ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ရေစကြိုမြို့နယ် ⚠️

ရေစကြိုမြို့နယ် ပခန်းကြီး မြို့ဟောင်း တောင်မင်းကျောင်းရက်ကွပ် အတွင်းသို့ ရောက်ရှိနေသော စစ်ခွေး စစ်ကြောင်းမှာ ဖောင်တော်ဦး ဘုန်းကြီးကျောင်း အတွင်း သို့ရောက်ရှိသွားကြောင်း သိရပါသည်။

Apr-18/5:54PM

#3SM

3 Star ⭐️⭐️⭐️ Myaing

သတင်းများ အား ကူးယူ ဖော် ပြခြင်း မပြုရ

ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/https3starmyaing
❐ ငြိမ်သက်သွားသော နံနက်ခင်း

ဒီမနက်မှာ အာဆီယံဥက္ကဌ တာ၀န်ယူထားတဲ့ မလေးရှား၀န်ကြီးချုပ် အန်ဝါအီဗရာဟင် နဲ့ NUG ၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းတို့ ‌ဆွေးနွေးကြတယ်။ ဒီနောက်မှာတော့ အသံအများစု တိတ်ဆိတ်ကုန်တယ်။ ဘာသံတွေလဲ ဆိုတော့ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်မှာ Political Wing ဖြစ်တဲ့ NUG အစိုးရ မလိုဘူးဆိုတဲ့ Third Party တွေရဲ့အသံတွေ၊ တော်လှန်ရေးဟာ ရှေ့မဆက်နိုင်ပဲ 50-50 အနေအထားမှာ လည်နေတယ်ဆိုတဲ့ တော်လှန်ယောင်တွေရဲ့ အသံတွေ၊ NUG က လေပေါ်ကအစိုးရပါကွာ ဆိုတဲ့ ဘောမတွေရဲ့အသံတွေ အကုန်တိတ်ကုန်တာဖြစ်တယ်။

ကိုယ်တွေ စိုးရိမ်ခဲ့တာက မလေးရှားဟာ တစ်ဖက်လှည့်နဲ့ စစ်ကောင်စီကို အသိအမှတ်ပြုသွားမှာ စိုးရိမ်ခဲ့ကြတာဖြစ်တယ်။ ဒါပေမယ့် ပြောင်းပြန်အနေနဲ့ မလေးရှား၀န်ကြီးချုပ်ရဲ့ မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုဟာ မင်းအောင်လှိုင်ကို အစိုးရအနေနဲ့ အသိအမှတ်ပြုတာ မဟုတ်ကြောင်း မလေးရှား အမတ်တွေသာမက မလေးရှားအစိုးရသတင်းစာတွေမှာပါ အတိအလင်း တောက်လျှောက် ဖော်ပြခဲ့ကြတယ်။

တစ်ဖက်မှာ‌တော့ မင်းအောင်လှိုင်နဲ့ အပြိုင် တလရ အင်အားစုတွေရဲ့ ကိုယ်စားပြုအနေနဲ့ NUG ကို အသိအမှတ်ပြုပြီး တွေ့ဆုံခဲ့တဲ့ မလေးရှား၀န်ကြီးချုပ် (အာဆီယံဥက္ကဌ) ရဲ့ လုပ်ရပ်ဟာ မြန်မာပြည်မှာ SAC နဲ့ NUG တို့ တန်းတူ ယှဉ်ပြိုင်နေကြတယ် ဆိုဝာာကို မီးမောင်းထိုးပြသလို ဖြစ်သွားခဲ့တယ်။ တနည်းပြောရရင် မလေးရှား ၀န်ကြီးချုပ်ရဲ့ လုပ်ရပ်ဟာ NUG ကို တချိန်လုံး လေလှိုင်းအစိုးရ၊ အသုံးမကျတဲ့ အစိုးရ ဆိုပြီး ဝေဖန်တိုက်ခိုက်နေခဲ့တဲ့ ဘောမတွေနဲ့ Third Party တွေရဲ့ ရင်ထဲကို မီးရှို့ထားတဲ့ သစ်သားချောင်းတစ်ချောင်း ထိုးစိုက်လိုက်သလို ဖြစ်သွားခဲ့တယ်။

အဲလိုပဲ တော်လှန်ရေးဟာ ရှေ့မတိုးပဲ 50-50 မှာ လည်နေတယ် ဆိုတဲ့ တော်လှန်ယောင်တွေရဲ့အသံကရော ဘာကြောင့် တိတ်သွားတာလဲ?? ရှင်းရှင်းပြောရရင် လက်ရှိအနေအထားမှာ SAC နဲ့ NUG မှာ SAC က သာနေတယ်ဆိုရင် (သို့) 50-50 အနေအထားမှာ လည်နေတယ်ဆိုရင် NUG ကို ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ပဲ ချောင်ထိုးထားလိမ့်မယ်။ ပြီးခဲ့တဲ့ ၄ နှစ်တာကာလလုံး ချောင်ထိုးထားခဲ့ပြီးပြီဆိုတာက အကောင်းဆုံး သက်‌သေပဲလေ။ အခုအနေအထားမှာ Shadow Government တစ်ခုကို အာဆီယံဥက္ကဌကိုယ်တိုင်က တွေ့ဆုံဆွေးနွေးတာဟာ အခြားအကြောင်းအရင်း (ငလျင်ကြောင့်) လို့ ဘယ်လိုပဲ အကြောင်းပြပြ အဲဒီထက်ပိုနေတယ် ဆိုတာ မြင်သာပါတယ်။

နောက်တစ်ခုက တရုတ်ရဲ့ခြေလှမ်း။ လားရှိုးကိစ္စ ၀င်ရှုပ်အပြီးမှာ တရုတ်ရဲ့ ခြေလှမ်းတွေက လုံး၀ ငြိမ်သက်တိတ်ဆိတ်နေတာ သတိထားမိကြမယ်။ အသံလည်း မထွက်ရဲသလို ပေါ်တင်လည်း မလုပ်ရဲဘူး။ မင်းအောင်လှိုင်ကို ပေါ်တင် ကူညီထောက်ပံ့ခြင်းရဲ့ ရေရှည်ဆိုးကျိုးကို တရုတ်တွေ သိ‌နေပြီ ဆိုတာ သေချာပါတယ်။ အဲလိုပဲ တရုတ်ရဲ့ လားရှိုးကိစ္စ ၀င်ရှုပ်မှု အပေါ် NUG ကလည်း တိတ်ဆိတ်နေတာ တွေ့ရမယ်။ တကယ်တော့ Power Game ကစားနေကြတာပါပဲ။ ကိုယ်တွေ အာချောင်လို့ ကောင်းတဲ့ Lvl ရဲ့ အပြင်ကိုရောက်နေတာ သတိထားဖို့လိုတယ်။

ဆိုတော့ တရုတ်ကြီးရဲ့ ထိုင်မရ ထမရ ဖြစ်လာပြီး ၀င်ပါလာတာတွေ၊ တရုတ်ကြီးက မင်းအောင်လှိုင်ကို ‌ကျားကန်နေချိန်မှာ အာဆီယံဥက္ကဌက NUG ကိုတွေ့ဆုံပြီး စင်ပေါ်ဆွဲတင်လာမှုတွေ၊ အထွေထွေ ထိုးစစ်စ‌တင်ဖို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ညှိနှိုင်းပြင်ဆင်နေပြီဖြစ်ကြောင်း NUG ကာဝန် ဦးရည်မွန်ရဲ့ ထုတ်ပြောမှုတွေ၊ ‌ညောင်ကျိုးကို သိမ်းပြီး ကပစတွေကို ခြေတစ်ဖက်နင်းထားတဲ့ AA နဲ့အတူ နေရာစုံတပ်ဖြန့် နေရာယူလာတဲ့ တလရတပ်တွေရဲ့ အနေအထားတွေ၊ လူသစ်ဘယ်လောက်စုစု ပို့ကုန်ဖြစ်နေတဲ့ စစ်ရှုံးတပ်ရဲ့ အခြေအနေတွေ၊ ဒါတွေအားလုံးကနေ ညွှန်ပြနေတာက အဆုံးသတ်တစ်ခုတည်းကိုပဲ ညွှန်ပြ‌နေတယ်။ Just a matter of time ပါပဲ။ အချိန်တစ်ခုပဲ စောင့်ရတော့မှာပေါ့။

လောလောဆယ်ကတော့ အသံအကုန် တိတ်သွားကြပြီ။ ကိုယ်‌တွေက နိုင်ငံရေးမှာရော စစ်ရေးမှာပါ (Upper Hand) စင်ပေါ်‌ ရောက်လာခဲ့ပြီ။ ဒါပေမယ့် ကိုယ်တွေ လုပ်စရာရှိတာတော့ မရပ်ပဲ ဆက်လုပ်ရမှာပဲ။ ထောက်ပို့စရာရှိတာ ဆက်ထောက်ပို့ရမှာပဲ။

ပွဲမပြီးသေးခင် တက်မ ထောင်တာက မှားတယ်ဆိုတာ လူတိုင်းသိပြီးသားမလား..။

ADM2
https://t.me/https3starmyaing
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku pinned «ရေစကြိုမြို့နယ် ⚠️ ရေစကြိုမြို့နယ် ပခန်းကြီး မြို့ဟောင်း တောင်မင်းကျောင်းရက်ကွပ် အတွင်းသို့ ရောက်ရှိနေသော စစ်ခွေး စစ်ကြောင်းမှာ ဖောင်တော်ဦး ဘုန်းကြီးကျောင်း အတွင်း သို့ရောက်ရှိသွားကြောင်း သိရပါသည်။ Apr-18/5:54PM #3SM 3 Star ⭐️⭐️⭐️ Myaing သတင်းများ အား…»
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku pinned «ရေစကြိုမြို့နယ် ⚠️ ရေစကြိုမြို့နယ် သက်ရွာ ဘုန်းကြီးကျောင်း မှ တောင်အရက်သို့ ထွက်ခွာသွားသော စစ်ခွေး အင်းအား ၁၀၀ ဝန်းကျင်ခန့်မှာ ရေစကြိုမြို့နယ် ပခန်းကြီးမြို့ဟောင်း တောင်မင်းကျောင်းရက်ကွပ် သို့ ယနေ့ ညနေ ၅ နာရီ ဝန်းကျင်အချိန်က ရောက်ရှိသွားကြောင်း သိရပါသည်။…»
"ခွေးပုရဲ့ ကာလုံ (၆) လ သက်တမ်းတိုးရာ အခန်းလေး ပြိုကျသွားရှာ"

ခွေးပုရဲ့ ကာလုံ (၆) လ သက်တမ်းတိုးရာ အခန်းလေးဟာ စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးသွားတယ် ဆိုတော့ အတိတ်တဘောင် နိမိတ်တွေကို သေလောက်အောင်ကြောက်တဲ့ အတောင် (၂၀) ဝတ် စစ်ခွေးတွေရဲ့ သက်တမ်းဟာ များမကြာမီ ပြိုကျ ပျက်စီးကုန်တော့မယ့် နိမိတ်လေလား...

ယတြာဆိုတာ ဆေးမြီးတိုတစ်ခုမို့ ယတြာ ဘယ်လောက်စွမ်းစွမ်း ခွေးသက်တမ်းကိုတော့ အင်္သေချေအထိ ဆွဲ မဆန့်နိုင်တော့ပြီ။ တော်လှန်ပြည်သူအပေါင်းကလဲ ခွေးသက်ဆိုးမရှည်ရလေအောင် NUG နဲ့ တော်လှန်ရေးတပ်တွေကို နိုင်သမျှ ဝန်းရံပြီး ခွေးတပ်ကြီးကို ချောင်ပိတ်ရိုက်ကြရင်ဖြင့် ခွေးပုရဲ့ အာဏာသူခိုးစစ်တပ်ကြီးဟာ မကြာမီ ပြိုကျပျက်စီးရမှာ အသေအချာပါပဲ။

နိမိတ်တွေကလဲ ပြနေပြီမလား.. 🥰

Veo

#4C_TruthNews
လာမည့် ၂၁ ရက်နေ့တွင် ငလျင်ကြီးလှုပ်ခတ်မည်ဟု အခြေအမြစ်မရှိသည့် ကောလာဟလ ထွက်ပေါ်နေပြီး သတင်းအမှားဖြန့်ဝေသူကို သဘာဝဘေးစီခံခန့်ခွဲမှုဥပဒေဖြင့်အရေးယူခံရနိုင်

ဧပြီလ ၁၈ ရက်

လာမည့် ဧပြီ ၂၁ ရက်နေ့တွင်ငလျင်ကြီးလှုပ်ခတ်မည်ဆိုသည့် အခြေအမြစ်မရှိသည့် ကောလာဟလ သတင်းများ လူမှုကွန်ရက်စာမျက်နှာများတွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး သတင်းအမှား ဖြန့်သူများသည် သဘာဝဘေးစီမံ ခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇ ဖြင့်အရေးယူခံရနိုင်ကြောင်းသိရသည်။

ယခုရက်ပိုင်းအတွင်း  Facebook နှင့် Tiktok လူမှုကွန်ရက်စာမျက်နှာတွင် ဧပြီ ၂၁ ရက်နေ့၌ ငလျင်ကြီးလှုပ်ခတ်မည်ဟုသတင်းများထွက်ပေါ်နေပြီး ပြည်သူလူထုစိုးရိမ်မှုမြင့်တက်နေကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၇ တွင် မည်သူမဆို အများပြည်သူအထိတ် တလန့်ဖြစ် စေရန်ရည် ရွယ်ချက်ဖြင့် သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ မဟုတ် မမှန်သတင်း လွှင့်ကြောင်းပြစ်မှုထင်ရှားလျှင် ထိုသူကို တစ်နှစ်ထက်ပိုသော ထောင်ဒဏ်၊ ငွေဒဏ်နှင့် ဒဏ်နှစ်ရပ် လုံးချမှတ် ခံရမည်ဖြစ်ကြောင်း ပြဌာန်းထားသည်။

https://t.me/https3starmyaing
⚠️ပခုက္ကူ

နှောကုန်း ဆင်မင်းရွာမှာ ညနေကတည်းက စခအင်အားအများပြားရောက်ရှိနေပြီး အရှေ့နယ်တကြော စစ်ကြောင်းထိုးမယ်လို့သိရကာ ရွှေတန့်တစ် ရွာပြင်မှာလည်း စခကင်းပုန်းတွေရှိကြောင်းသတင်းရ။

MRSN
Apr 18 , 8:22 PM
https://t.me/https3starmyaing
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို ဖက်ဆစ်ခွေးမိစ္ဆာတပ်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ဖက်ဆစ်ခွေးမိစ္ဆာတပ်က သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာကို‌ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖက်ဆစ်ခွေးမိစ္ဆာတပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူ ၁၃ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ထို့ပြင် နေအိမ်များလည်း ထိခိုက်ပျက်စီးမှု များပြားကြောင်း သိရှိရသည်။

" လိပ်ကျရွာကို ဒီနေ့ စစ်ခွေးတပ်က လေယာဉ်နဲ့ ဗုံးကျဲသွားတာ ပြည်သူ ၁၃ ဦးသေဆုံးတယ်လို့ ကနဦး သိရပါတယ်။ သေဆုံးတဲ့ ထဲမှာ ကလေးငယ်တွေလည်း ပါဝင်ပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း များတယ်လို့ သိရတယ်" ဟု ဒေသ ပြည်သူတစ်ဦးက ပြောဆိုသည်။

Apr-18.9:20PM

https://t.me/https3starmyaing
🔴 ငလျင်သတင်း

ယနေ့ ဧပြီလ ၁၈ ရက် ည ၇ နာရီ ၅၅ မိနစ်အချိန်တွင် မန္တလေးမြို့၊ ရတနာပုံနည်းပညာတက္ကသိုလ်အနီးတွင် အင်အား ၃.၆ ရစ်(ခ်)တာစ‌ကေးအဆင့်ရှိ ငလျင်ငယ်တစ်ခု ထပ်မံလှုပ်ခတ်သွားကြောင်း  မိုးလေဝသသတင်းများစင်တာမှ ထုတ်ပြန်ထားသည်။

#မြဝတီမဲဆောက်မီဒီယာ
https://t.me/https3starmyaing
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku pinned «⚠️ပခုက္ကူ နှောကုန်း ဆင်မင်းရွာမှာ ညနေကတည်းက စခအင်အားအများပြားရောက်ရှိနေပြီး အရှေ့နယ်တကြော စစ်ကြောင်းထိုးမယ်လို့သိရကာ ရွှေတန့်တစ် ရွာပြင်မှာလည်း စခကင်းပုန်းတွေရှိကြောင်းသတင်းရ။ MRSN Apr 18 , 8:22 PM https://t.me/https3starmyaing»
ရေစကြိုမြို့နယ် ⚠️

ယနေ့မနက် ၇နာရီ ၈ မီနစ်အချိန်က
ရေစကြိုမြို့နယ် ပခန်းကြီးမြို့ဟောင်း မှထွက်ခွာသွားသော စစ်ခွေး စစ်ကြောင်း မှာ ယနေ့မနက် ၇နာရီ ၄၅ မီနစ်အချိန်က ရေစကြိုမြို့နယ် ဆင်ချောင်း ပျူရွာ အတွင်းသို့ ဝင်ရောက်သွားကြောင်း သိရပါသည်။

Apr-19/7:48AM

#3SM

3 Star ⭐️⭐️⭐️ Myaing


သတင်းများ အား ကူးယူ ဖော် ပြခြင်း မပြုရ

ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/https3starmyaing
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku pinned «ရေစကြိုမြို့နယ် ⚠️ ယနေ့မနက် ၇နာရီ ၈ မီနစ်အချိန်က ရေစကြိုမြို့နယ် ပခန်းကြီးမြို့ဟောင်း မှထွက်ခွာသွားသော စစ်ခွေး စစ်ကြောင်း မှာ ယနေ့မနက် ၇နာရီ ၄၅ မီနစ်အချိန်က ရေစကြိုမြို့နယ် ဆင်ချောင်း ပျူရွာ အတွင်းသို့ ဝင်ရောက်သွားကြောင်း သိရပါသည်။ Apr-19/7:48AM #3SM 3…»
⚠️ ရေဦး

ရေဦးမြို့ ကမ္ပါးယံလှေဆိတ်သို့ ရောက်ရှိနေ‌သော ခွေး အင်အား၂၀ခန့် (အထုပ်အပိုးများပါရှိ)ဟာ အောင်မင်္ဂလာရပ်ကွက် အထက် သဲပုံစေတီဘက်သို့ ရောက်ရှိနေကြောင်း သိရပါတယ်။

ရေခဲမြစ်ငယ်နွေ(ပင်မ)
#SSN
Apr 19 , 8:29 AM
https://t.me/https3starmyaing
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
မိတ္ထီလာ ⚠️

မိတ္ထီလာလေတပ်မှ ဂျက်ဖိုက်တာ ၁ စီး အနောက် မြောက်အရပ်သို့ ပျံတက်။

#WaiHin
Apr 19, 9:59AM
📫သတင်းပို့ရန် @WaiHinScout_Bot
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
ရေစကြိုမြို့နယ် 🔴 ရေစကြိုမြို့နယ် ငါးမြားကြီး နှင့် ဘလဗရွာ အား အကြမ်းဖတ် စစ်ခွေးများ မှ ဂျတ်ဖိုက်တာ (၁) စီးဖြင့် (4:20PM 4:23PM 4:26PM) တို့က (၃)ကြိမ် လေကြောင်းတိုက်ခိုက်မှု ကြောင့် အပစ်မဲ့ပြည်သူ ၁ဦး ထိခိုက်ဒဏ်ရရှိပြီး (စိုးရိမ်ရ) နေအိမ် (၁)လုံးမီးလောင်…
ရေစကြိုမြို့နယ် 🔴

ရေစကြိုမြို့နယ် ငါးမြားကြီး နှင့် ဘလဗရွာ အား အကြမ်းဖတ် စစ်ခွေးများ မှ ဂျတ်ဖိုက်တာ (၁) စီးဖြင့်  (4:20PM 4:23PM 4:26PM) တို့က (၃)ကြိမ် လေကြောင်းတိုက်ခိုက်မှု ကြောင့် အပစ်မဲ့ပြည်သူ ၁ဦး ထိခိုက်ဒဏ်ရရှိပြီး (စိုးရိမ်ရ) နေအိမ် (၁)လုံးမီးလောင် သွားကြောင်း သိရပါသည်။

Apr-17/5:51PM

#3SM

3 Star ⭐️⭐️⭐️ Myaing

သတင်းများ အား ကူးယူ ဖော် ပြခြင်း မပြုရ

ပခုက္ကူခရိုင်အတွင်းရှိ  မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/https3starmyaing


ပုံ Yso