Magway Division News
3.57K subscribers
2.65K photos
81 videos
12 files
3.75K links
မကွေးတိုင်းအတွင်းရှိစစ်ကြောင်းသတင်း၊လေကြောင်းသတင်း၊များကိုအချိန်နှင့်တပြေးညီတတ်နိုင်သမျှတင်ပေးပါသည်
Download Telegram
Magway Division News
ဧရာဝတီ ရေပြင် အောက်ဘက်မှဆန်တက်လာသောစခသဘော်၄စီး ရေစကြိုနယ် ချစ်သူရွာဖြတ်ချင်းတွင်းမြစ်အတိုင်းအထက်ဆန်တက်နေကြောင်း သိရ။ #Yaypyin Jul 28 , 1:05PM သတင်းပို့ရန် @Yaypyin0bot
YayPyin (ရေပြင်):
ဧရာဝတီ ရေပြင်🔴

အောက်ဖက်ကခွေးမော်တော်၄စီး ရေစကြိုနယ်ချင်းယားရွာ မှအထက်သို လက်နက်ကြီးငယ်ပြစ်ဖောက် အထက်ဆန်တက်နေကြောင်း သိရ။

#Yaypyin
Jul 28 , 1:45PM
သတင်းပို့ရန် @Yaypyin0bot

ဧရာဝတီ ရေပြင်

အောက်ဘက်မှချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသောစစ်ခွေးသဘော်၄စီးမှရေစကြိုမြို့နယ် သမန္တပို့ရွာအတိုင်းအထက်ဆန်တက်နေကြောင်း သိရ။

#Yaypyin
Jul 28 , 1:59PM
သတင်းပို့ရန် @Yaypyin0bot
6
ဆောမြို့နယ်တွင် ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားများ သေဆုံးမှုများပြားပြီး စစ်သုံ့ပန်း ၉ ဦး ဖမ်းဆီး၊ လက်နက်ခဲယမ်းနှင့် ရိက္ခာတင်ကား ၃ စီး အပါအဝင် စစ်အသုံးအဆောင်အများအပြားလည်း သိမ်းဆည်းရမိ

ရန်ကုန်၊ ဇူလိုင် ၂၈

မကွေးတိုင်း၊ ဆောမြို့နယ်တွင် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က တိုက်ခိုက်ခဲ့ရာ စစ်သားများ သေဆုံးမှုများပြားခဲ့ပြီး စစ်သုံ့ပန်း ၉ ဦးကို ဖမ်းဆီးရမိခဲ့သည့်အပြင် လက်နက်ခဲယမ်းများ၊ ရိက္ခာတင်ကား ၃ စီးနှင့် စစ်အသုံးအဆောင်ပစ္စည်း အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မကွေးတိုင်းစစ်ဌာနက ယနေ့ ထုတ်ပြန်သည်။

ဇူလိုင် ၁၆ ရက်နေ့တွင် ဆောမြို့နယ်၊ လောင်းရှည်တိုက်နယ် (ခွဲ) မှ တပ်မ ၉၉ ဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်ပါ စစ်ကြောင်းက ဆောမြို့ဘက်သို့ ထိုးစစ်ဆင်လာရာ PDF မကွေးတိုင်းစစ်ဌာန လက်အောက်ရှိ ခရိုင်စစ်ဌာနများနှင့် တပ်ရင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ လောင်းရှည်မြို့ဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

ယင်းနောက် ဆုတ်ခွာသွားသည့် စစ်တပ် စစ်ကြောင်းကို PDF တပ်ဖွဲ့များက ဆက်လက်လိုက်လံတိုက်ခိုက်ခဲ့ပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် လက်နက်ခဲယမ်းများ၊ ရိက္ခာတင်ကား ၃ စီး၊ ရိက္ခာများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇူလိုင် ၂၅ ရက်နေ့တွင် စစ်ကောင်စီက အင်အား ၁၈၀ ခန့်ဖြင့် လေကြောင်းပစ်ကူရယူကာ မြေပြင်၊ ဝေဟင် ပူးပေါင်းထိုးစစ်ကို ဒုတိယအကြိမ် ထပ်မံဆင်နွှဲခဲ့သော်လည်း PDF မကွေးတိုင်းစစ်ဌာန လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့များက အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်များ အထိနာကာ ထပ်မံဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲများအပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိခဲ့ပြီး လက်ရှိအချိန်အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း၊ ယင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားကြောင်း မကွေးတိုင်းစစ်ဌာနက ဆိုသည်။

ယင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ထံမှ MA-1 သေနတ် ၄ လက်၊ MA-3 သေနတ် ၃ လက်၊ ရှော့ဂန်း ၂ လက်၊ RPG ပြောင်း ၂ ခု၊ ၄၀ မမ ဗုံးသီး ၅၁ လုံး၊ ၆၀ မမ ဗုံးသီး ၁၄၄ လုံး၊ ၈၁ မမ ဗုံးသီး ၁၉ လုံး၊ ၁၂၀ မမ ဗုံးသီး ၂၂ လုံး၊ ၅.၅၆ ကျည် ၅,၆၁၅ တောင့်၊ MG-42 ကျည် ၁,၄၁၅ တောင့်၊ RPG အဖူး ၁၄ ဖူး၊ RPG ပို့ကျည် ၁၅ တောင့်၊ လက်ပစ်ဗုံး ၅ လုံး၊ နင်းမိုင်း ၉ လုံး၊ ရှေ့ထွက်မိုင်း ၁၁ လုံး၊ ဒရုန်းဗုံးသီး ၂၂ လုံး၊ ကျည်ကာဦးထုပ် ၁၄ လုံး၊ ကား ၃ စီး၊ Drone Jammer ၁ ခု၊ Drone Controller ၁ ခု၊ Starlink စက် ၁ လုံး၊ မီးစက် ၂ လုံး၊ ဆေးပစ္စည်း ၂ အိတ်၊ ဆန်အိတ် ၅၅ အိတ်၊ ကြက်သွန်ဖြူ ၁၅ အိတ်နှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများ၊ ရိက္ခာများကို သိမ်းဆည်းရမိခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မကွေးတိုင်းစစ်ဌာနက အကြမ်းဖက်စစ်ကောင်စီတပ်၏ ထိုးစစ်များကို ဆက်လက်ခုခံတိုက်ခိုက်လျက်ရှိပြီး ဆောမြို့နယ်ဒေသတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း သိရှိရသည်။
9
ပခုက္ကူမှာ ရခိုင်နဲ့မကွေးအစပ်က စစ်ရှုံးပြန်လာတဲ့ စစ်အုပ်စုတွေကို ကြိုဆိုဖို့ ကျောင်းသားတွေကို အဓမ္မခေါ် ပြီး ညမိုးချုပ်မှ အိမ်ပြန်ခိုင်း

‌အီသာရမ်/MFP၊ဇူလိုင်-၂၈

ရခိုင်နဲ့မကွေးအစပ် နတ်ရေကန်စစ်မျက်နှာကနေ စစ်ရှုံးပြီး ပြန်လာတဲ့ ဒဏ်ရာရ စစ်အုပ်စုတွေကို ကြိုဆိုဖို့ဆိုပြီး မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်က စစ်အုပ်စုလက်အောက်ခံ စာသင်ကျောင်းတွေနဲ့ ကိုယ်ပိုင်ကျောင်းတွေက ကျောင်းသားတွေကို အတင်းအဓမ္မ‌ ကြိုဆိုခိုင်းကာ ညမိုးချုပ်မှ အိမ်ပြန်စေခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က MFP ကိုပြောပါတယ်။

အဲဒီလိုကြိုဆိုဖို့အတွက် ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းက ပခုက္ကူမြို့က ဌာနဆိုင်ရာ ဝန်ထမ်းတွေအပြင် စစ်အုပ်စုလက်အောက်ခံ မြို့ပေါ်စာသင်ကျောင်းတွေနဲ့ ကိုယ်ပိုင်ကျောင်းတွေက ကျောင်းသားတွေကို အတင်းအဓမ္မ ခေါ်ယူခဲ့တာလို့ ပခုက္ကူမြို့ခံတစ်ဦးက ပြောပါတယ်။

“ရခိုင်က အပြန်လို့ပြောတယ်၊ဆရာမတွေရော ကြိုတဲ့ အထဲပါတယ် ကိုယ်ပိုင်ကျောင်းတွေရော အစိုးရကျောင်းတွေရောပါတယ်။ ညမှပြန်ရတာတဲ့”လို့သူကဆိုပါတယ်။

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းကြောပေါ်မှာရှိတဲ့ မကွေးတိုင်းဝင်ပေါက်ရဲ့ အကြီးဆုံးစခန်းဖြစ်တဲ့ ငဖဲမြို့နယ်ထဲက နတ်ရေကန်ဗျူဟာစခန်းနဲ့ ကာကင်းစခန်းတွေကို အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်နေရာ စစ်အုပ်စုဘက်က စစ်ကူယာဉ်တန်း အလုံးအရင်းနဲ့ ထပ်မံဖြည့်တင်းပြီး ခုခံနေခဲ့တာပါ။

အခုပြန်လာတဲ့ စစ်အုပ်စုဝင်တွေက အဆိုပါ နတ်ရေကန်စစ်မျက်နှာဆီကို ကားအစီးရေ ၇၀ ခန့်နဲ့ အင်အားဖြည့်တင်းရာမှာ ပါဝင်ခဲ့သူတွေဖြစ်ပြီး တိုက်ပွဲတွေအတွင်း ဒဏ်ရာရလို့ ဒုက္ခိတ ဖြစ်သွားတဲ့ သူတွေအပါအဝင် စစ်ရှုံးစစ်အုပ်စုတွေကို ပြန်လည်ခေါ်ဆောင်လာခဲ့တာဖြစ်တယ်လို့လည်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

နတ်ရေကန်စစ်မျက်နှာကနေ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ရက်နေ့က ပြန်လည်ထွက်ခွါလာတဲ့ အဲဒီဒဏ်ရာရ ဒုက္ခိတ စစ်အုပ်စုစစ်ကြောင်းက မနေ့ညနေပိုင်းမှာ ပခုက္ကူမြို့ကို ဝင်ရောက်ခဲ့တာဖြစ်ပြီး မြို့အဝင်မှာ ကြိုဆိုပွဲတွေ လုပ်ခဲ့တာပါ။
စစ်အုပ်စုပြန်လာဖို့အတွက် ပခုက္ကူမြို့ တံတားထိပ် အဝင်လမ်းတွေနဲ့ ဆည်ရွာထိပ်က လမ်းတွေကိုလည်း ပိတ်ထားခဲ့ပြီး မြို့ခံတွေကိုလည်း ဖြတ်သန်းသွားလာခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။ ကြိုဆိုရေးမှာပါဝင်တဲ့ ကျောင်းသားတွေဟာ ညမိုးချုပ်မှ ပြန်လာရတာကြောင့် စိတ်ပူခဲ့ကြရတယ်လို့လည်း ကျောင်းသားမိဘတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စလင်းမြို့မှာလည်း ရခိုင်ပြည်က စစ်ရှုံးပြန်လာတဲ့ စစ်အုပ်စုတွေကို ဌာနဆိုင်ရာဝန်ထမ်းတွေက ကြိုဆိုပွဲပြုလုပ်ခဲ့တယ်လို့ စစ်အုပ်စုတွေက ဝါဒဖြန့်ထားပါတယ်။

ဇူလိုင် ၂၇ ရက်ညနေပိုင်းက ရခိုင်ကပြန်လာတဲ့ စစ်ရှုံးစစ်အုပ်စု ပခုက္ကူမြို့မှာ ဌာနဆိုင်ရာတွေနဲ့ ကျောင်းသားတွေကို အဓမ္မ ကြိုဆိုခိုင်းနေစဉ်/ဓာတ်ပုံ-စစ်အုပ်စု

MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP
#အည#မကွေး#ပခုက္ကူ #ရခိုင် See less
6🥱1
ချင်းတွင်း ရေပြင်

ယနေ့မနက်ပိုင်းအောက်ဘက်မှ
မြစ်အထက်ပိုင်းသို့ဆန်တက်သွားသောစစ်သင်္ဘော ၂စီးနှင့်တွန်းသင်္ဘော ၂စီးသည် ရေစကြိုမြို့နယ် ချစ်သူရွာဖြတ်၍ အောက်ဘက်သို့စုန်နေကြောင်းသိရ။

#Yaypyin
Jul 28 , 5:17PM
သတင်းပို့ရန် @Yaypyin0bot
6
ဧရာဝတီ ရေပြင်


မြစ်အထက်ပိုင်းမှစုန်လာသောစုန်လာသော တွန်းသင်္ဘော ၂စီးအနက်ရှေ့အစီးသည်တောင်သာနယ် မာလာရွာဖြတ်၍ ကျန် ၁စီးသည်ပခုက္ကူနယိ လေးလံကျွန်းရွာဖြတ်၍ အောက်ဘက်သို့စုန်နေကြောင်းသိရ။

#Yaypyin
Jul 28 , 6:22PM
သတင်းပို့ရန် @Yaypyin0bot
5👍1
ပခုက္ကူခရိုင်၊ပခုက္ကူ-ရေစကြိုမြို့နယ်

ပခုက္ကူမြို့တပ်မ၁၀၁သို့မနေ့ကငဖဲနယ်ဘက်မှရှေ့တန်းပြန်ဝင်လာသောစခများထဲမှအအတချို့သည်ရေကြောင်းလမ်းခရီးအတိုင်းညနေပိုင်းတွင်ရေစကြိုမြို့သို့ဝင်ရောက်ကာရေစကြိုမြို့မှတဆင့်အနောက်သို့ထွက်ခွာလာပြီးဖူလုံရွာခလရ(၂၅၆၊၂၅၇၊၂၅၈)သို့ဝင်ရောက်ထားကြောင်းသိရပါတယ်။

#MDN
Jul-28/8:00PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Page Link- https://www.facebook.com/share/1BtGkeMFAG/
လေကြောင်းချန်နယ်-https://t.me/mdna002
7
မင်းဘူးခရိုင်၊စေတုတ္တရာ-စလင်းမြို့နယ်

စေတုတ္တရာမြို့နယ်ဘက်မှထွက်ခွာလာသောစခကား၃၃စီးပါယာဉ်တန်းသည်စလင်းမြို့နယ်ကံပြားရွာရဲစခန်းဖြတ်၍စလင်းမြို့ဘက်သို့မောင်းနှင်လာကြောင်းသိရပါတယ်။

#MDN
Jul-28/8:15PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Page Link- https://www.facebook.com/share/1BtGkeMFAG/
လေကြောင်းချန်နယ်-https://t.me/mdna002
3🫡2
Magway Division News
မင်းဘူးခရိုင်၊စေတုတ္တရာ-စလင်းမြို့နယ် စေတုတ္တရာမြို့နယ်ဘက်မှထွက်ခွာလာသောစခကား၃၃စီးပါယာဉ်တန်းသည်စလင်းမြို့နယ်ကံပြားရွာရဲစခန်းဖြတ်၍စလင်းမြို့ဘက်သို့မောင်းနှင်လာကြောင်းသိရပါတယ်။ #MDN Jul-28/8:15PM သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn သတင်းပေးပိ…
မင်းဘူးခရိုင်၊စေတုတ္တရာ-စလင်းမြို့နယ်

စေတုတ္တရာမြို့နယ်ဘက်မှထွက်ခွာလာသောစခကား၃၃စီးပါယာဉ်တန်းသည်စလင်းမြို့မှတဆင့်တောင်အရပ်သို့ဆက်လက်မောင်းနှင်လာကြောင်းသိရပါတယ်။

#MDN
Jul-28/8:45PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Page Link- https://www.facebook.com/share/1BtGkeMFAG/
လေကြောင်းချန်နယ်-https://t.me/mdna002
🫡4
Magway Division News
မင်းဘူးခရိုင်၊စေတုတ္တရာ-စလင်းမြို့နယ် စေတုတ္တရာမြို့နယ်ဘက်မှထွက်ခွာလာသောစခကား၃၃စီးပါယာဉ်တန်းသည်စလင်းမြို့မှတဆင့်တောင်အရပ်သို့ဆက်လက်မောင်းနှင်လာကြောင်းသိရပါတယ်။ #MDN Jul-28/8:45PM သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn သတင်းပေးပို့ရန်နှင့်သိချင…
မင်းဘူးခရိုင်၊စေတုတ္တရာ-စလင်း-ပွင့်ဖြူမြို့နယ်

စေတုတ္တရာမြို့နယ်ဘက်မှထွက်ခွာလာသောစခကား၃၃စီးပါယာဉ်တန်းသည်ပွင့်ဖြူမြို့နယ်ရှောက်တောရွာဖြတ်၍တောင်အရပ်သို့ဆက်လက်မောင်းနှင်လာကြောင်းသိရပါတယ်။

#MDN
Jul-28/9:05PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Page Link- https://www.facebook.com/share/1BtGkeMFAG/
လေကြောင်းချန်နယ်-https://t.me/mdna002
3🫡2
Magway Division News
မင်းဘူးခရိုင်၊စေတုတ္တရာ-စလင်း-ပွင့်ဖြူမြို့နယ် စေတုတ္တရာမြို့နယ်ဘက်မှထွက်ခွာလာသောစခကား၃၃စီးပါယာဉ်တန်းသည်ပွင့်ဖြူမြို့နယ်ရှောက်တောရွာဖြတ်၍တောင်အရပ်သို့ဆက်လက်မောင်းနှင်လာကြောင်းသိရပါတယ်။ #MDN Jul-28/9:05PM သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn …
မင်းဘူးခရိုင်၊စေတုတ္တရာ-စလင်း-ပွင့်ဖြူ-မင်းဘူးမြို့နယ်

စေတုတ္တရာမြို့နယ်ဘက်မှထွက်ခွာလာသောစခကား၃၃စီးပါယာဉ်တန်းသည်ပွင့်ဖြူမြို့နယ်လယ်ကိုင်းမြို့ဖြတ်၍မင်းဘူးမြို့နယ်စကုမြို့မှတဆင့်တောင်အရပ်သို့ဆက်လက်မောင်းနှင်လာကြောင်းသိရပါတယ်။

#MDN
Jul-28/9:35-9:42PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Page Link- https://www.facebook.com/share/1BtGkeMFAG/
လေကြောင်းချန်နယ်-https://t.me/mdna002
6
Forwarded from Magway Division News Air
Wai Hin (ဝေဟင်):
🟠 မြိုင် 🟠

မြိုင်နယ် တနေရာသို့ မကွေးလေတပ်တက် L410 E20 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီးဖြင့် (4:01) PM ခန့်အချိန်မှ စတင်ပျံဝဲပြီး ခဲယမ်းရိက္ခာထုပ်များ ကြဲချထောက်ပို့သွားခဲ့ကြောင်း သိရပါသည်။

#WaiHin
Jul 28, 11:55 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot

🔴 မြိုင် 🔴

မြိုင်နယ် တနေရာသို့ မကွေးလေတပ်တက် ဂျက်ဖိုက်တာ ၁စီးဖြင့် (9:55) PM ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin #AS2026
Jul 28, 11:55 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot

🔴 မြိုင် 🔴

မြိုင်နယ် တနေရာသို့ တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ ၂စီးဖြင့် (10:01), (10:03) PM ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin #AS2026
Jul 28, 11:55 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot

🔴 မြိုင် 🔴

မြိုင်နယ် တနေရာသို့ နေပြည်တော်လေတပ်တက် ဂျက်ဖိုက်တာ ၃စီးဖြင့် (10:04), (10:06), (10:08), (10:15) PM ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin #AS2026
Jul 28, 11:55 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot

🔴 မြိုင် 🔴

မြိုင်နယ် တနေရာသို့ တံတားဦးလေတပ်တက် Y-12 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီးဖြင့် (10:20) ခန့်အချိန်မှ (10:37) PM ခန့်အချိန်အထိပျံဝဲပြီး လေကြောင်းတိုက်ခိုက်မှုများ ၅ကြိမ်ခန့် ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin #AS2026
Jul 28, 11:55 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot

🔴 မြိုင် 🔴

မြိုင်နယ် တနေရာသို့ မိတ္ထီလာလေတပ်တက် L410 E20 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁စီးဖြင့် (10:43) PM ခန့်အချိန်မှ စတင်ပျံဝဲပြီး (11:00) PM ခန့်အချိန်ထိ လေကြောင်းတိုက်ခိုက်မှုများ ဗုံးအလုံးရေ (၄၈)လုံးခန့်ဖြင့် (၆)ကြိမ် ပြုလုပ်သွားခဲ့ကြောင်း သိရပါသည်။

#WaiHin #AS2026
Jul 28, 11:55 PM
📬သတင်းပို့ရန် @WaiHinAirScout_Bot
7
Forwarded from Magway Division News Air
⚠️မကွေး

မကွေးလေတပ်မှ L-410 UVP-E20 Military Transport Aircraft (1)စီး အနောက်အရပ်သို့ ပျံတက်။

09:47, Jul 29
#EAR #SCIN
3
Forwarded from Magway Division News Air
ကျောက်ထု - မကွေးတိုင်း

10:23am(29 Jul)

မိတ္ထီလာ လေတပ်တက် စစ်ထောက်ပို့ Y-8 (1) စီး ကျောက်ထုနယ်ပေါ် ပျံဝဲနေ။(အထုပ်ချ)

#WES သတင်းပို့ရန် @SCOUT_WES
2
Forwarded from Magway Division News Air
မကွေး

မကွေးလေတပ်သို့ ငဖဲနယ်အနောက်‌တောင်ခြမ်းတွင် (10:06 AM )အချိန်မှ (10:57 AM ) အချိန်အတွင်း ခဲယမ်း၊ရိက္ခာထုပ်များ ကြဲချပေးခဲ့သော L-410 UVP-E20 Military Transport Aircraft (1)စီး အနောက်မြောက်အရပ်မှ ဆင်းသက်။

11:05, Jul 29
#EAR #SCIN
5