Magway Division News
3.57K subscribers
2.65K photos
81 videos
12 files
3.75K links
မကွေးတိုင်းအတွင်းရှိစစ်ကြောင်းသတင်း၊လေကြောင်းသတင်း၊များကိုအချိန်နှင့်တပြေးညီတတ်နိုင်သမျှတင်ပေးပါသည်
Download Telegram
မြိုင်မြို့နယ်

မြိုင်မြို့နယ်တောင်ရွာရောက်စခစစ်ကြောင်းသည်ညနေခြောက်နာရီထိတောင်ရွာအနောက်ဘက်ဘုန်းကြီးကျောင်းနားတဝိုက်တွင်ရှိနေကြောင်းသိရပါတယ်။

#pdn
Dec-10/6:30PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httppdnhawkeyesif
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@hawkeyes0707
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Account Link-https://www.facebook.com/share/17H9DTTv3c/
Facebook Page Link-https://www.facebook.com/profile.php?id=61572301883588
3
#ဂန့်ဂေါသတင်း

10.12.2025
7:40Pm

ဂန့်ဂေါမြို့ပေါ်ရှိ စခရခများမှ ယနေ့ညနေ၆နာရီခွဲကျော်အချိန်မှစ၍ မြစ်အနောက်ဘက်ခြမ်းရှိ စိုင်ဒူးရွာနဲ့ဇဟောကျေးရွာများဘက်ကိုပစ်မှတ်ထားပြီး လက်နက်ကြီးများကို ရမ်းသမ်းပစ်ခတ်နေကြောင်းသိရှိရပါတယ်။စခများဟာ လက်နက်ကြီးများကို ပစ်လိုက်ခဏရပ်လိုက်ဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု စုံစမ်းသိရှိရပါသည်။

နောက်ပြီး မြို့အနီးကျေးရွာများဆီကို စစ်ကြောင်းထွက်လာရန်ပြင်ဆင်မှုများရှိနေသည်ဟုကြားသိရသော်လည်း သီးခြားအတ​ည်ပြုနိုင်ရေး ​ဆက်လက်စုံစမ်းနေပါတယ်။

စခရခများဟာ ဂန့်ဂေါမြို့ပေါ်ရှိ အမှတ်၁ရပ်ကွက် သစ်ထုတ်လုပ်ရေး၀င်းအတွင်းမှ မြစ်အနောက်ဘက်က နေရာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေတာလို့သိရှိရပါတယ်။ယခုသတင်းရေးပြီးချိန်ထိ လက်နက်ကြီး ၇ချက်ထက်မနည်း ရမ်းသမ်းပစ်ခတ်ထားကြောင်းသိရပါသည်။ထို့ကြောင့် ​မြစ်အနောက်ဘက်ခြမ်းရှိကျေးရွာနေပြည်သူများအနေနဲ့ လက်နက်ကြီးအန္တရာယ်ကို အထူးသတိပြုနေထိုင်ကြပါရန်နဲ့ လက်နက်ကြီးပစ်ခတ်သံများကြားရပါက ဘေးကင်းလုံခြုံသောနေရာများတွင် နေထိုင်ကြပါရန်အသိပေးအပ်ပါသည်။

#နွေဦးရောင်နီ

ယောအလင်းတန်
2
​ရေစကြို⚠️

တံတားဦး​လေတပ်တက် Fighter Jet(1)စီး ​ရေစကြိုနယ်​တောင်ခြမ်းဖြတ်၍ ​အ​နောက်​တောင်အရပ်သို့ ပျံသန်း။

#NAS
Dec 10, 8:30PM
📡သတင်းပို့ရန် @infonas
1
ပခုက္ကူ⚠️

တံတားဦး​လေတပ်တက် Fighter Jet(1)စီး ပခုက္ကူဖြတ်၍ ​အ​နောက်​တောင်အရပ်သို့ ပျံသန်း။

#NAS
Dec 10, 8:31PM
📡သတင်းပို့ရန် @infonas
1
⚠️ဆိပ်ဖြူ

ဆိပ်ဖြူနယ်အရှေ့ခြမ်းဖြတ်၍ တံတားဦးလေတပ်တက် Jet Fighter (1)စီး အနောက်တောင်အရပ်သို့ ပျံသန်း။

20:38, Dec 10
#EAR #SCIN
2
နိုင်ငံတစ်ဝန်း အသံတိတ်သပိတ်အောင်ပွဲအထိမ်းအမှတ်ဖြင့် ဂန့်ဂေါမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်၊စစ်ကောင်စီဘက်မှထိခိုက်မှုများရှိနိုင်ဟုသိရ။

ဂန့်ဂေါ၊၁၀.၁၂.၂၀၂၅

နိုင်ငံတစ်ဝန်း အသံတိတ်သပိတ်တွင် ပါဝင်ပေးခဲ့ကြသောပြည်သူများကို ဂုဏ်ပြုသောအနေဖြင့် ဂန့်ဂေါမြို့ရှိ အကြမ်း​ဖက်စစ်ကောင်စီလက်အောက်ခံများ တပ်စွဲထားသောနေရာကို တော်လှန်ရေးအင်အားစုများက ယနေ့ညနေပိုင်းမှာ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။အဆိုပါရဲစခန်းတိုက်ခိုက်မှုဖြစ်စဥ်ကိုသိရှိသော တော်လှန်ရေးရဲဘော်တစ်ဦးက ``ဒီနေ့အသံတိတ်သပိတ်မှာပါ၀င်ပေးခဲ့ကြတဲ့နိုင်ငံအနှံ့ကပြည်သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့မြို့ပေါ်ကရဲစခန်းကို ဒရုန်းနဲ့ချပြီး တိုက်ခိုက်တာလို့ ´´´ပြောကြားလာပါတယ်။

*ဂန့်ဂေါမြို့ပေါ်က ရဲစခန်းကို ညနေ၆နာရီကျော်က ဒရုန်းနဲ့ချခံရတယ်လို့တော့ သတင်းကြားနေတာ​ဗျ၊ရဲတချို့ထိခိုက်မှုရှိတယ်လို့တော့ ကြားတယ်။ ညပိုင်းအချိန်ဆိုတော့ အတည်ပြုဖို့တော့ ခက်တယ်။ပေါက်ကွဲတဲ့အသံကြားလိုက်ပြီး စကစတွေကလည်း လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်တွေ ပြန်လုပ်ထားတယ်ဗျ။မြို့ပေါ်ကပြည်သူတွေကတော့ လက်နက်ကြီးသံတွေကြားလို့ အထိတ်တလန့်ဖြစ်နေကြရကြောင်း *ဂန့်ဂေါမြို့ပေါ်က ဒေသခံတစ်ဦးက ယောအလင်းတန်းကို ပြောဆိုထားပါတယ်။စစ်ကောင်စီဟာ ၎င်းတို့ကို ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် မြို့အနောက်ဘက် မြစ်သာမြစ်တစ်ဖက်က ကျေးရွာတွေကို လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်မှုတွေရှိနေတယ်လို့ ထပ်မံစုံစမ်းသိရှိရပါသည်။

တော်လှန်ရေးအင်အားစုများရဲ့တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတချို့ထိခိုက်မှုများရှိခဲ့ပြီး ချက်ခြင်းပဲ ဂန့်ဂေါပြည်သူ့ဆေးရုံကို ခေါ်သွားရတယ်လို့ ဂန့်ဂေါမြို့မှ အခြားဒေသခံတစ်ဦးထံစုံစမ်းသိရှိရပါတယ်။ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ဂန့်ဂေါမြို့၊သစ်ထုတ်လုပ်ရေးရုံးအတွင်းရှိ တပ်စွဲထားသော စကစများက မြစ်အနောက်ဘက်ရှိ စိုင်ဒူးနဲ့ဇဟောကျေးရွာများဘက်ကို လက်နက်ကြီး၇ချက်ထက်မနည်း ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရပါသည်။

ဂန့်ဂေါမြို့ရှိ အဆိုပါ ရဲစခန်းကို အောက်တိုဘာလအတွင်းကလည်း ဒရုန်းဖြင့် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်မှုများပြုလုပ်ထားခဲ့ပါသေးသည်။ဒီနေ့ ဒီဇင်ဘာလ ၁၀ရက်နေ့မှာလည်း အသံတိတ်သပိတ်အောင်ပွဲအထိမ်းအမှတ်ဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။အဆိုပါ ရဲစခန်းကို ဒရုန်းဖြင့်တိုက်ခိုက်ခြင်းကို  မည်သည့်အဖွဲ့လုပ်ဆောင်သည်ဟု သတင်းတစ်စုံတစ်ရာထုတ်ပြန်လာခြင်းမရှိသေးပါ။ထိုတိုက်ခိုက်မှုနဲ့ပတ်သက်၍ ဂန့်ဂေါမြို့နယ်အတွင်းက တော်လှန်ရေးအင်အားစုများထံကို မေးမြန်းထားဆဲဖြစ်ပြီး စစ်ကောင်စီဖက်ကထိခိုက်မှုများကိုလည်း သီးခြားအတည်ပြုနိုင်ရန် စုံစမ်းနေပါသည်။

ဂန့်ဂေါမြို့တွင် မြို့ပေါ်ရပ်ကွက်(၄)ခုနဲ့မြို့အနီး ရှောက်ပင်(အောင်မြင်)ကျေးရွာတို့မှာသာ စစ်ကောင်စီတပ်များစိုးမိုးထားနိုင်ထာဖြစ်ပါတယ်။လွန်ခဲ့သောရက်များကစလို့ စစ်ကောင်စီမှ မြို့ပေါ်ကရပ်ကွက် (၄)ခုမှာ အတုအယောင်ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်မှုများပြုလုပ်နေတာဖြစ်ပြီး ဒီနေ့မှာတော့ ရဲစခန်းကို ဒရုန်းဖြင့်တိုက်ခိုက်ခံရတာပြီး အတုအယောင်ရွေးကောက်ပွဲအတွက််် ဘယ်လိုပြင်ဆင်ဆောင်ရွက်မလည်းဆိုတာ ဆက်လက်စောင့်ကြည့်ရန် လိုအပ်ပါသည်။


Vedio-ဂန့်ဂေါမြို့နယ်အတွင်းက အကြမ်းဖက်စကစတပ်စွဲထားသောနေရာများကို တိုက်ခိုက်ခဲ့သော ဒရုန်း။


ယောအလင်းတန်း
4