ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ရေစကြိုမြို့နယ်၊ ဗလဘ ရွာကို အကြမ်းဖက်စစ်ကောင်စီတပ် မအလ စခများ ဝင်ရောက်စီးနင်းပြီး ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီး

ရေစကြို၊ ဧပြီ ၂၄

ရေစကြိုမြိုနယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ် ၂၅၆/၇/၈ တို့မှ မအလ စခများ ပျူခွေးများနှင့် ပူးပေါင်းပြီး အင်အား ၁၅၀ ဝန်းကျင်ဖြင့် ဧပြီလ ၂၀ ရက်‌နေ့တွင် ကြူရွာ၊ ဆင်ကြို့ရွာကို ရောက်ရှိလာကာ အထိုင်ချတပ်စွဲပြီး အပြစ်မဲ့ဒေသခံပြည်သူများကို ဓါးစာခံအဖြစ် ဖမ်းဆီးခြင်း၊ ပြည်သူပိုင် ပစ္စည်းဥစ္စာများကို ခိုးယူလုယက် ယူဆောင်ခြင်းနှင့် အနီးဝန်းကျင်ရွာများကို လက်နက်ကြီးများ ရမ်းကားပစ်ခတ်နေခြင်းများကြောင့် အနီးပါတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ အိုးအိမ်စွန့်ခွါ ထွက်ပြေးခဲကြရပါသည်။
ဧပြီလ ၂၁ ရက်နေ့တွင် ကြူရွာမှ ဗလဘ ရွာကို လက်နက်ကြီးများ ပစ်ခတ်ဝင်ရောက်စီးနင်းကာ ပြည်သူပိုင်ပစ္စည်းများကို စိတ်တိုင်းကျ ခိုးယူလုယက် ယူဆောင်ပြီး နေအိမ်များကို ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရပါသည်။
အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းကြောင့် ကြူရွာ၊ ဆင်ကြို့ရွာ၊ ရွာသစ်ရွာ၊ ညောင်ပင်ရွာ၊ ကျော်ထင်ကုန်းရွာ၊ မထီးရွာ၊ အင်းမရွာ၊ ငါးမြာလေးရွာ၊ လေးရာပြည့်ရွာ၊ ဆင်မရဲရွာနှင့် ငါးဖယ်ရွာ တို့မှ ဒေသခံပြည်သူများ အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းကြောင့်  ဟင်္သာရွာ၊ အလယ်သောင်ရွာ၊ အလယ်ကျောရွာနှင့် ဇီးပင်ကုန်းရွာ တို့ပါ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရပါသည်။
ဧပြီလ ၂၁ ရက်နေ့ နေ့ခင်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဇီးပင်ကုန်းရွာကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်၊ ညပိုင်းတွင် ၁ ကြိမ် ပြုလုပ်ခဲ့ပြီး
အလယ်သောင်ရွာကိုလည်း ထိုနေ့ညပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု ၁ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ ထိခိုက်ပျက်ဆီးမှု၊ သေဆုံးဒဏ်ရာရမှုများ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်။
ဧပြီလ ၂၃ ရက်နေ့ ည 9:25 pm, 9:29 pm အချိန်ခန့်တွင်  အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ်ရေစကြိုမြို့နယ်၊ ဇီးပင်ကုန်းကျေးရွာအရှေ့ဘက်နှင့် ဆင်မရဲကျေးရွာတောင်ဘက်ပိုင်းသို့ ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဆင်မရဲကျေးရွာမှ အမျိုးသမီးတစ်ဦး ဦး‌ခေါင်းထိမှန် သေဆုံးခဲ့ကြောင်း ကနဦးသိရပါသည်။
လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီ မအလ ‌စခများနှင့် ပျူခွေးများ ရေစကြိုတောင်ဘက်လက် ကျေးရွာများကို လက်နက်ကြီးများ ရမ်းကားပစ်ခတ်နေပြီး စစ်ကြောင်းထိုးဝင်ရောက်ကာ မွှေနှောက် ခိုးယူ လုယက် ရမ်းကား ယုတ်မာနေကြောင်း၊ ဖက်ဆစ်ဂျပန်ခေတ်ကထက် ပိုမိုဆိုးရွားစွာ ပြည်သူများ ဒုက္ခပေါင်းစုံ ကြုံတွေ့ခံစားနေရကြောင်း သိရှိရပါသည်။

ဓါတ်ပုံ - မအလ စခနှင့် ပျူခွေးများ မီးရှို့ဖျက်ဆီးခဲ့သော ဗလဘရွာမှ အပြစ်မဲ့ပြည်သူများ၏ နေအိမ် မီးလောင်ပျက်စီးမှုများ
YSO..#

https://t.me/https3starmyaing
တံတားဦး  ⚠️

တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ ၁စီးအနောက်အရပ်သို့ပျံတက်။

#WaiHin
Apr 24, 12:11 PM
📫သတင်းပို့ရန် @WaiHinScout_Bot


https://t.me/https3starmyaing
ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာကို ဧပြီလ ၂၁ ရက်နေ့က ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်ပစ္စည်းများကို ၂ ရက်ဆက်တိုက် ခိုးယူလုယက်ယူဆောင်ကာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးသွားသော အကြမ်းဖက် စစ်ကောင်စီတပ် လက်အောက်ခံ မအလ စခနှင့် ပျူခွေးများ အသုံးပြုပြီးကျန်နေခဲ့သည့် ယူနီဖောင်းနှင့် ကျည်ဘူးခွံများကို ဒေသခံများက တွေ့ရှိခဲ့ရကြောင်း သိရှိရပါသည်။

ရေစကြို၊ ဧပြီ ၂၄

#InfoCommitteeYesagyo

@myaing3starbot

https://t.me/https3starmyaing
ပခုက္ကူမြို့⚠️

ပခုက္ကူ မြို့သစ် ဖြတ် ၍ စစ်ခွေး အင်အာပါ စစ်ခွေး ကား (၄)စီး မြောက်ဘက်သို့မောင်းသွားကြောင်း သိရပါသည်။

Apr-24/2:53PM

#3SM

3 Star ⭐️⭐️⭐️ Myaing


သတင်းများ အား ကူးယူ ဖော် ပြခြင်း မပြုရ

ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot

https://t.me/https3starmyaing
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
ပခုက္ကူမြို့⚠️ ပခုက္ကူ မြို့သစ် ဖြတ် ၍ စစ်ခွေး အင်အာပါ စစ်ခွေး ကား (၄)စီး မြောက်ဘက်သို့မောင်းသွားကြောင်း သိရပါသည်။ Apr-24/2:53PM #3SM 3 Star ⭐️⭐️⭐️ Myaing သတင်းများ အား ကူးယူ ဖော် ပြခြင်း မပြုရ ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံ…
ရေစကြိုမြို့နယ် ⚠️

ပခုက္ကူ မြို့ပေါ် မှ လာ သော စစ်ခွေး ကား (၄)စီး မှာ ရေစကြိုမြို့နယ် ဆင်းချောင်းပျူရွာ အတွင်း သို့ဝင်ရောက်သွားကြောင်း သိရပါသည်။

Apr-24/3:07PM

#3SM


3 Star ⭐️⭐️⭐️ Myaing


သတင်းများ အား ကူးယူ ဖော် ပြခြင်း မပြုရ

ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/https3starmyaing
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
ရေစကြိုမြို့နယ် ⚠️ ပခုက္ကူ မြို့ပေါ် မှ လာ သော စစ်ခွေး ကား (၄)စီး မှာ ရေစကြိုမြို့နယ် ဆင်းချောင်းပျူရွာ အတွင်း သို့ဝင်ရောက်သွားကြောင်း သိရပါသည်။ Apr-24/3:07PM #3SM 3 Star ⭐️⭐️⭐️ Myaing သတင်းများ အား ကူးယူ ဖော် ပြခြင်း မပြုရ ပခုက္ကူခရိုင်အတွင်းရှိ…
ရေစကြိုမြို့⚠️

ပခုက္ကူမြို့ ပေါ် မှ ထွက် လာသော စစ်ခွေးအင်အား ပါ စစ်ခွေးကား (၄) စီးမှာ ရေစကြိုမြို့ ဖူလုံ ခလရ ၂၅၆ ၂၅၇ ၂၅၈ တပ်ရင်းများ အတွင်း သို့ ယနေ့ညနေ ၃ နာရီ ၂၀ မီနစ်အချိန်က ဝင်ရောက်သွားကြောင်း သိရပါသည်။

Apr-24/3:25PM

#3SM

3 Star ⭐️⭐️⭐️ Myaing

သတင်းများ အား ကူးယူ ဖော် ပြခြင်း မပြုရ

ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/https3starmyaing