ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ပေါက်မြို့နယ် 🔴

မိထ္ထီလာ ရှမ်းတဲ့လေတပ်မှ တပ်လာသောဂျတ်ဖိုက်တာ တစ်စီး ဖြင့် ပေါက်မြို့နယ် တောင်ပိုင်းရှိ ဇီးတောရွာနှင့် တောင်ဘက်ရွာ မြောက်ဘက်ရှိ (ဒေသအခေါ် ညောင်ပင်ကြီး ဇရပ်နား တွင် ယနေ့ညနေ ၆နာရီ ၄၁ မီနစ်အချိန်က လေကြောင်း တိုက်ခိုက်သွားကြောင်း သိရပါသည်။

Mar -16/8:28PM

#3SM

3 Star ⭐️⭐️⭐️ Myaing


ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/https3starmyaing
ချင်းတွင်းတံတား ⚠️

မုံရွာ/နမခမှ ထွက်လာသော စစ်ကောင်စီတပ်သား အင်အားပါ စစ်ကားကြီး (2)စီး ချင်းတွင်းတံတားဖြတ်၍အနောက်အရပ်သို့ ဦးတည်မောင်းနှင် နေကြောင်းသိရပါသည်။

#LOCALSOURCE

Mar 16, 8:50PM
https://t.me/https3starmyaing
မိဘပြည်သူများ အား လုံး ရာသီဥတု အခြေနေအရ အပူချိန်မြင့်တပ်လာပါသဖြင့် သတိပြုကြပါရန် အသိပေးအပ်ပါသည်။


📣📣 အပူချိန် အလွန်အမင်းမြင့်တက်ခြင်းနှင့်စပ်လျဉ်းသည့် သတိပေးချက်

☀️ ကမ္ဘာကြီး ပူနွေးလာမှုနှင့်အတူ ပြင်းထန်သည့် အပူလှိုင်းဖြတ်ခြင်းအပါအဝင် ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှုဖြစ်စဉ်များသည် ကမ္ဘာ့နေရာအနှံ့တွင် ဖြစ်ပွားလျက်ရှိပါသည်။ ၂၁ ရာစု အစောပိုင်းကတည်းကပင် ကမ္ဘာကြီးသည် ၁ ဒီဂရီ ဆဲလ်စီယပ်ခန့် ပိုမိုပူနွေးလာကြောင်း သုတေသန လေ့လာမှုများအရ တွေ့ရှိရပါသည်။ ယခု ၂၀၂၄ ခုနှစ်ဖြစ်စဉ်များအရ အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံ အများစုနှင့် အာရှနိုင်ငံအများစုသည် အပူချိန်ပြင်းထန်မှု၏ သက်ရောက်မှုများကို သိသိသာသာ ကြုံတွေ့ခံစားရလျှက်ရှိပြီး အာရှနိုင်ငံအချို့တွင် အချိန်အခါမဟုတ်မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ရေကြီးခြင်း ဖြစ်စဉ်များလည်း ဖြစ်ပွားလျက်ရှိသည်။

☀️ ယင်းကဲ့သို့ အပူချိန်အလွန်အမင်း မြင့်တက်မှုများကြောင့် နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာ ပြဿနာများကိုလည်း ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။ အပူချိန် အလွန်အမင်းမြင့်တက်ခြင်းကြောင့် အရေပြားနေလောင်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း၊ ကြွက်တက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ မူးဝေအော့အန်ခြင်း၊ အပူလွန်၍ သတိလစ်ခြင်းတို့အပြင် ပိုမိုပြင်းထန်ပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါသည်။

☀️ မြန်မာနိုင်ငံအလယ်ပိုင်းရှိ မြို့အများစုသည် ကမ္ဘာ့အပူဆုံးမြို့များစာရင်းတွင် ပါဝင်လျက်ရှိပြီး အပူလွန်ကဲခြင်းကြောင့် အသက်ဆုံးရှုံးရသည့်ဖြစ်စဉ်များမှာ မြို့ကြီးအများစုတွင် ဖြစ်ပွားလျက်ရှိသည်။ မိုးလေဝသ ခန့်မှန်းချက်များအရ လာမည့်ရက်သတ္တပတ် အတွင်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့တွင် အပူချိန် ပြောင်းလဲမှုများကို ကြုံတွေ့ရနိုင်ပါသည်။

🚨 အပူချိန်နှင့် စိုထိုင်းဆကို တိုင်းတာသည့် အညွှန်းကိန်းများအရ အပူချိန် ၄၀ ဒီဂရီဆဲလ်စီယပ်နှင့် အထက်သို့ရောက်ရှိနေပါက အန္တရာယ်ရှိသည့် အခြေအနေဖြစ်သည့်အတွက် အောက်ပါတို့ကို သတိပြု နေထိုင်သင့်ပါသည်-

👉 နေ့လည်ခင်းအချိန်တွင် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့မှုကို ရှောင်ရှားပါ။ အထူးသဖြင့် အပူချိန်အပြင်းထန်ဆုံးဖြစ်သည့် နေ့လည် ၁၂ နာရီမှ ညနေ ၃ နာရီအတွင်း နေရောင်ခြည်နှင့် ကြာရှည်စွာ ထိတွေ့မှုမရှိအောင် နေထိုင်ရမည်။
👉 လေဝင်လေထွက်ကောင်းပြီး အရိပ်ရသည့် နေရာများတွင် နေထိုင်ပါ။
👉 ခန္ဓာကိုယ်၌ ရေဓါတ်အလုံအလောက် ရရှိစေရန်အတွက် ရေကို တတ်နိုင်သမျှ များများသောက်သုံးရမည်။ ရေဆာသည်အထိမစောင့်ဘဲ ရေကိုမကြာခဏ သောက်သုံးသင့်ပါသည်။
👉 မဖြစ်မနေအပြင်သို့ ထွက်ရမည်ဆိုပါက ထီး၊ ဦးထုပ်၊ နေကာမျက်မှန်၊ နေရောင်ကာကွယ်သည့် လိမ်းဆေးရည်များ လိမ်းပြီးမှ အပြင်သို့ထွက်ပါ။
👉 ပြင်းထန်သည့် အားကစားလှုပ်ရှားမှုများနှင့် အရက်သေစာသောက်စားမှုများကို ရှောင်ကြဥ်ပါ။
👉 ပွပွချောင်ချောင် အရောင်ဖျော့သည့် အဝတ်အစားများကို ဝတ်ဆင်ပါ။
👉 ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် နာတာရှည် ရောဂါသည်များသည် အပူကြောင့်ဖြစ်ပေါ်သည့် ကျန်းမာရေးအန္တရာယ်များကို ပိုမိုခံစားရနိုင်သည့်အတွက် အထူးဂရုစိုက်စောင့်ရှောက် သင့်ပါသည်။
👉 အပူချိန်ပြင်းထန်မှုကြောင့် ဖြစ်ပေါ်နိုင်သည့် ရောဂါလက္ခဏာများ တွေ့ရှိပါက ရှေးဦးသူနာပြုစု ခြင်းကို အလျင်အမြန် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ပိုမိုဆိုးဝါးသည့် အခြေအနေတွင် ပြုစုကုသမှုကို အမြန်ဆုံးခံယူပါ။
👉 လေအေးပေးစက် တပ်ဆင်ထားသည့် အခန်းအတွင်း၊ ယာဉ်များအတွင်းမှ အပူချိန်ပြင်းထန်သည့် ပြင်ပသို့ချက်ချင်းထွက်ခြင်း၊ ပြင်ပမှ လေအေးပေးစက် တပ်ဆင်ထားသည့် အခန်းအတွင်း၊ ယာဉ်များအတွင်း ချက်ချင်းဝင်ခြင်းများကို သတိထားရှောင်ရှားပါ။
👉 အပူချိန် မြင့်တက်နေချိန်အတွင် ယာဉ်ကားများထဲတွင် ကလေးငယ်များနှင့် အိမ်မွေးတိရစ္ဆာန်များကို ကျန်ရစ်ခြင်းမရှိအောင် သတိပြုပါ။ 

🌡️ မြန်မာနိုင်ငံအနေဖြင့် လာမည့်ရက်သတ္တပတ်အတွင်း အပူချိန်များ အနည်းငယ်ပြန်လည်ကျဆင်း နိုင်သော်လည်း အပူချိန် အလွန်အမင်းမြင့်တက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများကို အထူးသတိပြု နေထိုင်ကြပါရန် အသိပေးအပ်ပါသည်။

#3SM

https://t.me/https3starmyaing
ဗုဒ္ဓသာသနံ စိရံတိဌထု ဟုဆိုကာ ဘုန်းကြီးကျောင်းအား လေကြောင်းမှ ဗုံးကြဲပူဇော်ထားပြန်

တအာင်းတပ်မတော် TNLA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို အကြမ်းဖက်စစ်‌ကောင်စီ လေတပ်က မတ် ၁၆ ရက်၊ ညနေ ၅ နာရီခွဲခန့်မှာ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် သံဃာတော် ၉ ပါးနဲ့ ပြည်သူ ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီ လေတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် စက်သေနတ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကိုရင် ၈ ပါး၊ ဦးပဉ္ဇင်း တပါး၊ အပြစ်မဲ့ပြည်သူ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး ပေါင်း ၁၄ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့သလို နေအိမ်နဲ့ ကျောင်းဆောင်များစွာ ထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရသည်။
မြင်းခြံ

မတ်လ ၁၆ ရက်

ယခု ရက်ပိုင်းအတွင်း ရေလယ်ကျွန်းကို စစ်ကြောင်းထိုးနေသော စခ စစ်ကြောင်းသည် ပန်းညို၊မြေတော် အစရှိသော ရွာများကို မီးရှို့ကာ ပစ္စည်းများယူဆောင်ပြီး၊
သတ်ဖြတ်ခဲ့သော ကျေးရွာနေ ပြည်သူ ၂၀ ဦးဝန်းကျင်ရှိကာ ၊တချို့မှာ ခေါင်းဖြတ်ကာ မီးရှို့ခံရတာဖြစ်။
စစ်ကြောင်းမှာ ယခုထက်ထိ ရေလည်ကျွန်း ဆည်သည့် မြေစွန်း ဘိစပ်ကုန်း ညောင်မွှေးပင် ရွာများတွင် ရှိနေဆဲဖြစ်ပြီး မင်းရွာမှ စခ ပျူများဟာလည်း မြေစွန်းရွာမှ ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်သယ်ဆောင်လျက်ရှိ။

#မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
#MySN
Mar 16 , 8: 54PM

https://t.me/https3starmyaing
Forwarded from Hlaing People Channel (𝓣𝓱𝓲𝓽 𝓢𝓪𝓻)
ဖလမ်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေဟု CNDF ပြော

▪️စစ်ကောင်စီတပ် လေကြောင်းမှ အပြင်းအထန်ခုခံနေဟုဆို

ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်နှင့် မဟာမိတ်များက ဆင်နွှဲလျက်ရှိရာ ယခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခုခံနေသည်ဟု ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။

ချင်းညီနောင်မဟာမိတ်များသည် ၂၀၂၄ နိုဝင်ဘာ ဒုတိယပတ်ကစ၍ ဖလမ်းမြို့သိမ်း တိုက်ပွဲ ဆင်နွှဲလျက်ရှိရာ လေးလအကြာ မတ်လ ဒုတိယပတ်တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီတပ်ကုန်း ခလရ(၂၆၈)တပ်ရင်းအား စစ်ရှိန်မြှင့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“တိုက်ပွဲကတော့ နေ့တိုင်းလို ပြင်းထန်ပါတယ်။ နေ့တိုင်းလို အနည်းနဲ့အများ ရှိတာပေါ့။လေကြောင်းကတော့ တကယ်ကို ပြင်းထန်ပါတယ်။ မနေ့ညတင်ပဲ ၁၅၀ကျော် ၂၀၀နီးပါးပေါ့။ Y12နဲ့ ဆိုလို့ရှိရင် ဗုံးသီးချတာရှိတယ်။ အနီးအနားမှာရှိတဲ့ရွာတွေကိုလည်း ပတ်ပြီးတော့ဗုံးချတယ်ပေါ့။ နှစ်ဖက်တိုက်ပွဲက ပြင်းထန်နေတဲ့ အခြေအနေရှိပါတယ်"ဟု ဆလိုင်းတီမီက ပြောသည်။

မတ်လ ၁၁ရက်ကစ၍ ခလရ(၂၆၈)တပ်ရင်းအား အပြီးသတ်သိမ်းနိုင်ရေး ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး စစ်ကောင်စီက မတ်လ ၁၄ရက်ကစ၍ တိုက်ပွဲဖြစ်ပွားမှုမရှိသည့် မြို့အနီး ကျေးရွာများအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း ရှင်းပြသည်။

ထိုသို့ တိုက်ခိုက်ခဲ့၍ မိန်းကလေးအပါအဝင် ၂ဦး ဒဏ်ရာရရှိထားသော်လည်း အသက်အန္တရာယ် စိုးရိမ်စရာမရှိဟု ဆလိုင်းတီမီက ပြောသည်။

မတ်လ ဒုတိယပတ်တွင် ဖလမ်းမြို့သိမ်း စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအား စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိထားကြောင်းလည်း ဆလိုင်းတီမီက ပြီးခဲ့သည့် ရက်ပိုင်းတွင် ပြောထားသည်။

ဒေသသတင်းရင်းမြစ်အချို့၏ အသိပေးချက်အရ ချင်းညီနောင် မဟာမိတ်တပ်ဖွဲ့များဘက်ကလည်း ထိခိုက်ကျဆုံးအချို့ရှိသည်ဟု ဆိုသည်။

ချင်းညီနောင်နှင့် မဟာမိတ်များသည် မတူပီ၊ ကျင်ဒွေး၊ မင်းတပ်၊ ကန်ပက်လက်မြို့များကို အပြီးသတ် သိမ်းပိုက်ထားပြီး ဖလမ်းမြို့ သိမ်းနိုင်ရေးကြိုးစားနေခြင်းဖြစ်ကာ လက်ရှိတွင် မြို့အပါအဝင် မြို့နယ်အတွင်း ဧရိယာအများစုကို ထိန်းချုပ်ထားသည်။

စစ်ကောင်စီဘက်ကလည်း ဖလမ်းမြို့မကျရေး လေကြောင်း ပစ်ကူအပြင်းအထန် ပြုလုပ်နေသည့်အပြင် ယခင်က လေကြောင်းမှ စစ်ကူအင်အားဖြည့်တင်းရန် ကြိုးပမ်းခဲ့သည်။

ထိုသို့ ကြိုးပမ်းခဲ့သော်လည်း ချင်းညီနောင်၏ တိုက်ခိုက်မှုကြောင့် စစ်ကူတပ်များ အထိနာခဲ့ပြီး စစ်သုံ့ပန်းအများအပြားကို ချင်းညီနောင်မဟာမိတ်များက ဖမ်းဆီးထားနိုင်ခဲ့သည်။

People's Spring
#HPC
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
ရေစကြိုမြို့နယ် ⚠️ မတ်လ ၁၆ ရက်နေ့ ယနေ့မနက် ပိုင်း ၆နာရီ ၄၅ မီနစ်အချိန်က ရေစကြိုမြို့ နယ် ပခန်းကြီး မြို့ဟောင်းမှ အနောက်ဘက်သို့ထွက်ခွာလာသော စစ်ခွေး စစ်ကြောင်း နှင့် ရိက္ခာ ကား ၄ စီး မှာ ယနေ့ညနေ ၃နာရီ ၁၈ မီနစ်အချိန်က ရေစကြိုမြို့နယ် မြေခဲတောင် ရွာအတွင်း သ…
ရေစကြိုမြို့နယ် ⚠️

ယနေ့မနက် ၇နာရီ ၂၀မီနစ်အချိန်က

ရေစကြိုမြို့နယ် မြေခဲတောင်ရွာသို့ ညအိမ်တပ်စွဲးခဲ့သော စစ်ခွေး စစ်ကြောင်း နှင့် ရိက္ခာ ကား ၄ စီးမှာ မြေခဲတောင်ရွာ အနောက်ဘက်သင်္ချိန်းကြား လမ်းဟောင်းမှတစ်ဆင့် အနောက်သို့ ထွက်ခွာနေကြောင်း သိရပါသည်။

Mar -17/7:28AM

#3SM
သပြေညိုဌာနေ

3 Star ⭐️⭐️⭐️ Myaing


ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/https3starmyaing
ရေစကြိုမြို့နယ် ⚠️


ရေစကြိုမြို့နယ် မြေခဲတောင်ရွာမှ ထွက်လာသော စစ်ခွေး စစ်ကြောင်း ရှေ့ပြေးများမှာ မြေခဲတောင်ရွာ နှင့် ကျောက်တံခါးရွာကြား မြေခဲတောင်ရွာ ဆယ်မြောက်ဘက်သို့ရောက်ရှိနေကြောင်းသိရပါသည်။

Mar-17/8:04AM

#3SM

သပြေညိုဌာနေ

3 Star ⭐️⭐️⭐️ Myaing


ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/https3starmyaing
ပခုက္ကူမြို့ပေါ် ⚠️

ပခုက္ကူမြို့ပေါ်မှ အကြမ်းဖက် စစ်ကောင်စီ လက်ပါးစေ စည်ပင်အဖွဲ့မှ ပခုက္ကူမြို့ပေါ်ရှိ ပြည်သူနေအိမ်များ အပေါ် အမျိုးမျိုး ဒုက္ခ ပေး နေခြင်းကြောင့်မိဘပြည်သူများ အနေဖြင့် အခတ်အခဲးများဖြင့်ရင်ဆိုင်နေရကြောင်း သိရပါသည်။

ပခုက္ကူမြို့ပေါ် စစ်ကောင်စီ လက်ပါးစေ စည်ပင်အဖွဲ့အစီး မှ မြို့နေပြည်သူနေအိမ်များ အား လျပ်စစ် မီတာခ နှင့် ရေမီတာခ များကောက်ရာတွင် ကြသင့်သည့် မိတာ ယူနစ်အတိုင်းကောက်ခံခြင်းမရှိဘဲ စာရွတ်ပေါ် တွင် ၎င်းလက်ပါးစေများမှ ကြသင့်သည့်ငွေးကျေးထပ် အစပေါင်းများ စွား တောင်းခံခြင်းများ ပြုလုပ်နေကြောင်း သိရပါသည်။

မိဘပြည်သူများ အား လုံး စစ်ခွေး အန္တယ်မှကင်းဝေးကြပါစေ

Mar -17

#3SM

3 Star ⭐️⭐️⭐️ Myaing


ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/https3starmyaing
Forwarded from Wai Hin (ဝေဟင်) (နှင်း)
နေပြည်တော်⚠️

နေပြည်တော်ဖြတ်၍ ဂျက်ဖိုက်တာ ၁စီး မြောက်အရပ် သို့ပျံသန်း။

#WaiHin
Mar 17, 8:30 AM
📫သတင်းပို့ရန် @WaiHinScout_Bot
မိတ္ထီလာ ⚠️

မိတ္ထီလာလေတပ်မှ ဂျက်ဖိုက်တာ ၁ စီး အနောက် အရပ်သို့ ပျံတက်။

#WaiHin
Mar 17,  8:41AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (နှင်း)
ငါန်းဇွန် ⚠️

 ငါန်းဇွန် နယ် ဖြတ်၍   Y-12 စစ်ထောက်ပို့ ဗုံးကြဲလေယာဉ် ၁စီး  အနောက်မြောက်  အရပ်သို့ ပျံသန်း။

#WaiHin
Mar17,8:57AM
📫သတင်းပို့ရန် @WaiHinScout_Bot
တံတားဦး ⚠️

တံတားဦးလေတပ်မှ  ၂စီးမြောက် ဂျက်ဖိုက်တာ ၁စီး  အနောက်မြောက် အရပ်သို့ပျံတက်။

#WaiHin
Mar 17,  9:00AM
📫သတင်းပို့ရန် @WaiHinScout_Bot
မိတ္ထီလာ⚠️

မိတ္ထီလာ လေတပ်မှ ဂျက်ဖိုက်တာ ၁ စီး မြောက် အရပ် သို့ ပျံတက်။

#WaiHin
Mar17,9:20AM
📫သတင်းပို့ရန် @WaiHinScout_Bot
မိတ္ထီလာ ⚠️

မိတ္ထီလာဖြတ် မိတ္ထီလာလေတပ်တက် ဂျက်ဖိုက်တာ ၁ စီး အနောက်မြောက် အရပ်သို့ ပျံသန်း။

#WaiHin
Mar 17,  9:20AM
📫သတင်းပို့ရန် @WaiHinScout_Bot

ရေစကြို မြိုင် ပေါက် ပခုက္ကူ ဆိပ်ဖြူ သတိပြု
⚠️ မြိုင် ပခုက္ကူ ရေစကြို ပေါက် ဆိပ်ဖြူ ⚠️


ဝမ်းတွင်း  ⚠️

ဝမ်းတွင်းဖြတ် မိတ္ထီလာလေတပ်တက် ဂျက်ဖိုက်တာ ၁ စီး အနောက်မြောက် အရပ်သို့ ပျံသန်း။

#WaiHin
Mar 17,  9:22AM
📫သတင်းပို့ရန် @WaiHinScout_Bot