Magway Division News
3.35K subscribers
2.92K photos
84 videos
12 files
4.03K links
မကွေးတိုင်းအတွင်းရှိစစ်ကြောင်းသတင်း၊လေကြောင်းသတင်း၊များကိုအချိန်နှင့်တပြေးညီတတ်နိုင်သမျှတင်ပေးပါသည်
Download Telegram
မြိုင်မှာ စစ်တပ်စစ်ကြောင်းတွေနဲ့ စစ်ဆိုင်ထားတယ်လို့ PDF မကွေးတိုင်းစစ်ဌာန ပြော

နို၀င်ဘာ-၂၄ ၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊မြိုင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဗျူဟာ ၂ခုစာ စစ်ကြောင်းတွေနဲ့ စစ်ဆိုင်ထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

မြိုင်မြို့နယ်တောင်ဘက်ခြမ်းက တွင်းမ ပြည်သူ့စစ် ကျေးရွာမှာ တစ်ဗျူဟာစာ စစ်တပ်စစ်ကြောင်းနဲ့ ပေါက်နဲ့ မြိုင်ဒေသအစပ် တဲကြီးရွာမှာ တစ်ဗျူဟာ ရှိတယ်လို့ ဆိုပါတယ်။

"တွင်းမစစ်ကြောင်းက တဲကြီးကိုကူဖို့ ရည်မှန်းချက်နဲ့လာတာ။ ဒါပေမယ့် အဲဒီမှာ မကွေးတိုင်းစစ်ဌာနက ခရိုင်စုဖွဲ့စစ်ကြောင်းနဲ့ အညာတမာတပ်ပေါင်းစုက ပိတ်ဆို့ထားတော့ ဆက်မတက်နိုင်သေးတာ"လို့ အထက်ပါတာ၀န်ရှိသူက လတ်တလောစစ်ရေးအခြေအနေကို ရှင်းပြပါတယ်။

တဲကြီးကျေးရွာကစစ်ကြောင်းကို မကွေးတိုင်းစစ်ဌာနရဲ့ ခရိုင်စုဖွဲ့စစ်ကြောင်းတွေက ပိတ်ဆိုစစ်ဆိုင်ထားပြီး ရန်သူကိုမြေပြင်ထောက်ပံ့လမ်းကြောင်း ဖြတ်တောက်ထားတယ်လို့ အသိပေးပါတယ်။

လက်ရှိမှာ စစ်တပ်က မြိုင်နဲ့ပေါက် မြို့နယ်တွေမှာ လေကြောင်းကင်းထောက်မှုတွေကြောင့် လေကြောင်း အန္တရာယ်အထူးသတိထားဖို့ အညာမြေအရပ်ဖက်လူမှုအဖွဲ့အစည်း မြိုင် တာ၀န်ရှိသူက ပြောပါတယ်။

စစ်တပ်စစ်ကြောင်းတွေက မြိုင်မြို့နယ်ကို ဇူလိုင် ဒုတိယပတ်ကစပြီး ဝင်ရောက်ခဲ့ကာ အဲဒီ စစ်ကြောင်းက တဲကြီးရွာထဲမှာ အထိုင်ချတပ်စွဲထားတာ လေးလ၀န်းကျင်ရှိပြီဖြစ်ကာ တော်လှန်ရေးတပ်တွေနဲ့မကြာခဏ ‌ထိတွေ့မှုရှိနေပါတယ်။

အဲဒီစစ်ကြောင်းကို ကူဖို့အတွက် ပခုက္ကူတပ်မ (၁၀၁)ကနေ အောက်တိုဘာမှာ နောက်ထပ် စစ်ကြောင်းတစ်ခု ထွက်လာပြီး အခု တွင်းမရွာမှာ တပ်စွဲထားတာဖြစ်ပါတယ်။

စစ်တပ်စစ်ကြောင်းထိုးမှုတွေနဲ့ အရင်အထိုင်ချထားတဲ့ နေရာကို အင်အားဖြည့်ထားတာတွေကြောင့် ကျေးရွာ ၁၀ ရွာကျော်က ဒေသခံထောင်နဲ့ချီစစ်ရှောင်နေရပြီး အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။

မကွေးတိုင်း၊မြိုင်မြို့နယ်အနောက်ခြမ်းက တော် လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ရေနံမြေကို ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတာဖြစ်ပါတယ်။

လက်ရှိ မြိုင်မြို့နယ်တွင်းရောက်နေတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ မြိုင်မြို့အနောက်တောင်ဘက် က တပ်မတော်အကြီးစားစက်ရုံ (တစက-၃) ဒေသအခေါ် စက်မှု (၂)ကို ဖြည့်တင်းထားတဲ့ အင်အားတွေအရ တစ်ထောင်ထက်မနည်းရှိနိုင်တယ်လို့ ဒေသတွင်းစစ်ရေး သတင်းရင်းမြစ်တချို့က ခန့်မှန်းထားပါတယ်။

စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လည်း တစ်လအတွင်း ကလေး ၂ဦးအပါအ၀င် အရပ်သား ၆ဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ မြိုင်မြို့နယ်စစ်ရှောင်ကူညီနေတဲ့ အဖွဲ့တချို့က ထုတ်ပြန်ထားပါတယ်။

(ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာနက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - PDF)
❤3
Magway Division News pinned «မြိုင်မှာ စစ်တပ်စစ်ကြောင်းတွေနဲ့ စစ်ဆိုင်ထားတယ်လို့ PDF မကွေးတိုင်းစစ်ဌာန ပြော နို၀င်ဘာ-၂၄ ၊၂၀၂၆။ဖိုးသား/People's Spring မကွေးတိုင်း၊မြိုင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဗျူဟာ ၂ခုစာ စစ်ကြောင်းတွေနဲ့ စစ်ဆိုင်ထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းစစ်ဌာန…»
မင်းဘူးခရိုင်၊စလင်းမြို့နယ်

စလင်းမြို့မှထွက်ခွာလာသောကားလေး၃စီးသည်ပေါင်းတူရွာဖြတ်၍အနောက်အရပ်သို့မောင်းနှင်သွားကြောင်းသိရပါတယ်။

#MDN
Nov-24/2;30PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Page Link- https://www.facebook.com/share/1BtGkeMFAG/
လေကြောင်းချန်နယ်-https://t.me/mdna002
❤1
မကွေး

မကွေးလေတပ်သို့ သပိတ်ကျင်း တွင်းငယ် တတက ၁၃ တက် Mi-17 Military Transport Helicopter (1)စီး အနောက်မြောက်အရပ်မှ ဆင်းသက်။

15:54, Nov 24
#EAR #SCIN
❤3
ပထမဆုံးအနေနဲ့ ပြောချင်တာက စစ်တပ်က အကြီးအကျယ် စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေတယ်။ လူတိုင်းက အသိဉာဏ် တွေးခေါ် ဆုံးဖြတ်နိုင်စွမ်းမတူကြဘူး။ ဒီလောက်တော့ သိမှာပါ မထင်ပါနဲ့။ အထက်တန်းပြဆရာမတောင် မြွေတပိုင်းကြွက်တပိုင်းပုံကို ငွေဝင်ဖို့ ရှယ်နေတဲ့နိုင်ငံကဆိုတာက မမေ့ပါနဲ့။

သတင်းတခုကို သေချာမသိသေးခင်မှာ လိုက်ယောင်ခြင်းကလည်း ရန်သူ့အတွက် ကူညီနေတာ ဖြစ်ပါတယ်။ ဥပမာ လူတယောက် သတ်ဖြတ်ခံရတဲ့သတင်းတခု ဆိုရှယ်မီဒီယာပေါ် တက်လာတယ်လို့ ဆိုပါစို့။ သတင်းထဲမှာ ဘယ်နေရာမှာဖြစ်တယ်၊ ဘယ်အချိန်မှာဖြစ်တယ်ဆိုတာလောက်ပဲ ပါတယ်။ ကျူးလွန်သူကိုလည်း တိတိကျကျ မဖော်ပြထားတာမရှိဘဲ လက်နက်ကိုင်လူတစု၊ တော်လှန်ရေးတပ်ဖွဲ့တခုက ကျူးလွန်ခဲ့တယ် ဆိုတဲ့ စာသားမျိုးပဲ ပါလာတယ်။

လက်နက်ကိုင်အဖွဲ့၊ တော်လှန်ရေးတပ်ဖွဲ့ဆိုတာ အဖွဲ့တခုတည်းကို ကိုယ်စားမပြုပါဘူး။ NUG MOD လက်အောက်ခံတပ်ရင်းတွေရှိတယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှိတယ်၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရှိတယ်၊ သီးခြားလှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့တွေလည်း ရှိတယ်။ အဲဒီလို အဖွဲ့အစည်းပေါင်းစုံရှိနေတဲ့အခြေအနေမှာ ကျူးလွန်သူရဲ့ အဖွဲ့အစည်း၊ တပ်ရင်းနဲ့ တာဝန်ရှိသူကို အတည်မပြုနိုင်သေးဘဲ တော်လှန်ရေးတပ် ဆိုတဲ့ စကားလုံးတခုတည်းနဲ့တင် တချို့သောတော်လှန်ရေးဘက်၊ ရန်သူနဲ့ သူ့တို့ထောက်ခံသူတွေက NUG MODရဲ့တပ်တွေကို တန်းပြီး စွပ်စွဲလိုက်ကြတာပါပဲ။

အဲဒီနောက်မှာတော့ ပို့စ်အောက်ကမန့်တွေ၊ Share Caption တွေမှာလည်း အချက်အလက်နဲ့တကွမဟုတ်တဲ့ နောက်ထပ်ဇာတ်လမ်းတွေတန်းစီ အုံလိုက်ကျင်းလိုက် ချတော့တာပါပဲ။ အရင်ကလည်း ဘယ်မှာဘယ်လို ဖြစ်ဖူးတယ်။ သူတို့ခွေးထက်တောင် ဆိုးလာကြပြီ။ နောက်ထပ်လည်း ဒီလိုဖြစ်လာဦးမှာပဲ။ ဘယ်သူတွေဆို ဒါတွေကြောင့် တပ်ပြေးပြီတို့၊ တချို့ဒါတွေကိုလက်မခံနိုင်လို့ စစ်တပ်ဆီ အမှောင်ဝင်ပြီတို့ အများကြီးပါပဲ။ တချို့က ကိုယ်တိုင်ကြားဖူးတဲ့ အမှန်နည်းနည်းအမှားများများအကြောင်းအရာတွေကို ထပ်ဖြည့်တယ်။ တချို့က တခြားနေရာတခုမှာ ဖြစ်ခဲ့ဖူးတဲ့ဖြစ်စဉ် အဟောင်းတွေကို လက်ရှိသတင်းနဲ့ ရောထွေးလိုက်ပြီး အများအပြားဖြစ်ခဲ့သလို သက်သေယူဆိုက်ဝါးထည့်ပြောကြတယ်။ တချို့ကတော့ အထောက်အထားမရှိတဲ့ စွပ်စွဲချက်တွေ တသီတတန်းနဲ့ထပ်ဆင့် ရှယ်ကြ၊ မျှဝေကြတယ်။

ဘာမှန်းမသိရသေးတဲ့ အချက်အလက်မစုံတဲ့ သတင်းအစအနလေးတခုကနေ အဖွဲ့အစည်းတရပ်လုံးရဲ့ ပုံရိပ်ကို အောက်ဆုံးအထိ ဆွချပစ်လိုက်တယ်။ နောက်ပြီး ရဲဘော်တွေ ပြေးတယ်၊ အလင်းဝင်တယ်ဆိုတာပါ ထပ်ဖြည့်ပြီး သတင်းအမြတ်ထုတ်လိုက်တယ်။

ဒီလိုဖြစ်စဉ်တွေဟာ ရန်သူ့ဝါဒဖြန့်မှုတခုတည်းကြောင့် ဖြစ်နေတာမဟုတ်ပါဘူး။ ကိုယ့်ဘက်ကလူတွေ၊ ကိုယ်ဘက်ကယုံကြည်တဲ့ အကောင့်တွေ၊ ကိုယ့်ဘက်ခြမ်းက ကိုယ်လေးစားတဲ့သူတွေရဲ့ မစစ်ဆေးထားတဲ့ ပြောဆိုချက်တွေ၊ ထိန်းသိမ်းသင့်တာကို မဆင်မခြင်ရေးသားမိတာတွေ၊ စိတ်ခံစားချင်နောက်လိုက်ပြီး ရေးမိပြောမိတာတွေကနေလည်း ဖြစ်ပေါ်လာနိုင်တယ်။ အချက်အလက်အများစုကို ရန်သူကမှန်းသမ်းရေးစဉ်က လက်တွေ့အခြေနေနဲ့ အရမ်းကွာလွန်းလို့ သူတို့ ဝါဒဖြန့်တာ မအောင်မြင်ခဲ့ဘူး။ အခုနောက်ပိုင်း တော်လှန်ရေးတပ်တွေရဲ့ အားနည်းချက်၊ အားသာချက်၊ အတွင်းပဋိပက္ခစသဖြင့် စောင့်ကြည့်ရယူမှုအားကောင်းလာတယ်။ ကောင်းကောင်းလည်းအသုံးချလာနိုင်တယ်။

အခုတော်လှန်ရေးကာလက သတင်းအချက်အလက်ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍတခု ဖြစ်ပါတယ်။ သတင်းတခုက ပြည်သူတွေရဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်သလို ဖျက်ဆီးနိုင်တယ်။ အဖွဲ့အစည်းတခုရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ပေးနိုင်သလို အထောက်အထားမရှိတဲ့ စွပ်စွဲချက်တွေနဲ့ ထိခိုက်စေနိုင်တယ်။ ရဲဘော်တွေကြားမှာလည်း သံသယ၊ မယုံကြည်မှုနဲ့ အချင်းချင်းအပေါ် အထင်အမြင်လွဲမှားမှုတွေ ဖြစ်ပေါ်စေနိုင်တယ်။ အထူးသဖြင့် တော်လှန်ရေးအင်အားစုတွေဟာ အဖွဲ့အစည်းပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့အတွက် အဖွဲ့တခုရဲ့ လုပ်ရပ်ကို အဖွဲ့အားလုံးအပေါ် ပုံချတာမျိုး၊ အဖွဲ့အစည်းတခုရဲ့ နာမည်ကို အထောက်အထားမရှိဘဲ ဆွဲထည့်တာမျိုးတွေဟာ အင်အားစုတွေအချင်းချင်းအကြား ယုံကြည်မှုကို ထိခိုက်စေနိုင်တယ်။

ပိုပြီးသတိထားရမယ့်သူတွေက ကိုယ်တိုင်တော်လှန်ရေးမှာ ပါဝင်နေတဲ့ ရဲဘော်တွေပဲ ဖြစ်ပါတယ်။ တချို့ရဲဘော်တွေဟာ ရန်သူ့ဝါဒဖြန့်ချိရေးကို သတိထားကြတယ်။ ရန်သူ့အကောင့်တွေက တင်လာတဲ့ သတင်းတွေကို သံသယနဲ့ ကြည့်တတ်ကြတယ်။ ဒါပေမဲ့ ကိုယ်ယုံကြည်တဲ့သူ၊ ကိုယ့်အဖွဲ့အစည်းနဲ့ နီးစပ်သူ၊ ကိုယ်လေးစားတဲ့ အကောင့်တခုက တင်လာပြီဆိုရင်တော့ သတင်းရဲ့ မှန်ကန်မှုကို ပြန်မစစ်တော့ဘဲ ယုံကြည်လိုက်ကြတာမျိုး ရှိတယ်။

တခါတလေ ကိုယ်နဲ့ အမြင်တူတဲ့သူတယောက်က တင်ထားလို့၊ ကိုယ်လည်း အဲဒီအကြောင်းအရာကို ယုံချင်နေပြီးသားဖြစ်လို့ Share လုပ်လိုက်ကြတယ်။ တချို့ကတော့ တခြားသူတွေ ဝိုင်းပြောနေကြလို့ အမှန်ဖြစ်မှာပဲဆိုပြီး လိုက်ယောင်ကြတယ်။ ဒါပေမဲ့ သတင်းတခုကို လူအများကြီးရှယ်တယ်၊ ဆယ်လီတွေရှယ်တယ်ဆိုတာနဲ့ပဲ အဲဒီသတင်း မှန်တာမျိုးမဟုတ်ပါဘူး။
❤3
တော်လှန်ရေးအဖွဲ့အစည်းတခုက ကျူးလွန်ခဲ့တဲ့ ပြစ်မှုမှန်ရင် စုံစမ်းဖော်ထုတ်ရမယ်။ တာဝန်ရှိသူကို တာဝန်ခံစေရမယ်။ နစ်နာသူတွေအတွက် တရားမျှတမှု ရရှိအောင် ဆောင်ရွက်ရမယ်။ ဒါပေမဲ့ အဲဒီလို တာဝန်ခံမှုရှိဖို့ဆိုတာ အမှန်တရားကို အခြေခံပြီး အထောက် အထားနဲ့ စုံစမ်းစစ်ဆေးမှုလုပ်ရမယ်။ ကောလာဟလနဲ့ ဆုံးဖြတ်လို့ မရဘူး။

တော်လှန်ရေးမှာ ရန်သူ့ဝါဒဖြန့်ချိရေးကို တိုက်ဖျက်ဖို့ လိုအပ်ပါတယ်။ ခွေးဝမ်းသာအောင်ချီးနံ့ပေးတာမျိုးမလုပ်ရပါဘူး။
ရန်သူက ကိုယ့်အဖွဲ့အစည်းတွေအကြား သံသယတွေ၊ မယုံကြည်မှုတွေဖြစ်စေချင်တယ်။ ပြည်သူနဲ့ တော်လှန်ရေးအင်အားစုတွေအကြား ယုံကြည်မှု ပျက်စီးစေချင်တယ်။ ဒါပေမဲ့ ရန်သူက ချည်းပဲအမြဲတမ်း လာဖျက်ဆီးနေတာမဟုတ်ပါဘူး။ ကိုယ်တို့ကိုယ်တိုင်က မစစ်ဆေးဘဲ ဖြန့်ဝေလိုက်တဲ့ သတင်းတခု၊ စိတ်ခံစားမှုအခြေပြုပြောမိဆိုမိတဲ့ စကားတွေကြောင့် လည်း အဲဒီလို ဖြစ်စေတာပဲ။

ဒါကြောင့် ရဲဘော်တွေအနေနဲ့ ကိုယ့်ဘက်ကလူတွေပြောကြတဲ့ သတင်းဆိုပြီး အလွယ်တကူ ယုံကြည်တာမျိုး၊ ကိုယ်ယုံကြည်တဲ့သူ တင်ထားလို့ဆိုပြီး လိုက် share တာမျိုးတွေကိုလည်း သတိထားကြဖို့ လိုတယ်။

တော်လှန်ရေးအတွက် ကောင်းအောင်ဆိုပြီး ဖြစ်သမျှ မျက်စိမှိတ်ယုံကြည်ခိုင်းခြင်း မဟုတ်ပါဘူး။ ကိုယ့်ဘက်က မှားယွင်းနေတဲ့အရာ၊ ပြုပြင်ဖို့လိုနေတာတွေကိုလည်း အတွင်းစည်းမှာပဲ စနစ်တကျပြောဆိုသင့်ပါတယ်။
လည်း

သတင်းတခုကို Share မလုပ်ခင် စစ်ဆေးပါ။ မသေချာရင် မဖြန့်ပါနဲ့။ မသိရင် မသိဘူးလို့ ပြောပါ။ တဖက်ကမေးလာတာကို အထင်နဲ့ပြောလိုက်မိတာလည်းမကောင်းပါဘူး။
တသင်းတခုရဲ့ရှိရမယ့် ဘ(၆) လုံးဖြစ်တဲ့ ဘယ်သူလဲ၊ ဘာဖြစ်တာလဲ၊ ဘယ်အချိန်မှာဖြစ်တာလဲ၊ ဘယ်နေရာမှာဖြစ်တာလဲ၊ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုဖြစ်တာလဲ ဆိုတဲ့ အခြေခံအချက်တွေ ပါရပါမယ်။ ပါတယ်ဆိုရင်လည်း တကယ်ဖြစ်ခဲ့သလား သေချာဖို့လိုပါတယ်။

ရဲဘော်ရည်ရွယ်အောင်
#အောင်ပွဲ #aungpwal #ပြည်သူ့ကာကွယ်ရေးတပ်မတော်
❤3
Magway Division News pinned «ပထမဆုံးအနေနဲ့ ပြောချင်တာက စစ်တပ်က အကြီးအကျယ် စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေတယ်။ လူတိုင်းက အသိဉာဏ် တွေးခေါ် ဆုံးဖြတ်နိုင်စွမ်းမတူကြဘူး။ ဒီလောက်တော့ သိမှာပါ မထင်ပါနဲ့။ အထက်တန်းပြဆရာမတောင် မြွေတပိုင်းကြွက်တပိုင်းပုံကို ငွေဝင်ဖို့ ရှယ်နေတဲ့နိုင်ငံကဆိုတာက မမေ့ပါနဲ့။…»
မကွေး⚠️

မကွေး လေတပ်မှ L-410 UVP-E20 စစ်ထောက်ပို့ဗုံးကြဲ လေယာဉ် ၁စီး အနောက်အရပ်သို့ပျံတက်။

#SAS
Nov 24, 8:25 PM
📬သတင်းပို့ရန် @SpringAeroScout_Bot
👍3❤1
Forwarded from Magway Division News Air
Wai Hin (ဝေဟင်):
🟠 မြိုင် 🟠

မြိုင်နယ် အနောက်ခြမ်းတနေရာသို့ မိတ္ထီလာလေတပ်တက် Y-8 စစ်ထောက်ပို့လေယာဉ် ၁စီးဖြင့် (8:30) AM ခန့်အချိန်မှ (9:17) AM ခန့်အချိန်အထိ ပျံဝဲပြီး ခဲယမ်းရိက္ခာထုပ်များ ကြဲချထောက်ပို့သွားခဲ့ကြောင်း သိရပါသည်။

#WaiHin
Nov 24, 10:10 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot

🔴 မင်းတုန်း 🔴

မင်းတုန်းနယ် တနေရာသို့ တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ ၁စီးဖြင့် (11:49) AM ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin #AS2026
Nov 24, 10:10 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot

🟠 ငဖဲ 🟠

ငဖဲနယ် တနေရာသို့ မကွေးလေတပ်တက် L410 E20 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီးဖြင့် (1:37) PM ခန့်အချိန်တွင် ခဲယမ်းရိက္ခာထုပ်များ ကြဲချထောက်ပို့သွားခဲ့ကြောင်း သိရပါသည်။

#WaiHin
Nov 24, 10:10 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot

🔴 ငဖဲ 🔴

ငဖဲနယ် တနေရာသို့ နေပြည်တော်လေတပ်တက် ဂျက်ဖိုက်တာ ၁စီး၊ တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ ၁စီးတို့ဖြင့် (8:12), (8:17) PM, (8:22), (8:27) PM ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin #AS2026
Nov 24, 10:10 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
❤3
မကွေး

မကွေးလေတပ်မှ Military Transport Aircraft (1)စီး အရှေ့အရပ်သို့ ပျံတက်။

08:49, Nov 25
#EAR #SCIN
❤2
⚠️ မကွေး

မကွေးလေတပ်မှ Jet Fighter (1)စီး အနောက်အရပ်သို့ ပျံတက်။

09:00, Nov 25
#EAR #SCIN
❤3
EAR, Org.:
⚠️ မကွေး

မကွေးလေတပ်မှ ဒုတိယမြောက် K-8W Jet Fighter (1)စီး အရှေ့မြောက်အရပ်သို့ ပျံတက်။

09:06, Nov 25
#EAR #SCIN

မကွေး

မကွေးလေတပ်သို့ Jet Fighter (1)စီး မြောက်အရပ်မှ ဆင်းသက်။


09:14, Nov 25
#EAR #SCIN
❤3
EAR, Org.:
⚠️ မကွေး

မကွေးလေတပ်မှ JF-17M Thunder Jet Fighter (1)စီး အနောက်အရပ်သို့ ပျံတက်။

09:31, Nov 25
#EAR #SCIN

မကွေး

မကွေးလေတပ်မှ Military Transport Aircraft (1)စီး အနောက်အရပ်သို့ ပျံတက်။

09:44, Nov 25
#EAR #SCIN
❤2
EAR, Org.:
⚠️ မကွေး

မကွေးလေတပ်မှ Jet Fighter (1)စီး မြောက်အရပ်သို့ ပျံတက်။

11:05, Nov 25
#EAR #SCIN

⚠️ မကွေး

မကွေးလေတပ်မှ ဒုတိယမြောက် Jet Fighter (1)စီး အနောက်မြောက်အရပ်သို့ ပျံတက်။

11:07, Nov 25
#EAR #SCIN

မကွေး

မကွေးလေတပ်သို့ ငဖဲနယ်အနောက်တောင်ခြမ်းတွင် (10:04)အချိန်မှ (10:45)အချိန်ထိ ရိက္ခာနှင့်ခဲယမ်းထုပ်များ ကြဲချခဲ့သော L-410 UVP-E20 (1)စီး အနောက်တောင်အရပ်မှ ဆင်းသက်။

11:00, Nov 25
#EAR #SCIN
👍2❤1
⚠️မကွေး

မကွေးလေတပ်မှ Y-12 Military Transport Aircraft (1)စီး အနောက်အရပ်သို့ ပျံတက်။

12:42, Nov 25
#EAR #SCIN
❤3👍1
မင်းဘူးခရိုင်၊မင်းဘူးမြို့နယ်

မကွေးမြို့မှစတင်ထွက်ခွာလာသောစခကား၁၆စီးပါယာဉ်တန်းသည်မင်းဘူးမြို့နယ်စကုမြို့မှတဆင့်ပွင့်ဖြူမြို့နယ်ဘက်သို့မောင်းနှင်လာကြောင်းသိရပါတယ်။

#MDN
Nov-25/2:50PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Page Link- https://www.facebook.com/share/1BtGkeMFAG/
လေကြောင်းချန်နယ်-https://t.me/mdna002
❤4🫡1
မင်းဘူးခရိုင်၊ပွင့်ဖြူ-စလင်းမြို့နယ်

မင်းဘူးမြို့နယ်စကုမြို့မှဆက်လက်ထွက်ခွာလာသောစခကား၁၆စီးပါယာဉ်တန်းသည်ပွင့်ဖြူမြို့နယ်ရှောက်တောရွာဖြတ်၍စလင်းမြို့ဘက်သို့ဆက်လက်မောင်းနှင်လာကြောင်းသိရပါတယ်။

#MDN
Nov-25/3:42PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Page Link- https://www.facebook.com/share/1BtGkeMFAG/
လေကြောင်းချန်နယ်-https://t.me/mdna002
❤5🫡3
Magway Division News
မင်းဘူးခရိုင်၊ပွင့်ဖြူ-စလင်းမြို့နယ် မင်းဘူးမြို့နယ်စကုမြို့မှဆက်လက်ထွက်ခွာလာသောစခကား၁၆စီးပါယာဉ်တန်းသည်ပွင့်ဖြူမြို့နယ်ရှောက်တောရွာဖြတ်၍စလင်းမြို့ဘက်သို့ဆက်လက်မောင်းနှင်လာကြောင်းသိရပါတယ်။ #MDN Nov-25/3:42PM သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn…
မင်းဘူးခရိုင်၊ပွင့်ဖြူ-စလင်း-စေတုတ္တရာမြို့နယ်

မကွေး-မင်းဘူးမြို့မှစတင်ထွက်ခွာလာသောစခကား၁၆စီးပါယာဉ်တန်းသည်စလင်းမြို့နယ်ကံပြားရွာဖြတ်၍စေတုတ္တရာမြို့နယ်ဘက်သို့ဆက်လက်မောင်းနှင်သွားကြောင်းသိရပါတယ်။

#MDN
Nov-25/6:00PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Page Link- https://www.facebook.com/share/1BtGkeMFAG/
လေကြောင်းချန်နယ်-https://t.me/mdna002
🫡4👍1
⚠️မ‌ကွေး

မကွေးလေတပ်မှ Y-12 Military Transport Aircraft (1)စီး အနောက်အရပ်သို့ ပျံတက်။

06:00, Nov 26
#EAR #SCIN
❤3👍1
Forwarded from Magway Division News Air
Wai Hin (ဝေဟင်):
🔴 ပေါက် 🔴

ပေါက်နယ် တနေရာသို့ ညောင်ဦးလေဆိပ်တက် ဂျိုင်ရိုကော်ပတာ (Gyrocopter) ၃စီးဖြင့် (1:31) PM ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin #AS2026
Nov 25, 11:01 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot

🔴 မင်းတုန်း 🔴

မင်းတုန်းနယ် တနေရာသို့ မကွေးလေတပ်တက် Y-12 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီးဖြင့် (7:30) PM ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin #AS2026
Nov 25, 11:01 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot

🔴 မင်းတုန်း 🔴

မင်းတုန်းနယ် တနေရာသို့ တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ ၂စီးဖြင့် (8:01), (8:08) PM ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin #AS2026
Nov 25, 11:01 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
❤4😢1