ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
Forwarded from Khit Thit Media
မုံရွာ နမခ ဌာနချုပ်ကို ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု အရာရှိ/စစ်သည် အရံစစ်ကြောင်း ၁ မှ အရာရှိ ၁ ဦး အပါအဝင် ၉ ဦးသေဆုံး၊ အုပ်ချုပ်မှုရုံး၊ ရဟတ်ယာဥ် ထားရှိရာ ဂိုဒေါင်နှင့် ကြီးကြပ်ကန့်သတ်ပစ္စည်းများ မီးလောင်

ရန်ကုန်၊ မတ် ၂၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ရှော့တိုက်ဒုံး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အရာရှိ/စစ်သည် အရံစစ်ကြောင်း ၁ မှ အရာရှိ ၁ ဦး အပါအဝင် ၇ ဦးသေဆုံးပြီး အုပ်ချုပ်မှုရုံး၊ ရဟတ်ယာဥ် ထားရှိရာ ဂိုဒေါင်နှင့် ကြီးကြပ်ကန့်သတ်ပစ္စည်းများ မီးလောင်ခဲ့ကြောင်း Brave Warriors for Myanmar-BWM မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၃ ရက်နေ့ ည ၉ နာရီ ၄၃ မိနစ်ခန့်တွင် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို တော်လှန်ရေး တပ်ဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံး ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ၏ အုပ်ချုပ်မှုရုံး မီးလောင်ခဲ့ပြီး အရာရှိ ၁ ဦးနှင့် တပ်ကြပ်ကြီး စာရေးများ အပါအဝင် အခြားအဆင့်စစ်သည် ၆ ဦးဒဏ်ရာရရှိကာ ထိခိုက် ဒဏ်ရာရရှိသူများထဲမှ စာရေး ၂ ဦးသည် ဒဏ်ရာ ပြင်းထန်၍ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ရဟတ်ယာဥ်ရပ်နားထားရှိရာ ဂိုဒေါင်လည်း မီးလောင်ခဲ့ပြီး လုံခြုံရေးယူရန် အသင့်စောင့်နေသော တပ်နယ်အသီးသီးမှ အရာရှိ/စစ်သည်အရံစစ်ကြောင်း (၁) မှ အရာရှိ ၁ ဦးနှင့် အခြားအဆင့် စစ်သည် ၆ ဦး သေဆုံးကာ စစ်သည် ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် အမှတ် ၈၁ ဆက်သွယ်ရေးအလုပ်ရုံ အတွင်းရှိ ကြီးကြပ်ကန့်သတ်ပစ္စည်းများလည်း မီးလောင် ခဲ့ကြောင်း သိရသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တွင် MI 17 စစ်ရဟတ်ယာဥ် ၂ စီး ပုံမှန် အတက်အဆင်းလုပ်နေသော်လည်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ညပိုင်းတွင် ရဟတ်ယာဉ် ၁ စီသာ အတက်အဆင်းလုပ်သည်ကို တွေ့မြင်နေရ သော ကြောင့် ရဟတ်ယာဥ် ၁ စီးလည်း ထိခိုက်မှုရှိနိုင်ကြောင်း သိရှိရသည်။

"ဒီတခေါက် မစ်ရှင်က ထူးခြားတာတော့ရှိပါတယ်။ ကျနော်တို့ဘက်က ရဲဘော်တွေ ပစ်ပြီးတဲ့အချိန်မှာ သူတို့ဘက်က ဘာမှကို ပြန်လည် ပစ်ခတ်ခြင်း မပြုတာကတော့ ထူးခြားချက်တစ်ခုရှိပါတယ်။ ပစ်မယ့်သူတွေပဲ ထိတဲ့အထဲပါသွားတာလား ဘာလားတော့ စဥ်းစားစရာပါ။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ နိုင်ငံတဝှမ်းက တော်လှန်ရေးညီအစ်ကိုမောင်နှမများနဲ့အတူ ဆက်လက်တိုက်ပွဲဝင်နေမယ်ဆိုတာကို ပြောချင်ပါတယ်" ဟု Brave Warriors for Myanmar-BWM မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar - BWM အဖွဲ့၏ဦးဆောင်စီမံမှုဖြင့် Freedom Revolution Force (FRF)၊ Yan Gyi Aung (ဘုတလင်)၊ Shadow (မုံရွာ) ၊ Democratic Rangers အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Forwarded from Shwe Moe
ပဲခူးတိုင်း၊တောင်ငူမှာ ၁၆နှစ်ရွယ် ၉တန်းကျောင်းသူကို အိမ်မှာမိဘတွေမရှိတုန်း တရွာတည်းနေ လူ ၃ယောက်က အုပ်စုဖွဲ့မုဒိန်းကျင့်ပြီး လည်ပင်းကိုပါ ဓါးနဲ့ လှီးဖြတ်ပြီး သတ်ဖြတ်ခဲ့တဲ့ သတင်းတခုဖတ်လိုက်ရပါတယ်။

တရားခံ ၃ဦးထဲက ၂ဦးကိုတော့ ဖမ်းမိပြီ။ သူတို့ကိုဖမ်းမိလည်း ပြစ်ဒဏ်က တသက်တကျွန်းပေါ့၊ လွတ်ငြိမ်းရှိရင် ပြန်လွတ်လာဦးမယ်။ သေသွားတဲ့ကောင်မလေးကတော့ လိမ္မာရေးခြားရှိတဲ့ ကလေးမလေးတဲ့။မိဘတွေ ဘယ်လောက်တောင် ရင်ကျိုးလိုက်မလဲ။ အိမ်မှာ မိဘတွေမရှိတာကလည်း တောထဲမှာ အလုပ်သွားလုပ်နေကြလို့ မရှိကြတာ။

လူကြီး၊လူငယ် အရွယ် ၃ပါးစလုံး မည်သူ့ကိုမှ မယုံကြည်ရတော့ဘဲ မလုံခြုံတော့တဲ့ဘဝကို ကြုံတွေ့နေရတယ်။
Forwarded from Hlaing Info
ပခုက္ကူမြို့နယ်၊ အင်ပင်ရွာ စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

မတ်လ ၂၄ ရက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ရွာ စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Pakokku People Defense Force PPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂၂ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ အင်ပင် ကျေးရွာ စစ်တပ် အထိုင်စခန်းကို အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများ ထပ်မံ အင်အားတိုး ရောက်ရှိလာသောကြောင့် Pakokku People Defense Force (PPDF) အပါအဝင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ် စခန်းမှ ဘန်ကာများနှင့် အဆောက်အအုံများ ထိခိုက် ပျက်စီးခဲ့ပြီး နောက်ဆက်တွဲ ထိခိုက်မှုများကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း၊

အဆက် - ⤵️⤵️
ဒရုန်းဗုံးနဲ့လက်နက်ကြီးစထိမှန်လို့ ပြည်သူ ၁ ဦးသေပြီး နေအိမ် ၇ လုံးမီးလောင်

အုတ်တွင်း၊ မတ် ၂၄၊ ၂၀၂၅။

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ထန်းကုန်းကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒရုန်းနဲ့ဗုံးကြဲချခဲ့အတွက် ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရကာ နေအိမ် ၇ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ တောင်ငူခရိုင် ၃၅၀၂ တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူဆီက သိရပါတယ်။

မတ် ၂၂ ရက် ညနေ ၄ နာရီခန့်မှာ ကံကလေး နဲ့ ပေါက်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထန်းကုန်းကျေးရွာထဲကို ဒရုန်းနဲ့ဗုံး ၃ လုံးကြဲချခဲ့တဲ့အတွက် ကျေးရွာကွမ်းယာဆိုင်အနီးရှိနေတဲ့ အသက် ၂၅ နှစ်အရွယ် ကိုစန်းလင်းအောင်၊ အသက် ၅၀ ကျော်အရွယ် ဒေါ်ဌေးဌေး၊ အသက် ၃၀ ဝန်းကျင် ကိုဇော်မိုး၊ ကိုထွန်းနိုင်၊ မသူဇာမြင့်တို့ ထိခိုက်ဏ်ရာရခဲ့ပါတယ်။

ထိခိုက်သူတွေကို နီးစပ်ရာဆေးခန်းတွေမှာဆေးကုသနေစဥ် ညနေ ၆ နာရီကျော်မှာ ကိုစန်းလင်းအောင် သေဆုံးသွားခဲ့ပြီး ကျန်သူတွေကတော့ မတ် ၂၄ ရက်အထိ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

သတင်းအပြည့်အစုံ - https://myaelattathan.org/articles/ဒရုန်းဗုံးနဲ့လက်နက်ကြီးစထိမှန်လို့_ပြည်သူ၁ဦးသေပြီး_နေအိမ်၇လုံးမီးလောင်
ရေစကြိုမြို့နယ် 💥

ရေလယ်ကျွန်း⚠️


ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ကံဦးရွာတွင် ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် မအလ စခများ ယနေ့ ည 7:20 pm ဝန်းကျင်အချိန်တွင် အနီးဝန်းကျင်ရွာများကို လက်နက်ကြီးများဖြင့် ရမ်းကား ပစ်ခတ်နေကြောင်း သိရှိရပါသည်။
(ပြည်သူများ ဘေးရန် ခွေးရန် ကင်းကြပါစေ)

ရေစကြို၊ မတ် ၂၄

#InfoCommitteeYesagyo


#3SM

3 Star ⭐️⭐️⭐️ Myaing


ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/https3starmyaing
ပေါက်မြို့နယ် 🔴

မြိုင်မြို့နယ် ပေါက်မြို့နယ် အစပ်ရှိ ပေါက်မြို့နယ် နယ်သက်ရွာ နှင့် ဆုံကုန်းရွာ ကြား နှင့် နယ်သက်ရွာ အား မကွေးလေတပ်မှ တပ်လာသော ဂျတ်ဖိုက်တာ (၁)စီး ၊ မိထ္ထီလာရှမ်းတဲလေတပ်မှ တပ်လာသော ဂျတ်ဖိုက်တာ (၁)စီး၊ စုစုပေါင်း (၂)စီးဖြင့် ယနေ့နေ့လယ်ပိုင်း ၁၂နာရီ ၃၄ မီနစ်အချိန်နှင့် ၁၂နာရီ ၄၄ မီနစ်အချိန် ၁၂နာရီ ၄၇မီနစ်အချိန်တို့က မီလောင်ဗုံး များဖြင့် လေကြောင်းတိုက်ခိုက်မှု (၃)ကြိမ် ပြုလုပ်သွားကြောင်း သိရပါသည်။


၎င်း တိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ်များ၊ပြည်သူပိုင် နွား ၊ပြည်သူပိုင် ပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ရပြီး ပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရပါသည်။

Mar -24/9:38PM

#3SM

3 Star ⭐️⭐️⭐️ Myaing
ပခုက္ကူမြို့နယ် ⚠️

ယနေ့ည ၈နာရီ၃၀ မီနစ်အချိန်က ပခုက္ကူမြို့ပေါ်မှ ရွှေချောင်း အဝိုင်းကွေ့ သို့ စစ်ခွေး ကားလေများဖြင့် လာရောက် ချသွားခဲ့ပြီး ယ္ခု ရွှေချောင်းရွာနှင့် ရွှေချောင်း အဝိုင်းစုံတွင် စစ်ခွေးများ ချေလျှင် ကင်းပတ်နေကြကြောင်း သိရပါသည်။

Mar-24/9:56PM

#3SM

3 Star ⭐️⭐️⭐️ Myaing


ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/https3starmyaing
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာကို မတ် ၂၂ ရက် မနက်ပိုင်းစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့ဖြစ်စဥ်မှာ လူနာတွေကို ဆေးကုပေးနေတဲ့ CDM ဆရာဝန် ဒေါက်တာ မြစိုးအောင် (အသက် ၄၀)၊ ကိုယ်ဝန်လေးလ ရှိနေတဲ့ ဇနီးဖြစ်သူ အထက်တန်း သူနာပြု ဒေါ် ခိုင်နှင်းဝေနဲ့ သားဖြစ်သူ ငါးနှစ်အရွယ် ကလေးငယ်လေးရဲ့ ဓါတ်ပုံ။

တနေ့တနေ့ ဒီလို ရက်ရက်စက်စက်ခံနေရတဲ့ ပြည်သူတွေအတွက် ဘယ်မှာလဲ တရားမျှတမှု ။
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku pinned «ပခုက္ကူမြို့နယ် ⚠️ ယနေ့ည ၈နာရီ၃၀ မီနစ်အချိန်က ပခုက္ကူမြို့ပေါ်မှ ရွှေချောင်း အဝိုင်းကွေ့ သို့ စစ်ခွေး ကားလေများဖြင့် လာရောက် ချသွားခဲ့ပြီး ယ္ခု ရွှေချောင်းရွာနှင့် ရွှေချောင်း အဝိုင်းစုံတွင် စစ်ခွေးများ ချေလျှင် ကင်းပတ်နေကြကြောင်း သိရပါသည်။ Mar-24/9:56PM…»
⚠️ပေါက်

ကပစ ၂၄ က ထွက်လာသော
ကား(၃)စီး အင်းတောရွာဝင်နေကြောင်းသတင်းရ။

MRSN
Mar 24 , 10:55 PM


ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot

https://t.me/https3starmyaing
ပခုက္ကူမြို့နယ် ⚠️

ဧရာဝတီ ရေပြင်

အောက်ဘက်မှ ဆန်တက်လာသော စစ်ခွေးပါ သံခွန် (၁)စီးသည် ဆင်မင်းရွာနားသို့ရောက်ရှိကာဖြည်းဖြည်းချင်းဆန်တက်နေကြောင်းသတင်းရ။

#Yaypyin
#3SM

Mar 25,  8:36 AM

ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/https3starmyaing
ရေစကြိုမြို့နယ် ⚠️💥

ရေစကြိုမြို့ ဖူလုံ ခလရ ၂၅၆ ၂၅၇ ၂၅၈ တပ်ရင်းများမှ ဟောင်ဝှေ့ဇာ လက်နက်ကြီး ဖြင့် အနောက်အရပ်သို့ ရမ်းသန်းပစ်ခတ်နေကြောင်း သိရပါသည်။

Mar-25/8:43AM

#3SM

3 Star ⭐️⭐️⭐️ Myaing


ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/https3starmyaing