Magway Division News
3.57K subscribers
2.65K photos
81 videos
12 files
3.75K links
မကွေးတိုင်းအတွင်းရှိစစ်ကြောင်းသတင်း၊လေကြောင်းသတင်း၊များကိုအချိန်နှင့်တပြေးညီတတ်နိုင်သမျှတင်ပေးပါသည်
Download Telegram
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့မှထွက်ခွာလာသောစခကားတစီးသည်ဆယ်နာရီခွဲခန့်ကတင်းဂါတ်ဂိတ်သို့ရောက်ရှိနေကြောင်းသိရပါတယ်။

#pdn
Dec-5/11:40AM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httppdnhawkeyesif
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@hawkeyes0707
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Account Link-https://www.facebook.com/share/17H9DTTv3c/
Facebook Page Link-https://www.facebook.com/profile.php?id=61572301883588
4
ပေါက်

နမခတက် Mi-17 Military Transport Helicopter (1)စီး ပေါက်နယ်အရှေ့မြောက်ခြမ်းဖြတ်၍ အနောက်တောင်အရပ်သို့ ပျံသန်း။

#NAS
Dec 5, 3:05PM
📡သတင်းပို့ရန် @infonas
1
ပေါက်

နမခတက် Mi-17 Military Transport Helicopter (1)စီး ပေါက်နယ်မြောက်ခြမ်းဖြတ်၍ အနောက်အရပ်သို့ ပျံသန်း။

#NAS
Dec 5, 3:08PM
📡သတင်းပို့ရန် @infonas
1
ပေါက်

နမခတက် Mi-17 Military Transport Helicopter (1)စီး ပေါက်နယ်အလည်ကြောဖြတ်၍ အနောက်တောင်အရပ်သို့ ပျံသန်း။

#NAS
Dec 5, 3:10PM
📡သတင်းပို့ရန် @infonas
1
ရေစကြို ခလရ ၂၅၇ တပ်ရင်းမှ တပ်ရေးဗိုလ်ကြီး သက်နိုင်ဦးကို အရှင်ဖမ်းဆီးရမိသော်လည်း ပြန်လည်ခုခံတိုက်ခိုက်သဖြင့် ပစ်ခတ်ဖမ်းဆီးရာ ပွဲချင်းပြီး သေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ် အခြေစိုက် ခလရ ၂၅၇ တပ်ရင်းမှ တပ်ရေးဗိုလ်ကြီး သက်နိုင်ဦးကို အရှင်ဖမ်းဆီးရမိပြီး စစ်ဆေးရန် ဆိုင်ကယ်ဖြင့် ခေါ်ဆောင်လာစဉ် ပြန်လည်ခုခံတိုက်ခိုက်သဖြင့် ပစ်ခတ်ဖမ်းဆီးရာ နေရာမှာပင် ပွဲချင်းပြီး မသာပေါ်သွားကြောင်း သိရပါတယ်။

ဒီဇင်ဘာလ ၃ ရက် ညနေ ၄ နာရီခန့် အချိန်က ရေစကြိုမြို့နယ်၊ ဖူလုံကျေးရွာ ဘိလိယက်ခုံမှာ ကျူထိုးနေတဲ့ ခလရ ၂၅၇ မှ တပ်ရေးဗိုလ်ကြီး သက်နိုင်ဦး (ခ) A2 ကို ရေစကြိုပကဖ ရဲဘော်တွေက ဝင်ရောက်ဖမ်းဆီးပြီး ဆိုင်ကယ်ဖြင့်တင်၍ ခေါ်ဆောင်လာစဥ် လမ်းတစ်နေရာအရောက် ရဲဘော်တွေရဲ့ လက်နက်ကို လုယက်၍ ပြန်လည်ခုခံခဲ့တာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ နေရာမှာပင် သေဆုံးသွားကြောင်း၊

“ကျနော်တို့က ထောက်လှမ်းနေတာကတော့ ကြာပြီ။ ကျူခုံမှာ သူတစ်ယောက်တည်းရှိနေပြီဆိုတာနဲ့ ဝင်ဖမ်းခဲ့တာ၊ ဝင်ဖမ်းပြီးတော့ ဆိုင်ကယ်နဲ့တင်ပြီး ခေါ်လာတဲ့အချိန် ဆိုင်ကယ်ပေါ်မှာ ခုခံတော့ ဆိုင်ကယ်လဲသွားတာ၊ အဲဒါနဲ့ ရဲဘော်ကနေ ချက်ချင်းပဲ အဲဒီနေရာမှာတင် ပစ်ခတ်ရှင်းလင်းလိုက်ရတာ။ ကျနော်တို့ စစ်ဆေးမယ့်နေရာအထိကို မရောက်လိုက်ဘူး။ လက်နက်တွေ မပါဘူး။” ဟု ရေစကြို ပကဖ မှတာဝန်ရှိသူက ပြောဆိုပါတယ်။

သေဆုံးသွားတဲ့ တပ်ရေးဗိုလ်ကြီး သက်နိုင်ဦး (ခ) A2 ထံမှ ဆိုင်ကယ် ၁ စီး၊ ဖုန်း ၃ လုံး၊ ငွေသား ၃ သိန်း၊ မှတ်ပုံတင် ၂ ခုတို့ သိမ်းဆည်းရမိခဲ့ကြောင်း၊ သေဆုံးရုပ်အလောင်းကို ည ၈ နာရီခန့်တွင် ခလရ ၂၅၇ တပ်ရင်းမှ လာရောက်ကောက်ယူသွားကြောင်း သိရှိရပါတယ်။

#4C_TruthNews
1
ပုံညာတောင်နတ်ထိပ်က စစ်ကြောင်း ရေမျက်နီကို ဦးတည်လာနေ

#edit- ကျော-ရေမျက်နီ ကားလမ်း ပြန်လည်ဖွင့်ပေးခြင်းမရှိသေးဘူးလို့သိရပါတယ်။

5.12.2025 ၊ရေမျက်နီ

ကျောမြို့အနောက်ဖက်၊ ပုံညာတောင်နတ်ထိပ်ကာကင်းစခန်းကနေ ယမန်နေ့မနက်ပိုင်းက စစ်ကား ၂ စီးနဲ့ ဆင်းလာတဲ့ အင်အား ၅၀ ကျော်ပါ စစ်အုပ်စုစစ်ကြောင်းဟာ ထီးလင်းမြို့နယ် ရေမျက်နီရွာကို ဦးတည်ရွေ့လျားလာနေတာဖြစ်တယ်လို့သိရပါတယ်။

စဆင်းလာစဥ်က ကားတွေကိုအသုံးပြုလာခဲ့ကြပေမယ့် ယခုအခါ တောလမ်းကိုအသုံးပြုကာ ခြေလျင်ရွေ့လျားနေတာဖြစ်တယ်လို့သိရပါတယ်။အဆိုပါ အင်အား ၅၀ ကျော်ပါတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ ကျောမြို့ ကပစ ၂၃ ကနေ ရေမျက်နီရွာကာကင်းစခန်းအတွက် လာရောက် အင်အားဖြည့်တာဖြစ်တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။

ထီးလင်းမြို့နယ် ဇင်းစယ်ရွာရဲ့မြောက်ဖက်က တောင်ကုန်းနေရာတွေကို  ပုံညာတောင်ကဆင်းလာတဲ့ စစ်အုပ်စုစစ်ကြောင်းကနေ ယမန်နေ့ည ၁၀ နာရီကျော်က ဒရုန်းးနဲ့ ကင်းထောက် ပျံသန်းမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

စစ်ကြောင်းဟာ ယခုချိန်အထိ မည်သည့်ကျေးရွာကိုမှ ဝင်ရောက်ခြင်းမပြုသေးဘဲ တောလမ်းအတိုင်းရွေ့လျားနေတာဖြစ်ပြီး ခန့်မှန်းအရ ဇင်းစယ်ရွာအနီးတဝိုက်မှာရောက်ရှိနေနိုင်တယ်လို့ သတင်းရင်းမြစ်ကပြောပါတယ်။ရေမျက်နီရွာကို ဦးတည်လာနေတာဖြစ်ပြီး စစ်အုပ်စု စစ်ကြောင်းဟာ ယခင်သွားနေကျ တောလမ်းအတိုင်း လာနေတာကြောင့် ကျောချောင်း၊မျက်မြောင်ရွာများအပါဝင် နီးစပ်ရာကျေးရွာများက ပြည်သူများကြိုတင်သတိထား နေထိုင်သွားလာပေးကြရန် လိုအပ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

@မင်းဒဿ
ယောအလင်းတန်း
1
Magway Division News
ပေါက် နမခတက် Mi-17 Military Transport Helicopter (1)စီး ပေါက်နယ်အလည်ကြောဖြတ်၍ အနောက်တောင်အရပ်သို့ ပျံသန်း။ #NAS Dec 5, 3:10PM 📡သတင်းပို့ရန် @infonas
ပေါက်

ပေါက် ကပစ.၂၄သို့ နမခ.တက် Mi-17 Military Transport Helicopter (1)စီး တောင်အရပ်မှ ဆင်းသက်။

#NAS
Dec 5, 3:15PM
📡သတင်းပို့ရန် @infonas
1
ပေါက်

ပေါက် ကပစ.၂၄ မှ Mi-17 Military Transport Helicopter (1)စီး အရှေ့တောင်အရပ်သို့ ပျံတက်။

#NAS
Dec 5, 3:46PM
📡သတင်းပို့ရန် @infonas
1
ပေါက်

ပေါက် ကပစ.၂၄ တက် Mi-17 Military Transport Helicopter (1)စီး ပေါက်နယ်တောင်ခြမ်းဖြတ်၍ အရှေ့တောင်အရပ်သို့ ပျံသန်း။

#NAS
Dec 5, 3:50PM
📡သတင်းပို့ရန် @infonas
1
ဆိပ်ဖြူ

ပေါက် ကပစ.၂၄ တက် Mi-17 Military Transport Helicopter (1)စီး ဆိပ်ဖြူနယ်မြောက်ခြမ်းဖြတ်၍ အရှေ့တောင်အရပ်သို့ ပျံသန်း။

#NAS
Dec 5, 3:53PM
📡သတင်းပို့ရန် @infonas
1
ခြေလျင်တပ်ရင်း(၂၅၇)က တပ်ရေးဗိုလ်ကြီးကို ဖမ်းဆီးရာ ခုခံတာကြောင့်ပစ်ခတ်ခဲ့ရဟု ရေစကြိုပကဖ ထုတ်ပြန်

ဒီဇင်ဘာ-၅၊၂၀၂၅၊ မိုမို/People's Spring

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အခြေစိုက် အမှတ်(၂၅၇) ခြေလျင်တပ်ရင်း(ခလရ-၂၅၇)က တပ်ရေးဗိုလ်ကြီးကို ဖမ်းဆီးရာ ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ခဲ့ရတယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောပါတယ်။

ဒီဇင်ဘာ ၃ရက် ညနေ ၄နာရီဝန်းကျင်က ဖူလုံကျေးရွာရဲ့ ဘိလိယက်ခုံရှိနေစဉ် တပ်ရေးဗိုလ်ကြီးသက်နိုင်ဦး(ခ)A2 ကို ဝင်ဖမ်းခဲ့တာလို့ ဆိုပါတယ်။

"သူ့ကို စောင့်ကြည့်နေတာတော့ ကြာပြီ။အဲဒီနေ့က အလျဥ်းသင့်တာနဲ့ ဝင်ဖမ်းတယ်။သူက အသာ တကြည် လိုက်တယ်။ခုခံစရာမပါတော့။ဒါပေမယ့် လမ်းမှာ ရဲဘော်ရဲ့လက်နက်ကိုလုယူပြီး ခုခံလို့ ပစ်ခတ်ရှင်းလင်းခဲ့တာ"လို့ ရေစကြို ပကဖ တာဝန်ရှိသူက ဖြစ်စဥ်ကို ရှင်းပြပါတယ်။

တပ်ရေးဗိုလ်ကြီးဆီက  ဆိုင်ကယ်တစ်စီး၊ ဖုန်းသုံးလုံး၊ကျပ် သုံးသိန်း၊မှတ်ပုံတင်နှစ်ခုကို သိမ်းဆည်းရှိခဲ့တယ်လို့ အသိပေးပါတယ်။

"အဲဒီတပ်ရေးဗိုလ်က စစ်မှုထမ်းတွေနဲ့ ပေါ်တာဆွဲခံရတဲ့ သူတွေရဲ့ မိသားစုတွေဆီကနေ တိုက်ပွဲမလိုက်စေချင်ရင် ပိုက်ဆံပေးဆိုပြီး ငွေညှစ်နေတဲ့သူ"လို့ ရေစကြို မြို့နယ်သတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီတပ်ရေးဗိုလ်ကြီးရဲ့ရုပ်အလောင်းကို စစ်ကောင်စီက ဒီဇင်ဘာ ၃ရက်ညပိုင်းက လာရောက်ယူဆောင်ပြီးနောက် တပ်တွင်းကနေ ဟောင်ဝစ်ဇာနဲ့ မြို့နယ်တောင်ဘက် ခြမ်းကို ပစ်ခတ်တာတွေရှိတယ်လို့လည်း သိရပါတယ်။

နိုဝင်ဘာ ၂၅ ရက်က ရေစကြိုမြို့နယ်မှာ  အင်အား ၁၀၀ ကျော်ပါတဲ့ ခလရ(၂၅၆)၊ခလရ(၂၅၇)နဲ့ ခလရ(၂၅၈)တပ်ရင်းတွေရဲ့ ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ရာ စစ်ကြောင်းမှူး ဗိုလ်ကြီး အပါအဝင် သေဆုံးသူများတယ်လို့ ရေစကြို ပကဖက ထုတ်ပြန်ထားပါတယ်။
2