Magway Division News
3.58K subscribers
2.65K photos
81 videos
12 files
3.75K links
မကွေးတိုင်းအတွင်းရှိစစ်ကြောင်းသတင်း၊လေကြောင်းသတင်း၊များကိုအချိန်နှင့်တပြေးညီတတ်နိုင်သမျှတင်ပေးပါသည်
Download Telegram
ခု ကျွန်တော်တို့ နွေဦး တော်လှန်ရေးမှာ စစ်ရေးစစ်ရာ နားမလည်ပဲ၊ စစ်ရေး အတွေ့အကြုံ
မရှိတဲ့ NUG က ကာကွယ်ရေးဝန်ကြီး ဦး ရည်မွန် ရဲ့ စကားကို နားထောင်စရာလား ?
သူ့ အမိန့်ကို လိုက်နာစရာလား ?
ဆိုတဲ့ အပုပ်ချ‌တဲ့ စကားတွေ ကြားကြားနေရတယ်။
ဒါဟာ စကစ ရဲ့ အာဘော်အတိုင်း သူရဲ့
သူလျှိုတွေက လူထုနားထဲကို ဆိုက်ဝါးတွေ
ရိုက်ထည့်ပေးနေတာပါ။
🚨 ပြည်သူတွေ အထူး (အထူး) သတိထားပါ။

ဒါလေးနဲ့ ပတ်သတ်ပြီး တစ်ခုသိထားပေးပါ။

စစ်ရေးနယ်ပယ်မှာ "ကာကွယ်ရေးဝန်ကြီး"
ဆိုတာ စစ်မြေပြင်မှာ တပ်ဖွဲ့တွေကို တိုက်ရိုက်ကွပ်ကဲတဲ့ "စစ်သေနာပတိ/စစ်ကြောင်းမှူး"
မဟုတ်ဘဲ "ဒီမိုကရေစီနည်းကျ ပြည်သူ့အစိုးရရဲ့ အရပ်သားကွပ်ကဲမှု" ကို ကိုယ်စားပြုတဲ့ အရပ်ဘက် နိုင်ငံရေးခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။

ကမ္ဘာ့သမိုင်းနဲ့ ဒီမိုကရေစီကျင့်သုံးတဲ့ ထိပ်တန်းနိုင်ငံတွေကို ကြည့်ရင် စစ်တက္ကသိုလ်မဆင်းဖူးဘဲ၊
စစ်ရေးအတွေ့အကြုံ မရှိဘဲ ကာကွယ်ရေးဝန်ကြီးနဲ့ စစ်သေနာပတိချုပ် (သမ္မတ) အဖြစ် တာဝန်ယူပြီး စစ်ပွဲတွေကို အောင်မြင်စွာ ဦးဆောင်ခဲ့ကြတဲ့ သာဓကတွေ အများကြီးရှိပါတယ်။

သာဓက များ_

(၁) အေဗရာဟမ် လင်ကွန်း - အမေရိကန် သမ္မတ

အမေရိကန် ပြည်တွင်းစစ်ပွဲ ဖြစ်ပွားချိန်မှာ သမ္မတ လင်ကွန်းဟာ စစ်တက္ကသိုလ် ဆင်းမဟုတ်သလို၊
စစ်ရေးအတွေ့အကြုံလည်း လုံးဝမရှိပါဘူး (ရှေ့နေ
တစ်ဦး သာဖြစ်ခဲ့ပါတယ်)။
သူဟာ စစ်ရေးစစ်ရာ မတော်ပေမဲ့ နိုင်ငံရေး
အသိ ကျယ်ပြန့်မှု၊ တပ်မတော်စစ်သူကြီးတွေကို စနစ်တကျ ခန့်အပ်ကွပ်ကဲနိုင်မှုတို့ကြောင့်
အမေရိကန် ပြည်တွင်းစစ်ကို အောင်နိုင်ခဲ့ပြီး
နိုင်ငံကို စည်းလုံးစေခဲ့ပါတယ်။
~

(၂) ဝင်းစတွန် ချာချီ - ဗြိတိန် ဝန်ကြီးချုပ်

ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိန်နိုင်ငံကို ဦးဆောင်ခဲ့တဲ့ ဝန်ကြီးချုပ် ချာချီဟာ စစ်တက္ကသိုလ်ဆင်း ဗိုလ်ချုပ်ကြီး မဟုတ်ပါဘူး။
အရပ်သား ခေါင်းဆောင်တစ်ဦးအဖြစ် ကာကွယ်ရေး မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်တွေကို ချမှတ်ပြီး ဟစ်တလာရဲ့ နာဇီဂျာမနီကို အနိုင်ရရှိအောင် စစ်ဗိုလ်ချုပ်တွေကို ညွှန်ကြားအုပ်ချုပ်ခဲ့ပါတယ်။
~

(၃) အာဆာ မက်ဂရာနီ - ဂျာမနီ ကာကွယ်ရေး ဝန်ကြီး

သူမဟာ ဂျာမနီနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးအဖြစ် ၂၀၁၃ မှ ၂၀၁၉ အထိ တာဝန်ထမ်းဆောင်ခဲ့သူ
ဖြစ်ပါတယ်။
သူမသည် ဆရာဝန်တစ်ဦး ဖြစ်ပြီး စစ်တက္ကသိုလ်ဆင်း သို့မဟုတ် စစ်တပ်အတွေ့အကြုံ လုံးဝမရှိပါ။
နေတိုး (NATO) အဖွဲ့ဝင် ဂျာမနီစစ်တပ်၏ ပြုပြင်ပြောင်းလဲရေးနှင့် ကာကွယ်ရေး အသုံးစရိတ်များကို စနစ်တကျ စီမံခန့်ခွဲနိုင်ခဲ့သူ တစ်ယောက်လဲ
ဖြစ်ပါတယ်။
~

(၄) ဗိုလိုဒီမီယာ ဇာလန်းစကီး - ယူကရိန်း သမ္မတ

ရုရှား၏ ကျူးကျော်စစ်ကို ရင်ဆိုင်နေရသော
ယူကရိန်းသမ္မတ (စစ်သေနာပတိချုပ်) ဇာလန်းစကီးသည် ဟာသသရုပ်ဆောင်/ရုပ်ရှင်ထုတ်လုပ်သူ
တစ်ဦးသာ ဖြစ်ခဲ့ပြီး စစ်ရေးအတွေ့အကြုံ မရှိခဲ့ပါ။
သူဟာ ကမ္ဘာ့အင်အားကြီး ရုရှားစစ်တပ်ကို ခုခံရာတွင် အရပ်သား ခေါင်းဆောင်တစ်ဦး၏ သန္နိဋ္ဌာန်နှင့်
ပြည်သူကို စည်းရုံးနိုင်စွမ်းမှာ မည်သည့် စစ်ဗိုလ်ချုပ်ထက်မဆို ပိုမိုထိရောက်ကြောင်း သက်သေပြခဲ့ပါတယ်။

ဒီမိုကရေစီ စနစ်မှာ ကာကွယ်ရေးဝန်ကြီး
တစ်ယောက် ရဲ့ တာဝန်ဟာ "တိုက်ပွဲထဲ သေနတ်ကိုင် တိုက်ဖို့ (သို့မဟုတ်) ရှေ့တန်းစစ်ကြောင်း ဦးဆောင်ဖို့" မဟုတ်ပါဘူး။
စစ်တပ်တစ်ခု၏ စည်းမျဥ်း စည်းကမ်း၊ ပြည်သူကို ကာကွယ်ရေး မူဝါဒနှင့် စစ်ရေးမဟာဗျူဟာ လမ်းကြောင်းကို ချမှတ်ပေးခြင်း တို့ပဲဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဆိုတာ စစ်ရေးဗျူဟာမှူး မဟုတ်ဘဲ "မဟာဗျူဟာမြောက် စီမံခန့်ခွဲသူ" သာ ဖြစ်ပါတယ်။
ဆိုတော့ကာ ခုတလော ငပိန်းတစ်ချို့ပြောနေတဲ့
စကားကို ပြန်မေးရရင်_

-"စစ်တက္ကသိုလ် ဆင်းထားပြီး စစ်ရေးအတွေ့အကြုံ ရှိတယ်ဆိုတဲ့ စစ်ဗိုလ်ချုပ်တွေ မြန်မာနိုင်ငံကို နှစ်၆၀ နီးပါး အုပ်ချုပ်ခဲ့လို့ နိုင်ငံ ဘာဖြစ်သွားသလဲ?"
ဖြေကြည့်ပါ...

သူ့ကိုယ်သူ စစ်ပညာ တတ်ပါတယ်ဆိုတဲ့
မင်းအောင်လှိုင်နဲ့ စကစ ဟာ တိုင်းပြည်ကို ချောက်ထဲတွန်းပို့ခဲ့သလို၊ စစ်မြေပြင်မှာလည်း မြို့ပေါင်းများစွာနဲ့ တပ်ရင်းပေါင်းများစွာ လက်လွှတ်ခဲ့ရပြီး၊
စခကျွန် တွေအများအပြား 6သဆုံးခဲ့ရတာ
အားလုံးအသိပါပဲ။
ကာကွယ်ရေးဝန်ကြီး ဆိုတာ ရှေ့တန်းမှာ သေနတ်ကိုင်တိုက်ရမယ့်သူ မဟုတ်ပါဘူး။
စစ်တပ်ကို အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ ထားရှိဖို့၊ မဟာဗျူဟာနဲ့ ဘဏ္ဍာရေးကို စီမံဖို့
ဖြစ်ပါတယ်။

ကမ္ဘာ့သမိုင်းမှာ အမေရိကန် သမ္မတ လင်ကွန်း၊ ဗြိတိန် ဝန်ကြီးချုပ် ချာချီ တို့ဟာ စစ်တက္ကသိုလ်
မဆင်းခဲ့ပေမဲ့ ပြည်တွင်းစစ်နဲ့ ကမ္ဘာ့စစ်ကို
အောင်နိုင်အောင် စီမံနိုင်ခဲ့ကြတာပါ။
NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာလည်း စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူများ၊ CDM
စစ်အရာရှိများနှင့် ကာကွယ်ရေးကောင်စီ ကွပ်ကဲရေးအဖွဲ့များ ရှိပြီး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။
အခု NUG နဲ့ ဝန်ကြီး ဦးရည်မွန် က အရပ်သားအစိုးရ၏ ဦးဆောင်မှုကို ကိုယ်စားပြုပြီး စစ်တပ်ကို ဒီမိုကရေစီ စံနှုန်းအတိုင်း တည်ဆောက်ရေးနဲ့
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အထွေ‌ထွေ ထိုးစစ်ကြီး
စတင်နိုင်ဖို့ကို အဓိက ထားပြီး ကြိုးစားလုပ်ဆောင်နေပါတယ်။
9
ညဏ်နည်းနည်းလေးနဲ့ စကစ အကြိုက် စကားလုံးတွေ သုံးပြီး ဝေဖန် လေမကန်ပါနဲ့။
ကိုယ်ပိန်းတာ လူသိပါတယ်လေ။

Vantage
12
Magway Division News pinned «ညဏ်နည်းနည်းလေးနဲ့ စကစ အကြိုက် စကားလုံးတွေ သုံးပြီး ဝေဖန် လေမကန်ပါနဲ့။ ကိုယ်ပိန်းတာ လူသိပါတယ်လေ။ Vantage»
ဧရာဝတီ ရေပြင်

အောက်ဘက်မှဆန်တက်လာသောစစ်သင်္ဘော ၁စီးနှင့် တွန်းသင်္ဘော ၂စီးပခုက္ကူနယ် လေးလံကျွန်းရွာဖြတ်၍ အထက်သို့ဆန်တက်နေကြောင်းသိရ။

#Yaypyin
Jul 28 , 8:53AM
သတင်းပို့ရန် @Yaypyin0bot
5
မင်းဘူးခရိုင်၊စလင်း-ပွင့်ဖြူ-မင်းဘူးမြို့နယ်

စလင်းမြို့ဘက်မှထွက်ခွာလာသောစခကား၁၅စီးသည်စကုမြို့ဖြတ်၍မင်းဘူးမြို့ဘက်သို့ဦးတည်မောင်းနှင်လာကြောင်းသိရပါတယ်။

#MDN
Jul-28/8:45AM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Page Link- https://www.facebook.com/share/1BtGkeMFAG/
လေကြောင်းချန်နယ်-https://t.me/mdna002
5
Magway Division News
ဧရာဝတီ ရေပြင် အောက်ဘက်မှဆန်တက်လာသောစစ်သင်္ဘော ၁စီးနှင့် တွန်းသင်္ဘော ၂စီးပခုက္ကူနယ် လေးလံကျွန်းရွာဖြတ်၍ အထက်သို့ဆန်တက်နေကြောင်းသိရ။ #Yaypyin Jul 28 , 8:53AM သတင်းပို့ရန် @Yaypyin0bot
ဧရာဝတီ ရေပြင်

အောက်ဘက်မှဆန်တက်လာသောစစ်သင်္ဘော ၂စီးနှင့် တွန်းသင်္ဘော ၂စီးပခုက္ကူနယ်ချောက်ဦးသား ရွာဖြတ်၍ အထက်သို့ဆန်တက်နေကြောင်းသိရ။

#Yaypyin
Jul 28 , 9:12AM
သတင်းပို့ရန် @Yaypyin0bot
5
နတ်မောက်ရဲစခန်းမှူး ပစ်ခတ်ခံရပြီး သေဆုံး

ဇူလိုင်-၂၈၊၂၀၂၆။ဖိုးသား/People's Spring

မကွေးတိုင်း၊နတ်မောက်နဲ့ မြို့သစ်လမ်းပိုင်းမှာ နတ်မောက်မြို့ရဲစခန်းမှူးလိုက်ပါလာတဲ့ ကား ပစ်ခတ်ခံရပြီး စခန်းမှူး သေဆုံးသွားတယ်လို့ နေပြည်တော်တိုင်းစစ်ဌာန အမှတ်(၉၀၂)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

မနေ့က(ဇူလိုင် ၂၇ ရက်)ညနေ ၄ နာရီခန့်က နတ်မောက်မြို့သစ်လမ်းပိုင်းကို ရှောင်တခင်စစ်ဆေးခဲ့ရာ ကားတစ်စီးမောင်းနှင်ထွက်ပြေးခဲ့တာကြောင့် လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပြီး အဲဒီကားပေါ်က ဖုန်းတစ်လုံး ၊ G3 ကျည် ၇၄ တောင့် ၊ လက်ထိပ်တစ်ခု ၊ ဦးထုတ်နှစ်လုံး ( ကျည်ကာဦးထုတ်တစ်လုံး ) တို့သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးပါတယ်။

"ကားပေါ်ပါလာတာ ၃ယောက်။ ထိခိုက်ဒဏ်ရာတွေနဲ့ထွက်ပြေးတာ။ဆေးရုံမှာ စခန်းမှူးကသေသွားတယ်"လို့ အထက်ပါတာ၀န်ရှိသူက တိုက်ခိုက်မှုအကြောင်းရှင်းပြပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်အပြီး နတ်မောက်-မြို့သစ်လမ်းပိုင်းကို စစ်တပ်က အင်အား ၅၀ ၀န်းကျင်နဲ့ စစ်ကြောင်းထိုးနေတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ဇူလိုင် ၂၅ ရက်က မကွေးတိုင်းနဲ့နေပြည်တော်အစပ်က ရဲစခန်းနဲ့ စစ်တပ်ဂိတ်စခန်းကို ၀င်ရောက်သိမ်းပိုက်ခဲ့ရာ စစ်တပ်က ဗိုလ်မှူးအပါအ၀င် ၉ ဦးသေဆုံးပြီး လက်နက် ၆လက်ရရှိခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာနက အသိပေးထားပါတယ်။

ဒါ့အပြင် ဇွန်လကလည်း မကွေးတိုင်းနဲ့ ပဲခူးတိုင်း မြို့နယ် ၅ခုက စစ်ဆင်ရေးတွေမှာ စစ်တပ်က ၄၀ ကျော်သေပြီး လက်နက် ၁၈လက် သိမ်းရတယ်လို့ နေပြည်တော် PDF က ထုတ်ပြန်ထားပါတယ်။
3
မင်းဘူးခရိုင်၊စလင်းမြို့နယ်

စလင်းမြို့နယ်မြေနီကုန်းလမ်းဆုံဂိန်မှထွက်ခွာလာသောစခအအ၅၀ခန့်သည်မနက်၈နာရီခန့်ကလက်ပံကျင်းရွာမှတဆင့်အနောက်အရပ်သို့ထွက်ခွာလာကာ၊ကံပြားရွာရဲစခန်းမှထွက်ခွာလာသောအအ၅၀ခန့်ပါစခကား၂စီးသည်လည်းကံပြားရွာမှတဆင့်အရှေ့အရပ်သို့ထွက်ခွာလာကြောင်းသိရပါတယ်။

#MDN
Jul-28/10:00AM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Page Link- https://www.facebook.com/share/1BtGkeMFAG/
လေကြောင်းချန်နယ်-https://t.me/mdna002
4
တောင်တွင်း-ပြည် လမ်းပိုင်းရှိ ၁၀၃ တပ်ရင်းနှင့် စစ်ဆေးရေးဂိတ်ကို ၄၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဇူလိုင် ၂၇

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ တောင်တွင်း-ပြည် လမ်းပိုင်းရှိ ၁၀၃ တပ်ရင်းနှင့် စစ်ဆေးရေးဂိတ်ကို ၄၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း တောင်တွင်းကြီး (Rocket Fighter) အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

လွန်ခဲ့သော ဇူလိုင်လ ၂၅ ရက်နေ့ ည ၈ နာရီခန့်တွင် တောင်တွင်း-ပြည် လမ်းမပေါ်ရှိ အဆိုပါ ၁၀၃ တပ်ရင်းနှင့် တပ်ရင်းရှေ့၌ အထိုင်ချ၍ ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်ခံခြင်း၊ ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ ပြုလုပ်နေသည့် စစ်ဆေးရေးဂိတ်တို့ကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုကြောင့် လက်နက်ကြီးဗုံးသီးများသည် ၁၀၃ တပ်ရင်းအတွင်းရှိ အဆောက်အအုံ၊ ဘားတိုက်နှင့် စစ်ရုံးခန်းများ အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။ ဒဏ်ရာရရှိသူများကို စစ်တပ်က လူနာတင်ကားများဖြင့် ညတွင်းချင်း လာရောက်တင်ဆောင်သွားခဲ့ကြောင်း သိရသည်။

"စစ်တပ်ဂိတ်နဲ့ နီးစပ်တဲ့နေရာတွေမှာ ပြည်သူတွေအနေနဲ့ မနေကြဖို့ပြောချင်ပါတယ်။ အဲ့ တိုက်ခိုက်မှုမှာ စစ်ခွေး ၅ ကောင်လောက်သေတယ်လို့ သိရပေမယ့် ကျနော်တို့ တိတိကျကျတော့ အတည်မပြုနိုင်သေးဘူး။ ထိခိုက်တာကတော့ စစ်ခွေး ၂၀ လောက်ရှိပါတယ်" ဟု တောင်တွင်းကြီး (Rocket Fighter) အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်တပ်ဘက်မှ ည ၁၀ နာရီခွဲအထိ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ရမ်းသန်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြသည်။

ယင်းတိုက်ခိုက်မှုကို တောင်တွင်းကြီး (Rocket Fighter) အဖွဲ့နှင့်အတူ မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသော ရိုးမဖိုက်တာစစ်ကြောင်း၊ မကွေးတောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့နှင့် မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
5
ဧရာဝတီ ရေပြင်

အောက်ဘက်မှဆန်တက်လာသောစခသဘော်၄စီး ရေစကြိုနယ် ချစ်သူရွာဖြတ်ချင်းတွင်းမြစ်အတိုင်းအထက်ဆန်တက်နေကြောင်း သိရ။

#Yaypyin
Jul 28 , 1:05PM
သတင်းပို့ရန် @Yaypyin0bot
5
Magway Division News
ဧရာဝတီ ရေပြင် အောက်ဘက်မှဆန်တက်လာသောစခသဘော်၄စီး ရေစကြိုနယ် ချစ်သူရွာဖြတ်ချင်းတွင်းမြစ်အတိုင်းအထက်ဆန်တက်နေကြောင်း သိရ။ #Yaypyin Jul 28 , 1:05PM သတင်းပို့ရန် @Yaypyin0bot
YayPyin (ရေပြင်):
ဧရာဝတီ ရေပြင်🔴

အောက်ဖက်ကခွေးမော်တော်၄စီး ရေစကြိုနယ်ချင်းယားရွာ မှအထက်သို လက်နက်ကြီးငယ်ပြစ်ဖောက် အထက်ဆန်တက်နေကြောင်း သိရ။

#Yaypyin
Jul 28 , 1:45PM
သတင်းပို့ရန် @Yaypyin0bot

ဧရာဝတီ ရေပြင်

အောက်ဘက်မှချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသောစစ်ခွေးသဘော်၄စီးမှရေစကြိုမြို့နယ် သမန္တပို့ရွာအတိုင်းအထက်ဆန်တက်နေကြောင်း သိရ။

#Yaypyin
Jul 28 , 1:59PM
သတင်းပို့ရန် @Yaypyin0bot
6
ဆောမြို့နယ်တွင် ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားများ သေဆုံးမှုများပြားပြီး စစ်သုံ့ပန်း ၉ ဦး ဖမ်းဆီး၊ လက်နက်ခဲယမ်းနှင့် ရိက္ခာတင်ကား ၃ စီး အပါအဝင် စစ်အသုံးအဆောင်အများအပြားလည်း သိမ်းဆည်းရမိ

ရန်ကုန်၊ ဇူလိုင် ၂၈

မကွေးတိုင်း၊ ဆောမြို့နယ်တွင် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က တိုက်ခိုက်ခဲ့ရာ စစ်သားများ သေဆုံးမှုများပြားခဲ့ပြီး စစ်သုံ့ပန်း ၉ ဦးကို ဖမ်းဆီးရမိခဲ့သည့်အပြင် လက်နက်ခဲယမ်းများ၊ ရိက္ခာတင်ကား ၃ စီးနှင့် စစ်အသုံးအဆောင်ပစ္စည်း အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မကွေးတိုင်းစစ်ဌာနက ယနေ့ ထုတ်ပြန်သည်။

ဇူလိုင် ၁၆ ရက်နေ့တွင် ဆောမြို့နယ်၊ လောင်းရှည်တိုက်နယ် (ခွဲ) မှ တပ်မ ၉၉ ဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်ပါ စစ်ကြောင်းက ဆောမြို့ဘက်သို့ ထိုးစစ်ဆင်လာရာ PDF မကွေးတိုင်းစစ်ဌာန လက်အောက်ရှိ ခရိုင်စစ်ဌာနများနှင့် တပ်ရင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ လောင်းရှည်မြို့ဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

ယင်းနောက် ဆုတ်ခွာသွားသည့် စစ်တပ် စစ်ကြောင်းကို PDF တပ်ဖွဲ့များက ဆက်လက်လိုက်လံတိုက်ခိုက်ခဲ့ပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာတွင် လက်နက်ခဲယမ်းများ၊ ရိက္ခာတင်ကား ၃ စီး၊ ရိက္ခာများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇူလိုင် ၂၅ ရက်နေ့တွင် စစ်ကောင်စီက အင်အား ၁၈၀ ခန့်ဖြင့် လေကြောင်းပစ်ကူရယူကာ မြေပြင်၊ ဝေဟင် ပူးပေါင်းထိုးစစ်ကို ဒုတိယအကြိမ် ထပ်မံဆင်နွှဲခဲ့သော်လည်း PDF မကွေးတိုင်းစစ်ဌာန လက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့များက အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်များ အထိနာကာ ထပ်မံဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲများအပြီး နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိခဲ့ပြီး လက်ရှိအချိန်အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း၊ ယင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားကြောင်း မကွေးတိုင်းစစ်ဌာနက ဆိုသည်။

ယင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ထံမှ MA-1 သေနတ် ၄ လက်၊ MA-3 သေနတ် ၃ လက်၊ ရှော့ဂန်း ၂ လက်၊ RPG ပြောင်း ၂ ခု၊ ၄၀ မမ ဗုံးသီး ၅၁ လုံး၊ ၆၀ မမ ဗုံးသီး ၁၄၄ လုံး၊ ၈၁ မမ ဗုံးသီး ၁၉ လုံး၊ ၁၂၀ မမ ဗုံးသီး ၂၂ လုံး၊ ၅.၅၆ ကျည် ၅,၆၁၅ တောင့်၊ MG-42 ကျည် ၁,၄၁၅ တောင့်၊ RPG အဖူး ၁၄ ဖူး၊ RPG ပို့ကျည် ၁၅ တောင့်၊ လက်ပစ်ဗုံး ၅ လုံး၊ နင်းမိုင်း ၉ လုံး၊ ရှေ့ထွက်မိုင်း ၁၁ လုံး၊ ဒရုန်းဗုံးသီး ၂၂ လုံး၊ ကျည်ကာဦးထုပ် ၁၄ လုံး၊ ကား ၃ စီး၊ Drone Jammer ၁ ခု၊ Drone Controller ၁ ခု၊ Starlink စက် ၁ လုံး၊ မီးစက် ၂ လုံး၊ ဆေးပစ္စည်း ၂ အိတ်၊ ဆန်အိတ် ၅၅ အိတ်၊ ကြက်သွန်ဖြူ ၁၅ အိတ်နှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းများ၊ ရိက္ခာများကို သိမ်းဆည်းရမိခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မကွေးတိုင်းစစ်ဌာနက အကြမ်းဖက်စစ်ကောင်စီတပ်၏ ထိုးစစ်များကို ဆက်လက်ခုခံတိုက်ခိုက်လျက်ရှိပြီး ဆောမြို့နယ်ဒေသတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း သိရှိရသည်။
9