ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
မြောက်ဥက္ကာပမြို့နယ် တစ်နေရာတွင်  ၃ ကြိမ်ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွား

ဇန်နဝါရီလ  ၃၀ ရက်

မြောက်ဥက္ကာပမြို့နယ် တစ်နေရာတွင် ယနေ့  ည ( ၁၀   ) နာရီ (  ၀၂  )မိနစ်ဝန်းကျင်အချိန် ၌    🧨 ၃ ကြိမ်ဆက်တိုက်    ပေါက်ကွဲသံအကျယ်ကြီး    💣  ကြားရသည်ဟု ဒေသခံပြည်သူတစ်ဦးမှ Hlaing  Info သို သတင်းပေးပိုလာပါသည်။

ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်းဖော်ပြ သွားပါမည်။

#HlaingInfo

#3SM
Forwarded from Wai Hin (ဝေဟင်) (🅿️ŭ ©ħ@í)
တောင်သာ ⚠️

တောင်သာနယ်အရှေ့ခြမ်း တနေရာ ဂျက်ဖိုက်တာ ၁စီး ပျံဝဲနေ။

#WaiHin
Jan 30 ,9:58 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (🅿️ŭ ©ħ@í)
တောင်သာ ⚠️

တောင်သာနယ်အရှေ့ခြမ်း တနေရာ ဂျက်ဖိုက်တာ ၁စီး ပျံဝဲနေ။

#WaiHin
Jan 30 ,9:58 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (𝙲𝚊𝚕𝚕 𝚖𝚎 𝚋𝚢 𝚢𝚘𝚞𝚛 𝚗𝚊𝚖𝚎)
မင်္ဂလာဒုံ⚠️

မင်္ဂလာဒုံလေတပ်မှ ဂျက်ဖိုက်တာ ၁စီး အနောက်မြောက်အရပ်သို့ ပျံတက်။

#WaiHin
Jan 30,10:46 PM 
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (︎︎)
မန္တလေး

မန္တလေးဖြတ်၍ ဂျက်ဖိုက်တာ ၁စီး အနောက် တောင်အရပ်သို့ ပျံသန်း။

#WaiHin
Jan 30 , 10:46 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (︎︎)
စစ်ကိုင်း

စစ်ကိုင်းဖြတ်၍ ဂျက်ဖိုက်တာ ၁စီး တောင်အရပ်သို့ ပျံသန်း။

#WaiHin
Jan 30 , 10:48 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (︎︎)
🔴တောင်သာ🔴

တောင်သာနယ် တနေရာသို့ ဂျက်ဖိုက်တာ ၁စီးဖြင့် (9:58)PM ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားကြောင်းသိရပါသည်။

#WaiHin
Jan 30 , 10:52 PM
📫သတင်းပို့ရန် @WaiHinScout_Bot
#မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ
30.1.2025

ယနေ့မနက်အစော သန်းခေါင်ယံ 0:53 အချိန်ခန့်က
မြိုင်မြို့နယ်အနောက်ပိုင်းမှာရှိတဲ့
အောင်ဆန်းတက္ကသိုလ်အား အကြမ်းဖက်
စစ်ကောင်စီမှ ဂျက်ဖိုက်တာ နှစ်စီးဖြင့်
လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာမှာ
ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့
သိရပြီး
ယနေ့ညနေ 5:30 အချိန်ခန့်ကလည်း
မကွေးလေတပ်မှ ဂျက်ဖိုက်တာနှစ်စီး
တံတားဦးလေတပ်မှ ဂျက်ဖိုက်တာတစ်စီး
စုစုပေါင်းဂျက်ဖိုက်တာသုံးစီးနဲ့
အောင်ဆန်းတက္ကသိုလ်အား
လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ရာ
အဆိုပါတိုက်ခိုက်မှုကြောင့်
ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရပြီး
CDM ကျောင်းသူ မိန်းကလေးတစ်ဦး
Thay ဆုံးခဲ့ရတယ်လို့ သိရပါတယ်။

မြိုင်မြို့အနောက်တောင်ဘက် စက်မှု ၂ ထဲမှာ
ရောက်နေတဲ့ စစ်ကောင်စီတပ်တွေဟာ
ယနေ့မနက် 5:30 ဝန်းကျင်က စက်မှုကနေ
ခြေလျင်စစ်ကြောင်း ထွက်ခွာလာပြီး
9:00 ဝန်းကျင်မှာ
ကံယာကောင်းရွာမြောက်ဘက်ကနေတစ်ဆင့်
နေ့လည် 12:00 ဝန်းကျင်မှာ
မြိုင်မြို့နယ်အရှေ့တောင်ပိုင်း
မင်းကန်ရွာအနောက်ဘက် တောထဲကိုရောက်နေပြီး
ညနေပိုင်းအချိန်ထိ အဲ့ဒီတောထဲမှာရှိနေတယ်လို့
သိရပါတယ်။
ယခုညပိုင်း လှုပ်ရှားမှုရှိမရှိကိုတော့
မသိရသေးပါ။

ယနေ့မနက်ပိုင်းက ပခုက္ကူမြို့နယ်
အနောက်ဘုန်းကံရွာကနေ ထွက်လာတဲ့
စစ်ကောင်စီတပ်တွေဟာ
ညနေ 6:00 ဝန်းကျင်မှာ
မြိုင်မြို့နယ်အရှေ့တောင်ပိုင်း
ညောင်တွင်း(အရှေ့)ရွာအနီးမှာ ရောက်နေတယ်လို့
သိရပါတယ်။
ယခုညပိုင်းလှုပ်ရှာမှု ရှိမရှိကိုတော့
မသိရသေးပါ။

အဲ့ဒီစစ်ကြောင်းနှစ်ခု ပေါင်းမယ်လို့
ယူဆရပါတယ်။

We Love Myaing.
MRSN
Jan 30 , 11:15 PM

@myaing3starbot


https://t.me/m2nQSzdXozljZmM1
Forwarded from Wai Hin (ဝေဟင်) (︎︎)
နေပြည်တော်⚠️

နေပြည်တော်လေတပ်မှ ဂျက်ဖိုက်တာ ၁စီး တောင်အရပ်သို့ပျံတက်။

#WaiHin
Jan 30 ,11:31 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (︎︎)
နေပြည်တော်⚠️

နေပြည်တော်လေတပ်မှ ၂စီးမြောက် ဂျက်ဖိုက်တာ ၁စီး တောင်အရပ်သို့ပျံတက်။

#WaiHin
Jan 30 ,11:31 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (︎︎)
တံတားဦး⚠️

တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ ၁ စီး မြောက်အရပ်သို့ပျံတက်။

#WaiHin
Jan 31 ,12:06 AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (︎︎)
စစ်ကိုင်း⚠️

စစ်ကိုင်းဖြတ်၍ တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ ၁ စီး မြောက်အရပ်သို့ပျံသန်း။

#WaiHin
Jan 31 ,12:07 AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (︎︎)
မန္တလေး⚠️

မန္တလေး ဖြတ်၍ တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ ၁ စီး မြောက်အရပ်သို့ပျံသန်း။

#WaiHin
Jan 31 ,12:10AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (︎︎)
မတ္တရာ⚠️

မတ္တရာ ဖြတ်၍ တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ ၁ စီး မြောက်အရပ်သို့ပျံသန်း။

#WaiHin
Jan 31 ,12:13AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (︎︎)
စဉ့်ကူး⚠️

စဉ့်ကူး ဖြတ်၍ တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ ၁ စီး မြောက်အရပ်သို့ပျံသန်း။

#WaiHin
Jan 31 ,12:14AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (︎︎)
သင်္ကန်းညီနောင်⚠️

သင်္ကန်းညီနှောင် တနေရာ နေပြည်တော်လေတပ်တက် ဂျက်ဖိုက်တာ ၁ စီး ပျံဝဲနေ။

#WaiHin
Jan 31 ,12:13 AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (︎︎)
မန္တလေး

မန္တလေး ဖြတ်၍ ဂျက်ဖိုက်တာ ၁ စီး တောင်အရပ်သို့ပျံသန်း။

#WaiHin
Jan 31 ,12:22AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (𝙲𝚊𝚕𝚕 𝚖𝚎 𝚋𝚢 𝚢𝚘𝚞𝚛 𝚗𝚊𝚖𝚎)
စစ်ကိုင်း

စစ်ကိုင်းဖြတ်၍ ဂျက်ဖိုက်တာ ၁စီး တောင်အရပ်သို့ ပျံသန်း။

#WaiHin
Jan 31, 12:23AM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (︎︎)
တံတားဦး

တံတားဦးလေတပ်သို့ စဉ့်ကူးတနေရာ လေကြောင်းတိုက်ခိုက်ခဲ့သော ဂျက်ဖိုက်တာ ၁စီး ဆင်းသက်။

#WaiHin
Jan 31, 12:26AM
📫သတင်းပို့ရန် @WaiHinScout_Bot
"စစ်မှုထမ်းဥပဒေအရ အမျိုးသမီးတွေကို ဘယ်လိုမျိုး စုဆောင်း အသုံးချလာနိုင်သလဲ"

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့ပြ ကျေးရွာ ဒေသများတွင် အမျိုးသမီးတွေကို စစ်မှုထမ်းအဖြစ် စတင်ခေါ်ယူလာတယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်နေပါတယ်။

တရားမဝင် ထုတ်ပြန်အသက်သွင်းထားတဲ့ စစ်မှုထမ်းဥပဒေအရ သာမန်အားဖြင့် အသက်အရွယ် ၁၈-၂၇ နှစ်အတွင်း၊ ပညာရှင် ဖြစ်ပါက ၃၅ နှစ်အထိ အမျိုးသမီးများကို စစ်မှုထမ်းအဖြစ် ဆင့်ခေါ်နိုင်တယ်လို့ သတ်မှတ်ထားပါတယ်။

ထိုသို့ စစ်မှုထမ်းစာရင်းသွင်း ခေါ်ယူခံလာရနိုင်တဲ့ အမျိုးသမီးငယ်များအနေနဲ့ စစ်ကောင်စီတပ် က လုပ်ဆောင်လာနိုင်တဲ့ အခြေအနေများ နှင့် သတိပြုသင့်စရာများအား ကြိုတင် လေ့လာ သိရှိထားနိုင်ရန် ဖော်ပြအပ်ပါတယ်။

(၁) ဘယ်လိုသူတွေကို ရွေးချယ် ခေါ်ယူနိုင်ပါသလဲ။
- အလယ်တန်း၊ အထက်တန်း ပညာအရည်အချင်း ရှိသူများ နှင့် စာရင်းအင်း၊ သူနာပြု၊ ဆရာဝန်၊ နည်းပညာ စတဲ့ ပညာရှင်များအား စာရင်းသွင်း ခေါ်ယူလာနိုင်ပါတယ်။
- လျာထားချက်အင်အား စုဆောင်းရခက်ခဲလာပါက ကျေးလက်တောနယ် က အမျိုးသမီးငယ်တွေ၊ စစ်ကောင်စီတပ်တွင်း က အခြားအဆင့်စစ်သည်တွေရဲ့သားသမီးတွေကို ပစ်မှတ်ထားစုဆောင်းလာနိုင်ပါတယ်။

(၂) မည်သည့် သင်တန်းကျောင်း၊ နေရာတွေမှာ လေ့ကျင့် သင်တန်း ပေးနိုင်ပါသလဲ။
- အမှတ် (၄) အရာခံအကြပ်ကြီးသင်တန်းကျောင်း (ရကသ-၄)၊ ဗိုလ်သင်တန်းကျောင်း (ဗကသ-မှော်ဘီ) နှင့် တပ်မတော်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်း (တဆက) စတဲ့ မှော်ဘီမြို့အခြေစိုက် အမျိုးသမီး စစ်သင်တန်းကျောင်းတွေမှာ လေ့ကျင့် သင်ကြားနိုင်ပါတယ်။
- ထို့အပြင် ပြည်မပိုင်းဒေသ တိုင်းစစ်ဌာနချုပ်များရှိ အချို့ တန်းမြင့်လေ့ကျင့်ရေးကျောင်းတွေမှာလည်း သင်တန်းဖွင့်လှစ်နိုင်ပါတယ်။

(၃) ဘာတွေကို လေ့ကျင့် သင်ကြားပေးလာနိုင်ပါသလဲ။
- အခြေခံစစ်ပညာ၊ လက်နက်ငယ်၊ ရုံးလုပ်ငန်း၊ လက်ရုံးဘာသာရပ်၊ စစ်ဘက်အရပ်ဘက်ဥပဒေ၊ ခေတ်သစ် စစ်ဘက်နည်းပညာပိုင်းဆိုင်ရာများ လေ့ကျင့်သင်ကြားပေးလာနိုင်ပါတယ်။

(၄) မည်သို့သော တပ်ဌာန၊ နေရာတာဝန်တွေမှာ အသုံးပြု လာနိုင်သလဲ။
- ရှေ့တန်းစစ်ဆင်ရေးအတွက် ထုတ်နှုတ်လိုက်တဲ့ နောက်တန်းဌာန အမျိုးသားစစ်မှုထမ်းများနေရာမှာ အသုံးပြုနိုင်ပါတယ်။
- လက်ရုံးတပ်၊ ဝန်ထမ်းတပ် အပြင် ခြေလျင်တပ်ဌာနအသီးသီး မှာလည်း ခွဲဝေပို့လာနိုင်ပါတယ်။
- ရုံးဌာန၊ ဆက်သွယ်ရေး၊ နောက်တန်းတပ်လုံခြုံရေး၊ တပ်ပြင်လုံခြုံရေး စတဲ့ နေရာတာဝန်တွေ ချထားနိုင်ပါတယ်။
- စိတ်ဓာတ်မြင့်တင်ရေး နှင့် တန်ပြန်ဝါဒဖြန့် လုပ်ငန်းများတွင် အသုံးချလာနိုင်ပါတယ်။
- အလားတူ စနိုက်ပါအထူးတပ်ဖွဲ့၊ နည်းပညာအကူတပ်ဖွဲ့များ၊ ဒရုန်းတပ်ဖွဲ့များတွင် တာဝန်ပေးအပ် အသုံးပြုလာနိုင်ပါတယ်။
- အခြေအနေအရ တပ်စခန်းလုံခြုံရေး၊ လှုပ်ရှားစစ်ဆင်ရေး စတဲ့ စစ်မြေပြင်တာဝန်များလည်း စေခိုင်းခံလာရနိုင်ပါတယ်။

(၅) စစ်တပ်အတွင်းမှာ ဘယ်လိုမျိုးတွေ တွေ့ကြုံ ရင်ဆိုင်ရလာနိုင်ပါသလဲ။
- စစ်သင်တန်းကျောင်းများ၊ လုံခြုံရေးတပ်စခန်းများမှာ အဆက်အသွယ်၊ ဖုံးအင်တာနက် အသုံးပြုမှုများ ပိတ်ပင်တာ၊ ကန့်သတ်တာ၊ စောင့်ကြည်တာမျိုး လုပ်ဆောင်လာနိုင်ပါတယ်။
- အထက်အရာရှိကြီးများ၊ အမျိုးသားစစ်မှုထမ်းများ၏ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာ၊ ထိပါးစော်ကားတာ၊ ကျားမခွဲခြားဖိနှိပ် ပိတ်ပင်တာ၊ အခွင့်အရေး ချိုးဖောက်ကန့်သတ်ခံရတာ စတဲ့ အခြေအနေများ ကြုံတွေ့လာရနိုင်ပါတယ်။

(၆) ဘာတွေကို ကြိုတင်ပြင်ဆင် သိရှိ၊ ထားရှိဖို့ လိုအပ်မလဲ။
- ယုံကြည်စိတ်ချအားထားရတဲ့ မိသားစုဝင်များ၊ သူငယ်ချင်း အသိမိတ်ဆွေများ၏ အဆက်အသွယ် ဖုန်းနံပါတ်များ ကြိုတင်မှတ်သားထားရန်။
- လိုအပ်ပါက အရေးပေါ်ထွက်ခွာရန်နိုင်ရန်အတွက် အရေးကြီး စာရွက်စာတမ်းများ၊ လမ်းကြောင်းအခြေအနေများ ကြိုတင် ပြင်ဆင် လေ့လာ ချိတ်ဆက်ထားရန်။
- ပြည်သူ့ပန်းတိုင်ကဲ့သို့သော CDM စစ်သား အကူ အညီပေးရေးအဖွဲ့များ နှင့် တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပညာပေး ထုတ်ပြန်ချက်များအား လေ့လာမှတ်သားထားရန်။

(၇) အခြားသော သိရှိထားသင့်သည်များ။
- မိမိ နဲ့ ရင်းနှီးခင်မင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၊ သိရှိနီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့များနှင့် ကြိုတင်ချိတ်ဆက်မှု ရယူထားပါ။
- တပ်တွင်းကနေ တော်လှန်ရေးဘက်တော်သား (ဖရဲသီး)အဖြစ် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ပါ။
- သူ့လူကိုယ့်ဘက်သားအဖြစ် တော်လှန်ရေးအတွက် အထောက်အကူဖြစ်စေတဲ့ စစ်ရေး နှင့် တပ်လုံခြုံရေးဆိုင်ရာ အချက်အလက်များအား လေ့လာမှတ်သားပါ။
- စစ်မှုထမ်းစာရင်းသွင်း ခေါ်ယူခံရချိန်မှ၊ စစ်သင်တန်းကျောင်း၊ တပ်ဌာန၊ လုံခြုံရေး/စစ်ဆင်ရေး စတဲ့ အခြေအနေအမျိုးမျိူးတွင် ရုန်းကန်လွတ်မြောက်နိုင်ရန်၊ တော်လှန်ရေးအင်အားစုများထံ ဆက်သွယ်ပူးပေါင်းနိုင်ရန်အတွက် ကြိုတင်လေ့လာပြင်ဆင်ထားပါ။

ပြည်သူ့စစ်သားများ

https://t.me/m2nQSzdXozljZmM1