ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ မြေစွန်းတော်ကျေးရွာကို မတ်လ ၂ ရက်နေ့ နံနက်ပိုင်း 6:30 am အချိန်တွင် ပခုက္ကူ တပ်မ ၁၀၁ ၊ ရေစကြို ၂၅၆၊ ၂၅၇၊ ၂၅၈ တို့မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းကာ ပြည်သူပိုင် ပစ္စည်းဥစ္စာများကို ခိုးယူလုယက်ယူဆောင်ပြီး နေအိမ်များကို ရွာလုံးကျွတ်နီး မီးရှို့ဖျက်ဆီးကာ လွတ်အောင်ထွက်မပြေးနိုင်ကြသော သက်ကြီးရွယ်အိုများအပါအဝင် ဒေသခံပြည်သူများကို သတ်ဖြတ်ထားခဲ့ကြပါသည်။ လတ်တလော အတည်ပြုနိုင်သော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သတ်ဖြတ်ထားခဲ့သည့် ပြည်သူ (၅) ဦးမှာ  မြေစွန်းတော်ရွာ ဒေသခံပြည်သူများဖြစ်ကြသော အသ် ၇၀ ကျော်အရွယ် ဦးဟန်တင်၊ အသက် ၆၀ အရွယ် ဦးဌေးမြင့်၊ အသက် ၈၈ နှစ်အရွယ် ဦးသံမဏိ၊ အသက် ၆၀ အရွယ် ဒေါ်သန်းပြည့် နှင့် အသက် ၈၆ နှစ်အရွယ် ဒေါ်လှ‌ငွေ တို့ဖြစ်ကြောင်း အချို့မှာ သတ်ဖြတ်ပြီး နေအိမ်များနှင့်အတူ မီးရှို့အလောင်းဖျောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ရေစကြို၊ မတ် ၆

ဓါတ်ပုံ - အကြမ်းဖက်စစ်ကောင်စီတပ်က ၃ ရက်ကြာ မီးရှို့ဖျက်ဆီးခဲ့သော မြေစွန်းတော်ရွာ မီးလောင် ပျက်စီးမှုများ နှင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သတ်ဖြတ်ထားခဲ့သော ရုပ်အလောင်းများ)