ဆော
ဆောနယ်အရှေ့တောင်ခြမ်းဖြတ်၍ Mi-17 Military Transport Helicopter (1)စီး အရှေ့မြောက်အရပ်သို့ ပျံသန်း။
13:44, Apr 11
#EAR #SCIN@earorg

❤4
ဂန့်ဂေါတွင် စစ်ကောင်စီတပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ တော်လှန်ရေးတပ်ဖွဲ့ထံအလင်းဝင်၊ စစ်ကောင်စီ Mi-17 ဖြင့် တပ်အင်အား ထပ်မံဖြည့်တင်း
ဧပြီ ၁၁၊ ၂၀၂၆ | ဂန့်ဂေါ
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ တပ်သားတစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ တော်လှန်ရေးတပ်ဖွဲ့ထံ ထွက်ပြေးအလင်းဝင်ရောက်လာကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ အဆိုပါ တပ်သားမှာ ဂန့်ဂေါမြို့အခြေစိုက် ခလရ (၅၀) တပ်ရင်း မှဖြစ်ပြီး အောင်မြင် (ရှောက်ပင်) ကျေးရွာအနီးတွင် အထိုင်ချထားသည့် ကာကင်းစခန်းတွင် တာဝန်ကျနေသူဖြစ်ကြောင်း သိရသည်။
ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ အလင်းဝင်ရောက်လာသူမှာ `ဒုတပ်ကြပ်အဆင့်ရှိသူ ဖြစ်ပြီး ၎င်းနှင့်အတူ MA-3 လက်နက်တစ်လက်၊ MA ကျည်အတောင့် ၁၈၀ ကျော်နှင့် လက်ပစ်ဗုံး ၄ လုံး´´´ကို ယူဆောင်လာခဲ့ကြောင်း သိရသည်။ အဆိုပါ တပ်သားသည် အောင်မြင် (ရှောက်ပင်) ကာကင်းစခန်းတွင် တာဝန်ကျနေစဉ် စစ်ကောင်စီလက်အောက်တွင် ဆက်လက်မနေလိုတော့၍ ယမန်နေ့ ဧပြီ ၁၀ ရက်နေ့ နေ့လည်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များထံ ထွက်ပြေးအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အလင်းဝင်ရောက်လာသူမှာ မကြာသေးမီက ခလရ (၅၀) တပ်သို့ ရောက်ရှိလာသည့် တပ်မ (၉၉) လက်အောက်ခံ စစ်ကြောင်းမှုးနဲ့အဖွဲ့မှ တပ်သားတစ်ဦးဖြစ်ကြောင်း သိရပြီး ကျန်ရှိသည့် အချက်အလက်များကို ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်း ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောဆိုထားသည်။
စစ်ကောင်စီသည် အောင်မြင် (ရှောက်ပင်) ကျေးရွာ ကာကင်းစခန်းကို ၂၀၂၅ ခုနှစ် မတ်လအတွင်း စတင်တပ်စွဲထားခြင်း ဖြစ်ပြီး အဆိုပါစခန်းတွင် ခလရ (၅၀) တပ်မှ စစ်ကောင်စီတပ်သားများကို တပ်စွဲထားကာ တစ်လတစ်ကြိမ် အလှည့်ကျ တပ်ချိန်းပြောင်း လုပ်ဆောင်နေကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
အခြားတစ်ဖက်တွင် ဂန့်ဂေါမြို့အခြေစိုက် အမတ (၃၇၁) တပ်ရင်း သို့ ဧပြီ ၉ ရက်နေ့ နေ့ခင်းပိုင်းက Mi-17 ရဟတ်ယာဉ်တစ်စီး ဆင်းသက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦး ပါဝင်လာကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ တပ်သားများမှာ စစ်ကောင်စီ၏ အဆင့်မြင့် ဒရုန်းသင်တန်း တက်ရောက်ပြီးသူများဖြစ်ကြပြီး ၎င်းတို့ကို ခလရ (၅၀) တပ်သို့ အင်အားဖြည့်တင်းရန် ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။
လက်ရှိတွင် ဂန့်ဂေါမြို့ရှိ ခလရ (၅၀) တပ် အတွင်း စစ်ကောင်စီတပ်သားများအား ဖုန်းအသုံးပြုခွင့် ပိတ်ပင်ထားပြီး တာဝန်မှအပ တပ်ပြင်ထွက်ခွင့်ကိုလည်း ကန့်သတ်ထားကြောင်း သိရသည်။ အဆိုပါတပ်ကို ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်၊ တပ်မ (၉၉) စစ်ကြောင်းမှူး နှင့် ဗိုလ်ကြီး သက်ပိုင်စိုး (မုတ်ဆိတ်) တို့က တာဝန်ယူကွပ်ကဲနေကြောင်း စုံစမ်းသိရှိရသည်။
ထို့အပြင် ဂန့်ဂေါမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့များသည် မကြာခဏ ဂန့်ဂေါမြို့နယ် တောင်ပိုင်းနှင့် အနောက်ပိုင်းဒေသများကို UAV ဒရုန်းများဖြင့် ကင်းထောက်ပျံသန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။ မတ်လ ၃၁ ရက်နေ့တွင်လည်း ဂန့်ဂေါမြို့နယ် အနောက်တောင်ပိုင်းဒေသများကို UAV ဒရုန်းဖြင့် ကင်းထောက်ပျံသန်းပြီးနောက် စစ်ကောင်စီလေတပ်မှ ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဂန့်ဂေါမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံပြည်သူများအနေဖြင့် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှု အန္တရာယ်များကို အထူးဂရုပြုနေထိုင်ကြရန် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက သတိပေးပြောကြားထားသည်။
သတင်း – CJ
စာတည်း – မောင်ဇီးကွက်
ယောအလင်းတန်း

❤3
Magway Division News
မင်းဘူး-မကွေးခရိုင်၊မကွေး-မင်းဘူး-ငဖဲမြို့နယ် မကွေးမြို့မှထွက်ခွာလာသောစခအအပါကားကြီးတစီး၊တွဲကားတစီးသည်(8:45)AMခန့်တွင်မင်းဘူးမြို့နယ်လေးပင်ရွာဖြတ်ပြီးငဖဲမြို့နယ်ပဒါန်းမြို့သို့ဦးတည်မောင်းနှင်လာကြောင်းသိရပါတယ်။ #MDN Apr-11/9:00AM သတင်းများကြည့်ရှုရန်ချန်နယ်…
မင်းဘူး-မကွေးခရိုင်၊မကွေး-မင်းဘူး-ငဖဲမြို့နယ်
မကွေးမြို့မှထွက်ခွာလာသောစခအအပါကားကြီးတစီး၊တွဲကားတစီးသည်(9:07)AMခန့်တွင်ငဖဲမြို့နယ်၊ပဒါန်းမြို့သို့ဝင်ရောက်သွားကြောင်းသိရပါတယ်။
#MDN
Apr-11/2:50PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl

Telegram
Magway Division News
မကွေးတိုင်းအတွင်းရှိစစ်ကြောင်းသတင်း၊လေကြောင်းသတင်း၊များကိုအချိန်နှင့်တပြေးညီတတ်နိုင်သမျှတင်ပေးပါသည်
❤6
❤3
❤3