Magway Division News
3.58K subscribers
2.64K photos
81 videos
12 files
3.74K links
မကွေးတိုင်းအတွင်းရှိစစ်ကြောင်းသတင်း၊လေကြောင်းသတင်း၊များကိုအချိန်နှင့်တပြေးညီတတ်နိုင်သမျှတင်ပေးပါသည်
Download Telegram
မြိုင်မြို့နယ်

မြိုင်မြို့နယ်သရက်ကန်ပျူရွာရောက်စခစစ်ကြောင်းသည်ညရှစ်နာရီခန့်ထိသရက်ကန်ပျူရွာ၌ဆက်လက်ရှိနေဆဲဟုသိရပါတယ်။

#pdn
Nov-27/8:30PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httppdnhawkeyesif
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@hawkeyes0707
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Account Link-https://www.facebook.com/share/17H9DTTv3c/
Facebook Page Link-https://www.facebook.com/profile.php?id=61572301883588
2👍1
ထုတ်ပြန်ကြေငြာချက်

ရက်စွဲ - ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်
၁။ မိမိတို့ယောဒေသအတွင်း တော်လှန်ရေးကာလတစ်လျောက် ဒေသခံပြည်သူများသည် အမှုအခင်းများ၊ မူးယစ်ဆေးများကင်းရှင်းပြီး တည်ငြိမ်အေးချမ်းစွာဖြင့် နေထိုင်ခဲ့ကြပါသည်။ ယခုအခါ ယောဒေသအတွင်း မူးယစ်ဆေးဝါးများ ပြန့်နှံ့လာခြင်း၊ လောင်းကစားဝိုင်းအများအပြား ပြုလုပ်လာကြခြင်းတို့ကြောင့် အမှုအခင်းများ၊ ရာဇဝတ်မှုများ ဆက်တိုက်ဖြစ်ပေါ်ကာ ပြည်သူများ သည် စိုးရိမ်ပူပန်မှု၊ မလုံခြုံမှုများ ခံစားနေကြရပါသည်။
၂။ သို့ဖြစ်ပါ၍ ယောဒေသအတွင်း အမှုအခင်းများ၊ ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါးများ လျော့ကျပပျောက်စေရေးနှင့် ဒေသတည်ငြိမ်အေးချမ်းစေရေးတို့အတွက် ယောဒေသအတွင်း မူးယစ်ဆေးဝါး(WY၊ဘိန်းဖြူ၊ဘိန်းမဲ)သုံးစွဲခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း နှင့် လောင်းကစားဝိုင်းများ(ဖဲဝိုင်း၊ ကြက်ဝိုင်း) ပြုလုပ်ခြင်းများ တွေ့ရှိပါက၊ တိုင်ကြားလာပါက ယောတပ်တော် (YA) အနေဖြင့် တာဝန်ယူ၊ တာဝန်ခံကာဖမ်းဆီးပြီး သက်ဆိုင်ရာအုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ထိရောက်စွာ အပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ကြေငြာ အပ်ပါသည်။
4
ပြည်သူ့ကာကွယ်ရေးတပ်မတော် အတွက် ‘မကွေးဆီသို့’ ကမ်ပိန်းမှ ထောက်ပို့သော ကာကွယ်ရေးပစ္စည်းများ တပ်ရင်းတပ်ဖွဲ့များက လက်ခံရရှိ

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ အတွက် ‘မကွေးဆီသို့ ကမ်ပိန်း’ မှ ထောက်ပို့ကူညီသော ကာကွယ်ရေးပစ္စည်းများဖြစ်သည့် ကျည်ကာများ၊ ဦးထုပ်များ မြေပြင်တပ်ရင်းတပ်ဖွဲ့များထံသို့ ရောက်ရှိပြီ ဖြစ်သည်။

ထိုသို့ ကူညီထောက်ပို့မှုအတွက် Forward Myanmar အဖွဲ့ နှင့် တော်လှန်ပြည်သူများအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကျေးဇူး အထူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

Forward Myanmar အဖွဲ့က ယခု လုပ်ဆောင်နေသော စစ်ကိုင်းဆီသို့ ကမ်ပိန်းမှာလည်း ပါဝင် အားဖြည့်ကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
5
Magway Division News pinned «ပြည်သူ့ကာကွယ်ရေးတပ်မတော် အတွက် ‘မကွေးဆီသို့’ ကမ်ပိန်းမှ ထောက်ပို့သော ကာကွယ်ရေးပစ္စည်းများ တပ်ရင်းတပ်ဖွဲ့များက လက်ခံရရှိ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ အတွက် ‘မကွေးဆီသို့…»
စစ်ကြောင်းထိုးခံနေရတဲ့ရေစကြိုမှာ အမျိုးသား ၂ ဦးအသတ်ခံထားရပြီး လူ ၅,၀၀၀ ခန့်ထွက်ပြေးနေရ

ရေစကြို၊ နိုဝင်ဘာ ၂၇၊ ၂၀၂၅။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းကကျေးရွာတွေကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးဝင်ရောက်နေပြီး ရွာခံအရပ်သား ၂ ဦးကိုလည်း သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂၅ ရက်မှာ စတင်စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်ကော်မရှင်တပ်ဖွဲ့တွေဟာစစ်ကြောင်း ၃ ကြောင်းခွဲကာ ရွာသစ်ရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီး အဲ့ဒီစစ်ကြောင်းတွေက ဒီကနေ့ နိုဝင်ဘာ ၂၇ ရက် မနက်ပိုင်းမှာ ညောင်စောက်ရွာကိုရောက်ရှိလာချိန် ရွာခံ ၅ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ၂​ ဦးကို ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

" စစ်ကြောင်းလာတော့ ရွာထဲကလူတွေက အကုန်ထွက်ပြေးကြတာ။ အဲ့ဒီ ၅ ဦးပဲ အဖမ်းခံလိုက်ရတာ၊ အဖမ်းခံရတဲ့ ၅ ဦးကို ရွာထဲကနေ ပြေးခိုင်းတာ။ ညောင်စောက်ရွာအဝင်မှာ ၂ ဦးကတော့ ပစ်သတ်ခံလိုက်ရတယ်။ ၃ ဦးကတော့ လွတ်သွားတယ်" လို့ ရေစကြိုဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

သေဆုံးသူ ၂ ဦးကတော့ အသက် ၂၀ ကျော်အရွ​ယ်လူငယ်အမျိုးသားတွေဖြစ်ပြီး စစ်ကြောင်းတွေ ရှိနေသေးတာကြောင့် သူတို့ရဲ့ အသေးစိတ်အချက်အလက်တွေတော့ မသိရသေးပါဘူး။

ဒါ့အပြင် စစ်ကြောင်းက ရွာသစ်ရွာကို စတင်ဝင်ရောက်တဲ့ နိုဝင်ဘာ ၂၅ ရက်မှာ နေအိမ် ၃ လုံးကို မီးရှို့ခဲ့ပြီး ဒီကနေ့ ညောင်စောက်ရွာကို ရောက်ရှိချိန်မှာလည်း နေအိမ်တွေကို ထပ်မံမီးရှို့နေတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။

" နေအိမ်တချို့မီးရှို့နေတယ်။ ညောင်စောက်ရွာက အိမ် ၁၀ လုံးလောက်ပါသွားတယ်။ ဘုန်းကြီးကျောင်းရဲ့ အနောက်ဖက်နေအိမ်တွေကို မီးရှို့သွားတာ။ ဒီနေ့မနက် ၇ နာရီကျော်လောက်က စရှို့တာ" လို့ ဆိုပါတယ်။

ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့နေတဲ့စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ ရေစကြိုအခြေစိုက် ခလရ ၂၅၆၊ ခလရ ၂၅၇ နဲ့ ခလရ ၂၅၈ တပ်တွေကနေ ထွက်ခွာလာတဲ့ စစ်ကော်မရှင်ပူးပေါင်းတပ်ဖွဲ့တွေလို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်မှုတွေကြောင့် ရေစကြိုမြို့နယ်အတွင်းက ရွာသစ်၊ ကမ္ဘဲ၊ ညောင်စောက်၊ သမန္တပို့ရွာတွေက ဒေသခံ ၅,၀၀၀ နီးပါး စစ်ရှောင်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ပုံစာ - ရေစကြိုမြို့နယ်အတွင်းမှ စစ်ဘေးရှောင်အချို့အား တွေ့ရစဉ်။ (ပုံဟောင်း)

သတင်း - ဒိန်းဂျား

#မြေလတ်အသံ
#မကွေး #ရေစကြို #အမျိုးသား ၂ ဦး #အသတ်ခံထားရ #ဒေသခံ #ထွက်ပြေး

မြေလတ်အသံရဲ့ Website၊ Facebook၊ Youtube၊ Telegram၊ Instgram၊ Twitter နဲ့ TikTok တို့မှာ သတင်းတွေကို အချိန်နဲ့တပြေးညီတင်ဆက်ပေးနေပြီး Facebook Page ကို Like ပေးခြင်း၊ YouTube Channel ကို Subscribed ခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
2
မြိုင်နှင့် ပေါက်မြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်ကို လိုက်လံ တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး၊ တော်လှန်ရေး ရဲဘော် ၂ ဦး ကျဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၇

မကွေးတိုင်း၊ မြိုင်နှင့် ပေါက်မြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်ကို လိုက်လံ တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မြိုင်မြို့နယ် စက်မှု ၂ မှ အင်အား ၁၅၀ ခန့်ဖြင့် စတင် ထွက်ခွာလာသော အကြမ်းဖက် စစ်သားများကို ဝက်ပုတ်ရွာ အရှေ့ဘက်၌ အညာမြေတပ်ပေါင်းစုနှင့် ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး စစ်သား ၄ ဦးသည် မြိုင် စက်မှု ၂ အရောက်တွင် ထပ်မံသေဆုံးခဲ့ကြောင်း၊ ထို့ပြင် စစ်သားနှင့် ပျူစောထီး ၁၀ ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဝက်ပုတ်ရွာမှ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် နိုဝင်ဘာလ ၁၁ ရက်နေ့က ရွာတန်းရှည်ရွာမှ ဖမ်းဆီးလာသော ပြည်သူ ၂ ဦးကိုလည်း စစ်သားများကို သတ်ဖြတ်ခဲ့ပြီး မြိုင် စက်မှု ၂ သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ၂ ဦးလည်း ကျဆုံးခဲ့ပြီး ရဲဘော် ၃ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုကို အညာမြေတပ်ပေါင်းစု၊ စင်္ကြာ‌၊ဝံပုလွေပြောက်ကျား တပ်ဖွဲ့တို့နှင့် အတူ PLC, TYK, မြိုင်(ပကဖ)‌ ပခုက္ကူခရိုင်တပ်ရင်းများ၊ MGY, Earthquake, တိုက်နယ်စုဖွဲ့မှု (၁၊ ၂ ၊ ၃ ) ABSDF , ကိုရေခဲ၊ကိုဗလဦးဆောင်သောလူငယ်ပြောကိကျားတပ်ဖွဲ့၊ PI -pdfနှင့်ဒေသတွင်း တပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပေါက်မြို့နယ်နှင့် မြိုင်နယ်အစပ်တွင် ရောက်ရှိနေသော တပ်မ ၉၉ လက်အောက်ခံ ခလရ ၁၄၈ တပ်ရင်း နှင့် ပခုက္ကူတပ်မ ၁၀၁ မှ စစ်သားများ ပူးပေါင်းထားသော အင်အား ၃၀၀ ခန့်ပ် စစ်ကြောင်းသည် မြိုင်စက်မှု ၂ သို့ ပြန်လည်ဆုတ်ခွာလာစဉ် ကျွဲတွင်းရွာ အနောက်ဘက်တွင် ညအိပ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ကျွဲတွင်းရွာ တောင်ဘက် အတိုင်း မြိုင် စက်မှု ၂ ဘက်သို့ ဦးတည်ထွက်ခွာလာစဉ် ဝက်ပုတ်ရွာနှင့် ဆိပ်သာရွာအကြားတွင် မိုင်းထိမှန်ခဲ့ကြောင်း၊ ပေါက်ကွဲမှု အပြီး အညာမြေတပ်ပေါင်းစုမှ ရဲဘော်များက သွားရောက်ရှင်းလင်းရေး လုပ်ဆောင်စဉ် ခြေထောက် အပြတ် ၁ ခုကို တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ရှင်းလင်းရေး လုပ်ဆောင်စဉ်တွင်လည်း အကြမ်းဖက် စစ်တပ်၏ နောက်ကျန် စစ်သားများနှင့် တော်လှန်ရေးတပ်ဖွဲ့များ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ စစ်ကြောင်းသည် ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်ရှိ နေအိမ် ၁၅ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် ရွှေ ၊ ငွေ နှင့် အဖိုးတန် ပစ္စည်းများကို ယူငင်သွားတာ အိမ်မွေးတိရိစ္ဆာန်များကိုလည်း သတ်ဖြတ် စားသောက်သွားကြောင်း သိရသည်။

"အောက်တိုဘာလ ၂၀ ရက်နေ့ကနေ ဒီနေ့အထိ ပေါက်နဲ့မြို့ အခြမ်းကို ထိုးလာတဲ့ စစ်ကြောင်းကို ကျနော်တို့ ပူးပေါင်းအဖွဲ့တွေက ဝိုင်းဝန်းပြီးတော့ တော်လှန်နေကြပါတယ်။ ထုတ်ပြန်ချက်တွေကတော့ အချိန်နဲ့ တပြေးညီ မထုတ်ပြန်နိုင်တဲ့ မြေပြင်အခြေအနေတွေကြောင့် အခုလိုမျိုးမှာ ထုတ်ပြန်ရတယ်ပေါ့။ တချိန်နဲ့ တပြေးညီ ထုတ်လို့မရလို့ပါ။ ပြည်သူတွေအနေနဲ့ ကျနော်တို့ရဲ့ တိုက်ပွဲတွေကိုလည်း စောင့်ကြည့်ပေးပါ။ ကျနော်တို့ကိုလည်း ပံ့ပိုးပေးကြပါလို့ ပြောချင်ပါတယ်။ အကုန်လုံးလည်း ဘေးရန် ကင်းရှင်းပါစေလို့ ဆုမွန်ကောင်းတောင်းချင်ပါတယ်" ဟု အညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူက ပြောဆိုသည်။

ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မြိုင်မြို့နယ် အနောက်တောင်ပိုင်းရှိ သရက်ကန် ပျူစောထီးရွာကို ဝင်ရောက်သွားကြောင်း သိရသည်။
4
မြိုင်မြို့နယ်

မြိုင်မြို့နယ်သရက်ကန်ပျူရွာရောက်စခစစ်ကြောင်းသည်ယနေ့မနက်ရှစ်နာရီဆယ်မိနစ်ခန့်တွင်တောင်အရပ်သို့စတင်ထွက်ခွာလာကြောင်းသိရပါတယ်။

#pdn
Nov-28/8:25AM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httppdnhawkeyesif
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@hawkeyes0707
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Account Link-https://www.facebook.com/share/17H9DTTv3c/
Facebook Page Link-https://www.facebook.com/profile.php?id=61572301883588
1
မြိုင်မြို့နယ်

မြိုင်မြို့နယ်သရက်ကန်ပျူရွာမှရှစ်နာရီဆယ်မိနစ်ခန့်က​တောင်အရပ်သို့ထွက်လာသောစခစစ်ကြောင်းသည်ရှစ်နာရီငါးဆယ်မိနစ်ခန့်တွင်စိုကန်ရွာ(စိုကန်တိုက်)အဝင်လမ်းခွဲနားကဇရပ်နားသို့ရောက်နေကြောင်းသိရပါတယ်။

#pdn
Nov-28/9:00AM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httppdnhawkeyesif
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@hawkeyes0707
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Account Link-https://www.facebook.com/share/17H9DTTv3c/
Facebook Page Link-https://www.facebook.com/profile.php?id=61572301883588
1🍌1
ရေစကြိုမြို့နယ်

ရေစကြိုမြို့နယ်ညောင်စောက်ရွာတွင်ညအိပ်ခဲ့သောစခများသည်ယနေ့မနက်ကိုးနာရီကျော်တွင်ရွာသစ်ရွာသို့ရောက်ရှိနေကြောင်းသိရပါတယ်။

#pdn
Nov-28/9:50AM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httppdnhawkeyesif
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@hawkeyes0707
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Account Link-https://www.facebook.com/share/17H9DTTv3c/
Facebook Page Link-https://www.facebook.com/profile.php?id=61572301883588
1
မြိုင်မြို့နယ်

မြိုင်မြို့နယ်သရက်ကန်ပျူရွာမှထွက်လာသောစခစစ်ကြောင်းသည်9:45AMခန့်တွင်နှမ်းဆီကန်ရွာသို့ရောက်ရှိနေကြောင်းသိရပါတယ်။

#pdn
Nov-28/9:55AM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httppdnhawkeyesif
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@hawkeyes0707
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Account Link-https://www.facebook.com/share/17H9DTTv3c/
Facebook Page Link-https://www.facebook.com/profile.php?id=61572301883588
1
မြိုင်မြို့နယ်

မြိုင်မြို့နယ်သရက်ကန်ပျူရွာမှထွက်လာပြီးနှမ်းဆီကန်ရွာရောက်နေသောစခစစ်ကြောင်းသည်ဆယ်နာရီခွဲခန့်တွင်တောင်အရပ်သို့စတင်ထွက်ခွာလာကြောင်းသိရပါတယ်။

#pdn
Nov-28/10:35AM