Magway Division News
3.57K subscribers
2.65K photos
81 videos
12 files
3.75K links
မကွေးတိုင်းအတွင်းရှိစစ်ကြောင်းသတင်း၊လေကြောင်းသတင်း၊များကိုအချိန်နှင့်တပြေးညီတတ်နိုင်သမျှတင်ပေးပါသည်
Download Telegram
မြိုင်

ကပစ ၂၄.တက် MI-17 Military Transport Helicopter (1)စီး မြိုင်နယ်တောင်ခြမ်းဖြတ်၍ အရှေ့အရပ်သို့ ပျံသန်း။

#NAS
May9, 5:25PM
📡သတင်းပို့ရန် @infonas
2👍1
မြိုင်

ကပစ ၂၄.တက် MI-17 Military Transport Helicopter (1)စီး မြိုင်နယ်အရှေ့ခြမ်းဖြတ်၍ အရှေ့အရပ်သို့ ပျံသန်း။

#NAS
May9, 5:30PM
📡သတင်းပို့ရန် @infonas
3
မြိုင်

ကပစ ၂၄.တက် MI-17 Military Transport Helicopter (1)စီး မြိုင်နယ်အရှေ့တောင်ခြမ်းဖြတ်၍ အရှေ့အရပ်သို့ ပျံသန်း။

#NAS
May9, 5:32PM
📡သတင်းပို့ရန် @infonas
3
ပခုက္ကူ

ကပစ ၂၄.တက် MI-17 Military Transport Helicopter (1)စီး ပခုက္ကူနယ်အနောက်ခြမ်းဖြတ်၍ အရှေ့အရပ်သို့ ပျံသန်း။

#NAS
May9, 5:33PM
📡သတင်းပို့ရန် @infonas
3
ပခုက္ကူ

တပ်မ ၁၀၁ သို့ ကပစ ၂၄.တက် MI-17 Military Transport Helicopter (1)စီး ဆင်းသက်။

#NAS
May9, 5:36PM
📡သတင်းပို့ရန် @infonas
3
ပခုက္ကူ

တပ်မ ၁၀၁ မှ MI-17 Military Transport Helicopter (1)စီး မြောက်အရပ်သို့ ပျံတက်။

#NAS
May9, 5:49PM
📡သတင်းပို့ရန် @infonas
5
ရေစကြို

တပ်မ ၁၀၁ တက် MI-17 Military Transport Helicopter (1)စီး ရေစကြိုနယ်အနောက်ခြမ်းဖြတ်၍ မြောက်အရပ်သို့ ပျံသန်း။

#NAS
May9, 5:54PM
📡သတင်းပို့ရန် @infonas
5
ပခုက္ကူခရိုင်၊ပေါက်မြို့နယ်

ပေါက်မြို့နယ်အခြေစိုက်ကပစ(၂၄)မှ(4:50)PMခန့်ကထွက်ခွာလာသောစခအအပါကား၅စီးသည်ထန်းပင်ချောင်းရွာဖြတ်ပြီး(5:30)PMခန့်တွင်ဆိုက်လမ်းမအတိုင်းရေဖြူရွာဘက်သို့ထွက်ခွာလာကြောင်းသိရပါတယ်။

#MDN
May-9/6:00PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Page Link- https://www.facebook.com/share/1BtGkeMFAG/
7
ရေဖြူရွာကနေ ကျင်းရွာဖက်ကို ပုံတောင်လမ်းအတိုင်း စစ်တပ်ကား ၅ စီး တက်လာနေ

မေ ၉၊ ၂၀၂၆၊ ထီးလင်း

မကွေးတိုင်း၊ ပေါက်မြို့နယ် ကပစ ၂၄ ကနေ ယနေ့ညနေ ၄ နာရီ ၅၀ မိနစ်ခန့်ကထံက်လာတဲ့ ကား ၅ စီးဟာ ရေဖြူရွာကနေတဆင့် ၆ နာရီ ၃၀ မိနစ်ခန့်က ပုံတောင်လမ်းအတိုင်း ထီးလင်းမြို့နယ် ကျင်းရွာဆီသို့ ဦးတည်မောင်းနှင်သွားတယ်လို့ သိရပါတယ်။

စစ်သည်များတင်ဆောင်လာတဲ့ ကပစ ၂၄ က ကား ၅ စီးမှာ ဖောကားကြီး ၃ စီးနဲ့ ကားငယ် ၂ စီးပါဝင်တယ်လို့သိရပါတယ်။ အင်အား ၂၀၀ ကျော်ပါတဲ့ ကပစ ၂၄ က ခြေလျင်စစ်ကြောင်းတစ်ကြောင်းကလည်း ယနေ့ နေ့လည် ၁ နာရီခန့်က ရေဖြူရွာမှာ ရောက်ရှိနေပြီးဖြစ်ပါတယ်လို့ သိရပါတယ်။

ကားတန်းဟာ ယခုလမ်းအတိုင်းဆက်လက်မောင်းနှင်လာပါက ထီးလင်းမြို့နယ် ကျင်းရွာကို ရောက်ရှိလာမှာဖြစ်ပြီး ဒေသခံများအနေဖြင့် ကြိုတင်သတိထားရန်လိုအပ်တယ်လို့ သိရပါတယ်။

@မင်းဒဿ

ယောအလင်းတန်း
6
ဆိပ်ဖြူမြို့နယ် ကပစ ၂၂ မှ ကပစ ၂၄ သို့ ထွက်လာသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံးပြီး ၃ ဦး အလင်းဝင်၊ ပခုက္ကူမြို့နယ်တွင်လည်း ပျူစောထီးကျေးရွာကို ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ မေ ၉

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ မှ ကပစ ၂၄ သို့ ထွက်လာသော အင်အား ၅၀၀ ကျော်ပါ စစ် တပ်စစ်ကြောင်းကို ၄ ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦးသေဆုံးပြီး ယင်းစစ်ကြောင်းထဲမှ စစ်မှုထမ်းတပ်သား ၃ ဦး ထွက်ပြေးလာပြီး အလင်းဝင်ခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၁၂ တပ်ရင်းက ထုတ်ပြန်သည်။

မေလ ၄ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ် ကပစ ၂၂ မှ ပေါက်မြို့နယ် ကပစ ၂၄ သို့ ပုသိမ်-မုံရွာ လမ်း အတိုင်း ဗိုလ်မှူး စိုးသူရ ဦးဆောင်ပြီး ခမရ ၅၇၃ ၊ ခမရ ၅၇၂ ၊ ခမရ ၃၁၆ နှင့် တပ်မ ၉၉ တို့ ပူးပေါင်း ထားသည့် အင်အား ၅၅၄ ဦး ပါ စစ်ကြောင်းကို ပေါက်မြို့နယ်တောင်ပိုင်း တနေရာ အရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ မေလ ၅ ရက်နေ့တွင်လည်း ယင်းစစ်တပ် စစ်ကြောင်းကို ပေါက်မြို့နယ်၊ ပုသိမ် -မုံရွာ လမ်းပိုင်းတနေရာ၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထပ်မံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ် ခတ်တိုက်ပွဲ ၃ ကြိမ်ဖြစ်ခဲ့ပြီး စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးကာ ၁၀ ဦး ထက်မနည်း အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူခရိုင် တောင်ပိုင်းစုဖွဲ့မှုစစ်ကြောင်းဖြစ်သည့် ပခုက္ကူခရိုင် အမှတ် ၁၂ တပ်ရင်း၊ အမှတ် ၁၁ တပ်ရင်း ၊အမှတ် ၁၈ တပ်ရင်း ၊ YRF ဗိုလ်နားပေါက်၊ SOS ၊ PLA နှင့် ပခုက္ကူ ခရိုင် စစ်ဌာန စုဖွဲ့မှုစစ်ကြောင်းတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် မေလ ၆ ရက်နေ့တွင် ခမရ ၅၇၃ တပ်ရင်းမှ ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်မှုထမ်းတပ်သားအဖြစ် စုဆောင်းခံရသူ စစ်သား ၃ ဦးသည် MA3 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ဘောက်နှင့် ကျည်ဆံ ၆၂ တောင့်ယူဆောင်ကာ ထွက်ပြေးလာပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များထံ အလင်းဝင်ခဲ့ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရှင်မကန်ပျူစောထီးကျေးရွာကို ဒရုန်းများ၊ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း Ayar Daungအဖွဲ့ မှ သတင်းနဲ့ပြန်ကြားရေးကိုရှိန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၅ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ရှင်မကန်ပျူစောထီးကျေးရွာတွင် အထိုင်ချ တပ်စွဲထားသော စစ်သားနှင့် ပျူစောထီးများကို ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များက ဒရုန်း ၃စီး၊ ရော့ကတ် ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

"စစ်ခွေးသေစာရင်း ကျွန်တော်တို့ စုံစမ်းဆဲပါ။ စစ်ခွေး စစ်ကြောင်းရောက်နေလို့ ရှင်မကန်ပျူစောထီးရွာမှာက အင်အား များတယ်။ပစရော စခရော ပေါင်းနေကျတာပါ။ ခန့်မှန်းခြေ ၅၀ လောက်ရှိတယ်" ဟု Ayar Daungအဖွဲ့ မှ သတင်းနဲ့ပြန်ကြားရေးကိုရှိန်းက ပြောဆိုသည်။
7👍1
ပခုက္ကူရှိ ညောင်ပင်ရွာကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံး၊ ယင်းမာပင်တွင်လည်း စစ်တပ်က စစ်ကြောင်းထိုးနေ၍ စစ်ရေးတင်းမာနေပြီး လမ်းပိုင်းများ ယာယီ ပိတ်ထား

ရန်ကုန်၊ မေ ၉

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု အသက် ၈နှစ်အရွယ် ကလေးငယ် ၁ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း Ayar Daungအဖွဲ့ မှ သတင်းနဲ့ပြန်ကြားရေးကိုရှိန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၈ ရက်နေ့တွင် ပခုက္ကူမြို့နယ်ရှိ အောင်သာပျူစောထီးရွာမှ အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ညောင်ပင်ကျေးရွာကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အသက် ၄၀နှစ် ဝန်းကျင် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

"စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ လက်နက်ကြီး၊ ဒရုန်း တွေနဲ့ ညောင်ပင်ရွာကို ပစ်ခတ် တိုက်ခိုက်ခဲ့တာ ကလေးငယ် ၁ ဦး ပွဲချင်းပြီး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရတယ်" ဟု Ayar Daungအဖွဲ့ မှ သတင်းနဲ့ပြန်ကြားရေးကိုရှိန်းက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း စစ်တပ် စစ်ကြောင်းများ ဝင်ရောက်လာသောကြောင့် စစ်ရေးတင်းမာနေ၍ လမ်းပိုင်းများကို တော်လှန်တပ်ဖွဲ့များက ယာယီသွားလာခွင့် ပိတ်ထားကြောင်း ဒေသပြည်သူများပြောဆိုချက်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ မေလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာတွင် တပ်စွဲထားသည့် အင်အား ၃၀၀ ခန့်ပါ အကြမ်းဖက် စစ်ကြောင်းသည် မောင်းတုံရွာ၊ ပုပ္ပါရွာ၊ တမာပင်ဂွရွာနှင့် လည်ငေါက်ရွာတို့ကို ဝင်ရောက်ရှိခဲ့ကြောင်း၊ ထိုစစ်ကြောင်းသည် ရင်ပေါင်တိုင်ကျေးရွာတွင် အထိုင်ချတပ်စွဲခဲ့စဉ်က ပြည်သူနေအိမ်များကို ဝင်မွေနှောက်ဖျက်ဆီးကာ တန်ဖိုးကြီးပစ္စည်းများကိုယူဆောင်သွာကြခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ပုလဲမြို့နယ်အတွင်းရှိ ဇီးဖြူကုန်းပျူရွာနှင့် အင်မထီပျူရွာတို့မှ ထွက်လာသော စစ်ကား ၁၃ စီးပါ စစ်ကြောင်းသည်လည်း မင်းတိုင်ပင်ရွာမှ ပုလဲမြို့ကိုဖြတ်ကာ လည်ငေါက်ရွာတွင် ရင်ပေါင်တိုင်ရွာလာသော စစ်ကြောင်းနှင့် ပူးပေါင်းစည်းကာ ယင်းမာပင်မြို့အတွင်းကို ဝင်ရောက်သွားကြောင်း သိရှိရသည်။

"ယင်းမာပင်နယ် က ရင်ပေါင်တိုင်ရွာမှာ အင်အား ၃၀၀ ခန့်မှန်း စစ်ကြောင်းက ဒီနေ့မနက် မောင်းတုံရွာ ပုပ္ပါရွာကနေတဆင့် တမာပင်ခွရွာ ကိုဖြတ်ပြီး လည်ငေါက်ရွာ ကနေ စစ်ကြောင်း နှစ်ကြိမ်ခွဲထွက်ကာ ယာဉ်နှင့်ခိုးယူသွားသော ဆိုင်ကယ်တွေနှင့်အတူ ယင်းမာပင်မြို့ထဲကို ရောင်ရှိသွားပါပြီ။ တချိန်တည်းမှာ အရင်ရက်က ပုလဲနယ်ထဲက ဇီးဖြုကုန်းပျုရွာနဲ့ အင်မထီစပျုရွာထဲက ယာဉ်၁၃စီးပါ စစ်ကြောင်းကလည်း မင်းတိုင်ပင်ရွာကနေ ပုလဲမြို့ကိုဖြတ်ပြီး လည်ငေါက်ရွာမှာ ရင်ပေါင်တိုင်ရွာလာတဲ့ စစ်ကြောင်းနှင့်ပေါင်းစည်းကာ ယင်းမာပင်မြို့ထဲသို့ ဝင်ရောက်သွားပါပြီ။စစ်ခွေးတွေက ရင်ပေါင်တိုင်ရွာထဲမှာ တပ်ထိုင်သွားတဲ့ရက်တွေအတွင်း အိမ်တွေကို မွေနှောက်ဖျက်ဆီးပြီး တန်ဖိုးကြီးတာမှန်သမျှ အကုန်ယူသွားကြတယ်။ ရွာက အဓိကလုပ်ကိုင်တဲ့ ဝက်မွေးမြူရေးလုပ်ငန်းတွေလည်း အတော်လေးထိခိုက်ကုန်တယ်။ စစ်ခွေးတွေရှိနေတော့ အစာကျွေးမယ့်သူမရှိဘဲ ဝက်တွေအတော်များများ အစာရေဆာပြတ်ပြီး သေဆုံးကုန်ကြတယ်" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ ပြန်လည်ထွက်ခွာသွားပြီဖြစ်၍ ရင်ပေါင်တိုင်ရွာအနီးဝန်းကျင်ရှိ နုန်းတန်းရွာ၊ ပြအိုရွာ၊ ညောင်တန်းရွာနှင့် ပုလဲမြို့နယ်အစပ်ရှိ ပုထိုးသာရွာ၊ ရွာသစ်ရွာတို့မှ စစ်ဘေးရှောင်ပြည်သူများက ယနေ့ညနေပိုင်းတွင် နေအိမ်များသို့ ပြန်လည်ဝင်ရောက် နေထိုင်နေကြပြင်ဆင်နေကြကြောင်း သိရှိရသည်။

ယင်းမာပင်ခရိုင်အတွင်း လတ်တလောဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများကြောင့် မိဘပြည်သူများအနေဖြင့် မုံရွာ - ယာကြီး - ကလေးဝလမ်း ၊ ညောင်ပင်ကြီး - ယင်းမာပင်လမ်း နှင့် ဖိုလ်ဝင်တောင် - ယင်းမာပင်လမ်း တို့ကို လုံးဝ (လုံးဝ) အသုံးမပြုကြရန်နှင့် အကြမ်းဖက် စစ်တပ်နှင့် အချိန်မရွေး တိုက်ပွဲများ ဖြစ်ပွားနိုင်ပြီး ထိတွေ့တိုက်ပွဲအတွင်း ရောက်ရှိသွားပါက ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် တစ်စုံတစ်ရာ တာဝန်ယူပေးနိုင်မည် မဟုတ်ကြောင်း ယင်းမာပင်ခရိုင် ပကဖ က ထုတ်ပြန်ထားသည်။
9👍2
မကွေး

မကွေးလေတပ်မှ Military Transport Aircraft (1)စီး အနောက်တောင်အရပ်သို့ ပျံတက်။

20:42, May 09
#EAR #SCIN
5
Magway Division News
ပခုက္ကုခရိုင်၊ရေစကြိုမြို့နယ် ရေစကြိုမြို့နယ်ဆင်ချောင်းပျူရွာသို့ရောက်ရှိနေသောစခစစ်ကြောင်းသည်ဆင်ချောင်းပျူရွာမှတဆင့်မြောက်အရပ်သို့ထပ်မံထွက်ခွာလာကြောင်းသိရပါတယ်။ #MDN May-9/4:55PM သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn သတင်းပေးပို့ရန်နှင့်သိချင…
ပခုက္ကုခရိုင်၊ရေစကြိုမြို့နယ်

ရေစကြိုမြို့နယ်ဆင်ချောင်းပျူရွာသို့ရောက်ရှိနေသောစခစစ်ကြောင်းသည်ဆင်ချောင်းပျူရွာမှာပဲဆက်လက်ရှိကာညအိပ်စခန်းချနေကြောင်းသိရပါတယ်။

#MDN
May-9/9:00PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Page Link- https://www.facebook.com/share/1BtGkeMFAG/
8
Magway Division News
ပခုက္ကုခရိုင်၊ရေစကြိုမြို့နယ် ရေစကြိုမြို့နယ်ဆင်ချောင်းပျူရွာသို့ရောက်ရှိနေသောစခစစ်ကြောင်းသည်ဆင်ချောင်းပျူရွာမှာပဲဆက်လက်ရှိကာညအိပ်စခန်းချနေကြောင်းသိရပါတယ်။ #MDN May-9/9:00PM သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn သတင်းပေးပို့ရန်နှင့်သိချင်တာမျ…
ပခုက္ကူခရိုင်၊ရေစကြိုမြို့နယ်

ရေစကြိုမြို့နယ်၊ဆင်ချောင်းပျူရွာ၌ညအိပ်စခန်းချခဲ့ပြီးယနေ့မနက်အစောပိုင်းကမြောက်အရပ်သို့ထွက်ခွာလာသောစခစစ်ကြောင်းသည်ရွာသာရွာမှတဆင့်အရှေ့မြောက်အရပ်သို့ဆက်လက်ထွက်ခွာလာကြောင်းသိရပါတယ်။

#MDN
May-10/6:50AM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Page Link- https://www.facebook.com/share/1BtGkeMFAG/
7
မကွေး

မကွေးလေတပ်မှသို့ L410 UVP E-20 Y-12 Military Transport Aircraft (1)စီး အနောက်မြောက်အရပ်မှဆင်းသက်။

07:22,May 10
#EAR #SCIN
6
Magway Division News
ပခုက္ကူခရိုင်၊ရေစကြိုမြို့နယ် ရေစကြိုမြို့နယ်၊ဆင်ချောင်းပျူရွာ၌ညအိပ်စခန်းချခဲ့ပြီးယနေ့မနက်အစောပိုင်းကမြောက်အရပ်သို့ထွက်ခွာလာသောစခစစ်ကြောင်းသည်ရွာသာရွာမှတဆင့်အရှေ့မြောက်အရပ်သို့ဆက်လက်ထွက်ခွာလာကြောင်းသိရပါတယ်။ #MDN May-10/6:50AM သတင်းများကြည့်ရှုရန်ချန်နယ်…
ပခုက္ကူခရိုင်၊ရေစကြိုမြို့နယ်

ရေစကြိုမြို့နယ်၊ဆင်ချောင်းပျူရွာမှထွက်ခွာလာသောစခစစ်ကြောင်းသည်ကံသစ်ရွာဘက်မှတဆင့်မြောက်အရပ်သို့ဆက်လက်ထွက်ခွာလာကြောင်းသိရပါတယ်။

#MDN
May-10/8:30AM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Facebook Page Link- https://www.facebook.com/share/1BtGkeMFAG/
10