❤3
❤3
❤3
အောင်လံမြို့နယ်၊ ကျီရပ်ကုန်းရွာမှ ပေါ်တာဆွဲဖမ်းဆီးရသည့် ကိုကျော်လင်း စစ်တပ်၏ ရိုက်နှက်နှိပ်စက်ခံရမှုကြောင့် သေဆုံးသွားပြီး အလောင်းကို ငွေဖြင့်ပြန်ရွေးရ
ရန်ကုန်၊ ဧပြီ ၁၁
မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ကျီရပ်ကုန်းရွာမှ ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရသည့် ကိုကျော်လင်းမှာ စစ်တပ်၏ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့် သေဆုံးသွားကြောင်း ကိုကျော်လင်း၏ ဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ကျီရပ်ကုန်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က စစ်တပ်နှင့်အတူ ကိုအောင်ပိုင်နှင့် ကိုကျော်လင်းတို့ ၂ ဦးကို ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က ပေါ်တာဆွဲထားသော လူငယ် ၂ ဦးကို သင်တန်းကျောင်းသို့ မပို့ဆောင်မီ ဖမ်းဆီးချုပ်နှောင်ထားစဉ် စစ်သားများက ရိုက်နှက် ညှဉ်းပန်းခဲ့ကြောင်း၊ ထိုသို့ ညှဉ်းပန်းရာမှ ကိုကျော်လင်းမှာ ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
"စစ်မှုထမ်းကြေးပေးရင် ပေါ်တာမဆွဲဘူးလို့ ပြောတဲ့အတွက်ကြောင့် ကျေးရွာနေပြည်သူတွေ မရှိတဲ့ကြားက ထည့်ဝင်ကြတာပါ။ ဒါပေမဲ့ ငွေပေးနေပါလျက်နဲ့ ဖေဖော်ဝါရီ ၁၉ ရက်မှာ ရွာထဲကို ကားနဲ့ဝင်လာပြီး ကိုကျော်လင်းနဲ့ ကိုအောင်ပိုင်တို့ကို အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးသွားပါတယ်" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ဖမ်းဆီးခံရသည့် ကိုအောင်ပိုင်နှင့် ကိုကျော်လင်းတို့ ၂ ဦးအတွက် မိဘများက ငွေကျပ် သိန်းရာချီပေး၍ ပြန်လည်ရွေးရန် ကြိုးစားခဲ့သော်လည်း စစ်တပ်က လက်မခံခဲ့ကြောင်း၊ ထို့နောက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကိုကျော်လင်းမှာ ရိုက်နှက်ခံရမှုကြောင့် သေဆုံးသွားခဲ့ကြောင်း၊ စစ်တပ်က ကိုကျော်လင်းမှာ ရေသောက်စဉ် ရေသီး၍ သေဆုံးသည်ဟု မိသားစုကို ပြောလာကြောင်း သိရှိရသည်။
"ကိုကျော်လင်းသေဆုံးတာကို ရေသောက်နေတုန်း ရေသီးပြီးတော့ သေတယ်လို့ စစ်တပ်က ပြောတယ်" ဟု အဓိပ္ပာယ်မရှိသော အကြောင်းပြချက်ဖြင့် သေဆုံးကြောင်း စစ်တပ်က မိသားစုထံသို့ အကြောင်းကြားခဲ့သည်။
ယင်းနောက် စစ်တပ်က ကိုကျော်လင်း သေဆုံးသွားပြီဖြစ်သော်လည်း စစ်တပ်က "လူပြန်ရွေးချင်လျှင် ပိုက်ဆံဖြင့်လာရွေးပါ" ဟု ဆက်သွယ်ကာ ငွေလိမ်လည်တောင်းခံပြီးမှ အလောင်းကို ပြန်ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။
မိသားစုက ကိုကျော်လင်း အသက်ရှိသေးသည်ဟု ယူဆကာ ငွေဖြင့်သွားရောက်ရွေးချယ်ခဲ့သော်လည်း မိတ္ထီလာဆေးရုံသို့ ရောက်ရှိချိန်တွင်မှ ကိုကျော်လင်းမှာ သေဆုံးသွားပြီဖြစ်ကြောင်း သိရှိခဲ့ရသည်။
စစ်တပ်က ပြန်ပေးလိုက်သော ကိုကျော်လင်း၏ အလောင်းတွင်လည်း တစ်ကိုယ်လုံးတွင် ညှဉ်းပန်း နှိပ်စက်ခံထားရသည့် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေကြောင်း သိရသည်။
အောင်လံမြို့နယ် ကျီရပ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး သန့်ဇင် နှင့် ၎င်း၏အပေါင်းအပါများဖြစ်သော စိုးသိန်း (ခ) ကွပ်သစ်၊ အောင်ပွား နှင့် ဝင်းဇော် တို့က ပြည်သူများထံမှ စစ်မှုထမ်းကြေးအဖြစ် လစဉ် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံး ၂၀,၀၀၀ ကျပ်မှ ၃၅,၀၀၀ ကျပ်အထိ ၅ ကြိမ်တိုင်တိုင် အတင်းအဓမ္မ ငွေညှစ်ကောက်ခံခဲ့သော်လည်း အခြားတစ်ဖက်တွင်မူ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ တောက်လျှောက်ဆိုသလို လုပ်ဆောင်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်တပ် သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သော ပြည်သူ ၁ ဦး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

❤3🤬1
ငဖဲ-စေတုတ္တရာ လမ်းပိုင်းရှိ စစ်တပ်၏ ကင်ပွန်းခြုံဂိတ်စခန်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်း ဆည်းရရှိ
ရန်ကုန်၊ ဧပြီ ၁၁
မကွေးတိုင်း၊ စေတုတ္တရာလမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ ကင်ပွန်းခြုံဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း CDF - Asho မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၀ ရက်နေ့ နံနက် ၅ နာရီခန့်တွင် စေတုတ္တရာမြို့နယ်၊ ကင်ပွန်းခြုံကျေးရွာ ငဖဲ - စေတုတ္တရာ ကားလမ်းရှိ အကြမ်းဖက် စစ်သား အင်အား ၃၀ ကျော်ဖြင့် တပ်စွဲထားသော ကင်ပွန်းခြုံဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ပွဲသည် ၂ နာရီ ၃၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သား ၈ ဦး ပွဲချင်းပြီး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ယင်းဂိတ်စခန်းမှ MA - 1 သေနတ် ၁ လက်၊ ကာဘိုင်အမျိုးအစား သေနတ် ၂ လက်နှင့် ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
"စစ်ခွေးတွေက ကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတာဖြစ်တဲ့ အတွက် ကြောင့် ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးတော့ မရှိတော့ဘူး။ အဲဘုန်းကြီးကျောင်းအနီးမှာ အရပ်သားပြည်သူနေအိမ်တွေရှိပါတယ်။ အဲ့နေအိမ်တွေက ပြည်သူတွေက တိုက်ပွဲဖြစ်နေတာတောင် ပြေးတာမရှိလို့ သက်ကြီးရွယ်အို ၁ ဦးကိုတော့ ဘေးလွတ်ရာ ရွေ့ပြောင်းပေးလိုက်ရတယ်။ စစ်ခွေးတွေက လူကားတဲ့ နေရာတွေမှာ တပ်စွဲရင် အရပ်သားပြည်သူတွေ အနေနဲ့ စစ်ခွေးတွေ အနီးမသွားဘဲ ရှောင်ရှားသွားလာစေချင်တယ်။ ရှောင်မရရင် စစ်ရေးသတိနဲ့ နေထိုင်ကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ကျနော်တို့ မြို့နဲ့ အနီးဆုံးနေရာတွေကို စစ်ဆင်ရေးလုပ်ရတယ်ဆိုတာ ပြည်သူတွေ အနေနဲ့ ပြည်သူတွေအနေနဲ့ စစ်တပ် အာဏာသိမ်းထားသေးတယ်ဆိုတာ မမေ့ဖို့အတွက် အသိပေးချင်တာဖြစ်တယ်။ အခုထိလည်း ပြည်သူတွေ အနေနဲ့ အရာရာဖိနှိပ်ချုပ်ချယ်မှုအောက်ကနေ ကြောက်ရွံ့ပြီး ဒီစနစ်ဆိုးအောက်မှာရှိနေသေးတယ်ဆိုတာ သိစေချင်တဲ့အတွက်ကြောင့် လက် နက်ကိုင် လမ်းစဉ်နဲ့ အခုလို တော်လှန်ရအုန်းမယ်ဆိုတာ ပြချင်တဲ့ အတွက်ကြောင့် စစ်ဆင်ရေးတွေ ခဏခဏ လုပ်ဆောင်ရတာဖြစ်ပါတယ်" ဟု CDF - Asho မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ချင်းကာကွယ်ရေးတပ် - အရှို( CDF - Asho )၊ လူ့ ဘောင်သစ်တပ်မတော်( NSA )၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု( PRA - Magway ) နှင့် မင်းဘူးခရိုင် အမှတ်( ၈ )တပ်ရင်း၊ ငဖဲမြို့နယ်ပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

❤4
ပခုက္ကူခရိုင်၊ပေါက်မြို့နယ်
ပေါက်မြို့နယ်အရှေ့ပိုင်းယာကြီးပြင်ပျူရွာမှတောင်အရပ်သို့ထွက်ခွာလာသောရှေ့ပြေးစစ်ကြောင်းသည်(4:00)PMခန့်တွင်တည်ပင်ကန်ရွာတောင်ဘက်ရှိဒေသအခေါ်-ဇီးပင်ကန်ကိုရောက်နေကြောင်းသိရပါတယ်။
#MDN
Apr-11/4:08PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl

Telegram
Magway Division News
မကွေးတိုင်းအတွင်းရှိစစ်ကြောင်းသတင်း၊လေကြောင်းသတင်း၊များကိုအချိန်နှင့်တပြေးညီတတ်နိုင်သမျှတင်ပေးပါသည်
❤5
နတ်မောက်တွင် ရဲ CDM တစ်ဦး အကြမ်းဖက်စစ်ကြောင်းကို ခုခံတိုက်ခိုက်နေချိန် လက်နက်ကြီးထိမှန်ပြီး ကျဆုံးခဲ့
ဧပြီ ၁၁၊ ၂၀၂၆
CDM ရဲတပ်သားကနေ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်ရဲကြီး(ခ) ရဲဘော်ဖိုးကျော်ခိုင်ဟာ မကွေးတိုင်း၊ နတ်မောက်မြို့နယ်ထဲကို ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်နေချိန်အတွင်း လက်နက်ကြီးထိမှန် ကျဆုံးခဲ့တယ်လို့ သရက်ခရိုင် အမှတ်-၃တပ်ရင်း ငါးပြေမပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူက မောင်းကိုပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ၉လပိုင်းအတွင်းက တောင်ငူမြို့၊ ရတဖ -၁၀ ရဲတပ်ဖွဲ့ကနေ သရက်ခရိုင်အမှတ်-၃ တပ်ရင်း ငါးပြေမပြောက်ကျားတပ်ဖွဲ့ဆီကို MA -13 သေနတ် ၁လက်နဲ့အတူ အလင်းဝင်ရောက်လာခဲ့တဲ့ ရဲဘော် ရဲကြီး (ခ) ရဲဘော် ဖိုးကျော်ခိုင်ဟာ CDM ပြုလုပ်ပြီးပြီးချင်းမှာပဲ ငါးပြေမပြောက်ကျားတပ်ဖွဲ့နဲ့အတူ အကြမ်းဖက်စစ်တပ်ကို ပြန်လည်တော်လှန်တိုက်ခိုက်ခဲ့တယ်လို့ သိခဲ့ရတာပါ။
ရဲဘော်ရဲကြီး(ခ) ဖိုးကျော်ခိုင် ဟာ ပြီးခဲ့တဲ့ ဧပြီလ ၈ရက်နေ့က နတ်မောက်နဲ့မြို့သစ်မြို့နယ်ကြား ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ခုခံတိုက်ခိုက်ရာမှာ ပါဝင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်တပ်ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ဦးခေါင်းထိမှန်ကာ နောက်တစ်နေ့မနက် ဧပြီလ ၉ရက်နေ့မှာ ကျဆုံးခဲ့ရတာဖြစ်ကြောင်း သရက်ခရိုင် အမှတ်-၃တပ်ရင်း ငါးပြေမပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူက အခုလို ပြောပြပါတယ်။
"ရဲဘော်တစ်ယောက်ချင်းရဲ့ တန်ဖိုးက ကျနော်တို့အတွက် အဖိုးမဖြတ်နိုင်ဘူး။ ကျွန်တော်တို့ တပ်ရင်းရဲ့ အကြီးမားဆုံး ဆုံးရှုံးမှုတခုပါပဲ။ ကျနော်တို့မှာ ငွေကြေးအဆင်မပြေမှုတွေကြောင့် ရဲဘော်တွေအတွက် ကျည်ကာနဲ့ ကျည်ကာဦးထုပ်တွေ မတပ်ဆင်ပေးနိုင်တာကြောင့် အခုလိုဖြစ်ခဲ့တာပါ။ အဲ့အတွက်လည်း ဝမ်းနည်းမိတယ်ဗျ"
ရဲဘော်ရဲကြီး (ခ) ရဲဘော်ဖိုးကျော်ခိုင်ရဲ့ နောက်ဆုံးခရီးကို ဧပြီလ ၉ရက် မနေ့နေ့လည်ပိုင်းမှာ စစ်အခမ်းအနားနဲ့ သဂြိုလ်ပေးခဲ့သလို၊ အခုလိုတပ်ဖွဲက ပေးအပ်တဲ့တာဝန်ကို ထမ်းဆောင်ရင်း အသက်စွန့်လွှတ်ခဲ့တာကြောင့် ဂုဏ်ယူတဲ့အပြင် များစွာဝမ်းနည်းမိတယ်လို့လည်း သရက်ခရိုင်အမှတ် ၃တပ်ရင်း ငါးပြေမ ပြောက်ကျားတပ်ဖွဲ့ ရဲ့ တပ်ရင်းမှူး ဗိုလ်ငါးပျံက ပြောဆိုခဲ့ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီလအစပိုင်းကစလို့ နတ်မောက်နဲ့ မြို့သစ်မြို့နယ်အတွင်းက ကျေးရွာတွေကို နတ်မောက်မြို့ ရွာမွန် ပမန တပ်က စစ်သားတွေအပါအဝင် တောင်တွင်းကြီးခမရ ၁၀၃၊ အောင်လံ အခြေစိုက် ကပစ ၁၇နဲ့ နေပြည်တော်က တိုက်ရိုက်ဆင်းလာတဲ့ ထုတ်နှုတ်အင်အားတွေသုံးပြီး စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့အတွက် တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာဖြစ်ပါတယ်။
ဒီစစ်ကြောင်းတွေကြောင့် လက်ရှိ နတ်မောက်နဲ့ မြို့သစ်နယ်အတွင်းကျေးရွာတွေက ဒေသခံတော်တော်များများဟာ အရေးပေါ် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ပုံစာ- ရဲ CDM ရဲဘော်ရဲကြီး(ခ) ရဲဘော် ဖိုးကျော်ခိုင် တော်လှန်ရေးရဲဘော်အဖြစ် ဝင်ရောက်စစ်မှုထမ်းခဲ့တဲ့ သရက်ခရိုင်အမှတ် ၃တပ်ရင်း၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့ ဝင်များ

❤6
Magway Division News
ပခုက္ကူခရိုင်၊ပေါက်မြို့နယ် ပေါက်မြို့နယ်အရှေ့ပိုင်းယာကြီးပြင်ပျူရွာမှတောင်အရပ်သို့ထွက်ခွာလာသောရှေ့ပြေးစစ်ကြောင်းသည်(4:00)PMခန့်တွင်တည်ပင်ကန်ရွာတောင်ဘက်ရှိဒေသအခေါ်-ဇီးပင်ကန်ကိုရောက်နေကြောင်းသိရပါတယ်။ #MDN Apr-11/4:08PM သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn…
ပခုက္ကူခရိုင်၊ပေါက်မြို့နယ်
ပေါက်မြို့နယ်အရှေ့ပိုင်းယာကြီးပြင်ပျူရွာသို့ရောက်ရှိနေသောစခယာဉ်တန်းမှတောင်အရပ်သို့ထွက်လာသောရှေ့ပြေးကားတချို့နှင့်ရှေ့ပြေးစစ်ကြောင်းသည်တည်ပင်ကန်ရွာနှင့်တည်ပင်ကန်ရွာတောင်ဘက်သို့ရောက်ရှိနေကြကြောင်းသိရပါတယ်။
#MDN
Apr-11/4:49PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
ပေါက်မြို့နယ်အရှေ့ပိုင်းယာကြီးပြင်ပျူရွာသို့ရောက်ရှိနေသောစခယာဉ်တန်းမှတောင်အရပ်သို့ထွက်လာသောရှေ့ပြေးကားတချို့နှင့်ရှေ့ပြေးစစ်ကြောင်းသည်တည်ပင်ကန်ရွာနှင့်တည်ပင်ကန်ရွာတောင်ဘက်သို့ရောက်ရှိနေကြကြောင်းသိရပါတယ်။
#MDN
Apr-11/4:49PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
Telegram
Magway Division News
မကွေးတိုင်းအတွင်းရှိစစ်ကြောင်းသတင်း၊လေကြောင်းသတင်း၊များကိုအချိန်နှင့်တပြေးညီတတ်နိုင်သမျှတင်ပေးပါသည်
❤7
Magway Division News
ပခုက္ကူခရိုင်၊ပေါက်မြို့နယ် ပေါက်မြို့နယ်အရှေ့ပိုင်းယာကြီးပြင်ပျူရွာသို့ရောက်ရှိနေသောစခယာဉ်တန်းမှတောင်အရပ်သို့ထွက်လာသောရှေ့ပြေးကားတချို့နှင့်ရှေ့ပြေးစစ်ကြောင်းသည်တည်ပင်ကန်ရွာနှင့်တည်ပင်ကန်ရွာတောင်ဘက်သို့ရောက်ရှိနေကြကြောင်းသိရပါတယ်။ #MDN Apr-11/4:49PM …
ပခုက္ကူခရိုင်၊ပေါက်မြို့နယ်
ပေါက်မြို့နယ်အရှေ့ပိုင်းယာကြီးပြင်ပျူရွာမှတောင်အရပ်သို့ထွက်လာသောရှေ့ပြေးစစ်ကြောင်းသည်တည်ပင်ကန်ရွာတောင်ဘက်ရှိကြက်ခြံဟောင်းနားသို့ရောက်ရှိနေကာရှေ့ပြေးကားတချို့သည်လည်းတည်ပင်ကန်ရွာတောင်ဘက်သို့ရောက်ရှိနေကြောင်းသိရပါတယ်။
#MDN
Apr-11/5:19PM