Magway Division News
3.58K subscribers
2.64K photos
81 videos
12 files
3.74K links
မကွေးတိုင်းအတွင်းရှိစစ်ကြောင်းသတင်း၊လေကြောင်းသတင်း၊များကိုအချိန်နှင့်တပြေးညီတတ်နိုင်သမျှတင်ပေးပါသည်
Download Telegram
အသွင်ပြောင်း စစ်တပ်က အညာမှာ မြေလှန်စစ် ဆက်လုပ်နေ

ဖိုးတာ၊ ဧပြီ ၁၀၊ ၂၀၂၆

နေပြည်တော်မှာ အရပ်သားအစိုးရယောင်ဆောင်ပြီး အသွင်ပြောင်းနေပေမဲ့ စစ်တပ်ဟာ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းတို့လို မြန်မာပြည်အလယ်ပိုင်းဒေသတွေမှာတော့ ပြည်သူတွေကို သတ်ဖြတ်တာ၊ အိမ်ခြေတွေကို မီးရှို့တာ စတဲ့ ဖြတ်လေးဖြတ် မြေလှန်စစ်ဆင်ရေးတွေကို ဆက်ပြီး အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစလို့ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးမှုတွေ ပိုလုပ်လာတာပါ။

စစ်ကိုင်းတိုင်း

စစ်ကိုင်းတိုင်းအထက်ပိုင်းမှာတော့ မတ်လ ၃၀ ရက်နေ့က ထီးချိုင့်မြို့ကို စစ်တပ်က သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက် ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ အင်းတော်မြို့ဘက်ကို စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ဆက်လက်စစ်ကြောင်းထိုးခဲ့ပါတယ်။

ဒါပေမဲ့ Indaw Revolution အဖွဲ့ ရဲ့ ပြောပြချက်အရ စစ်တပ်စစ်ကြောင်းတွေဟာ သူတို့ရဲ့ ခုခံစစ်ကို မကျော်နိုင်ဘဲ ထီးချိုင့်ဘက်ကို ပြန်ဆုတ်သွားခဲ့ရတယ်လို့ သိရပါတယ်။

ထီးချိုင့်ဟာ စစ်တပ်ရဲ့ အလယ်ပိုင်း၊ အနောက်မြောက်ပိုင်းနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွေ ဆုံရာနေရာမှာ ရှိတာကြောင့် စစ်တပ်အတွက် ရိက္ခာနဲ့ စစ်ကူပို့ဆောင်ရေးအတွက် အချက်အချာကျတဲ့ နေရာတခု ဖြစ်ပါတယ်။ ဒါကြောင့်လည်း စစ်ကိုင်းတိုင်းထဲက ကသာ၊ ကောလင်းနဲ့ ကချင်ပြည်နယ်ထဲက ဗန်းမော်မြို့တွေမှာရှိတဲ့ ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ တော်လှန်ရေးအဖွဲ့တွေကို တိုက်ခိုက်ဖို့ ဒီနေရာကို အသည်းအသန် ပြန်သိမ်းခဲ့တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း စစ်ကိုင်းတိုင်းထဲက အရာတော်၊ ချောင်းဦး၊ ဝက်လက်နဲ့ ယင်းမာပင်မြို့နယ်တွေမှာ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် ပြည်သူတွေ အသတ်ခံရတာ၊ ဖမ်းဆီးခံရတာတွေရှိသလို အိမ်ခြေရာနဲ့ချီ မီးရှို့ခံရပြီး လူသောင်းနဲ့ချီ စစ်ဘေးရှောင်နေရပါတယ်။ မတ်လ ၂၂ ရက်နေ့ကလည်း ချောင်းဦးမြို့နယ် ရှမ်းတူးကျေးရွာက အိမ်ခြေ ၁၅၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တခုဖြစ်တဲ့ BLDF က ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်း

မကွေးတိုင်းမှာလည်း အထူးသဖြင့် ဧရာဝတီမြစ်အနောက်ဘက်ကမ်းက ဂန့်ဂေါ၊ ပခုက္ကူနဲ့ မင်းဘူးခရိုင်တွေမှာ စစ်တပ်က စစ်ဆင်ရေးတွေ တိုးလုပ်လာပါတယ်။ အခုချိန်မှာ စစ်တပ်က မြို့ပေါ်တွေကို အဓိက ထိန်းချုပ်ထားနိုင်ပေမဲ့ ကျေးလက်ဒေသ အတော်များများကိုတော့ တော်လှန်ရေးအဖွဲ့တွေကပဲ ထိန်းချုပ်ထားဆဲပါ။

"မြို့ပေါ်တွေမှာ အခိုင်အမာတပ်စွဲထားနိုင်တော့ စစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် စစ်ကြောင်းထိုးလာနိုင်တာပေါ့။ ဒါပေမဲ့ သူတို့က ရွာတွေထဲမှာ ကြာကြာမနေရဲတော့ ဝင်စီးပြီးရင် မြို့ပေါ်ကို ချက်ချင်းပြန်ဆုတ်တာမျိုးပဲ လုပ်နေကြတာ" လို့ မကွေးတိုင်းက လေ့လာဆန်းစစ်သူတဦးက ဧရာဝတီသတင်းဌာနကို ပြောပါတယ်။

စစ်တပ်က အလယ်ပိုင်းဒေသတွေမှာ အသာစီးပြန်ရလာတာဟာ ရှမ်းပြည်နယ်ဘက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်ရပ်ထားနိုင်တာကြောင့် စစ်အင်အားပိုထွက်လာတာ၊ လေကြောင်းပံ့ပိုးမှုတွေရှိတာနဲ့ ဒေသခံတော်လှန်ရေးအဖွဲ့တွေကြားမှာ ညီညွတ်မှုအားနည်းတာတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သုံးပတ်အတွင်း မကွေးတိုင်းက ချောက်၊ မင်းဘူး၊ ငဖဲ၊ စလင်းနဲ့ မြိုင်မြို့နယ်တွေမှာ စစ်တပ်က စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ စစ်တပ်ဟာ ပြည်သူပိုင်ပစ္စည်းတွေကို လုယက်တာနဲ့ မီးရှို့တာတွေကိုလည်း အဆက်မပြတ် လုပ်ဆောင်နေပါတယ်။

မန္တလေးတိုင်း

မန္တလေးတိုင်းမှာတော့ မြင်းခြံခရိုင်ဟာ စစ်တပ်ရဲ့ စစ်ဆင်ရေးဒဏ်ကို အဆိုးရွားဆုံး ခံနေရပါတယ်။ ဧပြီလ ၂ ရက်နေ့က မြင်းခြံမြို့နယ် ပတ်ပင်ကိုင်းကျေးရွာကို စစ်ကောင်စီဝင်စီးတုန်းက အိမ်ခြေ ၃၀၀ ကျော်ကို ပြာကျအောင် မီးရှို့ခဲ့သလို မိခင်ဖြစ်သူနဲ့ ၁၈ လသားအရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၆ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။

မတ်လ ၂၂ ရက်ကနေ ၂၈ ရက်အတွင်း မြင်းခြံ-တံတားဦး လမ်းပိုင်းတလျှောက် စစ်ဆင်ရေးတွေမှာ အိမ်ခြေ ၇၀၀ ကျော် မီးရှို့ခံခဲ့ရပြီး ပြည်သူထောင်နဲ့ချီ ထွက်ပြေးနေရပါတယ်။ တောင်သာမြို့နယ်မှာလည်း စစ်တပ်ကြောင့် ရွာသား ၂ ဦး အသတ်ခံရပြီး အိမ်ခြေတွေ ပျက်စီးခဲ့ပါတယ်။

စစ်တပ်ဟာ စစ်ကြောင်းထိုးတဲ့အခါ လမ်းရှင်းဖို့အတွက် လေကြောင်းပံ့ပိုးမှုကို အဓိက အသုံးပြုနေပါတယ်။ ကျောက်ပန်းတောင်းမြို့နယ်မှာလည်း စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၂၀၀ ကျော် မီးလောင်ခဲ့ပြီး သက်ကြီးရွယ်အိုတဦး အပါအဝင် ရွာသားအချို့ အသတ်ခံခဲ့ရပါတယ်။ စစ်တပ်စစ်ကြောင်းက မိန်းကလေးငယ်တဦးကို အုပ်စုဖွဲ့မုဒိမ်းကျင့်ပြီးမှ သတ်ဖြတ်ခဲ့တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လုပ်ထားတဲ့ စစ်သားတဦးရဲ့ ပြောပြချက်အရ စစ်ကြောင်းတခုမှာ အင်အား ၁၀၀ ဝန်းကျင်ပါဝင်ပြီး လေကြောင်းပံ့ပိုးမှုကို အမြဲယူလေ့ရှိတယ်လို့ သိရပါတယ်။ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို တိုက်ခိုက်တဲ့အခါ စစ်တပ်က တိုက်လေယာဉ်အများအပြားကို သုံးပြီး တပြိုင်တည်း တိုက်ခိုက်တာကြောင့် ပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးတာမျိုးတွေလည်း ဖြစ်နေရပါတယ်။
8
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ သမ္မတအဖြစ် ခန့်အပ်ပြီး အရပ်သားအစိုးရပုံစံ ပြောင်းဖို့ ကြိုးစားနေပေမဲ့ ဒီလိုတိုက်ခိုက်မှုတွေကတော့ ရပ်တန့်သွားခြင်း မရှိပါဘူး။

ဒီလို အသွင်ကူးပြောင်းမှုနဲ့ ပတ်သက်ပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အတားအဆီးမရှိ ပေးနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပေမဲ့ လက်တွေ့မှာတော့ ဘာမှ ထူးခြားမလာသေးပါဘူး။

Website တွင် ဖတ်ရန် https://bit.ly/47OetIi

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Regime Continues Scorched-Earth Campaign Through Myanmar Heartland https://bit.ly/4sZjNRm ကို ဘာသာပြန်သည်။)
6
⚠️ မကွေး( Delay )

မကွေးဖြတ်၍ K-8W Jet Fighter 1 စီး အနောက်တောင်အရပ်သို့ ပျံသန်း။

15:46, Apr 10
#EAR #SCIN
6
ပခုက္ကူခရိုင်၊ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ်၊ရှင်မကန်ပျူရွာမှထွက်လာသောအအတရာခန့်ပါစစ်ကြောင်းသည်ညနေလေးနာရီခွဲခန့်တွင်ညောင်ပင်လှအုပ်စု၊မန်းကျည်းစုရွာကိုရောက်ကာပြည်သူတချို့ကိုလည်းဖမ်းဆီးထားကြောင်းသိရပါတယ်‌။

#MDN
Apr-10/5:00PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
7
Magway Division News
ပခုက္ကူခရိုင်၊ပခုက္ကူမြို့နယ် ပခုက္ကူမြို့နယ်၊ရှင်မကန်ပျူရွာမှထွက်လာသောအအတရာခန့်ပါစစ်ကြောင်းသည်ညနေလေးနာရီခွဲခန့်တွင်ညောင်ပင်လှအုပ်စု၊မန်းကျည်းစုရွာကိုရောက်ကာပြည်သူတချို့ကိုလည်းဖမ်းဆီးထားကြောင်းသိရပါတယ်‌။ #MDN Apr-10/5:00PM သတင်းများကြည့်ရှုရန်ချန်နယ်-ht…
ပခုက္ကူခရိုင်၊ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ်၊ရှင်မကန်ပျူရွာမှထွက်ခွာလာကာညောင်ပင်လှအုပ်စု၊မန်းကျည်းစုရွာသို့ရောက်ရှိနေ‌သောစခစစ်ကြောင်းသည်‌မြောက်အရပ်သို့ဆက်လက်ထွက်ခွာလာပြီးညောင်ပင်လှအုပ်စု၊ဥယျာဉ်စုရွာကိုမီးရှို့နေကြောင်းသိရပါတယ်။

#MDN
Apr-10/5:40PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
5
Magway Division News
ပခုက္ကူခရိုင်၊ပခုက္ကူမြို့နယ် ပခုက္ကူမြို့နယ်၊ရှင်မကန်ပျူရွာမှထွက်ခွာလာကာညောင်ပင်လှအုပ်စု၊မန်းကျည်းစုရွာသို့ရောက်ရှိနေ‌သောစခစစ်ကြောင်းသည်‌မြောက်အရပ်သို့ဆက်လက်ထွက်ခွာလာပြီးညောင်ပင်လှအုပ်စု၊ဥယျာဉ်စုရွာကိုမီးရှို့နေကြောင်းသိရပါတယ်။ #MDN Apr-10/5:40PM သတင်း…
ပခုက္ကူခရိုင်၊ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ်၊ရှင်မကန်ပျူရွာမှထွက်ခွာလာကာညောင်ပင်လှအုပ်စု၊ဥယျာဉ်စုရွာအားမီးရှို့ခဲ့သောစခစစ်ကြောင်းသည်ညောင်ပင်လှအုပ်စု၊ပုတီးတွင်း-မင်းနန်းတောရွာမှတဆင့်‌အနောက်မြောက်အရပ်သို့ဆက်လက်ထွက်ခွာလာကာညောင်ဂျစ်ပင်ပျူရွာသို့ဝင်ရောက်ကြောင်းသိရပါတယ်။

#MDN
Apr-10/6:16PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
8
Magway Division News
မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ် ပွင့်ဖြူမြို့နယ်၊မလွှကုန်း(ရွာသစ်)ရွာအားမီးရှို့ပြီးအနောက်အရပ်သို့ထွက်ခွာလာကာဇီးကျွန်း‌ရွာသို့ရောက်ရှိနေသောစခအအတရာကျော်ခန့်ပါစစ်ကြောင်းသည်ယနေ့မနက်ဆယ်နာရီကျော်ခန့်တွင်ချင်းကုန်းရွာမြောက်ဘက်ရှားတောထဲသို့ရောက်ရှိနေကြောင်းသိရပါတယ်။…
မင်းဘူးခရိုင်၊ပွင့်ဖြူမြို့နယ်

ပွင့်ဖြူမြို့နယ်၊ဇီးကျွန်းရွာမှတဆင့်ထွက်ခွာလာသောစခအအတရာကျော်ပါစစ်ကြောင်း‌သည်နေ့လည်သုံးနာရီခန့်တွင်မဲဇလီရွာသို့ရောက်ရှိပြီး၊ညနေခြောက်နာရီကျော်ထိမဲဇလီရွာရဲစခန်း၌ရှိနေဆဲဖြစ်ကြောင်းသိရပါတယ်။

#MDN
Apr-10/7:00PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
4
Magway Division News
ပခုက္ကူခရိုင်၊ပခုက္ကူမြို့နယ် ပခုက္ကူမြို့နယ်၊ရှင်မကန်ပျူရွာမှထွက်ခွာလာကာညောင်ပင်လှအုပ်စု၊ဥယျာဉ်စုရွာအားမီးရှို့ခဲ့သောစခစစ်ကြောင်းသည်ညောင်ပင်လှအုပ်စု၊ပုတီးတွင်း-မင်းနန်းတောရွာမှတဆင့်‌အနောက်မြောက်အရပ်သို့ဆက်လက်ထွက်ခွာလာကာညောင်ဂျစ်ပင်ပျူရွာသို့ဝင်ရောက်ကြောင်းသိရပါတယ်။…
ပခုက္ကူခရိုင်၊ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ်၊ရှင်မကန်ပျူရွာမှထွက်ခွာလာကာညောင်ပင်လှအုပ်စု၊ဥယျာဉ်စုရွာအားမီးရှို့ခဲ့သောစခစစ်ကြောင်းသည်ညောင်ပင်လှအုပ်စု၊ပုတီးတွင်း-မင်းနန်းတောရွာမှတဆင့်‌အနောက်မြောက်အရပ်သို့ဆက်လက်ထွက်ခွာလာကာ‌ရှေ့ပြေးအအ၁၀၀ခန့်ညောင်ဂျစ်ပင်ပျူရွာသို့ဝင်ရောက်သွားပြီးနောက်ချန်အအ၁၀၀ခန့်သည်(6:42)PMခန့်ကပုတီးတွင်း-မင်းနန်းတောရွာဘက်၌ကျန်ရှိနေကြောင်းသိရပါတယ်။

#MDN
Apr-10/7:16PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
6
ပခုက္ကူခရိုင်၊ပေါက်မြို့နယ်

ပေါက်မြို့မှထွက်ခွာလာကာပေါက်မြို့နယ်အရှေ့ပိုင်းယာကြီးပြင်ပျူရွာသို့ရောက်ရှိနေသောစခကားအစီးရေ(၂၁၆)စီးပါယာဉ်တန်းနှင့်စခစစ်ကြောင်းမှရှေ့ပြေးကား၆စီးနှင့်ရှေ့ပြေးခြေလျင်စခတချို့သည်တည်ပင်ကန်ရွာအနီးသို့ရောက်နေကာ၊ယာကြီးပြင်ပျူရွာ၌ကားအစီးရေနှစ်ရာခန့်သည်ပြင်ဆင်လှုပ်ရှားမှုများပြုလုပ်နေကြကြောင်းသိရပါတယ်။

#MDN
Apr-10/8:30PM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
5
ပခုက္ကူနှင့် နတ်တလင်းမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀ နီးပါ မီးလောင်ပြာကျပြီး ကျေးရွာများကို ဆက်လက် စစ်ကြောင်းထိုးနေ

ရန်ကုန်၊ ဧပြီ ၁၀

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ပင်လှရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၁၀ ရက်နေ့ ညနေပိုင်းတွင် ပခုက္ကူမြို့နယ်၊ ရှင်မကန်ပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းသည် ညောင်ပင်လှရွာကို ဝင်ရောက်စီးနင်းကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို မီးရှို့မှုအတွင်း နေအိမ် ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ ပြည်သူများလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

"ညောင်ပင်လှရွာကို စစ်ခွေးတွေဝင်ရောက် မီးရှို့သွားတာပါ။ နေအိမ် ပျက်စီးမှု အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူး။ ပြည်သူတွေလည်း ဆက်လက်တိမ်းရှောင်နေရတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၄၀ နီးပါး မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၉ ရက်နေ့တွင် နတ်တလင်းမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်သည် ကျောက်ခွက်ရွာနှင့် ကျွန်းလေးပင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ မီးရှို့ဖျက်ဆီးခြင်းကြောင့် ကျောက်ခွက်ရွာမှ နေအိမ် ၂၀ လုံးနှင့် ကျွန်းလေးပင်ရွာမှ နေအိမ် ၁၅ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လေယာဉ်၊ ဒရုန်း၊ စက်တပ်လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် မကျီးပင်ရွာမှ အသက် ၃၀ ကျော်အရွယ် ကိုထွန်းထွန်းဦး၊ ကျွန်းလေးပင်ရွာမှ အသက် ၃၅ နှစ်အရွယ် ကိုလပြည့်ဝန်းနှင့် ပဲမခမ်းရွာမှ ပြည်သူ ၂ ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

"စစ်ခွေးစစ်ကြောင်းက ရွာတွေကိုပါ မီးရှို့နေလို့ နေအိမ်‌ ၄၀ နီးပါး မီးလောင်ပြာကျတယ်။ နောက်ပြီး ရွာထဲကို စက်တပ်လေထီးတွေနဲ့လည်း ဗုံးကျဲချလို့ နေအိမ်တွေလည်း မီးလောင်ပျက်စီးတာတွေရှိတယ်။ မြေပြင် စစ်ကြောင်းက အခုထိ ပြန်မဆုတ်သေးတော့ ရွာထဲက ပျက်စီးမှုအခြေအနေကို အတည်မပြုနိုင်သေးဘူး" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ - စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)
8
🔴 ပေါက် 🔴

ပေါက်နယ် တနေရာသို့ စကစ၏ တိုက်ခိုက်ရေးဒရုန်း (Attacking Drone) ၁စီးဖြင့် (10:29)AM ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်သွားကြောင်းသိရပါသည်။

#WaiHin #AS2026
Apr 10, 9:12PM
📫သတင်းပို့ရန် @WaiHinScout_Bot
6
ချောက်မြို့နယ် ကုန်းကြီးပျူစောထီးရွာကို PDF တိုက်ခိုက်

ဧပြီ ၁၀၊ ၂၀၂၆။ သက်ဝေ/People’s Spring

မကွေးတိုင်း၊ ချောက်မြို့နယ်က ကုန်းကြီးပျူစောထီးကျေးရွာ တိုက်ခိုက်ခဲ့ရာ ပျူစောထီးအဖွဲ့ဝင်တွေ သေဆုံးထိခိုက်ရှိပြီး လက်နက် ၂လက်သိမ်းရတယ်လို့ မကွေးခရိုင် အမှတ်(၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၉ရက်မနက်အစောမှာ ကုန်းကြီးရွာကို လက်နက်ကြီးတွေ၊ ဒရုန်းဗုံးသီးတွေနဲ့ စတင် တိုက်ခိုက်ခဲ့တာလို့ ဖော်ပြပါတယ်။

စစ်ဆင်ရေးကို မကွေးခရိုင်စစ်ဌာန ကွပ်ကဲမှု့အောက်ရှိ မကွေးခရိုင်အမှတ်၃တပ်ရင်း (CRA) ၊ မကွေးခရိုင်အမှတ် ၁ တပ်ရင်းတို့ပူးပေါင်း ဖော်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်စဉ်မှာ PDF ရှေ့ပြေးတပ်က ကုန်းကြီးပျူရွာအတွင်း ဝင်ရောက်နေရာယူပြီး ကင်းပတ်နေတဲ့ ပျူစောထီး ၃ဦးကို အနီးကတ်တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ကုန်းကြီးပျူစောထီးရွာရဲ့ တောင်ဘက်ရှိ ရန်သူရှေ့ကာကင်းပွိုင့်တစ်ခုကိုလည်း စီးနင်းသိမ်းပိုက်နိုင်ခဲ့ဟု အသိပေးထားပါတယ်။

PDF တပ်တွေ ကုန်ကြီးပျူရွာအတွင်း ဝင်ရောက်နိုင်ပြီး စစ်ရေးအသာစီးရရှိခဲ့ပေမယ့် ရန်သူတွေကို လိုက်လံချေမှုန်းချိန် ကျေးရွာနေပြည်သူတွေနဲ့ ရောထွေးနေလို့ စစ်ရေးပစ်မှတ်နဲ့ မသက်ဆိုင်သူတွေ မထိခိုက်စေဖိုပ ပြန်လည်ဆုတ်ခွာခဲ့ရဟု ထုတ်ပြန်ပါတယ်။

တိုက်ပွဲ ၂နာရီခန့် ကြာမြင့်မှုအတွင်း ပျူစောထီး ၃ဦး သေဆုံးကာ အထိအခိုက်များကြောင်း သိရတယ်လို့ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် လက်နက် ၂လက်သိမ်းရဟု ဓာတ်ပုံမှတ်တမ်းနဲ့အတူ ဖော်ပြပါတယ်။

စစ်ဆင်ရေးအတွင်း တော်လှန်ရေးရဲဘော်တစ်ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့ကြောင်းလည်း အသိပေးပါတယ်။

မကွေးခရိုင် တပ်ရင်း(၃)ဟာ မတ်လကုန်ပိုင်းက ချောက်မြို့နယ် ဆင်ကရွာ သွေးနက်ရွာ၊ ညောင်ဦးခရိုင် ဗိုလ်ကုန်းရွာတွေကို စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က အထိအခိုက်ရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

မကွေးခရိုင် စစ်ဌာနအောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေ အနေနဲ့ တော်လှန်ရေးအင်အားစုတေါနဲ့ ပေါင်းပြီး စစ်အာဏာရှင် အမြစ်ဖြတ် တိုက်ပွဲတွေ အရှိန်မြှင့်ဖော်ဆောင်နေကြောင်းလည်း မကွေးခရိုင် အမှတ်(၃) တပ်ရင်းက ဧပြီ ၃ရက်မှာ အသိပေးထားပါတယ်။
11
ပခုက္ကူခရိုင်၊ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ်၊ညောင်ဂျစ်ပင်ပျူရွာမှအနောက်အရပ်သို့ထွက်ခွာလာသောစခစစ်ကြောင်းသည်မနက်ခုနှစ်နာရီကျော်ခန့်တွင်ရေလာကြီးရွာသို့ရောက်ရှိနေကြောင်းသိရပါတယ်။

#MDN
Apr-11/8:20AM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
7
ပခုက္ကူခရိုင်၊ပေါက်မြို့နယ်

ပေါက်မြို့နယ်အရှေ့ပိုင်းယာကြီးပြင်ပျူရွာသို့ရောက်ရှိနေသောစခစစ်ကြောင်းနှင့်ယာဉ်တန်းသည်တောင်အရပ်သို့ထွက်ခွာလာပြီးတည်ပင်ကန်ရွာမြောက်ဘက်ရှိလမ်းကိုပြင်ဆင်ရှင်းလင်းနေကာ၊ရှေ့ပြေးခြေလျင်စခတချို့သည်တည်ပင်ကန်နှင့်ခင်ရှည်ရွာလမ်းဆုံသို့ရောက်ရှိနေကြောင်းသိရပါတယ်။

#MDN
Apr-11/8:22AM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
9
မင်းဘူး-မကွေးခရိုင်၊မကွေး-မင်းဘူး-ငဖဲမြို့နယ်

မကွေးမြို့မှထွက်ခွာလာသောစခအအပါကားကြီးတစီး၊တွဲကားတစီးသည်(8:45)AMခန့်တွင်မင်းဘူးမြို့နယ်လေးပင်ရွာဖြတ်ပြီးငဖဲမြို့နယ်ပဒါန်းမြို့သို့ဦးတည်မောင်းနှင်လာကြောင်းသိရပါတယ်။

#MDN
Apr-11/9:00AM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
5
ပခုက္ကူခရိုင်၊ပခုက္ကူမြို့နယ်

ပခုက္ကူမြို့နယ်၊ညောင်ဂျစ်ပင်ပျူရွာမှအရှေ့အရပ်သို့ထွက်ခွာလာသောစခများသည်ကန်တော်ရွာစခဂိတ်သို့ဝင်ရောက်သွားကြောင်းသိရပါတယ်။

#MDN
Apr-11/9:00AM
သတင်းများကြည့်ရှုရန်ချန်နယ်-https://t.me/httpmdn
သတင်းပေးပို့ရန်နှင့်သိချင်တာများရှိပါကမေးမြန်းရန်-@azad1027
သတင်းများမျှဝေရန်နှင့်မေးမြန်းရန်ဂရု-https://t.me/+7LRllDo6P7VlMGJl
5
⚠️မကွေး

မကွေးလေတပ်မှ CH-3 UAV Drone (1) စီး အရှေ့တောင်အရပ်သို့ ပျံတက်။

08:30, Apr 11
#EAR #SCIN
4