Magway Division News
3.58K subscribers
2.65K photos
81 videos
12 files
3.75K links
မကွေးတိုင်းအတွင်းရှိစစ်ကြောင်းသတင်း၊လေကြောင်းသတင်း၊များကိုအချိန်နှင့်တပြေးညီတတ်နိုင်သမျှတင်ပေးပါသည်
Download Telegram
ပေါက်

ပေါက်နယ်အရှေ့မြောက်ခြမ်းဖြတ်၍ ပခုက္ကူ တပ်မ ၁၀၁ မှ စက်တပ်လေထီး (Paramotor) ၁ စီး အရှေ့တောင်အရပ်သို့ ပျံသန်း။

#WaiHin
Nov 22, 04:58 PM
📫သတင်းပို့ရန် @WaiHinScout_Bot
3
မြိုင်

မြိုင်နယ်အနောက်တောင်ခြမ်းဖြတ်၍ ပခုက္ကူ တပ်မ ၁၀၁ မှ စက်တပ်လေထီး (Paramotor) ၁ စီး အရှေ့တောင်အရပ်သို့ ပျံသန်း။

#WaiHin
Nov 22, 05:10 PM
📫သတင်းပို့ရန် @WaiHinScout_Bot
2
ပေါက်မြို့နယ်

ပေါက်မြို့နယ်ကမ္ဘားဖြူရွာနားသို့မနက်ကရောက်နေသောစခစစ်ကြောင်းသည်ညနေငါးနာရီခွဲကျော်ခန့်အချိန်တွင်ကမ္ဘားဖြူရွာသို့ဝင်ရောက်နေကြောင်းသိရပါတယ်။

#pdn
Nov-22/5:40PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httppdnhawkeyesif
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@hawkeyes0707
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Account Link-https://www.facebook.com/share/17H9DTTv3c/
Facebook Page Link-https://www.facebook.com/profile.php?id=61572301883588
2
ပခုက္ကူ- မကွေးတိုင်း

5:40pm(22 Nov)

ပခုက္ကူတပ်မ ၁၀၁ သို့ ပေါက်နယ်မှပြန်လာသော Paramotor (1) စီး ပြန်လည်ဆင်းသက်။

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
1
ပခုက္ကူနည်းပညာတက္ကသိုလ် ကျောင်းအုပ်အပါ ၄ ဦး အဖမ်းခံရ

ဧရာဝတီ၊ နိုဝင်ဘာ ၂၀၊ ၂၀၂၅

မကွေးတိုင်း၊ ပခုက္ကူနည်းပညာတက္ကသိုလ်မှ Non CDM တာဝန်ခံကျောင်းအုပ် ဒေါက်တာမြမြမွှေး၊ ခင်ပွန်းဖြစ်သူ ဦးသက်ကိုမောင် အပါအဝင် ၄ ဦးတို့သည် နိုဝင်ဘာ ၁၈ ရက်တွင် လက်နက်ကိုင်အဖွဲ့တခု၏ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် ယနေ့အချိန်ထိ အဆက်အသွယ်ပြတ်နေကြောင်း သိရသည်။

ယင်းနေ့တွင် ဒေါက်တာမြမြမွှေးအပါ ၄ ဦးတို့သည် ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးကော်မတီရုံး၌ ပြုလုပ်သော အစည်း အဝေးသို့ တက်ရောက်ပြီး ရေစကြိုမြို့သို့ အိမ်စီးကားဖြင့်ပြန်လာစဉ် ပခုက္ကူ-ရေစကြို-ချောင်ဦးလမ်းပေါ်ရှိ ကျောက် လှေခါးကျေးရွာအနီး လက်နက်ကိုင်တပ်ဖွဲ့တခုက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နည်းပညာတက္ကသိုလ်နှင့် နီးစပ်သူတဦးက “သူတို့ အဖမ်းခံလိုက်ရတယ်ဆိုတာတော့ သေချာတယ်။ သူတို့ စီးသွားတဲ့ ကားတွေပါ ယူသွားကြတာ။ အဲဒီနေ့က ခရိုင်အစည်းအဝေးပြီးတော့ ပြန်သွားကြတာမှာ ပခုက္ကူ-ရေစကြို-ချောင်းဦး လမ်းမကြီးပေါ်မှာ အဖမ်းခံကြရတာလို့သိရတယ်။ ဘယ်အဖွဲ့က ဖမ်းသွားတယ်ဆိုတာ အခုထိမသိရသေးဘူး” ဟု ဧရာဝတီကို ပြောသည်။

လက်ရှိ ပခုက္ကူခရိုင်အတွင်း စစ်တပ်က စစ်ကြောင်းလေးကြောင်းခွဲ၍ အင်အားသုံးပြီး ထိုးစစ်ဆင်နေရာ ပခုက္ကူ မြစ်ခြေ ဘက်နှင့် ရေစကြိုနယ် ရှင်မတောင်တောင်တွင် တပ်စွဲထားရာမှ ဖြန့်ခွဲဆင်းလာသည့် စစ်ကြောင်းများလည်း ရှိနေကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

“ကျနော်တို့လည်း နည်းပညာတက္ကသိုလ်က ဆရာမကြီးတို့အဖွဲ့ အဖမ်းခံလိုက်ရတယ်ဆိုတာကို သတင်းရထားတာပဲရှိတယ်။ ဘယ်အဖွဲ့က ဖမ်းသွားတယ်ဆိုတာ မသိရသေးဘူး။ လက်ရှိမှာ ပခုက္ကူ-ရေစကြို-ချောင်းဦးလမ်းပိုင်းနဲ့ ရေစကြိုနယ်ထဲမှာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတာရှိတော့ စစ်ရေးအခြေအနေတွေ အရမ်းရှုပ်ထွေးနေတာမို့ အဲဒီအခြေအနေကို ဘာမှ မသိရသေးဘူးဗျ” ဟု ရေစကြိုမြို့နယ် ပကဖမှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းတို့ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ စစ်တပ်ထောက်ခံသည့် မီဒီယာများ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များက ဖမ်းဆီး သွားသည်ဟု ဖော်ပြထားသော်လည်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်ခြင်း မရှိသေးသလို ဧရာဝတီအနေဖြင့်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

#WhatsHappeningInMyanmar
#RejectMilitaryCoup
1
ပခုက္ကူဆရာတော်ဘုရားကြီးမှ ဗိုလ်ချုပ်အောင်ဆန်းအား
ပြောကြားခဲ့သည် သြဝါဒ စကား

"" ပခုက္ကူဆရာတော်ကြီး ''

"အေး''
ဗိုလ်ချပ် စကားလေးခွန်း မှာမယ်ကွဲ့

(၁) သူများမြှောက်တိုင်းလည်း မမြှောက်နဲ့ ။
(၂) မမြောက်ဘဲလည်း မနေပါနဲ့။
(၃) သူများခြောက်တိုင်းလည်း မကြောက်ပါနဲ့။
(၄) မကြောက်ဘဲလည်း မနေပါနဲ့။

ဒီစကားလေးခွန်းကို မှတ်သားသတိထားပြီး
တိုင်းပြည်ကိုနယ်ချဲ့လက်အောက်မှ လွတ်မြောက်အောင်
ကြီုးစားပါ။

""ဗိုလ်ချုပ်အောင်ဆန်း''

တပည့်တော် နားမလည်ပါ
ရှင်းပြတော်မူပါဘုရား

""ပခုက္ကူဆရာတော်ကြီး''
(၁) ယုံကြည်လို့ ကြည်ညို့လို့ ပြည်သူလူထုက
"ဗိုလ်ချုပ်' ဗိုလ်ချုပ်' ' ဟု မြောက်စားတာကို
""ငါမှငါ'' ဟု မာနထောင်လွှာပြီး မြောက်မသွားနဲ့။

ဒါကို
မြောက်တိုင်းလည်း မမြောက်နဲ့ပြောတာ။

(၂) လူထုက ယုံကြည်အားကိုးမြောက်စားထားသည့်
အတိုင်း လွတ်လပ်ရေးရသည့်တိုင်း ပြီးမြောက်အောင်
ကြီုးစားပါ။

ဒါကို
""မမြောက်ဘဲလည်း မနေပါနဲ့ လို့''ပြောတာ။

(၃) လောကမှာ လူတော်ကို ယှဥ်ပြိုင်နိုင်အောင် မကြီုးစားဘဲ လူတော်ကို ဖယ်ရှားပြီး ကိုယ်ကျိုးရှာလိုတဲ့ သူတွေရှိတယ်။

ဒီလူမျိုးတွေရဲ့ '' ခြောက်တိုင်းလည်း မကြောက်နဲ့ '' လို့
ပြောတာ ။

(၄)ငါ့ကို တစ်တိုင်းပြည်လုံးက ယုံကြည်အားကိုးနေတယ်
ငါ့မှာ အန္တရာယ်ပြုမယ့်သူ မရှိပါဘူး ဟု ယုံကြည်ပြီး
အန္တရာယ်ကို
မကြောက်ဘဲလည်း မနေနဲ့ ဟု ပြောလိုတာ

""ကိုင်း ဗိုလ်ချုပ် နားခည်ပြီလား''

""ဗိုလ်ချုပ်အောင်ဆန်း ''

နားလည်ပါပြီ ဘုရား

credit
3
မြိုင်နဲ့ပေါက်နယ်အစပ်မှာ စစ်အုပ်စု စက်တပ်လေထီး တစ်စင်း ပျက်ကျ၊

အီသာရမ်/MFP၊ နိုဝင်ဘာ - ၂၂

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ပေါက်မြို့နယ်အစပ်မှာ ပြည်သူကို ဗုံးကြဲသတ်နေတဲ့ မင်းအာင်လှိုင် သစ္စာခံ စစ်အုပ်စုရဲ့ စက်တပ်လေထီးတစ်စင်း ပျက်ကျတယ်လို့ မြိုင်-ပကဖ က MFP ကို ပြောပါတယ်။

နိုဝင်ဘာလ ၂၂ ရက် ဒီနေ့မှာ ပခုက္ကူမြို့ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ် (တပ်မ ၁၀၁) က တက်လာပြီး ပေါက်နယ်ကို ဗုံးကြဲပြီး ပြန်လာတဲ့ စက်တပ်လေထီး နှစ်စင်းထဲက တစ်စင်း မြိုင်နဲ့ ပေါက်နယ် အစပ်မှာ ပျက်ကျတာလို့ မြိုင်-ပကဖ တာဝန်ခံ ဗိုလ်လက်ယာက MFP ကို အတည်ပြုပါတယ်။

“ပျက်ကျသွားတာ ဟုတ်တယ်။ မြိုင်နဲ့ပေါက်ကြားမှာ၊ ဗုံးကြဲပြီး Back ခေါက်တဲ့အချိန် ပျက်ကျသွားတာ၊ ပစ်ချတာလား ပျက်ကျတာလား မသိရသေးဘူး၊ ကျွန်တော်တို့ ကလေးတွေ ရှေ့မှာတော့ ပစ်နေကြတယ်”

ပျက်ကျတဲ့ စက်တပ်လေထီးပေါ်မှာ မင်းအောင်လှိုင် သစ္စာခံ စစ်အုပ်စု လက်နက်ကိုင် နှစ်ယောက် လိုက်ပါလာပြီး သေသလား၊ ရှင်သလားဆိုတာတော့ မသိရသေးဘူးလို့ ဗိုလ်လက်ယာက ပြောပါတယ်။

အဲ့ဒီ ပျက်ကျတဲ့ စက်တပ်လေထီး အပါအဝင် စက်တပ်လေထီး နှစ်စင်းဟာ ပေါက်နဲ့မြိုင်နယ်ထဲ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုကို ပစ်ကူပေးရင်း ပြည်သူကို ဗုံးကြဲသတ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပေါက်နဲ့ မြိုင်နယ်ထဲကို ပြီးခဲ့တဲ့ ရက်ပိုင်းကစတင်ကာ စစ်အုပ်စုက အင်အားရာနဲ့ချီ အသုံးပြု၊ အဖွဲ့ သုံးဖွဲ့ထက်မနည်း ဖြန့်ခွဲကာ စစ်ကြောင်းထိုးနေပြီး လက်ရှိမှာတော့ စစ်အုပ်စုတွေ ပြန်စုပေါင်းကာ ရေနံမှော်တွေဘက်ကို ဦးတည် စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုက တွေ့သမျှပြည်သူကို ဖမ်းဆီးသတ်ဖြတ်သလို စက်တပ်လေထီးတွေ၊ တိုက်လေယာဉ်တွေနဲ့ ရွာပေါ် ဗုံးကြဲလို့ ပေါက်နဲ့မြို့နယ် ကျေးရွာတွေက ဒေသခံ သောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်ကလည်း ပခုက္ကူနယ်ထဲ ပြည်သူကို ဗုံးကြဲသတ်ပြီး ပြန်လာတဲ့ တပ်မ ၁၀၁ က စက်တပ်လေထီးတစ်စင်း ပခုက္ကူမြို့ အနောက်ဘက်နားမှာ ပျက်ကျာ အဲဒီစက်တပ်လေထီးကို တော်လှန်ရေးတပ်တွေက မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။

ဧပြီလအတွင်းက ပခုက္ကူမှာ ပျက်ကျခဲ့တဲ့ စစ်အုပ်စုရဲ့ စက်တပ်လေီးတစ်စင်း/Photo – CJ

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အည#စစ်ကိုင်း #မန္တလေး #မကွေး
5🤩1
Magway Division News pinned «မြိုင်နဲ့ပေါက်နယ်အစပ်မှာ စစ်အုပ်စု စက်တပ်လေထီး တစ်စင်း ပျက်ကျ၊ အီသာရမ်/MFP၊ နိုဝင်ဘာ - ၂၂ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ပေါက်မြို့နယ်အစပ်မှာ ပြည်သူကို ဗုံးကြဲသတ်နေတဲ့ မင်းအာင်လှိုင် သစ္စာခံ စစ်အုပ်စုရဲ့ စက်တပ်လေထီးတစ်စင်း ပျက်ကျတယ်လို့ မြိုင်-ပကဖ…»
သတင်းထုတ်ပြန်ချက်

ရက်စွဲ - ၂၂ နိုဝင်ဘာ ၂၀၂၅

မြိုင်ပကဖ သည် ပေါက်ပကဖ , MGY စုပေါင်းတပ်များဖြင့် ပူးပေါင်းကာ စစ်ကြောင်းများအားတိုက်ခိုက်စဉ် ပခုက္ကူ ၁၀၁ မှ လာရောက်ပစ်ခတ်သော ပါရာမော်တာအား ပစ်ချရာ ပျက်ကျသွားပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်

မြိုင် ပကဖ
5👍4🤩1
ဆိပ်ဖြူ-မကွေးတိုင်း⚠️

7:03pm(22Nov)

ဆိပ်ဖြူ ကပစ ၂၂ မှ  စကစ Drone(1) စီး ပျံတက်။

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
3
မြိုင်⚠️

မြိုင်နယ် တနေရာပေါ်တွင် ဂျက်ဖိုက်တာ ယူဆ ၁စီး  ပျံဝဲနေ။

#WaiHin
Nov 22, 7:30PM
📫သတင်းပို့ရန် @WaiHinScout_Bot
1
⚠️ပေါက်

ပေါက်နယ် အရှေ့ခြမ်း​ဖြတ်၍ Y-12 Military Transport Aircraft (1) စီး မြောက်သို့ ပျံသန်း။

19:25, Nov 22
#EAR #SCIN
1
ပေါက်/မြိုင်🚨

အေလာလေတပ်တက် Yak-130 Fighter Jet (1)စီး ပေါက်နယ်အရှေ့ခြမ်း မြိုင်နယ်အနောက်တောင်ခြမ်းတွင် ပျံဝဲ။

#NAS
Nov 22, 7:281!PM
📡သတင်းပို့ရန် @infonas
2
​ပေါက် / မြိုင်⚠️

​ပေါက် / မြိုင် နယ် အစပ် တစ်နေရာသို့
Drone ၁စီးဝဲပျံနေ။

#WaiHin
Nov 22, 7:45PM
📫သတင်းပို့ရန် @WaiHinScout_Bot
1
ပေါက်/မြိုင်🚨

ATR-42 MPA (1)စီး ပေါက်နယ်နှင့်မြိုင်နယ်အစပ်တွင် ပျံဝဲ။

#NAS
Nov 22, 7:55PM
📡သတင်းပို့ရန် @infonas
3