Magway Division News
3.58K subscribers
2.64K photos
81 videos
12 files
3.74K links
မကွေးတိုင်းအတွင်းရှိစစ်ကြောင်းသတင်း၊လေကြောင်းသတင်း၊များကိုအချိန်နှင့်တပြေးညီတတ်နိုင်သမျှတင်ပေးပါသည်
Download Telegram
မြိုင်မြို့နယ်

မြိုင်မြို့နယ်စက်မှုနှစ်မှထွက်ခွာလာသောစခစစ်ကြောင်းသည်ဆယ့်တစ်နာရီ​ကျော်ခန့်တွင်ရွာတန်းရှည်ရွာအရှေ့ဘက်(ဒေသအခေါ်-ဆင်လမ်းဆည်)မှတောင်အရပ်သို့ဆက်လက်ထွက်ခွာနေကြောင်းသိရပါတယ်။

#pdn
Nov-27/11:24AM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httppdnhawkeyesif
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@hawkeyes0707
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Account Link-https://www.facebook.com/share/17H9DTTv3c/
Facebook Page Link-https://www.facebook.com/profile.php?id=61572301883588
2👍1
ရေစကြိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေမှုကြောင့် ပြည်သူ ၅၀၀၀ ကျော် စစ်ဘေးရှောင်နေရ၊ စစ်တပ်က ညောင်စောက်ရွာကို စတင်မီးရှို့နေ

ရန်ကုန်၊ နိုဝင်ဘာ ၂၇

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ် ကြောင်းထိုးနေမှုကြောင့် ပြည်သူ ၅၀၀၀ ကျော်စစ်ဘေးရှောင်နေရပြီး စစ်တပ်က ယနေ့ နံနက်ပိုင်း ညောင်စောက်ကို စတင်မီးရှို့နေကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့မှ စတင်ပြီး ရေစကြိုမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်က ဟောင်ဝှစ်ဇာ လက် နက်ကြီးများဖြင့် မြို့အနီးအနားရှိပတ် ဝန်းကျင်ကို ပစ်ခတ်ကာ မြေပြင်မှ ခလရ ၂၅၆ ၊ ၂၅၇ ၊ ၂၅၈ တပ်ရင်းများမှ အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေကြောင်း၊ ယနေ့ နိုဝင် ဘာလ ၂၇ ရက် နေ့တွင် ညောင်စောက်ကျေးရွာသို့ ရောက်ရှိနေသော စစ်သားများက ပြည်သူ့နေအိမ်များကို စတင်မီး ရှို့နေပြီး နေအိမ်မည်မျှ မီးလောင်ကျွမ်းနေသည်ကို သိရှိရခြင်းမရှိသေးကြောင်း သိရသည်။

“လက်ရှိစစ်ကြောင်းက ပေါက်ကူရွာ၊ ရွာသစ်ရွာနဲ့‌ ညောင်စောက်ရွာမှာရောက်နေတာ။ ၃ ရက်မြောက် နေ့ကျမှ ညောင်စောက် ရွာက စစ် ကြောင်းက မီးရှို့နေတာပါ။ နေအိမ်ဘယ်နှစ်လုံးလောက် မီးလောင် သွားပြီလဲတော့ မသိရ သေးဘူး။ ရွာထဲမှာ စစ်ခွေးတွေရှိနေသေးလို့။ ရေစကြိုမြို့နဲ့ ထိစပ်ရွာတွေက ပြည်သူတွေစစ်ဘေး ရှောင်နေရတယ်။ ပြည်သူတွေ ဖမ်းဆီးခံရတာမျိုးတော့ မကြားမိသေးဘူး။ ရွာရှိ လူ အကုန်စစ်ဘေး ရှောင်နေကြရတာ။” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၃ ရွာမှ ဒေသနေ ပြည် သူ ၅၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး ၃ ရက်မြောက်ရှိပြီဖြစ်ကြောင်း၊ ဆောင်းရာသီဥတုအအေးဒဏ်ကို ကလေးငယ် များနှင့် အသက်ကြီးရွယ်အို လူကြီးများမှာ ပိုမိုခံစားနေကြရပြီး အရေးပေါ် ဆေးဝါး၊ အဝတ် အထည်၊ စောင်၊ စားသောက်စရာများလိုအပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စစ်ကြောင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက် ချေမှုန်း လျက်ရှိပြီ စစ်သားများ ထိခိုက်သေဆုံးမှုများပြားနေသည်ဟု သိရှိရသော်လည်း သက်ဆိုင်ရာ တော် လှန်ရေးတပ်ဖွဲ့ များက ထုတ်ပြန်မှသာ အတည်ပြုနိုင်မည်ဖြစ်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
1
ပခုက္ကူ လဝကရုံးမှာ ပျူရွာတွေက မဟုတ်ရင် မှတ်ပုံတင် လုပ်မပေး

နိုဝင်ဘာ-၂၇၊၂၀၂၅။ဇေအောင်/People's Spring

မကွေးတိုင်း၊ ပခုက္ကူမြို့က စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန (လဝက)ရုံးမှာ ကျေးရွာတွေက မှတ်ပုံတင်လာလုပ်သူတွေကို ပျူစောထီးရွာတွေကမဟုတ်ရင် လုပ်မပေးကြောင်း ဒေသခံတွေက ပြောပါတယ်။

ပခုက္ကူ ခရိုင်ထဲမှာ ပါတဲ့ ပေါက်နဲ့ မြိုင်မြို့နယ်က ပြည်သူတွေဟာ ၎င်းတို့ရဲ့ မြို့တွေမှာ လဝကရုံးတွေ ပိတ်ထားတဲ့အတွက် ပခုက္ကူမြို့က ခရိုင် လဝကရုံးမှာ မှတ်ပုံတင် သွားလုပ်ရကြောင်း၊ ဒါပေမဲ့ ပျူစောထီး ရွာတွေက မဟုတ်ရင် မှတ်ပုံတင် လုပ်မပေးတာတွေ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဘယ်ရွာကလဲ မေးတယ်။ ပျူရွာတွေက မဟုတ်ရင် လုံးဝ လုပ်မပေးဘူး။" လို့ ပေါက်မြို့နယ်၊ ကျေးရွာ တစ်ရွာက မှတ်ပုံတင် သွားလုပ်ခဲ့တဲ့ လူငယ် တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ရေစကြို နဲ့ ဆိပ်ဖြူ မြို့နယ်တွေမှာလည်း ရုံးဖွင့်ထားပေမဲ့ တော်လှန်ရေးအားကောင်းတဲ့ ရွာတွေက ဆိုရင် လုပ်မပေးတာ၊ ငွေသိန်းချီ တောင်းတာတွေ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေဟာ အလုပ်ကိစ္စအရ နယ်ဝေးသွားချင်ရင် မှတ်ပုံတင် မပါရင် စစ်တပ်ဂိတ်တွေက ခြိမ်းခြောက် ငွေညှစ်တာတွေ၊ အလုပ်ရဖို့ ခက်ခဲတာတွေ ဖြစ်လေ့ရှိတဲ့အတွက် မှတ်ပုံတင်ရအောင် ကြိုးစားနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်း ကာလအတွင်း ငွေဝင်ကောင်းနေတဲ့ ဌာနတွေထဲ လဝကရုံးတွေလည်း ပါဝင်နေပြီး မှတ်ပုံတင်ရဖို့ ငွေသိန်းချီ တောင်းယူနေတယ် လို့ သိရပါတယ်။

(ပခုက္ကူလဝကရုံးအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ)
3
မြိုင်မြို့နယ်

မြိုင်မြို့နယ်စက်မှုနှစ်မှထွက်ခွာလာသောစခစစ်ကြောင်းသည်နေ့လည်နှစ်နာရီခန့်တွင်စိုပြင်ရွာအနောက်ဘက်မှတဆင့်တောင်အရပ်သို့ထွက်ခွာလာကြောင်းသိရပါတယ်။

#pdn
Nov-27/2:15PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httppdnhawkeyesif
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@hawkeyes0707
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Account Link-https://www.facebook.com/share/17H9DTTv3c/
Facebook Page Link-https://www.facebook.com/profile.php?id=61572301883588
2
ချင်းတွင်း ရေပြင်

အောက်ဘက်မှဆန်တက်လာသော စစ်သင်္ဘော ၁ စီးသည် ပခုက္ကူနယ် ကွန်းရွာ​​​ဖြတ်၍ အထက်ဘက်သို့ဆန်တက်နေကြောင်းသိရ။


#Yaypyin
Nov 27, 3:39PM
📫သတင်းပို့ရန် @Yaypyin0bot
1
မြိုင်မြို့နယ်

မြိုင်မြို့နယ်စက်မှုနှစ်မှထွက်လာသောစခအအနှစ်ရာကျော်ခန့်ပါစစ်ကြောင်းသည်ညနေလေးနာရီကျော်တွင်မြိုင်မြို့နယ်တောင်ပိုင်းသရက်ကန်ပျူရွာသို့ဝင်ရောက်သွားကြောင်းသိရပါတယ်။

#pdn
Nov-27/4:45PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httppdnhawkeyesif
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@hawkeyes0707
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Account Link-https://www.facebook.com/share/17H9DTTv3c/
Facebook Page Link-https://www.facebook.com/profile.php?id=61572301883588
1
ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ်ကမ္မမြို့ရဲစခန်းမှစခများသည်ညနေခြောက်နာရီဝန်းကျင်ခန့်ကလက်နက်ငယ်များရမ်းသန်းပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။

#pdn
Nov-27/6:06PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httppdnhawkeyesif
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@hawkeyes0707
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Account Link-https://www.facebook.com/share/17H9DTTv3c/
Facebook Page Link-https://www.facebook.com/profile.php?id=61572301883588
1
ပခုက္ကူအကျဉ်းထောင်မှ အကျဉ်းသား/သူ(၃)ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွှတ်ပေး

ပခုက္ကူ နိုဝင်ဘာ ၂၇

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်သူလူထုတစ်ရပ်လုံးက လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေးအတွက် အဓိကထားဆောင်ရွက်လျက်ရှိသည့်အားလျော်စွာ ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဦးတည်ချက်ချမှတ်ဆောင်ရွက်လျက်ရှိပြီး မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာဆန္ဒမဲပေးနိုင်ရေးအတွက် ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်အမိန့်ဖြင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူအကျဉ်းထောင်မှ အကျဉ်းသား/သူ(၃)ဦးအား ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်အချိန်က ကင်းလွှတ်ခွင့်ပေးခဲ့သည်။

ထို့သို့ကင်းလွှတ်ခွင့်ပေးရာတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပခုက္ကူအကျဉ်းထောင်တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကအရ ပြစ်မှုထင်ရှားစီရင်ခံရပြီး ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား(၂)ဦးနှင့် အကျဉ်းသူ(၁)ဦးတို့အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်ခြင်းဖြစ်ပြီး ပခုက္ကူခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးသန်းဝင်းနှင့်တာဝန်ရှိသူများက ဆုံးမစကားများပြောကြားကာ ထောင်လွတ်လက်မှတ်နှင့်အတူ စားစရိတ်၊ ခရီးစရိတ်များပေး၍ နေရပ်အသီးသီးသို့ ပြန်လည်စေလွှတ်ပေးခဲ့ကြကြောင်း သိရသည်။

ကယ်ရီမောင်

မကွေးတိုင်းဒေသကြီး
အမြို့မြို့အနယ်နယ်သတင်းများ

Information and Public Relation Department
2
သတင်းထုတ်ပြန်ခြင်း ။

27/11/2025 အညာမြေတပ်ပေါင်းစု

ပွဲဖြစ်စဉ် (၁) 12/11/2025 မြိုင်နယ်၊ဝက်ပုတ်ရွာပွဲ။

12/11/2025နေ့ရက် နံနက် (၉း၀၀)နာရီခန့်တွင်
မြိုင်မြို့နယ်၊စက်မှု--(၂)မှ အင်အား(၁၅၀)ခန့်ဖြင့် စတင်ထွက်ခွာလာသော စခများသည် ဝက်ပုတ်ရွာ
အရှေ့ဘက်တွင် ကျွန်တော်တို့  အညာမြေတပ်ပေါင်းစုနှင့် ပူးပေါင်းအဖွဲ့များဖြင့် ထိတွေ့မှု စတင်ဖြစ်ပွားခဲ့ပါသည်။

အဆိုပါ ဖြစ်စဉ်တွင် စခ( ၂)ကောင် နေရာတွင်း သေဆုံးပြီး စခ၊ပခ (‌၄)ကောင် စက်မှု(၂)အရောက်တွင် ထပ်မံသေဆုံးပြီး စခ၊ပစ(၁၀)ကောင် ဒဏ်ရာပြင်းထန်ရရှိသွားပါသည်။ (အလင်းဝင်လာသော တပ်သား ပြည့်စုံဟိန်း၏ ဝန်ခံချက်မှ)။

ထိုသို့ ဒဏ်ရာရ၊‌ေသဆုံးသွားသော စခများမှ
ဝက်ပုတ်ရွာမှ နေအိမ်(၂)လုံးအားမီးရှို့ခြင်း၊ 11/11/2025နေ့ရက်တွင် ရွာတန်းရှည်ရွာမှ ဖမ်းဆီးလာသော ပြည်သူနှစိဦးအား သ တ ်ဖြ တ ်ခဲ့ပြီး စက်မှု(၂)သို့ ပြန်လည်ဆုတ်ခွာသွားပါသည်။

ရဲဘော်များ ကျဆုံးနှင့်ဒဏ်ရာရ။
အဆိုပါပွဲတွင် ကျွန်တော်တို့တောိလှန်ရေးဘက်မှ ရဲဘော် နှစ်ဦးကျဆုံးပြီး ရဲဘော်(၃)ဦး မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ပါသည်။

အဆိုပါ ပွဲဖော်ဆောင်မှုကို
အညာမြေတပ်ပေါင်းစု၊ စင်္ကြာ‌၊ဝံပုလွေပြောက်ကျား တပ်ဖွဲ့တို့နှင့် အတူ PLC, TYK, မြိုင်(ပကဖ)‌ ပခုက္ကူခရိုင်တပ်ရင်းများ၊ MGY, Earthquake, တိုက်နယ်စုဖွဲ့မှု (၁၊ ၂ ၊ ၃ ) ABSDF , ကိုရေခဲ၊ကိုဗလဦးဆောင်သောလူငယ်ပြောကိကျားတပ်ဖွဲ့၊ PI -pdfနှင့်ဒေသတွင်း တပ်ဖွဲ့အသီးသီးတို့က ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

ပွဲဖြစ်စဉ် ။    25.11.2025 နေ့တွင် ပေါက်နယ်၊မြိုင်နယ်အစပ်တွင် ရောက်ရှိစစ်ကြောင်းထိုးနေသော တပ်မ(၉၉)လက်အောက်ခံ ခလရ(၁၄၈/၁၄၈)တပ်နှင့် ပခုက္ကူတပ်မ(၁၀၁)မှ  ပူးပေါင်းအင်အား(၃၀၀)ခနိ့ပါ စခ၊ပစများသည် နံနက် (၉း၀၀)ခန့်တွင်
မြိုင်စက်မှု--(၂)သို့ ရှုံးနိမ့်စွာဖြင့် ပြန်လည်ဆုတ်လာစဉ် ကျွဲတွင်းရွာအနောက်ဘက်တွင် ညအိပ်ခဲ့ပါသည်။

26/11/2025နေ့ရက် နံနက်တွင် ကျွဲတွင်းရွာ တောင်ဘက်အတိုင်း မြိုင်--စက်မှု(၂)ဘက်သို့ ဦးတည်ထွက်ခွာလာရာ ဝက်ပုတ်ရွာနှင့် ဆိပ်သာရွာအကြား လမ်းအရှေ့ဘက်တွင် မိုင်းထိခဲ့ပါသည်။
ပေါက်ကွဲမှု အပြီးတွင် ကျွန်တော်တို့ အညာမြေတပ်ပေါင်စု ရဲဘော်များမှ သွားရောက်ရှင်းလင်းရာ ခြေထောက်တဖက် ပြတ်ကျကျန်‌ေနရစ်သော စစ်ခွေးတကောင်၏ ခြေပြတ်အားတွေ့ရှိရပါသည်။
ထို့နောက် နောက်ချန်စစ်ခွေးများနှင့် မီတာ (၂၀) အကွာတွင် ခွေးများဖြင့် ထိတွေ့မှုဖြစ်ပွားခဲ့ပါသည်။

အဆိုပါ စစ်ကြောင်းသည် ပေါက်နယ်၊မြိုင်နယ်မှ နေအိမ် (၁၅)လုံးထက်မနည်းကို မီးရှို့ပြီး။ပြည်သူပိုင်
ရွှေ၊ငွေနှင့် အဖိုးတန် ပစ္စည်းများကိုယူငင်ပြီး ဆိတ်၊ကြက်စသည့်အိမ်မွေးတိရိစ္ဆာန်များအား သ တ ်ဖြ တ ်စားသောက်ပြီး ပြည်သူ(၃၀)ခနိ့ကိုဖမ်းဆီး(ပြန်လွှတ်)ခဲ့ပါသည်။
အဆိုပါ စခများဖြင့် (ထိတွေ့သောတခြားပွဲများ(တပ်ဖွဲ့အသီးသီးမှထုတ်ပြန်ထားပြီး) ထိတွေ့မှုများဖြစ်ပွားခဲ့ပါသည်။

နောက်ဆက်တွဲသတင်းဖော်ပြချက်။
ယနေ့ 27/11/2025  အဆိုပါစခများသည်
ညနေ( ၄း၀၀)ခွဲခန့်တွင်  မြိုင်နယ် အနောက်တောင်ပိုင်းရှိ သရက်ကန် ပျူစောထီးရွာသို့ ဝင်ရောက်သွားပါသည်။

#အညာမြေတပ်ပေါင်းစု
#ညီညွတ်စွာဖြင့်ဖက်ဒရယ်ဆီသို့
6
မြိုင်မြို့နယ်

မြိုင်မြို့နယ်သရက်ကန်ပျူရွာရောက်စခစစ်ကြောင်းသည်ညရှစ်နာရီခန့်ထိသရက်ကန်ပျူရွာ၌ဆက်လက်ရှိနေဆဲဟုသိရပါတယ်။

#pdn
Nov-27/8:30PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httppdnhawkeyesif
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@hawkeyes0707
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Account Link-https://www.facebook.com/share/17H9DTTv3c/
Facebook Page Link-https://www.facebook.com/profile.php?id=61572301883588
2👍1
ထုတ်ပြန်ကြေငြာချက်

ရက်စွဲ - ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်
၁။ မိမိတို့ယောဒေသအတွင်း တော်လှန်ရေးကာလတစ်လျောက် ဒေသခံပြည်သူများသည် အမှုအခင်းများ၊ မူးယစ်ဆေးများကင်းရှင်းပြီး တည်ငြိမ်အေးချမ်းစွာဖြင့် နေထိုင်ခဲ့ကြပါသည်။ ယခုအခါ ယောဒေသအတွင်း မူးယစ်ဆေးဝါးများ ပြန့်နှံ့လာခြင်း၊ လောင်းကစားဝိုင်းအများအပြား ပြုလုပ်လာကြခြင်းတို့ကြောင့် အမှုအခင်းများ၊ ရာဇဝတ်မှုများ ဆက်တိုက်ဖြစ်ပေါ်ကာ ပြည်သူများ သည် စိုးရိမ်ပူပန်မှု၊ မလုံခြုံမှုများ ခံစားနေကြရပါသည်။
၂။ သို့ဖြစ်ပါ၍ ယောဒေသအတွင်း အမှုအခင်းများ၊ ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါးများ လျော့ကျပပျောက်စေရေးနှင့် ဒေသတည်ငြိမ်အေးချမ်းစေရေးတို့အတွက် ယောဒေသအတွင်း မူးယစ်ဆေးဝါး(WY၊ဘိန်းဖြူ၊ဘိန်းမဲ)သုံးစွဲခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း နှင့် လောင်းကစားဝိုင်းများ(ဖဲဝိုင်း၊ ကြက်ဝိုင်း) ပြုလုပ်ခြင်းများ တွေ့ရှိပါက၊ တိုင်ကြားလာပါက ယောတပ်တော် (YA) အနေဖြင့် တာဝန်ယူ၊ တာဝန်ခံကာဖမ်းဆီးပြီး သက်ဆိုင်ရာအုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ ထိရောက်စွာ အပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ကြေငြာ အပ်ပါသည်။
4