ရေး​ဒေသများအတွက် နီးစပ်ရာ ​လေဆိပ်များမှ လက်နက်ခဲယမ်းများ၊ လူအင်အားများပို​ဆောင်ခြင်းကို နေ့စဥ်နှင့်အမျှ ​ဆောင်ရွက်​နေသည်။

1027 Operations မှစ၍ ရှမ်းမြောက်ဒေသတခွင် ဗုံးသီးများကျဲချ၍ လေကြောင်းတိုက်ခိုက်ခြင်းများကို ပူးတွဲ​ဆောင်ရွက်နေသည်။

အသံကျယ်သည်။ ဆူညံသည်။ အခြားလေယာဥ်သံများနှင့်ကွဲပြားသည်။တောင်ပံတဘက်တချက်တွင် အင်ဂျင်ပန်ကာ နှစ်လုံးစီရှိခြင်းက သိသာသော အချက်ဖြစ်သည်။

မှတ်ချက်-​​​လေ​ကြောင်းရန်အတွက် သာမန်ပြည်သူများရုတ်တရက်ခွဲခြားသိရှိနိုင်​စေရုံသာတင်ပြခြင်းဖြစ် သည်။ (လေ​ကြောင်းကျွမ်းကျင်ပညာရှင်များအတွက်မဟုတ်ပါ။)

#WES
https://t.me/witnessenemyairscout
AS-365(Eurocopter)

စကစ အကြီးပိုင်းများသွားလာရေး၊ လူနာ၊ပစ္စည်း သယ်ပို့၊အရေးကြီးကိစ္စရပ်များတွင်အသုံးပြုသည်။2021/2022 ကရင်ပြည်နယ် Airstrike များ အလွန်ပြုလုပ်ချိန်တွင် မှော်ဘီလေတပ်စခန်းသို့ ခေါက်တုန့်ပြန် သွားလာနေခဲ့သည်။ ယခုလည်း ရံဖန်ရံခါသွားလာ နေဆဲဖြစ်သည်။ အခြားလေတပ်လေဆိပ် များသို့လည်း သွားလာနေခြင်းရှိသည်။

နေ့ညမရွေး၊ရာသီဉတု​မရွေး သွားလာလှုပ်ရှားနိုင်သည်။ ပစ်ခတ်ဗုံးကြဲနိုင်ရန် ပြင်ဆင်ထားခြင်းမရှိသလို၊ ပစ်ခတ်ဗုံးကြဲသည့်အထောက်အထားလည်း မရှိသေးပါ။

ကိုယ်ထည်အဖြူရောင်နှင့် ဗိုက်အပြာရောင်ဖြစ်သည်။ ရှေ့ထိပ်ချွန်သည်။ ​ေနာက်မြီးတိုသည်။ အမြီးတွင်အဝိုင်းပါနေသည်က ထူးခြားချက်ဖြစ်သည်။ အသံကျယ်ပြီး အခြားရဟတ်ယာဥ်များနှင့် အနည်းငယ်ကွဲသည်။

မှတ်ချက်-​​​လေ​ကြောင်းရန်အတွက် သာမန်ပြည်သူများရုတ်တရက်ခွဲခြားသိရှိနိုင်​စေရုံသာတင်ပြခြင်းဖြစ် သည်။ (လေ​ကြောင်းကျွမ်းကျင်ပညာရှင်များအတွက်မဟုတ်ပါ။)

#WES
https://t.me/witnessenemyairscout
MIG-29 (Jet Fighter)

Coup အစမှသည် ပြည်သူကိုလေကြောင်းဖြင့် တိုက်ခိုက်ဗုံးကြဲမှုများတွင် YAK-130 နည်းတူအများဆုံး တိုက်ခိုက်ဗုံးကြဲခဲသည့် ဂျက်ဖိုက်တာအမျိုးအစားဖြစ်သည်။

နေ့ညမရွေး၊ရာသီဉတု​မရွေး သွားလာလှုပ်ရှားနိုင်သည်။ တောင်ပံအောက်တွင်ဗုံး၊ ဒုံးကျည်ချိတ်ဆွဲထားသည်။ စက်သေနတ်နှင့်မြေချဗုံးများလည်းတပ်ဆင်ထားနိုင်သည်။ ပေါင် 1000 ဗုံး(1)လုံး၊ 500 ဗုံး(2)လုံးချိတ်ဆွဲနိုင်သည်။အနီအောက်ရောင်ခြည်အာရုံခံစနစ်၊ ရေဒါစနစ်၊ကာကွယ်ရေးစနစ် အလွန်ကောင်းမွန်သည်။ပစ်မှတ်ကိုသေချာချိန်ရွယ်ပစ်လေ့ရှိသည်။ လေထဲတွင်(3)နာရီကြာမောင်းနှင်နိုင်သည်။

မိုးပြာရောင်ပြောက်ကျားနှင့် ဗိုက်အပြာရောင်ဖြစ်သည်။ အပေါ်ဦးခေါင်းပိုင်းငှက်နှုတ်သီးပုံစံရှိသည်။ လည်ပင်အောင်ခြေ ဦးမော့နေသည့်ပုံရှိသည်။ Body အနည်းငယ်ရှည်သည်။ အမြီးနှစ်ခွနှင့် တောင်ပံမှာငှက်တောင်ပံလို အနောက်ကိုယိမ်းပြီး မြေပြင်မှကြည့်လျင်သိသာသည့်အချက်ဖြစ်သည်။ တွေမြင်ရလျင်အမြန်ဆုံးသတင်းပို့ရန်လိုသည်။@WES_InfoBot @WES_SCOUT

မှတ်ချက်-​​​လေ​ကြောင်းရန်အတွက် သာမန်ပြည်သူများရုတ်တရက်ခွဲခြားသိရှိနိုင်​စေရုံသာတင်ပြခြင်းဖြစ် သည်။(လေ​ကြောင်းကျွမ်းကျင်ပညာရှင်များအတွက်မဟုတ်ပါ။)

#WES
https://t.me/witnessenemyairscout
YAK-130 (Jet Fighter)

Coup အစမှသည် ပြည်သူကိုလေကြောင်းဖြင့် တိုက်ခိုက်ဗုံးကြဲမှုများတွင် ကြိမ်ရေအများဆုံးပါဝင်သည့် ဂျက်ဖိုက်တာအမျိုးအစားဖြစ်သည်။

နေ့ညမရွေးသွားလာနိုင်သည်။ တောင်ပံအောက်တွင်ဗုံး၊ ဒုံးကျည်ချိတ်ဆွဲထားသည်။ စက်သေ နတ်နှင့်မြေချဗုံးများလည်းတပ်ဆင်ထားနိုင်သည်။ ပစ်မှတ်ကိုသေချာချိန်ရွယ်ပစ်လေ့ရှိသည်။ လေထဲ သုံးနာရီကြာမောင်းနှင်နိုင်သည်။

မိုးပြာရောင်ပြောက်ကျားနှင့် ဗိုက်အပြာရောင်ဖြစ်သည်။ အပေါ်ဦးခေါင်းပိုင်းအခုံးပုံစံရှိသည်။ Body အနည်းငယ်တိုသယောင်ရှိသည်။ တောင်ပံနှင့်အမြီးအောက်ပိုင်းသည် မျဥ်းဖြောငိပုံအတန်းလိုက်ဖြစ်သည်။မြေပြင်မှကြည့်လျင်သိသာသည့်အချက်ဖြစ်သည်။ တွေမြင်ရလျင်အမြန်ဆုံးသတင်းပို့ရန်လိုအပ်သည်။

မှတ်ချက်-​​​လေ​ကြောင်းရန်အတွက် သာမန်ပြည်သူများရုတ်တရက်ခွဲခြားသိရှိနိုင်​စေရုံသာတင်ပြခြင်းဖြစ် သည်။ (လေ​ကြောင်းကျွမ်းကျင်ပညာရှင်များအတွက်မဟုတ်ပါ။)

#WES
https://t.me/witnessenemyairscout
MI-17(Transport Helicopter)

ယခင်ကစကစ၏ သယ်ယူပို့ဆောင်ရေးအတွက်အသုံးပြုသည့်ရဟတ်ယာဥ်ဖြစ်သည်။ ရာသီဥတုသာယာသည့် နေ့ဘက်များတွင်သာအသုံးပြုနိုင်သည်။ ရိက္ခာ၊ လူပစ္စည်း၊ ခဲယမ်း၊ လူနာ၊ ခရီးသွားသယ်ပို့ရာတွင်အသုံးပြုသည်။

ယခုအခါ သယ်ပိုလုပ်ငန်းများအပြင် Gunship စက်သေနတ်ဖြင့် အပေါ်မှ ပစ်ခတ်သည့်ဖြစ်စဥ်မျိုး ကလေးနှင့် ပဲခူးဒေသ Airstrike အချိုတွင် တွေရ၍ သတိထားရတော့မည့် အမျိုးအစားဖြစ်သည်။ဘောလုံးကွင်းအရွယ်မြေအမာ မည်သည့်နေရာ၌မဆိုဆင်းသက်နိုင်သည်။

တခါတရံထောက်ပို့ MI-17သွားသော ခရီးအတွက် လေယာဥ်ပေါ်ပါသည့် အရေးကြီး အကြောင်းအရာပေါ်မူတည်၍ MI-35P ကလုံခြုံရေးလိုက်ပေးကာ အတူတွဲမောင်းနှင်လေ့ရှိသည်။

ကိုယ်ထည်မှာ ဖောင်းဖောင်းထွားထွားပုံစံဖြစ်သည်။ အမြီးရှည်သည်။ အသံပြင်း၍ တုန်ခါကျယ်လောင်သည်။ စစ်အရောင်ပြောင်ဖြစ်သည်။ ကိုယ်ထည်အဖြူရောင် နှင့် ဘေးအပြာစင်းပါသည့် အထူးသုံးသတ်မှတ်ထားသည့် MI-17များလည်းရှိသည်။

တွေမြင်လျင်လေကြောင်းချန်နယ်များသီု့သတင်းပို့ရန်လိုအပ်သည်။

မှတ်ချက်-​​​လေ​ကြောင်းရန်အတွက် သာမန်ပြည်သူများရုတ်တရက်ခွဲခြားသိရှိနိုင်​စေရုံသာတင်ပြခြင်းဖြစ် သည်။(လေ​ကြောင်းကျွမ်းကျင်ပညာရှင်များအတွက်မဟုတ်ပါ။)

#WES
https://t.me/witnessenemyairscout
MI-2(Attack Helicopter)

အသေးစားတိုက်ခိုက်ရေး ရဟတ်ယာဥ်ဖြစ်သည်။ တိုက်ခိုက်ရေးသီးသန့်မဟုတ်ပဲ သယ်ယူပို့ဆောင်ရေးအတွက်လည်းအသုံးပြုသည်။ ရာသီဥတုကောင်းသော နေ့ဘက်များတွင်သာ ပျံသန်းနိုင်သည်။ ပစ်မှတ်ကို အတိအကျရှာဖွေပစ်ခတ်နိုင်ရန် ခဲယဥ်းသည်။

စက်သေနတ်ဖြင့်ပစ်ခတ်နိုင်သည်။ Rocket Pods အသေး ဖြင့်လည်းပစ်ခတ်နိုင်သည်။ လက်ရှိ စစ်ကိုင်းဟုမ္မလင်း ဘက်နှင့် ပဲခူးတိုင်းဒေသ Airstrike များတွင်အသုံးပြုနေသည်ကို တွေ့ရသည်။

ကိုယ်ထည်မှာ သေးသည်။ အမြီးတိုသည်။ စစ်စိမ်းရောင် ပြောင်ဖြစ်သည်။ ဘောလုံးကွင်းအကျယ်ရှိ မြေအမာ မည်သည့်နေရာမဆိုဆင်းသက်နိုင်သည်။

တွေ့မြင်လျင် ပြည်သူအချင်းချင်း၊ ပြည်သူ့ရဲဘော်များ၊ လေကြောင်း ချန်နယ်များသီု့ အမြန်ဆုံးသတင်းပို့သင့်သည်။

မှတ်ချက်-​​​လေ​ကြောင်းရန်အတွက် သာမန်ပြည်သူများရုတ်တရက်ခွဲခြားသိရှိနိုင်​စေရုံသာတင်ပြခြင်းဖြစ် သည်။ (လေ​ကြောင်းကျွမ်းကျင်ပညာရှင်များအတွက်မဟုတ်ပါ။)

#WES
https://t.me/witnessenemyairscout
MI-35P(Attack Helicopter)

အကြီးစားအဆင့်မြင့် တိုက်ခိုက်ရေးရဟတ်ယာဥ်ဖြစ်သည်။ ရာသီမရွေးနေ့ညမရွေး ပစ်မှတ်ကို အဆမျာစွာချဲ့ကြည့်၍ ရှာဖွေပစ်ခတ်နိုင်သည်။ ကျည်အတောင့် 250 ခန်ပါ စက်သေနတ်ဖြင့်ပစ်ခတ်နိုင်သည်။ Rocket ဖြင့်လည်းပစ်ခတ်နိုင်သည်။ တောင်ပံကိုင်းအောက် Anti-tank guided missile တပ်ဆင်ပစ်ခတ်နိုင်သည်။ ဘောလုံးကွင်းအရွယ်မည်သည့်နေရာ၌မဆို ဆင်းသက်နိုင်သည်။

စစ်ကိုင်းတိုင်းတခွင် လေကြောင်းတိုက်ခိုက်မှု များတွင် အသုံးပြုရာမှလူသိများလာသည်။ ယခုအခါဒေသအနှံ လေကြောင်းတိုက်ခိုက်မှုများတွင် ပါဝင်အသုံးပြုနေသည်။ တခါတရံ ထောက်ပို့ MI-17သွားသောခရီးအတွက်လုံခြုံရေးအနေနှင့် အတူလိုက်ပါလေ့ရှိသည်။

ကိုယ်ထည်မှာ လေးထောင့်နှင့် သေးသွယ်၍ ခပ်ချွန်ချွန်ပုံစံဖြစ်သည်။ အမြီးတိုပြီးဘေးနှစ်ဘက်တွင်တောင်ပံကိုင်းပါသည်။ စစ်ပျောက်ကျား အရောင်နှင့်ဝမ်းဗိုက်အပြာရောင်ဖြစ်သည်။တွေမြင်လျင် ပြည်သူအချင်းချင်း၊ ပြည်သူ့ရဲဘော်များ၊ လေကြောင်းချန်နယ်များသီု့ အမြန်ဆုံးသတင်းပို့သင့်သည်။

မှတ်ချက်-​​​လေ​ကြောင်းရန်အတွက် သာမန်ပြည်သူများရုတ်တရက်ခွဲခြားသိရှိနိုင်​စေရုံသာတင်ပြခြင်းဖြစ်သည်။(လေ​ကြောင်းကျွမ်းကျင်ပညာရှင်များအတွက်မဟုတ်ပါ။)

#WES
https://t.me/witnessenemyairscout
Fokker-70 (စစ်ထောက်ပို့)
စကစအခေါ် - VIP လေယာဥ်

ယခင်က​လေတပ်တွင်စကစ အကြီးပိုင်းများ ခရီးသွားခြင်းအတွက် အသုံးပြုခဲ့သည်။

စကစ လက်ထက်တွင်လည် စစ်ခေါင်းဆောင်နှင့် ထိပ်ပိုင်းစကစလူများ ပြည်တွင်းခရီးစဥ်များ အတွက် အသုံးပြုနေဆဲဖြစ်သည်။ တခါတရံ စကစဝန်ကြီးများ၏ ဒေသတွင်း ခရီးစဥ်များအတွက် မြေပြင်လုံခြုံရေး မတတ်နိုင်၍ အသုံးပြုလေ့ရှိသည်။

ခရီးစဥ်မရှိလျင် လေယာဥ်၏ကြံ့ခိုင်ရေးအတွက် ရက်ခြားပီး နေပြည်တော်ဝန်းကျင် ပတ်၍ မောင်းနှင်နေတတ်သည်။ စကစတွင် Fokker-70(2)စီးရှိသည်။ (2)စီးလုံးအသုံးပြုနေသည်။ နေပြည်တော် တွင်းထားရှိသည်။ ပိုင်းလော့များမှာ Myanmar Airways International  (MAI)မှ ထူးချွန်သော ပိုင်းလော့များကို  စကစမှ လစာပေး ခေါ်ယူထားခြင်းဖြစ်သည်။

အဖြူရောင်နှင့် ဗိုက်အောက်မီးခိုးရောင်ဖြစ်သည်။ မြေပြင်မှကြည့်လျင် အင်ဂျင်သည် တောင်ပံနှစ်ခု၏ နောက်နားတွင်ရှိနေသကဲ့သိုဖြစ်၍ ခရီးသည်တင်လေယာဥ်နှင့် အလွယ်တကူခွဲခြား သိနိုင်သည်။

မှတ်ချက်-​​​လေ​ကြောင်းရန်အတွက် သာမန်ပြည်သူများရုတ်တရက်ခွဲခြားသိရှိနိုင်​စေရုံသာတင်ပြခြင်းဖြစ် သည်။ (လေ​ကြောင်းကျွမ်းကျင်ပညာရှင်များအတွက်မဟုတ်ပါ။)

#WES
https://t.me/witnessenemyairscout
ATR-42 (စစ်ထောက်ပို့)

ယခင်က​လေတပ်တွင် သယ်ယူပို့​ဆောင်​ရေး၊ ​တပ်တွင်းမိသားစုများ ​​ပြောင်း​ရွေ့ခြင်း၊ ခရီးသွားခြင်းများအတွက် အသုံးပြုခဲ့သည်။

စကစ လက်ထက်တွင်လည်း ​သယ်ယူပို့​​ဆောင်​ရေးကိုအဓီကထားလုပ်ခဲ့သည်။စစ်ဆင်​ရေး​ဒေသများအတွက် နီးစပ်ရာ ​လေဆိပ်များမှ လက်နက်ခဲယမ်းများ၊ လူအင်အားများ ပို​ဆောင်ခြင်းကို
နေ့စဥ်နှင့်အမျှ ​ဆောင်ရွက်​နေသည်။

ကိုယ်ထည်တိုသည်၊ အသံညက်သည်၊ ATR-72 နှင့်မှားတတ်သည်။ နေ့ညမရွေးသွားလာလှူပ်ရှားနေသည်။

အဖြူရောင်နှင့် ဗိုက်အောက်မီးခိုးရောင်ဖြစ်သည်။

မှတ်ချက်-​​​လေ​ကြောင်းရန်အတွက် သာမန်ပြည်သူများရုတ်တရက်ခွဲခြားသိရှိနိုင်​စေရုံသာတင်ပြခြင်းဖြစ် သည်။ (လေ​ကြောင်းကျွမ်းကျင်ပညာရှင်များအတွက်မဟုတ်ပါ။)

#WES
သတင်းပေးပို့ရန်
#WES_InfoBot
#WES_SCOUT
ATR-72 (စစ်ထောက်ပို့)

ယခင်က​လေတပ်တွင် သယ်ယူပို့​ဆောင်​ရေး၊ ​တပ်တွင်းမိသားစုများ ​​ပြောင်း​ရွေ့ခြင်း၊ ခရီးသွားခြင်းများအတွက် အသုံးပြုခဲ့သည်။

စကစ လက်ထက်တွင် ​သယ်ယူပို့​​ဆောင်​ရေးကိုအဓီကထားလုပ်ခဲ့သည်။စစ်ဆင်​ရေး​ဒေသများအတွက် နီးစပ်ရာ ​လေဆိပ်များမှ လက်နက်ခဲယမ်းများ၊ လူအင်အားများ ပို​ဆောင်ခြင်းကို
နေ့စဥ်နှင့်အမျှ ​ဆောင်ရွက်​နေသည်။ ရံဖန်ရံခါ စကစ ပိုင်းလော့များ အမောင်းသင် Hours ယူခြင်းပြုလုပ်တတိသည်။

ကိုယ်ထည်အနည်းငယ်ရှည်သည်၊ အသံညက်သည်၊ လူစီးခရီးသွားလေယာဥ် ATR-72 များနှင့်မှားတတ်သည်။ နိမ်လျင် အမြီးတဘက်တချကိဆီမှ စကစ Logo ကြည့်၍ ခွဲနိုင်သည်။ နေ့ညမရွေးသွားလာလှူပ်ရှားနေသည်။

ခဲရောင်ပြောင်တစီးရှိသည်။ ကျန်အစီးများက အဖြူရောင်နှင့် ဗိုက်အောက်မီးခိုးရောင်ဖြစ်သည်။

မှတ်ချက်-​​​လေ​ကြောင်းရန်အတွက် သာမန်ပြည်သူများရုတ်တရက်ခွဲခြားသိရှိနိုင်​စေရုံသာတင်ပြခြင်းဖြစ် သည်။ (လေ​ကြောင်းကျွမ်းကျင်ပညာရှင်များအတွက်မဟုတ်ပါ။)

#WES
https://t.me/witnessenemyairscout
Beech-1900D (စစ်ထောက်ပို့)

ယခင်က​လေတပ်တွင် သယ်ယူပို့​ဆောင်​ရေး၊ ​တပ်တွင်းမိသားစုများ ​​ပြောင်း​ရွေ့ခြင်း၊ ခရီးသွားခြင်း၊ စကစပိုင်း​လော့များအ​မောင်းသင် Hours ယူခြင်းများအတွက်အသုံးပြုခဲ့သည်။

စကစ လက်ထက်တွင် ​သယ်ယူပို့​​ဆောင်​ရေးကိုအဓီကထားလုပ်ခဲ့သည်။စစ်ဆင်​ရေး​ဒေသများအတွက် နီးစပ်ရာ ​လေဆိပ်များမှ လက်နက်ခဲယမ်းများ၊ လူအင်အားများ ပို​ဆောင်ခြင်းကို
နေ့စဥ်နှင့်အမျှ ​ဆောင်ရွက်​နေသည်။

ကိုယ်ထည်အနည်းငယ်တိုသည်၊ အသံညက်သည်၊ နေ့ညမရွေးသွားလာလှူပ်ရှားနေသည်။

မှတ်ချက်-​​​လေ​ကြောင်းရန်အတွက် သာမန်ပြည်သူများရုတ်တရက်ခွဲခြားသိရှိနိုင်​စေရုံသာတင်ပြခြင်းဖြစ် သည်။ (လေ​ကြောင်းကျွမ်းကျင်ပညာရှင်များအတွက်မဟုတ်ပါ။)

#WES
ATR-42 MPA(ကင်းထောက်)

စကစလက်ထက်လေကြောင်းတိုက်ပွဲများတွင် Airstrike မပြုလုပ်ခင် နေရာ၊ ပစ်မှတ်တို့ကို ကြိုတင်ရှာဖွေမှတ်တမ်းတင်သည်။ ကင်မရာတပ်ဆင်ထားသည်။ တွေ့လျင်ပုံရိုက်ရန်မကြိုးစားပါနှင့်။ မြင်လျင်ရှောင်ပါ။ လေကြောင်း ချန်နယ်များနှင့် မိမိတို့ပြည်သူရဲဘော် အချင်ချင်းသတင်းပို့ပါ။

ယင်းဖြတ်သန်း/ပျံဝဲသွားသော နယ်မြေဒေသများဝန်းကျင်တွင် မကြာခင် Airstrike ဖြစ်လေ့ရှိသည်။ အရောင်မှာထူးခြားသည်။ အမည်းရောင်သန်းသော မီးခိုးရင့်ရောင်ဖြစ်သည်။

မှတ်ချက်-​​​လေ​ကြောင်းရန်အတွက် သာမန်ပြည်သူများရုတ်တရက်ခွဲခြားသိရှိနိုင်​စေရုံသာတင်ပြခြင်းဖြစ် သည်။ (လေ​ကြောင်းကျွမ်းကျင်ပညာရှင်များအတွက်မဟုတ်ပါ။)

#WES
https://t.me/witnessenemyairscout
SU-30 SME(Jet Fighter)

ရုရှထုတ် ဝေဟင်မှဝေဟင်၊ ဝေဟင်မှမြေပြင် Mission များပြုလုပ်နိုင်သော နှစ်ယောက်မောင်း Jet Fighter ဖြစ်သည်။ တနာရီမိုင် 1320 ထိပျံသန်းနိုင်ပြီး အမြင့်ပေ 50000 ကျော်ပျံတက်မောင်းနှင်နိုင်သည်။

Engine(2)လုံးနှင့် တောင်ပံတွင် ဗုံး/ဒုံးကျည် (12)ခုနှင့် ဗုံးသီးအပို(6)ခုတပ်ဆင်နိုင်သည်။ အလိုလျောက်ထိန်းချုပ်၊ ပျံသန်း၊ ဆင်းသက်နိုင်သည့်စနစ်၊အနီအောက်ရောင်ခြည် ခြေရာခံစနစ်၊ ရေဒါစနစ်၊ ပစ်မှတ်ရှာဖွေမှုစနစ်များအလွန်ကောင်းမွန်သည်။

ကျည်ဆံ(150)ပါဝင်သော စက်သေနတ် (1)လက်၊ သင်္ဘောဖျက်ဒုံးကျည်၊ ဓာတ်ရောင် ခြည်ဆန့်ကျင်ဒုံးကျည်များတပ်ဆင်နိုင်သည်။ ကပစထုတ် ပေါင်(1000)ဗုံး(4)လုံး သို့ မဟုတ်(8)တန်အလေးချိန်နှင့်ညီမျှသော ဗုံးသီးများကျဲချနိုင်သည်။

လက်ရှိပြည်သူကိုရက်စက်နေသော Airstrike များတွင် ကုန်ကျစရိတ်အလွန်တရာများပြားသော SU-30 Fighter များးအသုံးမပြုသေးပါ။ နေပြည်တော်အနီးတဝိုက်သာ ဟန် ရေးပြရနိ ဆီခိုးထုတ်ရန် ပတ်ပျံနေခြင်းသာရှိသည်။

လေကြောင်းရန်အတွက် သာမန်ပြည်သူများရုတ်တရက်ခွဲခြားသိမြင်ရုံတင်ပြခြင်းဖြစ်သည်။ လေကြောင်းကျွမ်းကျင်ပညာရှင်များအတွက်မဟုတ်ပါ။

#WES
သတင်းပို့ရန်
@WES_InfoBot
@WES_SCOUT
JF-17 (တိုက်လေယာဥ်)

ရာသီဥတု၊ နေ့ညမရွေးမောင်းနှင်တိုက်ခိုက်နိုင်သည်။ Radar ဖြင့်ကင်းထောက်ခြင်း၊တည်နေရာရှာဖွေခြင်းတို့ပြုလုပ်နိုင်သည်။တောင်ပံတွင် ဗုံး၊ ဒုံးကျည်၊ စက်သေနတ်တပ်ဆင်နိုင်သည်။ လေထဲတွင်(3)နာရီကြာ ပျံသန်းနိုင်သည်။

ပုသိမ်လေတပ်မှ ကရင်ပြည်နယ်သို့၊ မကွေးလေတပ်မှ ရခိုင်ပြည်နယ်သို့သွားကာ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ လက်ရှိမြန်မာနိုင်ငံတွင် (6)စီး အသုံးပြုနေသည်။

ပုံစံမှာ မိုးပြာရောင်ပျောက်ကြားဖြစ်သည်။ ဘေးတိုက်ကြည့်လျင် တဖြောင့်တည်းပုံစံဖြစ်သည်။ ဝမ်းဗိုက်တွင်ခဲရောင်ဖြစ်သည်။ အလျားရှည်သည်။ ထိပ်နှုတ်သီး လုံးချွန်မှာ ခဲရောင်ဖြစ်သည်။ အခြား Fighter များနှင့်မတူသောပုံစံဖြစ်၍ မြင်လျှင်ခွဲခြားရန်လွယ်သည်။တွေမြင်ရလျင်အမြန်ဆုံးသတင်းပို့ရန်လိုသည်

မှတ်ချက်-​​​လေ​ကြောင်းရန်အတွက် သာမန်ပြည်သူများရုတ်တရက်ခွဲခြားသိရှိနိုင်​စေရုံသာတင်ပြခြင်းဖြစ် သည်။ (လေ​ကြောင်းကျွမ်းကျင်ပညာရှင်များအတွက်မဟုတ်ပါ။)
Forwarded from EAR, Org.
⚠️မိတ္ထီလာ

ရှမ်းတဲလေတပ်မှ FTC-2000G Jet Fighter 1စင်း အနောက်တောင်သို့ ပျံတက်။

13:51, Oct 04
#EAR