Magway Division News
3.58K subscribers
2.64K photos
81 videos
12 files
3.74K links
မကွေးတိုင်းအတွင်းရှိစစ်ကြောင်းသတင်း၊လေကြောင်းသတင်း၊များကိုအချိန်နှင့်တပြေးညီတတ်နိုင်သမျှတင်ပေးပါသည်
Download Telegram
Magway Division News
ပခုက္ကူခရိုင်၊မြိုင်မြို့နယ် မြိုင်မြို့နယ်သင်းမရွာမှထွက်ခွာလာသောစခစစ်ကြောင်းမှရှေ့ပြေးများသည်ဘောင့်ဘင်ရွာသို့ရောက်ရှိကာ၊ကားတန်းသည်လဲယာကြီးပြင်ရွာလမ်းခွဲသို့ရောက်ရှိထားကြောင်းသိရပါတယ်။ #MDN Aug-1/11:00AM သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn …
ပခုက္ကူခရိုင်၊မြိုင်မြို့နယ်

မြိုင်မြို့နယ်ဘောင့်ဘင်ရွာသို့ရောက်ရှိထားသောစခစစ်ကြောင်းသည်ဘောင့်ဘင်ရွာအားမီးရှို့နေကြောင်းသိရပါတယ်။

#MDN
Aug-1/3:20PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Page Link- https://www.facebook.com/share/1BtGkeMFAG/
လေကြောင်းချန်နယ်-https://t.me/mdna002
8😭2
ဆောမြို့နယ်မှာ တပ်မ(၉၉)စစ်ကြောင်းထံက လက်နက်ခဲယမ်းတွေ ထပ်မံသိမ်းရ

ဩဂုတ် - ၁၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊ဆောမြို့နယ်မှာ စစ်တပ်ရဲ့ တပ်မ(၉၉)စစ်ကြောင်းထံက လက်နက်ခဲယမ်းတွေ ထပ်မံသိမ်းရတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။

တပ်မ(၉၉)စစ်ကြောင်းတွေဟာ ဆောမြို့နယ်၊ လောင်းရှည်မြို့ကတဆင့် ဆောနဲ့ဆိပ်ဖြူလမ်းပိုင်းပေါ် တက်နိုင်ဖို့ ကြိုးစားနေပေမယ့် တော်လှန်ရေးတပ်တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် အထိနာနေဆဲလို့ ဆိုပါတယ်။

" လက်နက်ခဲယမ်းတွေ ထပ်ရထားတာ ရှိတယ်။ ပထမ ထုတ်ပြန်ချက်မှာပါတဲ့ လက်နက်တွေဆိုရင်လည်း တပြိုင်တည်းတခါတည်းရတာမဟုတ်ဘူး။ တရက်တခါရလိုက် နှစ်ခါသုံးခါ ရတဲ့ဟာကို စုပြီး တော့မှ ထုတ်ပြန်တာမျိုးလေ။အခုနောက်ပိုင်းရက်တွေမှာလည်း လက်နက်၊ခဲယမ်း တွေ ထပ်ရတာတွေလည်းရှိတယ် ကြားတယ်"လို့ လောင်းရှည်‌မြို့က တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူက ပြောပါတယ်။

ဇူလိုင် ၁၆ ရက်ကစပြီး လောင်ရှည်မြို့ကနေ ဆောမြို့ကို အင်အား ၃၀၀ခန့်နဲ့ တပ်မ (၉၉)က စစ်ကြောင်းထိုးခဲ့တာဖြစ်ပေမယ့် ပြည့်သူ့ကာကွယ်ရေးတပ်မတော်(PDF) ခရိုင်စစ်ဌာနနဲ့ တပ်ရင်း၊တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ဆုတ်ခွာခဲ့ရပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၅ ရက်ကလည်း အင်အား ၁၈၀ ခန့် ပါတဲ့ စစ်တပ်စစ်ကြောင်းက လေကြောင်းပစ်ကူယူပြီး မြေပြင်၊ဝေဟင် ထိုးစစ်နဲ့ ဒုတိယအကြိမ် ထိုးစစ်ဆင်ခဲ့ပေမယ့် မကွေးတိုင်းစစ်ဌာန တပ်ရင်းတပ်ဖွဲ့တွေ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့တာကြောင့် အထိနာပြီး ထပ်မံဆုတ်ခွာသွားခဲ့တယ်လို့ မကွေးတိုင်းစစ်ဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဇူလိုင် ၂၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီဆုတ်ခွာသွားတဲ့ စစ်ကြောင်းတွေကို လိုက်လံတိုက်ခိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးမှာ လက်နက်ခဲယမ်းတွေ၊ ရိက္ခာတင်ကား (၃) စီး၊ ရိက္ခာတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အသိပေးပါတယ်။

ဇူလိုင် ၂၈ ရက်ထိ စစ်ဆင်ရေးတွေမှာ စစ်တပ်ရဲ့ စစ်သုံ့ပန်း ၉ ဦး ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

"စစ်မှုထမ်းအင်အား အများအပြားရှိနေတဲ့ စစ်ကောင်စီကသူ့တပ်သားတွေ ထက် လက်နက်ကို ပိုတန်ဖိုးထားနေတာလေ။အခု သူတို့ ဘယ်လောက်သေလဲ ဆိုတာထက် လက်နက်တွေ ထပ်ရတာနဲ့ သိနိုင်တယ်"လို့ ဆောမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဇူလိုင် တတိယပတ်ကနေ ဇူလိုင် စတုတ္ထပတ်အထိ တပ်မ(၉၉)စစ်ကြောင်းထံက MA-1 သေနတ် လေး လက်၊ MA-3 သေနတ် သုံး လက်၊ ရှော့ဂန်းသေနတ် နှစ်လက်၊ RPG ပြောင်းနှစ်လက်၊ ၄၀ မမ ၅၁ လုံး၊ ၆၀ မမ ၁၄၄ လုံး၊ ၈၁ မမ အသီး ၁၉ လုံး၊ ၁၂၀ မမ အသီး၂၂ လုံး၊ ရှော့ဂန်း ကျည်၂၅ တောင့်၊ ၅.၅၆ ကျည် ၅၆၁၅ တောင့်၊ ၇.၆၂ သုံးမျိုးသုံးကျည် ၃၇၉ တောင့်၊ MG 42 ကျည် ၁၄၁၅ တောင့်၊ လက်ပစ်ဗုံး၅ လုံး၊ အီနာဂါ-၆ ခု၊ RPG အဖူး-၁၄ ဖူး၊ RPG ပို့ကျည်- ၁၅ တောင့်၊ MG 42 ပြောင်းပို- ၂ ခု၊ MG 42 ကျည်ခါးပတ်- ၄ ခု၊ နင်းမိုင်း- ၉ လုံး၊ တိုက်မိုင်း- ၁ လုံး၊ ရှေ့ထွက်မိုင်း- ၁၁ လုံး၊ ဒရုန်းဗုံးသီး- ၂၂ လုံး၊ ကျည်ကာဦးထုပ်- ၁၄ လုံး၊ equipment- ၂ စုံ၊ ကျည်ကာ ဦးထုပ်- ၁၄ လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဓား ၁၀ ချောင်း၊ GBP-128 မိုင်းရှင်းစက်ပုံး- ၃ ပုံး၊ ကား- ၃ စီး၊ Drone Jumper-၁ ခု၊ Drone Controller-၁ ခု၊ ဒရုန်းပစ္စည်းထည့် ပုံးကြီး- ၁ ပုံး၊ ဖုန်းအထိုင်ခွက်- ၂ ခု၊မီးစက်-၂ လုံး၊ မီးကြိုးခွေ- ၂ ခု၊ Battery Charger- ၅ ခု၊ Solor Conductor - ၁ ခု၊ RPG ချိန်ဆိုဒ်- ၂ ခု၊ဆေးပစ္စည်း- ၂အိတ်၊ ဆန်အိတ်- ၅၅ အိတ်၊ ကြက်သွန်ဖြူ- ၁၅ အိတ်၊ ရွှေဖီဦးအထုပ်ကြီး-၁၄ အိတ်နဲ့ Starlink-၁ လုံး ကို သိမ်းနိုင်ခဲ့တာတွေ့ရပါတယ်။

အာဏာသိမ်းစစ်တပ်ကို စစ်မျက်နှာအသီးသီးမှာ တိုက်ပွဲဝင်နေတာကြောင့် တက်စွမ်းသ၍ ကူညီကြဖို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က မေတ္တာရပ်ခံထားပါတယ်။
7
Forwarded from Magway Division News Air
Wai Hin (ဝေဟင်):
🟠 ဆော 🟠

ဆောနယ် တနေရာသို့ မကွေးလေတပ်တက် L410 E20 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီးဖြင့် (9:43) ခန့်အချိန်မှ (10:46) AM ခန့်အချိန်ထိပျံဝဲပြီး ခဲယမ်းရိက္ခာထုပ်များ ကြဲချထောက်ပို့သွားခဲ့ကြောင်း သိရပါသည်။

#WaiHin
Aug 01, 11:44 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot

🔴 ရေစကြို/မြိုင် 🔴

ရေစကြို/မြိုင်နယ် တနေရာသို့ တံတားဦးလေတပ် ဂျက်ဖိုက်တာ ၁စီး၊ မကွေးလေတပ်တက် ဂျက်ဖိုက်တာ ၁စီးတို့ဖြင့် (10:37), (10:41), (10:43), (10:44) AM ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin #AS2026
Aug 01, 11:44 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot

🔴 ဆော 🔴

ဆောနယ် တနေရာသို့ တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ ၂စီးဖြင့် (11:10), (11:13), (11:20), (11:25) AM ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin #AS2026
Aug 01, 11:44 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot

🔴 ငဖဲ 🔴

ငဖဲနယ် တနေရာသို့ နေပြည်တော်လေတပ်တက် L410 E20 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီးဖြင့် (3:03) PM ခန့်အချိန်မှ စတင်ပျံဝဲပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin #AS2026
Aug 01, 11:44 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot

🔴 ငဖဲ 🔴

ငဖဲနယ် တနေရာသို့ နေပြည်တော်လေတပ်တက် ဂျက်ဖိုက်တာ ၁စီးဖြင့် (3:30) PM ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin #AS2026
Aug 01, 11:44 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot

🟠 ဆော 🟠

ဆောနယ် တနေရာသို့ မကွေးလေတပ်တက် L410 E20 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီးဖြင့် (6:30) PM ခန့်အချိန်မှ စတင်ပျံဝဲပြီး ခဲယမ်းရိက္ခာထုပ်များ ကြဲချထောက်ပို့သွားခဲ့ကြောင်း သိရပါသည်။

#WaiHin
Aug 01, 11:44 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot

🔴 ထီးလင်း/ကျောက်ထု/မင်းတပ် 🔴

ထီးလင်း/ကျောက်ထု/မင်းတပ်နယ် တနေရာသို့ တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ ၁စီး၊ နေပြည်တော်လေတပ်တက် ဂျက်ဖိုက်တာ ၁စီးတို့ဖြင့် (8:42, 8:46) (8:56, 9:00) PM ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin #AS2026
Aug 01, 11:44 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot

🔴 ထီးလင်း/ကျောက်ထု 🔴

ထီးလင်း/ကျောက်ထုနယ် တနေရာသို့ တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ ၁စီးဖြင့် (9:03), (9:08) PM ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin #AS2026
Aug 01, 11:44 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
6
Magway Division News
ပခုက္ကူခရိုင်၊မြိုင်မြို့နယ် မြိုင်မြို့နယ်ဘောင့်ဘင်ရွာသို့ရောက်ရှိထားသောစခစစ်ကြောင်းသည်ဘောင့်ဘင်ရွာအားမီးရှို့နေကြောင်းသိရပါတယ်။ #MDN Aug-1/3:20PM သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027…
ပခုက္ကူခရိုင်၊မြိုင်မြို့နယ်

မြိုင်မြို့နယ်ဘောင့်ဘင်ရွာသို့ရောက်ရှိထားသောစခစစ်ကြောင်းသည်ဘောင့်ဘင်ရွာအားထပ်မံမီးရှို့နေပြီးအနောက်တောင်အရပ်သို့ထွက်ခွာလာကြောင်းသိရပါတယ်။

#MDN
Aug-2/10:20AM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Page Link- https://www.facebook.com/share/1BtGkeMFAG/
လေကြောင်းချန်နယ်-https://t.me/mdna002
6
PRF ရှိလျှက်နဲ့ ကိုယ်ပိုင်ထောက်ပို့တပ်ဆိုပြီးလုပ်ကတည်းက ဘဝင်မကျဖြစ်ခဲ့တယ်။ ဒီလူငယ်က မရိုးသားဘူး၊ တော်လှန်ရေးအကြောင်းပြလုပ်စားချင်တဲ့သူဖြစ်မယ်လို့မြင်ခဲ့တယ်။ အခုလို လူမှုရေးဆိုးဆိုးဝါးဝါးသတင်းတွေကြားရတော့ မအံဩမိဘူး။

-
သားကလေးတစ်ဦးလည်းရှိတယ် ၊ တရားဝင်ယူထားတဲ့ကောင်မလေးက ကျောင်းဆရာမလေး အေးအေးဆေးဆေးနေတတ်ပုံရတယ်။ ကိုယ့်ရဲ့မိသားစုအပေါ်တောင် သစ္စာမရှိပဲ တိုင်းပြည်အပေါ်မှာ ၊ တော်လှန်ရေးအပေါ်မှာ သစ္စာရှိမလားတွေးကြည့်လို့ရတယ်။

-
သူ့အမျိုးသမီးကိုယ်တိုင် အကြိမ်ကြိမ်သည်းခံပြီး ၊ ခွင့်လွတ်ပေးပြီး ၊ လုံးဝလက်မခံနိုင်တော့လို့ထုတ်ပြောရတဲ့ အခြေအနေဖြစ်လာကတည်းက သူ့ရဲ့စာရိတ္တက ၊ စိတ်ဓါတ်က ဘယ်လို့မှ တော်လှန်ရေးသမားစိတ်ဓါတ်မဟုတ်ဘူး၊ စစ်ခွေးစရိုက်၊ စစ်ခွေးစိတ်ဓါတ်လို့ ကောက်ချက်ချလို့ရတယ်။ ကိုယ်ပိုင်ထောက်ပို့တပ်ဆိုပြီးလုပ်ကတည်းက ဒီကောင်တော်တော်မျက်နှာပြောင်တိုက်၊ အရှက်မဲ့တဲ့ကောင်ပဲလို့တွေးမိတယ်။ တော်လှန်ရေးအကြောင်းပြလုပ်စားမယ့်စရိုက်သဘာဝကိုမြင်ပြီးသား။ မထူးဆန်းဘူး။

-
လုပ်ဖော်ကိုင်ဖက်မိန်းကလေးနဲ့ဖောက်ပြန်တယ်၊ တွေ့သမျှမိန်းကလေးနဲ့ဖောက်ပြန်တယ်ဆိုတာ အမြှီးကျက်အမြှီးစား၊ ခေါင်းကျက်ခေါင်းစားသဘာဝပဲ ။ ဒီလိုလူက တော်လှန်ရေးကို ဂွင်အဖြစ်မြင်တာမထူးဆန်းဘူး။ ကိုယ်ပိုင်ထောက်ပို့တပ်လုပ်ပြီး အမြှီးကျက်အမြှီးစား၊ ခေါင်းကျက် ခေါင်းစားလုပ်တယ်။ စားရင်းစစ်မရှိ ၊ စစ်ဆေးမည့်သူမရှိ တော်လှန်ရေးကြီးက အဲ့လိုလူတွေအတွက် အချိုအချောင်ဂွင်ဖြစ်နေတယ်၊ လုပ်စားပျော်ပွဲရွင်ပွဲလိုဖြစ်နေတယ်။

-

တော်လှန်ရေးနဲ့စီးပွါးဖြစ်နေကြတဲ့သူတွေ ၊ သူတို့က မင်းအောင်လှိုင်ထက်ရွံဖို့ကောင်းတယ်။ တော်လှန်ရေးကိုအတွင်းထဲဝင်ပြီး ဖျက်ဆီးတဲ့ ကင်ဆာဆဲလ်တွေ။ တော်လှန်ရေးတပ်ဦးအင်စတီကျုးရှင်းကို အပြစ်မရှိ အပြစ်ရှာ ပုံဖျက် ၊ NUG ကို ပြည်သူတွေအထင်လွဲအောင်လုပ် ၊ ဒါမှ သူတို့က လုပ်စားလို့ရကြတာ ။ NUG ကို မယုံနဲ့ ကျုပ်ဆီမှာ ထောက်ပို့ဆိုပြီးလုပ်ကြတာ ၊ ပြီးတော့ စိတ်တိုင်းကျ ၊ စာရင်းမရှိ အင်းမရှိ ၊ ပွဲတော်ကြီးပေါ့ ၊ မိန်းမတွေရှုတ်ချင်တိုင်းရှုတ် ၊ တော်လှန်ရေးကြီး အဓွန့်ရှည်ပါစေ ဖြစ်ကုန်တယ်။

-
ဘာအလုပ်မှမလုပ်၊ ငွေတွေက တလဟောဝင် ၊ တွေ့သမျှကို အမြှီးကျက်အမြှီးစား၊ ခေါင်းကျက်ခေါင်းစား ၊ ဘာစည်းမှမရှိတဲ့ကောင်တွေ ။ မြေပြင်ကလူငယ်တွေအသက်တွေကိုရင်းပြီး လုပ်ရက်ကြတယ်။ အဲ့ဒီငွေတွေက သူတို့အတွက် အဆိပ်တွေပဲ ၊ ဒါကြောင့်လဲ ဒီလူမှုရေးအပုတ်နံ့တွေ ဗူးပေါ်သလိုပေါ်လာတာ။

-

တကယ်တော့ ဘာကိုယ်ပိုင်ထောက်ပို့တပ်မှမလိုဘူး ၊ PRF ရှိတယ်။ PRF အားကောင်းရင် အားလုံးညီညီမျှမျှရကြတယ်။ အားလုံးအဆင်ပြေတယ်။ PRF အားကောင်းရင် CoC လည်းအားကောင်းလာမယ်၊ အင်စတီကျုးရှင်း ခိုင်မာလာမယ်၊ PRF ကိုပဲ ဦးတည်ရမှာ ၊ PRF ကိုပဲ promote လုပ်ရမှာ ။ PRF မဟုတ်ရင် တပ်ရင်းလိုအပ်ချက်တွေအတွက် ၊ တပ်ရင်းတွေကိုယ်တိုင်လုပ်နေတဲ့ ကန်ပိန်းတွေရှိတယ်။ အဲ့ဒီကိုထောက်ပို့လို့ရတယ်။

-

PRF ထဲကိုညွန်းရင် တပ်ရင်းကန်ပိန်းတွေကိုတိုက်ရိုက်သွားရင် သူတို့ခိုးလို့မရဘူး ။ ခိုးချင်တော့ ကိုယ်ပိုင်ထောက်ပို့တပ်ဆိုပြီးလုပ်တယ်။ တော်လှန်ရေးအရေခြုံထားတဲ့ လုပ်စားကောင်တွေ။ အဲ့လိုကောင်တွေကို ယုံစားနေသ၍ တော်လှန်ရေးကရှေ့ရောက်မှာမဟုတ်ဘူး။

-
5
Magway Division News pinned «PRF ရှိလျှက်နဲ့ ကိုယ်ပိုင်ထောက်ပို့တပ်ဆိုပြီးလုပ်ကတည်းက ဘဝင်မကျဖြစ်ခဲ့တယ်။ ဒီလူငယ်က မရိုးသားဘူး၊ တော်လှန်ရေးအကြောင်းပြလုပ်စားချင်တဲ့သူဖြစ်မယ်လို့မြင်ခဲ့တယ်။ အခုလို လူမှုရေးဆိုးဆိုးဝါးဝါးသတင်းတွေကြားရတော့ မအံဩမိဘူး။ - သားကလေးတစ်ဦးလည်းရှိတယ် ၊ တရားဝင်ယူထားတဲ့ကောင်မလေးက…»
တနိုင်ငံလုံးစာ ဘာဖြစ်နေလဲ လိုတိုရှင်း ရေးပါမယ် စစ်တပ် ရက်တရာစီမံချက်လည်း မအောင်မြင်ပါဘူး နယ်မြေစိုးမိုးရေး ထိုးတဲ့စစ်ကြောင်းတချို့ စခန်းတွေရွာတွေမှာ ယာယီထိုင်နိုင်ပေမယ့် သည်ဘက်ကနေ ပြန်တိုက်ခိုက်နေတာတွေကို အလူးအလဲခံရတာတွေ ခပ်စိပ်စိပ်ပါ

PDF မကွေးတိုင်းစစ်ဌာနရဲ့ သုံးလတာ စစ်ရေးအောင်မြင်မှုကနေ မကွေးတိုင်းအတွင်း နယ်မြေစိုးမိုးမှု ကျယ်ပြန့်လာပါတယ် မကွေးတိုင်းစစ်ဌာနဟာ ပဲခူးတိုင်းစစ်ဌာန ၊ ဧရာဝတီတိုင်းစစ်ဌာနတွေနဲ့ စစ်လက်တံချင်း ချိတ်ဆက် နယ်မြေထိစပ်သွားဖို့တော့
လိုအပ်ပါသေးတယ်

ဗန်းမော်မှာ တိုက်ပွဲအကြီးအကျယ် ပြန်ဖြစ်နေပြီး စစ်အုပ်စုဘက်က အင်အားထောင်ချီ တပ်ဖြည့်ပေမယ့် ဗန်းမော်ကို ရမသွားပါဘူး

ထို့ပြင် စစ်ကိုင်းအထက်ပိုင်းတွေမှာ တလရတပ်ဘက်က စစ်ရေးပြင်ဆင်စုဖွဲ့မှုတွေ တော်တော်လေး လုပ်နေပါတယ်

PDF အထူးလှုပ်ရှားတပ်မ ကလည်း မွမ်းမံလေ့ကျင့်ရေးနဲ့စုဖွဲ့ပြင်ဆင်မှု လုပ်ဆောင်ပြီးပြီမို့လို့ ပွဲကရန် အသင့်ဖြစ်နေပါပြီ

စစ်အုပ်စုဘက်က ပေါ်တာဆွဲဖမ်းဆီးမှု အရှိန်လျော့ကျမသွားပေမယ့်လည်း ပေါ်တာ တထောင်
ရရင် လူတရာ အိမ်ပြန်မရောက် ပြုန်းတီးနေတုန်းပါ

ရှမ်းမြောက်စစ်ဒေသ အပစ်ရပ်သွားပေမယ့်
နိုင်ငံရေးစစ်ရေးဟာ စုဖွဲ့ပြင်ဆင်မှုအသစ် ခြေလှမ်း ခပ်စိပ်စိပ်လှမ်းလာပါတယ်

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဦးဆောင်ကောင်စီ SCEF ဟာ နှစ်ပတ်အတွင်း SRA အစုအဖွဲ့တွေအပြင် ရက္ခိုင့်တပ်တော် AA နဲ့ တွေ့ဆုံခဲ့တာ အများအသိပါ

စစ်အုပ်စုအပေါ် သံတမန်ရေးဖိအားလည်း တိုးလာနေပါတယ် ဂျပန်က ဒေါ်စုကို လွှတ်မှ ရှေ့ဆက်စကားပြောမယ်ဆိုတာမျိုး အာဆီယံက အနိုင်ကျင့်လည်း သည်းခံနေရ ကိုယ့်ပုံစံနဲ့ ရှေ့ဆက်မှာပဲဆိုတဲ့ မင်းအောင်လှိုင် ပြောစကားတွေကြည့်ရင် သံတမန်ရေးမှာ မအောင်မြင်နေတာ ရိုးရိုးလေး သိနိုင်ပါတယ်

စစ်အုပ်စုရဲ့ထိုးစစ်တွေဟာ အစပိုင်း နယ်မြေချဲ့ တိုးဝင်နိုင်ပေမယ့် တလရတပ်တွေရဲ့ ခြွေစစ် ကစားမှုအောက်မှာ အလဲလဲအကွဲကွဲ ခံနေရတုန်းပါ ထို့ပြင် ထိုးစစ်အဟုန် အားပျော့သွားတာကို သတိပြုမိပါတယ် သည့်ထက်ပို မထိုးနိုင်တော့ဘဲ အရှိန်ကျမသွားအောင်သာ ပေါ်တာဆွဲ ထိန်းနေရတဲ့အခြေအနေပါ

ပြည်ထောင်စုလမ်းမကြီးတွေကို ကျွန်တော်တို့ အပြည့်အဝ မထိန်းချုပ်နိုင်သလို သူတို့လည်း မထိန်းနိုင် မျှ စိုးမိုးနေဆဲအခြေအနေပါ

၂၀၂၆ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း တလရတပ်တွေဘက်က ဒေသအလိုက် အမျိုးအစားမတူညီတဲ့ နည်းဗျူဟာတွေနဲ့ တုံ့ပြန်ထိုးစစ်တွေ ပြန်စနိုင်ပါမယ်

နယ်မြေစိုးမိုးထိန်းချုပ်မှု ချဲ့ရေးနဲ့ မြို့သိမ်းတိုက်ပွဲတချို့ မြိုင်ဆိုင်စွာ မြင်လာရနိုင်မယ့် ဒုတိယနှစ်ဝက် ဖြစ်ပါတယ်

အဲ့ဒါပါပဲ

#အမ္ဗုန်
4
Magway Division News pinned «တနိုင်ငံလုံးစာ ဘာဖြစ်နေလဲ လိုတိုရှင်း ရေးပါမယ် စစ်တပ် ရက်တရာစီမံချက်လည်း မအောင်မြင်ပါဘူး နယ်မြေစိုးမိုးရေး ထိုးတဲ့စစ်ကြောင်းတချို့ စခန်းတွေရွာတွေမှာ ယာယီထိုင်နိုင်ပေမယ့် သည်ဘက်ကနေ ပြန်တိုက်ခိုက်နေတာတွေကို အလူးအလဲခံရတာတွေ ခပ်စိပ်စိပ်ပါ PDF မကွေးတိုင်းစစ်ဌာနရဲ့…»
မင်းဘူးခရိုင်၊စလင်းမြို့နယ်

စလင်းမြို့နယ်ဘောလုံးကွင်းမှထွက်ခွာလာသောစခအအပါကားကြီး၄စီးသည်စလင်းမြို့ထွေအုပ်ရုံးသို့ဝင်ရောက်ထားကြောင်းသိရပါတယ်။

#MDN
Aug-2/10:00AM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Page Link- https://www.facebook.com/share/1BtGkeMFAG/
လေကြောင်းချန်နယ်-https://t.me/mdna002
6
Magway Division News
ပခုက္ကူခရိုင်၊မြိုင်မြို့နယ် မြိုင်မြို့နယ်ဘောင့်ဘင်ရွာသို့ရောက်ရှိထားသောစခစစ်ကြောင်းသည်ဘောင့်ဘင်ရွာအားထပ်မံမီးရှို့နေပြီးအနောက်တောင်အရပ်သို့ထွက်ခွာလာကြောင်းသိရပါတယ်။ #MDN Aug-2/10:20AM သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn သတင်းပေးပို့ရန်နှင…
ပခုက္ကူခရိုင်၊မြိုင်မြို့နယ်

မြိုင်မြို့နယ်ဘောင့်ဘင်ရွာအားမီးရှို့ပြီးအနောက်တောင်အရပ်သို့ထွက်ခွာလာသောစခစစ်ကြောင်းသည်ယာကြီးပြင်ရွာသို့ဝင်ရောက်ကာမီးရှို့နေကြောင်းသိရပါတယ်။

#MDN
Aug-2/11:40AM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Page Link- https://www.facebook.com/share/1BtGkeMFAG/
လေကြောင်းချန်နယ်-https://t.me/mdna002
6
မုံရွာ၊ ရေစကြို၊ မလှိုင်နှင့် တောင်သာတို့တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး အဆောက်အအုံများ ပျက်စီး

ရန်ကုန်၊ သြဂုတ် ၂

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့အတွင်းရှိ မြို့နယ်အချို့၌ အကြမ်းဖက် စစ်တပ်၏ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက်မှုနှင့် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများကြောင့် ကလေးငယ် ၅ ဦး အပါအဝင် အပြစ်မဲ့ ပြည်သူ ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်အချို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

သြဂုတ်လ ၁ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် စစ်တပ်က စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သစ်ညိုပင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းနှင့် အနီးဝန်းကျင်သို့ တိုက်လေယာဉ် ၁ စီးဖြင့် ပေါင် ၅၀၀ ဗုံးသီး ၂ လုံး ကျဲချကာ လေကြောင်းမှ အကြောင်းမဲ့ တိုက်ခိုက်ခဲ့သည်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ် ၅ ဦး အပါအဝင် အပြစ်မဲ့ ပြည်သူ ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ပြည်သူ့နေအိမ် ၁ လုံး၊ ဘုန်းတော်ကြီးကျောင်း အဆောက်အအုံ ၁ လုံးနှင့် ဘုန်းတော်ကြီးကျောင်း အုတ်တံတိုင်းတို့ ပျက်စီးဆုံးရှုံးခဲ့ရသည်။

စစ်ကောင်စီသည် စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများကဲ့သို့ ပြည်သူများ စုစည်းလေ့ရှိသည့် နေရာများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများကို ထင်ရှားစွာ ကျူးလွန်လျက်ရှိသဖြင့် ပြည်သူများအနေဖြင့် လက်နက်ကြီးနှင့် လေကြောင်းအန္တရာယ်အတွက် အထူးသတိပြု နေထိုင်ကြရန်လည်း တော်လှန်ရေးအင်အားစုများက တိုက်တွန်းနှိုးဆော်ထားသည်။

ထို့ပြင် သြဂုတ်လ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ် အချိန်တွင် မကွေးတိုင်း၊ ရေစကြိုမြို့နယ် အနောက်ဘက်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ထို့အတူ မန္တလေးတိုင်း၊ မိတ္ထီလာလေတပ်မှ တက်လာသော စက်တပ်လေထီးများသည် မိတ္ထီလာနှင့် မလှိုင်မြို့နယ် အစပ်ရှိ ဒေသအချို့ကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ယမန်နေ့ မွန်းလွဲပိုင်းတွင် စက်တပ်လေထီးများသည် မလှိုင်မြို့နယ် အရှေ့တောင်ခြမ်းနှင့် မိတ္ထီလာမြို့နယ် အစပ်ရှိ ကျေးရွာများကို လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့ပေါ်ရှိ အထက (အထက်တန်းကျောင်း) တွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားပြီးနောက် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သဖြင့် ပြည်သူ့နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့က တောင်သာမြို့အဝင် မန်ကျည်းရိုးကျေးရွာရှိ စစ်ဆေးရေးဂိတ်နှင့် ဗိဿနိုးအထိုင်ဂိတ်တို့ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ စခန်းများကို စွန့်ခွာထွက်ပြေးသွားခဲ့သည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အထကတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က အမှတ် (၃) ရေဝန်းကျောင်း မျက်နှာချင်းဆိုင် အနီးသို့ လက်နက်ကြီး ၃ လုံးခန့် ပစ်ခတ်ခဲ့ရာ အိမ်တစ်လုံး၏ မီးဖိုချောင်အတွင်း ကျရောက်ပေါက်ကွဲ ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
2👎1
မြိုင်မြို့နယ်၊ သင်းမကျေးရွာကို တပ်စွဲရန်ရောက်ရှိလာသော စစ်တပ်စစ် ကြောင်းက နေအိမ် ၃၅ လုံး ကို မီးရှို့ဖျက်ဆီးပြီး ပြန်လည် ဆုတ်ခွာသွား၊ မဆုတ်ခွာမီလေကြောင်းဖြင့် အကြိမ်ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့

ရန်ကုန်၊ ဩဂုတ် ၁

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သင်းမကျေးရွာကို တပ်စွဲရန် ရောက်ရှိလာသော စစ်တပ် စစ်ကြောင်းမှာ ပြည်သူ့နေအိမ် ၃၅ လုံးကို မီးရှို့ဖျက်ဆီးပြီး ပြန်လည် ဆုတ်ခွာသွားပြီဖြစ်ပြီး မဆုတ်ခွာမီ လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကျဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်းနှင့် ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယနေ့ ဩဂုတ်လ ၁ ရက် နံနက်ပိုင်းက မြိုင်မြို့နယ်၊ သင်းမကျေးရွာကို ရောက်ရှိနေသော အင်အား ၅၀၀ ကျော်ရှိ စစ်တပ်စစ်ကြောင်းသည် ဘောင့်ဘင်ကျေးရွာသို့ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ပြီး ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် သင်းမကျေးရွာအတွင်းသို့ ဝင်ရောက်ကာ နယ်မြေရှင်းလင်း ရေး လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ အလားတူ ဆုတ်ခွာထွက်ပြေးသွားသော စစ်တပ်စစ်ကြောင်းကို လည်း လိုက်လံချေမှုန်းနေဆဲဖြစ်ကြောင်း သိရသည်။

“ဘောင့်ဘင်ရွာဘက်ကို ပြန်ဆုတ်သွားပြီ။ ရွာထဲကို မိုင်းရှင်းလင်းရေး လုပ်ရအုံးမယ်။ ဒါ့ကြောင်မို့ မိဘပြည်သူတွေ ပြန်ဝင်နိုင်ဖို့ အချိန်ယူရအုံးမှာပါ” ဟု ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း - Myaing Vallages Revolution Front မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် မြိုင်မြို့နယ်၊ သင်းမကျေးရွာအတွင်း ရက်သတ္တ နှစ်ပတ်နီးပါး ကြာ ဝင်ရောက်တပ်စွဲကာ ပြည်သူ့နေအိမ် ၃၅ လုံးကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများကိုလည်း ဖောက်ထွင်းလိုယူဖျက်ဆီးသွားကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းမှာ သင်းမကျေးရွာအတွင်း တပ်စွဲရန်အတွက် ဝင်ရောက်ခဲ့သော်လည်း တော် လှန်ရေးတပ်ဖွဲ့ဝင်များ၏ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကို မခံတော့သဖြင့် ပြန်လည်ထွက်ခွာသွားခြင်း ဖြစ်သည်။

ထိုသို့ မဆုတ်ခွာမီ ဇူလိုင်လ ၃၁ ရက် နံနက်ပိုင်းတွင် မြိုင်မြို့နယ် အနောက်ပိုင်းရှိ သင်းမကျေးရွာမှ စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာမှ ထွက်ခွာမည့်ဟန်ပြုလုပ်ခဲ့ပြီးနောက် မွန်းလွဲပိုင်းတွင် မကွေးလေတပ်မှ ထွက်ခွာလာသည့် Y-20 စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ် တစ်စီးက လာရောက်ချထားခဲ့သော ခဲယမ်းနှင့် ရိက္ခာထုပ်များကို ပြန်လည်ကောက်ယူခဲ့ကြောင်း သိရသည်။

ယင်းသို့ ရိက္ခာများကောက်ယူနေစဉ် တံတားဦးလေတပ်မှ တက်လာသော ဂျက်တိုက်လေယာဉ်တစ်စီးက မြိုင်မြို့ အနောက်မြောက်ဘက်ရှိ ရွာသစ်ကြီးကျေးရွာအနီးကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် မကွေးလေတပ်မှ ထွက်ခွာလာသော ဂျက်တိုက်လေယာဉ်တစ်စီးကလည်း မကျည်းကန်ကျေးရွာနှင့် ဖန်းကန်ကျေးရွာတို့ကို ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းနေ့ ညနေပိုင်းတွင်လည်း ညောင်ဦးလေဆိပ်မှ ထွက်ခွာလာသော Gyrocopter သုံးစီးဖြင့် မန်ကျည်းကန်ကျေးရွာကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု ရှိ၊ မရှိကို အတည်မပြုနိုင်သေးသော်လည်း နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် ရိက္ခာထုတ်ယူခဲ့သည့် စစ်ကြောင်းမှာ သင်းမကျေးရွာအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

ယနေ့ ဩဂုတ်လ ၁ ရက် နံနက်ပိုင်းတွင် သင်းမကျေးရွာအတွင်းရှိ စစ်ကြောင်းများသည် ဘောင့်ဘင်ကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာလာခဲ့ပြီး ကျန်ရှိနေသော စစ်သားအချို့က ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ စစ်ကြောင်းသည် လက်ရှိတွင် ယာကြီးပြင်လမ်းခွဲဘက်သို့ ဆက်လက်ဦးတည်နေကြောင်း သိရသည်။

"ဒီနေ့ နံနက်ပိုင်းမှာ စစ်ခွေးတွေက သင်းမရွာကို ထပ်မံမီးရှို့သွားတယ်။ မနေ့ကတော့ ရွာပတ်ဝန်းကျင်ကို ဗုံးအလုံးရေ အများအပြားနဲ့ ပတ်ကျဲခဲ့တယ်။ နေအိမ်ပျက်စီးမှုတွေ ရှိပေမယ့် ပြည်သူထိခိုက်သေဆုံးမှု ရှိ၊ မရှိတော့ အတည်မပြုနိုင်သေးပါဘူး" ဟု ဒေသခံပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အလားတူ ဇူလိုင်လ ၂၂ ရက် မွန်းလွဲပိုင်းတွင်လည်း သင်းမကျေးရွာ၌ ရောက်ရှိနေသည့် စစ်ကောင်စီတပ်၏ ရှေ့ပြေးစစ်ကြောင်းသည် ကျေးရွာအနောက်ဘက်သို့ ဆက်လက်ထွက်ခွာလာခဲ့ပြီး သင်းမလမ်းခွဲအနီးသို့ ရောက်ရှိလာချိန်တွင် သင်းမလမ်းခွဲ ကတ္တရာလမ်းနှင့် အနီးပတ်ဝန်းကျင်ကို Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် တစ်စီးက မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ၇ ကြိမ်၊ ညနေ ၅ နာရီဝန်းကျင်တွင် ၈ ကြိမ်၊ စုစုပေါင်း ၁၅ ကြိမ်ခန့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါစစ်ကြောင်းသည် ဇွန်လ ၂၃ ရက်မှစတင်၍ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့အတွင်း စစ်ကြောင်းထိုးစဉ် သာစည်၊ နှမ်းဆီကန်၊ မိတ္ထီလာ၊ ဝက်ပုတ်၊ ကုန်းရွာ၊ ထောက်ရှာပင်၊ ကန်နက်၊ မြင်းကိုးသစ်၊ ကိုင်းတောမ၊ ဝါးရင်းချိုင်၊ ကွန်လပ်၊ ဘောတုံနှင့် သံချောင်းကျေးရွာများတွင် အရပ်သားအများအပြားကို သတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် ဇူလိုင်လ ၂၂ ရက်နေ့တွင်လည်း သင်းမကျေးရွာရှိ
7
Magway Division News
မြိုင်မြို့နယ်၊ သင်းမကျေးရွာကို တပ်စွဲရန်ရောက်ရှိလာသော စစ်တပ်စစ် ကြောင်းက နေအိမ် ၃၅ လုံး ကို မီးရှို့ဖျက်ဆီးပြီး ပြန်လည် ဆုတ်ခွာသွား၊ မဆုတ်ခွာမီလေကြောင်းဖြင့် အကြိမ်ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ ရန်ကုန်၊ ဩဂုတ် ၁ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သင်းမကျေးရွာကို တပ်စွဲရန်…
ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဝက်ဖိုးကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အရပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် မည်သည့်ဘက်သို့ ဆက်လက်ဦးတည် စစ်ကြောင်းထိုးမည်ကို မသိရှိရသေးသဖြင့် မြိုင်မြို့နယ် အနောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းရှိ ပြည်သူများအနေဖြင့် စစ်ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းနိုင်ရေး အထူးသတိဖြင့် နေထိုင်ကြရန် ဒေသတွင်း တော်လှန်ရေးအင်အားစုများက သတိပေးနှိုးဆော်ထားကြောင်း သိရသည်။
9