Magway Division News
3.58K subscribers
2.64K photos
81 videos
12 files
3.74K links
မကွေးတိုင်းအတွင်းရှိစစ်ကြောင်းသတင်း၊လေကြောင်းသတင်း၊များကိုအချိန်နှင့်တပြေးညီတတ်နိုင်သမျှတင်ပေးပါသည်
Download Telegram
Magway Division News
ပခုက္ကူခရိုင်၊မြိုင်မြို့နယ် မြိုင်မြို့နယ်ဘောင့်ဘင်ရွာအားမီးရှို့ပြီးအနောက်တောင်အရပ်သို့ထွက်ခွာလာသောစခစစ်ကြောင်းသည်ယာကြီးပြင်ရွာသို့ဝင်ရောက်ကာမီးရှို့နေကြောင်းသိရပါတယ်။ #MDN Aug-2/11:40AM သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn သတင်းပေးပို့ရန်…
ပခုက္ကူခရိုင်၊မြိုင်မြို့နယ်

မြိုင်မြို့နယ်ယာကြီးပြင်ရွာသို့ရောက်ရှိထားသောစခစစ်ကြောင်းနှင့်ယာဉ်တန်းသည်ယာကြီးပြင်ရွာ၌ရှိဆဲဖြစ်ကြောင်းသိရပါတယ်။

#MDN
Aug-2/8:00PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Page Link- https://www.facebook.com/share/1BtGkeMFAG/
လေကြောင်းချန်နယ်-https://t.me/mdna002
6
မြိုင်တွင် စစ်တပ်က ဘောင့်ဘင်ရွာကို မီးရှို့ဖျက်ဆီး၊ ကနီရှိ ယာကြီးရွာကိုလည်း စစ်တပ်က ဗုံးကျဲမှု ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂

မကွေးတိုင်း၊ မြိုင်မြို့နယ် အနောက်ပိုင်းရှိ ဘောင့်ဘင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဩဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မြိုင်မြို့နယ်အနောက်ပိုင်း ဘောင့်ဘင်ကျေးရွာတွင် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ နံနက် ၁၀ နာရီခန့်တွင် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အဆိုပါ စစ်ကြောင်းနှင့် ယာဉ်တန်းသည် မွန်းလွဲ ၁၂ နာရီခန့်တွင် ယာကြီးပြင်ကျေးရွာအတွင်းသို့ ဝင်ရောက်တပ်စွဲထားဆဲဖြစ်ကြောင်း သိရသည်။

"စစ်ခွေး စစ်ကြောင်းက ဘောင့်ဘင်ကျေးရွာက မထွက်ခင်မှာ ရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ သိရတယ်။ ပြည်သူတွေလည်း ဆက်လက် တိမ်းရှောင်နေရတုန်းပါပဲ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထိုစစ်ကြောင်းသည် ဩဂုတ်လ ၁ ရက်နေ့ကလည်း မြိုင်မြို့နယ်၊ သင်းမကျေးရွာအတွင်း ရက်သတ္တ နှစ်ပတ်နီးပါး ကြာ ဝင်ရောက်တပ်စွဲကာ ပြည်သူ့နေအိမ် ၃၅ လုံးကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများကိုလည်း ဖောက်ထွင်းလိုယူဖျက်ဆီးသွားကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းဘေးတွင်ရှိသော ယာကြီးကျေးရွာကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်က ဩဂုတ်လ ၁ ရက်နေ့ တွင် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များနှင့် မော်တော်ယာဉ်မား ထိမှန်ပျက်စီးခဲ့သည့်အပြင် ပြည်သူ ၁ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

"စစ်ခွေး‌တွေ ဗုံးကျဲ တိုက်ခိုက်သွားတာ ပြည်သူ ၁ ဦး သေဆုံးပြီး တော့ ၁ ဦး ထိခိုက်ဒဏ်ရာရပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုးမှုများကြောင့် ကနီမြို့နယ် အတွင်းရှိ ဒေသပြည်သူများမှာ ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
9👍2
Forwarded from Magway Division News Air
Spring Aero Scout (နွေဦးလေကြောင်းကင်းထောက်):
🔴 ထီးလင်း/ကျောက်ထု 🔴

ထီးလင်း/ကျောက်ထုနယ် အစပ် တစ်နေရာသို့ တံတားဦး လေတပ်တက် ဂျက်ဖိုက်တာ ၂စီးဖြင့် Aug 2, 2026 (4:40), (4:45) PM ခန့်အချိန် တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားကြောင်း သိရပါသည်။

#SAS #AS2026
Aug 3, 03:15 AM
📬သတင်းပို့ရန် @SpringAeroScout_Bot

🔴 ငဖဲ 🔴

ငဖဲနယ် တစ်နေရာသို့ မိတ္ထီလာ လေတပ်မှတက်သော Y-12 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီးဖြင့် Aug 2, 2026 (11:35) PM ခန့်အချိန် မှ စတင်ပျံဝဲပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#SAS #AS2026
Aug 3, 03:17 AM
📬သတင်းပို့ရန် @SpringAeroScout_Bot

🔴 ငဖဲ 🔴

ငဖဲနယ် အနောက်တောင်ခြမ်း တစ်နေရာသို့ တံတားဦး လေတပ်တက် ဂျက်ဖိုက်တာ ၂စီးဖြင့် Aug 2, 2026 (11:02), (11:08), (11:11) PM ခန့်အချိန် တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားကြောင်း သိရပါသည်။

#SAS #AS2026
Aug 3, 03:17 AM
📬သတင်းပို့ရန် @SpringAeroScout_Bot

🔴 ငဖဲ 🔴

ငဖဲနယ် တစ်နေရာသို့ မကွေး လေတပ်မှတက်သော L-410 UVP E20 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီးဖြင့် Aug 2, 2026 (11:55) PM ခန့်အချိန် မှ စတင်ပျံဝဲပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#SAS #AS2026
Aug 3, 03:18 AM
📬သတင်းပို့ရန် @SpringAeroScout_Bot

🔴 ငဖဲ 🔴

ငဖဲနယ် အနောက်တောင်ခြမ်း တစ်နေရာသို့ နေပြည်တော် လေတပ်တက် ဂျက်ဖိုက်တာ ၂စီးဖြင့် Aug 2, 2026 (11:15), (11:18), (11:22) AM ခန့်အချိန် တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားကြောင်း သိရပါသည်။

#SAS #AS2026
Aug 3, 03:19 AM
📬သတင်းပို့ရန် @SpringAeroScout_Bot
4
⚠️မကွေး

မကွေး‌လေတပ်မှ L-410 UVP-E20 Military Transport Aircraft (1)စီး အနောက်မြောက်အရပ်သို့ ပျံတက်။

09:14, Aug 03
#EAR #SCIN
3
Forwarded from Magway Division News Air
⚠️ မြိုင်

မြိုင်နယ်တွင် ရှမ်းတဲလေတပ်တက် L-410 UVP E-20 Military Transport Aircraft (1)စီး ပျံဝဲ။

17:33, Aug 03
#EAR #SCIN
3
Magway Division News
ပခုက္ကူခရိုင်၊မြိုင်မြို့နယ် မြိုင်မြို့နယ်ယာကြီးပြင်ရွာသို့ရောက်ရှိထားသောစခစစ်ကြောင်းနှင့်ယာဉ်တန်းသည်ယာကြီးပြင်ရွာ၌ရှိဆဲဖြစ်ကြောင်းသိရပါတယ်။ #MDN Aug-2/8:00PM သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်…
ပခုက္ကူခရိုင်၊မြိုင်မြို့နယ်

မြိုင်မြို့နယ်ယာကြီးပြင်ရွာသို့ရောက်ရှိထားသောစခစစ်ကြောင်းနှင့်ယာဉ်တန်းသည်ယာကြီးပြင်ရွာ၌ရှိဆဲဖြစ်ကြောင်းသိရပါတယ်။

#MDN
Aug-3/6:00PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Page Link- https://www.facebook.com/share/1BtGkeMFAG/
လေကြောင်းချန်နယ်-https://t.me/mdna002
6👍1
⚠️မကွေး

မကွေးလေတပ်မှ L-410 UVP E-20 Military Transport Aircraft (1)စီး အနောက်မြောက်အရပ်သို့ ပျံတက်။

21:32, Aug 03
#EAR #SCIN
3
Forwarded from Magway Division News Air
Spring Aero Scout (နွေဦးလေကြောင်းကင်းထောက်):
🔴 မြိုင် 🔴

မြိုင်နယ် အနောက်ခြမ်း တစ်နေရာသို့ မိတ္ထီလာ လေတပ်မှတက်သော L-410 UVP-E20 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီးဖြင့် (5:28)PM ခန့်အချိန် မှ စတင်ပျံဝဲပြီး (5:30), (5:36), (5:42), (5:45), (5:49), (5:51), (5:54), (5:59), (6:02), (6:06), (6:08), (6:18), (6:22) PM ခန့်အချိန်တို့တွင် (စုစုပေါင်း ၁၃ကြိမ်တိုင်) လေကြောင်းတိုက်ခိုက်မှု အများအပြား ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#SAS #AS2026
Aug 3,08:30PM
📬သတင်းပို့ရန် @SpringAeroScout_Bot

🔴 ဆော 🔴

ဆောနယ် တောင်ခြမ်း တစ်နေရာသို့ တံတားဦး လေတပ်တက် ဂျက်ဖိုက်တာ ၂စီးဖြင့် (5:15), (5:55) PM ခန့်အချိန် တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားကြောင်း သိရပါသည်။

#SAS #AS2026
Aug 3, 08:30PM
📬သတင်းပို့ရန် @SpringAeroScout_Bot

🟠 ကျောက်ထု 🟠

ကျောက်ထုနယ် တစ်နေရာသို့ မကွေး လေတပ်မှတက်သော L-410 UVP-E20 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီးဖြင့် (10:11) AM ခန့်အချိန် တွင် စတင်၍ ဝဲပျံပြီး ခဲယမ်းရိက္ခာထုပ်များ ကြဲချထောက်ပို့သွားခဲ့ကြောင်း သိရပါသည်။

#SAS
Aug 3, 08:30PM
📬သတင်းပို့ရန် @SpringAeroScout_Bot

🟠 ကျောက်ထု 🟠

ကျောက်ထုနယ် တစ်နေရာသို့ မကွေး လေတပ်မှတက်သော L-410 UVP-E20 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီးဖြင့် (1:37) PM ခန့်အချိန် တွင် စတင်၍ ဝဲပျံပြီး ခဲယမ်းရိက္ခာထုပ်များ ကြဲချထောက်ပို့သွားခဲ့ကြောင်း သိရပါသည်။

#SAS
Aug 3, 08:30PM
📬သတင်းပို့ရန် @SpringAeroScout_Bot

🟠 ထီးလင်းမြို့ 🟠

ထီးလင်းမြို့ တစ်နေရာသို့ မိတ္ထီလာ လေတပ်မှတက်သော Y-8 စစ်ထောက်ပို့လေယာဉ် ၁စီးဖြင့် (9:28)AM ခန့်အချိန် တို့တွင် စတင်၍ ဝဲပျံပြီး (9:31)AM ခန့်အချိန်မှ (10:26) AM ခန့်အချိန်အထိ (၁၁ကြိမ်တိုင်) ခဲယမ်းရိက္ခာထုပ်များ ကြဲချထောက်ပို့သွားခဲ့ကြောင်း သိရပါသည်။

#SAS
Aug 3, 08:30PM
📬သတင်းပို့ရန် @SpringAeroScout_Bot

🟠 မြိုင် 🟠

မြိုင်နယ် အနောက်ခြမ်း တစ်နေရာသို့ မကွေး လေတပ်မှတက်သော L-410 UVP-E20 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီးဖြင့် (10:00)PM ခန့်အချိန် တွင် စတင်၍ဝဲပျံပြီး (10:03)PM ခန့်အချိန်မှ (10:40)PM ခန့်အချိန်ထိ (၉ကြိမ်တိုင်) ခဲယမ်းရိက္ခာထုပ်များ ကြဲချထောက်ပို့သွားခဲ့ကြောင်း သိရပါသည်။

#SAS
Aug 3, 11:15 PM
📬သတင်းပို့ရန် @SpringAeroScout_Bot
1
စစ်တပ်ကို အဆုံးသတ် ဘယ်လို အောင်ပွဲခံမလဲ
…………………………………………………………….

အကြမ်းဖက်စစ်တပ်ကို အဆုံးသတ် အောင်ပွဲခံမယ့် ပုံစံက ဘယ်လိုမျိုး ဖြစ်မလဲ။ စစ်တပ်ဟာ ဘယ် အခြေအနေ မှာ စစ်ရှုံးသွားမလဲ။ တော်လှန်ရေးအင်အားစုတွေ ဘက်က ဘယ်လိုမျိုး ပြင်ဆင်ရင် စစ်တပ်ကို အလဲထိုးရေး မြန်မြန်ဆန်ဆန်ပေါ်ပေါက်လာမလဲ။ အတိတ်၊ အနာဂတ်နဲ့ ပစ္စုပ္ပန် အခြေအနေတွေကို ကြည့်ရအောင်။ လက်နက်ကိုင်တော်လှန်ရေး တရပ်ဟာ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် အောင်ပွဲခံနိုင်မှုမျိုးက ရှားပါတယ်။ အထူးသဖြင့် အရှေ့တိုင်း တော်လှန်ရေးတွေဟာ ကာလတခု ကြာမြင့်ပါတယ်။ လက်တလော လားရာကို ကြည့်ရင် လက်နက်ကိုင်တော်လှန်ရေးတွေမှာ တော်လှန်ရေး အင်အားစုတွေ ဘက်က အသာစီးရနေတာ၊ အင်အားပိုနည်းတဲ့ဘက်က အသာစီးရနေတာ၊ အချိုးမညီ စစ်တွေမှာ အင်အားနည်းတဲ့ဘက်က အသာစီးရနေတာမျိုးတွေ ပိုတွေ့လာရတာကလည်း သတင်းကောင်းတခုပါ။ သတင်းကောင်းကို လက်တွေ့မြေပြင်အောင်ပွဲ အဖြစ် ပြောင်းလဲရမှာ ဖြစ်ပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင် တော်လှန်ရေးဖြစ်တာကို လက်ခံထားဖို့ဖြစ်ပါတယ်။ နောက်တချက်က တော်လှန်ရေးဖြစ်ပါတယ်။ လူမှုရေးစံနှုန်းတချို့၊ နိုင်ငံရေးအစဉ်အလာတွေ၊ စစ်ရေးအစဉ်အလာတွေကို ပြောင်းလဲလိုကြတာ တော်လှန်ရေးမှာပါဝင်တဲ့ လူငယ်အများစု ရင်ထဲမှာ၊ ယုံကြည်ချက်ထဲမှာ ရှိတယ်ဆိုတာ မေ့လို့မရပါဘူး။ ဒါတွေကို ဘာလို့ပြောနေရလဲဆိုတာ မူရင်း ဖြစ်ပေါ်လာရာ ဗီဇနဲ့ ရည်မှန်းချက်ပေါ်မူတည်ပြီး ကိုင်စွဲရမယ့် နည်းလမ်းတွေ ကွာခြားလို့ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေးကို စစ်ရေးနည်းလမ်းနဲ့ အနိုင်ယူရမယ်ဆိုတာကိုလည်း ခိုင်ခိုင်မာမာ ယုံကြည်လက်ခံထားဖို့လိုပါတယ်။ ဒါပေမဲ့ ဒီစစ်ရေးနည်းလမ်းဟာ ချွန်းအုပ်မထားတဲ့ စစ်ရေးသီးသန့်ဝါဒ၊ နိုင်ငံရေးအတွေးအခေါ်ရဲ့ လမ်းညွှန်မှု မပါတဲ့ နည်းလမ်း ဖြစ်လို့မရပါဘူး။ အဲဒါဆိုရင် မူလ တော်လှန်ရေးရဲ့ ရည်မှန်းချက်တွေကနေ လျောကျသွားပြီး သာမန်လက်နက်ကိုင်တိုက်ခိုက်မှု အဆင့်ကို ရောက်သွားပါလိမ့်မယ်။

စစ်ရေးပိုင်းက ကြည့်ရင် နွေဦးတော်လှန်ရေးရဲ့ မူလ ရည်မှန်းချက်တွေနဲ့ လားရာ ဗီဇကို အခြေခံတဲ့ စစ်ရေး နည်းလမ်းမျိုး ဖြစ်ဖို့လိုပါတယ်။ အဲလိုမှ မဟုတ်ရင်တော့ မူလ ရည်မှန်းချက်က သွေဖည်လာရင် ထောက်ခံမှု၊ ပူးပေါင်းမှု နည်းပါးလာမှာ ဖြစ်ပါတယ်။ နိုင်ငံရေးအတွေးအခေါ်၊ လူထုထောက်ခံမှု ရရှိထားတဲ့ လက်နက်ကိုင်တော်လှန်ရေး တရပ်ဟာ အနှေးနဲ့ အမြန်အောင်ပွဲရမှာပဲ ဖြစ်ပါတယ်။ ကမ္ဘာ့ လက်တလော ဥပမာတွေကို ကြည့်ရင် ဆီးရီးယားနိုင်ငံတွေမှာ တော်လှန်ရေး အင်အားစုတွေက အာဏာရှင်ကို ဖြုတ်ချပြီး အောင်ပွဲရရှိထားပါတယ်။ အာဖဂန် နိုင်ငံမှာလည်း အင်အားကြီး အမေရိကန် နိုင်ငံကို အချိုးမညီ စစ်ပွဲ နည်းလမ်းတွေ အသုံးပြုပြီး တာလီဘန်တွေက အနိုင်ရထားပါတယ်။ ယူကရိန်း စစ်ပွဲမှာလည်း အင်အားပိုကြီးတဲ့ ရုရှားကို ယူကရိန်းဘက်က အသာစီးရအောင် ပြန်လည် ခုခံတိုက်ခိုက်နိုင်နေပါတယ်။ အရှေ့အလယ်ပိုင်း တိုက်ခိုက်မှုတွေကိုကြည့်ရင် လက်ဘနွမ် ဟစ်ဇဘိုလာ၊ ဂါဇာ ဟားမတ်စ်၊ ဟီမင် ဟူသီ ရှီးယား စစ်သွေးကြွတွေဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီတဲ့ နည်းလမ်းတွေ အသုံးပြုပြီး အင်အားပိုမိုကြီးမားတဲ့ တဘက်အင်အားစုကို ခုခံတိုက်ခိုက်နိုင်လျက်ရှိပါတယ်။ အီရန်နဲ့ အမေရိကန် စစ်ပွဲကို ကြည့်ရင် နည်းပညာနဲ့ အင်အား ပိုနည်းတဲ့ အီရန်ဘက်က အမေရိကန်ကို သရေရအောင် ခုခံတိုက်ခိုက်နိုင်နေပါတယ်။ စစ်ရေးပိုင်းသီးသန့်ကို ကြည့်ရင် အထက်ဖော်ပြပါ တော်လှန်ရေးအဖွဲ့တွေ၊ စစ်သွေးကြွ အဖွဲ့တွေဟာ အင်အားပိုကြီးတဲ့ တဘက်ပြိုင်ဘက်ကို အနိုင်ရတာ၊ အောင်မြင်စွာ ခုခံနိုင်တာ တွေ့ရပါတယ်။ အဲဒီ အဖွဲ့တွေကို ကြည့်ရင် တူညီတာ (၂) ခု တွေ့ရပါတယ်။ စစ်ရေးအရ ကိုယ်နဲ့ကိုက်ညီတဲ့ ဖွဲ့စည်းပုံ၊ လက်နက်တပ်ဆင်မှု၊ တိုက်ပွဲဆင်နွှဲမှု ဖြစ်ပြီး နိုင်ငံရေးအရဆိုရင် စိုးမိုးနယ်မြေမှာ ကိုယ့် ပြည်သူတွေကို ပြည်သူ့ဝန်ဆောင်မှု တတ်နိုင်သမျှ ပေးအပ်ပြီး လူထု ထောက်ခံမှုကို စုစည်းထားနိုင်ခြင်း ဖြစ်ပါတယ်။ စစ်ရေးနည်းအရဆိုရင် ဟစ်ဇဘိုလာတွေဟာ ဖွဲ့စည်းခါစက အင်အားရာချီတဲ့ စုဖွဲ့ထားတဲ့ တပ်ဖွဲ့ကြီးတွေကို အသုံးပြုခဲ့ပါတယ်။ အဲလို ကြီးမားတဲ့ ဖွဲ့စည်းမှုတွေဟာ ရန်သူ အလွယ်တကူ ခြေရာခံ ချေမှုန်းခံရတာကို တွေ့ပြီးတဲ့နောက်မှာ ဖွဲ့စည်းပုံ အငယ်စားတွေအဖြစ် ပြောင်းလဲလိုက်ပါတယ်။ ဗဟိုရုံးချုပ်နဲ့ တပ်ဖွဲ့ငယ်တွေကြား ကွပ်ကဲမှု အဆက်မပြတ်ရေး၊ အထွေထွေလမ်းညွှန်ချက် ပေးထားရေး၊ ဗဟိုချုပ်ကိုင်မှုကို တတ်နိုင်သမျှ လျှော့ထားရေးတွေ လုပ်ဆောင်ခဲ့ရပါတယ်။ ဆီးရီးယား တော်လှန်ရေးတပ်တွေမှာလည်း အလားတူပါပဲ နိုင်ငံရေးရည်မှန်းချက်၊ မူဝါဒ တသားတည်း လိုင်းကျအောင် စည်းရုံးခဲ့သလို ဗဟိုကွပ်ကဲမှု စနစ်၊ စုဖွဲ့ တိုက်ခိုက်မှု ယန္တရား တခုကို စနစ်တကျ တည်ဆောက်ခဲ့ကြပါတယ်။ အီရန် မှာဆိုရင်လည်း သမရိုးကျပုံစံ မဟုတ်ဘဲ စုဖွဲ့ထားတဲ့ အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့က အမေရိကန်ကို အဓိက ခုခံတိုက်ခိုက်သွားတာပါ။ သမရိုးကျ အီရန် လေတပ်၊ တင့်ကားတပ်တွေ၊ ရေတပ်စစ်သင်္ဘောတွေဟာ အမေရိကန်ရဲ့ အလွယ်တကူ ချေမှုန်းခံရပြီး ကိုယ့်အခြေအနေနဲ့ ကိုက်ညီအောင် ထုတ်လုပ်ထားတဲ့ ဒရုန်းတွေ၊ ဒုံးကျည်တွေကသာ စစ်ပွဲ အဖြေကိုပြောင်းလဲ ပေးနိုင်ခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲ
1
ကိုကြည့်ရင်လည်း တင့်ကားတွေ စုပြုံ ထိုးဖောက်တာဟာ အလုပ်မဖြစ်တဲ့အခါ ဆိုင်ကယ်စီး တပ်စိတ်လေးတွေနဲ့ ထိုးဖောက်တဲ့ပုံစံကို ပြောင်းလဲ ကျင့်သုံးလာကြပါတယ်။ တနိုင်ငံနဲ့ တနိုင်ငံ အခြေအနေ တူမှာ မဟုတ်ပေမယ့် အနှစ်သာရကတော့ ကိုယ့်မှာရှိတဲ့ ရင်းမြစ်၊ ရင်ဆိုင်ရတဲ့ ရန်သူ့ အခြေအနေ၊ တိုက်ခိုက်ရတဲ့ တိုက်ပွဲ ပုံစံတွေနဲ့ ညီတဲ့ စုဖွဲ့ပြင်ဆင်မှု လုပ်ဆောင်ကြတာတွေ့ရပါတယ်။ ဥပမာအနေနဲ့ ပြောရရင် အကြမ်းဖက် စစ်တပ်ဟာ လူအင်အား အလုံးအရင်း သုံးမယ်၊ လူသေဆုံးမှုကို ဂရုစိုက်မှာ မဟုတ်ဘူး၊ လေကြောင်းနဲ့ လက်နက်ကြီးကို အသားပေး အသုံးပြုမယ်၊ နိုင်ငံတကာ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံ တချို့ရဲ့ ထောက်ခံမှုနဲ့ ထောက်ပံ့မှုကို ရရှိလိမ့်မယ်၊ သမရိုးကျနဲ့ တောတွင်း စစ်ဆင်ရေးတွေကို အကျွမ်းတဝင် ရှိလိမ့်မယ် ဆိုတဲ့ အချက်တွေ ဖြစ်တယ်။ တော်လှန်ရေး အင်အားစုတွေဘက်က လက်နက်ခဲယမ်း ရရှိမှု နည်းမယ်၊ လေ့ကျင့်မှုနဲ့ ကွပ်ကဲမှုပိုင်း အတွေ့အကြုံ နည်းလိမ့်မယ်၊ လူအင်အားအရ တော်လှန်ရေးအစမှာ တစုံတရာမှာ များပြားလိမ့်မယ်၊ တနိုင်ငံလုံးမှာ စစ်ဆင် တိုက်ခိုက်နိုင်စွမ်းရှိလိမ့်မယ်၊ ခံယူချက်ကောင်းမွန်လိမ့်မယ်ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။ အလားအလာတွေ တွက်ကြည့်ရင် အင်အားအများအပြား နဲ့ စုဖွဲ့ထားတဲ့ တော်လှန်ရေး အဖွဲ့တွေ၊ အခိုင်အမာ ခံစစ်ဆင်တဲ့ နေရာတွေကို ရန်သူက အလွယ်တကူ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်ချေမှုန်းခံရနိုင်လိမ့်မယ်။ ကာလတခုကြာလာရင် ပြည်သူ့ထောက်ခံမှု တစုံတရာ ကျဆင်းလာလိမ့်မယ်၊ ပင်ပန်းလာလိမ့်မယ်ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးရဲ့ ထူးခြားချက် ဖြစ်တဲ့ လက်နက်ကိုင်အင်အားစုငယ်တွေ စတင် ပေါ်ထွန်းခြင်း နဲ့ အစိုးရ အစိုးရ အဖွဲ့ကို ယင်းနောက်မှ ဖွဲ့စည်းခြင်းဆိုတဲ့ အချက်ကိုလဲ လက်ခံထားဖိုလိုပါတယ်။ အဲဒီ နောက်မှ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ငယ်များစွာ ပေါ်ပေါက်လျက်ရှိပါတယ်။ ဒါပေမယ့်လည်း အင်အားကြီးများတဲ့ အကြမ်းဖက်စစ်အုပ်စုကို ချေမှုန်းအနိုင်ယူဖို့ အဖွဲ့ငယ်တွေအဖြစ် ကွဲပြားနေလို့မရပါဘူး။ အဖွဲ့တွေ အားလုံးဟာ အမိန့်ပေး ကွပ်ကဲမှု စနစ်တခု အောက်မှာရှိနေဖို့လိုပါတယ်။ ဒါမှ မဟုတ် တခုတည်းသော စစ်မဟာဗျူဟာ အောက်မှာ ဟန်ချက်ညီ တိုက်ခိုက်နိုင်ဖို့လိုပါတယ်။ နိုင်ငံရေးမှာ အတိုင်းအတာတခုထိ ကွဲပြားမှာ ဖြစ်ပေမယ့် စစ်ရေးမှာ ကွဲပြားနေလို့မရပါဘူး။ တခုတည်းသော စစ်မဟာဗျူဟာနဲ့ စစ်ရေး လမ်းညွှန်မှုအောက်မှာ တိုက်ပွဲ ဝင်ဖို့လိုပါတယ်။ တော်လှန်ရေးဟာ တဆင့်တက်သွားပြီးတဲ့နောက်မှာ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေကြား ပေါင်းစည်းမှု၊ ညှိနှိုင်းလုပ်ဆောင်မှုဟာလဲ အဆင့်တခုကို တက်လှမ်းဖို့လိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ဆိုရင်လည်း ပြည်သူ့စစ်မဟာဗျူဟာကို ချမှတ်ကျင့်သုံးလျက်ရှိသလို ကွက်ပြည့်ခင်းရေး ဆိုတဲ့ မဟာဗျူဟာကို ချမှတ်ထားပါတယ်။ ဒါဟာ လက်ရှိ တော်လှန်ရေး လိုအပ်ချက်နဲ့ လွန်စွာ ကိုက်ညီတဲ့ စစ်မဟာဗျူဟာတွေ ဖြစ်ပါတယ်။ ပြည်သူ ပါဝင်တဲ့ ပြည်သူ့စစ်မဟာဗျူဟာကသာ ရန်သူကို အနိုင်ရမှာဖြစ်ပါတယ်။ ပြည်သူ့စစ်မဟာဗျူဟာ ထိရောက်စွာ ကျင့်သုံးနိုင်ဖို့ဆိုရင် ပြည်သူ့စည်းရုံးရေး၊ လူထု လက်မခံတဲ့ ကိစ္စတွေကို မလုပ်ဆောင်မိစေဖို့၊ လုပ်ဆောင်မိပါကလည်း ထိထိရောက်ရောက် အရေးယူဖို့ လွန်စွာ အရေးကြီးပါတယ်။ ပြည်သူပါဝင်မှပဲ တပ်သားရေသောက်မြစ် ရရှိမှု၊ ရန်ပုံငွေ ရရှိမှု၊ ရန်သူ့သတင်း ရရှိမှုတွေ ရလာမှာ ဖြစ်ပါတယ်။ ပြည်သူတွေ ကျယ်ပြန့်စွာ ပါဝင်ခြင်းမရှိဘဲ မိုင်းစစ်ဆင်ရေးကို ထိရောက်စွာ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ပြည်သူ့ထောက်ခံမှု မရဘဲ တပ်သားသစ် စုဆောင်းလို့ရနိုင်မှာ မဟုတ်ပါဘူး။ ကွက်ပြည့်ခင်းရေး မဟာဗျူဟာ ဆိုတာကလည်း ပြည်သူ့ ထောက်ခံမှု ရရှိထားလို့ ဖြစ်ပါတယ်။ တော်လှန်ရေး အဖွဲ့တွေထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပကဖတွေပဲ တနိုင်ငံလုံး အတိုင်းအတာ ကျယ်ပြန့်စွာ စစ်ဆင်တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ ရန်ကုန်လို မြို့ကြီး၊ နေပြည်တော်လို ရန်သူ့ မြို့တော် စစ်ကိုင်းတိုင်း ကျေးလက်ဒေသ၊ ပဲခူးရိုးမ တောင်ပေါ်ဒေသတွေမှာ စစ်ဆင်တိုက်ခိုက်နိုင်စွမ်းဟာ ပြည်သူ့ထောက်ခံမှု ရှိခြင်းကြောင့် ရလာတဲ့ စစ်ရေးစွမ်းရည်ဖြစ်ပါတယ်။ ကွက်ပြည့်ခင်း တိုက်ခိုက်လာတဲ့ တနိုင်ငံလုံး အတိုင်းအတာ တိုက်ခိုက်မှုကို အကြမ်းဖက်စစ်တပ်ဟာ ဘယ်လိုမှ တန်ပြန်နိုင်မှာမဟုတ်ပါဘူး။ သူတို့ စုဆောင်းထားတဲ့ ပစတွေနဲ့ လက်နက်ကြီးတွေဟာ တနိုင်ငံလုံး ကျယ်ပြန့်စွာ ပေါ်လာတဲ့ တိုက်ခိုက်မှုတွေကို ဟန့်တားရေး အသုံးဝင်မှာ မဟုတ်ပါဘူး။ ခံစစ်သေ နေရာတွေကို တိုက်ရေးမှာပဲ ထိရောက်မှာ ဖြစ်ပါတယ်။ ကွက်ပြည့်ခင်းရေး မဟာဗျူဟာအရ ရာနှုန်းပြည့် ကွက်ပြည့်ဖို့ ဒေသတွေ ကျန်နေသေးပါတယ်။ မန္တလေးတိုင်း အောက်ပိုင်း၊ မကွေးတိုင်းအောက်ပိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ နေပြည်တော်တို့ဟာ ကွက်ပြည့်တိုက်ခိုက်နိုင်ရေး ကျန်ရှိနေသေးတဲ့ ဒေသတွေ ဖြစ်ပါတယ်။ အဲဒီ ဒေသတွေမှာ ကွက်ပြည့်ခင်းပြီး ရန်သူကို ပြင်းပြင်းထန်ထန် ပြောက်ကျားတိုက်ခိုက်နိုင်ရင် ခုခံတွန်းလှန်စစ်ဟာ နောက်တဆင့်ကို တက်လှမ်းနိုင်လာပြီလို့ ပြောနိုင်ပါတယ်။ ဒီ စစ်မဟာဗျူဟာကို အကောင်အထည်ဖော်နိုင်ရေးမှာ တပ်မှူးငယ်တွေရဲ့ အခန်းကဏ္ဍလွန်စွာ
3
ကြီးမားပါတယ်။ ဒီလောက်ကျယ်ပြန့်တဲ့ နယ်မြေတွေမှာ စစ်ရေးဖော်ဆောင်ဖို့၊ ပြောက်ကျားတပ်ဖွဲ့ငယ်တွေနဲ့ လှုပ်ရှားဖို့ဆိုတာ တပ်ခေါင်းဆောင်ငယ်တွေရဲ့ လုပ်နိုင်စွမ်းက လွန်စွာ အရေးကြီးပါတယ်။ အချိန်နဲ့အမျှ ပြောင်းလဲနေတဲ့ စစ်ရေးအခြေအနေတွေကို ကိုင်တွယ်ရေး စစ်ရေး စွမ်းရည်ထက်မြတ်နေရမှာ ဖြစ်သလို ကျယ်ပြန့်တဲ့ ပြောက်ကျားနယ်မြေတွေ ဖော်ဆောင်တိုက်ပွဲဝင်ဖို့ အတွက် လူထုစည်းရုံးရေး လွန်စွာ ကောင်းဖို့လိုပါတယ်။ စစ်ရေးအရ ပြောက်ကျားလှုပ်ရှားမှုနဲ့ သင့်တော်တဲ့ လေ့ကျင့်မှု၊ လက်နက်တပ်ဆင်မှု၊ ကွပ်ကဲစုဖွဲ့မှု၊ အထက်ကွပ်ကဲမှုနဲ့ ဆက်သွယ်ရေး မပြတ်စေရေး လုပ်ဆောင်ပေးဖို့လိုပါတယ်။ ပြောက်ကျားစစ်ဆင်နိုင်ရေး တနိုင်ငံလုံး ကွက်ပြည့်လှုပ်ရှားနိုင်ရေး အတွက် ဒီဇိုင်းရေးဆွဲထားတဲ့ စစ်ဘက်ဆိုင်ရာ ထောက်ပို့လမ်းကြောင်းနဲ့ ထောက်ပို့စနစ်တခုလည်း လိုအပ်မှာဖြစ်ပါတယ်။ စစ်တပ်ဟာ စခန်းသိမ်း၊ မြို့သိမ်း တပ်တွေကို ရင်ဆိုင်ကိုင်တွယ်ရတာ လွန်ကူပေမယ့် လူထုထောက်ခံမှုရှိတဲ့ တပ်ဖွဲ့ငယ်တွေ စိမ့်ဝင်ထိုးဖောက်ပြီး ကျယ်ပြန့်စွာ ပြောက်ကျားတိုက်ခိုက်မှာ အလျင်အမြန်ပြန်လည် ဆုတ်ခွာသွားမဲ့ပုံစံကို ကိုင်တွယ်ဖို့ အသင့်မဖြစ်ပါဘူး။ လက်ရှိ စစ်အုပ်စုရဲ့ ဖွဲ့စည်း စုဖွဲ့ပုံအရလည်း အဲဒီပုံစံကို ကိုင်တွယ်ရေး ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ တနိုင်ငံလုံးမှာရှိတဲ့ တိုင်းနဲ့ ပြည်နယ်၊ မြို့တော်တွေ၊ ခရိုင် မြို့တော်တွေ အားလုံးရဲ့ အနီးမှာ ပြောက်ကျားလှုပ်ရှားနယ်တွေ ဖော်ပြီးရင် တော်လှန်ရေး အောင်ပွဲဟာ (၈၀) ရာခိုင်နှုန်း ပြီးမြောက်သွားပြီလို့ ပြောနိုင်ပါတယ်။ မြစ်ကြီးနား၊ ဟားခါး၊ မုံရွာ၊ မန္တလေး ၊ ရှမ်း တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ၊ မကွေး၊ တောင်ငူ၊ နေပြည်တော်၊ ရန်ကုန်၊ ပုသိမ်၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ် စတဲ့ မြို့တွေမှာ ဘယ်မြို့တွေနားမှာပဲ လှုပ်ရှားနိုင်ပြီး ဘယ်မြို့တွေနားမှာ မလှုပ်ရှားနိုင်ဘူးလဲ ဆိုတာ တွက်ကြည့်နိုင်ပါတယ်။ မုံရွာ၊ မန္တလေး၊ မကွေး၊ တောင်ငူတို့မှာတော့ အခြေအနေ ကောင်းတွေ ရရှိထားပါတယ်။ ရန်သူကို မြို့ကြီးထဲမှာပဲ စိုးမိုးစေပြီး ကျေးလတ် ဒေသ အားလုံးကို တော်လှန်ရေး အင်အားစုတွေဘက်က အပြည့်အဝ စိုးမိုးနိုင်ဖို့လိုပါတယ်။ တနိုင်ငံလုံး ကို ကွက်ပြည့် စိုးမိုးလှုပ်ရှားပြီး တနိုင်ငံလုံး အတိုင်းအတာ ထိုးစစ်နဲ့ ရန်သူကို အပြီးသတ် စစ်ဆင်တိုက်ခိုက်ပြီး စစ်အုပ်စုကို အနိုင်ယူသွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာလဲ နိုင်ငံရေးစုဖွဲ့မှုကြီးတွေ စနစ်တကျ ပေါ်ပေါက်လျက်ရှိပြီး မကြာခင်ပေါ်ပေါက်လာတော့မယ့် စစ်ရေးလှုပ်ရှားမှုကြီးတွေအတွက် လိုအပ်တဲ့ နိုင်ငံရေးအုတ်မြစ်တွေ ချပေးလျက်ရှိပါတယ်။ အပြီးသတ်ထိုးစစ် အောက်မှာ စစ်တပ် ချေမှုန်းခံရဖို့မဝေးတော့ပါဘူး။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။
#PDFInsight
5
Magway Division News pinned «စစ်တပ်ကို အဆုံးသတ် ဘယ်လို အောင်ပွဲခံမလဲ ……………………………………………………………. အကြမ်းဖက်စစ်တပ်ကို အဆုံးသတ် အောင်ပွဲခံမယ့် ပုံစံက ဘယ်လိုမျိုး ဖြစ်မလဲ။ စစ်တပ်ဟာ ဘယ် အခြေအနေ မှာ စစ်ရှုံးသွားမလဲ။ တော်လှန်ရေးအင်အားစုတွေ ဘက်က ဘယ်လိုမျိုး ပြင်ဆင်ရင် စစ်တပ်ကို အလဲထိုးရေး မြန်…»
ကျောက်ထု အမတ ၃၆၈ တပ်ထဲမှ စခတွေ လှည်း(၃)စီး၊ဆိုက်တွဲတစ်စီးအပါအ၀င် ကြီးရွာဘက်ဦးတည်စစ်ကြောင်း‌ထွက်နေ။

၂၀၂၆ ခုနှစ် ဩဂုတ်လ ၄ ရက်

အမတ ၃၆၈ တပ်ထဲမှ စခအင်အား (၁၀၀)ခန့်ဟာ ပန်းဆန်ကျေးရွာသို့ ယနေ့မနက်မှာရောက်ရှိလာကာ ပန်းဆန်ကျေးရွာတွင်းမှ နွားလှည်း (၃)စီး၊ ဆိုက်တွဲ တစ်စီး ယူဆောင်ကာ မြောက်ဘက် ကြီးကျေးရွာဘက်သို့ ဦးတည်ထွက်ခွာသွားတယ်လို့သိရပါတယ်။ စခတွေဟာ ကျောပိုးအိတ်၊ခြင်းကြားတွေလဲပါ၀င်တာမို့ မိအယ်ကျေးရွာ၊နှော်ကျေးရွာ၊လယ်ဆောကျေးရွာနှင့် ရွာသာကျေးရွာဘက် မိဘပြည်သူများအနေဖြင့် စစ်ရေးအသိ၊စစ်ရေးသတိရှိကြပါရန် အသိပေးအပ်ပါတယ်။ လတ်တစ်လော စစ်ရေးအခြေအနေတွေအရ မိဘပြည်သူများအနေဖြင့် စခစစ်ကြောင်းနှင့် ဝေးရာနေရာတွေမှာသာ ရွေးချယ်နေထိုင်ကြပါရန် အသိပေးအပ်ပါတယ်။

Aung Gyi
ယောအလင်း တန်း
6
ချင်းတွင်း ရေပြင်

ဆင်ဖြူရှင်မှ ဆန်တက်ခဲ့သော စစစ်သင်္ဘော ၁ စီးသည် ပေါင်းဝရွာအနီးသို့ ရောက်ရှိကာ အထက်သို့ ဆက်လက် ဆန်တက်နေကြောင်းသိရ။

#Yaypyin
Aug 4 , 10:55AM
သတင်းပို့ရန် @Yaypyin0bot
5