Magway Division News
3.57K subscribers
2.65K photos
81 videos
12 files
3.75K links
မကွေးတိုင်းအတွင်းရှိစစ်ကြောင်းသတင်း၊လေကြောင်းသတင်း၊များကိုအချိန်နှင့်တပြေးညီတတ်နိုင်သမျှတင်ပေးပါသည်
Download Telegram
ပခုက္ကူ⚠️

ပခုက္ကူနယ် အနောက်မြောက်ခြမ်းဖြတ်၍ ပခုက္ကူ တပ်မ ၁၀၁ မှ စက်တပ်လေထီး (Paramotor) ၂ စီး အနောက်အရပ်သို့ ပျံသန်း။

#WaiHin
Nov 21, 07:15 PM
📫သတင်းပို့ရန် @WaiHinScout_Bot
2
ပခုက္ကူ⚠️

ပခုက္ကူ တပ်မ ၁၀၁တက် Paramotor အင်ဂျင်တပ်လေထီး (2)စီး ပခုက္ကူနယ် အနောက်ခြမ်းဖြတ်၍ အနောက်​အရပ်သို့ ပျံသန်း။

#NAS
Nov 21, 7:19PM
📡သတင်းပို့ရန် @infonas
1
မြိုင်⚠️

ပခုက္ကူ တပ်မ ၁၀၁တက် Paramotor အင်ဂျင်တပ်လေထီး (2)စီး မြိုင်နယ် တောင်ခြမ်းဖြတ်၍ အနောက်​အရပ်သို့ ပျံသန်း။

#NAS
Nov 21, 7:27PM
📡သတင်းပို့ရန် @infonas
2
မြိုင်⚠️

မြိုင်နယ် အနောက်တောင်ခြမ်းဖြတ်၍ ပခုက္ကူ တပ်မ ၁၀၁ မှ စက်တပ်လေထီး (Paramotor) ၂ စီး အနောက်မြောက်အရပ်သို့ ပျံသန်း။

#WaiHin
Nov 21, 07:36 PM
📫သတင်းပို့ရန် @WaiHinScout_Bot
3
ပေါက်/မြိုင်- မကွေးတိုင်း

7:47pm(21 Nov)

ပခုက္ကူတပ်မ ၁၀၁ တက်  Paramotor (2) စီး ပေါက်/မြိုင်နယ်အစပ်ပေါ် ပျံဝဲနေ။

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
1
ပေါက်⚠️

ပေါက်နယ် အရှေ့မြောက်ခြမ်းဖြတ်၍ ပခုက္ကူ တပ်မ ၁၀၁ မှ စက်တပ်လေထီး (Paramotor) ၂ စီး အနောက်အရပ်သို့ ပျံသန်း။

#WaiHin
Nov 21, 07:49 PM
📫သတင်းပို့ရန် @WaiHinScout_Bot
2
ပေါက်⚠️

ပခုက္ကူ တပ်မ ၁၀၁တက်  Paramotor အင်ဂျင်တပ်လေထီး (2)စီး ​ပေါက်နယ်မြောက်ခြမ်းဖြတ်၍ အနောက်​အရပ်သို့ ပျံသန်း။

#NAS
Nov 21, 7:55PM
📡သတင်းပို့ရန် @infonas
1
ပေါက်🚨

ပခုက္ကူ တပ်မ ၁၀၁တက်  Paramotor အင်ဂျင်တပ်လေထီး (2)စီး ​ပေါက်နယ်အရှေ့မြောက်ခြမ်းတွင် ပျံဝဲ။

#NAS
Nov 21, 7:58PM
📡သတင်းပို့ရန် @infonas
2
🔴 ပေါက်- မကွေးတိုင်း

8:02 pm(21 Nov)

ပခုက္ကူတပ်မ ၁၀၁ တက်  Paramotor (2) စီး ပေါက်နယ်ပေါ် ပျံဝဲနေ။ (2 ကြိမ်မြောက်)

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
2
ပေါက်

ပေါက်နယ်အရှေ့မြောက်ခြမ်းဖြတ်၍ ပခုက္ကူ တပ်မ ၁၀၁ တက် Paramotor စက်တပ်လေထီး (2)စီး အရှေ့တောင်အရပ်သို့ ပျံသန်း။။

20:07, Nov 21
#EAR #SCIN
1
ပေါက်မြို့နယ်

ပေါက်မြို့နယ်ဖလံကိုင်းရွာနှင့်MOGE(21)တို့တွင်ညရှစ်နာရီအချိန်ထိစခများရှိနေဆဲဖြစ်ကြောင်းသိရပါတယ်။

#pdn
Nov-21/8:12PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httppdnhawkeyesif
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@hawkeyes0707
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Account Link-https://www.facebook.com/share/17H9DTTv3c/
Facebook Page Link-https://www.facebook.com/profile.php?id=61572301883588
1
မြိုင်

ပခုက္ကူ တပ်မ ၁၀၁တက်  Paramotor အင်ဂျင်တပ်လေထီး (2)စီး မြိုင်နယ်အနောက်တောင်ခြမ်းဖြတ်၍ အရှေ့အရပ်သို့ ပျံသန်း။

#NAS
Nov 21, 8:13PM
📡သတင်းပို့ရန် @infonas
2
ပေါက်⚠️

ပေါက် ကပစ၂၄.မှ UAV  Drone  (1)စီး ​လွှတ်တင်ထား။

#NAS
Nov 21, 8:15PM
📡သတင်းပို့ရန် @infonas
1
မြိုင်

ပခုက္ကူ တပ်မ ၁၀၁တက်  Paramotor အင်ဂျင်တပ်လေထီး (2)စီး မြိုင်နယ်တောင်ခြမ်းဖြတ်၍ အရှေ့အရပ်သို့ ပျံသန်း။

#NAS
Nov 21, 8:18PM
📡သတင်းပို့ရန် @infonas
Magway Division News
ပေါက်⚠️ ပေါက် ကပစ၂၄.မှ UAV  Drone  (1)စီး ​လွှတ်တင်ထား။ #NAS Nov 21, 8:15PM 📡သတင်းပို့ရန် @infonas
ပေါက်-မကွေးတိုင်း⚠️

8:18pm(21Nov)

စကစ Drone (1)စီး ပေါက်နယ်မြောက်ပိုင်း ပေါ်ပျံဝဲနေ။

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
1
Magway Division News
ပေါက်-မကွေးတိုင်း⚠️ 8:18pm(21Nov) စကစ Drone (1)စီး ပေါက်နယ်မြောက်ပိုင်း ပေါ်ပျံဝဲနေ။ #WES သတင်းပို့ရန် @WES_SCOUT @WES_ScoutInfobot
ပေါက်⚠️

ပေါက် ကပစ၂၄.တက် UAV  Drone  (1)စီး ​ပေါက်နယ်အနောက်မြောက်ခြမ်းတွင် ပျံဝဲ။

#NAS
Nov 21, 8:23PM
📡သတင်းပို့ရန် @infonas
2
မြိုင်

ပခုက္ကူ တပ်မ ၁၀၁တက်  Paramotor အင်ဂျင်တပ်လေထီး (2)စီး မြိုင်နယ်အရှေ့တောင်ခြမ်းဖြတ်၍ အရှေ့အရပ်သို့ ပျံသန်း။

#NAS
Nov 21, 8:28PM
📡သတင်းပို့ရန် @infonas
3
ပခုက္ကူ- မကွေးတိုင်း

8:38pm(21 Nov)

ပေါက်နယ်မှပြန်လာသောပခုက္ကူတပ်မ ၁၀၁ တက်  Paramotor (2) စီး ပခုက္ကူနယ်ဖြတ် အရှေ့ဘက်သို့ပျံသန်း။

#WES
သတင်းပို့ရန်
@WES_SCOUT
@WES_ScoutInfobot
1
ပခုက္ကူ

ပခုက္ကူတပ်မ (၁၀၁) သို့ ပေါက်မြို့နယ်အရှေ့မြောက်ခြမ်းတွင် (7:58-8:02PM) အချိန်တို့က လေ​ကြောင်းတိုက်ခိုက်မှုလုပ်ခဲ့​သော Paramotor အင်ဂျင်တပ်လေထီး အင်ဂျင်တပ်လေထီး  (2)စီး ဆင်းသက်။

#NAS
Nov 21, 9:02PM
📡သတင်းပို့ရန် @infonas
2
ပေါက်မြို့နယ်

ပေါက်မြို့နယ်ရေဖြူရွာမှထွက်လာသောစခအအတရာခန့်သည်ကိုးနာရီကျော်ခန့်ကထန်းပင်ချောင်းရွာဖြတ်၍ကပစ၂၄ဆိုက်လမ်းမအတိုင်းတောင်အရပ်သို့ထွက်ခွာသွားကြောင်းသိရပါတယ်။

#pdn
Nov-22/10:05AM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httppdnhawkeyesif
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@hawkeyes0707
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Account Link-https://www.facebook.com/share/17H9DTTv3c/
Facebook Page Link-https://www.facebook.com/profile.php?id=61572301883588
2
“Gyrocopter၊ Paramotor တို့ကို တန်ပြန်ချေမှုန်းရေးနှင့် လုံခြုံရေးနည်းလမ်းများ”

🔹ဇော်ထူး(CDM)

အကြမ်းဖက်စစ်ကော်မရှင်တပ် အသုံးပြုနေသော စက်တပ် လေထီး/လေယာဉ်နှစ်မျိုးအကြောင်းနှင့်တကွ ပြည်သူနှင့်တော်လှန်ရေးတပ်များအနေဖြင့် သတိပြုရန်၊ ကာကွယ်ရန်၊ တုံ့ပြန်ရန် လိုအပ်သည့်အချက်များအား ရေးသားတင်ပြလိုပါသည်။

၂၀၂၃ ခုနှစ်မှစ၍ မြန်မာစစ်ကော်မရှင်တပ်သည် စစ်ဆင်ရေးအတွက် မြန်မာပြည်မြေပြန့်ဒေသများတွင် သေးငယ်သည့် လေထီးစက်တပ်ယာဥ် နှစ်မျိုးကို စမ်းသပ် အသုံးပြုလာသည်။ ၎င်းတို့မှာ (ဂျိုင်ရိုကော်ပတာနှင့် စက်တပ်လေထီးပါရာမော်တာ)တို့ ဖြစ်ကြပါသည်။

အဆိုပါစက်များသည် ဓာတ်ဆီ (Octane.91/ 95/ Avgas.100.LL95) ဆီသုံး အင်ဂျင်ဖြင့် လည်ပတ်ပြီး လေယာဉ်ကွင်းမလိုအပ်ဘဲ မြေပြန့်၊ လွင်ပြင်နှင့် တောင်တန်းဒေသများအထိပင် လွယ်လွယ်ကူကူ မောင်းနှင်ဗုံးကြဲ ပစ်ခတ်နိုင်သောကြောင့် စစ်တပ်အတွက် အထောက်အကူဖြစ်လာခဲ့သဖြင့် ပြည်သူလူထုနှင့် တော်လှန်ရေးတပ်ဖွဲ့များအတွက် လေကြောင်းအန္တရာယ်အသစ်တစ်ခု ထပ်မံဖြစ်ပေါ်လာခဲ့သည်။

ထို့ကြောင့် အခြေခံအားဖြင့် လေ့လာသိရှိနိုင်ကြစေရန်နှင့်ကြိုတင်ကာကွယ်မှု ပြုလုပ်နိုင်ရန် လေ့လာသိရှိ နားလည်သမျှတို့ကို တင်ပြရေးသားအပ်ပါသည်။

၁။ ဂျိုင်ရိုကော်ပတာ(Gyrocopter)

(က) အခြေခံအချက်အလက်
- အင်ဂျင်တပ်ဆင်ထားသော သေးငယ်သည့် ရဟတ်ယာဉ်ဖြစ်သည်။
- တစ်ဦးတည်း မောင်းနှင်နိုင်ပြီး လေထုအနိမ့်တွင် ပျံသန်းနိုင်သည်။

(ခ) အသုံးပြုသည့်နယ်ပယ်များ
- စစ်တပ်အတွက် သတင်း‌ထောက်လှမ်းရယူခြင်း၊
- လေထုအနိမ့်မှ ဗုံးငယ်များချကြဲနိုင်ခြင်း၊
- ဗွီဒီယိုကင်မရာ တပ်ဆင်ထားပြီး မြေပြင်မှ မိမိ့တပ်တည်နေရာများ၊ လှုပ်ရှားမှုများနှင့် သတင်းအချက်အလက်များ ထောက်လှမ်းရယူနိုင်ခြင်း။

(ဂ) အားသာချက်များ
- လေယာဉ်ကွင်းမလိုအပ်၊
- မောင်းသူအပါ လူနှစ်ဦးအထိလိုက်ပါနိုင်၊
- လေထုတည်ငြိမ်ပြီး ပျံသန်းနိုင်ချိန် ရှည်ကြာသည်၊
- ဗီဒီယိုနှင့် ဂျီပီအက်စ်ကိရိယာများတပ်ဆင်လွယ်၊
- လေထုအနိမ့်တွင် ထိန်းချုပ်ရလွယ်။

(ဃ) အားနည်းချက်များ
- အနိမ့်ပိုင်းများမှာသာ ပျံသန်းနိုင်သဖြင့် စက်လက်(စက်လက် ၇.၆၂ ကျည်သုံး)နှင့်( ဒဿ ၅ စက်သေနတ်ကြီး)မြေပြင်မှပြန်လည် ပစ်ခတ်နိုင်သည်။
- မိုးလေဝသ မတည်ငြိမ်ချိန်တွင် အသုံးမပြုနိုင်၊
- ပျက်ကျလျှင် ထိခိုက်မှုကြီးမား၊
- လေကြောင်း ထိန်းသိမ်းရန် လွန်စွာခက်ခဲခြင်း စသည်တို့ ဖြစ်သည်။

(င) တိုက်ခိုက်မှုစွမ်းရည်
- စကမ၏ ကပစတပ်ထုတ်စက်သေနတ်ငယ်များပါသယ်ဆောင်ပစ်ခတ်နိုင်၊
- အသေးစား/ အလတ်စား ဗုံးများကို မြေပြင် သို့ချကြဲ တိုက်ခိုက်နိုင်သဖြင့် တော်လှန်ရေးတပ်တည်နေရာများ၊ လူစုရာနေရာများကို မြေပြန့်လွင်ပြင်ဒေသများ၌ တိုက်ခိုက်မှု အချိန်မရွေးပြုလုပ်နိုင်။

(စ) ဝယ်ယူရရှိနိုင်သောနိုင်ငံနှင့်ထုတ်လုပ်သည့်ကုမ္ပဏီများ၊ သင်တန်း သင်ကြားမှု၊ သင်ခန်းစာနှင့် အချိန်ကာလ......
-ဂျာမဏီနိုင်ငံ.Auto Gyro Gmbh
- စပိန်.Ela Aviacion
- ရုရုား.Aerovolga/Rotor Fly
- တရုတ်.Shaanxi Baoji Special Vehicles Co.Ltd
- အိန္ဒိယ.Bhrarat Aerospace/General Aviation India
စသည်တို့ ဖြစ်ပြီး စစ်ရေးအနေဖြင့် သင်တန်းပေးနေသောနိုင်ငံများမှာ ရုရှာ၊ တရုတ်၊ ပိုလန်၊ စပိန်၊ အမေရိကန် စသောနိုင်ငံများတွင် စစ်ရေးသုံးအဖြစ် နိုင်ငံတစ်ခုreconnaissanceအတွက် သတ်မှတ်သင်တန်းပေးပြီး သင်တန်းကာလမှာ ၃ ပတ်မှ ၈ ပတ်အထိကြာမြင့်ပြီး engine system communication weep mount mission သင်ခန်းစာများလေ့ကျင့်သင်ကြားပေးသည်။ အဓိကအားဖြင့် တိုက်ပွဲနေရာများကိုလေထုအတွင်းစောင့်ကြည့်ခြင်း၊ မြေပြင်တပ်များကို နယ်နိမိတ်သတ်မှတ်ပေးခြင်း၊ တော်လှန်ရေးတပ်များလှုပ်ရှားမှုကို စစ်ဆေးအစီရင်ခံခြင်း၊ သဘာဝအန္တရာယ်ကြောင့် ပျောက်ဆုံးသူများကို ရှာဖွေကူညီပေးခြင်း၊ မိုးလေဝသ သတင်းအချက်အလက် ရယူခြင်းများကို အဓိကထား သင်ကြားလေ့ကျင့်ပေးကြောင်း သိရှိရပါသည်။

(ဆ) လေယာဥ်ငယ်များဖြစ်သည့်အတွက် အလွယ်တကူအသုံးပြုတိုက်ခိုက်နိုင်ရန်နှင့် သဘာဝဘေးအန္တရာယ်များ လေ့လာသိရှိနိုင်စေရန် တိုင်း/တပ်မ အခြေချစစ်ဌာနချုပ်များနှင့် လေကြောင်းရန်ကာကွယ်ရေးတပ်များ၊ စကမလက်အောက်ခံ လေတပ်ဌာနချုပ်များတွင် စစ်မဟာဗျူဟာအရ တိုက်ခိုက်မှုအသုံးပြုရန် အရန်သင့် ထားရှိအသုံးပြုနေကြောင်း လေ့လာသိရှိရပါသည်။

၂။ စက်တပ်လေထီး ပါရာမော်တာ(Paramotor)

(က) အခြေခံအချက်အလက်
- လေထီးပုံစံရှိပြီး နောက်ကျောပေါ်တွင် အင်ဂျင်တပ်ဆင်ထားသည်။
- လေပြန်လာသည့်အခါ လေထီးထောက်ကာ ပျံသန်းနိုင်၊
- တစ်ဦးတည်းသာ မောင်းနှင်နိုင်။

(ခ) အသုံးပြုသည့်နယ်ပယ်များ
- လေကြောင်းမှ ပင်မတပ်များအနီး သတင်းရယူခြင်း။
- ဗုံးအသေးများကြဲချတိုက်ခိုက် ခြင်း။
- တော်လှန်ရေးတပ်တည်နေရာများနှင့်တပ်လှုတ်ရှာများကို မှတ်တမ်းတင်ခြင်း။

(ဂ) အားသာချက်များ
- အင်ဂျင်သေးပြီး အကုန်အကျသက်သာ။
- လေယာဉ်ကွင်းမလို။
- မောင်းသူတစ်ဦးတည်းနဲ့ လွယ်ကူစွာ သုံးနိုင်။

(ဃ) အားနည်းချက်များ
- မိုးလေဝသမတည်ငြိမ်ချိန်တွင် ပျံသန်း၍မရ။
- ပျံသန်းအမြင့်ပေ နည်းသောကြောင့် မြေပြင်တပ်များမှလက်နက်ငယ် ၇.၆၂ စက်လက်များဖြင့် ပစ်ခတ်နိုင်။

- ဗုံးချနိုင်သော်လည်း တိကျမှုနည်း။
2