ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ရေစကြိုမြို့နယ် ရေလယ်ကျွန်း ⚠️


ယနေ့မနက်ပိုင် ၈နာရီ ဝန်းကျင်က ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ မင်းပျူရွာ မှ စစ်ခွေး ပျူခွေးများမှာ
ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ ရှိ ကိုင်းရွာနှင့် ဘီးစပ်ကုန်းရွာမှ ပြည်သူပိုင်ပစ္စည်းများအား ခိုးယူနေကြကြောင်း သိရပါသည်။

Mar-17/11:22AM

#3SM

သပြေညိုဌာနေ

3 Star ⭐️⭐️⭐️ Myaing


ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/https3starmyaing
Forwarded from Magway Regional Scout Network (YU ATARASHI)
☂️သတင်း

အပူလျော့မိုး
၂၀၂၅ မတ်လ ၂၃ရက်နေ့တွင်
ပြင်ဦးလွင်ခရိုင် မန္တလေးခရိုင်
ကျောက်ဆည်ခရိုင် မိတ္ထီလာခရိုင် ပျော်ဘွယ်ခရိုင် ရမည်းသင်းခရိုင်နှင့် နေပြည်တော်ဧရိယာဒေသတွေမှာ
မိုးတိမ်များရောက်ရှိလာပြီ အပူလျော့ကျစေနိုင်သလို နေရာကွက်ကျားမိုးထစ်ခြုံးရွာနိုင်ပါတယ် 🌧️🌧️🌧️🐌🌱
ISSUED TIME
16/03/2025 3:58pm(MMT)


📢📢
ရှမ်းပြည်နယ်အရှေ့ပိုင်း
မႂ်ႇသုင်ၶႃႈ
မိုင်းဆတ်ခရိုင် တာချီလိတ်ခရိုင် ကျိုင်းတုံခရိုင် ဒေသတွေမှာ ၂၀၂၅ မတ်လ ၂၁ရက်နေ့မှ ၂၃ရက်နေ့အထိ မိုးရွာနိုင်ပါတယ် လေမိုးလျှပ်စီးမိုးကြိုး မိုးသီး သတိပြုကြပါ 🌧️🌧️🌧️
ISSUED TIME
16/03/2025 5:02 pm(MMT)


Tachileik တာချီလိတ်
Weather
နောက်၄၈နာရီအတွင်း မိုးရွာနိုင်ပါတယ်
လေမိုးလျှပ်စီးမိုးခြိမ်း မိုးကြိုးပြစ်ခြင်းသတိပြုကြပါ
ISSUED TIME
17/03/2025 9:58am(MMT)

ဂရုစိုက်ကြပါ
🙏🕊️🌄

မင်း ဂွတ် သီး Su Su San
https://www.facebook.com/susu.san.7921975
MRSN
Mar 17 ,  12:26 PM
📬သတင်းပို့ရန်
@MagwayScoutBot
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
ရေစကြိုမြို့နယ် ⚠️ ရေစကြိုမြို့နယ် မြေခဲတောင်ရွာ မှ ယနေ့မနက်ပိုင်းကအနောက်အရပ်သို့ဦးတည်ထွက်ခွာလာသော စစ်ခွေး စစ်ကြောင်း မှာ ယနေ့မနက် ပိုင်း ၉နာရီ ၃၀ မီနစ်ဝန်းကျင်က ရေစကြိုမြို့နယ် မြေခဲတောင်ရွာ အတွင်း သို့ပြန်လယ်ဝင်ရောက်သွားကြောင်း သိရပါသည်။ Mar -17 /10:43AM…
ရေစကြိုမြို့နယ် ⚠️

ရေစကြိုမြို့နယ် မြေခဲတောင် ရွာ ရောက်ရှိနေသော စစ်ခွေး စစ်ကြောင်းအား ယနေ့နေ့လယ် ၁နာရီ ၄၁ မီးနစ်အချိန်က (ရေစကြိုမြို့နယ် ဆင်းချောင်းပျူရွာဘက်မှာလာသော) စစ်ခွေးကား တစ်စီးဖြင့် အင်အားဖြည့်တင်းထားကြောင်း သိရပါသည်။

Mar -17/2:27PM

#3SM
သပြေညိုဌာနေ

3 Star ⭐️⭐️⭐️ Myaing

ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/https3starmyaing
မိတ္ထီလာ ⚠️

မိတ္ထီလာလေတပ်မှ  ဂျက်ဖိုက်တာ ၁စီး မြောက် အရပ်သို့ပျံတက်။

#WaiHin
Mar 17, 3:08 PM
📫သတင်းပို့ရန် @WaiHinScout_Bot


https://t.me/https3starmyaing
မိတ္ထီလာ ⚠️

မိတ္ထီလာဖြတ်၍ မိတ္ထီလာလေတပ်မှ  ဂျက်ဖိုက်တာ ၁စီး အနောက်မြောက် အရပ်သို့ပျံသန်း။

#WaiHin
Mar 17, 3:14 PM
📫သတင်းပို့ရန် @WaiHinScout_Bot

https://t.me/https3starmyaing
မြိုင်မြို့နယ် 🔥

မြိုင်မြို့နယ် ကန်နီပျူရွာ မှ စစ်ခွေး ပျူခွေးများ မှာ ယနေ့မနက် ၉နာရီ အချိန်က တောမီးများ စတင်ရှို့ခဲ့ရာ ကန်နီရွာ အရှေ့တောင်ဘက်တွင် ယ္ခုအချိန်ထိလောင်နေသေးကြောင်း သိရပါသည်။

Mar-17/3:23PM

#3SM

ဗစ်တာ


3 Star ⭐️⭐️⭐️ Myaing

ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/https3starmyaing
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
တောင်သာ⚠️

တောင်သာအနောက်တောင်ခြမ်းဖြတ်၍ မိတ္ထီလာလေတပ်တက် ဂျက်ဖိုက်တာ ၁စီး အနောက်မြောက် အရပ်သို့ပျံသန်း။

#WaiHin
Mar 17, 3:19 PM
📫သတင်းပို့ရန် @WaiHinScout_Bot
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku pinned «မြိုင်မြို့နယ် 🔥 မြိုင်မြို့နယ် ကန်နီပျူရွာ မှ စစ်ခွေး ပျူခွေးများ မှာ ယနေ့မနက် ၉နာရီ အချိန်က တောမီးများ စတင်ရှို့ခဲ့ရာ ကန်နီရွာ အရှေ့တောင်ဘက်တွင် ယ္ခုအချိန်ထိလောင်နေသေးကြောင်း သိရပါသည်။ Mar-17/3:23PM #3SM ဗစ်တာ 3 Star ⭐️⭐️⭐️ Myaing ပခုက္ကူခရိုင်အတွင်းရှိ…»
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
ရေစကြို⚠️

ရေစကြိုနယ်ဖြတ်၍ မိတ္ထီလာလေတပ်တက် ဂျက်ဖိုက်တာ ၁စီး အနောက်မြောက် အရပ်သို့ပျံသန်း။

#WaiHin
Mar 17, 3:22 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (ရောင်နီ ဖြာမယ့်လမ်း)
မြိုင်⚠️

မြိင်နယ် အရှေ့တောင်ခြမ်းဖြတ်၍ မိတ္ထီလာလေတပ်တက် ဂျက်ဖိုက်တာ ၁စီး အနောက်မြောက် အရပ်သို့ပျံသန်း။

#WaiHin
Mar 17, 3:24 PM
📫သတင်းပို့ရန် @WaiHinScout_Bot
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
Photo
ပခုက္ကူနှင့် မြိုင်မြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာများကို ရော့ကတ်၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိ

မတ်လ ၁၇ ရက်

မကွေးတိုင်း၊ ပခုက္ကူနှင့် မြိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ရော့ကတ်၊ ဒရုန်းများဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဘာမထီ လက်နက်ကြီးပြောက် ကျားတပ်ဖွဲ့ မြိုင် မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပခုက္ကူမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိုင်ချ တပ်စွဲထားသော ညောင်ဂျစ်ပင်ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အတွင်း ရော့ကတ် ၇ လုံးသည် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော အဆောက် အဦးပေါ်နှင့် ကာကင်းများ အနီ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း၊ လက်ရှိချိန်တွင် ညောင်ဂျစ်ပင် ပျူစောထီးရွာကို အကြမ်းဖက် စစ်တပ်က အောင်သာပျူစောထီးရွာမှ အင်အား ၃၀ ခန့် ထပ်မံဖြည့်တင်းထားကြောင်း သိရှိရသည်။

မတ်လ ၁၃ ရက်နေ့ကလည်း မြိုင်မြို့နယ်အတွင်းရှိ တွင်းမရွာ ပျူစောထီးစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေ အတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

"စစ်ခွေး ထိခိုက်သေဆုံးမှုကတော့ ရှိပါတယ်။ ကျနော်တို့ အရေအတွက်ကို ဆက်လက် စုံစမ်းနေပါတယ်။ အကြမ်းဖက် စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကို ဆက်လက် တိုက်ခိုက်သွားမှာမို့လို့ တော်လှန် ပြည်သူတွေအနေနဲ့လည်း ကျနော်တို့ တပ်ဖွဲ့တွေကို ထောက်ပို့မှုလေး လုပ်ဆောင်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်" ဟု ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ မြိုင် မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ ၊ ဘာမထီ.ကိုဆုံကြီး အဖွဲ့ ၊ PLC ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစု၊ Black Cobra Force Pakokku ၊ ကမ္မတပ်ပေါင်းစု တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#KTM
#HlaingInfo
#3SM

https://t.me/https3starmyaing
ကသာကနေ အင်းတော်ဘက်ကို စစ်ကူသွားဖို့ ရှင်လောင်းလှည့်သလို ထွက်လာတဲ့ မင်းအောင်လှိုင် စစ်ကျွန် အင်အား ၁၅၀ ပါတဲ့စစ်ကြောင်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ၂ ရက်ဆက်တိုက် ကြားဖြတ် တိုက်ခိုက်ရာ စစ်ခွေး ၄၀ ကောင်သေပြီး ၂၉ ဦး အရှင်မိကာလက်နက်ခဲယမ်းတွေလည်း အမြောက်အများ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကိုင်ထားတဲ့ သူချင်းဆို မအလ စစ်ခွေးတွေက သေတာပါပဲ
မြိုင်မြို့နယ် 🔥

မြိုင်မြို့နယ် ကန်နီပျူရွာ မှ စစ်ခွေး ပျူခွေးများ မှာ ယနေ့မနက် ၉နာရီ အချိန်က တောမီးများ စတင်ရှို့ခဲ့ရာ ကန်နီရွာ အရှေ့တောင်ဘက်တွင်  ယ္ခုအချိန်ထိလောင်နေသေးကြောင်း သိရပါသည်။

Mar-17/7:20PM

#3SM

ဗစ်တာ


3 Star ⭐️⭐️⭐️ Myaing

ပခုက္ကူခရိုင်အတွင်းရှိ  မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/https3starmyaing
မြိုင်မြို့နယ် ⚠️

မြိုင်မြို့နယ် အနောက်တောင်ပိုင်းရှိ တွင်းမပျူရွာမှ စစ်ခွေး ပျူခွေး တစ်ချို့မှာ မြိုင်မြို့နယ် တွင်းမပျူရွာ အရှေ့တောင်ဘက်ရှိ 4181Ft ဝန်းကျင်အကွာရှိ ကူတိုရွာ မစိုးရိမ်ဘုန်းကြီးကျောင်း တွင်ရောက်ရှိနေကြောင်း သိရပါသည်။

Mar -17/7:39PM

#3SM

3 Star ⭐️⭐️⭐️ Myaing


ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/https3starmyaing
🥵 နွေရောက်ပြီမို့ အပူဒဏ်ကို ကာကွယ်ကြစို့ 🥵

နှစ်စဥ်နှစ်တိုင်း ပူပြင်းတဲ့ နွေရာသီရောက်ချိန်မှာ သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူအများစုဟာ အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်ခံစားရလျက် ရှိပါတယ်။

အထူးသဖြင့် ရောဂါအခံရှိသူများ၊ ကျန်းမာရေးဗဟုသုတ အားနည်းသူများ၊ အနေအထိုင်မဆင်ခြင်သူများဟာ အပူဒဏ်ကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးကြရပါတယ်။

အသက်အရွယ်ကြီးရင့်သူများ၊ မွေးကင်းစကလေးငယ်များနဲ့ အရက်သေစာသောက်သုံးသူများဟာ အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်နိုင်ခြေ ပိုများပါတယ်။
...
...

🔥 ရာသီဥတုပူပြင်းရင် ဘာတွေဖြစ်မလဲ

လူ့ခန္ဓာကိုယ်ဟာ သတ်မှတ်အပူချိန်တစ်ခုမှာပဲ ရှင်သန်နိုင်တာမို့ ခန္ဓာကိုယ်အတွင်း အပူဓာတ်တအားများလာတဲ့အခါ ဒီအပူကို ပြန်လည်စွန့်ထုတ်ရပါတယ်။ အဓိကအားဖြင့် ချွေးမှတစ်ဆင့် အပူကို ပြန်လည်စွန့်ထုတ်ရပါတယ်။

အပြင်မှာ ရာသီဥတုအရမ်းပူပြင်းတဲ့အခါ အပူဓာတ်တွေဟာ ခန္ဓာကိုယ်တွင်း ဝင်ရောက်လာပါတယ်။

ဒီအခါမှာ ခန္ဓာကိုယ်ဟာ အရေပြားအောက်မှာရှိတဲ့ သွေးကြောလေးတွေကိုချဲ့ထွင်ပြီး သွေးလည်ပတ်မှုအားကောင်းအောင် စတင်လုပ်ဆောင်ပါတော့တယ်။ ချွေးထုတ်ပေးမယ့် ဂလင်း (Glands) လေးတွေ ပိုပြီး ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့အတွက်ပါ။

ချွေးဂလင်းလေးတွေမှတစ်ဆင့် ချွေးကို စွန့်ထုတ်ပစ်လိုက်ရာမှာ အပူဓာတ်သာမက ရေနဲ့ ဓာတ်ဆားတွေကိုပါ ခန္ဓာကိုယ်က ဆုံးရှုံးသွားပါတယ်။ ဒီလိုနဲ့ အချိန်ကြာလာတဲ့အခါမှာတော့ ရေဓာတ်ခမ်းခြောက်ပြီး အပူကိုမစွန့်ပစ်နိုင်ဘဲ ခန္ဓာကိုယ်အတွင်းရှိ သက်ရှိဆဲလ်တွေ ပျက်စီးပါတယ်။ ကိုယ်တွင်းရှိ ကလီစာတွေလည်း ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ဘဲ အသက်ဆုံးရှုံးသည်အထိ ဖြစ်နိင်ပါတယ်။
...
...

🔥 အပူလွန်ကဲရင် ဘယ်လိုဝေဒနာတွေ ခံစားရမလဲ။

ရေနဲ့ဓာတ်ဆားတွေဆုံးရှုံးပြီး ခန္ဓာကိုယ်တွင်း အပူချိန်မြင့်တက်လာတဲ့အခါမှာ အာရုံကြောဆိုင်ရာလက္ခဏာတွေဖြစ်တဲ့

- စိတ်တို စိတ်ဆတ်တာ
- ထင်ယောင်ထင်မှားဖြစ်တာ
- သတိမေ့တာ
- သတိလစ်မေ့မြောတာ
- တက်တာ
- လေဖြတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒါ့အပြင် ...

- မောပန်းလွယ်တာ
- အားနည်းတာ/နုံးတာ
- ကြွက်သားအားနည်း/ပျက်စီးတာ
- နှလုံး ကောင်းကောင်းအလုပ်မလုပ်တာ
- ကျောက်ကပ်ပျက်စီးတာ
- အသည်းပျက်စီးတာ
- ဦးနှောက်ထိခိုက်တာတွေအထိ ဖြစ်နိုင်ပြီး နောက်ဆုံးမှာ အသက်ဆုံးရှုံးနိုင်ပါတယ်။
...
...

🔥 ဘယ်လို ကာကွယ်ကြမလဲ။

- အရိပ်အေးမြပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ နေပါ။
- အလင်းပြန်တဲ့ အဖြူရောင် (သို့မဟုတ်) အရောင်ဖျော့ဖျော့၊ ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ပါ။
- နေပူထဲထွက်ရပါက ထီး (သို့မဟုတ်) ဦးထုပ်ဆောင်းပါ။ အရိပ်ရတဲ့နေရာများမှာ မကြာခဏ အနားယူပါ။
- နေပူထဲကပြန်လာပြီး ချက်ချင်းရေချိုးတာနဲ့ မနက် (၁၀) နာရီမှ ညနေ (၅) နာရီအတွင်း အမိုးအကာမရှိတဲ့ နေရာများမှာ ရေချိုး၊ အဝတ်လျှော်ခြင်းများကို ရှောင်ကြဥ်ပါ။
- ပူပြင်းတဲ့ နေရောင်အောက်မှာ အလုပ်လုပ်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားခြင်းများကို ရှောင်ကြဥ်ပါ။
- အရက်သေစာ သောက်စားခြင်းမှ ရှောင်ကြဥ်ပါ။
...
...

🔥 အရေးပေါ် ရှေးဦးပြုစုနည်း

အပူဒဏ်ကြောင့် သတိလစ်မေ့မြောနေတဲ့ လူနာကို တွေ့ရှိပါက...

• လူနာကို အရိပ်ရအေးမြတဲ့နေရာသို့ ရွှေ့ပါ။ ပန်ကာ (သို့မဟုတ်) လေအေးစက်ရှိပါက ဖွင့်ထားပါ။
• လူနာကို ပက်လက်အနေအထားဖြင့်ထားရှိပြီး ခြေရင်းကို အနည်းငယ်မြှင့်ထားပေးပါ။
• အဝတ်အစားများကို ချွတ်ပါ။
• ကိုယ်ပေါ်သို့ ရေအေးအေး ဖြန်းပေးပါ။
• လည်ပင်း၊ ချိုင်းနှစ်ဖက်နဲ့ ပေါင်ခြံနှစ်ဖက်တို့ကို ရေအေးအေး (သို့မဟုတ်) ရေခဲစိမ်ထားတဲ့ အဝတ်များဖြင့် ရေပတ်တိုက်ပေးပါ။
• လူနာကောင်းစွာ သတိရနေပါက ရေအေးအေးနဲ့ ဓာတ်ဆားရည် တိုက်ပေးပါ။

အထက်ပါအချက်အလက်များကို သိရှိလိုက်နာကျင့်သုံးခြင်းဖြင့် အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်ခံစားရမှုဘေးမှ ပြည်သူအပေါင်း ကင်းဝေးကြပါစေကြောင်း ဆုတောင်းလျက်....။

❤️ တယ်လီကျန်းမာ ... လူတိုင်းအတွက်ပါ ❤️

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
* ပိတ်ရက်မရှိပါ *

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

(၁၆၊ ၃၊ ၂၀၂၂) ရက်နေ့က တင်ခဲ့သောပိုစ့်ကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။

https://t.me/https3starmyaing