Magway Division News
3.57K subscribers
2.65K photos
81 videos
12 files
3.75K links
မကွေးတိုင်းအတွင်းရှိစစ်ကြောင်းသတင်း၊လေကြောင်းသတင်း၊များကိုအချိန်နှင့်တပြေးညီတတ်နိုင်သမျှတင်ပေးပါသည်
Download Telegram
⛴️ဧရာဝတီရေပြင်⛴️

အထက်ဘက်မှစုန်လာသော စခပါ ကျောက်မီးသွေးတင်ဆောင်လာသောသင်္ဘောအုပ်စုသည်ပခုက္ကူနယ်လေးလံကျွန်းရွာဖြတ်၍ အောက်ဘက်သို့စုန့နေကြောင်းသိရ။


#Yaypyin
Aug 10 , 5:30 PM
📫သတင်းပို့ရန် @Yaypyin0bot
3
⛴️ဧရာဝတီရေပြင်⛴️

အထက်ဘက်မှစုန်လာသော စခပါ ကျောက်မီးသွေးတင်ဆောင်လာသောသင်္ဘောအုပ်စုအနက် ဖလပ်သင်္ဘော ၂စီးသည်ပခုက္ကူနယ်လေးလံကျွန်းရွာအနီးတွင်သောင်တင်နေကြောင်းသိရ။

#Yaypyin
Aug 10 , 7:40 PM
📫သတင်းပို့ရန် @Yaypyin0bot
4
⛴️ဧရာဝတီရေပြင်⛴️

အောက်ဘက်မှဆန်တက်လာသောစစ်သင်္ဘော ၁စီးသည် ပခုက္ကူနယ် လေးလံကျွန်းအနီးတွင်သောင်တင်နေသော စခပါကျောက်မီးသွေးတင်ဆောင်လာသောသင်္ဘော၂စီးအားလာရောက်ခေါ်ဆောင်နေကြောင်းသိရ။

#Yaypyin
Aug 10 , 8:27PM
📫သတင်းပို့ရန် @Yaypyin0bot
2
တပ်ကုန်းနှင့် သရက်တို့တွင် စစ်တပ် စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး ၉ ဦး သေဆုံး၊ KNU တပ်မဟာ ၃ ထံကိုလည်း စစ်မှုထမ်း တပ်သား ၄ ဦး အလင်းဝင်

ရန်ကုန်၊ ဩဂုတ် ၁၀

နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်နှင့် မကွေးတိုင်း သရက်မြို့နယ်တို့တွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့များ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းနှင့် အနီးကပ် ကြားဖြတ်တိုက်ခိုက်ခံရခြင်းတို့ကြောင့် စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးခဲ့သည့်အပြင် ခလယ်လွီထူခရိုင်တွင်လည်း ပြည်သူ့စစ်မှုထမ်း တပ်သား ၄ ဦး လက်နက်များနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း သက်ဆိုင်ရာ တော်လှန်ရေး အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ သိရသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်း အင်အား ၆၀ ခန့်ပါ စစ်ကြောင်းနှစ်ကြောင်းဖြင့် အပြိုင်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၁၀ နာရီ ၄၈ မိနစ်တွင် ချောင်းဆုံရွာနှင့် ကန်နှစ်ဆင့်ရွာကြား၌ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ဦးစီးတပ်) က ပဒေသာမိုင်း ၈ လုံးဖြင့် အနီးကပ် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၆ ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်သည် မောင်းခွက်ရွာမှ ပြည်သူ့လှည်းများကို သိမ်းဆည်းခဲ့သည့်အပြင် ပြည်သူအချို့ကိုလည်း လူသားဒိုင်းအဖြစ် မတရား ဖမ်းဆီးကာ သေဆုံး/ဒဏ်ရာရသူများကို သယ်ဆောင်၍ အမြန်လမ်းဘက်သို့ ဆုတ်ခွာသွားခဲ့သည်။ အဆိုပါ စစ်ဆင်ရေးအတွင်း ကာကွယ်ရေးရဲဘော်များ အန္တရာယ်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အလားတူး မကွေးတိုင်း၊ သရက်မြို့နယ်၊ ရေမျက်ရဲစခန်းမှ သရက်-မင်းတုန်း လမ်းပိုင်း၌ ပြည်သူများထံမှ ငွေကြေးတောင်းခံရန်နှင့် လူငယ်များကို ပေါ်တာဆွဲရန် ထွက်လာသော စစ်တပ်၊ ရဲနှင့် ပျူစောထီး ပူးပေါင်းအင်အား ၇ ဦးကို ဩဂုတ်လ ၁၀ ရက် နံနက် ၁၀ နာရီတွင် ရေမျက်ကျေးရွာအနီး၌ သရက်ခရိုင်အမှတ် (၄) တပ်ရင်းက အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထိုပစ်ခတ်တိုက်ခိုက်မှုသည် အချိန် ၅ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၃ ဦး ကျဆုံးကာ ကျန်သူများ ထွက်ပြေးသွားသောကြောင့် G4 ၁ လက်၊ ကျည်ဘောက် ၁ ခုနှင့် ကျည် ၆ တောင့် သိမ်းဆည်းရရှိခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့ကလည်း သရက်မြို့နယ်၊ ဆင်ကော်ကျေးရွာ ရဲစခန်းမှ ထွက်လာသည့် အင်အား ၂၀ ခန့်ပါ စစ်ကြောင်းကို ပုဏ္ဍားကျေးရွာအနီး၌ အသင့်စောင့်ကြို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၇ ဦး ကျဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် (၄) တပ်ရင်းမှ ထပ်မံ အသိပေးထားသည်။

ထို့အတူ KNU ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်အတွင်း၌ စစ်ကောင်စီ၏ ခလရ-၆၀ တပ်ရင်းမှ တပ်သား မျိုးမင်းဦးသည် ဩဂုတ်လ ၆ ရက်နေ့တွင် လည်းကောင်း၊ ခမရ-၅၉၆ တပ်ရင်းမှ တပ်သား မိုးအေး၊ တပ်သား မင်းခန့်နှင့် တပ်သား ရဲမင်းအောင်တို့သည် ဩဂုတ်လ ၉ ရက်နေ့တွင် လည်းကောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ထံသို့ အလင်းဝင်ရောက်ခဲ့ကြောာင်း သိရသည်။

တပ်သား မျိုးမင်းဦးသည် ၎င်းနှင့်အတူ MA-4 ၁ လက်၊ ၄၀ မမ ကျည် ၁၁ လုံး၊ ကျည်ဘောက် ၃ ခုနှင့် ၅.၅၆ ကျည် ၃၀၃ တောင့် တို့ကို ယူဆောင်လာခဲ့သည်။ ၎င်းတို့သည် အာဏာသိမ်းစစ်တပ်၏ အုပ်ချုပ်မှုအောက်တွင် မနေလိုတော့သဖြင့် အလင်းဝင်လာခြင်းဖြစ်ပြီး ကေအဲန်ယူ အနေဖြင့်လည်း စစ်မှုထမ်းရန် အတင်းအဓမ္မ စေခိုင်းခံနေရသည့် တပ်ဖွဲ့ဝင်များအနေဖြင့် အသက်အန္တရာယ်နှင့် အနာဂတ်အတွက် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ကြရန် တိုက်တွန်းထားသည်။
4
ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ ဖမ်းမိသူ ၂၀ ကျော်ရှိ

ဩဂုတ်-၉ ၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

စစ်တပ်ထိုးစစ်ဆင်လာမှုအပေါ် ခုခံတားဆီးဖို့အတွက် သက်ဆိုင်ရာ အဆင့်ဆင့်ညွှန်ကြားမှုနဲ့ အညီ ပြီးခဲ့တဲ့ မေလကတည်းက ပြင်ဆင်ခဲ့တာလို့ ကိုဇင်ကို၀င်းက သူရဲ့လူမှုကွန်ယက်ကတဆင့် ဖော်ပြပါတယ်။

"PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပြီးနောက်ပိုင်းမှာလည်း မိမိတို့ဘက်မှသိမ်းဆည်းရမိတဲ့ လက်နက် ခဲယမ်းတွေ ရှိခဲ့သလို ဖမ်းဆီးရမိခဲ့တဲ့ သုံ့ပန်းတွေနဲ့ အလင်းဝင် ပစတွေလည်းများစွာ ရှိခဲ့ပါတယ်။မိမိ လက်ထဲမှာကို ဖမ်းဆီးရမိသုံ့ပန်းနဲ့ အလင်းဝင် ပစ ၂၁ ဦးရှိပါပြီ"လို့ သူက ပြောပါတယ်။

ဒါ့အပြင် မကွေးတိုင်းအနေနဲ့ ဖြစ်စေ ၊ ဂန့်ဂေါခရိုင်အတွင်းမှာဖြစ်စေ PDF ရဲဘော်တွေအနေနဲ့ ရှေ့တန်းမှာ ဒီကနေ့တိုင် တိုက်ပွဲဝင်နေကြဆဲလို့ ဆိုပါတယ်။

လက်ရှိ အချိန်ထိလည်း လူ ၊ လက်နက်အင်အား အမြောက်အများအသုံးပြုတဲ့ စစ်တပ်ရဲ့ ထိုးစစ်ကို ဆော - လောင်းရှည်လမ်းပိုင်းမှာဘဲ ရအောင်ကာကွယ်နေတယ်လို့ အသိပေးပါတယ်။

"ဒီလို အခက်အခဲ အကြပ်အတည်းတွေထဲကနေ ငါတို့ရဲ့ခေါင်းဆောင် အစစ်တွေနဲ့ ရဲဘော်အစစ်တွေကို မွေးဖွားလာစေမှာ ဖြစ်တယ်။ဒီလို အခက်အခဲ အကြပ်အတည်းတွေထဲကနေပဲ ရန်သူနဲ့ မိတ်ဆွေဆိုတာကို ကွဲကွဲပြားပြား သိမြင်လာစေမှာ ဖြစ်ပါတယ်"လို့ ကိုဇင်ကို၀င်းက ပြောပါတယ်။

ဇူလိုင် ၁၆ ရက်က လောင်ရှည်မြို့ကနေ ဆောမြို့ကို အင်အား ၃၀၀ခန့်နဲ့ စစ်တပ်က တပ်မ (၉၉) စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး ပြည့်သူ့ကာကွယ်ရေးတပ်မတော် PDF ခရိုင်စစ်ဌာနနဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ဆုတ်ခွာခဲ့ရပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၅ ရက်ကလည်း အင်အား ၁၈၀ ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းက လေကြောင်းပစ်ကူယူပြီး မြေပြင်၊ဝေဟင် ထိုးစစ်နဲ့ ဒုတိယအကြိမ် ထိုးစစ်ဆင်ခဲ့ပေမယ့် မကွေးတိုင်းစစ်ဌာန တပ်ရင်းတပ်ဖွဲ့တွေ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့တာကြောင့် အထိနာပြီး ထပ်မံဆုတ်ခွာသွားခဲ့တယ်လို့ မကွေးတိုင်းစစ်ဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဇူလိုင် ၂၈ ရက်က ထုတ်ပြန်ထားပါတယ်။

အဲဒီဆုတ်ခွာသွားတဲ့ စစ်ကြောင်းတွေကို လိုက်လံတိုက်ခိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးမှာ လက်နက်ခဲယမ်းတွေ၊ ရိက္ခာတင်ကား (၃) စီး၊ ရိက္ခာတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အသိပေးထားပါတယ်။

မေလ ဒုတိယပတ်ကစပြီး ပေါက်မြို့နယ်အခြေစိုက် အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ- ၂၄) နဲ့ လောင်းရှည်မြို့အခြေစိုက် ကပစ (၂၅)ကနေ စစ်တပ်က စစ်ကြောင်း နှစ်ခုသုံးပြီး ဆောမြို့နယ် ကျောက်ထု နဲ့ ဆောမြို့နယ်ကို ဝင်ရောက်ခဲ့ပါတယ်။

ကျောက်ထုက စစ်ကြောင်းက မင်းတပ်မြို့ကို ဦးတည်စစ်ဆင်ခဲ့ပြီး ဆောမြို့က စစ်ကြောင်းက ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ထောက်လှမ်းမှုအရ ချင်းတောင် ထိုးစစ်ကို စစ်တပ်က တပ်မ ၅၅၊ ၈၈ ၊ ၉၉ နဲ့ ၁၀၁ က ထုတ်နှုတ်တပ်ရင်းတွေရဲ့ အင်အား ၂၀၀၀ ခန့်အထိ အသုံးပြုထားတယ်လို့ သိရပါတယ်။


(ဂန့်ဂေါခရိုင်စစ်ဌာနအောက်က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Sayar Zin Ko Win/FB)
5
Magway Division News
⛴️ဧရာဝတီရေပြင်⛴️ အောက်ဘက်မှဆန်တက်လာသောစစ်သင်္ဘော ၁စီးသည် ပခုက္ကူနယ် လေးလံကျွန်းအနီးတွင်သောင်တင်နေသော စခပါကျောက်မီးသွေးတင်ဆောင်လာသောသင်္ဘော၂စီးအားလာရောက်ခေါ်ဆောင်နေကြောင်းသိရ။ #Yaypyin Aug 10 , 8:27PM 📫သတင်းပို့ရန် @Yaypyin0bot
⛴️ဧရာဝတီရေပြင်⛴️

အောက်ဘက်မှဆန်တက်လာသောစစ်သင်္ဘော ၁စီးသည် ပခုက္ကူနယ် လေးလံကျွန်းအနီးတွင်သောင်တင်နေသော စခပါကျောက်မီးသွေးတင်ဆောင်လာသောသင်္ဘော၂စီးအားခေါ်ဆောင်ကာအောက်ဘက်သို့စုန်နေကြောင်းသိရ။

#Yaypyin
Aug 10 , 9:42PM
📫သတင်းပို့ရန် @Yaypyin0bot
4
Forwarded from Magway Division News Air
Wai Hin (ဝေဟင်):
🟠 ငဖဲ 🟠

ငဖဲနယ် တနေရာသို့ မကွေးလေတပ်တက် L410 E20 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီးဖြင့် (9:00) AM ခန့်အချိန်မှ စတင်ပျံဝဲပြီး ခဲယမ်းရိက္ခာထုပ်များ ၇ကြိမ် ခဲယမ်းရိက္ခာထုပ်များ ကြဲချထောက်ပို့သွားခဲ့ကြောင်း သိရပါသည်။

#WaiHin
Aug 10, 11:55 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot

🔴 စလင်း 🔴

စလင်းနယ် တနေရာသို့ မကွေးလေတပ်တက် ဂျက်ဖိုက်တာ ၁စီးဖြင့် (12:28) PM ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin #AS2026
Aug 10, 11:55 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot

🔴 ဆိပ်ဖြူ 🔴

ဆိပ်ဖြူနယ် တနေရာသို့ မကွေးလေတပ်တက် ဂျက်ဖိုက်တာ ၂စီးဖြင့် (12:28), (12:29), (12:31), (12:43), (12:44) PM ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin #AS2026
Aug 10, 11:55 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot

🔴 မြိုင် 🔴

မြိုင်နယ် တနေရာသို့ တံတားဦးလေတပ်တက် Y-12 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီးဖြင့် (1:04) ခန့်အချိန်မှ (1:32) PM ခန့်အချိန်အထိပျံဝဲပြီး လေကြောင်းတိုက်ခိုက်မှုများ ၈ကြိမ်ခန့် ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin #AS2026
Aug 10, 11:55 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot

🔴 ကျောက်ထု 🔴

ကျောက်ထုနယ် အနောက်မြောက်ခြမ်းတနေရာသို့ နေပြည်တော်လေတပ်တက် ဂျက်ဖိုက်တာ ၂စီးဖြင့် (2:16), (2:21), (2:26), (2:30) PM ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin #AS2026
Aug 10, 11:55 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot

🔴 ဆိပ်ဖြူ 🔴

ဆိပ်ဖြူနယ် အနောက်ခြမ်းတနေရာသို့ ညောင်ဦးလေဆိပ်တက် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁စီးဖြင့် (3:21) PM ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin #AS2026
Aug 10, 11:55 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot

🟠 ဆော 🟠

ဆောနယ် တနေရာသို့ မိတ္ထီလာလေတပ်တက် Y-12 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီးဖြင့် (3:05) ခန့်အချိန်မှ (3:49) PM ခန့်အချိန်ထိပျံဝဲပြီး ခဲယမ်းရိက္ခာထုပ်များ ကြဲချထောက်ပို့သွားခဲ့ကြောင်း သိရပါသည်။

#WaiHin
Aug 10, 11:55 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot

🔴 ငဖဲ 🔴

ငဖဲနယ် တနေရာသို့ နေပြည်တော်လေတပ်တက် ဂျက်ဖိုက်တာ ၁စီးဖြင့် (4:21), (4:23) PM ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin #AS2026
Aug 10, 11:55 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
4
မကွေး မြိုင်မှာ စစ်အုပ်စု ဗုံးကြဲလို့ စစ်ဘေးရှောင် ပြည်သူ နှစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ၊
 
ရေနံမြေဆီ စစ်အုပ်စု ဆက်လက် စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေ၊
 
‌အီသာရမ်/MFP၊ဩဂုတ်-၁၀
 
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ ရေနံမှော်တွေဆီ ဦးတည် စစ်ကြောင်းထိုးတဲ့ အာဏာသိမ်း စစ်အုပ်စုက စစ်ကြောင်းရောက်ရှိရာ ကျေးရွာတွေအနီးကို ဗုံးပတ်ကြဲလို့ စစ်ဘေးရှောင် ပြည်သူ အမျိုးသမီး တစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ သေဆုံးကာ သုံးဦး ဒဏ်ရာရတယ်လို့ ဒေသခံ သတင်း ရင်းမြစ်က MFP ကို ပြောပါတယ်။
 
ဩဂုတ် ၁၀ရက် ဒီကနေ့ မွန်းလွဲပိုင်း မြိုင်မြို့နယ်၊ ယာကြီးပြင်၊ မှန်ရင်းနဲ့ ဆူးဝင်းကျေးရွာတွေ အနီးကို ဂျိုင်ရိုကော်ပတာနဲ့ ဗုံးပတ်ကြဲခဲ့တာ ဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ သေဆုံးကာ နောက်ထပ် သုံးဦး ထိခိုက်ဒဏ်ရာရသလို ရေနံဆီခြံတွေလည်း မီးလောင် ပျက်စီးတယ်လို့ ဆိုပါတယ်။
 
အပြည့်အစုံကို - https://mfp-mm.com/news/8385/
ဖေ့စ်ဘွတ်ခ် - https://www.facebook.com/share/p/1HPQo5NuAt/
 
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
ညောင်ဦးမြို့က ပျူစောထီးခေါင်းဆောင်နောင်နောင် ရှင်းလင်းမှု ဧရာဒေါင်းတပ်ဖွဲ့ ထုတ်ပြန်

ဩဂုတ် −၁၁၊၂၀၂၆။ဖိုးသား/People's Spring

ညောင်ဦးမြို့နယ်က ပျူစောထီးခေါင်းဆောင်နဲ့ အဖွဲ့ကို အလင်း၀င်မယ်လို့ ဖြားယောင်ခေါ်ဆောင်ပြီး ခေါင်းဆောင်ဖြစ်သူကို ရှင်းလင်းကာ ၂ ဦးကို ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ရှေးဟောင်းမြို့တော် ညောင်ဦးမြို့နယ်မှာ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ပျူစောထီးခေါင်းဆောင် နောင်နောင်နဲ့ နောက်လိုက် ၂ ဦးတို့ဟာ အခုနှစ် ၂၀၂၆ မေလ ၁၀ ရက်က မနက် ၁၁ နာရီမှာ မြစ်ခြေမြို့ကို ရောက်ရှိချိန် ပစ်ခတ်ရှင်းလင်းဖမ်းဆီးခဲ့တာလို့ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

မြစ်ခြေမြို့ကို စစ်ကြောင်း၀င်ရောက်မှုနဲ့ နယ်မြေစစ်ရေးတင်းမာမှုတွေကြောင့် အခုမှ ထုတ်ဖော်အသိပေးတာလို့လည်း အထက်ပါတာ၀န်ရှိသူက ‌ပြောပါတယ်။

" ကျွန်တော်တို့အဖွဲ့ရဲ့ မြေပြင်တပ်မှူးရဲ့ ဗျူဟာအောင် မြင်တယ်ပဲပြောရမယ်။အလင်း၀င်ချင်လို့ လာခေါ်ပါဆိုပြီး သူတို့ကိုမျှားခေါ်ခဲ့တာ။အဲဒါကို သူတို့က ညောင်ဦးတစ်ဖက်ကမ်းကနေ စက်လှေနဲ့လာခေါ်တာမှာ ကမ်းနားရောက်ခါနီးမှ အနီးကပ် ပစ်ခက်ရှင်းလင်းလိုက်တာ"လို့သူက ဖြစ်စဉ်ကို ရှင်းပြပါတယ်။

၁၀ မိနစ်ကြာဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲမှာ ပျူစောထီးခေါင်းဆောင်နောင်နောင်က နေရာမှာပဲ သေဆုံးသွားခဲ့ပြီး နောက်လိုက် ၂ ဦးကို AK သေနတ် ၂ လက်နဲ့အတူ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ပျူစောထီးခေါင်းဆောင် နောင်နောင်ဟာ ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရဲ့အတွင်းရေးမှူးဟောင်း တစ်ဦးဖြစ်သလို ၂၀၂၁ က စစ်တပ်အာဏာသိမ်းမှုအပေါ် ဆန္ဒပြကန့်ကွက်တဲ့ ပြည်သူတွေကို သတင်းပေးဖမ်းဆီးခိုင်းတာနဲ့ သူ့နေအိမ်မှာ စစ်တပ် တပ်စွဲနိုင်အောင် ‌လုပ်ဆောင်ခဲ့သူလို့ ‌ညောင်ဦး ဒေသခံတွေက အသိပေးပါတယ်။

ဒါ့အပြင် မေလ ၃၁ ရက်က မြစ်ခြေပေါ်မှာ စစ်ကြောင်းထိုး လူသတ်၊နေအိမ်မီးရှို့ဖျက်ဆီးနေတဲ့ ဗိုလ်မှူး ညဏ်လင်းဦးဆောင်တဲ့ စစ်ကြောင်းဟာ တပ်မ(၁၀၁)ကို ပြန်ဆုတ်ချိန် ထောင်ထားသောမိုင်းနင်းမိပြီး ဗိုလ်မှူးဉာဏ်လင်း အပါအ၀င် ၂ ဦးသေဆုံးတယ်လို့ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုပါတယ်။

"မြစ်ခြေရဲစခန်း သိမ်းခံထားရပြီးနောက်ပိုင်း ရဲစခန်းနဲ့ မီတာ၃၀၀အကွာမှာ သူတို့က ဘန်ကာတွေနဲ့
အခိုင် အမာတပ်စွဲထားတယ်"လို့ မြစ်ခြေမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ‌ပြောပါတယ်။

ဒါ့အပြင် မြစ်ခြေမြို့နယ် အတွင်းရှစ်မျက်နှာဘုရားမှာလည်း စစ်တပ်က အထိုင်ချတပ်စွဲထားတယ်လို့ သိရပါတယ်။
1😱1