Magway Division News
3.57K subscribers
2.65K photos
81 videos
12 files
3.75K links
မကွေးတိုင်းအတွင်းရှိစစ်ကြောင်းသတင်း၊လေကြောင်းသတင်း၊များကိုအချိန်နှင့်တပြေးညီတတ်နိုင်သမျှတင်ပေးပါသည်
Download Telegram
မြိုင်မှာ စစ်အုပ်စုက စစ်ရှောင်ပြည်သူတစ်ဦးကို ဖမ်းဆီးသတ်ဖြတ်၊
ပျူစောထီးတစ်ယောက်ကိုလည်း အချင်းချင်း ညှဉ်းပန်းသတ်ဖြတ်ကာ အလောင်းစွန့်ပစ်၊

အီသာရမ်/MFP ၊ နိုဝင်ဘာ - ၂၉

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုက ဒေသခံ စစ်ဘေးရှောင်ပြည်သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ညှဉ်းပန်းသတ်ဖြတ်ကာ အလောင်းကို လမ်းဘေးစွန့်ပစ်ခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူတစ်ဦး MFP ကို ပြောပါတယ်။

သေဆုံးသူဟာ မြိုင်နယ် ညောင်ရွာကျေးရွာက အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး စစ်ရှောင်ထွက်ပြေးရင်း စစ်အုပ်စုရဲ့ ဖမ်းဆီးခံရကာ သတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။

“တောတိုက်ထဲမှာ စစ်ရှောင်နေရင်းနဲ့ စက်မှု-၂ ကနေ ပြန်လာတဲ့စစ်ကြောင်းက ဖမ်းဆီးခံရတာပေါ့၊ သရက်ကန်(ရွာ)ကနေ တွင်းမ(ရွာ)ဘက်ဆီထွက်တဲ့ လမ်းက မြေရင့်ရွာနဲ့ နှမ်းဆီကန်ရွာအကြားမှာ သတ်ခံရတယ်လို့ ယူဆရတာပေါ့” လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ မြိုင်နဲ့ပေါက်နယ်အရှေ့ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးကာ စီးနင်းလုယက် မီးရှို့နေတာ ဖြစ်ပြီး အထက်ပါ ပြည်သူကို သတ်ဖြတ်ခဲ့တဲ့နေရာရဲ့ တစ်မိုင်ခန့်အကွာမှာလည်း အောင်သာကျေးရွာဇာတိ ပျူစောထီးလို့ ယူဆရတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကိုလည်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အဲဒီ ပျူစောထီးရဲ့ ရုပ်အလောင်းမှာလည်း ခြေထောက်ကို ကြိုးချည်ထားပြီး စစ်အုပ်စု အချင်းချင်း ညှင်းပန်းနှိက်စက် သတ်ဖြတ်ခဲ့တာ ဖြစ်မယ်လို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူက ပြောပါတယ်။

အောင်သာကျေးရွာဟာ မင်းအောင်လှိုင်ကို သစ္စာခံကာ ပခုက္ကူနယ်ထဲ ပထမဆုံး လက်နက်ကိုင်တဲ့ ကျေးရွာ ဖြစ်ပြီး ၂၀၂၁ ခုနှစ်ကတည်းက ပျူစောထီးစခန်း ဖွင့်လှစ်ထားကာ လက်နက်အားကိုးနဲ့ ဒေသတွင်း ရွာမီးရှို့၊ လူသတ်၊ လုယက်၊ ပြည်သူတွေကို ဖမ်းဆီးကာ စစ်သင်တန်းပေးတာတွေ လုပ်ဆောင်နေတဲ့ ကျေးရွာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ယခုရက်ပိုင်း ပခုက္ကူ၊ မြိုင်နဲ့ ပေါက်နယ်ထဲ အင်အားသုံး စစ်ကြောင်းထိုးကာ ရွာမီးရှို့၊ လူသတ်၊ လုယက်နေတာ ဖြစ်ပါတယ်။

မြိုင်နယ်က စစ်ရှောင်ပြည်သူတွေ/photo- အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အည#စစ်ကိုင်း #မန္တလေး #မကွေး
2
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ်ညောင်ဂျစ်ပင်ပျူရွာမှစခများသည်7:03PMခန့်ကစပြီးလနငယ်များရမ်းသန်းပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။

#pdn
Nov-29/7:07PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httppdnhawkeyesif
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@hawkeyes0707
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Account Link-https://www.facebook.com/share/17H9DTTv3c/
Facebook Page Link-https://www.facebook.com/profile.php?id=61572301883588
1
မြိုင်မြို့နယ်

မြိုင်မြို့နယ်တွင်းမပျူရွာမှစခများသည်ယနေ့မနက်ရှစ်နာရီခွဲဝန်းကျင်ခန့်ကမြောက်အရပ်သို့ထွက်သွားကြောင်းသိရပါတယ်။

#pdn
Nov-30/9:00AM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httppdnhawkeyesif
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@hawkeyes0707
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Account Link-https://www.facebook.com/share/17H9DTTv3c/
Facebook Page Link-https://www.facebook.com/profile.php?id=61572301883588
1
30.11.2025
08:55 am
ကျောက်ထုသတင်း

ကျောက်ထု အမတ ၃၆၈ တပ်ထဲမှ စစ်ကြောင်းမှူးတိုးဇော်လတ်ဦးဆောင်တဲ့ စုပေါင်းစပ်ပေါင်း စခအင်အား (၁၂၀)ခန့်ဟာ မင်းကြည့်ကျေးရွာဘက်ရောက်ရှိနေတယ်လို့သိရပါတယ်။စခတစ်ချို့ မင်းကြည့်ကျေးရွာနှင့် ပေါက်ခေါင်းကျေးရွာကြားမှာလည်းရှိနေကြတယ်လို့သိရပါတယ်။ စခတွေဟာ ဘယ်ကိုဦးတည်မယ်မသိရတာကြောင့် မင်းကြည့်၊ပေါက်ခေါင်းကျေးရွာနှင့် အနီးအနားကျေးရွာနေမိဘပြည်သူများအနေဖြင့် အစစအရာရာ အထူးဂရုစိုက်ပေးကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

      ------------------------ Aung Gyi -----------------------

ယောအလင်းတန်း
4
ရေစကြို

မုံရွာလေဆိပ်တက် Y-8 Military Transport Aircraft (1)စီး ရေစကြိုနယ်အနောက်ခြမ်းဖြတ်၍ တောင်အရပ်သို့ ပျံသန်း။

#NAS
Nov 30, 10:37AM
📡သတင်းပို့ရန် @infonas
1
ချင်းတွင်း ရေပြင်

အောက်ဘက်မှဆန်တက်လာသော စစ်ထောက်ပို့ တွန်းသင်္ဘော ၂ စီးသည် ပခုက္ကူနယ် ကွန်းရွာ​​​ဖြတ်၍ အထက်ဘက်သို့ဆန်တက်နေကြောင်းသိရ။


#Yaypyin
Nov 30, 11:05AM
📫သတင်းပို့ရန် @Yaypyin0bot
2
30.11.2025
11:20 am
ကျောက်ထုသတင်း

ကျောက်ထုမြို့ထဲမှာ အမတ ၃၆၈ မှ စခ/ရခတွေခြေရှုပ်နေကြတယ်လို့သိရပါတယ်ခင်ဗျာ မြို့လယ်လမ်းဆုံ၊လေယာဉ်ကွင်းဟောင်း၊ဂုံဘိုရပ်ကွက်၊ အမှတ်(၄)ဘက်၊ကျောက်ထုဘုန်းကြီးကျောင်းနားတစ်ဝိုက်တွေမှာ စခ/ရခတွေရှိနေကြတယ်လို့သိရပါတယ်။ မင်းကြည့်ကျေးရွာဘက်မှာလဲ စခ (၁၅)ကောင်ခန့် ကျန်ရှိနေကြသေးတယ်လို့သိရပါတယ်ခင်ဗျာ။ ကျောက်ထုမြို့အနီးအနားကျေးရွာနေမိဘပြည်သူများ အစစအရာရာအထူးဂရုစိုက်ကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

      ---------------------- Aung Gyi -----------------------

ယောအလင်းတန်း
1👍1
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့မှထွက်လာသောစခကားခြောက်စီးသည်ဆယ့်နှစ်နာရီခွဲခန့်ကပခုက္ကူမြို့သစ်ရပ်ဖြတ်၍မြောက်အရပ်သို့မောင်းသွားကြောင်းသိရပါတယ်။

#pdn
Nov-30/1:00PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httppdnhawkeyesif
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@hawkeyes0707
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Account Link-https://www.facebook.com/share/17H9DTTv3c/
Facebook Page Link-https://www.facebook.com/profile.php?id=61572301883588
1
အညာကို လျှော့တွက်ခဲ့ခြင်း အမှား

29 Nov 2025 By ဟေမာန် [ ဆောင်းပါး ]

မြန်မာ့နွေဦးတော်လှန်ရေး ၅နှစ်ပြည့်ပါတော့မည်။ ကချင်ခေါင်းဆောင်တစ်ဦး ပြောခဲ့ဖူးသည့် “တော်လှန်ရေးတစ်ခုက ၅နှစ်ထက်ပိုမကြာသင့်ဘူး” ဆိုသည့် စကားကို ပြန်လည် သတိရမိသည်။ ထိုအတိုင်းဆို နွေဦးတော်လှန်ရေး အဆုံးသတ်ခါနီးနေပြီလား။ သို့မဟုတ် လက်ရှိကြုံတွေ့နေရသည့်အရာတွေကရော ဘာတွေပါလဲ။

စစ်တပ်၏ အပ်ကြောင်းထပ် နိုင်ငံရေးကစားကွက်အတိုင်း မြန်မာစစ်တပ်က အသွင်ကူးပြောင်းမည့် နိုင်ငံရေးလမ်းကြောင်းကို စတင် ပုံဖော်နေခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံအလယ်ပိုင်း (ဒေသအခေါ် အညာ) တစ်ဝိုက်နှင့် တိုင်းရင်းသားဒေသရှိနယ်မြေများကို စစ်တပ်၏ စစ်ဆင်ရေးဗျူဟာ နှင့်အတူ ရွေးကောက်ပွဲ အကောင်အထည်ဖော်ရန် ကြိုးပမ်းလျက်ရှိသည်။ ဥပမာ-စစ်ကိုင်း ကလေး-ကဘော်ဒေသ၊ ဟားခါး (ချင်းပြည်နယ်) ၊ ပေါက်၊ ကျောက်ထု (မကွေး)၊ မင်းတပ် (ချင်းပြည်နယ်)၊ မတ္တရာ၊ မိုးကုတ် (မန္တလေး)နှင့် ရွှေဘို (စစ်ကိုင်း) စသည့် နေရာအနှံ့အပြားတွင် စစ်ဆင်ရေးများ လုပ်ဆောင်လာသည်။ တချို့နယ်မြေများကို အာဏာသိမ်းစစ်တပ်က ပြန်လည်နေရာယူထားပြီဖြစ်သည်။ အာဏာသိမ်းစစ်တပ်က နိုင်ငံ၏ အရှေ့ပိုင်းမှသည် အနောက်ပိုင်းဒေသနယ်မြေများအထိ တော်လှန်ရေးတပ်ဖွဲ့များ၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်ရန် လုပ်ဆောင်လျက်ရှိပြီး အဓိက စစ်ဆင်ရေးများအတွက် ပြင်ဆင်လျက်ရှိသည်။

၂၀၂၃ခုနှစ် နောက်ပိုင်းနှင့် ၂၀၂၄ ခုနှစ် အခြေအနေများကို ပြန်ကြည့်ပါက အာဏာသိမ်းစစ်တပ်အတွက် လုံးဝ အထိနာခဲ့သည်။ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံများ တည်ရှိရာ မြန်မာနိုင်ငံအလယ်ပိုင်း တွင်ပင် ထိုကဲ့သို့စစ်ဆင်ရေးများ လုပ်နိုင်ရန် ကျန်ခဲ့သောနှစ်ဆန်းကအထိ မျှော်လင့်ဝံ့မည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် ယခုအခြေအနေက ဘာကြောင့်ဖြစ်လာပါသနည်း။

မည်သို့သောအချက်အလက်များကစစ်အာဏာရှင်ကိုစစ်ဆင်ရေးလုပ်ဆောင်ရန်တွန်းအားဖြစ်စေခဲ့သနည်း။ နိုင်ငံရေးလေ့လာသုံးသပ်သူ အချို့က စစ်ဆင်ရေးများတွင် စစ်မှုထမ်းအင်အား အများအပြားသုံးစွဲလာခြင်း နှင့် တရုတ်၏ ကြားဝင်စေ့စပ်ညှိနှိုင်းသည့်ကိစ္စရပ်များကို ပြောဆိုကြသည်။ အခြားရော ဘာတွေရှိနေနိုင်သနည်း။ မိမိတို့ကတော့ အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်များအနေဖြင့် ၎င်းတို့၏ မဟာဗျူဟာဆိုင်ရာ တွက်ချက်မှုထဲတွင် အညာကို လျှော့တွက်ခဲ့ခြင်းကြောင့်ဟု သုံးသပ်ချင်ပါသည်။

အညာက ဘာကြောင့်အရေးကြီးတာလဲ

စစ်တပ်သည် ၁၉၆၀ ကာလများဆီက ပြုလုပ်ခဲ့သော စစ်ဆင်ရေးကြီးများအပြီး မြန်မာနိုင်ငံအလယ်ပိုင်းကို မဟာဗျူဟာအရ ဘူမိနတ်သန်ဒေသ၊ တစ်နည်းအားဖြင့် “အဖြူရောင်နယ်မြေ” ဟု သတ်မှတ်ထားခဲ့သည်။ စစ်တပ်အမြင်အရ အညာကို ထိန်းချုပ်ထားခြင်းသည် နိုင်ငံတော်လုံခြုံရေး၊ ကွန်မြူနစ် နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးများကို တားဆီးဖိနှိပ်ရန်အတွက် အရေးပါသည်။ ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် စစ်တပ်၏အာဏာစက်ဝန်း ထိန်းချုပ်မှုအောက်မှလွတ်မြောက်ရန် လက်နက်ကိုင် တော်လှန်ရေးကြီး ထွက်ပေါ်လာနိုင်ခြေကိုမူ လျော့တွက်ထားခဲ့ပုံပင်။

စစ်တပ်၏ အဖွဲ့အစည်းတည်ဆောက်ထားပုံနှင့် စစ်ရေးပြင်ဆင်မှုများသည် တောင်တန်းဒေသများရှိ ၎င်း၏ ရန်သူ တိုင်းရင်းသားတပ်ဖွဲ့များအား တိုက်ခိုက်ရန် အလေးထားဆောင်ရွက်ထားခြင်းဖြစ်ပြီး၊ အညာကို စစ်ရေးစမ်းသပ်ဧရိယာတစ်ခု အဖြစ်သာ ယေဘုယျ သတ်မှတ်ထားခြင်းဖြစ်သည်။ မကွေးတိုင်းတွင် အဓိကလက်နက်ထုတ်လုပ်ရေးစက်ရုံများ ရှိသည်။ တိုင်စစ်ဌာချုပ်များကို နယ်စပ်ဒေသများတစ်ကြော ထိန်းချုပ်ရန် ဖြန့်ကျက်ထားပြီး အလယ်ပိုင်းဒေသများရှိ တပ်မ အသီးသီးက ကျားကန်ပေးထားသည်။ ဒုတိယအချက်အနေဖြင့် မင်းအောင်လှိုင်က ဖီးနစ် တီဗီနှင့် အင်တာဗျူးတစ်ခုတွင် “ပြောရရင်တော့ဗျာ … ဟို ပြောရလို့ရှိရင်တော့ အဲလောက်ထိတော့များလိမ့်မယ်လို့ ကျွန်တော်မထင်ခဲ့ဘူး” ဟု ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု ဆန့်ကျင်ရေးများနှင့်ပတ်သက်၍ ၎င်းအနေဖြင့် အတွက်အချက်မှားခဲ့ကြောင်း ဝန်ခံထားသည်။ ထိုအချက်က စစ်တပ်အနေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းတွင် လက်နက်ကိုင်တော်လှန်ရေး တစ်ရပ် ဖြစ်လာနိုင်ခြေကို အကြီးအကျယ် လျှော့တွက်ခဲ့ကြောင်း ထင်ရှားသည်။ အာဏာသိမ်းမှုအလွန် ၅နှစ်နီးပါးတွင် မြန်မာစစ်တပ်၏ ဗဟိုချက် ထိန်းချုပ်ရာ မြန်မာနိုင်ငံအလယ်ပိုင်း အညာမှာ စစ်တပ်၏ အဓိကနယ်မြေအများအပြား ဆုံးရှုံးနေခဲ့ပြီဖြစ်သည်။

ထို့အပြင် အညာ သည် နွေဦးတော်လှန်ရေးရဲ့ ပြယုဂ်တစ်ခုဖြစ်လို့နေသည်။ အညာ လက်နက်ကိုင်တော်လှန်ရေးက နေပြည်တော်အာဏာအဆောက်အဦကို တိုက်ရိုက် ခြိမ်းခြောက်နေသည်။ တစ်နည်းအားဖြင့် အညာ စစ်မျက်နှာသည် နိုင်ငံအနှံ့ လူမျိုးစုလွတ်မြောက်ရေး တော်လှန်တိုက်ပွဲများအတွက် အလှည့်အပြောင်း တစ်ခုလည်း ဖြစ်သည်။ စစ်တပ်၏ ဗဟိုအာဏာစက် ပျက်သုဥ်းနေကြောင်း အညာက မီးမောင်းထိုးပြနေသည်။

နိုင်ငံရေးအရဆိုလျှင် အညာတော်လှန်ရေးအရွေ့ကို ဒေသတွင်းမြို့နယ်အသီးသီးရှိ မြေပြင်ခေါင်းဆောင်များက ဦးဆောင်နေဆဲဖြစ်သည်။ ဤအချက်က လူမျိုးစုနိုင်ငံရေး နှင့် အဝေးရောက် (ပြည်ပရောက်) နိုင်ငံရေးခေါင်းဆောင်မှုပုံစံများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ လူမျိုးစုနိုင်ငံရေးဦးဆောင်မှုနှင့် အဝေးရောက်နိုင်ငံရေးဦးဆောင်မှု
4
အခန်းကဏ္ဍတွင်ရှိသော ခေါင်းဆောင်အများစုမှာ မြန်မာနိုင်ငံသားမဟုတ်တော့သူများ (နိုင်ငံခြားသားများ) သို့မဟုတ် နိုင်ငံခြားတိုင်းပြည်တစ်ခုခုတွင် အမြဲတမ်းနေထိုင်ခွင့်ကတ်ကိုင်ဆောင်ထားသူများဖြစ်သည်။ အဓိပ္ပါယ်မှာ ခေါင်းဆောင်မှုသည် ထွက်ပေါက်သို့ ဦးတည်နေပြီး သို့မဟုတ် ၎င်းတို့နောက်လိုက်ငယ်သားများထက် အလွန်သာလွန်သော ပုဂ္ဂိုလ်ရေးလုံခြုံမှုအစီအမံများရှိထားပြီးဖြစ်သည်။ စစ်ဗိုလ်ချုပ်များ နှင့် ၎င်းတို့၏ နိုင်ငံရေးဘက်တော်သားများသည် ပြည်ပရောက် နိုင်ငံရေးသမားများ၊ အဖွဲ့အစည်းများ နှင့်ပတ်သက်၍ ကျွမ်းကျင်ပိုင်နိုင်စွာ ကိုယ်တွယ်ခဲ့သည့် နှစ်ရှည်အတွေ့အကြုံများရှိခဲ့သောကြောင့် ၎င်းတို့အတွက် ခေါင်းခဲစရာကိစ္စကြီးမဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် ၁၉၈၈ ကာလများအလွန်ကတည်းက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်တွင်းတွင် မြန်မာလူထုနှင့်အတူရှိနေခဲ့၊ ခေါင်းဆောင်မှုပေးနေခဲ့သည်။ ပို၍ အရေးကြီးသည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသား မှတ်ပုံတင်ကို မြဲမြဲကိုင်ထားဆဲပင်။ ထိုအချက်က စစ်ဗိုလ်ချုပ်များအတွက် အလွန်ကြီးမားသော ခြိမ်းခြောက်မှုဖြစ်သည်။ ထိုနောက်ခံအခြေအနေဖြင့် မှန်းဆကြည့်ပါက အညာဒေသမှ ပြည်တွင်းခေါင်းဆောင်မှု အားကောင်းလာခြင်းမှာ စစ်ဗိုလ်ချုပ်များအတွက် နိုင်ငံရေးအရ ခေါင်းကိုက် စရာ ဖြစ်လာပါတော့သည်။

မတူညီသော ဦးစားပေးမှု၊ ကွဲပြားသော နည်းဗျူဟာ

ပြီးခဲ့သည့် ၄နှစ်အတွင်း NUG သည် တိုင်းရင်းသားတော်လှန်ရေးတပ်များနှင့် ပူးတွဲ၍ စစ်ဆင်ရေးများဖော်ဆောင်ခြင်း နှင့် ဗဟိုအမိန့်ပေးကွပ်ကဲမှုတည်ဆောက်ခြင်းများကို ကြိုးပမ်းနေ ခဲ့သည်။ နွေဦးတော်လှန်ရေးတွင် အသစ်ဖွဲ့စည်းထားသော တော်လှန်ရေးတပ်များသည်လည်း ပုံစံတူနည်းကို လိုက်ခဲ့သည်။ တိုင်းရင်းသားလွတ်မြောက်နယ်မြေများတွင် ဦးစွာလေ့ကျင့်ပြီးမှ အလယ်ပိုင်းနှင့် အောက်ပိုင်းသို့ တဖြည်းဖြည်းရွေ့သည့်ဗျူဟာပင်။ ကနဦးတွင် ဗျူဟာအရ တူညီမှုများတွေ့ရသော်လည်း NUG၊ ERO နှင့် အသစ်ဖွဲ့စည်းထားသော တော်လှန်ရေးတပ်များအကြား ပူးပေါင်းဆောင်ရွက်မှုသည် အလွန်ကျဉ်းမြောင်းသောဘောင်တစ်ခုထဲတွင်သာ ရှိနေခဲ့ကြောင်းကို နောက်ပိုင်းတော့ ရှင်းရှင်းလင်းလင်းသိလာရသည်။ ကွဲပြားသော မဟာဗျူဟာများနှင့် မတူညီသော ဦးစားပေးမှုများကို မြင်တွေ့လာရသည်။

ERO များက သူတို့၏ကိုယ်ပိုင်နယ်မြေများကို ခိုင်မာစေရန် ဒေသဆိုင်ရာဗျူဟာများကို အလယ်ပိုင်းဒေသ အင်အားစုများနှင့် ဗျူဟာအရချိတ်ဆက်ဆောင်ရွက်မှုထက် သူတို့၏ သြဇာလွှမ်းမိုးမှုကို အခိုင်အမာသေချာစေရေးနှင့် ချဲ့ထွင်ရေးတို့ကိုသာ အလေးထားပြီး လုပ်ဆောင်ခဲ့သည်။ မိမိတို့ဒေသတွင်း မဟာဗျူဟာများကို အလယ်ပိုင်းဒေသနှင့်ချိတ်ဆက်ရေးထက် ERO များက ၎င်းတို့၏ ကိုယ်ပိုင်နယ်မြေများကို ထိန်းချုပ်မှုအားကောင်းလာစေရန်နှင့် ၎င်းတို့၏ စစ်ရေး၊ နိုင်ငံရေးစိုးမိုးမှုကို ခိုင်မာစွာချဲ့ထွင်ရေးကိုသာ ဦးစားပေးနေခဲ့သည်။ အလားတူပင် NUG ဘက်မှာလည်း ERO များအပေါ် အလွန်အမင်းအားပြုပြီး အလယ်ပိုင်းဒေသကို အာရုံသိပ်မထားခဲ့ခြင်းကြောင့် အခွင့်အလမ်းကောင်းများ လွတ်သွားခဲ့သည်ပင်။ သေချာသည့်အချက်မှာ ဗဟိုကွပ်ကဲမှုတည်ဆောက်ခြင်း၊ ERO များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများသည် မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာသေး။

သို့သော် အညာတော်လှန်ရေးအရွေ့သည် လက်လုပ်များနှင့် မြေမြှုပ်မိုင်းများမှတစ်ဆင့် ညှိနှိုင်း စစ်ဆင်ရေးများအထိ အဆင့်ဆင့် ကြီးထွားလာနေခဲ့သည်။ မြန်မာနိုင်ငံအလယ်ပိုင်း အညာတော်လှန်ရေးအင်အားစု အဖွဲ့ငယ်လေးများသည် ကျေးလက်နယ်မြေများနှင့် စစ်ရေးအရဗျူဟာကျသော လမ်းမကြီးများကို ထိန်းချုပ်နိုင်သည်အထိ စိုးမိုးမှုရရှိလာသည်။ အညာတော်လှန်ရေး၏ အစိတ်အပိုင်းကြီးတစ်ခုအဖြစ် ပါဝင်နေသော်လည်း NUG မဟာဗျူဟာမြောက် ခေါင်းဆောင်မှုအခန်းကဏ္ဍကို ယူရန် ပျက်ကွက်နေခဲ့သည်။ ထိုအချက်က အညာဒေသတွင် အပေါ်လွှာခေါင်းဆောင်မှုလေဟာနယ် ဖြစ်ပေါ်လာစေသည်။ နယ်မြေထိန်းချုပ်မှုအရ အောင်မြင်မှုများ ရှိသော်လည်း အညာတော်လှန်ရေးလှုပ်ရှားမှုသည် များပြားလွန်းသော ကျေးရွာအခြေပြု တော်လှန်ရေးအင်အားစုများကို စုစည်းရန် ရုန်းကန်နေရသည်။ ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်မှစ၍ အညာတော်လှန်ရေး တပ်များကြားတွင် စီမံချက်အခြေပြု နှင့် ဇုန်အခြေပြု စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ခပ်စိပ်စိပ် မြင်တွေ့လာရပါသည်။ failed experiments များမှ သင်ခန်းစာယူ၍ ဗျူဟာအသစ်များကို လိုက်လျောညီထွေချမှတ်နေသည်ဟု နားလည်ရပါသည်။
ယခုထိတိုင် အညာတွင် စနစ်ကျသော ညှိနှိုင်းကွပ်ကဲမှုနှင့် အမိန့်ပေးမှုပုံစံကို တည်ဆောက်ရန် အခက်အခဲများရှိနေဆဲပင်။

ဘာတွေမှားခဲ့သလဲ

NUG ရဲ့ ပသုံးလုံး ဗျူဟာ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့)က အညာမြေပြင်မှာ ဖြစ်ပျက်နေသော ပကတိအခြေအနေများကို ထည့်တွက်ရန်၊ နွေဦးတော်လှန်ရေးလှုပ်ရှားမှုရေချိန်နှင့် ချိန်သားကိုက်ဖြစ်ရန်တို့ကို ထည့်တွက်ရန် ပျက်ကွက် ခဲ့သည်။ လက်နက်ကိုင်တော်လှန်ရေး အရှိန်အဟုန်မြင့်လာနေဆဲကာလ၊ တစ်နည်းအားဖြင့် နယ်မြေထိန်းချုပ်မှု မသေချာသေးသည့်အချိန်တွင် NUG က ဗျူရိုကရေစီယန္တရားများကို တည်ဆောက်လိုက်သည်။ ထိုအချက်က
2
မြေပြင်လုပ်ငန်းဆောင်ရွက်မှုများအတွက် ရှုပ်ထွေးစေသကဲသို့ အညာတစ်ခွင်မှ တက်သစ်စ ခေါင်းဆောင်မှုကြားရှိ အက်ကြောင်းများကို ပိုမိုနက်ရှိုင်းစေသည်။ ၎င်းနည်းဖြင့်ပင် တော်လှန်ရေးဗျူရိုကရေစီအတွင်းမှ ယန္တရားအချင်းချင်းကြားပဋိပက္ခမီး စတင်လာခဲ့ခြင်း ဖြစ်သည်။ NUG ဗျူရိုကရေစီအတွင်းမှ ခေါင်းဆောင်များသည်လည်း အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ဖို့ထက် ၎င်းတို့အတွက် လုပ်သာကိုင်သာ ရှိစေမည့် အဖွဲ့အစည်းတွင်း ဝန်ထမ်းစနစ်များ နှင့် နေရာချထားမှုများပြုလုပ်ရန် ပိုမိုအာရုံစိုက်နေခဲ့ဟန်တူပါသည်။

နောက်တစ်ချက်မှာ NUG သည် တိုင်းရင်းသားတပ်များနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု နှင့် ဗဟိုအမိန့်ပေးကွပ်ကဲမှုတည်ဆောက်ခြင်းတို့ကို အလွန်အမင်းအာရုံစိုက်နေခဲ့ပြီး အညာဒေသရှိ ၎င်း၏တပ်များကို လေ့ကျင့်၊ စုဖွဲ့၍ လက်နက်တပ်ဆင်ရန် ပျက်ကွက်နေခဲ့သည့်အမှားဖြစ်သည်။ ထိုအချက်ကို အတိုချုပ်ပြောရလျင် အညာသားများနှင့် မြေပြင်တွင် အတူတူရှိနေရန် ပျက်ကွက်နေ ခဲ့ခြင်းပင်။

အရင်းအမြစ်ခွဲဝေမှုနှင့် စီမံခန့်ခွဲမှုများသည်လည်း အညာကို ဦးစားပေးရန် ပျက်ကွက်ခဲ့သည်။
NUG ရဲ့ ရန်ပုံငွေရှာဖွေမှုက ပြည်ပရောက်နိုင်ငံသားများနှင့် အွန်လိုင်းမှ စည်းရုံးရေးပေါ်တွင်သာ အဓိက မှီခိုခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတို့ကို ဗျူဟာမြောက်ရန်ပုံငွေရှာဖွေရေးအတွက် အားသိပ်မစိုက်ခဲ့ပေ။ သယံဇာတ ခွဲဝေရေးတွင်လည်း အညာအတွက် ဦးစားမပေးခဲ့ပေ။

အရေးအကြီးဆုံးကတော့ အညာတော်လှန်ရေးအင်အားစုများနှင့် ယုံကြည်မှုတည်ဆောက်ဖို့၊ အတူတူလက်တွဲဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ကြသည်။ နိုင်ငံခြားရေး နှင့် သံတမန် ဆက်ဆံရေး ကိစ္စရပ်များမှာလည်း အညာလူထုကြုံတွေ့နေရသည့်အကြောင်းအရာများကို ဘေးဖယ်ထားခဲ့သည်။ အညာဒေသတွင်း ခေါင်းဆောင်သစ်များနှင့် ညှိနှိုင်းဆောင်ရွက်မှုကိုလည်း လျစ်လျူရှုခဲ့ကြသည်။

ပြင်ဆင်ဖို့ အချိန်ရှိသေးလား

ကျွန်ုပ်တို့ သတိမမူမိသော အရာများမှ သင်ခန်းစာမယူနိုင်ပါက စစ်တပ်သည် နောက်ထပ် ရာစုနှစ်တစ်ခုအထိ တိုင်းပြည်၏ နယ်စပ်တစ်လျှောက်တွင် စစ်ပွဲများ ဆက်လက်ဆင်နွှဲနေနိုင်ပါသည်။ နွေဦးတော်လှန်ရေးအတွက် အညာကို လျစ်လျူရှုထားသည့် မအောင်မြင်သော စမ်းသပ်ချက်ကို ပြင်ဆင်ရန် အချိန်မနှောင်းသေးပါ။ နွေဦးတော်လှန်ရေး၏ အောင်မြင်မှုသည် ပြင်ပအကြောင်းအရာများ တွင်သာမက အညာအင်အားစုများ နှင့် တိုင်းရင်းသားများ၏တော်လှန်ရေးဟူသည့် ဗျူဟာ ၂ခုကို မည်သို့ပေါင်းကူးချိတ်ဆက်မလဲ ဆိုသည့် အပေါ်တွင်လည်း မူတည်ပါသည်။

[ဟေမာန်သည် စစ်ကိုင်းအခြေစိုက် နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်သည်။]

#အည#နိုင်ငံရေး #စစ်ရေး #ဆောင်းပါး #MPA #Myanmar
2
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့မှထွက်ခွာလာသောစခအအပါသံပြားကာကားနှစ်စီးCandaခုနှစ်စီးစုစုပေါင်းကိုးစီးသည်12:20PMခန့်ကမြို့သစ်​ဖြတ်ပြီးမြောက်အရပ်သို့မောင်းသွားရာ12:50PMခန့်တွင်ပခုက္ကူလေယာဉ်ကွင်းသို့ရောက်ပြီး1:05PMခန့်တွင်ကားများသည်ပခုက္ကူမြို့ဘက်ပြန်လာကာလေယာဉ်ကွင်းတွင်စခအအတရာခန့်ချထားခဲ့ကြောင်းသိရပါတယ်။

#pdn
Nov-30/1:45PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httppdnhawkeyesif
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@hawkeyes0707
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Account Link-https://www.facebook.com/share/17H9DTTv3c/
Facebook Page Link-https://www.facebook.com/profile.php?id=61572301883588
1
⚠️မြေပြင်

ရေစကြို-မကွေးတိုင်း

ရေစကြိုမြို့နယ် နွယ်နီရွာအနီးမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ စခ သင်္ဘော(၂)စီး ဆန်တက်နေကြောင်းသတင်းရရှိ။

#WES
1:40pm, Nov 30
1
ချင်းတွင်း ရေပြင်

အောက်ဘက်မှဆန်တက်လာသော စစ်ထောက်ပို့ တွန်းသင်္ဘော ၂ စီးသည် ရေစကြို နွဲ့နီရွာဖြတ်၍ အထက်ဘက်သို့ဆန်တက်နေကြောင်းသိရ။

#Yaypyin
Nov 30, 1:45 PM
📫သတင်းပို့ရန် @Yaypyin0bot
2
ချင်းတွင်း ရေပြင်

အောက်ဘက်မှဆန်တက်လာသော ခွေးတွဲတွန်း ၂စီးသည် နန်းဦးကျော်ကာ အထက်သို့ ဆန်တက်နေကြောင်းသိရ။

#Yaypyin
Nov 30, 1:59PM
📫သတင်းပို့ရန် @Yaypyin0bot

ချင်းတွင်း ရေပြင်

အောက်ဘက်မှဆန်တက်လာသော ခွေးတွဲတွန်း ၂စီးသည် ရေစကြိုမြို့နယ် ပခန်းငယ်ရွာအနီးမှ အထက်သို့ ဆန်တက်နေကြောင်းသိရ။

#Yaypyin
Nov 30, 2:14 PM
📫သတင်းပို့ရန် @Yaypyin0bot

ချင်းတွင်း ရေပြင်

အောက်ဘက်မှဆန်တက်လာသော ခွေးတွဲတွန်း ၂စီးသည် ရေစကြိုမြို့နယ် ချင်းယားရွာအနီးမှ အထက်သို့ ဆန်တက်နေကြောင်းသိရ။

#Yaypyin
Nov 30, 2:29 PM
📫သတင်းပို့ရန် @Yaypyin0bot

ချင်းတွင်း ရေပြင်

အောက်ဘက်မှဆန်တက်လာသော ခွေးတွဲတွန်း ၂စီးသည် ရေစကြိုမြို့နားသို့ ရောက်ရှိနေပီဖြစ်ကြောင်း သတင်းရရှိ။

#Yaypyin
Nov 30, 3:20 PM
📫သတင်းပို့ရန် @Yaypyin0bot
2
ရေစကြို

နမခတက် MI-17 Military Transport Helicopter (1)စီး ရေစကြိုနယ်အနောက်မြောက်ခြမ်းဖြတ်၍ တောင်အရပ်သို့ ပျံသန်း။

#NAS
Nov 30, 4:11PM
📡သတင်းပို့ရန် @infonas
1