Magway Division News
3.58K subscribers
2.64K photos
81 videos
12 files
3.74K links
မကွေးတိုင်းအတွင်းရှိစစ်ကြောင်းသတင်း၊လေကြောင်းသတင်း၊များကိုအချိန်နှင့်တပြေးညီတတ်နိုင်သမျှတင်ပေးပါသည်
Download Telegram
မြိုင်မြို့နယ်

မြိုင်မြို့နယ်စက်မှုနှစ်မှထွက်လာသောစခအအနှစ်ရာကျော်ခန့်ပါစစ်ကြောင်းသည်ညနေလေးနာရီကျော်တွင်မြိုင်မြို့နယ်တောင်ပိုင်းသရက်ကန်ပျူရွာသို့ဝင်ရောက်သွားကြောင်းသိရပါတယ်။

#pdn
Nov-27/4:45PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httppdnhawkeyesif
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@hawkeyes0707
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Account Link-https://www.facebook.com/share/17H9DTTv3c/
Facebook Page Link-https://www.facebook.com/profile.php?id=61572301883588
1
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ်ကမ္မမြို့ရဲစခန်းမှစခများသည်ညနေခြောက်နာရီဝန်းကျင်ခန့်ကလက်နက်ငယ်များရမ်းသန်းပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။

#pdn
Nov-27/6:06PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httppdnhawkeyesif
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@hawkeyes0707
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Account Link-https://www.facebook.com/share/17H9DTTv3c/
Facebook Page Link-https://www.facebook.com/profile.php?id=61572301883588
1
ပခုက္ကူအကျဉ်းထောင်မှ အကျဉ်းသား/သူ(၃)ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွှတ်ပေး

ပခုက္ကူ နိုဝင်ဘာ ၂၇

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေးအတွက် အဓိကထားဆောင်ရွက်လျက်ရှိသည့်အားလျော်စွာ ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဦးတည်ချက်ချမှတ်ဆောင်ရွက်လျက်ရှိပြီး မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာဆန္ဒမဲပေးနိုင်ရေးအတွက် ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်အမိန့်ဖြင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူအကျဉ်းထောင်မှ အကျဉ်းသား/သူ(၃)ဦးအား ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်အချိန်က ကင်းလွှတ်ခွင့်ပေးခဲ့သည်။

ထို့သို့ကင်းလွှတ်ခွင့်ပေးရာတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပခုက္ကူအကျဉ်းထောင်တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကအရ ပြစ်မှုထင်ရှားစီရင်ခံရပြီး ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား(၂)ဦးနှင့် အကျဉ်းသူ(၁)ဦးတို့အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးသန်းဝင်းနှင့်တာဝန်ရှိသူများက ဆုံးမစကားများပြောကြားကာ ထောင်လွတ်လက်မှတ်နှင့်အတူ စားစရိတ်၊ ခရီးစရိတ်များပေး၍ နေရပ်အသီးသီးသို့ ပြန်လည်စေလွှတ်ပေးခဲ့ကြကြောင်း သိရသည်။

ကယ်ရီမောင်

မကွေးတိုင်းဒေသကြီး
အမြို့မြို့အနယ်နယ်သတင်းများ

Information and Public Relation Department
2
သတင်းထုတ်ပြန်ခြင်း ။

27/11/2025 အညာမြေတပ်ပေါင်းစု

ပွဲဖြစ်စဉ် (၁) 12/11/2025 မြိုင်နယ်၊ဝက်ပုတ်ရွာပွဲ။

12/11/2025နေ့ရက် နံနက် (၉း၀၀)နာရီခန့်တွင်
မြိုင်မြို့နယ်၊စက်မှု--(၂)မှ အင်အား(၁၅၀)ခန့်ဖြင့် စတင်ထွက်ခွာလာသော စခများသည် ဝက်ပုတ်ရွာ
အရှေ့ဘက်တွင် ကျွန်တော်တို့  အညာမြေတပ်ပေါင်းစုနှင့် ပူးပေါင်းအဖွဲ့များဖြင့် ထိတွေ့မှု စတင်ဖြစ်ပွားခဲ့ပါသည်။

အဆိုပါ ဖြစ်စဉ်တွင် စခ( ၂)ကောင် နေရာတွင်း သေဆုံးပြီး စခ၊ပခ (‌၄)ကောင် စက်မှု(၂)အရောက်တွင် ထပ်မံသေဆုံးပြီး စခ၊ပစ(၁၀)ကောင် ဒဏ်ရာပြင်းထန်ရရှိသွားပါသည်။ (အလင်းဝင်လာသော တပ်သား ပြည့်စုံဟိန်း၏ ဝန်ခံချက်မှ)။

ထိုသို့ ဒဏ်ရာရ၊‌ေသဆုံးသွားသော စခများမှ
ဝက်ပုတ်ရွာမှ နေအိမ်(၂)လုံးအားမီးရှို့ခြင်း၊ 11/11/2025နေ့ရက်တွင် ရွာတန်းရှည်ရွာမှ ဖမ်းဆီးလာသော ပြည်သူနှစိဦးအား သ တ ်ဖြ တ ်ခဲ့ပြီး စက်မှု(၂)သို့ ပြန်လည်ဆုတ်ခွာသွားပါသည်။

ရဲဘော်များ ကျဆုံးနှင့်ဒဏ်ရာရ။
အဆိုပါပွဲတွင် ကျွန်တော်တို့တောိလှန်ရေးဘက်မှ ရဲဘော် နှစ်ဦးကျဆုံးပြီး ရဲဘော်(၃)ဦး မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ပါသည်။

အဆိုပါ ပွဲဖော်ဆောင်မှုကို
အညာမြေတပ်ပေါင်းစု၊ စင်္ကြာ‌၊ဝံပုလွေပြောက်ကျား တပ်ဖွဲ့တို့နှင့် အတူ PLC, TYK, မြိုင်(ပကဖ)‌ ပခုက္ကူခရိုင်တပ်ရင်းများ၊ MGY, Earthquake, တိုက်နယ်စုဖွဲ့မှု (၁၊ ၂ ၊ ၃ ) ABSDF , ကိုရေခဲ၊ကိုဗလဦးဆောင်သောလူငယ်ပြောကိကျားတပ်ဖွဲ့၊ PI -pdfနှင့်ဒေသတွင်း တပ်ဖွဲ့အသီးသီးတို့က ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

ပွဲဖြစ်စဉ် ။    25.11.2025 နေ့တွင် ပေါက်နယ်၊မြိုင်နယ်အစပ်တွင် ရောက်ရှိစစ်ကြောင်းထိုးနေသော တပ်မ(၉၉)လက်အောက်ခံ ခလရ(၁၄၈/၁၄၈)တပ်နှင့် ပခုက္ကူတပ်မ(၁၀၁)မှ  ပူးပေါင်းအင်အား(၃၀၀)ခနိ့ပါ စခ၊ပစများသည် နံနက် (၉း၀၀)ခန့်တွင်
မြိုင်စက်မှု--(၂)သို့ ရှုံးနိမ့်စွာဖြင့် ပြန်လည်ဆုတ်လာစဉ် ကျွဲတွင်းရွာအနောက်ဘက်တွင် ညအိပ်ခဲ့ပါသည်။

26/11/2025နေ့ရက် နံနက်တွင် ကျွဲတွင်းရွာ တောင်ဘက်အတိုင်း မြိုင်--စက်မှု(၂)ဘက်သို့ ဦးတည်ထွက်ခွာလာရာ ဝက်ပုတ်ရွာနှင့် ဆိပ်သာရွာအကြား လမ်းအရှေ့ဘက်တွင် မိုင်းထိခဲ့ပါသည်။
ပေါက်ကွဲမှု အပြီးတွင် ကျွန်တော်တို့ အညာမြေတပ်ပေါင်စု ရဲဘော်များမှ သွားရောက်ရှင်းလင်းရာ ခြေထောက်တဖက် ပြတ်ကျကျန်‌ေနရစ်သော စစ်ခွေးတကောင်၏ ခြေပြတ်အားတွေ့ရှိရပါသည်။
ထို့နောက် နောက်ချန်စစ်ခွေးများနှင့် မီတာ (၂၀) အကွာတွင် ခွေးများဖြင့် ထိတွေ့မှုဖြစ်ပွားခဲ့ပါသည်။

အဆိုပါ စစ်ကြောင်းသည် ပေါက်နယ်၊မြိုင်နယ်မှ နေအိမ် (၁၅)လုံးထက်မနည်းကို မီးရှို့ပြီး။ပြည်သူပိုင်
ရွှေ၊ငွေနှင့် အဖိုးတန် ပစ္စည်းများကိုယူငင်ပြီး ဆိတ်၊ကြက်စသည့်အိမ်မွေးတိရိစ္ဆာန်များအား သ တ ်ဖြ တ ်စားသောက်ပြီး ပြည်သူ(၃၀)ခနိ့ကိုဖမ်းဆီး(ပြန်လွှတ်)ခဲ့ပါသည်။
အဆိုပါ စခများဖြင့် (ထိတွေ့သောတခြားပွဲများ(တပ်ဖွဲ့အသီးသီးမှထုတ်ပြန်ထားပြီး) ထိတွေ့မှုများဖြစ်ပွားခဲ့ပါသည်။

နောက်ဆက်တွဲသတင်းဖော်ပြချက်။
ယနေ့ 27/11/2025  အဆိုပါစခများသည်
ညနေ( ၄း၀၀)ခွဲခန့်တွင်  မြိုင်နယ် အနောက်တောင်ပိုင်းရှိ သရက်ကန် ပျူစောထီးရွာသို့ ဝင်ရောက်သွားပါသည်။

#အညာမြေတပ်ပေါင်းစု
#ညီညွတ်စွာဖြင့်ဖက်ဒရယ်ဆီသို့
6
မြိုင်မြို့နယ်

မြိုင်မြို့နယ်သရက်ကန်ပျူရွာရောက်စခစစ်ကြောင်းသည်ညရှစ်နာရီခန့်ထိသရက်ကန်ပျူရွာ၌ဆက်လက်ရှိနေဆဲဟုသိရပါတယ်။

#pdn
Nov-27/8:30PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httppdnhawkeyesif
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@hawkeyes0707
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Account Link-https://www.facebook.com/share/17H9DTTv3c/
Facebook Page Link-https://www.facebook.com/profile.php?id=61572301883588
2👍1
ထုတ်ပြန်ကြေငြာချက်

ရက်စွဲ - ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်
၁။ မိမိတို့ယောဒေသအတွင်း တော်လှန်ရေးကာလတစ်လျောက် ဒေသခံပြည်သူများသည် အမှုအခင်းများ၊ မူးယစ်ဆေးများကင်းရှင်းပြီး တည်ငြိမ်အေးချမ်းစွာဖြင့် နေထိုင်ခဲ့ကြပါသည်။ ယခုအခါ ယောဒေသအတွင်း မူးယစ်ဆေးဝါးများ ပြန့်နှံ့လာခြင်း၊ လောင်းကစားဝိုင်းအများအပြား ပြုလုပ်လာကြခြင်းတို့ကြောင့် အမှုအခင်းများ၊ ရာဇဝတ်မှုများ ဆက်တိုက်ဖြစ်ပေါ်ကာ ပြည်သူများ သည် စိုးရိမ်ပူပန်မှု၊ မလုံခြုံမှုများ ခံစားနေကြရပါသည်။
၂။ သို့ဖြစ်ပါ၍ ယောဒေသအတွင်း အမှုအခင်းများ၊ ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါးများ လျော့ကျပပျောက်စေရေးနှင့် ဒေသတည်ငြိမ်အေးချမ်းစေရေးတို့အတွက် ယောဒေသအတွင်း မူးယစ်ဆေးဝါး(WY၊ဘိန်းဖြူ၊ဘိန်းမဲ)သုံးစွဲခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း နှင့် လောင်းကစားဝိုင်းများ(ဖဲဝိုင်း၊ ကြက်ဝိုင်း) ပြုလုပ်ခြင်းများ တွေ့ရှိပါက၊ တိုင်ကြားလာပါက ယောတပ်တော် (YA) အနေဖြင့် တာဝန်ယူ၊ တာဝန်ခံကာဖမ်းဆီးပြီး သက်ဆိုင်ရာအုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ထိရောက်စွာ အပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ကြေငြာ အပ်ပါသည်။
4
ပြည်သူ့ကာကွယ်ရေးတပ်မတော် အတွက် ‘မကွေးဆီသို့’ ကမ်ပိန်းမှ ထောက်ပို့သော ကာကွယ်ရေးပစ္စည်းများ တပ်ရင်းတပ်ဖွဲ့များက လက်ခံရရှိ

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ အတွက် ‘မကွေးဆီသို့ ကမ်ပိန်း’ မှ ထောက်ပို့ကူညီသော ကာကွယ်ရေးပစ္စည်းများဖြစ်သည့် ကျည်ကာများ၊ ဦးထုပ်များ မြေပြင်တပ်ရင်းတပ်ဖွဲ့များထံသို့ ရောက်ရှိပြီ ဖြစ်သည်။

ထိုသို့ ကူညီထောက်ပို့မှုအတွက် Forward Myanmar အဖွဲ့ နှင့် တော်လှန်ပြည်သူများအား အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကျေးဇူး အထူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

Forward Myanmar အဖွဲ့က ယခု လုပ်ဆောင်နေသော စစ်ကိုင်းဆီသို့ ကမ်ပိန်းမှာလည်း ပါဝင် အားဖြည့်ကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
5
Magway Division News pinned «ပြည်သူ့ကာကွယ်ရေးတပ်မတော် အတွက် ‘မကွေးဆီသို့’ ကမ်ပိန်းမှ ထောက်ပို့သော ကာကွယ်ရေးပစ္စည်းများ တပ်ရင်းတပ်ဖွဲ့များက လက်ခံရရှိ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ အတွက် ‘မကွေးဆီသို့…»
စစ်ကြောင်းထိုးခံနေရတဲ့ရေစကြိုမှာ အမျိုးသား ၂ ဦးအသတ်ခံထားရပြီး လူ ၅,၀၀၀ ခန့်ထွက်ပြေးနေရ

ရေစကြို၊ နိုဝင်ဘာ ၂၇၊ ၂၀၂၅။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းကကျေးရွာတွေကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးဝင်ရောက်နေပြီး ရွာခံအရပ်သား ၂ ဦးကိုလည်း သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂၅ ရက်မှာ စတင်စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်ကော်မရှင်တပ်ဖွဲ့တွေဟာစစ်ကြောင်း ၃ ကြောင်းခွဲကာ ရွာသစ်ရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီး အဲ့ဒီစစ်ကြောင်းတွေက ဒီကနေ့ နိုဝင်ဘာ ၂၇ ရက် မနက်ပိုင်းမှာ ညောင်စောက်ရွာကိုရောက်ရှိလာချိန် ရွာခံ ၅ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ၂​ ဦးကို ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

" စစ်ကြောင်းလာတော့ ရွာထဲကလူတွေက အကုန်ထွက်ပြေးကြတာ။ အဲ့ဒီ ၅ ဦးပဲ အဖမ်းခံလိုက်ရတာ၊ အဖမ်းခံရတဲ့ ၅ ဦးကို ရွာထဲကနေ ပြေးခိုင်းတာ။ ညောင်စောက်ရွာအဝင်မှာ ၂ ဦးကတော့ ပစ်သတ်ခံလိုက်ရတယ်။ ၃ ဦးကတော့ လွတ်သွားတယ်" လို့ ရေစကြိုဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

သေဆုံးသူ ၂ ဦးကတော့ အသက် ၂၀ ကျော်အရွ​ယ်လူငယ်အမျိုးသားတွေဖြစ်ပြီး စစ်ကြောင်းတွေ ရှိနေသေးတာကြောင့် သူတို့ရဲ့ အသေးစိတ်အချက်အလက်တွေတော့ မသိရသေးပါဘူး။

ဒါ့အပြင် စစ်ကြောင်းက ရွာသစ်ရွာကို စတင်ဝင်ရောက်တဲ့ နိုဝင်ဘာ ၂၅ ရက်မှာ နေအိမ် ၃ လုံးကို မီးရှို့ခဲ့ပြီး ဒီကနေ့ ညောင်စောက်ရွာကို ရောက်ရှိချိန်မှာလည်း နေအိမ်တွေကို ထပ်မံမီးရှို့နေတယ်လို့ အထက်ပါဒေသခံက ပြောပါတယ်။

" နေအိမ်တချို့မီးရှို့နေတယ်။ ညောင်စောက်ရွာက အိမ် ၁၀ လုံးလောက်ပါသွားတယ်။ ဘုန်းကြီးကျောင်းရဲ့ အနောက်ဖက်နေအိမ်တွေကို မီးရှို့သွားတာ။ ဒီနေ့မနက် ၇ နာရီကျော်လောက်က စရှို့တာ" လို့ ဆိုပါတယ်။

ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့နေတဲ့စစ်ကော်မရှင်တပ်ဖွဲ့တွေဟာ ရေစကြိုအခြေစိုက် ခလရ ၂၅၆၊ ခလရ ၂၅၇ နဲ့ ခလရ ၂၅၈ တပ်တွေကနေ ထွက်ခွာလာတဲ့ စစ်ကော်မရှင်ပူးပေါင်းတပ်ဖွဲ့တွေလို့ သိရပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်မှုတွေကြောင့် ရေစကြိုမြို့နယ်အတွင်းက ရွာသစ်၊ ကမ္ဘဲ၊ ညောင်စောက်၊ သမန္တပို့ရွာတွေက ဒေသခံ ၅,၀၀၀ နီးပါး စစ်ရှောင်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ပုံစာ - ရေစကြိုမြို့နယ်အတွင်းမှ စစ်ဘေးရှောင်အချို့အား တွေ့ရစဉ်။ (ပုံဟောင်း)

သတင်း - ဒိန်းဂျား

#မြေလတ်အသံ
#မကွေး #ရေစကြို #အမျိုးသား ၂ ဦး #အသတ်ခံထားရ #ဒေသခံ #ထွက်ပြေး

မြေလတ်အသံရဲ့ Website၊ Facebook၊ Youtube၊ Telegram၊ Instgram၊ Twitter နဲ့ TikTok တို့မှာ သတင်းတွေကို အချိန်နဲ့တပြေးညီတင်ဆက်ပေးနေပြီး Facebook Page ကို Like ပေးခြင်း၊ YouTube Channel ကို Subscribed ခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
2