ပခုက္ကူ ခရိုင်အတွင်း ရှိ(မြိုင် ရေစကြို ပေါက် ပခုက္ကူ ဆိပ်ဖြူ) ​မြေပြင်သတင်းများ 3 Star Myaing Pakokku
2.54K subscribers
2.23K photos
95 videos
3.41K links
မြိုင်မြို့၊ မြိုင်မြို့နယ် ၊ရေစကြိုမြို့၊ရေစကြိုမြို့နယ် ၊ပခုက္ကူမြို့ ၊ပခုက္ကူမြို့နယ် ၊ပေါက်မြို့၊ ပေါက်မြို့နယ် ၊ဆိပ်ဖြူမြို့ ၊ဆိပ်ဖြူမြို့နယ် စသည့်မြို့နှင့်မြို့နယ်များမှ စစ်ခွေး မြေပြင် ရေပြင် လေကြောင်း သတင်းများအားပေးပို့နိုင်ပါသည်။
Download Telegram
Forwarded from Wai Hin (ဝေဟင်) (EDN 🍁)
မတ္တရာ

မတ္တရာနယ် အနောက် ခြမ်းဖြတ် Mi-17 သယ်ပို့ရဟတ်ယာဉ် ၁စီး တောင်အရပ်သို့ ပျံသန်း။

#WaiHin
Jan 30,  2:07PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (EDN 🍁)
နွားထိုးကြီး⚠️

နွားထိုးကြီးနယ် ‌တနေရာသို့ MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁စီးပျံဝဲနေ ။

#WaiHin
Jan 30, 2:13PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (EDN 🍁)
မန္တလေး

မန္တလေး နယ် ဖြတ်၍ Mi-17 သယ်ပို့ရဟတ်ယာဉ် ၁စီး တောင်အရပ်သို့ ပျံသန်း။

#WaiHin
Jan 30,  2:15PM
📫သတင်းပို့ရန် @WaiHinScout_Bot
မြိုင်နယ်က NUG တက္ကသိုလ်ကို စစ်အုပ်စု ပေါင် ၅၀၀ ဗုံး ကြဲတိုက်ခိုက်
ကျောင်းသားတစ်ဦး နဲ့ ဈေးသည်နှစ်ဦး ထိခိုက်ဒဏ်ရာရ၊
တက္ကသိုလ်ဖွင့်လှစ်တော့မယ်လို့ ပြောပြီး တစ်ရက်အကြာမှာ ဗုံးကြဲတိုက်ခိုက်တာဖြစ်၊

အီသာရမ် / MFP ၊ ဇန်နဝါရီ-၃၀

မကွေးတိုင်း မြိုင်မြို့နယ်ထဲမှာ ဖွင့်လှစ်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောင်ဆန်းပညာရပ်စုံ တက္က သိုလ်ကို စစ်အုပ်စုက ပေါင် ၅၀၀ ဗုံး‌ ငါးလုံးခန့် ကြဲချတိုက်ခိုက်ခဲ့လို့ ကျောင်းသားတစ်ဦးနဲ့ ဈေးသည်နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

မြိုင်မြို့နယ် အနောက်ပိုင်းမှာ  ဖွင့်လှစ်ထားတဲ့ NUG ရဲ့ အောင်ဆန်းပညာရပ်စုံ တက္ကသိုလ်ကို စစ်အုပ်စုက ဇန်နဝါ ရီလ ၂၉ ရက် ည ၁၂ နာရီခန့်မှာ ပေါင် ၅၀၀ ဗုံး ငါးလုံးခန့် ကြဲတိုက်ခိုက်တာဖြစ်ပြီး တက္ကသိုလ်အနီး ကွင်းပြင်အ တွင်း ကျရောက်ပေါက်ကွဲကာ ကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ဆိုပါတယ်။

အလားတူ ဈေးသည်တစ်ဦး ဗုံးစထိမှတ်ပြီး  လက်တစ်ဖက်ဖြတ်လိုက်သလို အခြားဈေးသည်တစ်ဦးလည်း မျက်နှာကို ဗုံးစထိမှန်ခဲ့ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“ပေါင် ၅၀၀ နေမှာ ။ မကွဲတာ တစ်လုံး။ လေးငါးခြောက်လုံး ကြဲချတာ။ သေဆုံးတော့မရှိဘူး။ ဈေးသည်တစ်ဦး လက် ဖြတ်‌ရတယ်။ ဈေးသည်တစ်ဦးမျက်နှာတစ်ခြမ်းထိတယ်။ ကျောင်းသားတစ်ဦး အစမှန်တယ်” လို့ ဒေသခံ တစ်ဦးက  ပြောပါတယ်။

အဆိုပါ အောင်ဆန်းပညာရပ်စုံတက္ကသိုလ်ကို  လွတ်မြောက်‌နယ်မြေမှာ မကြာခင်ဖွင့်လှစ်တော့မယ်လို့ NUG လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးမော်ထွန်းအောင်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြခဲ့တယ်လို့ NUG ရဲ့ ရေဒီယို သတင်း ဌာနတစ်ခုဖြစ်တဲ့ Radio NUG က သတင်းဖော်ပြပြီး တစ်ရက်အကြာမှာ အဲဒီနေရာကို စစ်အုပ်စုကလေကြောင်း ကနေ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီတက္ကသိုလ်ကို  ဇန်နဝါရီလ ၃၀ ရက် ဒီကနေ့မှာ ဖွင့်ပွဲပြုလုပ်မှာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိ သူတွေ ညအိပ်ရှိနေနိုင်တယ်လို့ ယူဆချက်နဲ့ စစ်အုပ်စုက  ညအချိန်ဗုံးကြဲတိုက်ခိုက်တာဖြစ်နိုင်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ကျောင်းဖွင့်ပွဲလုပ်မှာ ဒီနေ့မနက် ၉ နာရီ။ တက္ကသိုလ်ဖွင့်ပွဲပေါ့။ အဲဒါကို သူတို့က ည လူကြီးတွေရော ဧည်သည် တွေရောရှိနိုင်တယ်ထင်ပြီး ညဗုံးကြဲတာဖြစ်နိုင်တာပေါ့”လို့ အဆိုပါ ဒေသခံက ဆိုပါတယ်။

စစ်အုပ်စု ကြဲချတဲ့ ပေါင်ဗုံးတွေဟာ ကျောင်းအနီးက ကွင်ပြင်တွေမှာ ကျရောက်ခဲ့ပြီး မပေါက်ကွဲသေးတဲ့ ပေါင် ဗုံး တစ်လုံးလည်း ကျန်နေသေးတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဗုံးကြဲလို့ ကျရောက်ပေါက်ကွဲခဲ့တဲ့ နေရာအနီးအနားက အဆောက်အဦးနဲ့ အပျက်အစီးတွေလည်းရှိခဲ့ပြီး အသေးစိတ်အခြေအနေကိုတော့ထပ်မံစုံစမ်းနေဆဲဖြစ်ပါတယ်။

စစ်အုပ်စု ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာတော့ NUG ရဲ့ တက္ကသိုလ်ဖွင့်ပွဲကို ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့တယ်ဆိုပြီး ရေးသားထားကြပါတယ်။

မ‌‌ပေါက်ကွဲဘဲ ကျန်ရှိနေတဲ့ ပေါင်ဗုံး တစ်လုံးကို တွေ့ရစဉ်/ ဓာတ်ပုံ-ပေးပို့
စစ်ရေးမှာပိုမိုပူးပေါင်းလုပ်ဆောင်နိုင်ဖို့ NUGနဲ့ PIO/PIA တို့ သဘောတူ(ရုပ်/သံ)

မြေလတ်အသံ၊ ဇန်နဝါရီ ၃၀၊ ၂၀၂၅။

အမျိုးသားညီညွတ်ရေးအစိုးရ - NUG နဲ့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (PIO) /ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တို့ ဇန်နဝါရီ ၂၃ ရက်ကတွေ့ဆုံဆွေးနွေးပြီး စစ်ရေးဆိုင်ရာလုပ်ငန်းတွေနဲ့ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတွေကို ပူးပေါင်းလုပ်ဆောင်ဖို့ သဘောတူညီခဲ့တယ်လို့ ဇန်နဝါရီ ၂၈ ရက်မှာ PIO/PIA ကသတင်းထုတ်ပြန်ပါတယ်။

PIO/PIA အနေနဲ့ အခုနှစ် ၂၀၂၅ မှာ စစ်ရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး NUG အစိုးရနဲ့ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ဖို့အတွက် NUG မှ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ ပြည်သူ့လွတ်လပ်ရေးတပ်တော်မှ ဗဟိုကော်မတီဝင် ကိုမိုးနေလတို့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

"တော်လှန်ရေးကာလအရ အရေးကြီးတဲ့ကာလရောက်နေပြီဖြစ်လို့ ရှေ့လုပ်ငန်းစဥ်တွေမှာ ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေရှိတယ်ပေါ့နော်။ ဒီကာလတွေမှာ စစ်ရေးကို ပိုပြီးတော့ အချိတ်ဆက်မိမိလုပ်နိုင်ဖို့ သဘောတူညီချက်တွေရခဲ့တယ်” လို့ (PIO/PIA) ရဲ့ ဗဟိုကော်မတီဝင် ကိုမိုးနေလက ပြောပါတယ်။

ဒါ့အပြင် မြေပြင်မှာတော်လှန်ရေးတပ်ဖွဲ့တွေ ပိုမိုအားကောင်းလာတဲ့အတွက် ပြည်သူကိုဗဟိုပြုတဲ့၊ တော်လှန်ရေးကို အကျိုးပြုမယ့် အုပ်ချုပ်ရေးအဖွဲ့တွေ ပေါ်ပေါက်လာဖို့အတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း သဘောတူညီမှု ရရှိခဲ့တယ်လို့ ကိုမိုးနေလက ပြောပါတယ်။

အလားတူ အနာဂတ်ဖက်ဒရယ်တပ်မတော်တရပ်တည်ဆောက်ရေး ရည်မှန်းချက်တွေနဲ့ တော်လှန်ရေးကာလအတွင်း စစ်စည်းကမ်း၊ စစ်ကျင့်ဝတ်တွေကို လိုက်နာဖို့အတွက်လည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုလို NUG နဲ့ မြေပြင်မှာတွေ့ဆုံဆွေးနွေးနိုင်ရေးအတွက်ကို (PIO/PIA) မှစီစဥ်ပြီး သွားရောက်တွေ့ဆုံခဲ့တာလို့ ကိုမိုးနေလက ဆိုပါတယ်။

"ကျနော်တို့တပ် စတင်ပြီးတည်ထောင်ကတည်းက NUGနဲ့ အဆက်အသွယ်ရှိတယ်။ အဆက်အသွယ်ရှိတာက မြေပြင်မှာလုပ်နေတဲ့ ပညာရေး၊ ကျန်းမာရေး၊ စစ်ရေးကဏ္ဍတွေ လုပ်နိုင်တဲ့ဟာတွေကို ပူးပေါင်းပြီး လုပ်ကိုင်နေတာရှိတယ်။ ဒါတွေကို လူထုအနေနဲ့ပိုမိုသိအောင်၊ ရှင်းရှင်းလင်းသိအောင်သတင်း ထုတ်ပြန်ရတာပါ"လို့ သူကပြောပါတယ်။
ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (PIO)/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) ကို ၂၀၂၁ ဒီဇင်ဘာလမှာ အာရက္ခတပ်တော်(AA) ရဲ့အကူအညီနဲ့ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ PIO/PIA အနေနဲ့ ရခိုင်-မကွေး နယ်စပ်မှာ အခြေစိုက်သလို မြန်မာနိုင်ငံအလယ်ပိုင်းမှာလည်း တပ်တချို့ ဖြန့်ကျက်ထားနိုင်ပြီး ရခိုင်ပြည်နယ်တိုက်ပွဲတွေ၊ ၁၀၂၇ စစ်ဆင်ရေးနဲ့ မြေလတ်ဒေသက စစ်ဆင်ရေးတွေပါလည်း ပူးပေါင်းပါဝင်လှုပ်ရှားနေတယ်လို့ သိရပါတယ်။

သတင်း - အောင်စိုး၊ စာတည်း - လင်း၊ တည်းဖြတ် - HP

#မြေလတ်အသံ
#စစ်ရေး #ပူးပေါင်း #သဘောတူ #NUG #PIO/PIA

https://youtu.be/2oipAVaznqM
Forwarded from Wai Hin (ဝေဟင်) (EDN 🍁)
စစ်ကိုင်း

စစ်ကိုင်းနယ် ဖြတ်၍ Mi-17 သယ်ပို့ရဟတ်ယာဉ် ၁စီး မြောက်အရပ်သို့ ပျံသန်း။

#WaiHin
Jan 30,  2:19PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (𝐽)
မတ္တရာ

မတ္တရာ အနောက်ခြမ်း ဖြတ်၍  Mi-17 သယ်ပို့ရဟတ်ယာဉ် ၁စီး မြောက်အရပ်သို့ ပျံသန်း။

#WaiHin
Jan 30,  2:21 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (EDN 🍁)
🔴 ဗန်းမော် 🔴

ဗန်းမော်နယ်သို့ မိတ္ထီလာလေတပ်တက် ဂျက်ဖိုက်တာ တစီးဖြင့် (1:35) PM အချိန်ခန့်နှင့် မြစ်ကြီးနား လေတပ်တက် ဂျက်ဖိုက်တာ တစီးဖြင့် (2:01)PM ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားခဲ့ကြောင်း သတင်းရရှိပါသည် ။

#WaiHin
Jan 30 , 2:26 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (EDN 🍁)
စဉ့်ကူး

စဉ့်ကူး အနောက်ခြမ်း ဖြတ်၍  Mi-17 သယ်ပို့ရဟတ်ယာဉ် ၁စီး မြောက်အရပ်သို့ ပျံသန်း။

#WaiHin
Jan 30,  2:26 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (EDN 🍁)
နွားထိုးကြီး

နွားထိုးကြီးနယ် ဖြတ်‌၍ MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁စီးအရှေ့မြောက်သို့ ပျံသန်း။

#WaiHin
Jan 30, 2:26PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (𝐽)
ခင်ဦး

ခင်ဦး အရှေ့ခြမ်း ဖြတ်‌၍ Mi-17 သယ်ပို့ ရဟတ်ယာဥ် ၁စီး မြောက်သို့ ပျံသန်း။

#WaiHin
Jan 30, 2:28 PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (𝐽)
တံတားဦး ⚠️

တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ ၁စီး ​တောင်အရပ်သို့ ပျံတက်။

#WaiHin
Jan 30 , 2:40 PM 
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (A K T)
တံတားဦး ⚠️

တံတားဦးလေတပ်မှ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ် ၁စီး
အနောက် တောင် ဘက်သို့ ပျံတက်။

#WaiHin
Jan 30, 2:49PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (Domino)
သပိတ်ကျင်း

သပိတ်ကျင်း ၇မိုင်သို့ Mi-17 သယ်ပို့ ရဟတ်ယာဥ် ၁စီး ဆင်းသက်။

#WaiHin
Jan 30, 2:54PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (A K T)
နွားထိုးကြီး

နွားထိုးကြီးနယ် ဖြတ်Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ် ၁စီး‌ မြောက်အရပ်သို့ ပျံသန်း။

#WaiHin
Jan 30,2:54PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (Domino)
သပိတ်ကျင်း

သပိတ်ကျင်း ၇ မိုင်မှ Mi-17 သယ်ပို့ရဟတ်ယာဥ် ၁စီး တောင်ဘက်သို့ ပျံတက်။

#WaiHin
Jan 30, 2:59PM
📫သတင်းပို့ရန် @WaiHinScout_Bot
Forwarded from Wai Hin (ဝေဟင်) (A K T)
တံတားဦး

တံတားဦးလေတပ်သို့နွားထိုးကြီးနယ်တနေရာ လေကြောင်းတိုက်ခိုက်ခဲ့သော  Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ် ၁စီး‌ ဆင်းသက်။

#WaiHin
Jan 30,2:58PM
📫သတင်းပို့ရန် @WaiHinScout_Bot