Magway Division News
3.58K subscribers
2.64K photos
81 videos
12 files
3.74K links
မကွေးတိုင်းအတွင်းရှိစစ်ကြောင်းသတင်း၊လေကြောင်းသတင်း၊များကိုအချိန်နှင့်တပြေးညီတတ်နိုင်သမျှတင်ပေးပါသည်
Download Telegram
အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမည်ခံ ပေါ်တာဆွဲအန္တရာယ်ကို ပြည်သူများပိုမိုသတိရှိကြရန် လက်ကမ်းစာစောင်များဖြန့်ဝေ

၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၃) ရက်နေ့

(၁) အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမည်ခံ ပေါ်တာဆွဲအန္တရာယ်ကို ပြည်သူအများ ပိုမိုသိရှိပြီး မိမိကိုယ်ကိုနှင့် မိမိ၏ မိသားစုအား ကာကွယ်နိုင်ရန်အတွက် ပြည်သူ့ရင်ခွင်-People's Embrace နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တို့ ပူးပေါင်း၍ ပညာပေး လက်ကမ်းစာစောင်များကို မကွေးတိုင်း၊ ပခုက္ကူခရိုင် အတွင်း ဖြန့်ဝေခဲ့သည်။

(၂) အကြမ်းဖက်စစ်တပ်က မတရားသိမ်းပိုက်ထားသော မြို့/ရွာများ၌ နေ့စဉ်ရက်ဆက်ဆိုသလို လူရွယ်၊ လူငယ်များ ပျောက်ဆုံးနေပြီး အများစုမှာ အဓမ္မ အနိုင်ကျင့် ပေါ်တာဆွဲခံရပြီး အကြမ်းဖက် စစ်တပ်ဘက်မှ နိုင်ငံတဝှမ်းရှိ ရှေ့တန်းစစ်မျက်နှာများသို့ ပို့ဆောင်ကာ အတုံးအရုံး ကျဆုံးလျက်ရှိပါသည်။

(၃) ပြည်သူ့စစ်မှုထမ်းဥပဒေအမည်ခံ ပေါ်တာဆွဲမှုများသည် ရပ်ကျေးယန္တရားအထိ လူကုန်ကူး ဈေးကွက်သဖွယ်ဖြစ်ပေါ်နေပြီး အခြေခံလူတန်းစားမိသားစုများနှင့်လူလတ်တန်းစားမိသားစုများ၏ နေ့စဉ်လူမှုဘဝကို အကြီးအကျယ် ခြိမ်းခြောက်လာနေပြီဖြစ်ပါသည်။

(၄) ပေါ်တာဆွဲခံရသူ ပစ များသည် စစ်မျက်နှာ အသီးသီးတွင် အထိအခိုက်အကျအဆုံး များလျက်ရှိပြီး နေ့စဉ် PDF/ပကဖ/ERO များထံ အလင်းဝင်မှုများ၊ လက်နက်ချမှုများ ရှိနေပါသည်။ တိုင်းပြည်ကို ကြက်ဥပင် ဝယ်မစားနိုင်လောက်အောင် ဆင်းရဲတွင်းနက်စေကာ လူတစုကို ကျိကျိတက်ချမ်းသာစေသည့် စစ်အာဏာရှင်စနစ်ကိုသာ တော်လှန်ရေးအင်အားစုများက ဦးတည် တိုက်ခိုက်နေခြင်းဖြစ်ပြီး အတင်းအကြပ်အနိုင်ကျင့်ဖိအားပေးခြင်းကြောင့် စစ်မှုထမ်းနေရသော ပြည်သူများ (ပစ) များအား နားလည်စာနာပြီး အလင်းဝင်မှုများကို နွေးထွေးစွာ ကြိုဆိုလျက် ရှိနေကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

အကြမ်းဖက် စစ်တပ်ထံမှ ပြည်သူ့ရင်ခွင်ခိုလှုံလိုသူ သန္ဓေ/ပသစ စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များဆက်သွယ်ရန်
Telegram: https://t.me/MyanmarPeople Telegram (သို့) @MyanmarPeople
Signal: +66968847969
Viber: +66968847969
Facebook Page/ Messenger: ပြည်သူ့ရင်ခွင် - People's Embrace

ပြည်သူ့ကာကွယ်ရေးတပ်မတော်
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
4👍1
ချင်းတွင်း ရေပြင်

လက်ပံတောင်းမှ စုန်ဆင်းလာသော စခဖလပ် ၂စီးနှင့် စစ်သင်္ဘော ၁ စီး တို့သည်ဆင်ဖြူရှင်တံတားအောက်သို့ရောက်ရှိနေပြီဖြစ်ကြောင်းသိရ။

#Yaypyin
Aug 4 , 5:14PM
သတင်းပို့ရန် @Yaypyin0bot
5
ချင်းတွင်း ရေပြင်

မုံရွာမှစုန်ဆင်းလာသော စခသင်္ဘော(၁၆)စီးသည်ဆင်ဖြူရှင် တံတားအောက်သို့ရောက်ရှိကာ အောက်ဘက်သို့ဆက်လက်စုန်ဆင်းနေကြောင်းသိရ။

#Yaypyin
Aug 4 , 5:41PM
သတင်းပို့ရန် @Yaypyin0bot
3
ချင်းတွင်း ရေပြင်

မုံရွာမှစုန်ဆင်းလာသော စခသင်္ဘော(၁၆)စီးအနက်ရှေ့ပွိုင့်သည်ရေစကြိုနယ် ချင်းယားရွာဖြတ်၍အောက်ဘက်သို့ဆက်လက်စုန်ဆင်းနေကြောင်းသိရ။

#Yaypyin
Aug 4 , 6:31PM
သတင်းပို့ရန် @Yaypyin0bot
2
ချင်းတွင်း ရေပြင်

လက်ပံတောင်းမှ စုန်ဆင်းလာသော စခဖလပ် ၂စီးနှင့် စစ်သင်္ဘော ၁ စီး တို့သည် ရေစကြိုနယ် နန်းဦးရွာသို့ ရောက်ရှိကာ အောက်ဘက်သို့ ဆက်လက် စုန်ဆင်နေကြောင်းသိရ။

#Yaypyin
Aug 4 , 6:52PM
သတင်းပို့ရန် @Yaypyin0bot
2
စစ်မှုထမ်းအမည်ခံ ပေါ်တာဆွဲအန္တရာယ် သတိပေးလက်ကမ်းစာစောင်များ ပခုက္ကူခရိုင်အတွင်း ဖြန့်ဝေပြီး ပြည်သူများ သတိရှိကြရန် NUG ကာကွယ်ရေးဝန်ကြီးဌာန တိုက်တွန်း

ရန်ကုန်၊ ဩဂုတ် ၄

အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအမည်ခံ အတင်းအကျပ် ပေါ်တာဆွဲမှုအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများ ပိုမိုသတိပြုနိုင်စေရန်နှင့် မိမိကိုယ်တိုင်အပြင် မိသားစုဝင်များကိုပါ ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ပညာပေးလက်ကမ်းစာစောင်များကို မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း ဖြန့်ဝေခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။

အဆိုပါ လက်ကမ်းစာစောင်များကို NUG လက်အောက်ရှိ ပြည်သူ့ရင်ခွင် (People's Embrace) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ ပူးပေါင်း၍ ဖြန့်ဝေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ် ထိန်းချုပ်ထားသော မြို့နှင့်ကျေးရွာများတွင် လူငယ်၊ လူရွယ်များ နေ့စဉ်ပျောက်ဆုံးမှုများ ဖြစ်ပေါ်နေပြီး အများစုမှာ အတင်းအကျပ် ပေါ်တာဆွဲခံရကာ နိုင်ငံတဝန်းရှိ ရှေ့တန်းစစ်မျက်နှာများသို့ ပို့ဆောင်ခံနေရကြောင်း ဖော်ပြထားသည်။

ထို့ပြင် စစ်မှုထမ်းဥပဒေအမည်ခံ လူဖမ်းဆီးစုဆောင်းမှုများသည် ရပ်ကွက်နှင့် ကျေးရွာအဆင့်အထိ လူကုန်ကူးမှုအသွင် ဖြစ်ပေါ်နေပြီး အခြေခံလူတန်းစားနှင့် လူလတ်တန်းစား မိသားစုများ၏ နေ့စဉ်လူမှုဘဝကို အကြီးအကျယ် ခြိမ်းခြောက်လာနေကြောင်းလည်း ဆိုသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနက အတင်းအကျပ် စစ်မှုထမ်းခိုင်းခံရသူများသည် စစ်မျက်နှာအသီးသီးတွင် ထိခိုက်သေဆုံးမှုများ ကြုံတွေ့နေရသည့်အပြင် နေ့စဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (ပကဖ) နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ (ERO) ထံသို့ အလင်းဝင်ခြင်းနှင့် လက်နက်ချခြင်းများ ရှိနေကြောင်း ပြောဆိုထားသည်။

တော်လှန်ရေးအင်အားစုများအနေဖြင့် အတင်းအကျပ် စစ်မှုထမ်းခိုင်းခံရသူများကို ပစ်မှတ်ထားတိုက် ခိုက်ခြင်းမဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကိုသာ ဦးတည်တော်လှန်နေခြင်းဖြစ်ကြောင်း၊ ဖိအားပေးခံရ၍ စစ်မှုထမ်းနေရသူများကို နားလည်စာနာပြီး အလင်းဝင်လာသူများကို နွေးထွေးစွာ ကြိုဆိုလျက်ရှိကြောင်းလည်း အသိပေးထားသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်ထံမှ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလိုသည့် သန္ဓေစစ်သား၊ ပြည်သူ့စစ်မှုထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့်

Telegram – https://t.me/MyanmarPeople သို့မဟုတ် @MyanmarPeople
Signal – +66 96 884 7969
Viber – +66 96 884 7969
Facebook Messenger – ပြည်သူ့ရင်ခွင် (People's Embrace) သို့ ဆက်သွယ်နိုင်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနက အတင်းအကျပ် စစ်မှုထမ်းခိုင်းခံရသူများအနေဖြင့် အန္တရာယ်ကင်းစွာ ပြည်သူ့ရင်ခွင်သို့ ဆက်သွယ်အလင်းဝင်ကြရန်လည်း တိုက်တွန်းထားသည်။
6