Magway Division News
3.57K subscribers
2.65K photos
81 videos
12 files
3.75K links
မကွေးတိုင်းအတွင်းရှိစစ်ကြောင်းသတင်း၊လေကြောင်းသတင်း၊များကိုအချိန်နှင့်တပြေးညီတတ်နိုင်သမျှတင်ပေးပါသည်
Download Telegram
ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ ဖမ်းမိသူ ၂၀ ကျော်ရှိ

ဩဂုတ်-၉ ၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

စစ်တပ်ထိုးစစ်ဆင်လာမှုအပေါ် ခုခံတားဆီးဖို့အတွက် သက်ဆိုင်ရာ အဆင့်ဆင့်ညွှန်ကြားမှုနဲ့ အညီ ပြီးခဲ့တဲ့ မေလကတည်းက ပြင်ဆင်ခဲ့တာလို့ ကိုဇင်ကို၀င်းက သူရဲ့လူမှုကွန်ယက်ကတဆင့် ဖော်ပြပါတယ်။

"PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပြီးနောက်ပိုင်းမှာလည်း မိမိတို့ဘက်မှသိမ်းဆည်းရမိတဲ့ လက်နက် ခဲယမ်းတွေ ရှိခဲ့သလို ဖမ်းဆီးရမိခဲ့တဲ့ သုံ့ပန်းတွေနဲ့ အလင်းဝင် ပစတွေလည်းများစွာ ရှိခဲ့ပါတယ်။မိမိ လက်ထဲမှာကို ဖမ်းဆီးရမိသုံ့ပန်းနဲ့ အလင်းဝင် ပစ ၂၁ ဦးရှိပါပြီ"လို့ သူက ပြောပါတယ်။

ဒါ့အပြင် မကွေးတိုင်းအနေနဲ့ ဖြစ်စေ ၊ ဂန့်ဂေါခရိုင်အတွင်းမှာဖြစ်စေ PDF ရဲဘော်တွေအနေနဲ့ ရှေ့တန်းမှာ ဒီကနေ့တိုင် တိုက်ပွဲဝင်နေကြဆဲလို့ ဆိုပါတယ်။

လက်ရှိ အချိန်ထိလည်း လူ ၊ လက်နက်အင်အား အမြောက်အများအသုံးပြုတဲ့ စစ်တပ်ရဲ့ ထိုးစစ်ကို ဆော - လောင်းရှည်လမ်းပိုင်းမှာဘဲ ရအောင်ကာကွယ်နေတယ်လို့ အသိပေးပါတယ်။

"ဒီလို အခက်အခဲ အကြပ်အတည်းတွေထဲကနေ ငါတို့ရဲ့ခေါင်းဆောင် အစစ်တွေနဲ့ ရဲဘော်အစစ်တွေကို မွေးဖွားလာစေမှာ ဖြစ်တယ်။ဒီလို အခက်အခဲ အကြပ်အတည်းတွေထဲကနေပဲ ရန်သူနဲ့ မိတ်ဆွေဆိုတာကို ကွဲကွဲပြားပြား သိမြင်လာစေမှာ ဖြစ်ပါတယ်"လို့ ကိုဇင်ကို၀င်းက ပြောပါတယ်။

ဇူလိုင် ၁၆ ရက်က လောင်ရှည်မြို့ကနေ ဆောမြို့ကို အင်အား ၃၀၀ခန့်နဲ့ စစ်တပ်က တပ်မ (၉၉) စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး ပြည့်သူ့ကာကွယ်ရေးတပ်မတော် PDF ခရိုင်စစ်ဌာနနဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ဆုတ်ခွာခဲ့ရပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၅ ရက်ကလည်း အင်အား ၁၈၀ ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းက လေကြောင်းပစ်ကူယူပြီး မြေပြင်၊ဝေဟင် ထိုးစစ်နဲ့ ဒုတိယအကြိမ် ထိုးစစ်ဆင်ခဲ့ပေမယ့် မကွေးတိုင်းစစ်ဌာန တပ်ရင်းတပ်ဖွဲ့တွေ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့တာကြောင့် အထိနာပြီး ထပ်မံဆုတ်ခွာသွားခဲ့တယ်လို့ မကွေးတိုင်းစစ်ဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဇူလိုင် ၂၈ ရက်က ထုတ်ပြန်ထားပါတယ်။

အဲဒီဆုတ်ခွာသွားတဲ့ စစ်ကြောင်းတွေကို လိုက်လံတိုက်ခိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးမှာ လက်နက်ခဲယမ်းတွေ၊ ရိက္ခာတင်ကား (၃) စီး၊ ရိက္ခာတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အသိပေးထားပါတယ်။

မေလ ဒုတိယပတ်ကစပြီး ပေါက်မြို့နယ်အခြေစိုက် အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ- ၂၄) နဲ့ လောင်းရှည်မြို့အခြေစိုက် ကပစ (၂၅)ကနေ စစ်တပ်က စစ်ကြောင်း နှစ်ခုသုံးပြီး ဆောမြို့နယ် ကျောက်ထု နဲ့ ဆောမြို့နယ်ကို ဝင်ရောက်ခဲ့ပါတယ်။

ကျောက်ထုက စစ်ကြောင်းက မင်းတပ်မြို့ကို ဦးတည်စစ်ဆင်ခဲ့ပြီး ဆောမြို့က စစ်ကြောင်းက ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ထောက်လှမ်းမှုအရ ချင်းတောင် ထိုးစစ်ကို စစ်တပ်က တပ်မ ၅၅၊ ၈၈ ၊ ၉၉ နဲ့ ၁၀၁ က ထုတ်နှုတ်တပ်ရင်းတွေရဲ့ အင်အား ၂၀၀၀ ခန့်အထိ အသုံးပြုထားတယ်လို့ သိရပါတယ်။


(ဂန့်ဂေါခရိုင်စစ်ဌာနအောက်က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Sayar Zin Ko Win/FB)
5
Magway Division News
⛴️ဧရာဝတီရေပြင်⛴️ အောက်ဘက်မှဆန်တက်လာသောစစ်သင်္ဘော ၁စီးသည် ပခုက္ကူနယ် လေးလံကျွန်းအနီးတွင်သောင်တင်နေသော စခပါကျောက်မီးသွေးတင်ဆောင်လာသောသင်္ဘော၂စီးအားလာရောက်ခေါ်ဆောင်နေကြောင်းသိရ။ #Yaypyin Aug 10 , 8:27PM 📫သတင်းပို့ရန် @Yaypyin0bot
⛴️ဧရာဝတီရေပြင်⛴️

အောက်ဘက်မှဆန်တက်လာသောစစ်သင်္ဘော ၁စီးသည် ပခုက္ကူနယ် လေးလံကျွန်းအနီးတွင်သောင်တင်နေသော စခပါကျောက်မီးသွေးတင်ဆောင်လာသောသင်္ဘော၂စီးအားခေါ်ဆောင်ကာအောက်ဘက်သို့စုန်နေကြောင်းသိရ။

#Yaypyin
Aug 10 , 9:42PM
📫သတင်းပို့ရန် @Yaypyin0bot
4
Forwarded from Magway Division News Air
Wai Hin (ဝေဟင်):
🟠 ငဖဲ 🟠

ငဖဲနယ် တနေရာသို့ မကွေးလေတပ်တက် L410 E20 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီးဖြင့် (9:00) AM ခန့်အချိန်မှ စတင်ပျံဝဲပြီး ခဲယမ်းရိက္ခာထုပ်များ ၇ကြိမ် ခဲယမ်းရိက္ခာထုပ်များ ကြဲချထောက်ပို့သွားခဲ့ကြောင်း သိရပါသည်။

#WaiHin
Aug 10, 11:55 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot

🔴 စလင်း 🔴

စလင်းနယ် တနေရာသို့ မကွေးလေတပ်တက် ဂျက်ဖိုက်တာ ၁စီးဖြင့် (12:28) PM ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin #AS2026
Aug 10, 11:55 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot

🔴 ဆိပ်ဖြူ 🔴

ဆိပ်ဖြူနယ် တနေရာသို့ မကွေးလေတပ်တက် ဂျက်ဖိုက်တာ ၂စီးဖြင့် (12:28), (12:29), (12:31), (12:43), (12:44) PM ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin #AS2026
Aug 10, 11:55 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot

🔴 မြိုင် 🔴

မြိုင်နယ် တနေရာသို့ တံတားဦးလေတပ်တက် Y-12 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီးဖြင့် (1:04) ခန့်အချိန်မှ (1:32) PM ခန့်အချိန်အထိပျံဝဲပြီး လေကြောင်းတိုက်ခိုက်မှုများ ၈ကြိမ်ခန့် ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin #AS2026
Aug 10, 11:55 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot

🔴 ကျောက်ထု 🔴

ကျောက်ထုနယ် အနောက်မြောက်ခြမ်းတနေရာသို့ နေပြည်တော်လေတပ်တက် ဂျက်ဖိုက်တာ ၂စီးဖြင့် (2:16), (2:21), (2:26), (2:30) PM ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin #AS2026
Aug 10, 11:55 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot

🔴 ဆိပ်ဖြူ 🔴

ဆိပ်ဖြူနယ် အနောက်ခြမ်းတနေရာသို့ ညောင်ဦးလေဆိပ်တက် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁စီးဖြင့် (3:21) PM ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin #AS2026
Aug 10, 11:55 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot

🟠 ဆော 🟠

ဆောနယ် တနေရာသို့ မိတ္ထီလာလေတပ်တက် Y-12 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီးဖြင့် (3:05) ခန့်အချိန်မှ (3:49) PM ခန့်အချိန်ထိပျံဝဲပြီး ခဲယမ်းရိက္ခာထုပ်များ ကြဲချထောက်ပို့သွားခဲ့ကြောင်း သိရပါသည်။

#WaiHin
Aug 10, 11:55 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot

🔴 ငဖဲ 🔴

ငဖဲနယ် တနေရာသို့ နေပြည်တော်လေတပ်တက် ဂျက်ဖိုက်တာ ၁စီးဖြင့် (4:21), (4:23) PM ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin #AS2026
Aug 10, 11:55 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
4
မကွေး မြိုင်မှာ စစ်အုပ်စု ဗုံးကြဲလို့ စစ်ဘေးရှောင် ပြည်သူ နှစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ၊
 
ရေနံမြေဆီ စစ်အုပ်စု ဆက်လက် စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေ၊
 
‌အီသာရမ်/MFP၊ဩဂုတ်-၁၀
 
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ ရေနံမှော်တွေဆီ ဦးတည် စစ်ကြောင်းထိုးတဲ့ အာဏာသိမ်း စစ်အုပ်စုက စစ်ကြောင်းရောက်ရှိရာ ကျေးရွာတွေအနီးကို ဗုံးပတ်ကြဲလို့ စစ်ဘေးရှောင် ပြည်သူ အမျိုးသမီး တစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ သေဆုံးကာ သုံးဦး ဒဏ်ရာရတယ်လို့ ဒေသခံ သတင်း ရင်းမြစ်က MFP ကို ပြောပါတယ်။
 
ဩဂုတ် ၁၀ရက် ဒီကနေ့ မွန်းလွဲပိုင်း မြိုင်မြို့နယ်၊ ယာကြီးပြင်၊ မှန်ရင်းနဲ့ ဆူးဝင်းကျေးရွာတွေ အနီးကို ဂျိုင်ရိုကော်ပတာနဲ့ ဗုံးပတ်ကြဲခဲ့တာ ဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ သေဆုံးကာ နောက်ထပ် သုံးဦး ထိခိုက်ဒဏ်ရာရသလို ရေနံဆီခြံတွေလည်း မီးလောင် ပျက်စီးတယ်လို့ ဆိုပါတယ်။
 
အပြည့်အစုံကို - https://mfp-mm.com/news/8385/
ဖေ့စ်ဘွတ်ခ် - https://www.facebook.com/share/p/1HPQo5NuAt/
 
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
1
ညောင်ဦးမြို့က ပျူစောထီးခေါင်းဆောင်နောင်နောင် ရှင်းလင်းမှု ဧရာဒေါင်းတပ်ဖွဲ့ ထုတ်ပြန်

ဩဂုတ် −၁၁၊၂၀၂၆။ဖိုးသား/People's Spring

ညောင်ဦးမြို့နယ်က ပျူစောထီးခေါင်းဆောင်နဲ့ အဖွဲ့ကို အလင်း၀င်မယ်လို့ ဖြားယောင်ခေါ်ဆောင်ပြီး ခေါင်းဆောင်ဖြစ်သူကို ရှင်းလင်းကာ ၂ ဦးကို ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ရှေးဟောင်းမြို့တော် ညောင်ဦးမြို့နယ်မှာ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ပျူစောထီးခေါင်းဆောင် နောင်နောင်နဲ့ နောက်လိုက် ၂ ဦးတို့ဟာ အခုနှစ် ၂၀၂၆ မေလ ၁၀ ရက်က မနက် ၁၁ နာရီမှာ မြစ်ခြေမြို့ကို ရောက်ရှိချိန် ပစ်ခတ်ရှင်းလင်းဖမ်းဆီးခဲ့တာလို့ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

မြစ်ခြေမြို့ကို စစ်ကြောင်း၀င်ရောက်မှုနဲ့ နယ်မြေစစ်ရေးတင်းမာမှုတွေကြောင့် အခုမှ ထုတ်ဖော်အသိပေးတာလို့လည်း အထက်ပါတာ၀န်ရှိသူက ‌ပြောပါတယ်။

" ကျွန်တော်တို့အဖွဲ့ရဲ့ မြေပြင်တပ်မှူးရဲ့ ဗျူဟာအောင် မြင်တယ်ပဲပြောရမယ်။အလင်း၀င်ချင်လို့ လာခေါ်ပါဆိုပြီး သူတို့ကိုမျှားခေါ်ခဲ့တာ။အဲဒါကို သူတို့က ညောင်ဦးတစ်ဖက်ကမ်းကနေ စက်လှေနဲ့လာခေါ်တာမှာ ကမ်းနားရောက်ခါနီးမှ အနီးကပ် ပစ်ခက်ရှင်းလင်းလိုက်တာ"လို့သူက ဖြစ်စဉ်ကို ရှင်းပြပါတယ်။

၁၀ မိနစ်ကြာဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲမှာ ပျူစောထီးခေါင်းဆောင်နောင်နောင်က နေရာမှာပဲ သေဆုံးသွားခဲ့ပြီး နောက်လိုက် ၂ ဦးကို AK သေနတ် ၂ လက်နဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ပျူစောထီးခေါင်းဆောင် နောင်နောင်ဟာ ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရဲ့အတွင်းရေးမှူးဟောင်း တစ်ဦးဖြစ်သလို ၂၀၂၁ က စစ်တပ်အာဏာသိမ်းမှုအပေါ် ဆန္ဒပြကန့်ကွက်တဲ့ ပြည်သူတွေကို သတင်းပေးဖမ်းဆီးခိုင်းတာနဲ့ သူ့နေအိမ်မှာ စစ်တပ် တပ်စွဲနိုင်အောင် ‌လုပ်ဆောင်ခဲ့သူလို့ ‌ညောင်ဦး ဒေသခံတွေက အသိပေးပါတယ်။

ဒါ့အပြင် မေလ ၃၁ ရက်က မြစ်ခြေပေါ်မှာ စစ်ကြောင်းထိုး လူသတ်၊နေအိမ်မီးရှို့ဖျက်ဆီးနေတဲ့ ဗိုလ်မှူး ညဏ်လင်းဦးဆောင်တဲ့ စစ်ကြောင်းဟာ တပ်မ(၁၀၁)ကို ပြန်ဆုတ်ချိန် ထောင်ထားသောမိုင်းနင်းမိပြီး ဗိုလ်မှူးဉာဏ်လင်း အပါအ၀င် ၂ ဦးသေဆုံးတယ်လို့ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။

"မြစ်ခြေရဲစခန်း သိမ်းခံထားရပြီးနောက်ပိုင်း ရဲစခန်းနဲ့ မီတာ၃၀၀အကွာမှာ သူတို့က ဘန်ကာတွေနဲ့
အခိုင် အမာတပ်စွဲထားတယ်"လို့ မြစ်ခြေမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ‌ပြောပါတယ်။

ဒါ့အပြင် မြစ်ခြေမြို့နယ် အတွင်းရှစ်မျက်နှာဘုရားမှာလည်း စစ်တပ်က အထိုင်ချတပ်စွဲထားတယ်လို့ သိရပါတယ်။
4😱1
တပြင်းကထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါစစ်အုပ်စုစစ်ကြောင်း အကြည်ပန်းပလွန်းနှင့် အညာပန်းပလွန်းရွာမှာရောက်နေ

သြဂုတ် ၁၁၊၂၀၂၆၊ ကျောက်ထု

ယောဒေသ ဆောမြို့နယ် တပြင်းကျေးရွာကနေ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က ထွက်လာတဲ့ အင်အား ၁၀၀ ခန့်နှင့် ကား ၅ စီးပါ တပ်မ ၉၉ လက်အောက်ခံ ဗိုလ်ကြီးသီဟအောင်၏ စစ်အုပ်စုစစ်ကြောင်းသည် ယခုအခါ အညာပန်းပလွန်းရွာကိုရောက်ရှိနေကြကြောင်းသိရပြီး ရှေ့ပြေးအချို့ကတော့ အကြည်ပန်းပလွန်းရွာအထိ ရောက်ရှိနေကြောင်း သိရသည်။

စစ်ကြောင်းသည် ကျောပိုးအိတ်၊ခြင်းကျားများကိုယ်စီ လွယ်ထားကြပြီး အခြားတနေရာသို့ သွားရောက်ရန်ဖြစ်ပြီး လတ်တလော စစ်ရေးအခြေအနေအရ ကျောက်ထုမြို့နယ် ကြီးကျေးရွာဖက်ကို သွားနိုင်ကြောင်း ဒေသတွင်း စစ်သတင်းရင်းမြစ်က ပြောသည်။

"ကြီးဖက်မှာက နေ့တိုင်းလိုလို တိုက်ပွဲရှိတယ်၊ စခတွေ အထိနာနေသလို လေယာဥ်နဲ့လဲ နေ့တိုင်းဗုံးလာကြဲနေတာရှိတယ်၊ အဲ့ဖက်ကို စစ်ကူသွားမယ်လို့ ယူဆမိပါတယ်" ဟု စစ်သတင်းရင်းမြစ်က ယောအလင်းတန်းကိုပြောသည်။

ကျောက်ထုအမြောက်တပ် ၃၆၈ ကစစ်ကြောင်းသည် ယခင် ဇူလိုင်လ ၁၈ ရက်နေ့ညနေပိုင်းက ကြီးကျေးရွာကို အင်အား ၂၀၀ ကျော်ဖြင့် စတင်ဝင်ရောက်ကာ ယနေ့အထိ တပ်စွဲနေထိုင်လျက်ရှိနေပြီး ချင်းပြည်နယ် မင်းတပ်နယ်စပ် ရွှေအောင်သာရွာတွင် အထိုင်ချပြန်လည်နေထိုင်နိုင်ရေးအတွက် ကြိုးပမ်းထိုးစစ်ဆင်နေသည်ဖြစ်ရာ ဒေသခံပြည်သူ့တော်လဇန်ရေးတပ်ဖွဲ့များ၏ ပြန်လည်ခုခံတွန်းလှန်နေမှုကြောင့် ရှေ့မဆက်နိုင်ဘဲ ကြီးရွာမှာပင် ယခုထိ ရှိနေတာဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

ထိုတိုက်ပွဲများအတွင်း စစ်အုပ်စုဖက်မှ လေယာဥ်များဖြင့် အကြိမ်ကြိမ်နေ့စဥ်ရက်ဆက် လေကြောင်းပစ်ကူပေးနေတာကြောင့် ဒေသခံပြည်သူများအနေဖြင့် ကြိုတင်သတိထားနေထိုင်ပေးရန် လိုအပ်ကြောင်း စစ်သတင်းရင်းမြစ်က ပြောသည်။

ပုံ-စစ်အုပ်စု၏ စစ်မှုထမ်းတပ်သားသစ်များ

@မင်းဒဿ
ယောအလင်းတန်း
3
တပြင်းစစ်ကြောင်း ပန်းဆန်လမ်းဆုံမှတဆင့် ကြီးရွာဖက်သို့ဦးတည်လာနေ

သြဂုတ် ၁၁၊၂၀၂၆၊ ကျောက်ထု

ဆောမြို့နယ်၊ တပြင်းရွာကနေ ယနေ့နံနက်ပိုင်းကထွက်လာသည့် တပ်မ ၉၉ လက်အောက်ခံ စစ်အုပ်စုစစ်ကြောင်းသည် ကျောက်ထုမြို့နယ် ပန်းဆန်လမ်းဆုံမှတဆင့် မြောက်ဖက်အရပ်ရှိ ကြီးရွာဖက်သို့ ဦးတည်လာနေကြောင်း သိရသည်။

"လောလောဆယ် ပန်းဆန်လမ်းဆုံကနေ ကားလမ်းမကြီးအတိုင်းမြောက်ဖက်ကိုသွားနေကြတယ်၊ မိအယ်ရွာမှာညအိပ်မလားမသိရသေးဘူး၊ အင်အား ၈၀. လောက်ပဲသွားသေးတာပါ၊နောက်မှာ ၁၀၀ လောက်ကျန်နေသေးတယ်လို့သိရတယ်" ဟု စစ်သတင်းရင်းမြစ်က ယောအလင်းတန်းကို ပြောသည်။

ပန်းဆန်လမ်းဆုံမှနေ၍ ကားလမ်းမကြီးအတိုင်း မြောက်ဖက်ကို စစ်အုပ်စု အင်အား ၈၀ ခန့်ဖြတ်သွားပြီးဖြစ်ကြောင်းနှင့် နောက်မှာ အင်အား ၁၀၀ ခန့်ကျန်ရှိနေသေးကြောင်းသိရသည်။စစ်ကြောင်းတွင် ကားများမောင်းနှင်လာခြင်းမရှိဘဲ ဆိုင်ကယ် ၄ စီးသာမောင်းနှင်လာကြောင်း သိရပါသည်။

အဆိုပါစစ်အုပ်စုစစ်ကြောင်းသည် အင်အား ၁၈၀ ခန့်ပါဝင်လာတာဖြစ်ပြီး တပြင်းရွာကို ယခင်မေလ ၁၅ ရက်နေ့မှစတင်ဝင်ရောက်တပ်စွဲ နေထိုင်ခဲ့တာဖြစ်ကြောင်းသိရသည်။

ကြီးရွာမှာရောက်ရှိနေသည့် စစ်ကြောင်းအထိနာနေတာကြောင့် ယခုကဲ့သို့ လာရောက်အင်အားဖြည့်တင်းရတာဖြစ်ပြီး တပြင်းရွာတွင် စစ်အုပ်စုတပ်သားများ ကျန်/ မကျန်နှင့် အားလုံးထွက်ခွာလာခြင်းရှိ၊မရှိ ကို ဆက်လက်စုံစမ်းအတည်ပြုနေဆဲဖြစ်ပါသည်။

စစ်ကြောင်းသည် ကြီးရွာသို့ယနေ့အရောက်သွားနိုင်သကဲ့သို့ ကြားတနေရာတွင်လည်း ညအိပ်ရပ်နားနိုင်ကြောင်း သိရပါသည်။

#စစ်အုပ်စု
#တပ်စွဲ

@မင်းဒဿ
ယောအလင်းတန်း
4
⛴️ဧရာဝတီရေပြင်⛴️

ယနေ့မနက်ပိုင်းတွင်အောက်ဘက်မှဆန်တက်လာသောစစ်ခွေးပါသံခွန်၁စီးသည် ဆင်မင်းရွာမင်းကျောင်းထဲသို့ခွေးများလာရောက်ပို့ဆောင်ပြီး ယခုအချိန်တွင်အောက်ဘက်သို့ပြန်လည်စုန်နေကြောင်းသိရ။

#Yaypyin
Aug 11 , 8:15PM
📫သတင်းပို့ရန် @Yaypyin0bot
2
YayPyin (ရေပြင်):
⛴️ဧရာဝတီရေပြင်⛴️

ဆင်မင်းရွာမင်းကျောင်းခွေးဂိတ်မှစုန်လာသော စစ်ခွေးပါ သံခွန် ၁စီးသည်ပခုက္ကူနယ် ကျွဲတဲကမ်းနားကျေးရွာဖြတ်၍ အောက်ဘက်သို့စုန်နေကြောင်းသိရ။

#Yaypyin
Aug 11 , 8:21PM
📫သတင်းပို့ရန် @Yaypyin0bot

⛴️ဧရာဝတီရေပြင်⛴️

ဆင်မင်းရွာမင်းကျောင်းခွေးဂိတ်မှစုန်လာသော စစ်ခွေးပါ သံခွန် ၁စီးသည်ပခုက္ကူနယ် အေးကျွန်းကျေးရွာဖြတ်၍ အောက်ဘက်သို့စုန်နေကြောင်းသိရ။

#Yaypyin
Aug 11 , 8:22PM
📫သတင်းပို့ရန် @Yaypyin0bot
4
တပြင်းကျေူရွာမှာ ထွက်လာတဲ့ တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်း ပန်းဆန်ကျေးရွာနှင့် မိအယ်ကျေးရွာဘက်ရောက်ရှိနေ။

၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၁ ရက်
09:35 pm

ယနေ့ နံနက်ပိုင်းမှာ တပြင်းကျေးရွာကနေ ထွက်လာတဲ့ စကစစစ်ကြောင်း စခအင်အား (၁၅၀)ခန့်ဟာ ပန်းဆန်ကျေးရွာသို့ဂောက်ရှိလာတယ်လို့သိရပီး စခအင်အား (၈၀)ခန့်ဟာ ပန်းဆန်ရွာမှမြောက်သို့ ဆက်လက်ထွက်ခွာလာခဲ့ကာ လက်ရှိမှာ မိအယ်ကျေးရွာမှာ ညအိပ်စခန်းချနေတယ်လို့သိရပါတယ်။

ကျန်ရှိ စခအင်အား (၇၀)ခန့်ဟာ ပန်းဆန်ကျေးရွာမှတစ်ဆင့် အမတ ၃၆၈ ကိုဦးတည်ကာ ယောချောင်းဖြတ်ကူးကာ သွားရောက်ရန်ကြိုးစားခဲ့ပေမယ့် ယောချောင်းရေကို မဖြတ်ကူးနိုင်တာကြောင့် လက်ရှိမှာ ပန်းဆန်ကျေးရွာမှာပဲ ညအိပ်တပ်စွဲနေကြတယ်လို့သိရပါတယ်။

လက်ရှိစစ်ရေးသတင်းရင်းမြစ်အရ တပြင်းကျေးရွာမှာ စခတွေမကျန်ရှိတော့ဘူးလို့သိရပီး တပ်မ ၉၉ လက်အောက်ခံ စခတွေအားလုံး ပန်းဆန်ကျေးရွာနှင့် မိအယ်ကျေးရွာနားတစ်ဝိုက်မှာရောက်ရှိနေကြတယ်လို့သိရပါတယ်။

ပန်းဆန်ကျေးရွာအပါအ၀င် သရက်ချဉ်၊နသိုး၊လယ်ဆော၊နှော်၊အကြည်ပန်းပလွန်၊အညာပန်းပလွန်း၊ဘက်မိဘပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြပါရန် အသိပေးအပ်ပါတယ်။

Aung Gyi
ယောအလင်းတန်း
2