Magway Division News
3.57K subscribers
2.65K photos
81 videos
12 files
3.75K links
မကွေးတိုင်းအတွင်းရှိစစ်ကြောင်းသတင်း၊လေကြောင်းသတင်း၊များကိုအချိန်နှင့်တပြေးညီတတ်နိုင်သမျှတင်ပေးပါသည်
Download Telegram
ငဖဲ-စေတုတ္တရာ လမ်းပိုင်းရှိ စစ်တပ်၏ ကင်ပွန်းခြုံဂိတ်စခန်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်း ဆည်းရရှိ

ရန်ကုန်၊ ဧပြီ ၁၁

မကွေးတိုင်း၊ စေတုတ္တရာလမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ ကင်ပွန်းခြုံဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း CDF - Asho မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၀ ရက်နေ့ နံနက် ၅ နာရီခန့်တွင် စေတုတ္တရာမြို့နယ်၊ ကင်ပွန်းခြုံကျေးရွာ ငဖဲ - စေတုတ္တရာ ကားလမ်းရှိ အကြမ်းဖက် စစ်သား အင်အား ၃၀ ကျော်ဖြင့် တပ်စွဲထားသော ကင်ပွန်းခြုံဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲသည် ၂ နာရီ ၃၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သား ၈ ဦး ပွဲချင်းပြီး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ယင်းဂိတ်စခန်းမှ MA - 1 သေနတ် ၁ လက်၊ ကာဘိုင်အမျိုးအစား သေနတ် ၂ လက်နှင့် ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

"စစ်ခွေးတွေက ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတာဖြစ်တဲ့ အတွက် ကြောင့် ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးတော့ မရှိတော့ဘူး။ အဲဘုန်းကြီးကျောင်းအနီးမှာ အရပ်သားပြည်သူနေအိမ်တွေရှိပါတယ်။ အဲ့နေအိမ်တွေက ပြည်သူ‌‌‌တွေက တိုက်ပွဲဖြစ်နေတာတောင် ပြေးတာမရှိလို့ သက်ကြီးရွယ်အို ၁ ဦးကို‌တော့ ဘေးလွတ်ရာ ရွေ့ပြောင်းပေးလိုက်ရတယ်။ စစ်ခွေးတွေက လူကားတဲ့ နေရာတွေမှာ တပ်စွဲရင် အရပ်သားပြည်သူတွေ အနေနဲ့ စစ်ခွေးတွေ အနီးမသွားဘဲ ရှောင်ရှားသွားလာစေချင်တယ်။ ရှောင်မရရင် စစ်ရေးသတိနဲ့ နေထိုင်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ကျနော်တို့ မြို့နဲ့ အနီးဆုံးနေရာတွေကို စစ်ဆင်ရေးလုပ်ရတယ်ဆိုတာ ပြည်သူတွေ အနေနဲ့ ပြည်သူတွေအနေနဲ့ စစ်တပ် အာဏာသိမ်းထားသေးတယ်ဆိုတာ မမေ့ဖို့အတွက် အသိပေးချင်တာဖြစ်တယ်။ အခုထိလည်း ပြည်သူတွေ အနေနဲ့ အရာရာဖိနှိပ်ချုပ်ချယ်မှုအောက်ကနေ ကြောက်ရွံ့ပြီး ဒီစနစ်ဆိုးအောက်မှာရှိနေသေးတယ်ဆိုတာ သိစေချင်တဲ့အတွက်ကြောင့် လက် နက်ကိုင် လမ်းစဉ်နဲ့ အခုလို တော်လှန်ရအုန်းမယ်ဆိုတာ ပြချင်တဲ့ အတွက်ကြောင့် စစ်ဆင်ရေးတွေ ခဏခဏ လုပ်ဆောင်ရတာဖြစ်ပါတယ်" ဟု CDF - Asho မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ချင်းကာကွယ်ရေးတပ် - အရှို( CDF - Asho )၊ လူ့ ဘောင်သစ်တပ်မတော်( NSA )၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု( PRA - Magway ) နှင့် မင်းဘူးခရိုင် အမှတ်( ၈ )တပ်ရင်း၊ ငဖဲမြို့နယ်ပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
4
ချောက်

ချောက်နယ် အနောက်တောင်ဖြတ်၍ မကွေးလေတပ်တက် L-410 UVP-E20 Military Transport Aircraft (1)စီး အရှေ့တောင်အရပ်သို့ ပျံသန်း။

16:03, Apr 11
#EAR #SCIN
3
ပခုက္ကူခရိုင်၊ပေါက်မြို့နယ်

ပေါက်မြို့နယ်အရှေ့ပိုင်းယာကြီးပြင်ပျူရွာမှတောင်အရပ်သို့ထွက်ခွာလာသောရှေ့ပြေးစစ်ကြောင်းသည်(4:00)PMခန့်တွင်တည်ပင်ကန်ရွာတောင်ဘက်ရှိဒေသအခေါ်-ဇီးပင်ကန်ကိုရောက်နေကြောင်းသိရပါတယ်။

#MDN
Apr-11/4:08PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
5
နတ်မောက်တွင် ရဲ CDM တစ်ဦး အကြမ်းဖက်စစ်ကြောင်းကို ခုခံတိုက်ခိုက်နေချိန် လက်နက်ကြီးထိမှန်ပြီး ကျဆုံးခဲ့

ဧပြီ ၁၁၊ ၂၀၂၆

CDM ရဲတပ်သားကနေ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်ရဲကြီး(ခ) ရဲဘော်ဖိုးကျော်ခိုင်ဟာ မကွေးတိုင်း၊ နတ်မောက်မြို့နယ်ထဲကို ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်နေချိန်အတွင်း လက်နက်ကြီးထိမှန် ကျဆုံးခဲ့တယ်လို့ သရက်ခရိုင် အမှတ်-၃တပ်ရင်း ငါးပြေမပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ၉လပိုင်းအတွင်းက တောင်ငူမြို့၊ ရတဖ -၁၀ ရဲတပ်ဖွဲ့ကနေ သရက်ခရိုင်အမှတ်-၃ တပ်ရင်း ငါးပြေမပြောက်ကျားတပ်ဖွဲ့ဆီကို MA -13 သေနတ် ၁လက်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တဲ့ ရဲဘော် ရဲကြီး (ခ) ရဲဘော် ဖိုးကျော်ခိုင်ဟာ CDM ပြုလုပ်ပြီးပြီးချင်းမှာပဲ ငါးပြေမပြောက်ကျားတပ်ဖွဲ့နဲ့အတူ အကြမ်းဖက်စစ်တပ်ကို ပြန်လည်တော်လှန်တိုက်ခိုက်ခဲ့တယ်လို့ သိခဲ့ရတာပါ။

ရဲဘော်ရဲကြီး(ခ) ဖိုးကျော်ခိုင် ဟာ ပြီးခဲ့တဲ့ ဧပြီလ ၈ရက်နေ့က နတ်မောက်နဲ့မြို့သစ်မြို့နယ်ကြား ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ခုခံတိုက်ခိုက်ရာမှာ ပါဝင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်တပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ဦးခေါင်းထိမှန်ကာ နောက်တစ်နေ့မနက် ဧပြီလ ၉ရက်နေ့မှာ ကျဆုံးခဲ့ရတာဖြစ်ကြောင်း သရက်ခရိုင် အမှတ်-၃တပ်ရင်း ငါးပြေမပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူက အခုလို ပြောပြပါတယ်။

"ရဲဘော်တစ်ယောက်ချင်းရဲ့ တန်ဖိုးက ကျနော်တို့အတွက် အဖိုးမဖြတ်နိုင်ဘူး။ ကျွန်တော်တို့ တပ်ရင်းရဲ့ အကြီးမားဆုံး ဆုံးရှုံးမှုတခုပါပဲ။ ကျနော်တို့မှာ ငွေကြေးအဆင်မပြေမှုတွေကြောင့် ရဲဘော်တွေအတွက် ကျည်ကာနဲ့ ကျည်ကာဦးထုပ်တွေ မတပ်ဆင်ပေးနိုင်တာကြောင့် အခုလိုဖြစ်ခဲ့တာပါ။ အဲ့အတွက်လည်း ဝမ်းနည်းမိတယ်ဗျ"

ရဲဘော်ရဲကြီး (ခ) ရဲဘော်ဖိုးကျော်ခိုင်ရဲ့ နောက်ဆုံးခရီးကို ဧပြီလ ၉ရက် မနေ့နေ့လည်ပိုင်းမှာ စစ်အခမ်းအနားနဲ့ သဂြိုလ်ပေးခဲ့သလို၊ အခုလိုတပ်ဖွဲက ပေးအပ်တဲ့တာဝန်ကို ထမ်းဆောင်ရင်း အသက်စွန့်လွှတ်ခဲ့တာကြောင့် ဂုဏ်ယူတဲ့အပြင် များစွာဝမ်းနည်းမိတယ်လို့လည်း သရက်ခရိုင်အမှတ် ၃တပ်ရင်း ငါးပြေမ ပြောက်ကျားတပ်ဖွဲ့ ရဲ့ တပ်ရင်းမှူး ဗိုလ်ငါးပျံက ပြောဆိုခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီလအစပိုင်းကစလို့ နတ်မောက်နဲ့ မြို့သစ်မြို့နယ်အတွင်းက ကျေးရွာတွေကို နတ်မောက်မြို့ ရွာမွန် ပမန တပ်က စစ်သားတွေအပါအဝင် တောင်တွင်းကြီးခမရ ၁၀၃၊ အောင်လံ အခြေစိုက် ကပစ ၁၇နဲ့ နေပြည်တော်က တိုက်ရိုက်ဆင်းလာတဲ့ ထုတ်နှုတ်အင်အားတွေသုံးပြီး စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာဖြစ်ပါတယ်။

ဒီစစ်ကြောင်းတွေကြောင့် လက်ရှိ နတ်မောက်နဲ့ မြို့သစ်နယ်အတွင်းကျေးရွာတွေက ဒေသခံတော်တော်များများဟာ အရေးပေါ် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ပုံစာ- ရဲ CDM ရဲဘော်ရဲကြီး(ခ) ရဲဘော် ဖိုးကျော်ခိုင် ‌တော်လှန်ရေးရဲဘော်အဖြစ် ဝင်ရောက်စစ်မှုထမ်းခဲ့တဲ့ သရက်ခရိုင်အမှတ် ၃တပ်ရင်း၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့ ဝင်များ
5
⚠️မကွေး

မကွေးဖြတ်၍ K-8W Jet Fighter (1) စီး အနောက်အရပ်သို့ ပျံသန်း။

16:12, Apr 11
#EAR #SCIN
6
Magway Division News
ပခုက္ကူခရိုင်၊ပေါက်မြို့နယ် ပေါက်မြို့နယ်အရှေ့ပိုင်းယာကြီးပြင်ပျူရွာမှတောင်အရပ်သို့ထွက်ခွာလာသောရှေ့ပြေးစစ်ကြောင်းသည်(4:00)PMခန့်တွင်တည်ပင်ကန်ရွာတောင်ဘက်ရှိဒေသအခေါ်-ဇီးပင်ကန်ကိုရောက်နေကြောင်းသိရပါတယ်။ #MDN Apr-11/4:08PM သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn…
ပခုက္ကူခရိုင်၊ပေါက်မြို့နယ်

ပေါက်မြို့နယ်အရှေ့ပိုင်းယာကြီးပြင်ပျူရွာသို့ရောက်ရှိနေသောစခယာဉ်တန်းမှ‌တောင်အရပ်သို့ထွက်လာသောရှေ့‌ပြေးကားတချို့နှင့်ရှေ့ပြေးစစ်ကြောင်းသည်တည်ပင်ကန်ရွာနှင့်တည်ပင်ကန်ရွာတောင်ဘက်သို့ရောက်ရှိနေကြကြောင်းသိရပါတယ်။

#MDN
Apr-11/4:49PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
7
Magway Division News
ပခုက္ကူခရိုင်၊ပေါက်မြို့နယ် ပေါက်မြို့နယ်အရှေ့ပိုင်းယာကြီးပြင်ပျူရွာသို့ရောက်ရှိနေသောစခယာဉ်တန်းမှ‌တောင်အရပ်သို့ထွက်လာသောရှေ့‌ပြေးကားတချို့နှင့်ရှေ့ပြေးစစ်ကြောင်းသည်တည်ပင်ကန်ရွာနှင့်တည်ပင်ကန်ရွာတောင်ဘက်သို့ရောက်ရှိနေကြကြောင်းသိရပါတယ်။ #MDN Apr-11/4:49PM …
ပခုက္ကူခရိုင်၊ပေါက်မြို့နယ်

ပေါက်မြို့နယ်အရှေ့ပိုင်းယာကြီးပြင်ပျူရွာမှ‌တောင်အရပ်သို့ထွက်လာသောရှေ့ပြေးစစ်ကြောင်းသည်တည်ပင်ကန်ရွာတောင်ဘက်ရှိကြက်ခြံဟောင်းနားသို့ရောက်ရှိနေကာရှေ့ပြေးကားတချို့သည်လည်းတည်ပင်ကန်ရွာတောင်ဘက်သို့ရောက်ရှိနေကြောင်းသိရပါတယ်။

#MDN
Apr-11/5:19PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
5
အောင်လံ⚠️

မှော်ဘီလေတပ်တက် Fighter Jet(1)စီး အောင်လံဖြတ်၍ အနောက်အရပ်သို့ ပျံသန်း။

#NAS
Apr 11, 5:58PM
📡သတင်းပို့ရန် @infonas
4
⚠️မကွေး

မကွေးဖြတ်၍ Jet Fighter (1) စီး အနောက်အရပ်သို့ ပျံသန်း။

18:07, Apr 11
#EAR #SCIN
4
⚠️မကွေး

မကွေးဖြတ်၍ Jet Fighter (1) စီး အနောက်အရပ်သို့ ပျံသန်း။

18:07, Apr 11
#EAR #SCIN
4
မကွေး

မကွေးလေတပ်သို့ Jet Fighter (1) စီး ဆင်းသက်။

18:09, Apr 11
#EAR #SCIN
5
ပခုက္ကူခရိုင်၊ပခုက္ကူမြို့နယ်

ပခုက္ကူမြို့မှအနောက်အရပ်သို့ထွက်ခွာလာသောစခကား၂စီးသည်ငဖောင်ကန်ရွာအရှေ့ဘက်သို့ရောက်ရှိနေကြောင်းသိရပါတယ်။

#MDN
Apr-11/6:40PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
5
Magway Division News
ပခုက္ကူခရိုင်၊ပေါက်မြို့နယ် ပေါက်မြို့နယ်အရှေ့ပိုင်းယာကြီးပြင်ပျူရွာမှ‌တောင်အရပ်သို့ထွက်လာသောရှေ့ပြေးစစ်ကြောင်းသည်တည်ပင်ကန်ရွာတောင်ဘက်ရှိကြက်ခြံဟောင်းနားသို့ရောက်ရှိနေကာရှေ့ပြေးကားတချို့သည်လည်းတည်ပင်ကန်ရွာတောင်ဘက်သို့ရောက်ရှိနေကြောင်းသိရပါတယ်။ #MDN Apr-11/5:19PM…
ပခုက္ကူခရိုင်၊ပေါက်မြို့နယ်

ပေါက်မြို့နယ်အရှေ့ပိုင်းယာကြီးပြင်ပျူရွာမှတောင်အရပ်သို့ထွက်ခွာလာသော ရှေ့ပြေးစခယာဉ်တန်းနှင့်ခြေလျင်စစ်ကြောင်းမှခြေလျင်စခများသည်ခြောက်နာရီခန့်တွင်ပုသိမ်-မုံရွာလမ်း+ပေါက်-ဆိပ်ဖြူလမ်းဆုံရာလေးလမ်းဆုံအနောက်နားသို့ရောက်ပြီး၊ခြောက်နာရီခွဲခန့်တွင်ဝန်လဲရိုးအထက်စုလမ်းခွဲကိုရောက်ရှိနေကာယာဉ်တန်းသည်တည်ပင်ရွာတောင်ဘက်-တည်ပင်ကန်ရွာနှင့်ယာကြီးပြင်ပျူရွာတို့၌ရှိဆဲဖြစ်ကြောင်းသိရပါတယ်‌။

#MDN
Apr-11/6:40PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
6
ပေါက်မြို့နယ်ရှိ ပျူစောထီးကျေးရွာများကို ရိက္ခာလာပို့သော စစ်ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ၊ စစ်တပ်ကလည်း ဒရုန်း၊ လက်နက်ကြီးများဖြင့် ကျေးရွာများကို ဆက်တိုက် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၁၁

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ပျူစောထီးကျေးရွာများကို ရိက္ခာလာပို့သော အကြမ်းဖက် စစ်ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်တပ်ကလည်း ဒရုန်း၊ လက်နက်ကြီးများဖြင့် ကျေးရွာများကို ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး LDF ပြည်သူ့ကာကွယ်ရေးတပ်မှ ကိုကျားဇိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၁ ရက်နေ့တွင် ပေါက်မြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် ရိက္ခာယာဉ်တန်းသည် ပေါက်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာများကို ရိက္ခာပို့ရန် ထပ်မံဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ထို ယာဉ်တန်းတွင် စစ်သားနှင့် ပျူစောထီးများ ပါဝင်ပြီး အင်အား ၁၀၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

အဆိုပါ ရိက္ခာယာဉ်တန်းသည် လက်ရှိချိန်တွင် တယ်ပင်ကန်ရွာအနီး ရောက်ရှိနေပြီး လမ်းတောက်လျှောက်တွင် မိုင်းဆွဲ တိုက်ခိုက်ခံထားရကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က ၎င်းတို့ ဖြတ်သန်းသွားရာ လမ်းပိုင်းရှိ ကျေးရွာများကိုလည်း လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်နေပြီး ကျေးရွာ ၈ ခုမှ ပြည်သူများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

"ပေါက်မြို့နယ် တောင်ပိုင်းထဲကို ဝင်လာတဲ့ ရိက္ခာယာဉ်တန်းက ဒီနေ့ ယာကြီးပြင် ပျုစောထီးရွာကို ရောက်နေတယ်။ သွားတုန်းကတော့ ကားက ၉၀ ကျော် ၁၀၀ လောက်ပဲ အခု အပြန်မှာ မြို့ပေါ်ရောက်နေတဲ့ ပျူစောထီးတွေ အကုန်လုံး ပြန်လိုက်လာတယ်။ အခုကား အစီးရေက ၂၀၀ ကျော်နေတယ်။ မိုင်းတွေလည်း တောက်လျှောက်ထိပါတယ်။ စစ်ခွေးတွေ ထိခိုက်တာတော့ရှိနိုင်တယ်။ အခု စစ်ခွေးကားတန်းမှာက ထန်းတပင်ရွာ ပျူစောထီးခေါင်းဆောင် ကျော်မင်းဌေး ကားတွေလည်းပါတယ်" ဟု ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး LDF ပြည်သူ့ကာကွယ်ရေးတပ်မှ ကိုကျားဇိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်ယာဉ်တန်းသည် ပုသိမ်-မုံရွာ လမ်းပိုင်းမှ ကပစ ၂၂ ဘက်ကို ဆက်လက် ထွက်ခွာရန် ဦးတည်နေပြီး လမ်းပိုင်းတောက်လျှောက်ရှိ ပြည်သူများအနေဖြင့် သတိပြုသွားလာနေထိုင်ကြရန်နှင့် လေကြောင်း အန္တရာယ်ကိုလည်း သတိပြုကြရန် ကိုကျားဇိုးက ဆက်လက်ပြောဆိုသည်။

ထို့ပြင် မတ်လပိုင်းကလည်း ပေါက်မြို့နယ်အတွင်း ဝင်ရောက်လာသော စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကိ တော်လှန်ရေးတပ်ဖွဲ့များက လမ်းတောက်လျှောက် လိုက်လံ တိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၁၃ ဦးသေဆုံးကာ လက်နက် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
8👍2
ပခုက္ကူခရိုင်၊ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ်ကမ္မမြို့ရဲစခန်းမှလက်နက်ငယ်များရမ်းသန်းပစ်ခတ်နေကြောင်းသိရပါတယ်။

#MDN
Apr-11/8:42PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
3
🔴 ပေါက် 🔴

ပေါက်နယ် တနေရာသို့ မကွေးလေတပ်တက် ဂျက်ဖိုက်တာ ၁စီးဖြင့် (11:22), (11:24), (11:26)AM ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားကြောင်း သိရပါသည်။

#WaiHin #AS2026
Apr 11, 9:13PM
📫သတင်းပို့ရန် @WaiHinScout_Bot
3
⚠️မကွေး

မကွေးလေတပ်မှ Jet Fighter (1)စီး အနောက်အရပ်သို့ ပျံတက်။

21:39, Apr 11
#EAR #SCIN
3