ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku pinned «ပေါက်မြို့နယ် 🛑 ယနေ့မနက် ၁၀ နာရီ ၄၀မီနစ် အချိန်တွင် ပေါက်မြို့နယ်အနောက်တောင်ခြမ်းရှိချောင်းဇုံရွာအနီးတဝိုက်မှာ ဆိပ်ဖြူ ကပစ၂၂တက် Paramotor ခေါ်စက်တပ်လေထီး ၁စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွား ကြောင်းသိရပါသည်။ Feb 20 -3:38PM #3SM 3 Star Myaing…»
ယောနယ်အတွင်း ပြည်သူ့တော်-လှ-န်-ရေးအဖွဲ့အချို့က ရဲဘော်များ လ-က်-န-က်ပြ ခြိ-မ်းချော-က်မှုတွေရှိလာနေ

20.2.2025

မ-တ-ရား-မှု့များနဲ့ လ-က်-န-က်-ကို-င်ထားပြီး ပြည်သူ့ကိုအ-နို-င်-ကျ-င့်-နှိ-ပ်စ-က်၊အာ-ဏာ-ရှ-င်-စ-န-စ်-ကိုမ-ကြို-က်-လို့ ​နိုင်ငံနဲ့အဝန်းပြည်သူများက မ-ခံ-မ-ရ-ပ်-နိုင်ဖြစ်ကာ စ-စ်ကောင်စီ အာ-ဏာ-ရှ-င် အစိုးရကို ရရာ ဆ-န္ဒ-ပြ-ရာကတဆင့် လ-က်-န-က်-ကို-င်-လမ်းစဥ်ကိုရွေး လ-က်-န-က်ကို လ-က်-န-က်-ခြင်းပြ-န်-တို-က်-ခဲ့ကြရတာဖြစ်ပါတယ်။

အာ-ဏာ-ရှ-င်ကိုပြန်လည်တို-က်-ခို-က် တို-က်-ပွဲ-ဝင်နေကြတဲ့ရဲဘော်တွေဟာလည်း ဘယ်သူကမှ အ-တ-င်း-အ-ဓ-မ္မ စေ-ခို-င်း ဝင်ရော-က်-အ-မှု-ထ-မ်းစေခြင်းမဟုတ်သလို မိမိတို့သဘောနဲ့ အလိုအလျောက်ကျရောက်လာတဲ့ တိုင်းပြည်နဲ့လူမျိုးရဲ့တာဝန်ဟုမှတ်ယူကာ ဝင်ရောက်လ-က်-န-က်-ကို-င်-တော်-လှ-န်ခဲ့ကြတာဖြစ်ပါတယ်။

ပြည်သူကမွေးတဲ့ ပြည်သူ့သားများလို့ ခေါ်တွင်နိုင်ပါတယ်။

သို့သော် အချို့ အချို့သော ရဲဘော်များဟာ လ-က်-န-က်-ကို-င်-ထားရတာကို တကယ့် သူရဲကောင်းကြီးပမာ မှတ်ယူပြီး လ-က်-န-က်နဲ့ပါ-ဝါပြ အာ-ဏာ-ပြ ပြည်သူကို ဆက်ဆံပြုမူနေတာတွေကိုတွေ့နေရပါတယ်။ လ-က်-န-က်ရှိရင် ဘာမဆို စေ-ခို-င်း-လို့ရတယ်၊ လ-က်-န-က်ကို အ-မိ-န့်သဖွယ်၊တရား-စီ-ရ-င်-ရေးတခုလို အသုံးပြုနေတာဟာ လွှဲ-မှား-တဲ့ အပြုအမူနဲ့ လက်ရှိနေရာမှာသာယာ၊အရသာတွေ့နေကြတဲ့သဘောကိုသက်ရောက်စေပါတယ်။

နောက်ပြီး လ-က်-န-က်ပြကာ ပြည်သူတွေဆီက အခွန်ငွေတွေကိုကော-က်-ခံနေတာတွေကိုလည်းတွေ့နေရပါတယ်။လုံးဝ မဖြစ်သင့်ပါ။

တကယ့်ဖြစ့ရပ်မှန်အဖြစ်အပျက်တစ်ခုကိုပြောပြပါမယ်။ ကယားပြည်နယ်လို့ခေည်တဲ့ကရင်နီပြည်မှာ အလားတူပြဿနာတရပ်ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ဖြစ်စဥ်က စျေးသည်တွေဆီက အခွ-န်-ကော-က်-ခံ-ရာမှာ ပြည်သူ့-တော်-လှ-န်-ရေးရဲဘော်တွေက ေသ-န-တ်ကိုင်ဆောင်လာခြင်းဖြစ်ပါတယ်။အခုလို ပြည်သူတွေဆီက တ-ရား-ဝင်အခွ-န်-ကော-က်-ခံလာရာမှာတောင် ေသ-န-တ်-ကို-င်-ဆော-င်လာခြင်းကို ကရင်နီပြည်သူတွေက လုံးဝ-လ-က်-မခံပါဘူး။ ဖြစ်စဥ်ကို တာဝန်ရှိ တပ်ရင်းမှူးများထံကို ပြည်သူတွေကတင်ပြရာ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေက ပြည်သူကို တရားဝင်ပြန်လည်တော-င်း-ပ-န်ခဲ့ကြရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ယောနယ်တနေရာမှာ ညကြီးအချိန်မတော်ကျမှ ပြည်သူတဦးရဲ့ (..)ဆီ သောက်စားးမူးယစ်နေပြီးမှ လ-က်-န-က်တွေနဲ့ လာ-ရော-က်-ဆဲ-ဆို- ရ-မ်း-ကား အခွန်ဟုဆိုကာ ငွေတော-င်း-ခံ-တဲ့ဖြစ်စဥ်ဖြစ်ခဲ့ပါတယ်။

ဖြစ်စဥ်အသေးစိတ်ကိုရေးတင်ပြရင် လ-က်-န-က်-ကို-င်ထားတဲ့သူတွေက ထပ်မံလာရောက် သော-င်း-ကျ-န်း-မှာကို ကာယကံရှင်ကကြော-က်တဲ့အတွက် ဘယ်သူ၊ဘယ်နယ်၊ဘယ်ရွာ၊ဘယ်နားက လို့ အတိအကျ မရေးပြရခြင်း ဖြစ်ပါတယ်။ဘယ်အဖွဲ့ဆိုတာကိုလည်း တမင်ချ-န်-လ-ပ်ထားတာဖြစ်ပြီး တော်-လှ-န်-ရေးအဖွဲ့အချင်းချင်းပြန်လည်ထိ-န်းကျော-င်းနိုင်ရန်ကိုလည်းရည်ရွယ်တာပါ။

ဖြစ်စဥ်ပါ သက်ဆိုင်ရာအဖွဲ့ကလည်း ကိုယ့်ရဲဘော်တွေကိုကိုယ်ပြ-န်-ထိ-န်းနိုင်ကြပါစေ။

လ-က်-န-က်-ကို-င်မထားတဲ့လူတွေက

လ-က်-န-က်-ကို-င်ထားတဲ့လူတွေကို

မ-ကြော-က်ရတဲ့နေ့
အဲဒီ့နေ့ဟာ

ဒီတော်-လှ-န်-ရေး-ပြီးဆုံးတဲ့နေဖြစ်မှာပါ။

#ပြည်သူသာအဓိက

@မင်းဒဿ
ယောအလင်းတန်း
MRSN
Feb 20 , 5:12PM

@myaing3starbot


https://t.me/m2nQSzdXozljZmM1
ပခုက္ကူမြို့နယ်

မြိုင်မြို့နယ် မကြီးစုရွာသို့ ညအိပ် တပ်စွဲး ခဲ့သော စစ်ခွေး ရိက္ခာကား ၃၂စီးမှာ ပခုက္ကူမြို့နယ် ကိုင်း ရွာ နားရှိ (ဒေသအခေါ်) ကိုင်း နှပဲးပင်နားသို့ရောက်ရှိနေကြောင်း သိရပါသည်။

Feb-20/4:20PM

#3SM

3 Star Myaing

ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/m2nQSzdXozljZmM1
လူမိုက်တွေက
ပါးစပ်သုံးပြီး
စကားပြောတယ်။

လူတော်တွေက
ဦးနှောက်သုံးပြီး
စကားပြောတယ်။

ဉာဏ်ရှိသူတွေက
နှလုံးသားသုံးပြီး
စကားပြောတယ်။

     ▫️ဂျက်မား
https://t.me/m2nQSzdXozljZmM1
မုံရွာ 6:10
ဗိုလ်ချုပ်လမ်းမပေါ်
စက်မူ့ ထိပ် ဖြည့်စတိုး
အနီးအနား  စစ်ခွေး ကားများ ရောက်ရှိနေကြောင်းသိရ
သတိထားနေထိုင် သွားလာကြပါရန်။🙏🙏🙏
https://t.me/m2nQSzdXozljZmM1
"ခွေးမီးဖုတ်ခံရတဲ့ ခလရ ၅၃"

ရိက္ခာထုတ်သွားတဲ့ ခွေးကားပေါ်ကို ပေါက်ပြားမက ဗိုက်ကြီးတကားကားနဲ့ ဘာလိုက်လုပ်တာလဲဟ ဖားပြုတ်ရ.. မင်းက စွပိုတွေ သိပ်ရေးတာပဲ..

အဲ့လို ရေးပြတော့ ကနဖော့ ရပ်ကွက်က စောက်တုံးတွေက ခွေးတပ်ထဲ အပြေးအလွှား ရောက်လာပြီး ခြင်းကြားတွေ လုထမ်းကြမယ် ထင်လို့လား..

ဆုတောင်းကွာ..

အ..ဟစ်..ဟစ်.. 🤣

#4C_TruthNews
ပုသိမ်လေတပ်စခန်းဌာနချုပ်မှ စစ်ရှုံးကောင်စီ တပ်ဖွဲ့ဝင် လေတပ်သား ၅ ဦး ထွက်ပြေး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အခြေစိုက် ပုသိမ်လေတပ်စခန်းဌာနချုပ်မှ စစ်ရှုံးကောင်စီ တပ်ဖွဲ့ဝင် လေတပ်သား ၅ ဦးဟာ မင်းအောင်လှိုင်ကို သစ္စာခံကာ စစ်တိုက်ရန် ဆန္ဒမရှိတော့တာကြောင့် ယခုရက်ပိုင်းအတွင်း အကြမ်းဖက် စစ်တပ်မှ ထွက်ပြေးသွားကြကြောင်း သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်သွားတဲ့ စစ်ရှုံးကောင်စီ တပ်ဖွဲ့ဝင် ၅ ဦးဟာ လက်ရှိအချိန်မှာ တော်လှန်ရေး တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။

#4C_#
https://t.me/m2nQSzdXozljZmM1
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ် ကိုင်းရွာရောက် စစ်ခွေး စစ်ကြောင်းနှင့် စစ်ခွေး ရိက္ခာကားများအနက် ရှေ့ပြေး စစ်ခွေး များမှာ ပခုက္ကူမြို့နယ် ကုန်းတက်ကန်ရွာ နားသို့ရောက်ရှိနေကြောင်းသိရပါသည်။

Feb 20 8:00PM

#3SM

3 Star Myaing


ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/m2nQSzdXozljZmM1
စက်တပ်လေထီး (ခေါ်) Paramotor

စစ်ရှုံးကောင်စီတပ်က လတ်တလော အသုံးပြု တိုက်ခိုက်နေတဲ့ Paramotor (ခေါ်) စက်တပ်လေထီးအကြောင်းကို 4C - ချန်နယ်က Admin တစ်ယောက် စစ်မြေပြင်အထိ ကိုယ်တိုင် သွားရောက် လေ့လာပြီး သုံးသပ် တင်ပြထားတာကို ဖော်ပြပေးလိုက်ပါတယ်။

စက်တပ်လေထီးကို ပစ်ချဖို့ ဖြစ်နိုင်လား

မျက်မြင် တွေ့ခဲ့ရတဲ့ အနေအထားအရ စက်တပ်လေထီးတွေဟာ ရွေ့လျားနှုန်း အလွန် နှေးကွေးပေမယ့် ခန့်မှန်းခြေ အမြင့်ပေ ၅၀၀၀ ကျော်ခန့်ကနေ ပျံသန်း တိုက်ခိုက်နေတာ ဖြစ်လို့ တော်လှန်ရေးတပ်တွေ အနေနဲ့ ထိရောက်တဲ့ တန်ပြန် ပစ်ခတ်မှုမျိုး လုပ်ဆောင်နိုင်ဖို့ မလွယ်ကူပါဘူး။ တချို့တွေ ရေးသားကြသလို ကာမိကာဇေ ဒရုန်းတွေ လွှတ်တင်ပြီး တိုက်ခိုက်ဖို့ ဆိုတာလဲ အလွန်မြင့်တဲ့ အနေအထား ဖြစ်နေလို့ မဖြစ်နိုင်လောက်ဘူးလို့ပဲ သုံးသပ်ရမှာပါ။

စက်တပ်လေထီးတွေရဲ့ တိုက်ခိုက်မှုက ထိရောက်မှု ရှိသလား

အဝေးကနေကတည်းက စက်တပ်လေထီးတွေရဲ့ အင်ဂျင်စက်သံကို ဆူညံစွာ ကြားနေရတဲ့အပြင် ရွေ့လျားနှုန်း အလွန်နှေးကွေးတာကြောင့် တော်လှန်ရေး တပ်ဖွဲ့တွေရော ပြည်သူတွေပါ ကြိုတင်သိရှိ ရှောင်ရှားချိန် ကောင်းကောင်းရပါတယ်။ ဒါ့အပြင် စက်တပ်လေထီးတွေရဲ့ တိုက်ခိုက်နိုင်စွမ်းကလဲ (ကိုယ်တွေ့ကြုံခဲ့ရတဲ့ အခြေအနေအရ) ၁၂၀ မမ ဗုံးသီး ၂ လုံးကိုပဲ ဟိုးအမြင့်ကြီးကနေ ကျချင်ရာကျ ရမ်းသန်း ပစ်ချတာ ဖြစ်လို့ ပစ်မှတ်ကို ထိဖို့ဆိုတာ အင်မတန် ခဲယင်းပါတယ်။

စက်တပ်လေထီးတွေကို အချိန်အခါမရွေး၊ ရာသီမရွေး အသုံးပြုနိုင်လား

လက်ရှိအချိန်အထိတော့ စစ်ရှုံးတပ်က စက်တပ်လေထီးတွေကို နေ့ရောညပါ အသုံးပြု တိုက်ခိုက်နေတာ တွေ့ရပါတယ်။ စက်တပ်လေထီးတွေရဲ့ တည်ဆောက်ပုံ သဘောတရားအရ လေထီးကို အဓိကထား အသုံးပြုနေတာမို့ မိုးသည်းထန်စွာ ရွာသွန်းချိန်နဲ့ လေတိုက်နှုန်း မြင့်မားနေချိန်မှာ အသုံးပြုဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်ရပါတယ်။

ပြည်သူတွေ အရမ်း စိုးရိမ်ဖို့ လိုသလား

လိုတိုရှင်း ပြောရရင် လုံးဝ ကြောက်စရာ မလိုပါ။ အပေါ်မှာ တင်ပြရေးသားခဲ့သလို အသံကို အကျယ်ကြီး ကြိုပြီး ကြားနေရတာရယ်၊ သယ်ဆောင်နိုင်တဲ့ ဗုံးသီး အရေအတွက်ကလဲ အလွန်နည်းပါးတာရယ်ကြောင့် ထိရောက်တဲ့ အလစ်အငိုက်ချောင်း တိုက်ခိုက်မှုမျိုး လုပ်ဆောင်ဖို့ မဖြစ်နိုင်ပါဘူး။ ထင်ရှားတဲ့ နမူနာတစ်ခုနဲ့ ဥပမာပေးရရင် ၁၅ မိုင်လောက် အကွာကနေ ကိုယ်မသိလိုက်ပဲ လှမ်းပြီး ပစ်လိုက်တဲ့ ဟောင်ဝစ်ဇာ လက်နက်ကြီးလောက်ကို ကြောက်စရာ မလိုတာပါ။

ဒါဆို ဘာ့ကြောင့် စစ်ရှုံးကောင်တွေက စက်တပ်လေထီးတွေကို အသုံးပြုနေတာလဲ

အငိုသန်တဲ့ ကလေးကို ဒေဝေါကြီး လာနေပြီ ပြောလိုက်ရင် အဲ့ကလေးက ချက်ချင်း အငိုတိတ်သွားတာကို ကြုံဖူးကြမယ် ထင်ပါတယ်။ လက်ရှိ စစ်ရှုံးကောင်တွေ အနေနဲ့ စက်တပ်လေထီးတွေကို ဒေဝေါကြီး ဗျူဟာနဲ့ ပြည်သူကို ခြိမ်းခြောက်ဖို့ အသုံးပြု တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။ စက်တပ်လေထီးကို လူတွေက ဘာမှန်း သေချာ မသိသေးလို့သာ ကြောက်ရွံ့ထိတ်လန့် နေကြရတာပါ။ တကယ်တော့ စက်တပ်လေထီး ဆိုတာ အဆိုတော် စောက်ဖျင်းကြီးရဲ့ ပျော့သော့သော့ကြီးလို အစွမ်းမထက်တော့တဲ့ ကြံမိကြံရာ ယန္တရား တစ်ခုမျှသာ။

PS. တော်လှန်ရေးတပ်တွေ ရှိနေတဲ့ နေရာကိုတော့ အမြင့်ကြီးကနေပဲ တိုက်ခိုက်ရဲတာမို့ အန္တရာယ် သိပ်မရှိလှပေမယ့် တော်လှန်ရေးတပ်တွေ မရှိတဲ့ ပြည်သူတွေရဲ့ မြို့ရွာတွေကိုတော့ အနိမ့်အထိ ဆင်းပြီး တိုက်ခိုက်လာနိုင်တာမို့ ဒီတစ်ခုကိုတော့ သတိထားကြစေချင်ပါတယ်။

ဒါကတော့ စက်တပ်လေထီးအကြောင်း ကိုယ်တိုင်ကိုယ်ကျ လေ့လာခဲ့တဲ့ Admin ရဲ့ သုံးသပ်ချက်ကို ပြန်လည် ဖော်ပြပေးထားတာပဲ ဖြစ်ပါတယ်။ ကိုယ်တိုင် ကြုံတွေ့ရဘူးတဲ့ တော်လှန်ပြည်သူတွေ အနေနဲ့လဲ မိမိတို့ရဲ့ အတွေ့အကြုံတွေကို ပြန်လည် မျှဝေပေးနိုင်ပါတယ် ခင်ဗျာ..။

#4C_#

https://t.me/m2nQSzdXozljZmM1
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku pinned «စက်တပ်လေထီး (ခေါ်) Paramotor စစ်ရှုံးကောင်စီတပ်က လတ်တလော အသုံးပြု တိုက်ခိုက်နေတဲ့ Paramotor (ခေါ်) စက်တပ်လေထီးအကြောင်းကို 4C - ချန်နယ်က Admin တစ်ယောက် စစ်မြေပြင်အထိ ကိုယ်တိုင် သွားရောက် လေ့လာပြီး သုံးသပ် တင်ပြထားတာကို ဖော်ပြပေးလိုက်ပါတယ်။ စက်တပ်လေထီးကို…»
"နှလုံးသွေးကြောပိတ်တယ်ဆိုတာ..."

နှလုံးမှာ အဓိကအရေးကြီးတဲ့ သွေးလွှတ်ကြောသုံးချောင်း ရှိပါတယ်။

ဒီသွေးကြောလေးတွေ ကျဉ်းတယ်/ ပိတ်တယ်ဆိုရင် နှလုံးကြွက်သားတွေဆီ သွေးအလုံအလောက်မရောက်တော့ပါဘူး။ အဲဒီအခါမှာ နှလုံးကြွက်သားတွေက ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ဘဲ ပုပ်သွားနိုင်ပါတယ်။ အဲဒါဆို ရုတ်တရက် အသက်အန္တရာယ်ရှိပါတယ်။

သွေးကြောကျဉ်းတဲ့/ ပိတ်တဲ့ ပမာဏအပေါ်မူတည်ပြီး လူနာအနေနဲ့ ရင်ဘတ်အောင့်မယ်။ အဲဒီကနေ ဘယ်ဖက်လက်မောင်း၊ ဘယ်ဖက်ပခုံး၊ မေးရိုးနားအထိ အောင့်နိုင်မယ်။ ပြီးရင် ချွေးစီးတွေထွက်ပြီး မောလာတာ၊ အသက်ရှူမဝတာတွေအထိ ဖြစ်နိုင်ပါတယ်။

နောက်ပြီး လက္ခဏာမပြဘဲ ရုတ်တရက်သတိလစ်ပြီး အသက်အန္တရာယ် ရှိနိုင်ပါတယ်။ စိတ်ပူရပါတယ်။
.

🔺ဘယ်လိုလူမျိုးတွေမှာ ပိုဖြစ်နိုင်လဲ။

- အသက်အရွယ်ကြီးသူတွေမှာ ဖြစ်လေ့ရှိပါတယ်။
- အမျိုးသားတွေက အမျိုးသမီးတွေထက် နှလုံးသွေးကြောကျဉ်းရောဂါ ပိုဖြစ်နိုင်ပါတယ်။
- မိသားစုမျိုးရိုးမှာ နှလုံးသွေးကြောကျဉ်းရောဂါရှိသူ တွေမှာလည်း ဖြစ်နိုင်တာကို တွေ့ရပါတယ်။
- ဆေးလိပ်သောက်သုံးသူတွေမှာ နှလုံးသွေးကြောကျဉ်းတာ/ ပိတ်တာ ပိုတွေ့ရသလို၊ ဆေးလိပ်မသောက်ပေမယ့် ဆေးလိပ်ငွေ့ ရှူရှိုက်မိတဲ့သူတွေမှာလည်း ဒီရောဂါဖြစ်နိုင်ပါတယ်။
- ဆီးချိုရောဂါရှိသူ၊ သွေးတိုးရောဂါရှိသူ၊ အဆီဓာတ်များသူ၊ အဝလွန်သူများ၊ ကိုယ်လက်လှုပ်ရှားမှုနည်းသူများမှာ နှလုံးသွေးကြောကျဉ်းတာ/ ပိတ်တာ အဖြစ် များပါတယ်။
.

ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်မလဲ။

အဓိကကတော့ ရင်ဘတ်အောင့်တာပါ။ ၁၅-၂၀ မိနစ် ကျော်ကြာ အောင့်နေနိုင်ပါတယ်။ ဒါ့အပြင် ပျို့ချင်တာ၊ အန်တာ၊ ချွေးထွက်တာ၊ ရင်တုန်တာတွေပါ ဖြစ်လာနိုင်ပါတယ်။

အသက်အရွယ်ကြီးသူတွေနဲ့ ဆီးချိုရှိသူတွေမှာတော့ ရင်ဘတ်အောင့်တာ မခံစားရဘဲ အမောဖောက်တာ၊ မူးပြီးမိုက်ခနဲဖြစ်တာ၊ သတိလစ်တာ၊ ဗိုက်အပေါ်နားကအောင့်တာ၊ လေဖြတ်တာမျိုးနဲ့လည်း လာနိုင်ပါတယ်။
.

နှလုံးသွေးကြောပိတ်ရင် ဘာတွေဆက်ဖြစ်နိုင်လဲ။

- နှလုံးခုန်စည်းချက်မမှန်ခြင်း
- ခန္ဓာကိုယ်တစ်ခုလုံးသို့ သွေးအလုံအလောက် မပို့ပေးနိုင်ခြင်း
- နှလုံးအမြှေးပါးရောင်ခြင်း
- နှလုံးကြွက်သားများပုပ်ပြီး နှလုံးအခန်းအတွင်းရှိ နံရံများပေါက်ပြဲခြင်း
- ရုတ်တရက်အသက်အန္တရာယ်ရှိခြင်း စတာတွေဖြစ်လာနိုင်ပါတယ်။
.

🔹ဘယ်လိုကုသမှုခံယူရမလဲ

အရင်ဆုံး အီးစီဂျီကိုကြည့်ပြီး ကုသမှုကွာခြားပါတယ်။

(၁) အရေးပေါ်သွေးကြောဖွင့်ရမယ့် အီးစီဂျီပုံစံလား
(၂) ဒါမှမဟုတ် ရောက်ရောက်ချင်းမှာ ချက်ကိုဆေးထိုးပြီး နောက်မှ သွေးကြောဓာတ်မှန်ရိုက်ကြည့်ပြီး သွေးကြောချဲ့ရမယ့် အီးစီဂျီပုံစံလား ကွဲပြားပါတယ်။ မတူပါဘူး။

ဒီမှာ အရေးကြီးဆုံးက အချိန်ပါ။
ရင်ဘတ်စအောင့်တဲ့အချိန်ကစပြီး အရေးကြီးပါပြီ။

အဲဒီအချိန်ကစပြီး ကြာလေလေ သွေးကြောလေးတွေက တဖြည်းဖြည်း ပိုပိုပြီးပိတ်လာတော့မှာပါ။

အရေးပေါ်သွေးကြောဖွင့်ရမယ့် သွေးကြောပိတ်တာမျိုးဆိုရင် ရင်ဘတ်စအောင့်တဲ့/ စဖြစ်တဲ့အချိန်ကနေ ၁၂ နာရီအတွင်း နှလုံးသွေးကြောစမ်းသပ်မှုရှိတဲ့နေရာ (ဆေးရုံ) ကိုရောက်နိုင်ရင် ပိုကောင်းပါတယ်။ တတ်နိုင်သမျှ စောစောရောက်သွားနိုင်ရင် အကောင်းဆုံးပါ။

ဒီလိုဆိုရင် အရေးပေါ်သွေးကြောဓာတ်မှန်ရိုက်ပြီး သွေးကြောချဲ့တာ လုပ်ရပါမယ်။
(ဒါက ခွဲစိတ်မှုမဟုတ်ပါ)

သွေးကြောချဲ့ဖို့ အဆင်မပြေရင်တော့ သွေးခဲဖျော်ဆေးသွင်းပါတယ်။ အားလုံးပြီးသွားလို့ ဆေးရုံဆင်းရင် ပေးတဲ့ဆေးတွေ မပျက်ပါစေနဲ့။ ပုံမှန်သောက်ပေးပါ။ ရက်ချိန်း ပုံမှန်ပြပေးပါနော်။
...
...

ဆက်ပြီးတော့လည်း
နှလုံးနဲ့သွေးကြော ခွဲစိတ်ကုသမှုအကြောင်းလေး နည်းနည်းပြောချင်ပါတယ်။

ဘယ်လိုလူနာတွေမှာ လုပ်ရလဲဆိုတော့ နှလုံးသွေးကြောချဲ့လို့မရတဲ့ လူနာတွေကို ခွဲစိတ်မှုလုပ်ရပါတယ်။ သွေးကြောတွေက ပိတ်တဲ့ပမာဏများနေပြီဆိုရင် ချဲ့လို့မရပါဘူး။ ခွဲစိတ်ကုသမှ ရပါလိမ့်မယ်။

ဒီခွဲစိတ်မှုကတော့ .....

နှလုံးမှာရှိတဲ့ ပိတ်နေတဲ့သွေးလွှတ်ကြောတွေကို ရင်ဘတ်ကသွေးလွှတ်ကြော/ လက်ဖျံကသွေးလွှတ်ကြော/ ခြေမျက်စိအထက်နားရှိ သွေးပြန်ကြော/ ဝမ်းဗိုက်အတွင်းရှိသွေးလွှတ်ကြော များနဲ့ အစားထိုးပြီးဆက်လေ့ရှိပါတယ်။

အဲဒီလိုဆက်လိုက်ခြင်းဖြင့် နှလုံးကြွက်သားတွေလည်း အလုပ်ပြန်လုပ်လာစေမှာ ဖြစ်ပါတယ်။

ခွဲစိတ်မှုကတော့ ရောဂါအခြေအနေအပေါ်မူတည်ပြီး ၅-၆ နာရီလောက် ခန့်မှန်းကြာလေ့ရှိပါတယ်။ တစ်ယောက်နဲ့တစ်ယောက်တော့ မတူပါဘူး။
...
...

💙 နှလုံးသွေးကြောကျဉ်းတာ/ ပိတ်တာ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ။

- ဆေးလိပ်မသောက်ပါနဲ့။
- ဆီးချို၊ သွေးတိုးမဖြစ်အောင် အနေအထိုင် အစားအသောက် ဂရုစိုက်ပါ။ ဖြစ်လာရင်လည်း ထိန်းနိုင်အောင် ဆင်ခြင်ရပါမယ်။
- အဆီဓာတ်တွေမများအောင် အဆီအဆိမ့် လျှော့စားပါ။
- အငန်စားတာလည်း ဆင်ခြင်ရပါမယ်။
- ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်ပြုလုပ်ပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။

ရောဂါဖြစ်မှကုသတာထက် မဖြစ်အောင်ဆင်ခြင်နေထိုင်ဖို့က အရေးကြီးဆုံးပါ။

နောက်ဆုံးပိတ် မှတ်သားထားစေချင်တာလေးက နှလုံးသွေးကြောကျဥ်း/ သွေးကြောပိတ်ဖြစ်လာရင် အချိန်က အရေးကြီးပါတယ်ဆိုတာလေးပါ။

အားလုံးပဲ နှလုံးကျန်းမာရေး ဂရုပြုကြပါလို့ မှာကြားရင်း.....❤️

နှလုံးခွဲစိတ်ဆရာဝန်တစ်ဦး
(တယ်လီကျန်းမာ)

SSNTIMES
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
မြိုင်မြို့နယ် 🔥 ဝက်ကျရွာ ရောက် စစ်ခွေးစစ်ကြောင်း မှ ဝက်ကျရွာမှ ပြည်သူပိုင်နေအိမ်များအား မီးရှို့နေကြောင်းသိရပါသည်။ Feb 20/11:01AM #3SM 3 Star Myaing ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန်…
မြိုင်မြို့နယ် 🔥

ဖေဖော်ဝါရီ  ၁၆ရက်နေ့ မနက်ပိုင်းက မြိုင်မြို့ပေါ်မှ ထွက်လာသောစစ်ခွေး  စစ်ကြောင်းမှာ မြိုင်မြို့နယ် ကံကြီးရိုး ရွာနှင် ရုံးပင်ကန်ရွာတို့ တွင် ညအိပ်တပ်စွဲ့ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် စီလောင်ရွာတွင် ညအိပ်တပ်စွဲးခဲပြီးနောက် ဖေဖော်ဝါရီလ. ၁၈ ရက်နေ့တွင် ကျောက်ဆောက်ရွာ သို့ညအိပ်တပ်စွဲးခဲ့ပြီး ယနေ့ ၁၉ ရက်နေ့ မနက် ၁၀ နာရီ ဝန်းကျင်အချိန် က ကျောက်ဆောက်ရွာမှ ပြည်သူနေအိမ် အလုံး ၅၀ ကျော် မီးလောင်ပျက်စီးခဲ့ရပြီး ၎င်း မီးလောင်အိမ်တွင် သက်ကြီးရွယ်အို အမျိုးသမီး တစ်ဦး ပါ မီးရှို့ ခံခဲ့ရပြီး ၎င်း အမျိုးသမီး အလောင်း အပါအဝင် အလောင်း ၄ လောင်း မီးရှို့ခဲ့သော

စစ်ခွေး စစ်ကြောင်း မှာ မြိုင်မြို့နယ် မကြီးစုရွာသို့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ညအိပ်တပ်စွဲးခဲ့ပြီးနောက် ယနေ့ နေ့လယ် ၁၁နာရီ အချိန်က ဝက်ကျရွာမှ ပြည်သူနေအိမ် ၁ လုံး ပြည်သူပိုင်နွား တဲး ၃ လုံး အား မီးရှို့ ခဲ့ကြောင်းသိရပါသည်။

Feb 20/9:08PM

#3SM

3 Star Myaing


ပခုက္ကူခရိုင်အတွင်းရှိ  မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot

https://t.me/m2nQSzdXozljZmM1
ပခုက္ကူမြို့နယ်


ကိုင်းရွာ အနောက်ဘက် (ဒေသအခေါ်) နှောပင်လမ်းခွဲးသို့ရောက်ရှိနေသော စစ်ခွေး ရိက္ခာ ကား များမှာ ၎င်း မှ တစ်ဆင့် ပခုက္ကူမြို့နယ် အင်ပင်ရွာဘက်သို့ ဦးတည်မောင်းနေကြောင်းသိရပါသည်။

Feb 20-9:19PM

#3SM

3 Star Myaing


ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/m2nQSzdXozljZmM1
ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku pinned «မြိုင်မြို့နယ် 🔥 ဖေဖော်ဝါရီ  ၁၆ရက်နေ့ မနက်ပိုင်းက မြိုင်မြို့ပေါ်မှ ထွက်လာသောစစ်ခွေး  စစ်ကြောင်းမှာ မြိုင်မြို့နယ် ကံကြီးရိုး ရွာနှင် ရုံးပင်ကန်ရွာတို့ တွင် ညအိပ်တပ်စွဲ့ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် စီလောင်ရွာတွင် ညအိပ်တပ်စွဲးခဲပြီးနောက် ဖေဖော်ဝါရီလ.…»
မင်္ဂလာနံနက်ခင်းပါခင်ဗျာ 🙏🙏🙏

မြတ်ဗုဒ္ဓ၏အေးမြသည့်မေတ္တာတော်ကြောင့် ဘေးရန်ခပ်သိမ်းကင်းဝေးကြပါစေ။

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတိုနှင့်ပြည့်စုံပါစေ။

အာဏာရူး ဘေးများမှအမြန်ဆုံးကျော်လွန်လွတ်မြောက်ကြပါစေ။

မိမိလိုအင်ဆန္ဒများအမြန်ဆုံးပြီးပြည့်စုံကြပါစေလို 3 Star အဖွဲ့သားများမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။
21 Feb 2025 10:00 am
⚠️
မြိုင်မြို့နယ် မှ ပြန်တဲ့ စစ်ရှုံးကောင်စီ အကြမ်း စခ ပခများ ရှေ့ပြေးကင်းများ ပခုက္ကူမြို့နယ် ကုန်းတက်ကန်ရွာကို ရောက်တယ်သိရပြီး ကားတန်းလဲရွေ့လျားနေပြီလို့သိရပါတယ်။

⚠️⚠️
ပြည်သူများ သတိထားသွားလာကြပါရန်။

#Pakokku
MRSN
Feb 21 , 10:12AM

@myaing3starbot


https://t.me/m2nQSzdXozljZmM1
မြောက်ယမားတံတား

မန္တလေးဘက်မှလာသော ကြေးနီသယ်တွဲကား နှင့် Acid tanker trucks များ (၄၉)စီး မှ နောက်ဆုံးလက်ကျန်(10)စီးသည် မြောက်ယမားတံတားကိုဖြတ်၍ ပုသိမ်-မုံရွာလမ်းအတိုင်း တောင်အရပ်သို့ မောင်းနှင်သွားကြောင်းသိရပါသည်။
Feb/21/12:11PM
https://t.me/m2nQSzdXozljZmM1
ပခုက္ကူမြို့နယ်

ယမန်နေ့က ကိုင်းရွာ သို့ညအိပ်တပ်စွဲးခဲ့သော စစ်ခွေး စစ်ကြောင်း မှ စစ်ခွေး ရှေ့ပြေးများ မှာ ပခုက္ကူမြို့နယ် ကုန်းတက်ကန်ရွာ နှင့် မကြီးကန်ရွာကြားတွင်ရောက်ရှိနေပြီး လက်နက်ငယ်များ ရမ်းသန်းပစ်ခတ်နေကြောင်း သိရပါသည်။

Feb 21-12:12PM

#3SM

3 Star Myaing

ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/m2nQSzdXozljZmM1
မြိုင်⚠️

မြိုင်နယ် ဖြတ်၍ မိတ္ထီလာလေတပ်တက် ဂျက်ဖိုက်တာ တစ်စီး အနောက်မြောက် အရပ်သို့ ပျံသန်း။

#WaiHin
Feb 21, 12:10 PM
📫သတင်းပို့ရန် @WaiHinScout_Bot

https://t.me/m2nQSzdXozljZmM1
ပခုက္ကူမြို့နယ်

ယမန်နေ့ညက ကိုင်းရွာသို့ညအိပ်တပ်စွဲးခဲ့သော စစ်ခွေး ရှေ့ပြေးများမှာ ပခုက္ကူမြို့နယ် အင်ပင်ရွာ အတွင်းသို့ဝင်ရောက်နေကြောင်းသိရပါသည်။

Feb 21-1:44PM

#3SM

3 Star Myaing


ပခုက္ကူခရိုင်အတွင်းရှိ မအလ စစ်ခွေး သတင်းများအား ယုံကြည်စိတ်ခြစွာပေးပို့နိုင်ပါသည်။ သတင်းပေးပို့ရန် @myaing3starbot


https://t.me/m2nQSzdXozljZmM1
Forwarded from Magway Regional Scout Network (YU ATARASHI)
☂️သတင်း

ဖေဖော်ဝါရီလ ၂၆ရက်နေ့တွင် ဧရာဝတီတိုင်း လပွတ္တာခရိုင်ဒေသမှာ မိုးများစွာရွာနိုင်ပါတယ်
ISSUED TIME
20/02/2025 12:53pm(MMT)


၂၄နာရီအတွင်း
ရေးခရိုင်း ထားဝယ်ခရိုင်ဒေသတွေမှာ မိုးအသင့်အတင့်ရွာနိုင်ပါတယ်
ISSUED TIME
20/02/2025 3:13pm(MMT)


📢📢
ဆေးရွက်ကြီးခူး မိုးသတိ
၂၀၂၅ဖေဖော်ဝါရီလ ၂၅ရက်နေ့ ၂၆ရက်နေ့တွေမှာ ကြံခင်း မြန်အောင် ကနောင် ရေကင်း မိုးညို အင်ပင် ထူးကြီးမြို့ မဲဇလီကုန်း အင်္ဂပူဒေသတွေမှာ ဆေးရွက်ကြီးခူးမိုးအနှောက်အရှက်အသင့်အတင့်ရွာနိုင်ပါတယ် 🌧️🌧️🌧️🐌🌱
ISSUED TIME
20/02/2025 5:02pm(MMT)


🌧🌧🌧
ရှမ်းပြည်နယ်အရှေ့ပိုင်း
တာချီလိတ်ခရိုင် ကျိုင်းတုံခရိုင်နှင့် ရွှေတြိဂံဒေသတွေမှာ ၂၀၂၅ဖေဖော်ဝါရီလ ၂၃ရက်နေ့မှ ၂၇ရက်နေ့အတွင်းမိုးတွေရွာနိုင်ပါတယ်
ISSUED TIME
20/02/2025 5:45pm(MMT)


Yangon Region rain 🌧🌧
ရန်ကုန်တိုင်းအတွင်းမှာ
၂၀၂၅ ဖေဖော်ဝါရီလ ၂၄ရက်နေ ၂၅ရက်နေ့တွေမှာ မိုးအသင့်အတင့်ရွာနိုင်ပါတယ်
မိုးရေထိမခံနိုင်သော မြို့ပြအဆောက်အဦး အင်ယာများ အုတ်လုပ်ငန်း လုပ်နေသူများ ပဲရိတ်သိမ်းနေသူများ မိုးကြောင့်ပျက်စီးမှုမရှိအောင် ကြိုတင်ပြင်ဆင်စီစဥ်ဆောင်ရွက်ကြပါလို့အကြံပြုလိုက်ပါတယ်
ISSUED TIME
20/02/2025 6:37pm(MMT)


၂၀၂၅ ဖေဖော်ဝါရီလ ၂၅ရက်နေ့တွင်
ရွှေကျင် မဒေါက် ညောင်လေးပင် ပြွန်တန်ဆာ ဒေသတွေမှာ မိုးရွာနိုင်ပါတယ် 🌧️🌧️🌧️
ISSUED TIME
21/02/2025 5:41am(MMT)


အုတ်လုပ်ငန်း
ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် အုတ်ထုတ်လုပ်သူများမိုးသတိထားကြပါ
၂၀၂၅ ဖေဖော်ဝါရီလ ၂၄ရက်နေ့နှင့် ၂၅ရက်နေ့တွေမှာမိုးရွာနိုင်ပါတယ်
ပျက်စီးမှုမရှိအောင် ကြိုတင်စိစဥ်လုပ်ကိုင်ဆောင်ရွက်ထားကြပါလို့အကြံပြုလိုက်ပါတယ်
ISSUED TIME
21/02/2025 8:24am(MMT)

ဂရုစိုက်ကြပါ
🙏🕊️🌄

မင်း ဂွတ် သီး Su Su San
https://www.facebook.com/susu.san.7921975
MRSN
Feb 21 , 1:53 PM
📬သတင်းပို့ရန်
@MagwayScoutBot